စာရေးနည်း အခြေခံ လမ်းညွှန်သင်တန်း ဖွင့်မည်

lynn lynnOctober 1, 20121min23516

ရွာသူ/သားများတက်ရောက်နိုင်ရန် သတင်းကောင်းပါးအပ်ပါသည်။ ခေတ်လူငယ်ဆိုဒ်မှ ကူးယူသတင်းပေးပါသည်။

စာရေးနည်းအခြေခံလမ်းညွှန်သင်တန်းကို မြန်မာနိုင်ငံစာရေးဆရာအသင်း ဟောပြောဆွေးနွေး လေ့လာရေး ကော်မတီက နိုဝင်ဘာာ ၆ ရက်မှ ဒီဇင်ဘာ ၈ ရက်အထိ တစ်လကြာ ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ အဆိုပါသင်တန်းတွင် စာရေးဆရာများ ဖြစ်ကြသော လယ်တွင်းသား စောချစ်၊ မောင်ခင်မင်(ဓနုဖြူ)၊ ချစ်ဦးညို၊ ခင်မောင်ထွန်း(လမ်းမတော်)၊မနုဿကျော်ဝင်း၊ မြင်းမူမောင်နိုင်မိုး၊ မောင်ဟေမာ၊ မောင်ငြိမ်းသူ(ကြို့ပင်ကောက်)၊ မောင်စိမ်းနောင်(လယ်ဝေး)၊ မောင်ခိုင်ခန့်၊ မစန္ဒာ၊ ကြူကြူသင်း၊ မနှင်းဖွေး၊ မမိုးမြေ၊ မောင်စိန်ဝင်း(ပုတီးကုန်း)၊ နွမ်းဂျာသိုင်း၊ ချစ်စံဝင်း၊ ချစ်နိုင်(စိတ်ပညာ) တို့နှင့် အခြားစာရေးဆရာများက ပို့ချမည်ဖြစ်ကြောင်း၊ သင်တန်းကို မြန်မာနိုင်ငံ စာရေးဆရာအသင်း အစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းသို့ ၁၆ နှစ်ပြည့်ပြီးသူ မည်သူမဆို တက်ရောက်နိုင်ပြီး အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့အထိ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ပို့ချပေးမည် ဖြစ်သည်။ သင်တန်း တက်ရောက်လိုသူများသည် အောက်တိုဘာ ၁ဝ ရက်မှ ၃၁ ရက်အတွင်း မြန်မာနိုင်ငံ စာရေးဆရာအသင်း အမှတ်(၅၂၉) ကုန်သည်လမ်း၊ ဖုန်း ဝ၁-၂၅၂၄၁ရ သို့ ဆက်သွယ်စုံစမ်း၍ လျှောက်လွှာ ပုံစံတွင် ဖြည့်စွက်တင်သွင်းရမည် ဖြစ်ပြီး သင်တန်းကြေးအဖြစ် ငွေကျပ် ၁၂၀၀ဝ သတ်မှတ်ထားကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

16 comments

  • ကိုခင်ခ

    October 1, 2012 at 4:18 pm

    ဟင် ရန်ကုန်မှာနော်၊ ကျွန်တော်တို့လို ရန်ကုန်ကမဟုတ်ရင်ရော ဘယ်လိုတက်ရမလဲလို့။

    • P chogyi

      October 1, 2012 at 4:27 pm

      စိတ်ကူးနဲ့မှန်ပြီး
      လှမ်းတက်လိုက်ပေါ့။

  • etone

    October 1, 2012 at 4:30 pm

    အစ်မရေ … အဲ့သင်တန်းက …. ရည်းစားစာ ရေးနည်းရောသင်ပေးမှာလားဟင် …. ။ ဒီနှစ်ဝါကျွတ်အမှီလေး … အိမ်ပေါ်က ဆင်းချင်လို့ .. ဟီး ။ အဲ့ဒါသာ သင်ပေးလို့ကတော့ … တစ်သောင်းနှစ်ထောင်လည်းပေးမယ် … တစ်ထောင့်ငါးရာလည်း ပေးဦးမှာ .. ဟီး :kwi:

    • etone

      October 1, 2012 at 4:31 pm

      မလင်းလင်းရေ .. အားနာပါတယ်နော် ….. ဒီရက်ပို်င်းနောက်တီးနောက်တောက် စိတ်က .. ဖျောက်မရတာကြောင့် ပေါတောတောကော့မန့်တွေနဲ့ လျှောက်စနေမိတယ် …. ။ 😳

