ဘွားဒေါ်က ပြန်လာနဲ့တဲ့ not welcome

ဘွားဒေါ်ဂျီးက  ဆရာလာလုပ်ဖို့ဆိုရင် မြန်မာပြည်ကို ပြန်လာခဲ့နဲ့တဲ့၊ အဲဒါ သဂျီးနဲ့ ကဘုံးကြော်တို့ကို သတိပေးတာလို့ အင်တာနက်မှာ ပြန့်နေတယ်။ သနားပါတီး…..  အဲဒါ သူတို့ဘက်ကနေ ဝိုင်းကူပြောပေးကြပါအုံး..။ :kwi:
“မြန်မာနိုင်ငံကို ကယ်တင်မယ် ကယ်တင်ဖို့ ဆိုပြီးတော့ မပြန်ခဲ့ပါနဲ့။ မြန်မာနိုင်ငံမှာ ဝိုင်းပြီးတော့ ပြည်သူပြည်သားတွေနဲ့ ရုန်းပြီးမယ် ဆိုတဲ့စိတ်နဲ့ပဲ ပြန်လာခဲ့ပါလို့ ကျမပြောပါရစေ။” :chee:
ဒေါ်အောင်ဆန်းစုကြည် (ဆန်ဖရန်စစ္စကို)

ဘွားဒေါ်ဂျီးက နင့်ကိုကြိုက်ဘူးတဲ့

25 comments

  • surmi

    October 1, 2012 at 9:33 am

    သဂျီးကတော ့ပြန်လာမှာဟုတ်ဘူး
    ချဉ်ပေါင်ဟင်းတောင် မြန်မာ ့အော်ရီဂျင်နယ်မဟုတ်ဘူးလို ့ပြောနေတာ

    :kwi: :harr:

  • မောင်ပေ

    October 1, 2012 at 9:59 am

    ချဉ်ပေါင်ကြော်ရဲ့ မူူလအရင်းအမြစ်ဟာ အိန်ဒိယကလို့ ဒီကလူတွေအားလုံး လက်ခံမယ်ဆိုရင်တော့ သဂျီးကပြန်လာမယ်တဲ့

    • မိုးသောက်ချိန်

      October 1, 2012 at 10:25 am

      အရေးမကြီးတဲ့ကိစ္စတွေအတွက်နဲ့တော့
      အချိန်ကုန်ခံ မဆွေးနွေး မငြင်းခုန်တော့ဘူး
      အရေးကြီးတဲ့ အဆိုကိုပဲ လွှတ်တော်မှာ တင်သွင်းဆွေးနွေးတော့မယ်
      ကျွန်တော်တို့လမ်းထိပ်က အမှိုက်ပုံကို အမှိုက်ကန်အဖြစ် တည်ဆောက်ပေးမယ့်
      အစီအစဉ် ရှိ/မရှိ ………………… 😆

      • ကိုခင်ခ

        October 1, 2012 at 1:29 pm

        မိုးသောက်ချိန်ရေ အခုလထဲမှာ လွှတ်တော်ခေါ်ထားတယ်မို့ အချိန်မှီအောင်သာ ပြေးပြီး
        မေးပေတော့ဗျို့၊ သူတို့တွေ ဘာဖြေလဲလည်း ကြုံရင်ပြောပြအုံးနော်။

    • garuda

      October 1, 2012 at 2:20 pm

      ဒါအမှန်ပဲဗျ။ ကျွန်တော်လက်ခံပါတယ်။ ဒါပေမဲ့ ချက်ပုံလေးကတော့ နဲနဲကွာခြားသွားတယ်ထင်ပါတယ်။ ပြန်သွားတာကတော့ သူ့သဘောပေါ့ 🙂

  • Ma Ei

    October 1, 2012 at 11:17 am

    စာအကြောင်းတော့
    ပြောတော့ပါဘူး…
    အဲ့ဒီ ကြောင်ဝါလေး ပုံကတော့
    ချစ်စရာလေး…
    😆

