မည်ကာမတ်တ Ph.D ဘွဲ့တွေနဲ့ဦးဆောင်နေကြမယ်ဆိုရင်ဖြင့်…..

paukpaukOctober 1, 20121min16713

ထားတာကတော့ နံပတ်(၁) ကျောင်းပါပဲ၊ သားက သူငယ်တန်းဆိုတော့ ကျောင်းမှာ ဘာသင်လဲတော့ မသိဘူး၊ အိမ်စာပေးလိုက်တာ ဘယ်လိုလဲ သိကြပါသလား။ စာတစ်မျက်နှာမှာ ကော်လံ ၁ဝခုခွဲရတယ်၊ စာကြောင်းရေက (၂၀) လောက်ဆိုတော့ ဥပမာ ကကြီးကို စာတစ်မျက်နှာမှာ အလုံး ၂၀ဝ ရေးခိုင်းတာ။ အဲဒါက (၂) မျက်နှာဆိုတော့ စာလုံး ၄၀ဝ ပေါ့။ ဒါမျိုး သချင်္ာဘာသာကော ရေးခိုင်းတော့ စာလုံးရေ ၈၀၀-၁၀၀ဝ မဟုတ်ပါလား။ အဲဒါ သားငယ်ခမျာ မပြီးပြီးအောင် နေ့စဉ်နဲ့အမျှ ရေးခဲ့ရတယ်။ လက်ကလေးတွေကို သိမ်လို့..။ ခင်ဗျားတို့ပဲ စာတစ်လုံးကို မပျင်းမရိ အကြိမ် ၅၀ဝ လောက်ရေးကြည့်ကြစမ်းပါ။ ဘယ်လိုနေမလဲဆိုတာ….။
စာတွေကို နှုတ်တိုက် အလွတ်ကျက်ခိုင်းတယ်။ အိမ်မွေးတရိစ်ဆန်ဆိုရင် ခွေး၊ ကြောင်၊ ငါးပဲ။ ကျန်တာ စဉ်းစားပစေပေါ့၊ ဒီလိုမဟုတ်ဘူး။
သူငယ်ချင်းတစ်ယောက်ကတော့ ထားနိုင်လို့ PIEC ဆိုလား ဆိုလားထားတယ်တဲ့။ Grade 4-5 ရှိမလားပဲ။ သူတို့သင်တာက group ခွဲပြီး ကဘာကြီးဘယ်လိုလည်နေပြီး နေထိုးလို့ အရိပ်ကျပုံ.. နေ့ညဖြစ်စဉ်တွေကို ကဘာလုံးကို သုံးပြီး မီးဆလိုက်နဲ့ demonstrate လုပ်စေတယ်။ မီးတောင်ပေါက်ကွဲပုံတွေကို ဖန်အိုးထဲ coloured water ထည့်ပြီး ရေဆူဆေးပြားတွေထည့်လို့ lava တွေပျော်ကျပုံ သရုပ်ပြကြရတယ်။ 7 seater & 4 seater Saloon ကားနှစ်စီးရဲ့ pros & cons တွေ၊ environmental impact; fuel economy စတာတွေကို internet မှာတက်ရှာစေပြီး presentation လုပ်ခိုင်းတယ်။ ကလေးက ထက်မြက်နေပြီး creativity ပိုအားကောင်းလာအောင် ပြုစုပျိုးထောင်ပေးတယ်။ သူ့ရဲ့သားအကြီးကောင် ၆ဘာသာဂုဏ်ထူးရှင် အလွတ်အရမ်းရတဲ့ ဆေးကျောင်းသား သားကြီးဟာ ပေကလပ်ပေကလပ်နဲ့ ၄ တန်းကလေးနဲ့ယှဉ်ပြီး ကြည့်ရင် အတော် ဉာဏ်ရည်နိမ့်နေတာ၊ တွေးခေါ်စွမ်းရည် နည်းပါတာ တွေ့ရတဲ့အတွက် အားမလိုအားမရ ဖြစ်မိပါတယ်တဲ့။
ကျုပ်တို့တိုင်းပြည်မှာ အလွတ်အာဂုံဆောင်တဲ့ ပညာရေးစနစ်က မင်းမူဖျက်ဆီးနေခဲ့တာ ဆယ်စုနှစ်ချီခဲ့ပါပကော။
စဉ်းစားတွေးခေါ်တဲ့စိတ်အခြေမခံတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ ဖြစ်လာခဲ့ကြရင် တိုင်းပြည်ကို ဘယ်လို ဦးဆောင်ကြမလဲဆိုတာ ရင်လေးစရာပါပဲ။
ယခုလက်ရှိ် မြန်မာပြည်ကတက်ကလိုလ်တွေမှာ Professor, Rector တွေမှာ တရုတ် Ph.D ကလွဲလို့ Internationally recognized အဖြစ် နိုင်ငံတကာမှာ ရင်ဘောင်တန်းနိုင်တဲ့ ဆရာတွေ ရှိနေသေးရဲ့လားဆိုတာ သံသယဖြစ်မိပါတယ်။ မည်ကာမတ်တ Ph.D ဘွဲ့တွေနဲ့ဦးဆောင်နေကြမယ်ဆိုရင်ဖြင့်…..