      • အမ်…အစ်မက ကြေးအိုးဆိုင် ဖွင့်ထားတာ မဟုတ်ဘူးလားဟင်..ဆေးခန်းနဲ့ တွဲလျက်လေ… ဟိဟိ :kwi:

  • အလင်းဆက်

    October 1, 2012 at 6:56 pm

    တတ်ချင်လိုက်တာ..။
    ဒါပေမယ့်.အလုပ်နဲ ့ က အချိန်…ယူလို ့မလွယ်ဘူး ။
    ဘယ်လို လုပ်ရပါ့ဗျာ…

  • ကထူးဆန်း

    October 1, 2012 at 9:27 pm

    ၁၆ နှစ်တော့ ပြည့်ပြီးပြီ .. ဒါပေမဲ့… :kwi:

    • etone

      October 1, 2012 at 9:56 pm

      အဟီး ကထူးဆန်းရယ် ပြောင်းပြန်လှန်ရမယ့်အသက် ပြည့်ပြီးတာမို့လား ဟိဟိ :harr:

      • ကထူးဆန်း

        October 2, 2012 at 7:25 am

        ရှုး .. :chee: :kwi:

  • မောင်ပေ

    October 2, 2012 at 2:34 am

    ကျုပ်လဲ တတ်သည့်ပညာမနေသာဆိုသလို
    စာရေးနည်းလေး တစ်ခုလောက်ပြောချင်မိတာ
    မြန်မာဘာသာနဲ့ ရေးတော့မယ်ဆိုရင်ဖြင့်
    ဘယ်ဘက်ကနေ စပြီး ညာဘက်ကို ရေးပါလို့
    ဥပါမ
    က ခ ဂ ဃ င
    စ ဆ ဇ ဈ ည….။ အဲ့လိုလေး ရေးကြရမယ်နော်
    အဟု

    • Good™

      October 2, 2012 at 4:58 pm

      မောင်ပေ မင်းမှားနေပြီ နဲ့ တူတယ်နော်(အဲဒီအခန်းဖြတ် ထဲ ကလေသံ နှင့် ပြောသည်။ )။
      စာစရေးမယ် ဆိုရင် ဝလုံး က စရေး ရတာ။ သားလေး မူကြို စတတက်တော့ ဝလုံး စရေးတာ တွေ့တာပဲ။
      အဟု

  • kyeemite

    October 2, 2012 at 8:56 am

    etone says:
    အစ်မရေ … အဲ့သင်တန်းက …. ရည်းစားစာ ရေးနည်းရောသင်ပေးမှာလားဟင် …. ။ ဒီနှစ်ဝါကျွတ်အမှီလေး … အိမ်ပေါ်က ဆင်းချင်လို့ .. ဟီး ။ အဲ့ဒါသာ သင်ပေးလို့ကတော့ …

    ဒေါ်အီးတုံးရေ…အဲဒီသင်တန်း ဒီဂေဇက်ပေါ်ကနေပေးဖို့
    ကျုပ်ကြံစည်နေပါဂျောင်း..
    မကြာမီ လာမည်..မျှော်….
    :kwi:

    • weiwei

      October 2, 2012 at 11:07 am

      ဦးကြီးမိုက် သင်တန်းကို စိတ်ဝင်စားတယ် …
      စောင့်မျှော်အားပေးနေမယ်နော် …
      :kwi:

  • ကိုခင်ခ

    October 2, 2012 at 10:03 am

    ကိုကြီးမိုက်ရဲ့ သင်တန်းမှာ ကျွန်တော်တို့ရော တက်လို့ရလားဟင်၊
    အသက်ကန့်သတ်ချက်ရှိလား၊ ကျွန်တော်က ၂၃ နဲ့ ၂၄ အရွယ်ဆိုတော့။

  • အမှန်အတိုင်းပြောရင် တက်ချင်တယ်… ဆရာချစ်ဦးညိုလည်းပါတော့ ပိုတောင် တက်ချင်သေးတယ်..ဒါပေမယ့်..ရုံးချိန်နဲ့တိုက်နေတော့ ဘယ်လိုမှ တက်လို့မရဘူး.. 😥

    • ကျုပ်လည်း တက်ချင်ရဲ့ဗျာ ..
      သင်ပေးမှာကလည်း ရှုထောင့်တစ်ခုစီမှာ ကျွမ်းကျင်လှတဲ့ တကယ့် ဆရာကြီးတွေ …
      ဒါပေမယ့် အဲ့ဒီအချိန်က ရုံးချိန်နဲ့ တိုက်နေတော့ ကွိုင်ဘဲဗျာ …
      အဟင့် .. ဘိုလုပ်ရပါ့ … 🙁

Leave a Reply