  • etone

    October 1, 2012 at 11:36 am

    အဟီး … အူးကြောင်ရယ် .. အော်ရယ်မိတော့မှာပဲ … ခွိးခွိးးးးး 😆
    ငပိရည်နဲ့ ကြက်သားဟင်း လဲစားပါ့မလား …. ငဒူတွေမှမဟုတ်ပဲ .. ဟိဟိ :kwi:

    မနေ့က DVB မှာ သမ္မတကြီးပြောသွားတာ ကြည့်လိုက်ရတယ် …. နိုင်ငံရပ်ခြားရောက်နေတဲ့ ပညာရှင်တွေ ၊ အင်င်္ဂျနီယာတွေ ၊ ဆရာဝန်တွေ ၊ ပြည်တွင်းကို ပြန်လာကြပါဆိုတာမျိုးပေါ့ နော် .. ပြန်လာလျှင်လည်း … သူတို့အတွက် အလုပ်ကိုင် အခွင့်လမ်းတွေ ဖန်တီးပေးမယ် ဆိုတာမျိုးပြောသွားတယ် … ။ စကားလည်း ဆုံးတော့ လက်ခုတ်တွေလည်း တီးကြတယ် .. … ။ တကယ်တမ်းကျတော့.. တံခါး ဖွင့်ထားတာ တောင် ၊ နေသားကျနေတဲ့ ဘဝကနေ ပြန်လာမယ့် လူ ဘယ်နှစ်ယောက်များ ရှိပါ့မလဲ …. ။ တခြားဟာတွေ နှိုင်းမရတာ မပြောနဲ့.. .. ဝင်ငွေချင်းတောင် နှိုင်းလို့မရတဲ့ အခြေနေမှာ ဘယ်သူက ၊ တိုင်းပြည်ချစ်ပါတယ်လို့ လက်သီးလက်မောင်းတန်းပြီး . … အတူရုန်းပါမယ်ဆိုပြီး … ပြန်လာပါ့မလဲ ။
    တူညားဒွေကို မပြောနဲ့ …. အူးကြောင် အရင်ဆုံးပြန်ခဲ့ … ဒီမှာ မာဖီးယားကြောင်ဂိုဏ်းထောင်ဖို့ ကြောင်ဝတုတ် ပေါ်တာ လိုက်ဆွဲနေတယ် … ခွိခွိ ။ :harr:

  • Thu Wai

    October 1, 2012 at 11:52 am

    မိုးသီးနယုန် ကိုပြောတာထင်ပ

  • ဦးကြောင်ကြီးလည်း ပြန်မလာဘာနဲ့လို့ ပေါချင်ဘာဒယ် ….
    ခင်ဗျားက နေရာတကာ ဘူးကျတတ်တော့
    တကယ်လို့ ခင်ဗျား ပြန်လာရင်
    ကျုပ်တို့အတွက် ကြောင်စရာ တောင်မလေးဒွေ မရှိတော့ဘူး ဖစ်နေမှာ စိုးလို့ ..

  • စိန်ဗိုက်ဗိုက်

    October 1, 2012 at 1:44 pm

    ခဏတော့ ပျံလာပါရစေ..
    ကျလိ..ကျလိ…

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    October 1, 2012 at 2:40 pm

    အဲ့ဒါဆိုရင်တော့ ဒုက္ခဘဲ
    ကျုပ်ရဲ့ မြန်မာပျီဂျီးဂိုကယ်တင်မဲ့ပရိုဂရမ်ထဲက တစ်ခုဖြစ်တဲ့ စိုက်ပျိုးရေးတိုးတက်ရေးတွက်
    လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့
    အိမ်တိုင်းမှာရှိတဲ့အိမ်သာတွေမှာ ( အခြားသော အိမ်သာတွေလည်းပါသပေါ့ )
    အဆင့်မြင့်ထိပ်တန်းတက်ကနော်လော်ဂျီနည်းပညာနဲ့ ချီးနဲ့ သေးကို ခွဲခြားသိုလှောင်ပြီး
    ချီးသပ်သပ် သေးသပ်သပ်သီးခြားသိုလှောင်မယ်
    ပိုက်လိုင်းတွေကနေတစ်ဆင့် စက်ရုံကိုသွယ်တန်းမယ်
    ပြီးရင်
    မြန်မာ့လူသားစ်ချီး ဓာတ်မြေဩဇာ
    မြန်မာ့လူသားစ်သေး ဓာတ်မြေဩဇာ ဆိုပြီးဓာတ်မြေဩဇာတွေထုတ်လုပ်ပြီးမြန်မာ့စိုက်ပျိုးရေးကိုကယ်တင်မလို့
    ဒီပုံဆိုရင်တော့
    ခင်ဗျားတို့ တရုပ်ပလဲဝဲနဲ့စိုက်တဲ့ချဉ်ပေါင်ကိုသာစားကြဘေဒေါ့
    ပုံ
    မြန်မာပျီဂျီးဂိုကယ်တင်လိုသူပြည်ပရောက် ပရော်ဖက်ဆာမစ်စတာဖင်ဂေါင်းကျယ်