13 comments

  • ဝင့်ပြုံးမြင့်

    October 2, 2012 at 12:26 am

    မြန်မာပြည်တက္ကသိုလ်တွေမှာ Internationally recognized Ph.D တွေ ရှိပါတယ် ပေါက်ပေါက်ရေ။ သူတို့တွေဟာ တိုင်းပြည်ကနေ ထွက်တောင်ပြေးချင်နေကြတာ။ အစိုးရအလုပ်ကနေ ထွက်မရလို့သာ ဖြစ်ညှစ်ပြီး နေနေကြတာ။ သံယောဇဉ် လည်းပါတာပေါ့။ စိတ်ညစ်စရာအကောင်းဆုံးတွေကို သူတို့ တကယ့်ပညာတတ်တွေ ရင်ဆိုင်နေရပါတယ်။

  • surmi

    October 2, 2012 at 12:42 am

    မျောက်ကိုဥယဉ်မှုးခန် ့သလိုပေါ ့ ။
    လူသတ်တဲ့ ပညာကို လေ့ကျင် ့ထားတဲ့သူတွေက နေရာတကာ ဒို့ဘကြီးအထက်က လုပ်ခဲ့တော့
    အိုးနဲ ့ အဖုံးနဲ့ လွဲကုန်တာ။ ပညာရေးဆိုတာ ပညာရေးနယ်က ပညာတတ်ကဦးဆောင်ရမှာ
    ခုတော့ ……ဗိုလ်ချုပ်တွေက ပညာရေးကိုစီမံခန် ့ခွဲ ခဲ့တာဆိုတော့ …အင်းးးးးးးးးး
    သေနပ်တွေ ပေးပြီး မပစ်ခိုင်းခဲ့တာပဲ ကံကောင်း ။

    • kai

      October 2, 2012 at 1:57 am

      လက်မ အခု၁၀ဝ ထောင်ပေးလိုက်ပါတယ်..
      မြန်မာပြည်ကျဆင်းခြင်းရဲ့.. အဓိက(အဓိက)အကြောင်းတခုပေါ့…။
      လူမှန်နေရာမှန်မရှိတာ.. အခုထိဖြစ်နေတုံးပါ…

      ဆိုတော့…
      စစ်ပညာသင်ထားသူတွေက.. အရပ်ဖက်အုပ်ချုပ်ရေးဝင်ရှုပ်တယ်..။
      သာသနာရေးပရိုဖက်ရှင်နယ်တွေက.. (မပြောတော့ပါဘူး) ကိုယ့်ဖာကိုယ်တွေးကြည့်.. :kwi:

