ခြေရာပျောက်သောလမ်းမှာ….

koyin sithuSeptember 29, 20121min19920
ရင်ဆိုင်အတွေ့ဝယ်….

ပင်လယ်နီလှိုင်း ဒီရေလှိုင်းနဲ့

မြူမှုန် ပေါက်ပေါက် ဆီးနှင်းပေါက်လို

ရှေ့နောက်ကို မမြင် လှုပ်လှေလှုပ်လှဲ့

ရှေ့ဆက်၍ သာ ရွန်းရဦးမယ်…

ဒီလှိုင်း ဒီရေ ဒီလူတွေနဲ့

အမေ ပေးလိုက်တဲ့ ငါးပိချက်တစ်ခွက်

အားအင်ဖြစ်လျက် ခရီးဆက်လျက်ပါ .. အမေ…

 

သမုဒ္ဒရာဝမ်းတစ်ထွာ အရေးမဆိုသာ

မိသားစုလှေလေး ဝဲဂယက်မှာ ချာချာလည်မရေး

နေရေးစားရေးဆိုတာ ဘဝကပေးတဲ့

မျဉ်းဖြောင့်တစ်ကြောင်းပေလား …

ပင်လယ်ရေမှာ လှိုင်းလေမမှန်ဘူး… အမေ….။

 

ကမာ္ဘမြေတစ်ဖက်စွန်းသို့

ရောင်နီမလာ ဒီပင်လယ်ပြာ

မြူမှုန်ဝေလည်း ဘယ်ကို ရွှက်လွှင့်လွှင့်

အောင်မြင်ခြင်းကို ဒီရေထင်လို့

ကျွန်တော်တို့ ဘယ်လိုအင်အားနဲ့ရောက်အောင်

လျှောက်လှမ်းရပါ့မလဲဆိုတာသာ…။ ။

အထည်မလဲတဲ့ ဒုက္ခ တွေ့တဲ့အခါ

အမြဲမြင်ယောင်လွမ်းမိတယ်… အမေ…

မွေးရပ်မြေမှာ မိုးကုန် ဆောင်းကူး

ခြေရာပျောက်သော လမ်းအတိုင်းသာ

နောင်နှစ် ဝဿန်ပြန်မလာနိုင်လည်း

အောင်မြင်မှုကို ထွန်တုံးလုပ်လို့

ချည်တိုင်ရစ်တဲ့ နွားလားလိုမျိုး

ဒီအရပ် ဒီဘူတာပဲ

ပြန်ပြန်ဆိုက်ချင်နေမိတယ် … အမေ…

:: ကိုရင်စည်သူ

 

 

 

20 comments

  • ရာဇဝင်လူဆိုး

    September 29, 2012 at 5:20 pm

    (( နောင်နှစ် ဝဿန်ပြန်မလာနိုင်လည်း

    အောင်မြင်မှုကို ထွန်တုံးလုပ်လို့

    ချည်တိုင်ရစ်တဲ့ နွားလားလိုမျိုး

    ဒီအရပ် ဒီဘူတာပဲ

    ပြန်ပြန်ဆိုက်ချင်နေမိတယ် … အမေ…)) …တကယ်ရသမြောက်တဲ့ စာလုံးလေးတွေပါပဲ။

    ကိုရင်ရေ..အိမ်လွမ်းသူတစ်ယောက်ရဲ့ ရုန်းကန်ကြိုးစားမှုကို မြင်သာထင်သာ ရှိလိုက်တာ။

    ဒါနဲ့ ပင်လယ်ပြင်အတွေ့အကြုံတွေ ၊ ဘယ်လို ကိုယ်တွေ့ ဖြတ်သန်းခဲ့တယ်ဆိုတာလေးတွေ တော်တော် စိတ်ဝင်စားတယ်ဗျ။ အချိန်ရရင် ရေးဖို့တိုက်တွန်းပါရစေ..။

