နေပြည်တော် ပုလိပ် ရောဂါ ကူးစက်မှု ဝန်ထမ်းများ တုန်လှုပ်

wailynnooJuly 11, 20101min1104

စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် ကြွက်မှ ကူးစက် သည့် ပုလိပ်ရောဂါများ လူတွင် စတင်ဖြစ်ပေါ်
နေသည် ဟူ သည် ့ သတင်းများ ကြောင့် ထိုဒေသ ရှိ အစိုးရဝန်ထမ်း များ နှင့် ဒေသခံ များ အား လုံး
ကြောက်ရွံ ့တုန်လှုပ် လျှက် ရှိသည် ဟု သတင်းရရှိသည်။

နေပြည်တော် ဆည်မြောင်း ဝန်ကြီးဌာန ရှိ အကြီးတန်း ဝန်ထမ်း တစ်ဦး က မူ ကျွန်တော်တော့ ဖြစ်နိုင်ရင်
ရန်ကုန် ပဲ ပြန်ချင်တယ်။ ကျွန်တော့် အတွက် က အရေးမကြီးပေမယ့် သားသမီးတွေ ကို တော့ ဒီရောဂါမဖြစ်
စေချင်ဘူး ဟု သူက Freedom News Group သို ့ပြောသည်။

နေပြည်တော် တွင် ဝန်ထမ်းများ သာမက စစ်အစိုးရ အရာရှိ မိသားစုများ ပါ ရန်ကုန် ၊မန္တလေး နှင့်
မေမြို ့စသည့် မြို ့များ သို ့ခေတ္တရှောင်နေ ရန်စီစဉ် ထားသည် ဟု သတင်းရရှိသည်။

နေပြည်တော် ကြွက်ပုလိပ်သတင်း ကြောင့် အစိုးရဝန်ထမ်း နှင့် ဒေသ ခံများ သာမက စစ်ခေါင်းဆောင်များ ပါ တုန်လှုပ်နေကြသည် ဟု သတင်းရရှိသည်။

ပုလိပ်ရောဂါ နှင့် ပတ်သက် သည့် ကူးစက်ရောဂါ ကာကွယ်မှု သတင်း ကို ဇူလိုင် လ ရ ရက်နေ ့ စစ်အစိုးရ
အာဘော် သတင်းစာများ တွင် ဖော်ပြထားသည်။

နေပြည်တော်-ရန်ကုန် ကားလမ်းပေါ်တွင် ထောင်သောင်းချီသော ကြွက်ဝမ်းဖြူ များ ပြောင်းရွှေ ့မှု
သတင်း ထွက်ပြီးနောက် ပလိပ်ရောဂါသတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

ပုလိပ်ရောဂါ သည် မြန်မာ နိုင်ငံတွင် ဒုတိယ ကမာ္ဘ စစ်မတိုင် ခင်က ကပ်ရောဂါ သဖွယ် ဖြစ်ပွားပြီးနောက်
လူအမျောက် အမြား သေဆုံး ခဲ့ရသည်။

Source: freedomnewsgroup.com

4 comments

  • khinmintatthu

    July 11, 2010 at 4:08 pm

    ကြောက်စရာ သတင်းဆိုးကြီးပဲ… အမြန်ဆုံးပျောက်ကင်းမှ ကောင်းမယ်… ကူးစက်မှုက မြန်ဆန်လွန်းတော့ အခြားမြို့တွေပါ ရောက်သွားရင်မလွယ်ဘူး…..

  • etone

    July 12, 2010 at 1:49 am

    သေကုန်လည်းအေးတာပဲ ဟိဟိ

  • naw2lay

    October 11, 2010 at 7:32 am

    ကူးစက်မှုကိုမြန်မြန်နှိမ်နှင်းနိုင်ရင်ကောင်းမယ်……..ပြည်သူတွေအတွက်စိုးရိမ်ရတယ်လေ

Leave a Reply