သတင်းမီဒီယာ Research & Development ဝန်ထမ်းနှစ်ဦး အလိုရှိသည်…..

manawphyulayOctober 1, 20121min720

Living Color Magazine နှင့် The Voice Weekly တို့ပုံမှန်ထုတ်ဝေနေသော Living Color Media တွင် သတင်းမီဒီယာအတွက် အသုံးဝင်သည့် သတင်းအချက်အလက်များ စုဆောင်းပြုစုထိန်းသိမ်းရန် သုတေသနနှင့် ဖွံဖြိုးရေး(Research & Development) တာဝန်ထမ်းဆောင်နိုင်သူ ဝန်ထမ်းနှစ်ဦး(အမျိုးသား/အမျိုးသမီး) အလိုရှိသည်။
(၁)Research & Development
(၂)Research & Development Assistant

အမှတ်စဉ် (၁) အတွက် အင်္ဂလိပ်စာ အရေး၊ အဖတ် ကောင်းမွန်သူ၊ ရုံးသုံး ကွန်ပျူတာ စနစ်ကျွမ်းကျင်သူ၊ သတင်းအချက်အလက်များ စုဆောင်းပြုစု ထိန်းသိမ်းရေးအတွက် ခန့်ခွဲနိုင်သူ၊ အသက်၃၅ နှစ်ထက် မကျော်လွန်သူနှင့်

အမှတ်စဉ် (၂) အတွက် သတင်းအချက်အလက်များ ထည့်သွင်းထိန်းသိမ်းရန် မြန်မာစာ ဇော်ဂျီ၊ ယူနီကုဒ် အင်္ဂလိပ်လို စာစီ၊ စာရိုက်နှင့် ကွန်ပျူတာ စနစ်ကျွမ်းကျင်သူ၊ အသက် ၂၅ နှစ်ထက် မကျော်လွန်သူဖြစ်ရန် လိုပါသည်။

အမှတ်စဉ် နှစ်ခုစလုံးအတွက် လျှောက်ထားသူသည် ဘွဲ့ဒီဂရီ တစ်ခုခုရရှိပြီးသူ၊ သတင်းအချက်အလက်များကို အမှန်တကယ်စိတ်ဝင်စားသူဖြစ်ရန်၊ သတင်းမီဒီယာ လုပ်ငန်းစဉ် လိုအပ်ချက်နှင့် ညှိနှိုင်း ဆောင်ရွက်နိုင်သူ ဖြစ်ရန် လိုပါသည်။ ရွေးချယ် ခန့်ထားခြင်း ခံရသူကို မိမိတို့ မီဒီယာက အခြေခံ သတင်းစာ ပညာ ပို့ချပေးမည် ဖြစ်သည်။

လျှောက်ထားလိုပါက ယခုကြော်ငြာ စတင်ပါဝင်ချိန်မှ တစ်ပတ်အတွင်းဓာတ်ပုံနှစ်ပုံ၊ ကိုယ်ရေးအကျဉ်း၊ ဘွဲ့လက်မှတ် မိတူ္တနှင့် အခြားကျွမ်းကျင်မှုဆိုင်ရာ အထောက်အထားများ၊ ဆက်သွယ်ရန်နေရပ်လိပ်စာနှင့် တယ်လီဖုန်းနံပါတ် အပြည့်အစုံဖော်ပြပြီး Living Color Media၊ အမှတ် ၄၅၈၊ ၄၆၀၊ ၄ လွှာ(E)၊ ၃၁လမ်းနှင့် မဟာဗနု္ဓလလမ်းထောင့်၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၂၄၂၄၊ ၃၈၉၂၁၀၊ ၃၈၉၂၁၁ သို့ဆက်သွယ် လျှောက်ထားနိုင်သည်။

ပဏာမ ရွေးချယ် ခံရသူများကို အကြောင်းပြန်ပေးပါမည်။