ပရိက္ခရာ အကျိုးပေးများ သိထားသမျှလေးစုစည်းပေးလိုက်ပါတယ်

ဆူးJuly 11, 20101min952

ပရိက္ခရာ (၈ပါး)

၁. သင်းပိုင် (ခါးဝတ် သင်္ကန်း)
၂. ဧကသီ (အပေါ်ရုံ သင်္ကန်း)
၃. ဒုကုဋ် (နှစ်ထပ်အပေါ် သင်္ကန်း)
၄. သပိတ်
၅. သင်တုန်းဓါး
၆. အပ်+ အပ်ချည်
၇. ခါးပန်းကြိုး
၈. ရေစစ်

မှတ်ချက်။ ။ ထီး၊ ဖိနပ်၊ ယပ်တောင် သည် ပရိက္ခရာ (၈)ပါးတွင် မပါဝင်ပါ။

အပူဒဏ်၊ အအေးဒဏ် စသော ရာသီဥတုနှင့် ညီညွတ်မျှတမှုရှိရန် ကျန်းမာရေးအတွက် အသုံးပြုရသော သံဃာသုံးပစ္စည်းများ ဖြစ်ပါသည်။

သင်္ကန်း လှူရခြင်း အကျိုးထူးများ

ဖြစ်လေရာ ဘုံဘဝတိုင်းတွင် ရွှေနှင့် တူသော အဆင်း ရှိခြင်း။

အညစ်အကြေး ကင်းစင်ခြင်း ကိုယ်ရောင်ထွက်ခြင်း။

နူးညံပျော့ပျောင်းသော ကိုယ်ရှိခြင်း။

ဦးခေါင်းထက်တွင် အရောင် အမျိုးမျိုး ရှိသော ပုဆိုးပေါင်း တစ်သိန်း မိုးကာခြင်း။

ပိုးထည် ကမ္ဗလာထည် ဖဲထည် ဝါထည် ပုဆိုး တို့ကို အလို ရှိသမျှ ရနိုင်ခြင်း။

ထီးလှူရခြင်း အကျိုးထူးများ

အချမ်းအပူ မခံရခြင်း ဖုံမြူ အညစ်အကြေး မလိမ်းမကပ်ခြင်း ဘေးဥပါဒ် မရှိခြင်း။

ရောဂါရန်မာန် ဒဏ် အမျိုးမျိုး တို့မှ ကင်းခြင်း။

လူနတ်အပေါင်းတို့၏ အပူဇော်ခံရခြင်း။

အသားအရေနူးညံသိမ်မွေ့ခြင်း။

စိတ်နှလုံး သန့်ရှင်းကြည်လင်ခြင်း။

သံသရာ တခွင်တွင် တန်ဆာဆင်အပ်သော ထီးပေါင်း တစ်သိန်းတို့ မိုးကာခြင်း။

ဖိနပ်လှူရခြင်း အကျိုးထူးများ

ဆင်ယာဉ်၊ မြင်းယာဉ်၊ ထမ်းစင်၊ သန်လျင်ပေါင်း ခြောက်သိန်း ရရှိခြင်း။

ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း မြခြေနင်း ကမ္ဗလာခြေနင်း ရွှေခြေနင်း ငွေခြေနင်း တို့က ဖဝါးလှမ်းတိုင်း လှမ်းတိုင်း ခံလာရခြင်း။