  • garuda

    October 1, 2012 at 2:48 pm

    အဲ…ဘွားဒေါ်ပြောတာ အမှန်ပဲဗျာ…သူကမြန်မာ အကျင့်သိနေလို့နေမှာပေါ့…နိုင်ငံခြားသားတွေပဲ..ကြည့်ပါခင်ဗျာ..သူများနိုင်ငံမှာ…အကူအညီသွားပေးကြတယ်ဆိုတာ သူတို့အတွက်တကယ်မလွယ်တာပါ။ သူများယဉ်ကျေးမှုလည်း လေ့လာရ…ရေမရှိ…မီးမမှန်တဲ့..နေရာတွေမှာ..အကူအညီသွားပေးကြတာ…တကယ်ဆို…နတ်ပြည်ကနေ…ငရဲပြည်သာသာကိုသွားတာ…မြင့်မြတ်တဲ့စိတ်ဓာတ်ရှိကြတယ်…ဒါပေသိ သူတို့ကိုသူတို့ နှိမ့်ချပြီးသွားတာ..တန်းတူစိတ်ထားပြီးသွားတာ…ကူညီချင်လွန်းလို့(နှိမ့်ချခြင်းသည်အောက်ကျို့ခြင်းနဲ့ မတူဟုထင်ပါသည်)၊ အခန့်မသင့်ရင် အသတ်ပါခံရသေးတယ်။ မြန်မာတစ်ချို့ကတော့ နိုင်ငံခြားရောက်ရင် လွတ်လပ်မှုအရသာကိုခံစား လွတ်လပ်တဲ့ယဉ်ကျေးမှုကိုခံယူ လူ့အခွင့်အရေးအကြောင်းတွင်တွင်ပြော။ တကယ်တမ်းအတုယူသင့်တဲ့ စိတ်ဓာတ်ပိုင်းမြင့်မြတ်မှုတွေတော့ မရကြပါဘူး။ တစ်ချို့ကလည်း ဝါဝါမြင်တိုင်းရွှေထင်ဆိုသလို နိုင်ငံခြားသားဆို ဘာကောင်ဖြစ်ဖြစ် သူတို့ပြောသမျှ လုပ်သမျှ အကောင်းလို့ ထင်ပြီး အတုယူမှားတဲ့လူတွေကလည်းရှိသေး။

  • manawphyulay

    October 1, 2012 at 3:12 pm

    သဂျီးလား ပြန်လာမှာ… ဝေးပါသေးတယ်…. ဟိုမှာ ဒီထက် အစတစ်ရာ အရမ်းကောင်း အရမ်းသာ အရမ်းဇိမ်ကျ အရမ်းပိုက်ဆံရနေတာ ဘယ်သူက ပြန်လာမယ်ပြောလဲ… ပြန်လာပါပြောတာတောင် No လုပ်ကြမယ့်သူတွေလေ… 😛

  • kai

    October 1, 2012 at 3:23 pm

    စနေနေ့က.. ဦးခွန်ထွန်းဦးကို ရှမ်းတိုင်းရင်းသားတွေနှုတ်ဆက်ကြိုဆိုတဲ့ပွဲသွားတယ်..
    ပြန်လာတာတွေ.. မလာတာတွေ.. အကြောင်းလည်းပြောခဲ့ဖြစ်ပါရဲ့… :kwi:

    နောက်လသတင်းစာထဲတော့..ဦးခွန်ထွန်းဦးရဲ့.. ဖယ်ဒရယ်စနစ်အပေါ်.. အမြင်လေးတွေ ရေးတင်ပေးနိုင်မလားပါပဲ..
    ဖယ်ဒရယ်စနစ်အကြောင်းဆိုတာက.. လွန်ခဲ့တဲ့.. ၅-၆နှစ်လောက်ကတည်းက.. တိုင်းရင်းသားခေါင်းဆောင်တွေနဲ့တွေ့တိုင်း.. မေးဖြစ်ခဲ့ပြီး.. စုထားခဲ့တာလေးပါ…။

    ဆိုတော့…
    ရှမ်းတွေလည်း.. ပြန်တဲ့သူပြန်ကြမယ်ထင်ပါတယ်..။
    ခေါင်းဆောင်တွေကိုယ်တိုင် လာခေါ်ကြရင်တော့.. လိုက်ကြရမယ်ပေါ့…

    • surmi

      October 2, 2012 at 12:46 am

      ဒီ အထဲမှာ သဂျီးကဘယ်ဒူလဲ

      • အရီးခင်လတ်

        October 2, 2012 at 2:26 am

        ထိုင်ခုံ နေရာမှာ မထိုင်ချင်လို့ အတင်းဆွဲထိုင် ခိုင်းနေရတာ လေ။
        တွေ့လား။ :harr:

  • ရွာစားကျော်

    October 1, 2012 at 3:28 pm

    ခရုမှာလည်း အဆံနဲ့ တို့ သဂျီးမှာလည်း အကြံနဲ့ဗျ
    ပုဂ္ဂလိက သတင်းစာတွေ ထုတ်ခွင့် ပေးတဲ့နေ့ ပြည်တော်ပြန်ပြီး
    ဂေဇက်နေ့စဉ်သတင်းစာ ထုတ်မယ့် အကြံရှိထားတယ်..
    မယုံမရှိနဲ့ ခုတည်းက ရွာထဲမှာ ကလောင်စွမ်းထက်တဲ့သူတွေ တန်းခန့်မှာတဲ့နော်.. ဟိ

  • pooch

    October 1, 2012 at 5:49 pm

    ကဲကဲ သူများတွေကို လျှောက်ပြောမနေနဲ့ ဦးကြောင်ကရော ဘယ်လိုလဲ ။ ဘိုမချောချောလေးတွေကို ပစ်ပြီး ပြည်တော်ပြန်နိုင်ရဲ့လား ။ :mrgreen:

    ဒီပြန်လာရင် ချောကလက်တော့ စားရမှာမဟုတ်ဖူးနော်။ ဆေးဖြန်းထားတဲ့ ငပိနဲ့ပဲ တွေ့မှာ
    အသဲကောင်းမှ ပွဲတောင်းပါ ဦးကြောင် 😆

  • padonmar

    October 2, 2012 at 12:52 am

    ကျမ ဒို့ခေတ်ရောက်မှ ညံ့ကြတော့မှာလား
    http://myanmargazette.net/75651 မှာရေးဖူးတာလေး ပြန်မန့်ပါရစေ။

    `နောက်ပြီး အတွင်းရေးမှူး ဖတ်ပြသွားတဲ့ ဥက္ကဌ အဆက်ဆက်ရဲ့ အထ္ထုပ္ပတ္တိ အကျဉ်းလေးတွေထဲက ဥက္ကဌ တစ်ယောက်ဖြစ်တဲ့ ဒေါက်တာဦးတင် အကြောင်းလေးလည်း ဖောက်သယ်ချချင်ပါတယ်။

    ဒေါက်တာဦးတင်ဟာ မေ့ဆေးအထူးကုပါ၊အင်္ဂလန်နိုင်ငံ Oxford University က ဘွဲ့ရပြီး အင်္ဂလန်မှာ ဆေးရုံအုပ်လုပ်နေပါတယ်တဲ့။ သူဟာ Oxford football အသင်းလက်ရွေးစင်ပါ ။တင်းနစ်လဲတော်ပါတယ်တဲ့။

    ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလန်သွားတဲ့အခါမှာ သူနဲ့ တွေ့တော့ လွတ်လပ်ရေးရရင် ခင်ဗျားတု့ိလိုလူတွေ