      • မောင်ပေ

        October 2, 2012 at 2:16 am

        မတူညီသောအတွေး
        ရရာစား လခမများ သော ဥတုသုံးပါးခံ အတွေ့အကြုံရှိ ဗမာ့တပ်မတော်သည် အာဖဂန်သို့လီးကောင်း (credit to ကိုပု) အီရန်သို့လီးကောင်း

  • kyeemite

    October 2, 2012 at 8:18 am

    စာရေးသူရင်ဆိုင်နေရတဲ့ ပညာရေးစံနစ်အခက်အခဲမျိုး
    ဒီနေ့ နိုင်ငံတကာကျောင်း(PIEC..တို့လို)မထားနိုင်တဲ့
    ၉၉ ရာခိုင်နုံးသော ကျောင်းသားတွေ တွေ့ကြုံနေကြရတာပါ…
    အမှန်တကယ်တတ်တဲ့ ပညာတတ်တွေလက်ထဲ
    လုပ်ပိုင်ခွင့်တွေမရောက်သေးသ၍တော့…..
    အင်းမြန်မြန်ဖြစ်လာပါစေလို့သာ…. :buu:

  • Fall Guy

    October 2, 2012 at 10:03 am

    ့ နိုင်ငံတကာကျောင်း တက်နေတဲ့ကလေးတွေကအိမ်ပြန်ရောက်ရင် ပေါ့ပေါ့ပါးပါး ဆော့နေတာတွေ့တယ်ဗျ။
    idea ကိုဘဲအဓိကသင်ပုံရတယ်။……..
    ဒါပေမယ့် မိဘတွေလဲ အရေးကြီးတယ်။
    နိုင်ငံတကာစံနှူန်းကို မြန်မာစံဖြစ်အောင်လိုက်ညှိနေကြတယ်။
    ကိုယ့်ကလေး အတော်ဆုံးဖြစ်စေချင်တဲ့အချက်က စံလွဲ သွားစေတယ်လို့ထင်တယ်။

  • the best

    October 2, 2012 at 10:10 am

    Ph.D ဘွဲ့ရတွေမှာ တော်တာတွေ အများကြီးရှိပေမဲ့ မူနဲ ့စနစ်ရဲ့ ဖိနှိပ်မှုကြောင့်အပြင်
    သုတေသနလုပ်ဖို ့ လက်တွေ ့စမ်းဖို ့ LAB ပစ္စည်းတွေ မပြည့်စုံတာတွေကြောင့်
    ပညာရေးနဲ ့ပတ်သက်ပြီးရတဲ့ Ph.Dဆိုတဲ့ဘွဲ ့ရဲ့ဂုဏ်ဟာ
    “မည်ကာမတ်တတ်” မဟုတ်တော့ပဲ “မည်ကာပက်လက်” ဖြစ်နေရပါပြီ။

    မြန်မာ့ပညာရေးကို ခါးပြတ်အောင် အစီအစဉ်တကျ ဖျက်စီးခဲ့တဲ့
    တရားခံကို ဘယ်လိုနည်းနဲ ့မှ ခွင့်လွှတ်မေ့ထားလို ့မရနိုင်ပါဘူး။
    မြန်မာ့ပညာရေးပျက်စီးခဲ့ရတဲ့ အကြောင်းကို သေသေချုာချာရေးသားပြီး
    သင်ရိုးတွေမှာပြဌာန်းပြီး သင်ကြားပေးသင့်တယ်လို ့အကြံပြုချင်တယ်။

    ဘယ်လိုပဲဖြစ်ပါစေ၊ ပညာရေးစနစ်ကတော့ ပျက်စီးခဲ့ပါပြီ။
    အခုကစပြီး မြန်မာ့ပညာရေးကို ပြန်လည်ထူထောင်ဖို ့ တာဝန်ရှိလာပါပြီ။

