ဖုန်းပျောက်သွားခြင်း……………

Kaung Kin PyarOctober 1, 20121min25828

ကောင်းကင်ပြာလဲ နေပူတော်ရွှေမြို့တော်မှ ရန်ကုန်ရွှေမြို့တော်သို့ ပြန်လည်ရောက်ရှိပြီးနောက်ပိုင်း အလုပ်တွေ ရှုပ်ပြီး ရွာထဲ မရောက်ဖြစ်တာကြာပြီ…။ ရွာနားတော့ ရစ်သီရစ်သီလုပ်လေ့ရှိပါတယ်..။ ရွာသူရွာသားတွေနဲ့ စည်စည်ကားကား ဖြစ်နေတဲ့ရွာကိုတွေ့ရလို့လဲ ဝမ်းသာပါတယ်…။ ပို့စ်အသစ်တင်မယ် စိတ်ကူးပေမယ့် ကိုးနတ်ရှင်ဆီက ပါမစ်က အတော်ကြာအောင်စောင့်ရတာမို့ လက်လျှော့လိုက်တာလဲ အခေါက်ပေါင်းမနည်း။ ပြီးတော့ ကိုယ်တင်လိုက်တဲ့ပို့စ်ကရော တကယ်လိုအပ်တာမျိုးဖြစ်ပါ့မလားလို့လဲ တွေးမိနဲ့…လက်တွန့်နေတာတွေလဲ ပါတယ်…။ ရွာကိုတော့ အမြဲ သတိရပါတယ်…။ ဘုရားစူး..ဘုရားစူး….။ ခုတော့ ရွာမှာ လူစုံတက်စုံဆိုတော့ ရွာထဲက တက်ကနီရှင်တွေအားကိုးနဲ့ ပို့စ်တစ်ခု တင်ပါတယ်…။ ကောင်းကင်ပြာဖုန်းပျောက်သွားခြင်းပါ…။

ဘာကြောင့်ဘယ်လိုတွေတော့ မပြောတော့ပါဘူး…။ အရင်ဘဝက သူများဖုန်း ယူခဲ့မိတယ်ထင်ပါတယ်…။ (ကောင်းကင်ပြာ အရင်ဘဝက L.A တို့ US တို့ရောက်နေတယ်ထင်ပါ့နော်..။ မြန်မာပြည်မဟုတ်တာတော့ သေချာတယ်..) ဖုန်းပျောက်တယ်။ ဒါနဲ့ပဲ။ လိုင်းပိတ်ဘာညာပေါ့ (အမှန်တော့ ဖုန်းမရှိတာ ချူမရှိတယ်ပဲ သဘောထားပြီး မပိတ်ရသေးပါ။ အဖြစ်ပြောခြင်းဖြစ်ပါသည်။ ) ဟန်းဆက်ကို ရုံးကတစ်ယောက်ကညှော်လို့ ဝယ်မယ် စဉ်းစားမိတယ်..။ Samsung Glaxy S2 ပေါ့။ 3 မကိုင်နိုင် 2 ကိုင် နည်းလား တွေးမိပါတယ်..။ ရုံးက အသိနဲ့ အပြင်သွားတော့ သူ့သူငယ်ချင်းနဲ့ တွေ့ပါတယ်။ သူက သူ့အသိဖုန်းဆိုင်ဖွင့်ထားတယ်၊ သူတော့ S 2 လေးကိုင်နေတယ်…။ ပစ္စည်းမှန် ဈေးမှန် အကုန်မှန်ပေါ့။ ဘော်ဒါအကန့်နဲ့ပေးရင် တစ်သိန်းတစ်သောင်း၊ အပြင်ပေါက်ဈေး တစ်သိန်းရှစ်သောင်းတဲ့။ Function ကောင်းတယ်ပေါ့။ ဒီဖုန်းကိုင်မယ်ဆိုရင် သူ့သူငယ်ချင်းဆိုင်က ထပ်မှာပေးပါ့မယ်တဲ့။ ကောင်းကင်က အားတက်သရော မှာပေးပါ၊ အဲ့ဖုန်းကိုင်မယ်ပြောတော့ ကောင်းကင်ကို အင်းးးးးးးးးးးးသံပရာသီးတော့ လိမ့်လာပြီ တွေးမှာစိုးတာပါ..။ မယုံလို့တော့မဟုတ်ပါဘူး…။ (အမှန်တော့ မယုံတာပါ)။နောက်ပိုင်း Handset တွေက အထဲက အဟောင်း၊ အပြင်ခွံအသစ်လဲထားတယ်တို့၊ ဥုံမန်းပြီး တစ်ပတ်ခံတို့၊ S2 ကအဲ့လို ပိုများတယ်တို့ သတင်းလဲ ကြားထားတယ်…။ အားတက်သရောနဲ့ ဝယ်မယ်လဲ စကားက လွန်ထားပြီးပြီ…။ အဲ့လို ဝယ်မယ်ပြောတဲ့အချိန် သူ့မျက်နှာကြီးကလဲ ပျော်ပြီး ဝင်းသွားသလို ထင်လိုက်လို့ ငါတော့ အင် မိရင်ဒုတ်ခေါလို့ အပြန်မှ တွေးလိုက်မိတာပါ။ ဒီတော့ ရွာထဲက တက်ကနီရှင်ကြီးများကို အကူအညီတောင်းပါတယ်..။ အင် မအင် ဘယ်လိုအကြမ်းဖြင်း ကြည့်နိုင်လား သိချင်တာပါ…။ အဲ့လို ကြည့်နည်းများ ရှိလားရှင့်။ ကူညီကြပါဦးချင့်…။