    • ကိုရင်စည်သူ

      September 29, 2012 at 5:27 pm

      အူးလေးလူဆိုးကြီး ပထမဆုံး ကွန့်မန့်ချီးမြင့်ပေးလို့ ကျေးဇူးပါနော့.. 😳
      ကိုရင်လည်း ပင်လယ်ပြင်အတွေ့အကြုံရေးချင်တာ… အချိန်မပေးနိုင်တာရယ် အလုပ်နွမ်းတာရယ်ကြောင့်
      ရေးရင်လည်း ပို့စ်တစ်ပုဒ်နဲ့ မပြီးပဲ စီးရီးတစ်ခုလို ဆက်ရေးမှ ဖြစ်မှာဆိုတော့…
      အချိန်ရတာနဲ့ ဖွင့်ချပြသပါ့မယ်ခင်ည…
      ပင်လယ်ပြင်အတွေ့အကြုံရေးရင် ကမ်းကပ်နိုင်ငံတွေရဲ့ ဘီယာတွေ စမူဆာ ယဉ်ကျေးမှုတွေ
      ပါကြေးလား.. မပါကြေးလား… :kwi: :kwi:

      • မောင်ပေ

        September 29, 2012 at 7:32 pm

        ဟက်စမူနာကော ရှိတယ်တဲ့လား ဟင်
        မသိလို ့မေးကြည့်တာပါနော
        ဟီဟိ

  • စိန်ဗိုက်ဗိုက်

    September 29, 2012 at 6:37 pm

    သင်္ဘောသီးဘဝကလဲ တယ်မလွယ်ပါလား တိုရင်ရေ..
    ကိုရင့် ကဗျာလေး ဖတ်ပြီး ဆိတ်မကောင်းလိုက်တာဗျာ..
    ကျွတ်စ်..ကျွတ်စ်..
    တစ်ပိုင်းလောက် သွားကစ်လိုက်ဦးမယ်..

  • ရာဇဝင်လူဆိုး

    September 29, 2012 at 7:14 pm

    ကိုရင်ရေ..။ သင်္ဘောသီး အတွေ့အကြုံတွေရေးရင် ကမ်းကပ်နိုင်ငံတွေရဲ့ ဘီယာ၊ စမူဆာ ယဉ်ကျေးမှုရော ၊ ဖြစ်နိုင်ရင် ကျွဲစီးဖူးရင် အဲဒီအတွေ့ အကြုံတွေပါ ဆင်ဆာမဖြတ်ပဲ ခပ်ယဉ်ယဉ်လေးရေးဖို့တိုက်တွန်းတယ်။
    ကမ္ဘာ့ရေကြောင်း သင်္ဘော မောင်းမဲ့ ..မျိုူးဆက်တွေအတွက်ပါ ဗဟုသုတပေါ့ဗျာ..။

  • ဒဿ ဖွတ်ကျား

    September 29, 2012 at 7:31 pm

    ကိုယ်ချင်းစာပါတယ်ဗျာ.
    ပုံမှန်ချိန်ဆို ပါးစပ်သက်သက်နဲ့ ဖြစ်စေ
    အပြည့်အဝမဟုတ်ဘဲ လောကွတ်အနေနဲ့ ဖြစ်စေ. ကိုယ်ခငျ်းစာပါတယ်အေ
    ရေးမိမှာဖြစ်ပေမယ့်
    ခု
    ကျနော် 77KpH ရှိတဲ့ တိုင်ဖုန်း မုန်တိုင်းကို
    နှဖူးတွေ့ ဒူးတွေ့ ကြုံနေရသမို့ပါ

    ဒဿဂီဂိ့
    ခေတ္တ အိုကီနာဝါ

    • ကိုရင်စည်သူ

      September 29, 2012 at 7:50 pm

      အူးလေး ဒတ်သ ကိုယ်ချင်းစာရင်.. ဘီးအီးတိုက်ပါရားဂျာ.. ဒီမှာ
      အယ်ကိုဟောလ်ငတ်နေဒါကြာဘီဗျာ.. 😥
      Tank ထဲက မန်သနော တွေသောက်ဖို့တောင်
      ကြံနေကြဘီလေ… 🙁 🙁
      အူးလေးဒတ်သ တိုင်ဖုန်းမှာ အနိုင်ပုန်းနိုင်ပါစေ… :kwi: :kwi:

      ရာမစိစီ့
      ခေတ္တအိုင်ဒိုးပဂေးဆန်.. :mrgreen:

  • ကိုခင်ခ

    September 29, 2012 at 9:01 pm

    ကိုရင်စည်သူရေ ကဗျာလေးက သင်္ဘောကြီးပေါ်မှာ ရေးစပ်တာလား၊ ကမ်းခဏကပ်စဉ် ဆိမ်ခံတံတားကြီးရဲ့ (—–) ပေါ်မှာ ရေးစပ်တာလားဟင်။ နောက်တာပါနော် လွမ်းနေ တဲ့သူ အလွမ်းလျော့အောင်ပါ။

  • မဟာရာဇာ အံစာတုံး

    September 29, 2012 at 9:15 pm

    ကိုရင်စည်ရေ ..
    ကိုရင်က ဘုန်းကြီးကျောင်း မနေဘဲ ပင်လယ်ထဲ နေတဲ့လူဆိုဒေါ့လေ ..
    ဘာမဆိုင် ညာမဆိုင် မေးရဦးမဗျ ..
    ကျုပ်ကို တစ်ခုလောက် ပြောပြပါလား..
    ပင်လယ်ဓားပြနဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးပေါ့ဗျာ ..
    အဲ့ဒါ သိချင်လို့ဘာ … အဟဲ .. အဟီး (သွားဖြီးပြခြင်း) :mrgreen:

    • ကိုရင်စည်သူ

      September 30, 2012 at 6:57 pm

      ဟုတ်ကဲ့ပါ အူးခြောက်ဖက်…
      တားတားတို့က အေဒင်ဆိုတဲ့ နားမှာ ကလူးကျီစယ်နေပါဒယ်..
      အေဒင်ဆိုတာအချစ်ဥယျာဉ်ကြီးမဟုတ်ပါ…
      အေဒင်ဆိုတာ ဓါးပြဆိုမာလီတွေ ကျက်စားဒဲ့ နေရာဘာဗျာ..
      တားတားတို့ ဘောဘောဂို Ship security သုံးယောက်တက်ပီး
      တားတို့ကို စောင့်ရှောက်ထားပါတယ်…
      ဟိုဘက်က အာပီဂျီနဲ့ လှမ်းမထုသေးသရွေ့ပေါ့… အဟီးးး :kwi: :kwi:
      ဓါးပြရန်က ကာကွယ်ရအောင် ရွာက လေးဂွယူလာပါဒယ် အူးလေး…
      အနားကပ်လာတာနဲ့ ပစ်ပလိုက်မှာ.. ဂရား.. ဂရား… 😛

  • ကြောင်ကြီး

    September 29, 2012 at 10:24 pm

    ခြေရာပျောက်
    သေမှာကြောက်
    နွေခါသောက်
    ထွေလာမြောက်၊
    ဗေဒါပေါက်
    ခေမာတောက်
    ကွေကာခေါက်
    ဂျေပမာဟောက်..။ :harr:

  • uncle gyi

    September 29, 2012 at 10:42 pm

    ကိုရင်စည်သူဓာတ်ပုံကကိုယ်တိုင်ရိုက်တာဆိုချီးယားပါအ
    လှမှလှ
    ဂေဇက်ထဲကိုအံလေးတွေအတော်များတာပဲ
    အေတော့မကိုက်စေနဲ့ဟေ့

    • ကိုရင်စည်သူ

      September 30, 2012 at 6:53 pm

      ဟုတ်ပါ့… ဦးအန်ဂယ်ကြီး ပြောဒါ.. ရွာထဲမှာ
      အင်တွေများလာဒယ်.. တားတားတို့
      လူပျိုလေးတွေ အရမ်းသတိကို အသိလေးနဲ့ ကပ်ထားရဒယ်…
      ချိတ်ပူနဲ့ တားက ဘယ်သွားသွား ဦးထုတ်နဲ့ မျက်မှန်တပ်ပီးသား.. :mrgreen:

  • pooch

    September 30, 2012 at 12:09 am

    အမလေး အဲ့ဒီ မုန်တိုင်းကြီးနဲ့တည့်တည့်တိုးလို့ကတော့ လူးနေမှာပဲ ။ မသက်သာလိုက်တာ။ ဘုရားတရား မမေ့နဲ့ ကိုရင်ရေ။

  • candle .

