အရောင်ရင့်မှတ်တမ်း – Oct 2012

kaiOctober 2, 20121min62046

”တိုင်းပြည်ကို ကာကွယ်နိုင်ဖို့အတွက် ဘာလိုလဲဆိုရင် တပ်မတော်ဟာ Standard Army ဖြစ်ဖို့ လိုတယ်။ ကျွန်တော်တို့တပ်မတော်ဟာ Standard Army မဖြစ်သေးဘူး။ မဖြစ်သေးတဲ့အတွက်ကြောင့် တပ်မတော်ကိုလည်း စပြီးတော့ ပြုပြင်ပြောင်း လဲနေတဲ့ အနေအထားတွေ ရှိပါတယ်။ အဲဒီတော့ အမေရိကန်နဲ့ ပူးပေါင်းပြီးတော့ Training တွေပေးဖို့တို့ စစ်ရေးလေ့ကျင့်ဖို့တို့ ဘာတို့ ဒါတွေကတော့ ကျွန်တော်တို့ အစီအစဉ်မရှိပါဘူး။ နောင်လည်း ကျွန်တော်တို့ရှိစရာတော့လည်း သိပ်အကြောင်းမရှိပါဘူး”ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

ယနေ့တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးအတွက်သာဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရန်အတွက် အုပ်ချုပ်ရေးပိုင်းမှာ ဝင်ရောက်စွက်ဖက်ရန် မရှိကြောင်း၊ နိုင်ငံရေးအပိုင်းမှာလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အကာအကွယ်ပေးသည့် သဘောသာရှိကြောင်း၊ တပ်မတော်၏ အဓိကအလုပ်မှာ တိုင်းပြည်ကိုကာ ကွယ်ရန်သာဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။

”ကျွန်တော်တို့ တပ်မတော်ကို Standard Army ဖြစ်ဖို့အတွက်ကတော့ အမေရိကန်တင် မဟုတ်ပါဘူး။ တရုတ်ကရော၊ ရုရှားကရော၊ ဂျပန်ကရော ကျွန်တော်တို့ ရနိုင်တဲ့ နည်းပညာတွေ၊ အတတ်ပညာတွေ ဒါတွေ ကတော့ ယူရမှာဖြစ်ပါတယ်”ဟု သမ္မတက ဆက်လက်ပြောကြားခဲ့သည်။

အရာရှိသင်တန်းသားများအား ယခင်က အနောက်နိုင်ငံများက နှစ်ပေါင်း ၂ဝ ကျော် လက်ခံခဲ့ခြင်း မရှိ ခဲ့ကြောင်း၊ ရုရှားသို့သာ စေလွှတ်ခဲ့ရ ခြင်းများ များပြားခဲ့ကြောင်း၊ ယခုအခါတွင် တပ်မတော်အရည်အသွေးမြှင့်ရန် အမေရိကန်၊ အင်္ဂလန်၊ ရုရှား၊ တရုတ်၊ ဂျပန် စသည့် မည်သည့်နိုင်ငံကိုမဆို စေလွှတ်သွားမည်ဖြစ်ကြောင်း၊ သို့သော် တပ်မတော်နှစ်ရပ် ပူးပေါင်းပြီး စစ်ရေးပြခြင်းမျိုးကိုမူ ပြုလုပ်သွားမည်မဟုတ်ကြောင်းလည်း ထည့်သွင်းဖြေကြားခဲ့သည်။

http://www.news-eleven.com/index.php?option=com_content&view=article&id=15748:2012-09-29-19-41-21&catid=42:2009-11-10-07-36-59&Itemid=112


September 30, 2012, 10:03 pm1 Comment
A Conversation with President U Thein Sein of Myanmar

Following is the transcript of an interview with President U Thein Sein in New York, September 28. He also answered questions before an audience at the Asia Society on September 27, and the video is available here. In both conversations, he spoke through a translator.

BK: One last question? You and Daw Aung San Suu Kyi have expressed respect for each other during your respective visits to the United States. When she was asked whether she had ambitions to be president some day, she said that every head of a party aspires to be the head of state. Can you imagine a President Aung San Suu Kyi?

TS: She’ll have to meet the requirements of the constitution. [Note: she would be disqualified under the current constitution, because her children have foreign citizenship.] And after that, it’s up to the public to decide.

46 comments

  • P chogyi

    October 2, 2012 at 10:56 am

    စာတွေ့လေ့ကျင်ရုံဖြင့် တတ်ကျွမ်းနိုင်မှုအလွန်နည်းပါးပါသည်။
    နှစ်နိုင်ငံ(သို့) နိုင်ငံပေါင်းစုံ ပူးပေါင်းလေ့ကျင့်ခြင်းအားဖြင့်
    အတွေ့အကြုံနှင့် ကျွမ်းကျင်မှုများစွာရရှိနိုင်ပါသည်။

  • စိန်ဗိုက်ဗိုက်

    October 2, 2012 at 11:18 am

    အမေရိကန်မှ ဒေါ်အောင်ဆန်းစုကြည်နေ့အဖြစ် သတ်မှတ်
    လတိုင်း၊ လတိုင်း၏ စက်တင်ဘာလ ၂၅ ရက်နေ့ကို ဒေါ်အောင်ဆန်းစုကြည်နေ့အဖြစ် အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်၊ Fort Wayne မြို့တော်ဝန် Tom Henry ကသတ်မှတ်ခဲ့ကြောင်း သိရသည်။
    “ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ကိုရောက်နေတုန်း ဖို့ဝေးမြို့မှာ မိန့်ခွန်းပြောခဲ့ပြီးတော့ စက်တင်ဘာ ၂၅ ရက်နေ့ကို ဒေါ်အောင်ဆန်းစု ကြည်နေ့သတ်မှတ်ဖို့ မြို့တော်ဝန်က ပြောကြားခဲ့တာဖြစ်တယ် လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မြန်မာတွေအတွက်တော့ ဂုဏ်ယူစရာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးပာာ တစ်ခေတ်မှာတယောက်ပဲ ပေါ်လာနိုင်မှာပါ”ပာု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။
    “မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီကြိုးပမ်းမှုတွေအတွက် အမေရိကန်နိုင်ငံ ကတောင် အသိအမှတ်ပြုတဲ့အနေ နဲ့ ခုလိုသတ်မှတ်ပေးခဲ့တာ အရမ်းကိုကောင်း ပါတယ်။ မြန်မာနိုင်ငံသားတွေအတွက်လည်း တကယ်ကို ဂုဏ်ယူဖွယ်ရာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးသိန်းစိန်တို့ ပာန်ချက်ညီညီနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်နိုင်မယ်ဆိုရင် ပန်းတိုင်က သိပ်မဝေးတော့ပါဘူး”ပာု မြန်မာ့အရေးလေ့လာနေ သူတစ်ဦးက ဆိုသည်။
    အမေရိကန် နယူးယောက်မြို့သို့ရောက်ရှိနေ သည့်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစု ကြည်သည် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဝါရှင်တန်မြို့၊ ကပ်ပီတော်၌ အရပ်ဘက်ဆိုင်ရာ အမြင့်ဆုံး ဆု(ကွန်ဂရက်)ရွှေတံဆိပ်ဆုအားလည်းကောင်း၊ စက်တင်ဘာလ ၂ဝ ရက်နေ့တွင် ဝါရှင်တန်မြို့ ကက်ပီတော်၌ ရုံးစိုက်သော NED(National Endowment for Democracy)ဆုအား လည်းကောင်း၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် နယူးယောက်မြို့အခြေစိုက် အတ္တလန်တစ်ကောင်စီမှ ချီးမြှင့်သော ၂၀၁၂ ဂလိုဘယ်နိုင်ငံကြီးသားဆုအားလည်းကောင်း၊ နယူးယောက်မြို့၊ ကွင်းစ်ကောလိပ်ကျောင်းသားများအား စကားပြော အပြီး ကျောင်း အထိမ်း အမှတ် လက်ဆောင်အားလည်းကောင်း ရရှိခဲ့သည်။

    သတင်း…. yangonchronicle
    http://myatlayngon.blogspot.com/2012/10/blog-post_2.html

    _______________________________________________________

    • kai

      October 2, 2012 at 11:41 am

      “အမေရိကန်နို်င်ငံ”ဟူသော အသုံးအနှုံးကို ကန့်ကွက်ပါကြောင်း…။ :kwi:

      မနက်ဖြန် အယ်လ်အေမှာ ဒေါ်အောင်ဆန်းစုကြည် မြန်မာ-အမေရိကန်တွေကို မိန့်ခွန်းပြောပါမယ်..။
      တဆက်တည်း.. အောက်တိုဘာ၂ရက်နေ့ကို အောင်ဆန်းစုကြည်နေ့အဖြစ်သတ်မှတ်မယ်ကြားသိရပါကြောင်းပါနော..

      ဆိုတော့..
      တကယ်လုပ်ချင်တာလေးရှိတယ်..
      ပြောမယ်ပြောမယ်နဲ့.. မပြောဖြစ်တာ..
      ကမ္ဘာ့မြို့ကြီးတွေမှာ..Twin towns / Sister cities တွေဆိုတာ ဖွဲ့နိုင်ကြတယ်လေ..
      http://en.wikipedia.org/wiki/Twin_towns_and_sister_cities
      အဲဒါ..
      လော့စ်အိန်ဂျလိစ်မြို့ကို.. ရန်ကုန်(ဒါမှမဟုတ်) မန္တလေးရဲ့ ညီမတော်မြို့အဖြစ် တင်ရင်ကောင်းမလားလို့..
      သဘောတူကြပါသလားခင်ဗျာ… :harr:

      • ကြောင်ကြီး

        October 4, 2012 at 10:35 am

        သမီးဒေါ်ဂလေးကို ညီမယေးတော်ချင်တယ်…။ သဂျီး သဘောတူတူ မတူတူ ဆုံးဖြတ်လိုက်ပြီ။ ပါပါဦးခိုင် ခေါ်ရမား ဒယ်ဒီဦးခိုင် ခေါ်ရမား ပေါဘာ…။ 😳

  • kai

    October 2, 2012 at 11:35 am

    ******************************************************
    BURMA RELATED NEWS OCTOBER 01, 2012.
    ******************************************************
    AFP – Myanmar leader would ‘accept’ Suu Kyi as president
    Reuters – Bangladesh blames Muslim Rohingyas for temple attacks
    AP – Bangladesh says opposition attacked Buddhists
    The Nation – Myanmar’s media shake-up Asean
    The Nation – Health officials contact Myanmar about Aids patients
    Asia News Network – Attack on Buddhist temples premeditated: Bangladesh govt
    Asia News Network – UN urges Myanmar to address roots of communal conflict
    Asia News Network – Thailand should follow Myanmar and compromise
    FOX Business – PTT Plans to Set up Retail Oil Venture in Myanmar –Report
    The Star Online – Felda set to penetrate Asean via Myanmar
    The Star Online – Felda to build Myanmar supply chain
    Telegraph(India) – Blockade hits border trade
    Human Rights Watch – Burma: Peaceful Protest Organizers Charged
    Lakehouse Daily News – NCCSL in successful business visit to Myanmar
    Khaleej Times – Editorial: Myanmar’s progressive insight
    ValueWalk – Myanmar To Become The Next Low Cost Labor Producer?
    International Business Times – Myanmar Revisited? Cambodian Pro-Democracy Activist Jailed For 20 years
    GlobalPost (blog) – Myanmar’s president: reforms not owed to Arab Spring
    The Irrawaddy – President Suu Kyi? Amend Constitution First, Say MPs
    The Irrawaddy – 88 Gen Leader Puts Cronies on Notice over Mining Project
    The Irrawaddy – UN Sec-Gen Backs Thein Sein
    Mizzima News – Thein Sein meets with Islamic group at UN
    Mizzima News – Suu Kyi leaves San Francisco, heading for LA
    Mizzima News – North Korea decries US call for Burma to sever ties
    DVB News – Aung Kyi: ‘There are a lot of difficulties’
    ******************************************************

  • မောင်ပေ

    October 2, 2012 at 1:19 pm

    ကျုပ်တို ့တပ်မတော်နဲ ့ပတ်သက်လို ့ကတော့
    အကြမ်းပတမ်းခံနိုင်တဲ့နေရာ မှာ ဘယ်နိုင်ငံက စစ်တပ်နဲ ့ယှဉ်ယှဉ် ၊ ပထမတန်းစားပဲ

  • kai

    October 3, 2012 at 3:08 pm

    ******************************************************
    BURMA RELATED NEWS OCTOBER 02, 2012.
    ******************************************************
    AP – Myanmar gets its first investment bank
    AP – Bangladesh vows to protect Buddhists after attacks
    Reuters – SPECIAL REPORT:How Japan Inc stole a march in Myanmar
    ANI – West should challenge Myanmar Govt. to uphold basic freedoms: Human Rights Watch
    Aljazeera News – Myanmar Shan refugees struggle at Thai border
    UPI – Myanmar’s reform record at risk
    CNN – Aung San Suu Kyi and the power of unity
    Radio Netherlands – Myanmar’s Suu Kyi hails democracy, as ends US trip
    Radio Australia – Burma’s Suu Kyi pays tribute to models of democracy
    THE ASAHI SHIMBUN – World Bank, ADB to consider loans to Myanmar in Tokyo conference
    The Nation – Transformation, Still Incomplete, Sweeps Burma
    Bangkok Post – Police set to hit Supat with murder charges
    The Diplomat – New Opportunities for the Women of Burma
    eTurboNews – Bangkok Airways sets its sights on Rangoon
    Asia Times Online – Myanmar still a high-risk investment
    Bernama – Myanmar To Set Up More Local Industrial Zones
    DNA India – Coast guard chiefs from 17 nations meet on Oct 3
    The Irrawaddy – Rights Groups Say Migrants Blocked from Leaving Mae Sot
    The Irrawaddy – Myitsone Villagers Plan to Sue CPI
    The Irrawaddy – Lifting Sanctions Futile Without Infrastructure: Exporters
    Mizzima News – Suu Kyi’s indepth interview: New York Times
    Mizzima News – Myanmar’s Rohingya problem
    Mizzima News – Muslims engage in violent rampage in Bangladesh
    DVB News – Education deal targets migrant students
    DVB News – Rule of law and reality in Burma

  • pazflor

    October 4, 2012 at 2:50 am

    ဆိုင်တော့မဆိုင်ဘူး၊ဟိုတလောကပြောနေကြတဲ့စာအုပ်လေးထင်တယ်..link တွေ့လို့…မောင်သွေးချွန်စာအုပ်ပါ…
    http://www.scribd.com/doc/106266750/%E1%80%B1%E1%80%92%E1%80%AB%E1%80%80%E1%80%B9%E1%80%90%E1%80%AC%E1%80%9E%E1%80%94%E1%80%B9%E1%80%B8%E1%80%91%E1%80%BC%E1%80%94%E1%80%B9%E1%80%B8%E1%81%8F-%E1%80%9E%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%91%E1%80%B2%E1%80%80%E1%80%A1%E1%80%9C%E1%80%BC%E1%80%B2%E1%80%99%E1%80%BA%E1%80%AC%E1%80%B8

    • kai

      October 4, 2012 at 2:53 am

      ကျေးကျေးဗျို့..
      ဒေါက်တာသန့်မြင့်ဦးစာအုပ်ဝေဖန်ထားတာတော့ “ရွာသူကောင်းမှု”နဲ့ဖတ်ပြီးပြီ..
      ဒါ..မဖတ်ရသေးဘူး..

      • pooch

        October 4, 2012 at 3:07 pm

        ဖတ်ပြီးပြီသူကြီး။ သူကြီး ဘယ်လိုထင်တယ်ဆိုတာလေးလဲ ပြန်မျှပါအုန်း ဟီး :mrgreen:

        • kai

          October 4, 2012 at 3:22 pm

          သမိုင်းပညာရှင်ဆိုတဲ့ဂုဏ်/ကျော်ကြားနေမှုကို.. စာရေးဆရာက.. ခပ်တည်တည်နဲ့.. တန်းဝင်ညှိတာလို့ပဲပြောရမှာပါပဲ..
          … စဖတ်တာနဲ့.. သမိုင်းပညာရှင်စာကို” ထောက်”ရာမှာ.. ဘုန်းတော်ကြီးစာ/စကားကိုးကားထောက်ပြပြောပြနေပြန်တော့ကာ… ..

          အင်း..
          .. နှစ်၁၀၀ဝ ကျိန်စာရယ်လို့.. :kwi:

          တိုင်းသူပြည်သားများ၏စိတ်ကို လွှမ်းမိုးနိုင်သော ဘုန်းတော်ကြီးများလည်း ဆန့်ကျင်ကြပေတော့မည်။
          — ဘုရင်အလောင်းမင်းတရားမှ ဘုရင်ဂျော့-၂ ထံပေးပို့သော ရာဇသံရွှေပေ – အပိုင်း(၄) မှ..

  • kai

    October 4, 2012 at 11:25 pm

    No recovery until 2018, IMF warns

    Fund’s chief economist Olivier Blanchard says global economy will take a decade to recover from the financial crisis

    The International Monetary Fund’s chief economist has warned that the global economy will take a decade to recover from the financial crisis as the latest snapshot of the UK economy suggested that growth in the third quarter will be at best anaemic.