 

28 comments

  • အင် လား မအင် လား ဆိုတာကို
    သိရအောင် …
    အရင်ဆုံး ဆယ်ပေါင်တူကြီး ဝယ်ထားပါ …
    ဆမ်ဆောင်း ဟန်းဆက်ကြီး အတွက် ပိုက်ပိုက် မချေခင်
    စမ်းကြည့်မယ်နော် ဆိုပြီး … ဝယ်ထားတဲ့ တူနဲ့ ထုကြည့်လိုက်
    ပျက်သွားရင် အင် ပဲ …
    ဘာမှ ဖြစ်ဘူးဆိုရင်တော့ အိုက်ဒါ အစစ် မှ အစစ် ….

  • Mon Kit

    October 1, 2012 at 1:31 pm

    နှစ်ခါတွေ့လို့ နှစ်ခေါက် ဖတ်သွားပါတယ်…
    အကြံမပေးတတ်လို့ တိတ်တိတ်လေး ပြန်ထွက်သွားပါတယ်…
    😆

  • kaung kin pyar

    October 1, 2012 at 2:10 pm

    အွန်….ကိုအန်ဇာဒုံးကလဲ အချွန်နဲ့ မ တယ်…။ နှစ်ခေါက်ဖတ်ပြီး ပြန်ထွက်သွားတဲ့ မွန်ကစ်ကလဲ တိတ်တိတ်လေးတော့ ဟုတ်ဘူးထင်တယ်…။ အားကိုးပါတယ်ဆိုမှ………။ ဗြဲ ;( ;( ;(

  • weiwei

    October 1, 2012 at 2:14 pm

    Samsung Galaxy SII အစစ်ဆိုရင် သုံးသိန်းရှစ်သောင်းပေါက်ဈေးရှိပါတယ် … ပစ္စည်းအာမခံရှိတာကတော့ Samsung Showroom (တော်ဝင်စင်တာ) မှာ ဆိုရင် စိတ်ချရတယ် …