    တိုင်းပြည်အတွက် အများကြီးလိုပါတယ်လို့ ပြောတဲ့အတွက် မြန်မာပြည်ကိုပြန်လာပြီး အမှုထမ်းတာ

    အသက်ထက်ဆုံးပါ၊ အသင်းဥက္ကဌအဖြစ်နဲ့ မြို့နယ်အကျိုးလည်း တက်တက်ကြွကြွ ဆောင်ရွက်သွားပါတယ်တဲ့။

    ကျွန်မတို့ လည်း ဒေါက်တာဦးတင်တွေ မျှော်နေပါတယ်လို့ ပြောချင်ပါတယ်ရှင်။´

    • kai

      October 2, 2012 at 12:18 pm

      အိမ်နားတရပ်ကွက်ထဲ..အလုပ်လုပ်ခဲ့တဲ့.. မြန်မာတယောက်တော့.. အိမ်ပြန်ပြီတဲ့ဗျို့..
      အနှစ်၃ဝ နေခဲ့တဲ့…အမေရိကန်ဘဝစွန့်ပြီး ပြန်တာ.. သူ့အိမ်ကပစ္စည်းတွေအကုန် သယ်နိုင်သလောက်လာသယ်ပြောတာမို့.. သွားသယ်သူကပြောတာပါ..
      အိမ်ရောင်းပြန်မယ်ပေါ့..
      ကလေး၂ယောက်ကိုတော့.. ထားခဲ့တယ်..

      ဆိုတော့..
      အိမ်အကြွေး.. ပင်စင်လစာတွေမြုတ်နှံရင်းနှီးပြီးသူတွေ.. ဘယ်လိုလုပ်ကြမလည်းမသိ..
      ဝန်ကြီးဦးစိုးသိန်းကတော့.. လုပ်ချင်သလိုလုပ်.. မှတ်ပုံတင်တန်းပေးမယ်ပြောတယ်တဲ့..
      တလှည့်စီနေလည်း ရတယ်တဲ့..

      လိုက်မေးကြည့်ဦးမယ် ဖြစ်ပါကြောင်း.. :harr:

      • Wow

        October 2, 2012 at 12:55 pm

        အင်း… Inertia…. Innertia….In..In… :mrgreen:

  • Crystalline

    October 2, 2012 at 2:51 pm

    အဲဒါဦးကြောင်ကြီးကိုပြောတာ. ဦးကြောင် ဘူ..ဘူး အလိုမရှိ :kwi:

  • cobra

    October 2, 2012 at 4:53 pm

    ဗျို့….ရှမ်းအမျိုးသားကြီး
    ဘာလူမျိုးလဲ ဝေ့ ……

  • ရွှေ ကြည်

    October 2, 2012 at 6:51 pm

    အကုန်တော့ပြန်မလာကြနဲ့လေ ဒို့လူမျိုးတွေနိုင်ငံအနှံ့မှာရှိနေတာကောင်းတာပေါ့..။
    ဘယ်မှာပဲနေနေ တိုင်းပြည်နဲ့လူမျိုးချစ်စိတ်ရှိရင် တနေရာရာမှာတချိန်ချိန်မှာအကျိုးရှိမှာပါ။
    အန်တီပြောတာလဲမှန်တာပဲ။
    တိုင်းပြည်ကအခုမှစလုံးရေစပဲရှိသေးတယ် ဆရာများရင်သားသေသွားနိုင်တယ်။

  • padonmar

    October 2, 2012 at 8:30 pm

    PR ၅နှစ်ပေးမယ်လို့ကြားပါတယ်။
    ထွက်သွားတာ အနှစ် ၂ဝကျော်တဲ့ လော့ကျတဲ့အိန်က သူငယ်ချင်းတစ်ယောက်လည်း နောက်လကို ပြန်လာလည်မယ်။ဘာအလုပ်တွေလုပ်ရင်ကောင်းမလဲတဲ့ တိုင်ပင်နေပါတယ်။
    ဘာပဲဖြစ်ဖြစ် ကြိုဆိုပါတယ်။

Leave a Reply