    Olivier Blanchard said he feared the eurozone crisis, debt problems in Japan and the US, and a slowdown in China meant that the world economy would not be in good shape until at least 2018. “It’s not yet a lost decade,” he said. “But it will surely take at least a decade from the beginning of the crisis for the world economy to get back to decent shape.

    http://www.guardian.co.uk/business/2012/oct/03/imf-global-economy-warning

  • အရီးခင်လတ်

    October 5, 2012 at 2:33 am

    http://moemaka.blogspot.co.uk/search?updated-max=2012-10-02T21:39:00-07:00&max-results=10
    မိုးမခ မီဒီယာ
    ဥပသကာတစ်ယောက်ရဲ့ စိတ်ဓာတ်
    ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
    အောက်တိုဘာ ၂၊ ၂၀၁၂

    အိပ်မက်မကောင်းတာကတော့အမှန် ဒီရက်ပိုင်းအတွင်း ထမင်းလုံးတစ္ဆေခြောက်ခြင်းလည်းမဟုတ်၊ အိပ်မက်ဆိုးများ နှစ်ကြိမ် သုံးကြိမ်ခန့် မက်နေမိသည်။ မည်သူတွေမှန်းမသိသောသူများ၏ ဝိုင်းဝန်းချုပ်ကိုင်မှုကြောင့် ရုန်းထွက်၍မရသော ကျွန်တော်၊ ရှိသမျှအားအင်တို့ဖြင့် ရုန်း ထွက်လိုက်သောအခါ မောပန်းနွမ်းနယ်မှုတို့ဖြင့် အိပ်မက်ဆိုးမှနိုးထလာမိတဲ့ ကျွန်တော်၊ ချစ်စရာခွေးငယ်လေးအား ညင်သာစွာ ပွတ်သပ် မိစဉ် ကျွန်တော်၏လက်အား သူ၏အစွယ်ဖွေးဖွေးတို့ဖြင့် ငုံခဲခြင်းကိုခံရကာ ဆွဲခါလှုပ်ရမ်း၍ ခွေးငယ်လေး၏အစွယ်ဖွေးဖွေးတို့မှ လွတ် မြောက်သွားသောအခါ အစွယ်၏ကိုက်ခဲမှုဒဏ်ရာကြောင့် နာကျင်စွာ အိပ်မက်ဆိုးမှလန့်နိုးမိခြင်းတို့ကို ယခု ပြည်ပနိုင်ငံတွင် ၂ ကြိမ်၊ ၃ ကြိမ်ခန့် အိပ်မက်ဆိုးများမက်ခြင်းကို ကြုံတွေ့ခဲ့ရသည်။

    အိပ်မက်နှင့်ပတ်သက်၍ အချို့သောသူများသည် အိပ်မက်ဆိုးမက်ပါက အတိတ်နိမိတ်မကောင်းခြင်း၊ ထို့ကြောင့် ကုသိုလ်ကောင်းမှုများ ပြု လုပ်ရန်လိုခြင်းတို့ကို ပြောကြားကြသော်လည်း အချို့သောသူ များသည် အိပ်မက်ကို ပြောင်းပြန်ကောက်ယူရကြောင်းတို့ကိုလည်း ပြော ကြပြန်သည်။ ဤသည်တို့မှာ အယူစွဲများပင်ဖြစ်သည်ဟု ကျွန်တော်ထင်မှတ်သည်။ ကျွန်တော်သည် နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် စတင်လုပ်အားပေးအဖြစ် လုပ်ကိုင်ခဲ့စဉ်ကတည်းက ယခုအချိန် ထိ ကောင်းမှုကုသိုလ်တို့ကို လက်တွေ့ နေ့စဉ် လုပ်ကိုင်ခဲ့ခြင်း၊ တရားဘာဝနာ ကိုလည်းပွားများကာ သတိတရား၊ အသိတရားတို့ဖြင့် မိမိကိုယ်မိမိ အတတ်နိုင်ဆုံး ထိန်းကျောင်းနေသူတစ်ဦးလည်းဖြစ်သည်။ ထို့ကြောင့် အိပ်မက်နှင့် ပတ်သတ်၍ မည်သို့ပင် တိုက်ရိုက်မှန်ကန်သည်ဖြစ်စေ၊ သွယ်ဝိုက်၍ ပြောင်းပြန်ယူရသည်ဖြစ်စေ၊ ရင်ဆိုင်ရန် အသင့်အနေ အထား ရှိခဲ့သည်။ အိပ်မက်ဆိုးတိုင်း လက်တွေ့တွင်ဆိုးမည်လား… အိပ်မက်ကောင်းတိုင်း လက်တွေ့တွင်ရော ကောင်းမည်လား …။ ကောင်းပြီ…။

    ကျွန်တော်ယခု အိပ်မက်ဆိုးများမက်နေသည်။ သို့သော်ပြင်ပတွင်ကား ယခု အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီရှိ US. Capitol အတွင်းသို့ရောက် သောအခါ လွှတ်တော်အမတ်များ၊ အမေရိကန်နိုင်ငံခေါင်းဆောင်များ၊ မြန်မာဘုန်းတော်ကြီးများ၊ မြန်မာပြည်သူလူထုများ၊ အမေရိကန်နိုင်ငံရှိ NGO များ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မြန်မာ့ဒီမိုကရေစီအရေးကို တဖက်တလမ်းမှ စွမ်းဆောင်ခဲ့ကြသော မြန်မာပြည်တွင်းရှိ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး၊ နယ်စပ်ဒေသတွင် တိုင်းရင်းသားပြည်သူဒုက္ခသည်များအား ကူညီဖေးမ ကာ ကျန်းမာရေးအားစောင့်ရှောက်ပေးနေသော ဒေါက်တာဒေါ်စင်သီယာမောင်၊ အမေရိကန်နိုင်ငံတွင်နေထိုင်လျှက် မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် စွမ်းစွမ်းတမံ ကြိုးစားအားထုတ် ကူညီပေးခဲ့သော ကိုအောင်ဒင်၊ မြန်မာပြည်တွင်း ဒီမိုကရေစီရရှိရေးအတွက် အင်တိုက် အားတိုက် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့သော ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုုနိုင် (ပွဲတက်ရောက်ခြင်းမရှိခဲ့) တို့နှင့်အတူ NED (National Endowment for Democracy) မှ ပေးအပ်သောဆုအား တက်ရောက်ရယူခဲ့ရသည်။
    ထို့အပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်အား အမေရိကန်နိုင်ငံမှ ချီးမြှင့်သော Congressional Gold Medal ဆုပေးပွဲအခမ်းအနားသို့လည်း Hillary Clinton အပါအဝင် အမေရိကန်နိုင်ငံရှိ အစိုးရအရာရှိကြီးများနှင့်တကွ မြန်မာပြည်သူလူထု တို့နှင့်အတူ မြန်မာနိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦး အောင်မင်း၊ သမ္မတအကြံပေးတို့နှင့်အတူ ထိုပွဲအား ကျွန်တော်ပါတက်ရောက်ခွင့် ရရှိခဲ့သေးသည်။ ထိုခရီးစဉ်တစ်လျှောက်တွင်လည်း မြန်မာနိုင်ငံအား စစ်မှန် သော ဒီမိုကရေစီရရှိရေးအတွက် ပံ့ပိုးကူညီကြသော အမေရိကန်နိုင်ငံအစိုးရ အရာရှိများ၊ လွှတ်တော် အရာရှိများ၊ အမေရိကန်နိုင်ငံ NGO အဖွဲ့အစည်းများနှင့်ပါ တွေ့ဆုံဆွေးနွေးခွင့် ရရှိခဲ့သည်။ ထိုသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဖြစ်သူ ဦးအောင်မင်းသည် ယခင် အတိုက်အခံခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ဂုဏ်ပြုသည့်ပွဲအား တက်ရာက်ခြင်းသည် မင်္ဂလာရှိသော လုပ်ရပ် တစ်ခုဖြစ်သည့်အပြင် လွန်ခဲ့သောနှစ်ရက်ခန့်က အမေရိကန်နိုင်ငံသို့ရောက်ရှိ လာသော မြန်မာနို်င်ငံတော်သမ္မတကြီး ဦးသိန်း စိန်သည် လည်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးမှုများကို နယူးယောက်မြို့တွင် ပြု လုပ်ခဲ့ပြန်သည်။ ဤအကြောင်းအရာနှင့်ပတ်သတ်၍ အသံလွှင့်ငှာန တစ်ခုဖြစ်သော VOA မှ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းအား မေးမြန်းထားရာတွင် ဝန်ကြီးဦးစိုးသိန်းမှ “နယူးရောက်မှာ အတူတူရောက်နေကြတဲ့ ကျွန်တော်တို့ဘက် ကလည်း နိုင်ငံတော်သမ္မတကြီး၊ ဟို ဘက်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္က​ဌ – မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အမကြီးနှင့်တူတူရှိတော့ အမကြီးက လာပြီးတော့ နှုတ်ဆက်တာပေါ့ဗျာ၊ တွေ့တယ်၊ စကားလေးဘာလေး ပြောတယ်။ ရန်ကုန်မှာလိုပဲ၊ နေပြည်တော်မှာလိုပဲ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကြတယ်လေ။ တွေ့ဆုံကြတယ်၊ ဒီသဘောပါ။ အရင်တုန်းက တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်လို့ မရရာက အခုတော့ အတူတကွ လုပ်ဖော်ကိုင်ဖက်တွေ အဖြစ် တွေ့ဆုံဆွေးနွေးတိုင်ပင်ခဲ့သည်။ ပြည်သူတွေ တိုးတက်ဖို့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အကုန်ပေါ့ဗျာ၊ ဒီအတွက် နှစ်ယောက်ရဲ့အားက နည်းတဲ့အားလားဗျာ” ဟူ၍ ပွင့်လင်းစွာဖြင့်ပြောကြားခဲ့သည်ကိုလည်း မင်္ဂလာရှိစွာ ကြား သိခဲ့ရပြန်သည်။

    ၂၆.၉.၂ဝ၁၂ ရက်နေ့တွင်လည်း ရန်ကုန်ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ သမ္မတကြီး ဦးသိန်းစိန်နေအိမ်မှ အသင်းသို့ အလှူငွေလာ ရောက်လှူဒါန်းလိုကြောင်း အကြောင်းကြားခဲ့ကာ ပကာသန ဟိတ်ဟန်မရှိဘဲ ရိုးသားပွင့်လင်းစွာဖြင့် အလှူငွေ (၁ဝ) သိ်န်း လာရောက်လှူ ဒါန်းခဲ့သည်။ ယင်းအလှူ လှူဒါန်းခြင်းအား သမ္မတကြီး ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း မိသားစုတို့မှ လှူဒါန်းခြင်းဖြစ်ကြောင်း ကိုယ်စား လာရောက်လှူဒါန်းသူ ဦးနွယ်ဦးမှ ပြောကြားခဲ့သည်။ အသင်း၏ လုပ်ငန်းရပ်များအား အသင်း၏အုပ်ချုပ်ရေးမှူးနှင့် လုပ်အားပေးများတို့မှ လိုက်လံ ရှင်းလင်းပြသခဲ့ပြီးနောက် အလှူရှင် မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်းကိုပြုလုပ်ပြီး သာမန်မော်တော်ယာဉ်လေးဖြင့် ပြန်လည်ထွက်ခွာသွားကြောင်းကိုလည်း သိရှိခဲ့ ရသည်။

    ထို့ကြောင့် အိပ်မက်ဆိုးလျှင် လက်တွေ့တွင်ဆိုးသည်လား…၊၊ အိပ်မက်ကောင်းလျှင် လက်တွေ့တွင်ကောင်းသည်လား…။ အိပ်မက်ကိုပြောင်းပြန်ယူရသည်လား…။ အိပ်မက်ကိုတည့် (ဒဲ့) ယူရသည်လား… ဆိုသည့် အကြောင်းအချက်များသည် လားလားမျှ မသက်ဆိုင်တော့ကြောင်း ကျွန်တော်သိရှိခဲ့ရသည်။ အယူသီးမှုတစ်ခုကို ကျွန်တော်သည် လက်တွေ့တွင် ရိုက်ချိုးနိုင်ခဲ့ပြီဖြစ်သည်။ ယခင် အချိန်ကာလများတွင် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရန်သူသဖွယ်သဘောထားခဲ့သူများ၊ ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ လုုပ် ဆောင်ပေးဆပ်နေမှုများအား သံသယစိတ်ဖြင့် အမြဲစောင့်ကြည့် သတိပေးတားမြစ်ခြင်းကို ခံခဲ့ရမှုများ၊ ထို့နောက် ကျွန်တော် ကျော်သူအား အနုပညာလုပ်ငန်းများကို ပိတ်ဆို့တားမြစ်မှုများကို လုပ်ခဲ့သည့် အပြင် လူမှုရေးလုပ်ငန်းများကိုလည်း နိုင်ငံရေး အရိပ်အာဝါသ လွှမ်းခြုံထား သည်ဟု စွပ်စွဲခေါ်ယူမေးမြန်းခဲ့မှုများ စသည့်အထင်အမြင်လွဲမှားခဲ့မှုများကို ခဝါချကာ ယခုကဲ့သို့ ဒီမိုကရေစီနိုင်ငံထူထောင်မှုတွင် တစ်ဦးကို တစ်ဦး လက်တွဲဖေးမကူညီ အသိအမှတ်ပြုခြင်းတို့နှင့်အတူ အများပြည်သူတို့အား ကူညီဖေးမပေးနေသော နာရေးကူညီမှုအသင်း (ရန် ကုန်) ၏ ကုသိုလ်ရေးလုပ်ငန်းများအား အသိအမှတ်ပြုကာ လာရောက်လှူဒါန်းခဲ့သော သမ္မတကြီး ဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်း မိသား စု၊ နိုင်ငံတော်သမ္မတ အကြံပေးပုဂိ္ဂုလ်ကြီးများနှင့် ဝန်ကြီးများ၊ နိုင်ငံခေါင်းဆောင်များ ၏ ယခုလုပ်ဆောင်ချက်များအား မင်္ဂလာတရားနှင့်အညီ မြန်မာပြည်သား ကမာ္ဘ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၏ ဗုဒ္ဓတပည့် ဥပါသကာတစ်ယောက်ရဲ့စိတ်ဓာတ်ဟူသော ခံယူချက်ဖြင့် မှတ်တမ်းကဗျည်းတင် လိုက်ရပါတော့သည်။

    ဗုဒ္ဓဘာသာဝင်တစ်ဦးအနေဖြင့်
    ကျွန်တော်သည် အရာရာကို သည်းခံခွင့်လွှတ်တတ်သည့် စိတ်ဓာတ်အမြင်ကို ခံယူကျင့်သုံးသည်။
    သည်း ခံခွင့်လွှတ်ခြင်း စိတ်ဓာတ်
    ကိုယ်ကျင့်သိက္ခာ မြင့်မားရေးစိတ်ဓာတ်
    အထူးသဖြင့် နူးညံ့သိမ်မွေ့မှု၊ လူသားခြင်းစာနာထောက်ထားမှု၊
    မေတ္တာ ဘာဝနာ ပွားများမှုတို့ဖြင့် ကြီးပြင်းလာခဲ့သူတစ်ဦး ဖြစ်ပါသည်။

    (ဦးသန့် – ကမာ္ဘ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုုပ်)

  • အရီးခင်လတ်

    October 5, 2012 at 4:39 am

    http://tech.uk.msn.com/features/the-legacy-of-steve-jobs

    The legacy of Steve Jobs

    On the anniversary of his passing we look back at the legacy of one of Apple’s founding fathers.

    5 October 2011 – the world of technology mourned the loss of the mind behind landmark gadgets such as the Macintosh, iPhone and iPad. Steve Jobs lost a long and fraught battle with pancreatic cancer on 5 October 2011 – he was aged just 56.

    During the year that followed, Apple dug deep and mustered the strength to march onwards, mapping a new path and releasing the iPhone 5 to great (and commercial) acclaim, as well as a ‘new’ iPad (the third) and iOS 6. Jobs’ legacy lives on, for example his guiding hand is said to have influenced some of the decisions behind Apple’s latest iPhone, as well as four years’ worth of ideas (including plans for an Apple television).

    Join Tech & Gadgets as we look back at some of the visionary’s greatest achievements and defining moments both inside and outside of Apple.