    မိမိတတ်နိုင်တဲ့ဖက်ကနေ အုတ်တစ်ချပ်၊သဲတစ်ပွင့် ပါဝင်ပြီး
    မြန်မာ့ပညာရေးကိုပြန်လည်တည်ဆောက်ကြပါစို ့။

  • P chogyi

    October 2, 2012 at 10:50 am

    သူ့တပြည်ခံရင်တော့ သူခိုင်းတာလုပ်ရမှာပေါ့။
    ကြိမ်ဖန်များစွာလေ့ကျင့်မှ စွဲစွဲမြဲမြဲမှတ်မိမှာပေါ့။
    ဒါမှမဟုတ်ကလေးက သိပ်ညံ့နေလို့ဖြစ်မှာပေါ့။
    နံပါတ်(၁)ဆိုတဲ့ကျောင်းတောင်ထားနိုင်မှတော့
    PIEC လည်းထားနိုင်မှာပါ။
    ကိုယ်လောက်မတတ်နိုင်လို့ သာမန်ကျောင်းတွေမှာထားပြီး
    ထူးချွန်စွာအောင်မြင်သွားတဲ့ကလေးတွေလဲရှိပါတယ်။
    လူသာပဓာနပါ။

  • weiwei

    October 2, 2012 at 10:53 am

    ခေါင်းစဉ်ကြည့်ပြီး စိတ်တိုတိုနဲ့ ဝင်ဖတ်လိုက်ပေမယ့် …
    အလျှောက်ကောင်းလို့ စိတ်မဆိုးတော့ပါဘူး … 大连 ကို မမေ့သေးဘူးမဟုတ်လား 🙂

  • sirhtut

    October 2, 2012 at 11:44 am

    အငြိမ်းစားအရာထမ်းတစ်ဦး မှတ်သားဖွယ်ပြောဖူးတယ် ဆင်ကိုလယ်ထွန်ခိုင်းနေတဲ့ မြန်မာပြည်တဲ့

  • captainamerica

    October 2, 2012 at 10:11 pm

    သိပ်ဟုတ်တာပေါ့လို. ကျုပ်ကိုယ်တွေ.ခံစားနေရဒယ် အဲဒီ P.H.D ပညာရှင်ဦးနှောဏ်ကြီး
    နဲ.လဲလက်တလောကိုရင်ဆိုင်နေရဒယ်………ချီးဘဝဂျီးဒဲရောက်နေရဒယ်။အတိတ်ဘဝက
    တော်တော်အကုသိုလ်တွေများခဲ့တယ်နဲ.တူဒယ် :saut:

  • awra-cho

    October 21, 2012 at 3:43 pm

    ပရော့်ဖက်ဆာ ဒေါက်တာ ဝုတ်ဂိန် များမှာလဲ မည်သို့မှ မတတ်နိုင်ပါကြောင်း၊ အခုချိန်ထိ ဒေါက်တာ ညွန်ချုပ်များ လောက်လောက်လားလား ဘာမှမလုပ်နိုင်သေးကြောင်း၊ မည်သည့်အရာက ဘောတက် နတ် ဖြစ်နေ မှန်းမသိကြပါကြောင်း၊ အရိုးပဲ စွဲနေသလား၊ အားမထုတ်တာလား၊ စိတ်ကိုမရှိတာလား၊ ဘာမှန်းကို မသိပါကြောင်း ၊ စသည်တို့ ကြောင့် သက်သာသလိုနေ နေ ပါကြောင်း၊ သတင်းရရှိပါသည်။

  • uncle gyi

    October 21, 2012 at 10:46 pm

    ရှင်းပါတယ်ပေါက်ပေါက်ရယ်
    မည်ကာမတ်တ Ph.D ဘွဲ့တွေနဲ့ဦးဆောင်နေကြမယ်ဆိုရင်ဖြင့်….
    မည်ကာမတ်တ ပညာတတ်တွေထွက်လာမှာပေါ့

Leave a Reply