  • Good™

    October 1, 2012 at 2:24 pm

    အသစ်ဖြစ်ကြောင်း အာမခံ တာ ပဲ ရှိတယ် warranty မရှိ တော့ အသစ် လဲ အဟောင်း လို ပါ ပဲ။
    အတွေ့ အကြုံ အရ ပြော ရမယ် ဆိုရင် touch loading အပိုင်း ခေါ်မလား ဘယ်လို ပြော ရမလဲ touch ရဲ့ စွမ်းဆောင်ရည် မသိမသာ လေး နှေး တတ်တယ်။ ရုပ်ထွက်ပိုင်းမှာ တော့ အတော်လေး ကြည့် တတ်မှ ခွဲ လို့ ရမယ်။ ဘာလို့လဲ ဆို တော့ အပြင်ပန်း ကို အသစ်ဖြစ်အောင် လဲဖို့ က အပြင်ခွံ နဲ့ touch panel ကို မဖြစ် မနေ လဲ ရမယ်။ ဈေး အကြီးဆုံးက Main board နဲ့ main panel အဲဒီ နှစ်ခုပဲ အဟောင်း ကို အသစ်ဆို ပြီး ဂျင်ထည့် ကြ ဖို့ပဲ ရှိတယ်။ touch panel ကိုပါ အသစ်ဖြစ် အောင် ရှိုင်း ထား ရင် ရုပ်ထွက်လဲ ညံ့ တာ နဲနဲ သိသာ မယ်။
    PC လုံး လို ပြော မယ် ဆိုရင် ဖုန်းရဲ့ Main Board က mother board တွေ CPU တွေ memory တွေ power supply တွေ အားလုံးပါတဲ့ system unit ကြီး ပေါ့။ Main panels က မော်နီတာ၊ touch panel က keyboard နဲ့ ကြွက် ပေါ့။ ကွန်ပြူတာ တလုံးလိုပဲ မြင် ပြီး ကိုယ်ပိုင် အတွေ့ အကြုံ နဲ့ ပေါင်းစပ်လို့ ခွဲခြားဝယ်ယူ နိုင်ပါစေ။

  • Shwe Tike Soe

    October 1, 2012 at 2:35 pm

    အဲလောက်ဈေးကွာနေရင်တော့…………….. အင် ပေါ့ သမီးရယ်….

    တစ်ခေါက်လောက် SAMSUNG SHOW ROOM ကိုသွား… setting ထဲက about phone ကိုသွားကြည့် product No. တွေ ဘာတွေ သေချာကြည့်လာ ခဲ့ ပြီးရင် ပြာပြာ ကိုရောင်းမယ့် ဖုန်းကို စစ်ကြည့်. ပြီးရင် ဓာတ်ခဲ ရဲ.နောက်မှာလဲ product No တွေ ဘာတွေ ရှိတယ်…. တူ ရင် ခါးတောင်းကျိုက်သာ ဝယ်ပလို်က်ပေတော့………

    ဒီထက်ပိုသိချင်ရင် ရွာသား ဖရဲမ ကို မေး……….. သူက ဖုန်းကင်ရောင်းတာ…….. ဟိဟိ :kwi: :hee:

  • may flowers

    October 1, 2012 at 3:04 pm

    သေသေချာချာ စီစစ်ပြီးမှဝယ်သင့်တယ်ထင်ပါတယ် ကောင်းကင်ပြာရေ ..အမကိုင်တဲ့ဖုန်းကလည်း

    Galaxy SII ပါပဲ လွန်ခဲ့တဲ့ခြောက်လလောက်ကဝယ်တာ မြန်မာငွေသုံးသိန်းကျော်ပေးရပါတယ်။

    ခုတော့ဈေးကျလောက်ပြီထင်ပေမဲ့ ကောင်းကင်ပြာပြောတဲ့ဖုန်းဈေးက အရမ်းကွာလွန်းနေတော့ အင်းးးးး

    စဉ်းစားစရာပေါ့။

  • Sweet Tooth

    October 1, 2012 at 3:11 pm

    အင်တော့ အင်ပဲထင်ပါတယ်။မြင်မှမြင်ရဘဲ။Processor အမြန်နှုန်းက အသိသာကြီးပါ။သိပ်ပြီး ခွဲခြားလို့မရရင်လဲ ဝယ်သာ
    ဝယ်,ပြီးရင် အစစ်လို့ပဲပြော ရွာသားတွေဘာမှသိတာ ဟုတ်ဘူးရယ်။

  • ရွှေ ကြည်

    October 1, 2012 at 3:32 pm

    မကောင်းကင်ပြာရေ ဘာမှတော့အကြံမပေးတတ်ဘူးရယ် မတွေ့တာကြာလို့ဝင်နှုတ်ဆက်တာ
    မင်္ဂလာပါရှင့်..။

  • uncle gyi

    October 1, 2012 at 4:32 pm

    ဒီဈေးနဲ့ကအစစ်ဆိုတာရေစစ်နဲ့တူတယ်နော်
    ကြေးစည်ကြီးကတော့မထင်

  • mayjuly

    October 1, 2012 at 4:40 pm

    နဲနဲလေးတော့လွဲနေတယ်.. :hee:

  • Mလုလင်

    October 1, 2012 at 11:28 pm

    လုံးဝ အင် ပါ။ ဈေး ပိုပေးပြီး ShowRoom မှာသာ ဝယ်လိုက်ဖို့ အကြံပေးပါရစေ …။ IPhone 4s ပုံတူ မျိုးတောင် ရှိသတဲ့ဗျို ………….။

  • whitelie

    October 1, 2012 at 11:48 pm

    Galaxy SII အစစ်တော့မဟုတ်လောက်ဘူးထင်တယ်။ Galaxy Clone ဆိုပြီးထွက်နေတယ်။
    တစ်သိန်းကျော်လောက်ပဲ။ i phone 4S Clone လည်းရှိပါတယ်။
    သေချာစွာမေးမြန်း ဝယ်ယူသင့်ပါတယ်။

  • ဒဿ ဖွတ်ကျား

    October 2, 2012 at 7:22 am

    ရှင်းနေတာပဲကွယ်…
    အစစ်အမှန် ဆိုပြီး အာမခံတဲ့ ပစ္စည်းထက်
    အားကြီး ဈေး ပေါနေမှတော့ ….

    မပြောချင်ဘူးကွယ်..
    တနေ့သေမှာမို့ မသေခင်လုပ်ချင်တာလုပ်ကြမယ့်
    လောကကြီးမှာ .. ဘာပဲဖြစ်ဖြစ်…
    ကိုယ့်ဒေါသနဲ့ကိုယ်ပဲနော…

    စကားမစပ်
    အတုထုတ်တဲ့ အတုရောင်းတဲ့ကောင်ဒွေအားလုံး…
    အဟွာ အနာပေါက် သေဂျပါဇီတော်..

  • kaung kin pyar

    October 2, 2012 at 11:51 am

    ခုလို ဝိုင်းဝန်းဆွေးနွေး အကြံပေးကြလို့ ကျေးဇူးတင်ပါတယ်…။ Touch ကို Touch လိုက်တိုင်း ဘုရားတ, ပြီး ကုသိုလ်တော့ မယူတော့ပါဘူး…။ အားလုံးအကြံပေးသလို စိတ်ချလက်ချ၊ ပစ်ချလို့ရတဲ့ သေချာတာပဲ ရွေးလိုက်တော့မယ်…။ ရွာသူရွာသားများအားလုံး ကျေးဇူးတင်ပါ၏။

  • Onyx

    October 2, 2012 at 2:16 pm

    ရွာထဲ မှာ မတွေ့တာ အတော်ကြာပြီကော…..။
    ပြောရရင်တော့ တစ်ကယ်ပဲ Galaxy SII ကိုင်မယ်ဆိုရင်တော့ (၂) နှစ်အာမခံ ပေးတာမျိုးရှိတဲ့ ဆိုင်မျိုးကဝယ်ပေါ့။ အစစ်ဆိုကို အသစ်ဆိုရင်တော့ သေချာပေါက် နှစ်သိန်းကျော်ပါတယ် လို့…..
    Onyx…..

  • Mobile

    October 2, 2012 at 2:19 pm

    ကျနော် အရင်ညကတည်းက ဒီပို့ကိုတွေ့ပါတယ်
    ပြောမယ်လို့ဆုံးဖြတ်ပေမယ့် မအားလပ်နိုင်တဲ့ ကိစ္စလေးတွေကြောင့်ခုမှပဲ
    တင်ပြပေးလိုက်ရပါတယ်။
    ကျနော် Mobile ဖုန်းများရောင်းသေား ဆို်င်တစ်ဆိုင်ဖွင့်ထားပါတယ်။
    ကျနော် ဆိုင်မှာတင်ထားတာက ၂၀၀၀ဝ တန် ၃၀၀၀ဝ တန်တွေများပါတယ်။
    အလွန်ဆုံး ၅၀၀၀ဝ တန်လောက်ကိုပဲ တင်ပါတယ်။ Galaxy S2 အစစ်ကိုတော့
    မကိုင်ဖူးပါဘူး။ ကျနော်ဆီမှာရှီတဲ့ Galaxy S2 အတုကတော့ ရောင်းဈေး ၄၀၀၀ဝ ဝန်းကျင်ပါ။
    ကာဗာ အပိုတစ်ခုပါဝင်ပါတယ်။ မန်မိုရီ 2G တစ်ခုလည်း လက်ဆောင်ထည့်ပေးထားပါတယ်။
    ဒါ့ကြောင့် ကောင်းကင်ပြာအနေနဲ့ အင်ထုခံရမည့် အတူတူ တစ်သိန်းကျော် အကုန်အကျ ခံရမည့်အစား
    ကျနော် ဆီမှ လေးသောင်းတန် Galaxy S2 ကိုသာ စိတ်ချလက်ချ ဝယ်ယူအားပေးသင့်ပါတယ်လို့
    အကြံပြုလိုက်ပါရစေ။