    How well do you know Apple?
    http://quiz.uk.msn.com/msn_techgadgets_2012/how_well_do_you_know_apple/quiz

  • kai

    October 5, 2012 at 6:01 am

    အောင်ပန်းမြို့ ၌ မိုးပြာဝါဒ ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြ

    ရှမ်းပြည်နယ် အောင်ပန်းမြို ့ ၊မြို့မ ပြင်သာကျောင်းတိုက် အတွင်း၌ ယနေ့(၄.၁၀.၂၀၁၂)သောကြာနေ့ တွင် မိုးပြာဝါဒဆန့်ကျင်သူ(၃၀၀)ခန့် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ ပါသည်။ ဆန္ဒ ထုတ်ဖော်ပွဲကို (၅.၁၀.၂၀၁၂)နေ့တွင် ပြုလုပ်ရန် သက်ဆိုင်ရာသို့ တင်ပြသော်လည်း ခွင့်မပြုခဲ့ ကြောင်းသိရပါသည်။—

    http://www.thithtoolwin.com/2012/10/blog-post_4270.html#.UG4bs1KsFmo

    • kai

      October 8, 2012 at 2:07 am

      Sent: Sunday, October 7, 2012 3:52 PM
      Subject: အောင်ပန်းမြို့ ဆရာတော်ဦးဥတ္တမကိစ္စ

      ဥပဒေ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းနှင့် ပြည်သူလူထုကို လှည့်စားထားသော အောင်ပန်းမြို့က ဆန္ဒပြပွဲ
      ကလောမြို့နယ်တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခဲ့သော ဦးဥတ္တမ၏အမှုဖြစ်စဉ်ကို အမှီပြု၍ အောင်ပန်းမြို့နေ ပြည်သူအချို့က (4-10-2012)ရက်နေ့တွင် ဆန္ဒဖော်ထုတ်ပွဲတစ်ခု ပြုလုပ်ခဲ့ပါသည်။
      ယင်းဆန္ဒဖော်ထုတ်ပွဲမှာ ဥပဒေပြဌာန်းချက်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းနှင့် ပြည်သူလူထုကို လှည့်စား၍ ပြုလုပ်ခဲ့သော ဆန္ဒပြပွဲတစ်ခုဖြစ်ကြောင်း ပြည်သူများရှင်းရှင်းလင်းလင်းသိနိုင်ရန် အောက်ပါအတိုင်း ဖြေရှင်းတင်ပြပါသည်။
      ‘ ဥပဒေပြဌာန်းချက်ကို လှည့်စားခြင်း’ ဆိုသည်မှာ အများပြည်သူ၏အကျိုးကိုထိခိုက်နိုင်သော ကိစ္စများကို ဆန္ဒဖော်ထုတ်ရန် ဥပဒေကခွင့်မပြုပါ။ ယခုကိစ္စတွင် ဗုဒ္ဓဘာသာဝင်အချင်းချင်းလှည့်စားထားခြင်း ဖြစ်ပါသည်။
      အုပ်ချုပ်ရေးအဖွဲ့အစည်းကိုလှည့်စားခြင်းဆိုသည်မှာ ဆန္ဒဖော်ထုတ်ခွင့်ပြုမိန့်မရရှိပါဘဲ အုပ်ချုပ်ရေးအဖွဲ့ အစည်းမှ ခွင့်ပြုခဲ့သယောင်ပြုပြီး ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခဲ့ခြင်းသာ ဖြစ်ပါသည်။ ထိုသို့လှည့်စားခံရသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းက မည်သို့အရေးယူမည်နည်း။ စောင့်ကြည့်နေပါသည်။
      ပြည်သူလူထုကို လှည့်စားခြင်းဆိုသည်မှာ အုပ်ချုပ်ရေးအဖွဲ့အစည်းမှ ခွင့်ပြုခဲ့သဖြင့် မြို့လယ်ပြည်သူလူထု အကြားသို့ထွက်၍ ဆန္ဒပြခဲ့သယောင်ပြုလုပ်ပြီး အင်တာနက်တင်၍ လှည့်စားခဲ့ပါသည်။
      အမှန်မှာ ခွင့်ပြုမိန့်မရသဖြင့် ဖမ်းဆီးခံရမှာကြောက်၍ အပြင်သို့မထွက်ရဲဘဲ ဘုန်းကြီးကျောင်းအတွင်း၌ပင် ဆိုင်းဘုတ်ကိုင်၍ ဓာတ်ပုံများရို်က်ပြီး အင်တာနက်တင်၍ ပြည်သူူကို တိရိစ ္ဆာန်ဆေးကုဆရာဝန်ဦးထွန်းမြင့် နှင့်အဖွဲ့မှ လှည့်စားခဲ့ခြင်းသားဖြစ်ပါသည်။
      လိမ်ညာလှည့်စားခံရခြင်းမှ ကင်းရှင်းကြပါစေ

      (အထက်ပါအောင်ပန်းမြို့မှ ဆရာတော် ဦးဥတ္တမကိစ္စကို အင်တာနက်စာမျက်နှာတွင် ဖော်ပြပေးပါရန် တောင်းဆိုပါသည်။)

      ဒကာ/ဒကာမများ

  • pazflor

    October 6, 2012 at 1:04 am

    မြန်မာ(သို့) အင်ဂျင်သုံးလုံးဆွဲလာတဲ့ရထား (မူရင်းဆိုဒ်..http://cammlek.blogspot.com/2012/10/blog-post_5.html)
    United Front for Reforms in Myanmar
    By- Bridget Welsh
    ဘာသာပြန်ဆိုသူ – ဇင်ဝေသော်

    သူတို့နိုင်ငံ အမှန်တကယ် ပြောင်းလဲလာနေပြီဖြစ်ကြောင်း သက်သေပြုရန် မြန်မာခေါင်းဆောင်များ အရင်တစ်ပတ်က ကမာ္ဘ့ဇာတ်ခုံပေါ်တက်လာရင်း ပြသခဲ့ကြသည်။

    သမ္မတ ဦးသိန်းစိန်နှင့် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ သမိုင်းဝင်အမေရိကခရီးကို သွားနေကြချိန် ပါလီမန်ပြောရေးဆိုခွင့်ရှိသူ သူရဦးရွှေမန်းက စင်ကာပူနှင့် ဩစတေးလျတို့သို့ ရောက်ရှိလာခဲ့သည်။သူတို့ချန်ထားခဲ့သော မက်ဆေ့ချ်ကတစ်သွေးတစ်ရောင်တည်း ဖြစ်၏။ မြန်မာပြောင်းလဲလာနေပြီ။ ပြောင်းလဲမှုကအစစ်အမှန်ဖြစ်ပြီး နောက်ကြောင်းပြန်လှည့်ဖို့ အကြောင်းမရှိ။ မြန်မာတို့ ပြောင်းလဲမှု ပုံသဏ္ဍာန်သည် မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ပြောင်းလဲမည်ဟု ဖြစ်လေသည်။

    သူတို့ကိုယ်တိုင် မျိုးချစ်ပုဂ္ဂိုလ်များအနေဖြင့် ကမ္ဘာ့ဇာတ်ခုံပေါ်သို့တက်လာရင်း မြန်မာ၏ ပုံရိပ်ကိုလည်း ထိုးပြသွားခဲ့သည်။ တစ်ယောက်နှင့်တစ်ယောက် မည်သူက ပို၍အရေးကြီးသည်ဆိုသည့်သဘော မသက်ရောက်ရအောင် ဂရုတစိုက်ပြောခဲ့ကြသည်။ သူတို့သုံးယောက်စလုံး တညီတညွတ်တည်း ပြောသွားခဲ့သောစကားများမှာ “ မြန်မာနိုင်ငံပြောင်းလဲရေးအတွက် အပြည်ပြည်ဆိုင်ရာ နိုင်ငံများက အကူအညီပေးကြရန်၊ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပြီး လူထုအတွက်အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တည်းပေးကြရန်နှင့် အထူးသဖြင့် ပိတ်ဆို့ထားသော စီးပွါးရေးတံခါးများ ဖွင့်ပေးရန်၊ နည်းပညာအကူအညီများ ပေးကြရန်တို့ဖြစ်သည်။

    မြန်မာနိုင်ငံခေါင်းဆောင်သုုံးယောက်စလုံး ကမ္ဘာထဲသို့ တပြိုင်နက် ဝင်ရောက်လာခြင်းသည် မကြုံစဖူးအထူးတလည်ဖြစ်သည်။ ဗိုလ်ချုပ်မှူကြီးဟောင်း ဦးသန်းရွှေ၏ ထိန်းချုပ်မှုရှိသည်ဟူသော သံသယများကြားမှ ဤအမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က ပြုပြင်ပြောင်းလဲရေးကို စနစ်တကျပြုလုပ်လာတာကို တွေ့ရှိရသည်။ ဤပြောင်းလဲမှုဖြစ်စဉ်သည် လွယ်ကူလှသောကိစ္စမဟုတ်၊ သူတို့အချင်းချင်းမှာပင် အလျော့ပေးမှုများ ပြုလုပ်ခဲ့ရသည်။ ကာလလည်း အတန်ကြာအောင် ညှိနှိုင်းယူခဲ့ကြရသည်။

    နိုင်ငံရေးပြုပြင်ပြောင်းလဲရေးကို သက်သေပြလိုက်သောအချက်က ပုံနှိပ်ထုတ်ဝေရေး ဆင်ဆာဥပဒေကို ရုတ်သိမ်းခြင်းနှင့် ဧပြီလရွေးကောက်ပွဲအပြီးဆက်လက်လွှတ်ပေးလာနေသော နိုင်ငံရေးအကျဉ်းသားကိစ္စတို့ဖြစ်သည်။စီးပွါးရေးပြုပြင်ပြောင်းလဲမှုကို ဖောင်းပွနေသော ငွေကြေးစနစ်ကို ကိုင်တွယ်ရန် ဧပြီလက စတင်စီမံကိန်းချ ကြိုးစားလာခဲ့ခြင်းက သက်သေခံလျှက်ရှိသည်။

    အခြားကိစ္စများက မပြီးဆုံးသေးသော မျှော်လင့်ခြင်းပန်းချီကားများ ဖြစ်သည်။ အထူးသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပင် ဖြစ်၏။ ယင်းဥပဒေကို ပါလီမန်က အတည်ပြုခဲ့၏။ သို့သော် ထိုဥပဒေကို ပြန်လည်စစ်ဆေးရန် ရှိနေသေးသည်။ အထူးသဖြင့် အများအငြင်းပွါးဖွယ်ဖြစ်နေပြီး နိုင်ငံတော်၏ ပင်မစီးပွါးရေးအခန်းကဏ္ဍလည်းဖြစ်သော စိုက်ပျိုးရေးနှင့်ပတ်သက်သော အချက်အလက်တို့ဖြစ်သည်။ သူတို့သုံးယောက်စလုံး တညီတညွတ်တည်း ထွက်ဆိုခဲ့သောအသံသည် ပြောင်းလဲမှုလမ်းစဉ်ပေါ်သို့ သူတို့ရောက်နေပြီဟူသော အချက်ဖြစ်သည်။

    သူတို့ သုံးဦးအနက် မည်သူက အနာဂတ်မြန်မာကို ဦးဆောင်မည်နည်းဆိုသောအချက်သည် ကမ္ဘာနှင့်မဆိုင်၊ သူတို့အိမ်တွင်းရေး ရှင်းရမည့်အခက်အခဲသာဖြစ်သည်။ အမှန်တကယ်ဆိုရမူ သူတို့သုံးယောက်စလုံးသည် နိုင်ငံတော်၏ သမ္မတရာထူးကို ရည်စူးထားကြသူများဖြစ်ကြသည်။ဦးသိန်းစိန်ကမူ သမ္မတသက်တမ်းတစ်ခုပြီးလျှင် ရာထူးမှနှုတ်ထွက်လိမ့်မည်ဟု ယူဆရသည်။ မည်သူ့ကို သူ့နေရာအတွက် လျာထားမည်နည်းဆိုသောကိစ္စက မည်သူမျှမသိပေ။ သူရဦးရွှေမန်း သမ္မတရာထူးကို မှန်းနေသည်ဆိုသောအချက်ကတော့ သိသာထင်ရှားသည်။

    သူမ၏သားနှစ်ယောက် ဗြိတိသျှလူမျိုးများဖြစ်နေသဖြင့် သူမအတွက် အဟန့်အတားသဖွယ်ဖြစ်နေသော်လည်း ဒေါ်စုကြည် သမ္မတဖြစ်လာလိမ့်မည်ဟုတော့ လူအများက မျှော်လင့်ထားနေကြသည်။ ဤပြဿနာများ ဟန်ချက်ညီညွတ်ဖို့တော့ လိုပေလိမ့်မည်။ သို့သော် လာမည့်ရွေးကောက်ပွဲ နီးလာသည့်အချိန်ရောက်မှသာ ဤပြဿနာက တက်လာစရာရှိပေသည်။ ထို့အတူ ဒေါ်စုကြည်၏ အဖွဲ့ချုပ်လွှတ်တော်အမတ်များနှင့် အခြားလွှတ်တော်အမတ်များအကြား နိုင်ငံတော်ကို မြန်မာဟုခေါ်ရေး၊ ဘားမားဟုခေါ်ရေး ရှိနေဆဲပင်ဖြစ်သည်။ မဲဆန္ဒနယ်များနှင့်ပတ်သက်၍လည်း သူတို့ကြား၌ မပြေမလည်ဖြစ်နေသောကိစ္စတစ်ချို့ ရှိခဲ့ကြသည်။ ဤအချက်ကို နိုင်ငံတော်တရားရုံးချုပ်က သမ္မတဦးသိန်းစိန်ထံ အစီရင်ခံခဲ့ပြီးဖြစ်သည်။

    နိုင်ငံတော် တရားရုံးချုပ်က အတည်ပြုခဲ့သောဥပဒေက ပါလီမန်အဖွဲ့၏ ဆုံးဖြတ်ပိုင်ခွင့်အချို့ကို ကန့်သတ်ထားလျှက်ရှိသည်။ အထူးသဖြင့် ပါလီမန်အနေနှင့် သမ္မတနှင့် သမ္မတရုံးအပေါ် ပြောရေးဆိုခွင့်တို့ဖြစ်သည်။ထိုပြဿနာကို ရှင်းရမည့်အစား တရားသူကြီးက ဤဥပဒေကို တဖန်လက်မှတ်ထိုး အတည်ပြုပေးခဲ့ပြန်သည်။ ထို့ကြောင့် သမ္မတဦးသိန်းစိန်နှင့် သူရဦးရွှေမန်းတို့အကြား အာဏာခွဲဝေမှု မညီမမျှ မည်မျှဖြစ်ခဲ့လေသနည်းဟူသောအချက်က မရှင်းမလင်း ရှိနေဆဲသာ ဖြစ်သည်။

    ဤကိစ္စနှင့်အလားတူ မြန်မာနိုင်ငံလူ့အခွင့်အရေးကောင်စီနှင့်ပတ်သက်သော ပြဿနာလည်း ယမန်နှစ်က ရှိခဲ့ဖူးသည်။ လူ့အခွင့်အရေးကောင်စီက သူတို့အမှန်တကယ်လိုအပ်သော ငွေကြေးပံ့ပိုးမှု အလုံအလောက်မရရှိခဲ့ဟု ပြောဆိုခဲ့ကြသည်။ ထိုစဉ်ကလည်း ပါလီမန်၏ထောက်ခံမှုဖြင့် သူရဦးရွှေမန်းက သမ္မတရုံးနှင့် ဆန့်ကျင်ပြီး သူ့အယူအဆအပေါ် သူူရပ်တည်ခဲ့ဖူးသည်။

    ဒေါ်စု၏ အဖွဲ့ချုပ်ပါလီမန်အမတ်များနှင့် ယခင်စစ်တပ်မှ ပါလီမန်အမတ်များအကြား သဘောထားကွဲလွဲမှုများက ယခုအသံတိတ်ဆိတ်နေ၏။ အထူးသဖြင့် ဒီမိုကရက်တစ် အစိုးရစစ်စစ်ဖြစ်ရေးနှင့် စစ်တပ်ဗိုလ်ချုပ်ကြီးဟောင်းများက စီးပွါးရေး၌ အကြီးအကျယ် ပါဝင်ပတ်သက်နေမှုတို့ဖြစ်သည်။ ဤကိစ္စများကလည်း တဖန်ပြောစမှတ် ဖြစ်လာနိုင်သည်။

    သူရဦးရွှေမန်းက လစ်ဘရယ်စီးပွါးရေးစနစ်ကို အားသန်ပုံရသည်။ သို့သော် သူ့အပေါ်မှာလည်း နိုင်ငံတွင်း စီးပွါးရေးသမားတို့၏ ဖိအားတစ်ချို့ရှိနေပြန်သည်။ ဒေါ်စုကြည်ကိုယ်တိုင်ကလည်း ဒီမိုကရေစီအတွက် သူမတောင်းဆိုခဲ့သည်နှင့်အညီ ပြုမူရန် ဖိအားတစ်ချို့ ရှိနေနိုင်ပြန်သည်။ ထို့အပြင် ခေါင်းဆောင်သုံးဦး၏ မတူညီသော ကိုယ်ရည်ကိုယ်သွေးနှင့် လိုက်(ဖ်) စတိုင်က နောက်ထပ်ပြဿနာတစ်ခု ဖြစ်နေနိုင်ပြန်သည်။

    ဦးသိန်းစိန်က စကားနည်းသည်။ စီမံကိန်းပြတ်ပြတ်သားသား မရှိလှဟု ဆိုရန်ရှိသော်လည်း ချမှတ်ထားသောမူကိုတော့ တသွေမတိမ်း လိုက်တတ်သည့်သဘော တွေ့ရသည်။ ဒေါ်စုကြည်က လူထုသိ၊ ကမ္ဘာသိဖြစ်ပြီး မြန်မာလူထုနှင့် ကမ္ဘာကလည်း သူမထံမှ အများအပြား မျှော်လင့်ထားကြသည်။ ပါလီမန်အမတ်တွေထဲမှာပင် သူမက အခြားအမတ်တွေထက် ခေါင်းတစ်လုံးပိုမြင့်နေသည်။ ယခုဆိုလျှင် ဒေါ်စုကြည်သည် ဥပဒေကို ဝေဖန်သူထက် ကိုယ်တိုင်ဥပဒေရေးဆွဲသူအဖြစ် ပါဝင်ရတော့မည်ဖြစ်သည်။ ဤအကူးအပြောင်းကား ခက်ခဲသော အကူးအပြောင်းတစ်ခုဖြစ်၏။