    September 30, 2012 at 6:42 pm

    အဲတော့..ဦးစည်က..ဒါလဲရတယ်ပေါ့ လေ..
    အပြောကျယ်သလောက် မာယာများ လှတယ်ဆိုတဲ့..
    ပင်လယ်ပြင်ကြီးအကြောင်းကို သင်းဘောသီးတွေက အတော်လေး
    နှံ ့နှံ ့စပ်စပ် သိကြတယ်လို ့ကြားဘူးပါတယ်..အချိန်ရရင်တော့
    အမေထည့်ပေးလိုက်တဲ့ ငါးပိချက်လေးစားရင်းနဲ ့..
    အခန်းဆက်ပိုစ့်လေးဘဲဖြစ်ဖြစ်..ဗဟုသုတလေး မျှဝေပါလို ့..
    စောင့်မျှော်အားပေးနေမယ်နော်..

  • အရီးခင်လတ်

    September 30, 2012 at 9:08 pm

    တိမ်လိပ် အဆုပ်လိုက်ကြီးနော်။
    ဟိုးအရင် ရှေးတုန်းက အယ်လ်ကွန်းရီ သီချင်း။
    တိမ်ပေါ်ခုန်တက် ကလိုက်စမ်းပါဦး။ ဆိုတာရှိတယ်။
    စမ်းကြည့်လိုက်ပါလား။

    နောက်တာပါ ကိုရင်လေးရယ်။
    အခုတော့ အဲဒီဟာကြီး ကျော်သွားပြီမဟုတ်လား။
    အန္တရာယ်ကင်း ဘေးရှင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိပါစေလို့ ဆုတောင်းပါတယ်။

  • Shwe Tike Soe

    October 1, 2012 at 9:11 am

    ကိုရင်ရေ. ကဗျာလေးက သင်္ဘေားသားတစ်ယောက် ရဲ.ခံစားမှုအတိုင်း ဖတ်သူကိုလဲ ရသလေးပေးလိုက်သလိုပါပဲ……
    ပင်လယ်မှာ ပျော်နေကျတဲ့ ပင်လယ်ပျော်ရဲ. အတွေးကဗျာပေါ့နောာာာ :hee:

  • Khaing Khaing

    October 1, 2012 at 12:53 pm

    ကိုရင်ရေးတဲ့ ကဗျာလေးဖတ်ပြီး သူရှာကျွေးတာတွေတောင် မြိုမကျတော့ဘူး … ကိုယ်တိုင် သင်္ဘောမလိုက် ဖူးပေမယ့် ကိုယ်ချင်းစာစိတ်အပြည့်ရှိပါတယ် …. ဒါကြောင့် ဘယ်သင်္ဘောသီးကိုမှ ခူးမစားပါဘူး ……. သူတို့ ပြန်လာလို့ လက်ဆောင်ပေးရင် ကိုယ်ကမယူရက်ဘူးလေ….. သူတို့ ပင်လယ်ထဲမှာ သက်စွန့်ဆံဖျား ရှာဖွေထားရတဲ့ငွေလေးတွေကို ကိုယ်ကလက်ခံရမှာအားနာလို့ …. ကိုယ့်ယောက်ျားပိုက်ပိုက်ဆိုပြောမနေနဲ့ … ပေးသမျှ (၅)ပြားမလျှော့အောင် ထားပေးထားတယ် … သူပြန်လာမှသာ သူသုံးချင်သလို သုံးရအောင် ဆိုပြီးလေ ……… ထပ်တူထပ်မျှ ခံစားသွားရပါကြောင်း…. စိုးရိမ်မိပါကြောင်း ….. သာကြောင်း … မာကြောင်း …… စာချွန်လွှာပို့လိုက်ပါတယ် ………

Leave a Reply