    • kai

      October 2, 2012 at 2:37 pm

      အတုဆိုတာက.. ဘယ်လိုဟာကြီးလဲ..
      ဒီမှာရောင်းလို့ကတော့.. ပွဲပြတ်ပဲ..
      ဆမ်ဆောင်က.. ပန်းသီးကို လျှော်ရမယ်ဆိုလို့ ညစ်နေတာနဲ့ရောပြီး.. သမလိုက်ရင်.. ဂန့်နိုင်သလားမသိ..

      ဆိုတော့..
      Galaxy S2 ၄သောင်းတန်ဆိုရင်တော့.. လိုချင်သား..
      အခု.. ကျုပ်လိုင်းက..ကန်ထရိုက်မပါရင်.. Samsung Galaxy S® III 16GB = $549.99 လို့ပြောနေတာ…
      လိုချင်ပေမယ့်ဈေးကများသလားလို့..။

      (ခြေထောက်) အနာပေါက်ပေါက်.. ဘာပေါက်ပေါက်ဟေ့… :harr:

      • ကြောင်ဝတုတ်

        October 2, 2012 at 4:45 pm

        သဂျီးရေ…
        Hardware ဘယ်လောက်ကောင်းကောင်း… စက်ရုပ်က စက်ရုပ်ပဲနော်…
        နံပါတ်ငါး ပန်းသီးလေးပဲကိုက်လိုက်စမ်းပါဗျာ…

        ခင်မင်လျက်-
        ကြောင်ဝတုတ်

        • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

          October 2, 2012 at 6:33 pm

          သဂျီးကို အထင်ကြီးရမှာလား သနားရမှာလား မပြောတတ်တော့ :mrgreen:
          အပေါ်က လက်ကိုင်ဖုံး ပြောတာကို ကျုပ် အလွန်နှစ်သက်မိပါတယ်
          အထူးသဖြင့်
          ( Galaxy S2 အစစ်ကိုတော့မကိုင်ဖူးပါဘူး။
          ကျနော်ဆီမှာရှီတဲ့ Galaxy S2 အတုကတော့ ရောင်းဈေး ၄၀၀၀ဝ ဝန်းကျင်ပါ။ )
          ဒါ ကျုပ် သိပ်တန်ဘိုးထားတဲ့စကားတစ်ခုဖြစ်ပါတယ်ဗျာ
          အန်တီ ဝေပြောတာနဲ့လည်း ဆက်စပ်နေပါတယ်
          မှန်ပါတယ် အတုတွေက အဲ့သည်ဈေးပါဘဲ အစစ်ကတော့ အန်တီဝေပြောသလောက်ပါ
          တစ်ခုရှိတာက အင် ဆိုတာကို သေသေခြာအဓိပ္ပါယ်ဖွင့်ရမှာပါ
          လက်ကိုင်ဖုံး ပြောတဲ့ ( မိုဘိုင် ဆိုတာ ကိုရင်လား မယ်သီလ လား ကျုပ်လည်းသိဘူး )
          တရုပ်ပစ္စည်းအတုတွေဟာ အလွန်ဈေးပေါပါတယ်
          အပေါ်မှာပြောခဲ့သလို အတုကို အတုလို့ ပြောရောင်းတာ အလွန် သမ္မာအာဇီဝကျပါတယ်
          ( စာအုပ်ထဲပါတဲ့အတိုင်း အတုဆိုတာ သူခိုးပစ္စည်း
          သူခိုးပစ္စည်းရောင်းတာ သမ္မာအာဇီဝမကျ အဲ့လိုတော့ လာမကန့်လန့်နဲ့ပေါ့ဗျာ )
          အတုကို အတုဈေးနဲ့ ဝယ်တယ်ဆိုတာ သဘာဝကျပါတယ်
          အဲ့ဒါ အင်မဟုတ်ပါဘူး
          အတုကို အစစ်ဈေးနဲ့ဝယ်ရတာကတော့ အင် ခံရတယ်လို့
          ကျုပ်ကတော့ အဓိပ္ပါယ်ဖွင့်ပါတယ်
          အချို့ကတော့ အတုနဲ့ အစစ်ကို လက်နဲ့ ချိန်ဆကြည့်ကြတယ်
          အစစ်က နည်းနည်းလေးပြီး အတုက နည်းနည်းပေါ့တယ်
          ဖန်ရှင်တွေဘာတွေကြတော့ ပြောတတ်ဘူး