    သူရဦးရွှေမန်းက နိုင်ငံရေးအတွေ့အကြုံ ရင့်ကျက်သူဖြစ်၏။ ဆယ်စုနှစ်များစွာ စစ်တပ်ကို နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားခဲ့သူဖြစ်၏။ သို့သော် ယခုအခါ၌ သူကိုယ်တိုင် လူထုမေတ္တာကို ရရှိရေး၊ လူထုထောက်ခံရေးအတွက် ကြိုးစားအားထုတ်လျှက်ရှိသည်။ စစ်တပ်ထဲ၌ အဓိကပါဝင်ခဲ့မှုများကြောင့် ပါလီမန်အမတ်တို့၏ ထောက်ခံမှုရရှိရေးကလည်း သူ့အတွက် ကြီးကျယ်သောစိန်ခေါ်မှုတစ်ရပ် ဖြစ်နေခဲ့သည်။

    သူတို့အချင်းချင်း၌ မတူညီသော စရိုက်များရှိနေခဲ့သော်လည်း နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး၌ကား တူညီသောအမြင်နှင့် ဦးတည်ချက်များ ရှိနေကြသည်။ အပြန်အလှန် နားလည်မှု၊ အပြန်အလှန် လေးစားမှုတို့ကိုလည်း တွေ့မြင်လာရသည်။ သူတို့ချင်း ကွဲပြားခြားနားမှု မည်မျှပင်ရှိစေ နိုင်ငံတော် ပြုပြင်ရေးကို အဟန့်အတားဖြစ်စေနိုင်လောက်သည့် ပုဂ္ဂိုလ်ရေးပြဿနာများ သူတို့ထံတွင် မတွေ့ရပေ။ သူတို့၏ ညီညွတ်သော တွဲလက်များကို အရင်တစ်ပတ်အတွင်း ကမ္ဘာကို ပြသနိုင်ခဲ့ကြသည်။

    သူရဦးရွှေမန်းက စင်ကာပူနှင့် ဩစတေးလျရောက်စဉ် စီးပွါးရေးရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာအကူအညီရရှိရေးကို ထပ်လောင်းပြောခဲ့သည်။ စီးပွါးရေးသမားများအတွက် တံခါးများ ဆက်လက်ဖွင့်လှစ်ပေးမည်စသဖြင့် ပြောကြားသွားခဲ့သည်။

    အမေရိကဖက်ကို ကြည့်ပြန်တော့လည်း နိုင်ငံ့ခေါင်းဆောင်များကို ပိတ်ပင်ခဲ့သော ပြည်ဝင်ခွင့်၊ မြန်မာပြည်ထုတ်ပစ္စည်းများအား အမေရိကသို့ တင်သွင်းခွင့် ပိတ်ဆို့ခြင်းများ ရုတ်သိမ်းခဲ့သည်။ ဤအချက်တို့သည် အမေရိကန်တို့၏ အလုပ်ကို အလုပ်နှင့် သက်သေပြ (Action for action) ပေါ်လစီပင်ဖြစ်သည်။ ထို့အပြင် ပြောင်းလဲလာသော မြန်မာနိုင်ငံသည် သမ္မတ အိုဗားမား၏ ပေါ်လစီမှန်ကန်သည်ဟု သက်သေပြရာလည်းရောက်သည်။ မြန်မာနိုင်ငံ ဒီမိုကရေစီကူးပြောင်းရေးအတွက် စစ်တပ်ကိုရော အဖွဲ့ချုပ်ကိုပါ မတူညီသော ပေါ်လစီတို့ဖြင့် သူတို့ချဉ်းကပ်ခဲ့ကြသည်။ ဆုပေး၊ ဒဏ်ပေးစနစ်မှန်သည်ဟု ယူဆရန်ရှိသည်။

    ပြောင်းလဲလာနေသော မြန်မာနိုင်ငံ၏ ကမ္ဘာပေါ်ထင်ဟပ်သော ပုံရိပ်နှင့်ပတ်သက်၍ ဤခေါင်းဆောင်သုံးဦးစလုံးကို ချီးကျူးရပေလိမ့်မည်။ သူတို့သုံးဦး လက်တွဲညီညီ ကြိုးစားအားထုတ်ခြင်းကြောင့် ပို၍တောက်ပသော အနာဂတ်ကို မြန်မာတို့ ပိုင်ဆိုင်နိုင်ပေလိမ့်မည်။သူတို့သုံးဦးရှေ့ခရီးကိုဘယ်လိုဆက်ကြမလဲဆိုသောအဖြေသည် မြန်မာနိုင်ငံ၏အနာဂတ်ကံကြမ္မာဖြစ်နေသည်။ လတ်တလော အနေအထားကို သုံးသပ်ရာမှာတော့ သူတို့သုံးဦး၏ စီးမြောနေသောရစ်သမ်သည် ဟန်ချက်ညီနေသည်ဟု ဆိုရပေတော့မည်။

    ***(The writer is an Associate Professor in Political Science at Singapore Management University)
    မူရင်းဆောင်းပါး

  • kai

    October 8, 2012 at 2:06 am

    New ADBI materials/opportunities
    ===================================
    News & Events
    * Asia-LAC High Level Economic Policy Forum – Asia-Latin America: New Engines of Growth of the Global Economy? http://www.adbi.org/email.notification/url.php?id=10009&url=%2Fevent%2F5240.asia.lac.high.level.economic.policy.forum

    * Seminar by Alejandro Jara – Latin America and Asia – More Cooperation and Trade http://www.adbi.org/email.notification/url.php?id=10009&url=%2Fevent%2F5244.latin.america.asia.trade.cooperation

    * The Eurozone Crisis and Its Implications for Asian Economies http://www.adbi.org/email.notification/url.php?id=10009&url=%2Fevent%2F5247.eurozone.crisis.implications.asian.economies

    * The PRC’s Thirst for Commodities and Impact on Latin America http://www.adbi.org/email.notification/url.php?id=10009&url=%2Fevent%2F5245.prc.commodities.impact.latin.america

    ===================================
    Research Publications
    * How Should We Bank With Foreigners?-An Empirical Assessment of Lending Behavior of International Banks to Six East Asian Economies http://www.adbi.org/email.notification/url.php?id=10009&url=%2Fworking-paper%2F2012%2F10%2F05%2F5246.lending.intl.banks.six.east.asian.economies

    * Sovereign Risk: A Macro-Financial Perspective http://www.adbi.org/email.notification/url.php?id=10009&url=%2Fworking-paper%2F2012%2F10%2F02%2F5241.sovereign.risk.macrofinancial.perspective

    * The Emerging \”Post-Doha\” Agenda and the New Regionalism in the Asia-Pacific http://www.adbi.org/email.notification/url.php?id=10009&url=%2Fworking-paper%2F2012%2F10%2F02%2F5242.post.doha.new.regionalism.asia.pacific

    * The World Bank and the Asian Development Bank: Should Asia Have Both? http://www.adbi.org/email.notification/url.php?id=10009&url=%2Fworking-paper%2F2012%2F10%2F02%2F5243.world.bank.adb.should.asia.have.both

    ADBI’s daily publication, e-newsline, provides news and analysis on development-related topics from around our region. Subscribe now. http://www.adbi.org/e-newsline/subscribe.html

    See what’s new on ADBI: http://www.adbi.org/recent.additions/

    Subscribe to our Blog: http://feedburner.google.com/fb/a/mailverify?uri=AsiaPathways&loc=en_US

    Follow Us on Twitter: http://twitter.com/ADBInstitute/

    Visit our Facebook Page: http://www.facebook.com/pages/Asian-Development-Bank-Institute/122064391180645

    Subscribe to ADBI RSS feeds: http://www.adbi.org/rss/

    Read ADBI documents in Scribd: http://www.scribd.com/ADBInstitute

    ADBI YouTube Channel: http://www.youtube.com/ADBInstitute

  • kai

    October 8, 2012 at 3:57 am

    Coca Cola Goes Back to Burma for First Time in 60 Years
    By Patrick Boehler | September 12, 2012

    Both soda brands were already available on the streets of Rangoon, but at a cost: the drinks had to be smuggled in from neighboring countries, pushing prices up to 1,000 kyat per bottle — slightly more than $1 but the equivalent of a day’s wage for many Burmese. The legal sale will also bring new tax revenue to government coffers: Burma’s government loses $27 million per year in revenue on smuggled beer alone, according to recent report by the Chinese magazine Caijing.

    Now, only two countries are left in the anti-soft drink Axis of Evil: Cuba and North Korea are the only two countries in the world where Coke and Pepsi are not available.

    Read more: http://newsfeed.time.com/2012/09/12/coca-cola-goes-back-to-burma-for-first-time-in-60-years/#ixzz28ePtxHdS

  • kai

    October 8, 2012 at 10:55 pm

    အောက်ကသတင်းအရ.. မြန်မာပြည်ဆိုင်ဘာကရော.. အမျိုးသားအဆင့်လုံခြုံရေးဘယ်လောက်ရှိသလဲမေးခွန်းထုတ်စရာဖြစ်နေပါကြောင်း..
    =
    US Panel: China Tech Giants Pose Security Threat

    by The Associated Press

    WASHINGTON October 8, 2012, 03:20 am ET

    WASHINGTON (AP) — American companies should avoid doing business with China’s two leading technology firms because they pose a national security threat to the United States, the House Intelligence Committee is warning in a report to be issued Monday.

    The panel says U.S. regulators should block mergers and acquisitions in this country by Huawei Technologies Ltd. and ZTE Corp, among the world’s leading suppliers of telecommunications gear and mobile phones.

    ..
    In justifying its scrutiny of the Chinese companies, the committee contended that Chinese intelligence services, as well as private companies and other entities, often recruit those with direct access to corporate networks to steal trade secrets and other sensitive proprietary data.

    It warned that malicious hardware or software implants in Chinese-manufactured telecommunications components and systems headed for U.S. customers could allow Beijing to shut down or degrade critical national security systems in a time of crisis or war.

    http://www.npr.org/templates/story/story.php?storyId=162492349

  • kai

    October 10, 2012 at 1:29 am

    အမေရိကားမှာတော့.. ဘာသာရေးဆိုတာရဲ့.. ကျဆုံးခန်း စလာပြီဖြစ်ပါကြောင်း…

    Pew: Protestants No Longer US Majority

    For the first time ever, the United States does not have a Protestant majority, according to a new study — and a major reason is that the number of Americans claiming no religious affiliation is on the rise.

    The percentage of Protestant adults in the country has reached a low of 48 percent, according to the study by the Pew Forum on Religion & Public Life reported by The Associated Press.

    http://news.yahoo.com/protestants-no-longer-majority-us-report-says-number-143013004.html

    • pooch

      October 10, 2012 at 1:39 am

      ဒါမျိုးသတင်းများဆို သူကြီးတို့ သိပ်ကြိုက်ပေါ့ 😆

  • လယ်ထွန်Z

    October 10, 2012 at 2:49 pm

    ၂၀၁၂အောက်တိုဘာ ၁ဝရက်

    ရဲဘော်သုံးကျိပ် ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကွယ်လွန်

    http://www.thithtoolwin.net/2012/10/mizzima-news-in-burmese-10-10-12-1.html

    http://news-eleven.com/index.php?option=com_content&view=article&id=15951:2012-10-10-07-35-19&catid=42:2009-11-10-07-36-59&Itemid=112

  • pazflor

    October 11, 2012 at 2:31 am

    ဖွင့်ထားသောလူ့အဖွဲ့အစည်း (မူရင်း…http://cammlek.blogspot.com/2012/10/blog-post_9.html#.UHXTxVE5rKQ)

    ဤခေါင်းစဉ်အောက်၌ မိမိကိုယ်တိုင် ကြုံတွေ့နေရသော ဘာသာရေး၊ လူမှုရေးနှင့်ဆိုင်သော စင်္ကာပူ၏ အားသာချက်တို့ကို ဆွေးနွေးရန် အကြံဖြစ်မိသည်။ အစိုးရပေါ်လစီနှင့်မဆိုင်၊ လူ့အဖွဲ့အစည်းများနှင့်သာ ဆိုင်၏။ ဤ၌ ကဏ္ဍအချို့ ခြုံငုံမိသမျှ ခြုံငုံမိအောင်တော့ ကြိုးစားမည်။ စင်္ကာပူဟူသည် အကြောင်းမဲ့ ရှေ့ရောက်နေသော လူ့အဖွဲ့အစည်းမဟုတ်၊ အကောင်းတကာ့အကောင်းများ ရရှိစေရန် အမှန်ပင် တံခါးဖွင့်ထားသော လူ့အဖွဲ့အစည်း ဖြစ်သည်။

    ပထမဆုံး စင်္ကာပူအမျိုးသားတက္ကသိုလ်၊ ဗုဒ္ဓဘာသာအဖွဲ့ချုပ် National University of Singapore Buddhist Society (www.nusbs.org.sg) အကြောင်းကို ဆွေးနွေးပြပါမည်။ လူငယ်လေးများပင် ဖြစ်လင့်ကစား သူတို့က အပိတ်များ မဟုတ်ကြ။ စင်္ကာပူ၌ မဟာယာန ပိုအားကောင်းသည်ဟုဆိုစေ၊ ထေရဝါဒနှင့် အခြားယဉ်ကျေးမှုတို့ကို မျက်ကွယ်မပြုကြ။ သူတို့ ဗုဒ္ဓဘာသာအဖွဲ့ချုပ်ကိုပင် ဗုဒ္ဓဘာသာအဖွဲ့ချုပ်အနေဖြင့်သာ လက်ခံသည်။ ထေရဝါဒ၊ မဟာယာန၊ ဇင်၊ တိဗက်တန်စသည့် သီးသန့်နာမည်များ၊ ယဉ်ကျေးမှုများကို လက်မခံ။ မဟာယာနမှ ကောင်းတာကို ယူသည်။ ထေရဝါဒ၊ ဇင်၊ တိဗက်တန်တို့ထံမှ ကောင်းတာကို ယူသည်။

    ထို့ကြောင့် သူတို့အဖွဲ့အစည်းအတွက် ဩဝါဒါစရိယများ တင်မြှောက်ရာ၌ပင် ဤယဉ်ကျေးမှု လေးခုစလုံးမှ ဆရာတော်များပါအောင် အနည်းဆုံး လေးပါး တင်မြှောက်ကြသည်။ ဩဝါဒ ခံယူကြသည်။ သူတို့ အဖွဲ့အစည်းနှင့် ကိုက်ညီသော၊ လက်တွေ့ကျသော ဩဝါဒတို့ကို ကျင့်သုံးကြသည်။ သို့ဖြင့် မဟာယာန၊ ထေရဝါဒ ဘာသာရေးဓလေ့ထုံးစံများနှင့် ကျောင်းသားများက အကျွမ်းတဝင် ရှိနေလေတော့သည်။

    သူတို့မှာ ဗုဒ္ဓဘာသာသာ ရှိသည်။ ယဉ်ကျေးမှု အမည်နာမ မရှိ။ ကောင်းသည်ဟု ထင်သည်။ တိဗက်တန်ဗုဒ္ဓဘာသာကလည်း အကြောင်းမဲ့ ပေါ်ပြူလာ ဖြစ်နေသည် မဟုတ်။ ဇင်ဗုဒ္ဓဘာသာကိုလည်း အကြောင်းမဲ့ အမေရိကန်တွေ ကျင့်သုံးနေကြသည် မဟုတ်။ ကောင်းကွက်များ ရှိကိုရှိပါသည်။ ကိုယ့်ဟာကိုယ်ပဲ ကောင်းပြီး သူများဟာကို လေ့လာရမှန်း မသိသော ယဉ်ကျေးမှုသည် အပိတ်ဖြစ်သည်။ အတွေးအခေါ် ပိတ်နေသည်။ အိုင်ဒီယာတို့ ပိတ်နေသည်။

    ဒုတိယ ဆွေးနွေးလိုသော အဖွဲ့အစည်းက မိမိ နေထိုင်သီတင်းသုံးရာ ကျောင်းပင် ဖြစ်သည်။ ဤကျောင်းသည် ၂၀၁၀- ခုနှစ်က နှစ် (၅၀) ပြည့်ခဲ့ပြီး သက်တမ်းနုနု စင်္ကာပူ၌ ဒုတိယ ရှေးအကျဆုံး ထေရဝါဒ ကျောင်းတစ်ကျောင်း ဖြစ်သည်။ တည်ထောင်ခဲ့သော ဆရာတော်က သီရိလင်္ကာဆရာတော်။ ထိုဆရာတော်ကြီး ပျံလွန်တော်မူပြီး သီရိလင်္ကာဆရာတော်နှစ်ပါး ဆက်လက် ကျောင်းထိုင်သည်။ သီဟနာဒကား ၂၀၀၃ – ခုမှ ဤကျောင်းကို ရောက်သည်။

