တင်မယ် တင်မယ်နဲ့ ဘီဇီးနေတာကြောင့် မတင်ဖြစ် ဘူးဖြစ်နေတယ်.. ကြားထဲ မိုးပြာ အခန်းဆက်လဲ ထည့်မလို့ အစမှာ တင် ကိုကိုဟက်ကာ တွေကြောင့် အာရုံပြောင်းသွားတာကြောင့် အခန်းဆက်ကို ဆက်မတင်ဖြစ် တော့ပါဘူး.. ခုတော့ အော်ရီဂျင်နယ် ဂန္ဓာရီခရီး ကိုပဲ ပြန်ဆက်တာပေါ့ဗျာ..

အခုပွဲလေးကတော့ ပုဂံ၊ မြင်းကပါမှာ ၂၉.၉.၂၀၁၂ မှာ ကျင်းပခဲ့တဲ့ မနူဟာ အရုပ်ပွဲ ဖြစ်ပါတယ်.. နှစ်စဉ်  တော်သီလင်းလပြည့် နေ့မှာ ကျင်းပပါတယ်.. ထူးခြားတာက လှည့်လည်ပြသတဲ့ အရုပ်တွေကြောင့် ဖြစ်ပါတယ်.. အရုပ်တွေကို မြင်းကပါ ရွားသားတွေကိုယ် တိုင် ပြုလုပ် ကြတာ ဖြစ်ပါတယ်.. ဒီ အရုပ်ချိုးတဲ့ အတတ်ပညာကို မြင်းကပါမှာ ကလေးကအစ တတ်မြောက်ပါတယ်.. ဘုန်ကြီးကျောင်း တွေ အပါအ၀င် ရွာ အပိုင်း လိုက် အရုပ်တစ်ခုစီ ပြုလုပ်ကြပြီး ကပြကြတာ ဖြစ်ပါတယ်.. ကိုကြီးကျော်ရုပ်.. မြင်းရုပ်.. ကျွဲရုပ်.. စတာတွေပါဝင်ကြပြီး ပါဖော့မန့် ပြကွက်တွေ လဲပါ ပါတယ်.. ပါဖော့မန့် တွေလုပ်၊ အရုပ်မှာ စာတွေရေးကြပြီး ဆန္ဒဖော်ထုတ်တဲ့ နည်းတမျိုးလဲ ဖြစ်ပါတယ်.. ဒီနှစ်မှာတော့ ဗိုလ်ချုပ် နဲ့ အန်တီစု အရုပ်တွေ ပါဝင်လာပါတယ်..

အနယ်နယ် အရပ်ရပ်က လာရောက်ကြည့်ရှုကြသူတွေလည်း များပြားပြီး အတော်စည်ကား လှပါတယ်.. အရုပ်တွေက စက္ကူချိုးထားတဲ့ အရုပ်တွေ ဖြစ်ပြီး လက်ရာမြောက်ပါ တယ်.. အထဲမှာ လူဝင်ပြီးကပြပြီး.. မတူတာက အရုပ်တွေက အောက်ပိုင်းမပါ ပါဘူး.. ကိုယ်တစ်ဝက်ပဲဖြစ်ပါတယ်.. အရုပ်တွေနဲ့ လိုက်ပြီး တွန်းကြ တိုက်ကြလဲလုပ်တာကြောင့် အရုပ်နားသွားနေရင်တော့ အတိုက်ခံရမှာပါပဲ.. တစ်ချို့ အရုပ်တွေကတော့ တွန်းတိုက် တာနဲ့ ကျိုးကြေသွားကြပါတယ်.. ကျွဲရုပ်တွေ၊ ကျားရုပ်တွေဆိုရင် ဘေးကလူတွေကို လိုက်တိုက်ပါတယ်.. အံ့သြစရာက အဲလို တွန်းတိုက်ကြပေမယ့် စိတ်မဆိုး၊ ရန်မဖြစ်ကြတာပဲ ဖြစ်ပါတယ်..

သွားရောက်ကြည့်ရှုချင်ကြတယ် ဆိုရင်တော့ နှစ်စဉ်  တော်သီလင်းလပြည့် နေ့မတိုင်ခင် တစရက် အလိုသွားရင်ရပါတယ်.. နေရာက မြင်းကပါရွာ မနူဟာ ဘုရား ရှေ ဖြစ်ပါတယ်.. အချိန်က ၂ နာရီ လောက်ကစပြီး ၄ နာရီလောက်ပြီးပါတယ်..

မနူဟာအရုပ်ပွဲရဲ့ ဓာတ်သေတွေကို ရွာသားတွေ ကြည့်ရှုနိုင်အောင် အတွက် ဝေမျှလိုက်ပါတယ်..

့မြတစ်တီ ဘုန်းကြီးကျောင်းကအရုပ်

ငရုတ်သီးပိုးက ငရုတ်သီးထဲမှာပဲရှိတာ် ဆိုတဲ့ အရုပ်

ပဉ္စရူပ

ဟန်းဖုန်းနဲ့ဈေးသည်

ဈေးသည်နောက်ကျောမှာရေးထားတဲ့ စာက “simcard 5000 ks.. ငွေဖြည့်ကတ်မဟုတ်” တဲ့

ကိုကြီးကျော်

ကိုကြီးကျော်

ဘော်ဘီစော်ဆာ

ဗိုလ်ချုပ်

ဗိုလ်ချူပ်

ဖွားဖွား တို့လဲ စိတ်ဝင်တစား

အဖြူကတစ်မျိုး အနီကတစ်မျိုး…

အဖြူကတစ်မျိုး အနီကတစ်မျိုး…

ကျားဆွဲခံရတဲ့မစာဥ နဲ့ မင်းကြီး၊ မင်းလေး

ကျားဆွဲခံရတဲ့မစာဥ နဲ့ မင်းကြီး၊ မင်းလေး

ခုန်ပေါက်နေတဲ့ ကျားပေါ်မှာ မကြောက်မရွံ့

ဓားလေးတွေ တ၀င့်ဝင့်နဲ့ ချစ်စရာ မင်းကြီး၊ မင်းလေး

မင်းကြီး၊ မင်းလေး တို့မောနေမှာစိုးလို့

အန်တီစု

ရွှေပွဲလာများ

ဒါကတော့ ဆြာအုပ်ပေါ့ဗျာ…

About ဂန္ဓာရီ ဆြာအုပ်

has written 78 post in this Website..

ဓာတ်ပုံရိုက်သည်။ မတောက်တခေါက် နှင့် မသိနားမလည်သူများ တွေ့လျှင် ဆရာကြီးလုပ်တတ်သည်.. အကြွားသန်သည်။ အမြှောက်ကြိုက်သည်။ အခြောက်တော့ မကြိုက်။ ဘီယာ ၃ ခွက်လောက်ဆိုလျှင် မူးသည့် အတွက် အကုန်အကျ သက်သာသော သောက်ဖော်သောက်ဖက် ဖြစ်ကြောင်း အာမခံသည်။(အခုနဲနဲတက်သွားပီ)