    • kaung kin pyar

      October 3, 2012 at 11:36 am

      ကျေးဇူးတင်ပါတယ် Mobile ရေ…။ ဆိုင်လိပ်စာလေး ပေးထားပါ..။ ရွာသူရွာသားခြင်း အားပေးလို့ရတာပေါ့ရှင်..။

  • မောင်ပေ

    October 2, 2012 at 2:56 pm

    တစ်သိန်းခွဲလောက်ဆိုရင် ဟွာဝေ အကောင်းစား လိပ်တက် တစ်လုံးရတယ်ဗျို့

  • ကြောင်ဝတုတ်

    October 2, 2012 at 4:43 pm

    အဲဒီကိစ္စလေးတော့ ပြောချင်သား…
    ဒီလိုဗျာ ထုံးစံအတိုင်း တရုတ်ကြီးက ဆမ်ဆောင်းတို့ ပန်းသီးတို့ဖုန်းတွေထုတ်ပေးရင်းကာ အတုတွေလဲဖောဖောသီသီလိုက်ထုတ်တယ်…
    Google Nexus တို့ Galaxy S3 တို့လို Andriod OS သုံး တန်ဖိုးကြီးဖုန်းတွေနဲ့တစ်ပုံစံထဲ တရုတ်ရဲ့ MediaTeck Processor ကိုသုံးပြီးတော့ ပုံစံတူ Clone ဖုန်းတွေလိုက်ထုတ်ပါတယ်…
    ၉၀%တူညီတဲ့ Clone ဖုန်းတွေက ဈေးပေါတဲ့ Processor နဲ့ GPU တွေသုံးထားပြီးတော့ ဒေါ်လာ ၁၅ဝ ဝန်းကျင်လောက်နဲ့ အံဩလောက်အောင်ထုတ်ပေးတာကို တွေ့ရပါတယ်…

    ကိုယ်တွေ့အနေနဲ့…
    Google Galaxy Nexus နဲ့ Galaxy SIII ကို စမ်းသုံးကြည့်ဖူးပါတယ်…
    Touch ကောင်းမွန်တယ်… စခရင်ကြီးတယ်… ဈေးသက်သာတယ်…
    အဲဒီတော့ Android မောင်းနှင်တဲ့ မိုဘိုင်းဖုန်းသုံးသူများ ၂သိန်းနှင့်အထက်ငွေတပ်နိုင်ရင် အစစ်အမှန်ကိုင်ကြပြီး…
    ၂သိန်းအောက်နဲ့ စတိုင်ထုတ်ချင်ရင်တော့ Clone ကိုင်သင့်တယ်လို့အကြံပေးချင်ပါတယ်…

    http://www.chinaecarts.com/samsung-galaxy-s3-12ghz-dual-core-48inch-mtk6577-android-41-16gb-phone-p-3095.html
    ဒီလင့်မှာ Clone ဖုန်းတွေအများကြီး အားရဝမ်းသာစရာတွေ့ရမှာပါ… တစ်ခုမှ ဒေါ်လာ၂၀ဝ မကျော်ပါဘူး…
    ပုံစံကို သေသေချာချာကြည့်ချင်ရင် ယူကျူ့မှာလဲ ကြည့်နိုင်တယ်…
    http://www.youtube.com/watch?v=rUOXcPcHILM