    ကျောင်းဒကာ၊ ဒကာမတို့ကလည်း အဖွင့်များ ဖြစ်သည်။ အပိတ် မဟုတ်ကြ။ သီရိလင်္ကာရဟန်း၊ မြန်မာ ရဟန်းဟု မစွဲ။ အတူတူပင် ဖြစ်သည်။ သူတို့နှင့် အံဝင်ခွင်ကျရှိသော သီရိလင်္ကာယဉ်ကျေးမှုကို ကျင့်သုံးသည်။ မြန်မာယဉ်ကျေးမှုတို့ကို ကျင့်သုံးသည်။ သီရိလင်္ကာဆရာတော်ကြီး၏ တပည့်များပင် ဖြစ်သော်လည်း လက်တွေ့ကျသော မြန်မာယဉ်ကျေးမှုကို ကျင့်သုံးရန် လက်မနှေးကြ။ ထို့ကြောင့် သီရိလင်္ကာနှင့် မြန်မာယဉ်ကျေးမှုတို့မှ အားသာချက်တိုင်းကို ရယူကြသည်။ ကောင်းသည်ဟု ထင်၏။ ဘုရားအဆုံးအမက တစ်ခုတည်း၊ ယဉ်ကျေးမှုကသာ ကွဲနေ၏။

    ထို့ထက် ထင်ရှားသော တံခါးဖွင့်ဝါဒမှာ ကျောင်းထိုင်ဘုန်းကြီး တင်မြှောက်ရေးပင် ဖြစ်၏။ ဤကျောင်းကား သီရိလင်္ကာယဉ်ကျေးမှု အမြစ်ခိုင်နေသော ကျောင်းဖြစ်ပြီး ကျောင်းထိုင်ဘုန်းကြီးတိုင်းလည်း သီရိလင်္ကာရဟန်းတော် ဖြစ်နေရမည် ဖြစ်သည်။ ဤဥပဒေကို “စလုံး” ဗုဒ္ဓဘာသာတို့က ဂရုမစိုက်။ အလုပ်ဖြစ်သော ရဟန်းကို ကျောင်းထိုင်တင်မည်။ သီရိလင်္ကာသော၊ မြန်မာသော၊ ထိုင်းသော၊ ဘာသောညာသော မရှိကြ။ သို့ဖြစ်ပင် မြန်မာရဟန်း ကျောင်းထိုင် ဖြစ်လာခဲ့၏။ မြန်မာလူ့အဖွဲ့အစည်း၊ သီရိလင်္ကာ လူ့အဖွဲ့အစည်းတို့၌ ဤမျှရဲတင်းသော ဆုံးဖြတ်ချက် ချနိုင်လိမ့်မည် မဟုတ်။

    စလုံး ဗုဒ္ဓဘာသာတွေအမြင်က ရှင်းသည်။ ရဟန်းဟူသည် ဘုရားသားတော် ဖြစ်သည်။ ဤမျှ ဖြစ်သည်။ လူမျိုးမကြည့်၊ သင်္ကန်းရောင် မကြည့်၊ အသားအရေအရောင်ကို မကြည့်။ ပွင့်၏။ မပိတ်။
    ဤ၌ ညံ့နေရစ်သည်က မြန်မာနှင့် သီရိလင်္ကာ ဗုဒ္ဓဘာသာများ ဖြစ်ကြ၏။ ထေရဝါဒချင်း တူသည်ဟု ဆိုစေ၊ မြန်မာအခမ်းအနား၌ သီရိလင်္ကာတွေက ယောင်တောင်တောင်၊ သီရိလင်္ကာ အခမ်းအနား၌ မြန်မာတွေက တောင်ကြည့်မြောက်ကြည့်။ စလုံး ဗုဒ္ဓဘာသာတွေက နှစ်ခုစလုံးနှင့် အံဝင်အောင် လုပ်ပြသွားနိုင်သည်။ အားသာချက် မဟုတ်ပါလော။ သူတို့၏ အဓိက အားသာချက်သည် အစွဲနည်းခြင်း ဖြစ်သည်။

    အချို့မြန်မာတို့က မေးတတ်ကြသည်။ ဤတရုတ်တွေ ထေရဝါဒစစ်သလားဟု ဖြစ်၏။ ကြည့်ပါလေ၊ ကျောင်းထဲ၌ ကွမ်ယင်မရှိ၊ ဘာမရှိ၊ ဘုရားဆင်းတုသာ ရှိ၏။ တစ်နေ့သုံးကြိမ် ဘုရားရှိခိုး၏။ ဒကာ၊ ဒကာမ အများစုက မင်္ဂလသုတ်၊ ရတနသုတ်၊ မေတ္တသုတ် သုံးသုတ် အလွတ်ရ၏။ တရားထိုင်၏။ သင် ပရိတ်သုံးသုတ် အလွတ်ရပါ၏လောဟု မေးရန်သာ ရှိ၏။

    သူတို့ကိုယ်သူတို့ ထေရဝါဒစစ်လှပြီ ထင်သော ထိုထိုမြန်မာတို့က ညနေပိုင်း သစ်သီးကပ်ကြ၏။ ကျောင်းမှ တရုတ်ဒကာ၊ ဒကာမတို့က ဆွမ်းသစ်သီးစသည်တို့သည် (၁၂) နာရီကျော်က မကပ်သင့်ကြောင်း ရှင်းပြတတ်၏။ ထိုအခါ ရွှေမြန်မာတို့က တရုတ်တို့ သူတို့နေရာမို့ ဘာမကပ်ရ၊ ညာမကပ်ရ လူစွာလုပ်သည်ဟု ထင်ကြသည်။ အမှန်မူ ထိုထိုရွှေမြန်မာတို့ “ချာ” ခြင်းသာ ဖြစ်၏။ ပန်းကပ်သော် မည်သူမှ သူတို့ကို မတား။

    ကျွန်ုပ်ဆိုလိုချင်သော အချက်သည် ဘာသာရေးမှာလည်း စလုံးတွေ “မချာ” ဟူသော အချက် ဖြစ်သည်။
    ထို့နောက် ဆွေးနွေးလိုသော အချက်က သူတို့ ပညာရေးဖြစ်သည်။ ပညာရေးကောင်းသည်။ ပညာရေးသာမက အကျဉ်းအကြပ်ထဲရောက်သော် ဘာလုပ်ရမည်၊ ဘာလုပ်သင့်သည်ဆိုတာမျိုးတွေကိုပင် ကြုံလျှင်ကြုံသလို ငယ်စဉ်ကတည်းက ပညာပေးတတ်ကြ၏။

    ဤမှ စလုံး ဒကာ၊ ဒကာမများနှင့် မြန်မာပြည် သွားကြစဉ် ကျိုက်ထီးရိုးမှအပြန် ကားနှစ်စီးအနက် တစ်စီးက ပျက်နေ၏။ အနည်းငယ် စိုးရိမ်မိသည်။ စလုံးများက ကားဒရိုင်ဘာနှင့် ဧည့်လမ်းညွှန်ကို ဆူလား၊ ကြိမ်းလား လုပ်နေလေမည်လားဟူသော အတွေးကြောင့် ဖြစ်သည်။

    ထို့ကြောင့် ရှေ့ကားကို ခဏ အနားယူခိုင်းပြီး အခြားကားတစ်စီးကို တားပြီး ထိုကားပျက်ရှိရာ ပြန်လိုက်သွားမိသည်။ ရောက်သောအခါ အံ့ဩဖွယ် တွေ့ခဲ့ရသည်။ သူတို့အားလုံး စိတ်မဆိုး၊ စိတ်မညစ်ကြ။ ကားသမား စက်ပြင်နေချိန် အချိန်ဖြုန်းသည့်သဘောဖြင့် ပရိတ်ရွတ် ပြိုင်နေကြသည်။ တစ်ယောက်တလှည့်စီ ရွတ်ပြီး အမှတ်ပေးနေကြသည်။ မိမိရောက်သွားသောအခါ အခုမှ အမှတ်ပေးဒိုင်ပါ ရောက်လာသည်၊ ဘုရားမသည်ဟု လက်ခုပ်လက်ဝါး တီးကြ၏။ ထပ်ပြိုင်ကြ၏။ ထိုကားပေါ်၌ လူပေါင်း သုံးဆယ်ကျော်ခန့် ပါသည်။ ထို့ကြောင့် လူ (၃၀) မပြည့်မီ စက်လည်း ပြန်ကောင်းသွားတော့၏။ စိတ်ညစ်ချိန်မရ၊ စိတ်ဆိုးချိန်မရ၊ ဆူချိန်ငေါက်ချိန် မရလိုက်ကြတော့။ ဤသို့ နည်းလမ်းရှာဖွေတတ်ခြင်းသည် သူတို့ပညာရေး၏ အစိတ်အပိုင်း ဖြစ်၏။

    သီဟနာဒကိုယ်တိုင် မြန်မာတွေနှင့် ခရီးသွားခဲ့ဖူးသည်။ ကားပျက်ပြီဆိုလျှင် ဘာလုပ်လို့ လုပ်ရမည် မသိ။ စက်ပျက်သဖြင့် စိတ်ညစ်နေရှာသော ကားသမားကို ဝိုင်းဆူကြသည်သာ များ၏။ မည်သူ့အတွက်မှ ကောင်းကျိုးမရှိ။

    အစပထမပိုင်းက ဤကျောင်း၌ မြန်မာနှင့် ပတ်သက်သော သင်တန်းများ၊ တရားပွဲများ၊ ပဋ္ဌာန်းပွဲများ မရှိ။ သူတို့ စလုံးတို့ အခမ်းအနားများသာ ရှိ၏။ ထို့ကြောင့် သူတို့ကို ဩဝါဒပေးရသည်။ ဤကျောင်းသည် သံဃိကကျောင်းသာ ဖြစ်သည်။ အစိုးရဥပဒေအရ “စလုံး” တို့ ပိုင်သည်။ ဘုရားဥပဒေအရ သံဃာပိုင်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာနှင့် ပတ်သက်သော ဘယ်သင်တန်းမဆို ကျောင်းအားပါက၊ စာသင်ခန်းများ အားပါက လက်ခံသင့်သည်။ သို့မှသာ အစိုးရဥပဒေကိုလည်း မဖောက်၊ ဘုရားဥပဒေကိုလည်း မဖောက်ရာ ရောက်မည်ဟု ဖြစ်သည်။

    မှန်၍ လက်တွေ့ကျသော ဩဝါဒမှန်း သူတို့သိသည်။ အားတက်သရော အားပေးကြသည်။ ဓမ္မကို သင်တာမှန်လျှင် တရုတ်လိုပဲ သင်သင်၊ အင်္ဂလိပ်လိုပဲ သင်သင်၊ မြန်မာလိုပဲ သင်သင်၊ သာသနာပြုခြင်းပင် ဖြစ်သည်ဟု ယုံကြည်သွားကြတော့သည်။

    ထိုမှနောက် တရုတ်မင်ဒရင်းလို ဓမ္မသင်တန်းများ၊ မြန်မာလို ဓမ္မသင်တန်းများ၊ တတ်စွမ်းသရွေ့ လက်ခံလာခဲ့ကြသည်မှာ သာဓုခေါ်စရာပင် ဖြစ်သည်။ စင်္ကာပူ၌ ဤကျောင်းမျိုး ဒေါ်လာဘီလီယံရှိလည်း ဝယ်၍ မရ၊ အစိုးရက မြေအကျယ်ကြီး မရောင်းတော့။

    မနှစ်ကပင် အစိုးရဆိုင်ရာမှ လူကြီးတစ်ယောက်က မေးသည်။ ဒီကျောင်းက အရှင်ဘုရား ပိုင်တာလားတဲ့။ စင်္ကာပူ၏ ဥပဒေကို မသိသော အရာရှိဟုပင် မှတ်ရပေတော့မည်။ မည်သည့် နိုင်ငံခြားသား ရဟန်းမှ မည်သို့သော မြေစိုက်အဆောက်အအုံကို မပိုင်။ အဖွဲ့အစည်းသာ ပိုင်သည်၊ နောက်ဆုံး အစိုးရသာ ပိုင်သည်။

    ရဟန်းတစ်ပါးအနေနှင့် အကောင်းဆုံး လုပ်နိုင်သော အချက်မှာ ဤကျောင်းကို ပိုင်သော အဖွဲ့အစည်းကို ကိုယ်က ပိုင်နေအောင် လုပ်ထားဖို့ပဲ ရှိသည်။ ထို့ထက် မပို။

    ဤသည်မှာ စင်္ကာပူ၏ ဥပဒေဖြစ်ပြီး ထိုဥပဒေဘောင်အတွင်းမှာ ရှိနေသော ဗုဒ္ဓဘာသာဝင်တို့ကို စည်းရုံးရေးမှလွဲ၍ မြန်မာပြည်လို ကျောင်းပိုင်၊ ပုဂ္ဂလိကပိုင်ဟူ၍ကား ရှိမည် မဟုတ်ပေ။

    သူတို့လူမျိုးက စီးပွားရေးကိုသာမက သာသနာရေးကိုလည်း အမြတ်ရနိုင်သရွေ့ ရအောင် လုပ်တတ်သော အကျင့်ရှိသည်။ လူမျိုးမရှိ၊ အသားအရောင်မရှိ၊ သင်္ကန်းရောင်မရှိ။ ကြိုက်သလို ယူဆနိုင်ပါ၏။ သို့သော် လျော့တွက်လျှင်တော့ မှားပေလိမ့်မည်။

    ဆိုလိုသည်မှာ စလုံးများ မခေကြ။ တစောက်ကန်းများ မဟုတ်ကြ။
    သူတို့မူက အကျိုးအမြတ် ရရှိဖို့အတွက် ဘာမဆို Maximize လုပ်ရေး ဖြစ်၏။

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    October 11, 2012 at 9:29 am

    ခေါင်းရွက်ဗျက်ထိုး ဈေးသည်တစ်ဦးလျှင် ကျပ်၄သောင်းခွဲနှုန်း ထုတ်ချေးမည်
    ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတွင် အထောက်အကူ ဖြစ်စေရန် အတွက် ရန်ကုန်မြို့တော် ရှိ ခေါင်းရွက် ဗျက်ထိုး
    ဈေးသည်များကို တစ်ဦးလျှင် ကျပ် ၄သောင်းခွဲ နှုန်းဖြင့် ထုတ်ချေးပေးမည် ဖြစ်ကြောင်း ဗဟို သမဝါယမ အသင်း
    လီမိတက်၏ အကြီးတန်း မန်နေဂျာ ဦးသိန်းဇော်ထွန်းက အောက်တိုဘာလ ၁ဝ ရက်နေက ပြောကြားသည်။
    ငွေထုတ် ချေးရာတွင် ငွေချေးငှားသူက တစ်နေ့လျှင် ငွေကျပ် ၉ဝဝ ကျပ်ဖြင့် သက်ဆိုင်ရာ မြို.နယ်တွင်
    ရက်ပေါင်း ၆ဝ ငွေသွင်းရကြောင်း နှင့် လူ ၁ဝ ဦးထဲမှ လူတစ်ဦးက ငွေချေးငှားပြီး ပြန်မဆပ်ပါက
    ကျန်လူ ၉ ဦးက တာဝန်ယူ စိုက်ပေးရသည့် ဝိုင်းကြီးချုပ် စနစ်ဖြစ်ကြောင်း ၎င်းက ချေးငှားမှု ပုံစံကို
    ရှင်းပြသည်။
    “တစ်နေ့ ၉၀ဝ ကို နေ့တိုင်း ပေးတော့ ဝန်ပေါ့ ပါတယ်။ ၁ဝ ရက်နေ့မှ ပေါင်းပေးမယ်ဆို ပေးဖို့ ပိုခက်တယ် ။
    ရပ်ကွက်ထဲ ခုမှ ပြောင်းလာတဲ့ လူတွေဆို မိမိအဖွဲ့ထဲ မထည့်နဲ့ပေါ့” ဟု ၎င်းက ရှင်းပြသည်။
    မြန်မာနိုင်ငံ၏ တရားဝင် စာရင်းများ အရ ဆင်းရဲနွမ်းပါးမှု ၂၆ ရာခိုင်နှုန်း ရှိပြီး၊ ကျေးလက်နေ
    ၇ဝ ရာခိုင်နှုန်း (လူသန်း ၄ဝ ကျော်)သည် ချမ်းသာသည့် လူစာရင်းတွင် မပါဝင်သေးကြောင်း
    ဗဟို သမဝါယမ အသင်း လီမိတက်၏ ဥက္ကဋ္ဌ ဦးခင်မောင်အေးက သုံးသပ် ပြောကြားသည်။
    သမဝါယမ ဝန်ကြီးဌာနတွင် သမဝါယမ ဦးစီးဌာန၊ အိမ်တွင်း စက်မှုလက်မှုလုပ်ငန်း၊ သမဝါယမ
    ပို့ကုန်သွင်းကုန် လုပ်ငန်း နှင့် ဗဟိုသမဝါယမ အသင်း လီမိတက် တို့ဖြင့် ဖွဲ့စည်းထားသည်။
    ____________________________________
    Reference and Credit to -The Voice Weekly
    Posted By Admin Team[NOM]
    (email:newsofburma.myanmar@gmail.com)
    http://oppositeyes.blogspot.com/2012/10/blog-post_9222.html
    …………………………………………………………………………………………..
    ဘာရယ်တော့ဟုတ်ဘူး တစ်လောက ရွာထဲမှာအရှေ့ကနေတဲ့လူတွေရှိရင် ဖတ်ကြည့်ပါဆိုတဲ့
    ပိုက်ဆံဝိုင်းစုကြပြီး ဘတ်သွားတဲ့အကြောင်းလေးနဲ့ စက်စပ်နေတာရယ်
    အဲ့သည်မှာ ရွာထဲက မြင်ဘူးသလိုလိုဓာတ်ပုံတစ်ပုံပါနေဒါတွေ့လို့ဘာ

    • အရီးခင်လတ်

      October 13, 2012 at 1:57 am

      ဘပု၊ ဘပု
      အဲလာ……
      ရွာက ဓာတ်ပုံပြပွဲ ” ဈေးသည်” က မှော်ဆရာ ရဲ့ မော်ဒယ်လေး ထင်ရဲ့။
      တွေ့မှ တွေ့တတ်ပလေ။
      မှော်ဆရာ ရဲ့ ဆိုက် မဟုတ်ရင် ဝိုင်းပြီး ကန့်ကွက်ကြစို့။
      ဘပု က စ တွေ့သူဖြစ်လို့ ရှေ့က ထွက်။ :harr:

      • Mလုလင်

        October 13, 2012 at 8:55 am

        အဲဒါ ကိုမှော့် ပုံ .. အစစ် ပဲ . အဲ့ဒီ့ web site က …. နိုင်ငံရေး နဲ့ သတင်း web site က .. ဘယ်လို လုပ် .. အသိတရား မရှိပဲ ခိုးသုံး ရတာပါလိမ့် …. အော်ပေးကြပါဗျို ့ ..။

        • ကိုလုလင် ပြောတာ ကြည့်မိပြီဗျို့ …
          သူတို့ ယူသုံးတာက ဟုတ်တယ်ဗျ ..
          သို့ပေသိ …
          စည်းမဖောက်ဘဲ ယူသုံးနည်းနဲ့ သုံးထားခြင်းသာ ဖြစ်ပါတယ် …

          ဘာလို့လဲ ဆိုတော့ …
          ပုံရဲ့ လင့်ခ် ကိုပဲ ယူသုံးထားခြင်း ဖြစ်လို့ပါပဲ …
          ပုံရဲ့ မူရင်းလင့်ခ် …
          http://myanmargazette.net/wp-content/uploads/2012/06/DSC_12511.jpg
          ကိုသာ ယူသုံးထားခြင်း ဖြစ်ပါတယ် ….
          ဒီပုံကို ဒေါင်းလုပ်ချ၊ ပြီးမှ သူတို့ဆိုက်မှာ အက်ပလုပ် ပြန်တင် ဆိုတဲ့ နည်းလမ်းမျိုးနဲ့ မဟုတ်ပါ ….