သံသရာမှာ လွတ်မြောက်ရာ ဖြစ်သော လမ်းသို့ သတိတရား ပြေးသွားခြင်း။

အကျင့်စင်ကြယ်အောင် သုတ်သင်ခြင်း ငှာ သတိပြန်လာခြင်း။

ယပ်လှူဒါန်းရခြင်း အကျိုးထူးများ

ကမာ္ဘတစ်သိန်းတိုင်အောင် အပါယ်လေးပါး မလားခြင်း။

ဗိုလ်ပါများသော စကြာဝတေးမင်း အဖြစ် တစ်ဆယ့်ခြောက်ကြိမ်ဖြစ်ခြင်း။

သပိတ်လှူရခြင်း အကျိုးထူးများ

ရွှေခွက်၊ မြခွက်၊ ငွေခွက်၊ ပတ္တမြားခွက် တို့ကို သုံးဆောင်ရခြင်း

ဘေးဥပါဒ် မရှိခြင်း။

ရောဂါရန်မာန် ကင်းရှင်းခြင်း။

လူနတ်အပေါင်းတို့၏ ပူဇော်မြတ်နိုးမှုကိုခံရခြင်း။

စိတ်နှလုံးတည်တံခြင်း

ကိလေသာ အာသဝေါ နည်းပါးစွာ နှင့် အမြိုက်တရားကိုသာ လိုလားခြင်း။

ခါးပန်းကြိုး လှူဒါန်းရခြင်းအကျိုးထူးများ

သမာဓိမပျက်စီးခြင်း။

သမာဓိကို စိုးပိုင်ခြင်း။

ပရိတ်သတ်မပြိုကွဲခြင်း။

သူတပါးကို နားဝင်အောင် ပြောဆိုနိင်ခြင်း။

သတိခိုင်မြဲခြင်း။

ထိတ်လန့်တုန်လှုပ်မှု မရှိခြင်း။

အပ်ချည် လှူဒါန်းရသော အကျိူးထူးများ

စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ချမ်းသာခြင်း။

ဣရိယာပုတ် လေးပါးစုံ အကုန် ချမ်းသာခြင်း။

ဓါးလှူဒါန်းသော အကျိုးထူးများ

မိတ်ဆွေကောင်းရရှိခြင်း။

ဝိရိယ စွမ်းအင် ထက်သန်ခြင်း။

သည်းခံခြင်း ဂုဏ်နှင့် ပြည့်စုံခြင်း။

မေတ္တာလက်နက်ကို ကိုင်ဆောင်ရခြင်း။

ဝရဇိန်လက်နက်ငို မိုးကြိုးစက်နှင့် တူသော အရတ္တမဂ် ဉာဏ်လက်နက်ကို ရရှိခြင်း

နေကထိုင် လှူဒါန်းရခြင်း အကျိုးထူးများ

အမျိုးမြတ်ခြင်း။

ပစ္စည်းဥစ္စာပေါများခြင်း။

သူခပ်သိမ်းတို့၏ အပူဇော်ခံယူရခြင်း။

ကောင်းသတင်းကျော်ဇောခြင်း။

ကမာ္ဘတစ်သိန်းပတ်လုံး ရတနာ ပလ္လင်၌ စံနေရခြင်း။

ဆီးမီးလှူဒါန်းရခြင်း အကျိုးထူးများ

လူပြည် နတ်ပြည်တို့၌ အကြိမ်ကြိမ် ဖြစ်ရခြင်း။

ထွန်လင်းတောက်ပသော ကိုယ်ရောင် ကိုယ်ဝါ ရှိခြင်း။

နံရံတောင်ကျောက်တို့ကို ဖောက်၍ ယူဇနာ တစ်ရာမြင်နိုင်သော ဉာဏ်မျက်စိ အလင်း ကို ရရှိစေခြင်း။

နောက်ဆုံးဘဝ၌ လွယ်ကူစွာ တရားထူး ရနိုင်ခြင်း။

ဆေးလှူဒါန်းရခြင်း အကျိူးထူးများ

အသက်ရှည်ခြင်း။ ခွန်အားကြီးခြင်း။ ပညာကြီးခြင်း။ အဆင်းလှခြင်း။ အခြံအရံများ၍ ကျော်ဇောခြင်း။ ဆင်းရဲကင်း၍ချမ်းသာခြင်း။ ဘေးဥပါဒ်ကင်းခြင်း။

ရောဂါရန်မာန်ကင်းခြင်း။ လူနတ်တို့၏ အပူဇော်ခံရခြင်း။ ချစ်သူနှင့် မကွဲမကွာ နေရခြင်း။

2 comments

  • onlinezz

    July 12, 2010 at 2:52 am

    ခုလိုမျှဝေပေးတာကျေးဇူးပါ။
    နောက်လည်း ဓမ္မသဘင်ပူဇော်ခြင်း အကျိုးသိရင်မျှဝေပေးပါအုန်း။

  • winne

    July 12, 2010 at 3:39 am

    အလှူတကာ အလှူတွင် တရားအလှူသည် အမြတ်ဆုံး ဖြစ်သည်။ ဓမ္မသဘင်သည် လည်း ထိုနည်းလည်းကောင်း ဖြစ်တဲ့ အတွက် အမြတ်ဆုံး အလှူဖြစ်ပါသည်။ ဓမ္မသဘင် လှူဒါန်းရခြင်းအတွက် အယုတ်အလတ်မမြတ်မရွေး မည်သူမဆို တရားနာ လာနိုင်သလို တရားလည်းရ စေနိုင်ပါသည်။ မည်သူမှ ထူးကဲစွာ တရားထူးမရသည့်တိုင်အောင် အလှူရှင်များအနေနှင့် အလှူ၏ အကျိုးကြောင့် အဆုံးစွန်သော ဘဝများတိုင်အောင် တရားများမေ့လျော့နေခဲ့သည်တိုင် အကြောင်းအကျိုးများ တိုက်ဆိုင်ပြီး လွယ်လင့်တကူ တရားရစေနိုင်သော အကျိုးထူးများ ရရှိစေနိုင်ပါသည်။ ဘဝတိုင်းတွင်လည်း အသိအလိမ္မာနှင့် အကုသိုလ်တရားများကို ပြုချင်စိတ်များ နည်းပါလိုသော စိတ်များ ဖြစ်ပေါ်တတ်ပါသည်။ ထိုကြောင့် အပါယ်လေးပါးလားမည့် ဘေး ဝေးသွားနိုင်သည်။ ထို့အပြင် ဆက်လက်တွေးခေါ်မည်ဆိုလျှင်လည်း အရိယာ၏ ပထမအဆင့်ဖြစ်သော သောတပန်များသည်ပင်လျှင် အကုသို်လ်တရားများကို ကြောက်ရွံ့တုန်လှုပ်တတ်သလို ဖြစ်တတ်ပါသည်။ ဘဝတိုတိုကို ရက်တိုတိုနှင့် အကုသိုလ်ဆိတ်သုန်းကာ နိဗ္ဗာန်သို့ လျှောက်လှမ်းနိုင်ပါလိမ့်မည်။

    မှတ်သားမိသမျှ စာနှင့် ချရေးထားခြင်း ဖြစ်ပါသည်။ အချက်အလက် အကိုးအကားမပါ၍ ပို့အဖြစ်မတင်လိုက်တာပါ။

Leave a Reply