    နောက်တစ်ခုက ဟွဝေးဖုန်းတွေအားလုံးဟာလဲ အဲဒီ Clone ဖုန်းတွေမှာသုံးတဲ့ Processor ကိုပဲသုံးထားတာမို့ ထူးမခြားနားလို့ ဆိုချင်ပါသေးတယ်… တချို့ Clone တွေဆိုရင် Hardware Specification တော်တော်လေးကောင်းမွန်တာမို့ Android သုံးမှာခြင်း အတူတူ သုံးသင့်တယ်လို့ ထင်ပါတယ်…

    အထူးသဖြင့် Clone တွေမှာ နည်းပညာမြင့်တွေဖြစ်တဲ့ Gyro တို့ NFC စတဲ့နည်းပညာတွေမပါပေမယ့် အခြေခံ Android အတွက်တော့ တော်တော်လေးလုံလောက်တယ်လို့ဆိုရမယ်ပေါ့…

    အားသာချက်ကို ပြောမယ်ဆိုရင်…
    (၁) ဈေးနှုန်း
    (၂) သင့်တင့်သော Hardware
    (၃) အထင်ကြီးမှုပေါ့ဗျာ… (Galaxy SIII ကြီးကိုင်ထားတယ်ပေါ့…)
    (၄) ပုံမှန် Android Application အားလုံးအလုပ်လုပ်ခြင်း

    အားနည်းချက်ကတော့
    (၁) Firmware (Original Firmware ရှာလို့ လုံးဝကိုမလွယ်ကူပါဘူး… Firmware တစ်ခုခုဖြစ်ရင်အခက်အခဲကြီးပါတယ်…)
    (၂) အာမခံချက် (ကြိုက်ရင်ယူ… မနက်ဖြန်ပျက်ချင်ပျက်မယ်… ကောင်းချင်လဲဆယ်နှစ်ခံမယ်)
    (၃) ဘက်ထရီသက်တမ်း (တကယ့် SIII လိုမျိုး ပိုးဇိုးပျက်စက်ဖုံးပြောလို့မရပါဘူး…)
    (၄) Technical Support (Clone ဖြစ်နေတဲ့အတွက် Root လုပ်ဖို့တို့ ဘာတို့မှာ ဂိုဂဲကနေရှာဖတ်ဖို့ အရမ်းနည်းပါးပါတယ်…)
    (၅) Firmware Version (About ထဲမှာ ICS 4.0.4 လို့ရေးထားပေမယ့် တကယ်တမ်းမှာ 2.6.3 လောက်ပဲတင်ထားတာမျိုး)
    (၆) Accessories (Clone ဆိုပေမယ့် အပြင်ပန်းမှာတင် အားလုံးမတူပါဘူး… Screen Guard လိုမျိုး Body Cover လိုမျိုးမှာ အစစ်ကဟာတွေသုံးလို့မရတတ်ပါဘူး)

    အဲဒီလိုအခက်အခဲတွေအများကြီးရှိပေမယ့် တစ်သိန်းကျော်ဆိုတဲ့ငွေနဲ့ အဲဒီလောက်လန်းတာမျိုးလေးကိုင်ရမယ်ဆိုရင်ဖြင့် တန်တယ်လို့ပြောရမှာဖြစ်ပါတယ်…
    နောက်ဆုံးပြောချင်တာကတော့ Android ကိုင်မှာပဲဗျာ… ကြီးကြီးကျယ်ကျယ် Galaxy SIII လုပ်စရာမလိုပါဘူး…
    Clone လေးနဲ့လဲ အဆင်ပြေပြေသုံးနိုင်တာပဲ…
    ပန်းသီးလို Hardware အလန်း၊ iOS အလန်းမျိုးမှမဟုတ်တာ… (ဟိဟိ.. စက်ရုပ်သမားများ စိတ်ဆိုးလော့)

    ဘာပဲဖြစ်ဖြစ် ကျွန်တော့သူငယ်ချင်း သူရဇော်ရဲ့စကားလေးပြန်ကောက်ပြီးပြောပါ့မယ်…
    နှစ်သိန်းအောက်သုံးမယ်ဆိုရင် Clone လေးနဲ့လန်း…. နှစ်သိန်းအထက်သုံးမယ်ဆိုရင်တော့ အမှန်အကန်ဝယ်စေ့ချင်ပါတယ်…
    မှတ်ထားနော်… Hardware ဘယ်လောက်ကောင်းကောင်း စက်ရုပ်က စက်ရုပ်ပဲ…ဟိဟိ

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • လယ်ထွန်Z

      October 2, 2012 at 6:43 pm

      ဒါမှ ဒို့ မာမီသော် တော့.