          သို့ပေမယ့် …
          ပုံကို ဘယ်က ယူသုံးတာပါဆိုတာမျိုးကိုတော့ ထည့်ပေးရပါလိမ့်မယ် …
          photo mandalaygazette ဆိုတာမျိုးပေါ့ …

  • amatmin

    October 12, 2012 at 4:00 pm

    2012 Nobel Peace Prize
    The 2012 Nobel Peace Prize was awarded to the European Union (EU) “for over six decades contributed to the advancement of peace and reconciliation, democracy and human rights in Europe”.

    http://www.nobelprize.org/

    • အရီးခင်လတ်

      October 13, 2012 at 2:10 am

      ဦးသိန်းစိန် များ ရရင် မကျေမနပ် ပြောလိုက်ကြမဲ့ သူတွေ။

      အခုလဲ အီးယူလဲ ရရော “ယူကေ က အီးယူ မဝင်ရေး ကွန်ဆာဗေးတစ်များ” မှာလဲ မကျေမနပ် နဲ့။
      ဒါဟာ နိုင်ငံရေး နဲ့ လဲ မဆိုင်ဘဲ နဲ့ ဘာညာပေါ့။
      တကယ်တော့ အီးယူ ခမျာလဲ အတော် အမည်ပျက်လာလို့ အဖတ်ဆယ်နိုင်အောင် လို့ ပေးတာ လို့လဲ ဝေဖန်သူ ရှိရဲ့။

      ငြိမ်းချမ်းရေး နိုဗယ် ကို အဖွဲ့အစည်း အနေ နဲ့ ရတာ တွေက
      2012 – European Union (EU)
      2007 – Intergovernmental Panel on Climate Change
      2006 – Grameen Bank
      2005 – International Atomic Energy Agency
      2001 – United Nations
      1999 – Médecins Sans Frontières
      1997 – International Campaign to Ban Landmines
      1995 – Pugwash Conferences on Science and World Affairs
      1988 – United Nations Peacekeeping Forces
      1985 – International Physicians for the Prevention of Nuclear War
      1981 – Office of the United Nations High Commissioner for Refugees
      1977 – Amnesty International
      1969 – International Labour Organization
      1965 – United Nations Children’s Fund
      1963 – International Committee of the Red Cross
      1963 – League of Red Cross Societies
      1954 – Office of the United Nations High Commissioner for Refugees
      1947 – Friends Service Council
      1947 – American Friends Service Committee
      1944 – International Committee of the Red Cross
      1938 – Nansen International Office for Refugees
      1917 – International Committee of the Red Cross
      1910 – Permanent International Peace Bureau
      1904 – Institute of International Law

  • kai

    October 12, 2012 at 10:51 pm

    ******************************************************
    BURMA RELATED NEWS OCTOBER 11, 2012.
    ******************************************************
    AFP – Japan calls for more Myanmar support
    AP – Japan vows aid for Myanmar, urges debt resolution
    Reuters – Japan to start waiving most of Myanmar’s $6.4 bln debt next year
    ABC OTUS News – No. 2 US Diplomat to Visit Myanmar Next Week
    Malay Mail – Police after seven more suspects in woman’s rape
    The Wall Street Journal – Bracing for KFC
    The Nation – ADB, World Bank to waive Myanmar’s debt, ministers say
    The Japan Times – Myanmar yen loans to start in early 2013
    Fox News – One of Myanmar’s ’30 Comrades’ independence heroes dies in exile in China
    UPI – Rights group wary of Myanmar investments
    Bangkok Post – Yingluck, Thein Sein sign pact
    NDTV – Graphic images of N. Korean 1983 bombing published
    The Irrawaddy – Calls Grow for Education Reform
    The Irrawaddy – Alliance Calls for ‘United States’ of Burma
    The Irrawaddy – Farmers Persist in Fight to Halt Monywa Copper Mine
    Mizzima News – Burmese gov’t troops death rate high: KIA
    Mizzima News – Both sides file suits in mine protest
    Mizzima News – Thailand approves high-level Dawei working group
    DVB News – Armed Shan group holds talks with government
    DVB News – Thein Sein and the Nobel Peace Prize
    ******************************************************
    No. 2 US Diplomat to Visit Myanmar Next Week
    ABC OTUS News – 6 hrs ago

    Deputy Secretary of State William Burns will visit Myanmar next week during a five-country trip to Asia

    Burns will arrive in Myanmar next Wednesday and will meet with President Thein Sein, members of his government, and opposition leader Aung San Suu Kyi.

    It will be the highest-level U.S. official visit to the country also known as Burma since Hillary Rodham Clinton in December became the first U.S. secretary of state to visit in more than 50 years.

    The U.S. has since rolled back sanctions in response to democratic reforms in the military-dominated country. In the latest step, President Barack Obama on Wednesday authorized U.S. support for international development banks to restart lending to Myanmar.

    Before Myanmar, Burns will travel to Japan and South Korea. He will also visit India.
    ==
    October 11, 2012, 7:09 AM HKT
    The Wall Street Journal – Bracing for KFC
    By Becky Palmstrom Associated Press
    He predicts Western fast-food joints could be there in less than a year. A spokeswoman for McDonald’s Corp. said the chain doesn’t comment on future expansion plans, while a spokeswoman for Yum Brands Inc., which owns KFC, said it has no current plans in Myanmar.

    For now, Myanmar’s own fast-food joints, known as teashops, will continue selling their own versions of the Happy Meal, with contents such as deep-fried insects (pa yiq), freshly squeezed sugarcane juice (changyeh), coconut noodles (oh no khaoswe), red bean and coconut pancakes (kauk mote) and pig head salad (weqgaunthoq).

    These Myanmar versions of fast food can be shockingly unhealthy. The curries sometimes swim in an oil that makes Big Macs look saintly. Locals often say the real secret to Myanmar cuisine is its overuse of monosodium glutamate, or MSG.

  • kai

    October 15, 2012 at 2:52 am

    ရတဲ့အီးမေလ်းလေး တင်ပေးလိုက်တာပါ..။
    ယူအက်စ်၂၀၁၂ ရွေးကောက်ပွဲရဲ့.. အလုပ်လုပ်ပုံ.. အရှုံးအနိုင်ခန့်မှန်းတွက်ကြပုံကို ဗဟုသုတရစေချင်လို့ဖြစ်ပါကြောင်း..
    အောက်ကလင့်ခ်အတိုင်းလိုက်သွားပြီး.. ဆွဲထားတဲ့ infographic laying outပုံကို သေသေချာချာ ကြည့်ကြစေလိုပါကြောင်း…။
    =

    Want to know how all of those $3 and $30 donations add up to make a big difference in this election?

    You should look at this infographic laying out the progress we’ve made in this campaign.
    http://dccc.org/pages/oct-2012-campaign-plan?source=2012.10.14_dems_all
    What you’ve helped to build is incredible. Thanks to your support, our Democratic candidates are surging and Speaker Boehner’s Tea Party Republicans are sinking. See for yourself.

    We have three weeks left to win this thing. Let’s finish strong!

    Democrats 2012
    =
    http://myanmargazette.net/wp-content/uploads/2012/10/ba0f0aa984c109b825_0rm6ibyrp.png

  • nozomi

    October 15, 2012 at 10:36 am

    KNU အဖွဲ့ခေါင်းဆောင် ဗဟိုတရားရေးဌာန တာဝန်ခံ ဖဒိုဒေးဗစ်ထောသည် အသက် ၆၅နှစ်အရွယ်တွင် အဆုတ်ရောဂါဖြင့် မင်္ဂလာဒုံ စစ်ဆေးရုံ၌ အောက်တိုဘာလ ၁၄ ရက်နေ့ ည ၁ဝ နာရီ ၃ဝ မိနစ်ဝန်းကျင်က ကွယ်လွန်

    (http://www.news-eleven.com/index.php?option=com_content&view=article&id=16022:knu———-&catid=42:2009-11-10-07-36-59&Itemid=112)

  • Novy

    October 15, 2012 at 3:17 pm

    OIC အလိုမရှိ ဆန္ဒ ဖော်ထုတ်သူ သံဃာ့တော်များနှင့် ပြည်သူတို့သည် ဗဟန်း ၊ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်ရှိ ကြေးသွန်း ဘုရားကြီးရှေ့မှ ဆူးလေသို့ စီတန်း လှည့်လည် လာပြီဟု သိရသည်။

    http://www.thithtoolwin.com/2012/10/oic_8510.html?utm_source=BP_recent

  • အရီးခင်လတ်

    October 15, 2012 at 4:53 pm

    တဖြေးဖြေး နဲ့ အဲဒီဘာသာ က အစွန်းရောက် သမား တွေ ရဲ့ အစွန်းရောက် လုပ်ရပ်တွေ ကို ကမ္ဘာက မြင်လာပါပြီ။
    ပါကစ္စတန် မှာ “မိန်းကလေးတွေ ကျောင်းနေနိုင်ရေး” ကန်ပိန်းလုပ်တဲ့ ၁၄နှစ် မိန်းကလေးရဲ့ ခေါင်း ကို အဲဒီ အစွန်းရောက်တွေ သေနတ်နဲ့ပစ် ခဲ့ကြတယ်။
    အခု ယူကေ က ဆေးရုံ တစ်ခု ကို သယ်ပြီး ကုပေးဖို့ ကြိုးစားနေပါပြီ။
    ဘဝတူ မိန်းကလေးများ အတွက် ကြိုးပမ်း ပေးတဲ့ ဒီလို မိန်းကလေး အသက် ကို ကယ်နိုင်ကြပါစေ။
    ပြီးတော့ အကျိုးရှိတဲ့ အလုပ်တွေ ပိုမိုပြီး လုပ်နိုင်ပါစေ။

    ဒီသတင်း ကိုဖတ်ပြီး
    ငါသာဆို၊ ငါ့သမီး သာဆို ပြီး အတော်လေး အီမိုရှင်း ဖြစ်ခဲ့ရတယ်။
    ကျောင်းနေချင်တဲ့ အကြောင်းဟာ ဘယ်သူ့ကို ထိခိုက် စေလို့လဲ။
    မိန်မ တွေ အသိပညာ ရ လာရင် အိမ်ထဲမှာ ခေါင်းမြီးခြုံ မနေတော့ မှာ စိုးလို့လား။
    တစ်ကိုယ်ကောင်းသမားတွေ။

    မိန်းမ တွေ ကို ကျွန်လိုဘဲ အိမ်မှာ ခေါင်းမြီးခြုံထား စေတဲ့ ဝါဒ မကြာခင် ကျဆုံးပါစေ။

    http://www.bbc.co.uk/news/world-asia-19944078

    The 14-year-old Pakistani girl shot in the head by Taliban gunmen last week is being flown to the UK for medical treatment, the Pakistani army has said.
    Malala Yousafzai has until now been at a military hospital in Rawalpindi, with doctors saying her progress over the next few days would be “critical”.
    The girl wrote a diary for the BBC about life under the Taliban, who accused her of “promoting secularism”.
    The UK said Malala’s transfer followed London’s offer to help her in any way.
    Malala was taken to Islamabad and then left the country on board an air ambulance provided by the United Arab Emirates, accompanied by a full medical team.
    The Queen Elizabeth Hospital in Birmingham – an NHS (National Health Service) hospital which has a specialist major trauma centre – confirmed that she would be treated there.
    It was not immediately clear whether any of Malala’s family were with her.
    ‘Public revulsion’
    The Pakistani military said doctors in Rawalpindi has described Malala’s condition as “optimal”.
    “The panel of doctors recommended that Malala be shifted abroad to a UK centre which has the capability to provide integrated care to children who have sustained severe injury,” it said.
    She is expected to need treatment to repair or replace damaged bones in her skull and to undergo neurological treatment.
    The UK’s Foreign Secretary William Hague said the attack on Malala and her friends “shocked Pakistan and the world” and that her bravery was “an example to us all”.
    “The public revulsion and condemnation of this cowardly attack shows that the people of Pakistan will not be beaten by terrorist,” he said. “The UK stands shoulder to shoulder with Pakistan in its fight against terrorism.”
    Malala gained attention aged 11, when she started writing a diary for BBC Urdu about life under the Taliban.
    Using the pen-name Gul Makai, she wrote about suffering caused by militants who had taken control of the Swat Valley in 2007 and ordered girls’ schools to close.
    She had previously received death threats from the Taliban and was attacked last Tuesday as she returned home from school in Mingora, north-western Swat.
    Two armed men on foot stopped a van packed with about a dozen schoolgirls in a congested area of the town.
    One of them got into the van and asked which of the girls was Malala Yousafzai before he fired three shots, hitting Malala in the head and injuring two others.
    The Taliban has warned they will target Malala Yousafzai again.
    UN petition
    The BBC’s Aleem Maqbool in Islamabad says Malala has been kept sedated and on a ventilator since she was taken to hospital, with tight security around her.
    The ventilator was removed briefly over the weekend to see how she coped and doctors have presumably determined she is well enough to travel, says our correspondent.
    He adds that the brutal attack on a child has shocked people in Pakistan and around the world. Protests have been held in several Pakistani cities to condemn the Taliban’s actions.
    On Sunday, tens of thousands of people turned out in the city of Karachi to show their support.
    Four people have been arrested in connection with the shooting. They were among about 100 people rounded up this week, most of whom were later released on bail.
    On Monday, former British Prime Minister Gordon Brown – now the UN’s Special Envoy for Global Education – said he was launching a petition in Malala’s name “in support of what Malala fought for”.
    “The petition calls on Pakistan to ensure that every girl like Malala has the chance to go to school,” he said, while also calling on the international community to ensure all children have access to education by the end of 2015.
    Mr Brown said he would hand the petition to Pakistan’s President Asif Ali Zardari when he visits Islamabad in November.

    Continue reading the main story
    “Start Quote
    I felt hurt on opening my wardrobe and seeing my uniform, school bag and geometry box. Boys’ schools are opening tomorrow. But the Taliban have banned girls’ education. ”

    Malala Yousafzai Diary entry, 8 February 2009
    Diary of a Pakistani schoolgirl
    Swat women on changing life

  • pazflor

    October 15, 2012 at 10:06 pm

    OIC နဲ့ သဘောတူညီမှု လက်မှတ်ရေးထိုးသတဲ့။
    (မူရင်း..http://cammlek.blogspot.com/2012/10/blog-post_15.html?utm_source=BP_recent#.UHws_oY5rKQ)
    တော်တော်ချာတဲ့ နယ်စပ်ဝန်ကြီး
    ၁။ သူတို့ပြောတဲ့ လူသားချင်း စာနာမှုဆိုတာကို ယုံကြည်ခြင်း ၊
    ၂။ ရိုဟိန်ဂျာအရေးအခင်းကို ကောင်းကောင်းကိုင်တွယ်နိုင်ရင် အဖွဲ့ချုပ်ကို သူတင်ကိုယ်တင် ယှဉ်နိုင်မယ်ဆိုတာ သဘောမပေါက်ခြင်း ၊
    ၃။ ရေနံကို သောက်ရင် သေနိုင်သလို ရေနံကရတဲ့ ငွေတွေကလည်း အဆိပ်ဆိုတာ မသိခြင်း ၊
    ၄။ အင်္ဂလိပ်စာ မတတ်တော့ ကမ္ဘာ့နိုင်ငံတွေရဲ့ ပေါ်လစီကို မျက်ခြေပြတ်ခြင်း ၊
    ၅။ အသားမကျသေးတဲ့ ဒီမိုကရေစီစနစ်နဲ့ မတည်ငြိမ်သေးတဲ့ အစိုးရကို တစ်ဖက်သားက အခွင့်အရေး ယူလာနိုင်တယ်ဆိုတာ နားမလည်ခြင်း ၊
    ဒါတွေကြောင့် နယ်စပ်ဝန်ကြီးဟာ ခပ်ချာချာပဲလို့ ပြောပါရစေ။

    ၁။ OIC ပြောတဲ့ “လူသားချင်း စာနာမှု” ဆိုတဲ့ စကားကို ဝန်ကြီးတစ်ယောက်က ယုံကြည်သတဲ့။ ဒါဆို ကျွန်တော် မေးမယ်။

    သီရိလင်္ကာစတဲ့ နိုင်ငံတွေမှာ ဆူနာမီ ဖြစ်ခဲ့တယ်။ မြန်မာပြည်မှာ နာဂစ်ဖြစ်ခဲ့တယ်။ ဘယ် OIC က ဘာတွေ သွားပြီး အကူအညီ ပေးခဲ့သလဲ။ ဒီထက် စာနာစရာကောင်းတဲ့ လူသားတွေ ရှိပါဦးမလား။ ဂျပန်ဆိုရင် အခုအထိ ပုံမှန် ပြန်မရောက်သေးဘူး။

    သူတို့ကို အကူအညီ ပေးနေတာ ဘယ်သူတွေလဲ။
    ကိုရီးယားက ခရစ်ယန်ချပ်ကျောင်းတွေ၊ ထိုင်ဝမ်က ဗုဒ္ဓဘာသာတွေ၊ သူတို့အများဆုံး ပေးနေကြတာ။
    ဘယ်မလဲ စေတနာရှင် OIC !

    ၂။ လွတ်လွတ်လပ်လပ်သာ မဲပေးရရင် စစ်တပ်ထဲမှာတောင် လက်ရှိအစိုးရ မဲရမလားဆိုတာ မသေချာတော့ဘူး။ ပြည်တွင်းက အွန်လိုင်းသုံးသူတွေ (၉၀) ရာခိုင်နှုန်း ကျော်ကျော်က Burma ပဲ ရှိသေးတယ်။ ဒါက အဖွဲ့ချုပ်ရဲ့ အားသာမှုကို ပြနေတာပဲ။ ဒီအချိန်မှာ ရိုဟိန်ဂျာကိစ္စ ရုတ်တရက်ကြီး “ပွ” ထွက်လာတယ်။ အဲ့ဒါ “Blessing in disguise” ပဲ။ နိုင်ငံရေးအရ ပြောရရင် ဒီကိစ္စကို ပြတ်ပြတ်သားသား ကိုင်တွယ်နိုင်လိုက်ရင် ဘာသာရေးစိတ်ဝင်စားတဲ့ လူထုကြီးဆီက ထောက်ခံမှုတွေ အများကြီး ရလာစရာ ရှိတယ်။ မနပ်တာ။ ရွေးကောက်ပွဲလည်း နိုင်ချင်သေးတယ်။

    ဟိုတုန်းက ဆိုရိုးတစ်ခု ဖြစ်တဲ့ “အင်္ဂလိပ်အခက်၊ မြန်မာ့အချက်” လိုပဲ။ ဒါကို အခွင့်အရေးမှန်း မသိသလို ရအောင်လည်း ယူနိုင်မယ့် သဘောမရှိဘူး။ ဒီမိုကရေစီလေး ရလာလို့ ပျော်စပြုနေတဲ့ ပြည်သူကို ရိုဟိန်ဂျာက ထမင်းထဲ သဲဖြူးလိုက်တယ်။ ဒါကို ရအောင် နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်ဘူး။ ဒီလို ဝန်ကြီးတွေနဲ့ ဖွဲ့ထားတဲ့ အစိုးရကို ပြည်သူက ဘယ်လို ယုံကြည်ရမှာလဲ။

    “ရိုဟိန်ဂျာအခက်၊ စစ်အစိုးရအချက်” ။ ဒါကို မသိဘူး။

    ၃။ ရေနံကို သောက်လို့ မရဘူး။ ရေနံကရတဲ့ ငွေဟာ အဆိပ်။ ဒါကို လီကွမ်းယု ထောင်းထောင်းကြေအောင် ပြောခဲ့ပြီးပြီ။ သူတို့ ငွေတွေ ယူလိုက်ရင် သူတို့ တရားဟောဆရာတွေ ပါလာမယ်။ သူတို့ တရားဟော ဆရာတွေက မွတ်စလင်မဟုတ်တဲ့ အစိုးရတိုင်းကို ထော်လော်ကန့်လန့်လုပ်ဖို့ သင်ပေးမယ်။ ယုံကြည်မှု မတူသူကို သတ်ရင်၊ မဒိမ်းကျင့်ရင် ကုသိုလ်ရတယ်လို့ ဟောလိမ့်မယ်။

    အစ္စလမ်ဘာသာ အဆုံးအမကို စွပ်စွဲနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အကြမ်းဖတ်မှု မှန်သမျှ ဘယ်အပေါက်ကနေ ထွက်လာတာလဲ။ ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေဟာ သာမန် ဆဲလ်တွေကနေပဲ ဖြစ်လာတာ။ ထိမ်းမရ၊ သိမ်းမရ ဖြစ်တာ။ ယေဘုယျ အကြမ်းဖက်သမားတွေကို ကြည့်။ ရေနံက ငွေတွေကနေ အကြမ်းဖက်သမားတွေ ဖြစ်နေတာ။ သေဖို့ အသင့်ဖြစ်နေတဲ့ (Nothing to lose) အကြမ်းဖက်သမား တစ်ယောက်ကို သေရမှာ ကြောက်နေတဲ့ လူဆယ်ယောက်က မနိုင်ဘူး။ ပိုဆိုးတာက မေတ္တာ၊ ကရုဏာတွေနဲ့ ဗုဒ္ဓဘာသာတစ်သန်းက အဲဒီလူတစ်ယောက်ကို ရှုံးလိမ့်မယ်။

    လက်တစ်ဆုပ်စာ လူလေးတွေအတွက် အမေရိကန်အစိုးရ စစ်အသုံးစရိတ်တွေ သန်းပေါင်းများစွာ သုံးစွဲနေရတာ သာဓကပဲ။ လူ့အခွင့်အရေး၊ လူသားတန်ဖိုးကို မသိတဲ့ လူတစ်ယောက်ကြောင့် လူ့အခွင့်အရေးကို လေးစားတဲ့ ကမ္ဘာ့လူကြီးလူကောင်း သန်းပေါင်းများစွာ စိတ်သောက ရောက်ကြရတယ်။

    ဒါနဲ့များ OIC အထောက်အပံ့ကို ယူသတဲ့။

    ၄။ ကမ္ဘာ့နိုင်ငံတွေရဲ့ ပေါ်လစီလားရာကိုလည်း ဘာမှ သိပုံမပေါ်ဘူး။ အီးယူနဲ့ အမေရိကတို့ကပါ ဘာသာရေးနဲ့ ပတ်သက်ပြီး ပိုတင်းကြပ်တဲ့ ဥပဒေတွေ ထုတ်ဖို့ လုပ်နေကြရပြီ။ သူတို့ပြောတဲ့ လွတ်လပ်စွာ ပြောရေးဆိုခွင့်၊ လစ်ဘရယ် ဒီမိုကရေစီဆိုတာတွေကို အကြမ်းဖက်ရေနံငွေတွေက ကျကျနန အခွင့်ကောင်းယူပြီး ဆော်နေတာကို သိသွားကြပြီ။

    နိုင်ငံရေးစကားဆိုတော့ အစ္စလာမ်လို့ ဘယ်ပြောနေပါ့မလဲ။ ရလေးဂျင်းလို့ပဲ အားလုံးကိုခြုံပြီး ပြောမှာပေါ့။ ဒါပေမယ့်တင်းကြပ်လာမယ့် ဥပဒေတွေဟာ တခြားဘာသာတွေနဲ့ ဘာမှ မဆိုင်ဘူး။ “အဲယားကွန်းခန်းထဲ ဆေးလိပ်မသောက်ရ” ဆိုသလိုပဲ ကျန်တဲ့သူတွေက သောက်မှ မသောက်တာ၊ ဘာထူးပြီး လိုက်နာနေစရာ လိုမှာလဲ။ သောက်တဲ့လူတွေကို သွားထိမှာပေါ့။

    အာဏာရှင်ဆန်တယ်ပဲပြောပြော ၊ ဘာပဲပြောပြော မွတ်ဆလင်ကို ထိန်းတဲ့နေရာမှာ စင်္ကာပူဟာ အတော်ဆုံးပဲ။ တခြားဘာသာတွေကို ဆူညံခွင့် မပြုသလို မွတ်စလင် ဗလီကလည်း အသံချဲ့စက်နဲ့ ဘာသာရေးစာတွေ ရွတ်ဖတ်လို့ မရဘူး။ အဲသလို တင်းမထားလို့ကတော့ ကျွန်းပေါက်စ ပျောက်သွားမယ်။

    ကမာ္ဘ့နိုင်ငံတွေက နိုင်ငံရေးစကား၊ နိုင်ငံရေး ဦးနှောက်တွေနဲ့ အကြမ်းဖက်ရေနံငွေတွေကို စနစ်တကျ ထိန်းသိမ်းနေရတဲ့အထဲ – OIC ရဲ့ လူသားချင်းငဲ့ညှာထောက်ထားမှုဆိုတဲ့ အကူအညီကို လက်ခံသတဲ့။ အာရပ်သဌေးတွေက ဗုဒ္ဓဘာသာရခိုင်တွေကို ဒီလောက်စေတနာရှိပါ့မလား ဝန်ကြီးရယ်။

    အင်္ဂလိပ်စာကလည်း ကောင်းကောင်းမတတ်၊ မှတ်သားသင့်တဲ့ ကမာ္ဘ့စာတွေကို ဘာသာပြန်ပေးမယ့်သူလည်း မရှိဘူးထင်ပါရဲ့။

    ၅။ ကျနော်ထင်တာမမှားဘူးဆိုရင် ဒီမိုကရေစီ အကူးအပြောင်းကာလကို အခွင့်ကောင်းယူပြီး ရိုဟိန်ဂျာ ချာနယ်ကနေတဆင့် မွတ်ဆလင် လွှမ်းမိုးရေးကို ဝင်လာတာပါ။ စစ်အစိုးရဆိုရင်လည်း သူတို့ဘာမှ မလုပ်ရဲပါဘူး။ သူ့ကျောင်းသားပညာတတ်တွေတောင် ပစ်သတ်တဲ့ အစိုးရမျိုးကို ရိုဟိန်ဂျာလည်းကြောက်ပါတယ်။

    သွေးတိုးစမ်းတာလောက်ကလွဲရင် တကယ်မလုပ်ရဲပါဘူး ။ သူတို့ကို အကူအညီပေးမယ့် အာရပ်ကမာ္ဘနဲ့ ရိုဟိန်ဂျာတွေကလည်း အဝေးကြီး မဟုတ်လား။

    ဒီမိုကရေစီစနစ်အတည်တကျဖြစ်သွားပြီး ဝန်ကြီးတွေကလည်း ပညာတတ်တွေဖြစ်ကုန်ရင် ဒီလို “လူသားအချင်းချင်း စာနာ” ဆိုတာမျိုးတွေယုံကြည်ကြမှာ မဟုတ်တော့ဘူး။ ဝင်လို့ရမှာ မဟုတ်တော့ဘူး ။

    ဒါကြောင့် အခွင့်ကောင်းယူပြီး စပ်ကူး မတ်ကူးကြားမှာ အချိန်ကိုက် ဝင်လာတာပါ။ သူတို့က သူတို့ အခွင့်အရေးကိုသိတယ်။ ဝန်ကြီးတို့က ဝန်ကြီးတို့ အခွင့်အရေးကို မသိဘူး။ အခွင့်အရေးရှိပါတယ်။ မတည်ငြိမ်သေးတဲ့ ဒီမိုကရေစီစနစ် ဆိုတာကို အခွင့်ကောင်းယူပြီး ခပ်တင်းတင်း ကိုင်တွယ်ထားလို့ရတယ်။ (နောက်ဆို မရတော့ဘူး)

    အကြမ်းဖက်မှုပါသွားလို့ ကမာ္ဘ့ရင်းနှီးမြုပ်နှံသူတွေ လက်တွန့်မှာကို စိုးရိမ်တာလား။

    ဒါဆိုရင်တော့ ဒီအစိုးရရဲ့ စီးပွားရေး အမြင်ကလည်း “ချာ” သွားပြန်ရော။

    ဘူးသီးတောင်က ကိစ္စကို ဘူးသီးတောပင်မှာပဲ ရအောင်ရှင်းပါ။ ရန်ကုန်ကို မရောက်ပါစေနဲ့။ အကျိုးအမြတ်ရမယ်ဆိုရင် ဘယ်ကုမ္ပဏီမှ လက်တွန့်နေမှာ မဟုတ်ပါဘူး။ လာမှာပါပဲ။ ထိုင်းနိုင်ငံထိသွားတယ်ဆိုတာက ပြဿနာအရင်းက ဘန်ကောက်မှာ ဖြစ်သွားလို့ပါ။ မလေးနယ်စပ်မှာ ပြဿနာရှိတာနဲ့တော့ ဘန်ကောက်က စီးပွားရေးသမားက အိမ်ပြန်မသွားပါဘူး။

    NGO တွေ ၊ လူ့အခွင့်အရေးသမားတွေကတော့ ပြောကြ ဝေဖန်ကြမှာပေါ့။ ဒါပေမယ့် ဗုံးကို ခါးပတ်လာတဲ့ အကြမ်းဖက်သမားကို တကယ် ကိုင်တွယ်ရတာက NGO တွေ ၊ လူ့အခွင့်အရေးသမားတွေ မဟုတ်ဘူး ၊ အစိုးရတွေ။ ဒီတော့ အစိုးရဟာ တိကျတဲ့ ပေါ်လစီကျင့်သုံးဖို့ သူတို့ကို ဂရုစိုက်စရာ သိပ်မလိုဘူး ။ အစိုးရက အစိုးရ အလုပ်ကိုပဲ လုပ်ရပ်တယ်။

    အမေရိကရဲ့ တွင်းတာဝါ ပြိူကျသွားတယ်။
    ဒီတော့ NGO တွေ ၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တွေက “ဒါမျိုးလုပ်ရပ်ကို ရှုံ့ချပါတယ် ” တဲ့။ ဒါပဲ။ ဒီထက်မပိုဘူး။
    တကယ်တမ်း ဘင်လာဒင်ကို ရှာပုံတော်ဖွင့်ရတာက ဂျော့(ရှ်)ဘု(ရှ်) အစိုးရပါ။

    ချာတယ် ဝန်ကြီးရယ် ။ ချာသမှ တော်တော်ချာ။

  • kai

    October 16, 2012 at 4:14 am

    နိုင်ငံခြားသား ခံယူထားသော မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် (Permanent Residence – PR) ရရှိနိုင်မည့် စနစ်ကို လာမည့် ၃ လအတွင်း အကောင်အထည်
    ဖော်နိုင်မည်ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောသည်။
    ..
    မြန်မာနိုင်ငံ၏ လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ နိုင်ငံခြားသား ခံယူထားသော မြန်မာများ အနေဖြင့် မြန်မာနိုင်ငံသားအဖြစ် ပြန်လည် လျှောက်ထားမည်ဆိုပါက နိုင်ငံခြားသားဘဝကို စွန့်လွှတ်ပြီးမှ လျှောက်ထားခွင့် ပြုမည်ဖြစ်ကြောင်း ဦးခင်ရီ၏ အဆိုအရ သိရသည်။
    http://burma.irrawaddy.org/archives/22854

  • ရွှေအိမ်စည်

    October 16, 2012 at 11:05 am

    အမေရိကန် သမ္မတကြီး ဂျော့ ဝါရှင်တန် ပြောဘူးတဲ့ စကားတခုရှိပါတယ်( ကျုပ်တို့ခေတ်မှာ စစ်ပညာကို စနစ်နကျ တတ်မြောက်ထားမှ ကျုပ်တို့ သားသမီးတွေခေတ်မှာ ရှုပဗေဒဘာသာရပ်နဲ့ သချာင်္ပညာတွေကို အေးအေးဆေးဆေး သင်ကြားနိူင်မှာ ဖြစ်တယ်)ဆိုတဲ့ စကားပါ။

    —လက်ရှိတပ်မတော်အတွင်း ကျင့်သုံးနေတဲ့ အမိန့်နာခံရေးဗဟိုပြု အုပ်ချုပ်ရေးစနစ်အောက်မှာ လူငယ်တွေရဲ့ လွတ်လပ်မှု နဲ့ ရွေးချယ်ခွင့်တွေ ပျောက်ဆုံးနေတယ်လို့ထင်မိတယ်။
    သူ့စိတ်နဲ့ကိုယ့်ကိုယ် နေသားကျလာတဲ့ ခေါင်းဆောင်ဖြစ်သူ တွေဟာ လူ့အဖွဲ့အစည်းအတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို လွတ်လွတ်လပ်လပ် ချမှတ်ဆောင်ရွက်ပေးနိုင်ပါ့ မလား။