      :kwi:

    • kai

      October 3, 2012 at 5:49 am

      ဗြမ်း..
      ကိုယ့်နှဖူးကိုယ်ချသံ..

  • ချစ်စ/ဆရာ

    October 2, 2012 at 8:45 pm

    အစ်ကိုတို့ရေ အတုအစစ်ထက် ဘက္ထရီ အကြောင်းလည်း
    ဘယ်သူမှမပြောပါလား
    အတုက speeg နှေးမယ်
    ဘက္ထရီ ကြာကြာမခံဘူး
    ဒါပေမမယ့် တစ်ခုရှိတာက ဈေးနှုံးကအရမ်းကွာတယ်လေ
    ဈေးနှုံန်းမှန်ရင် ကြိုက်ရာဝယ်ဗျာ
    ဈေးမှန်ဘို့ အရေးကြီးတယ်
    အတုက အတုဈေး အစစ်က အစစ်ဈေး

  • Mobile

    October 3, 2012 at 5:38 am

    ဖုန်းအမျိုးမျိုးကို အလွယ်ခွဲးခြားလို့ရတာတွေကတော့
    အတုတွေတော်တော် များများဟာ Sim Card နှစ်ကဒ်ထည်ဖြစ်ပါတယ်။
    အစ်တွေ ကတော့ Sim Card တစ်ကဒ်ပဲထည့်လို့ရပါတယ်။ မောဒယ်အမြင့်
    ဖုန်းအမှန်အကန်များမှာ Sim Card နှစ်ကဒ်ထည်လိုရတာဟာ အတော်ရှားပါတယ်။
    ပြီးတော့ နောက်ကာဗာကို ဖွင့်ကြည့်လိုက်ရင်လဲ သိသာပါတယ်
    အတုတွေဟာ သိပ်ပြီးသေသေသပ်သပ် မရှိလှပါဘူး။
    Iphone 5 ကိုလဲ အတုဟာ ၄ သောင်းကျပ်ဝန်းကျင် ပဲရှိပါတယ်။
    အတုနဲ့အစစ် ကွာဟမှုဟာ သိသိသာသာထင်ရှားပါတယ်။
    အတုဟာ Tourch လုပ်ရာမှာလဲ သိ်ပ်ပြီးတော့ အဆင်မပြေလှပါဘူး။
    ပြီးတော့ အစစ်မှာထည့်သုံးလို့ ရတဲ့ App တွေအတုမှာ ထည့်သုံးလို့မရနိုင်ပါဘူး။

  • Crystalline

    October 3, 2012 at 10:47 am

    အင်း..အကြံပေးရရင်တော့ တတ်နိုင်ရင်..ကိုယ်သုံးလိုုက်တဲ့ငွေက ကိုယ့်အတွက်အတိုင်းအတာတခုအထိ အရေးမပါရင်တော့ ရှိုးရွမ်းမှာပဲဝယ်ပါ… မဟုတ်ရင်တော့အင်တာနက်သုံးလို့အဆင်ပြေမယ့် တခြား ဈေးသင့်တင့်တဲ့ ဆိုနီအဲရစ်ဆင်တို့ ဆမ်းဆောင်းတို့. နိုကီယာတို့ရှိပါတယ်. အဲဒါတွေပဲကိုင်ပေါ့ အသစ်အသစ်တွေကထပ်ထွက်နေမှာပဲလေ..ဒို့ကတော့ လက်ထဲကိုင်ထားရင်း ဈေးကျသွားမယ့်ပစည်းကို ဈေးအများကြီးပေးဝယ်တာအားမပေးဘူး..

Leave a Reply