    လူငယ်တွေကို လွတ်လွတ်လပ်လပ် တွေးတတ်မြင်တတ် ဖောက်ထွက် ဆွေးနွေး လုပ်ကိုင်တတ်သူ တွေ ဖြစ်လာစေချင်တာပါ။
    စကားလုံးတွေနဲ့ ဝန်ပိမနေစေချင်ဘဲ လက်တွေ့ဖြစ်နိုင်ခြေမှာ ရှင်သန်နေစေချင်တာပါ။

    ကျနော့သိမြင်မိသလောက် ပြောရရင်တော့ ဒီခေတ်မှာ မျိုးချစ်စိတ်ရှိရမယ်၊ ကိုယ်ကျိုးစွန့်ပြီး အများအကျိုးသယ်ပိုးရမယ် စသဖြင့် ယေဘူယျဆန်ဆန် လက်ဆုပ်လက်ကိုင်မရှိတဲ့ စကားလုံးတွေနဲ့ လူငယ်တွေရဲ့ စိတ်ကိုတင်းတင်းကျပ်ကျပ်ချည် နှောင် မထားသင့်တော့ဘူးလို့ ထင်မိတယ်။

    တကယ်လက်တွေ့မှာလည်း အဲဒီစကားတွေဟာ လူငယ်တွေအတွက် အားမ ဖြစ်ဘဲ ကိုယ့်ကိုယ်ကို အကာအကွယ်ယူတဲ့ ခြုံလွှာ တွေလိုဖြစ်နေတတ်တယ်။
    လူငယ်တွေရဲ့ပင်ကိုယ်စရိုက်မှာကိုက ပရဟိတ စိတ်တွေ ကိန်းအောင်းနေပြီးသားပါ။
    အရေးကြီးတာက အတွေးအခေါ်လွတ်လပ်မှုရှိဖို့ကိုပဲ လမ်းဖွင့်ပေးရမှာ။
    တိုင်းပြည် မှာ အရေးကြုံတဲ့အခါ စိတ်လွတ်လပ်မှု ရှိသူတွေကသာ ပြဿနာကို ရင်ဆိုင် ဖြေရှင်းတတ်တာမဟုတ်လား။

    ————ကျနော့်တို ့တိုင်းပြည်မှာတော့ လူငယ်တွေ ကိုယုံကြည်ဖို ့လိုတယ်

  • kai

    October 17, 2012 at 6:22 am

    http://burma.irrawaddy.org/archives/22938
    လူ့အခွင့်အရေး စိတ်ချရမှ စစ်ရေး ပူးပေါင်းမည်ဟု ပင်တဂွန်ပြော

    “လူ့အခွင့်အရေးကို လေးစားတာ၊ အရပ်သားက စစ်တပ်ကို ကြီးကြပ်တာနဲ့ လုပ်ငန်းပွင့်လင်းမြင်သာမှု ဆိုတာတွေက စနစ်ကျတဲ့ ခေတ်မှီတပ်မတော်တွေရဲ့ အရည်အသွေးတွေဖြစ်ပါတယ်။ အဲ့ဒီအရာတွေဟာ တရားဝင်မှုအတွက် အရေးပါတဲ့ အရာတွေပါပဲ။ အမေရိကန်ပြည်ထောင်စုရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒီကိစ္စတွေမှာ သိပ်ကို အလေးအနက်ထားပါတယ်” လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဌာနရဲ့ အာရှနဲ့ ပစိဖိတ်လုံခြုံရေးကိစ္စရပ်များဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး ကေသီ ဝေလ်ကင်ဆင် Major Catherine Wilkinson က ပြောပါတယ်။

  • pazflor

    October 20, 2012 at 10:21 pm

    ဟိဟိ သူကြီးမင်းကတော့သဘောတူမှာမဟုတ် 😀

    နိုင်ငံကြီးသားများ အတွက် ပြည်သူ့ နီတိ

    မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ နိုင်ငံ အားလုံးနှင့် နှိုင်းယှဉ်လျှင် အကျယ်အဝန်း အရ သော်လည်းကောင်း၊ လူဦးရေ အရ သော်လည်းကောင်း၊ နိုင်ငံငယ်ကလေး တစ်ခု မဟုတ်ကြောင်း၊ မြန်မာနိုင်ငံထက် အရွယ်အစား အားဖြင့် ကြီးသော နိုင်ငံများမှာ ၃၉ နိုင်ငံသာ ရှိပြီး မြန်မာနိုင်ငံ ထက် သေးသော နိုင်ငံမှာ ၂ဝ၉ နိုင
    ်ငံ ရှိကြောင်းနှင့် လူဦးရေအားဖြင့် ဆိုလျှင်လည်း မြန်မာနိုင်ငံထက် များသော နိုင်ငံမှာ ၂၅ နိုင်ငံသာ ရှိပြီး မြန်မာနိုင်ငံထက် လူဦးရေ နည်းသောနိုင်ငံ စုစုပေါင်း ၂၁၆ နိုင်ငံ ရှိကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသားများ အနေနှင့် မိမိတို့ ကိုယ်ကို မိမိနိုင်ငံငယ်ကလေး တစ်ခုက နိုင်ငံသားများ အဖြစ် မမှတ်ယူ စေလို ဘဲ နိုင်ငံကြီးသားများ အဖြစ် မှတ်ယူကာ နိုင်ငံကြီးသားများ၏ ဂုဏ်အင်္ဂါနှင့် ထိုက်တန်သူများ အဖြစ် မိမိတို့ဘာသာ တည်ဆောက်မြှင့်တင် ထားသင့်ကြောင်း အွန်လိုင်း ဆောင်းပါး တစ်ပုဒ်တွင် ဖော်ပြထားပါသည်။

    မှန်ပါသည်။ မြန်မာနိုင်ငံသည် သမိုင်းကြောင်းအရ သော်လည်းကောင်း၊ ယဉ်ကျေးမှုအရ သော် လည်းကောင်း နိုင်ငံတကာ တွင် အောက် တန်း နောက်တန်း က ရှိခဲ့သော နိုင်ငံတစ်ခု မဟုတ်ခဲ့ပေ။ နိုင်ငံသားများ၏ အရည်အချင်း ညံ့ဖျင်းသောကြောင့် မဟုတ်ဘဲ ၁၉၆၂ ခုနှစ်နောက်ပိုင်း ကျင့်သုံး အုပ်ချုပ်ခဲ့သော စနစ်ဆိုးကြောင့် အများ အထင်သေးခံ ရသည့် အခြေအနေသို့ ရောက်ရှိ သွားခဲ့ရခြင်း ဖြစ်ပါသည်။

    မျက်မှောက် မြင်တွေ့နေရသည့် စည်းကမ်းမဲ့မှုများ၊ အပြစ်တင်စိတ်ကဲသော ရှုမြင် သုံးသပ်မှုများ၊ ပုဂ္ဂိုလ်ရေး သက်သက် ချိုးနှိမ် တိုက်ခိုက်မှုများ၊ ကိုယ်ကျိုးသက်သက် ကြည့်ကာ အများအကျိုး လျစ်လျူရှုမှုများ၊ အချောင်စီးပွားဖြစ် လိုသူများ၊ အပြောင်းအလဲ ကို မသိသူများ၊ အပြောင်းအလဲကို အခုအခံ ကြီးကြီးဖြင့် ကာဆီး လိုသူများ၊ အာဏာ ဖက်တွယ်လိုသူများ စသည့် နိုင်ငံကြီးသားများ၏ ဂုဏ်အင်္ဂါနှင့် ဆန့်ကျင်ဘက် ဖြစ်နေမှု များသည် နှစ် ၅ဝ ကာလ ကျင့်သုံးခဲ့သော စနစ်ဆိုး၏ အလွဲဩဇာ သက်ရောက်မှုများ ဖြစ်ပါသည်။

    ကုန်ခဲ့သည့် နှစ်ငါးဆယ် မတိုင်ခင်ကမူ မြန်မာနိုင်ငံသည် ဒေသတွင်းတွင်ရော ကမ္ဘာပေါ်တွင်ပါ အများက လေးစား ခံ့ညားရသည့် နိုင်ငံကြီး တစ်ခု ဖြစ်ခဲ့ပါသည်။ ထိုသို့ ဖြစ်စေရန်လည်း လွတ်လပ်ရေး ရပြီး အချုပ်အခြာ ပိုင်နိုင်ငံ အဖြစ် ရပ်တည်ချိန်မှ စကာ နိုင်ငံသားတို့၏ အသိပညာ ရေချိန်ကို ထိုခေတ် ပညာရေး စနစ်က မြှင့်တင် ပေးခဲ့ ခြင်းဖြစ်ပါသည်။ နိုင်ငံသားတို့၏ အသိပညာ ရေချိန်နှင့် နိုင်ငံကြီးသားများ အဖြစ် လေ့ကျင့် မြှင့်တင် ပေးရေး အတွက် အဓိက အရေးကြီးသည်မှာ Civic Education ခေါ် ပြည်သူ ့နီတိ ဖြစ်ပါသည်။ ထိုခေတ်က ပညာရေး စနစ်အရ အခြေခံပညာ မူလတန်းမှ စကာ အလယ်တန်း၊ အထက်တန်း၊ ကောလိပ်၊ တက္ကသိုလ် အဆင့်အထိ သူ့အဆင့်နှင့်သူ လိုက်လျောညီထွေ ရှိမည့် ပြည်သူ့နီတိကို သင်ကြားပေးပါသည်။ ထိုပညာရေး စနစ်ကြောင့်ပင်လျှင် မြန်မာနိုင်ငံနှင့် နိုင်ငံ သား များ နိုင်ငံတကာ အလယ်တွင် ဂုဏ်သိက္ခာ ရှိရှိ အဆင့်တန်း မြင့်မြင့် ရှိခဲ့ခြင်း ဖြစ်ပါသည်။

    ထို့ကြောင့် ယနေ့ ဒီမိုကရေစီ အသွင်ပြောင်း ကာလမျိုးတွင် နိုင်ငံတော်၏ ရုပ်ပိုင်း ဆိုင်ရာ တိုးတက်မှုအပြင် စိတ်ပိုင်း ပါ ဖွံ့ဖြိုးစေရန် အလို့ငှာ အာဏာသုံးရပ် အပါအဝင်၊ စတုတ္ထ မဏ္ဍိုင်နှင့် ပဉ္စမမဏ္ဍိုင်တို့တွင် ရှိနေသူ အားလုံး ပြည်သူ့နီတိကို လေ့လာ သင်ယူကြရမည် ဖြစ်ပါသည်။ အထူးသဖြင့် ယနေ့လွှတ်တော်အတွင်း ရောက် ရှိနေကြသော လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရ အဖွဲ့အတွင်း သက်ဆိုင်ရာ နယ်ပယ် အလိုက် ဝန်ကြီး အဖြစ် တာဝန် ယူထားသူများ၊ တရားရေး မဏ္ဍိုင်မှ တာဝန်ရှိသူများ ပြည်သူ့နီတိကို အခြေခံမှ စကာ ယခုပင် လေ့လာသင်ယူ သင့်လှပါသည်။ သို့မှသာ ပြည်သူ့နီတိသည် နိုင်ငံ တည်ဆောက်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေး တည်ဆောက်မှုတို့တွင် မည်ရွေ့မည်မျှ အရေးကြီးကြောင်း ကောင်းစွာ သဘောပေါက်လာမည် ဖြစ်ပါသည်။

    လက်ရှိ နိုင်ငံ့တာဝန်ကို ထမ်းဆောင် နေကြသူ အဓိက ခေါင်းဆောင်များ၊ Stakeholder များ အနေနှင့် နောင်ဆယ်နှစ် အနှစ်နှစ်ဆယ်မှသည် အနှစ်ငါးဆယ် တစ်ရာ တိုင်သည် အထိ မျိုးဆက်သစ် များစွာတို့ ဆင့်ပွား အမွေ ခံကြရမည့် ဒီမိုကရေစီ မြန်မာနိုင်ငံတော်ကြီး တစ်ခု အဖြစ် ကမ္ဘာ့အလယ်တွင် ခေါင်းမော့ ရင်ကော့နိုင်သည် အထိ
    မျှော်တွေး စဉ်းစား ကြပါမည့်အကြောင်း အထူး တိုက်တွန်း အပ်ပါသည်။

    (The Voice Editorial – 18.10.2012)

  • amatmin

    October 24, 2012 at 12:02 pm

    နောက်ကြောင်းမပြန်ဖို့က ပြည့်သူ့ဆန္ဒအတိုင်းပါတဲ့ .ဒို့ ဘကြီးစိန် (ခွက်ဒစ်တူ ..ကိုဂီ) က ဆိုသတဲ့.. 🙂

    ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတအား Eleven Media Group မှ မေးမြန်းခဲ့သည့် မေးခွန်းနှင့် ပြန်လည်ဖြေကြားချက်
    SUNDAY, 21 OCTOBER 2012 19:51
    – မေး –
    ယနေ့ (၂၁-၁၀-၂၀၁၂)တွင် ကျင်းပသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပြည်တွင်းမီဒီယာများ ပထမဆုံး တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား Eleven Media Group မှ မေးမြန်းခဲ့သည့် မေးခွန်းနှင့် သမ္မတမှ ပြန်လည်ဖြေကြားခဲ့သည်များကို ဖော်ပြအပ်ပါသည်။

    ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံတော်သမ္မတကြီး အနေနဲ့သော်လည်းကောင်း၊ လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဋ္ဌအပြင် လက်ရှိတပ်မတော် ခေါင်းဆောင်တွေက လေးစားတယ်လို့သိရတဲ့ ယခင်တပ်မတော်ခေါင်းဆောင်ဟောင်း တစ်ယောက်အနေနဲ့ ဒီမေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါတယ်။ လက်ရှိမှာ တိုင်းရင်းသား ပြန်လည်စည်းလုံး ညီညွတ်ရေးအတွက် လုပ်ဆောင်နေတာတွေဟာ ခရီးအတော်ရောက်နေတာကို တွေ့ရပါတယ်။ ဒီလိုအချိန်မှာပဲ နိုင်ငံတော်သမ္မတကြီးရော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကပါ ဘယ်တော့မှ နောက်ပြန်မသွားဘူးလို့ ပြောကြားထားတာ နိုင်ငံတကာက အသိဖြစ်ပါတယ်။ တစ်ဖက်မှာလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေး သည်းသည်းမဲမဲ တိုက်ခိုက်ရေးသားတာတွေကို Myanmnar Express ဝက်ဘ်ဆိုက်မှာ တွေ့ရသလို တပ်မတော်အရာကြီး တစ်ချို့ကြားထဲမှာ ကုလားမဆိုတဲ့ အသုံးအနှုန်းမျိုး သုံးနှုန်းနေတယ်လို့ ကြားသိရပါတယ်။ ဒီလိုအချိန်မှာ နောက်ပြန်သွားနိုင်မလားဆိုတဲ့ သံသယတွေ ရှိနေပါတယ်။ တစ်ဖက်မှာလည်း ဒီမိုကရေစီ အင်အားစုတွေကြားထဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံသူတွေကြားထဲမှာ ပြန်လည်လက်စားချေလိုတဲ့ သဘောအသုံးအနှုန်းမျိုးနဲ့ လုပ်ဆောင်တဲ့ အနေအထားတွေ တွေ့နေရပါတယ်။ ဒီအခြေအနေမှာ ပြည်သူတွေကြားထဲနဲ့ နိုင်ငံရေးကျွမ်းကျင်သူတေ ွကြားထဲမှာ နောက်ပြန်သွားနိုင်မလားဆိုတဲ့ သံသယတွေရှိနေပါတယ်။ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ရခိုင်နဲ့ဘင်္ဂါလီကိစ္စမှာ ဆိုရင်လည်း ရခိုင်တိုင်းရင်းသားတွေကြောင့် အစပြုဖြစ်ခဲ့ရတဲ့သဘောမျိုး အစီရင်ခံစာထွက်ရှိလာသလို ကချင်ပြည်နယ်ကိစ္စကလည်း ရှိနေဆဲပါ။ ဒီတော့ ကျွန်တော်တို့ယူဆတာက ဒီလိုနောက်ပြန်မလှည့်နိုင်ဖို့၊ သံသယတွေမရှိဖို့ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ဖို့က အဓိကကျမယ်လို့ ထင်ပါတယ်။ အဲဒီအတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်လို့ လက်ရှိမှာလုပ်ဆောင်နိုင်တဲ့ အနေအထားတွေရှိတဲ့ နိုင်ငံတော်သမ္မတကြီး၊ လွှတ်တော်ထဲမှာ မဲအများဆုံးရရှိပြီး ရောက်ရှိနေတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖက်ဒရယ်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပြင်ဆင်နိုင်ဖို့ အကောင်းဆုံးအနေအထားမှာ ရှိနေတဲ့အတွက် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အစီအစဉ် ရှိပါသလား၊ ဒါမှမဟုတ်၂၀၁၅ ရွေးကောက်ပွဲ ကျော်လွန်ပြီးမှ အခြားပါတီနိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် အခြေအနေမျိုးမှာမှ ပြုပြင်ဖို့ အစီအစဉ်ရှိပါသလားဆိုတာ သိချင်ပါတယ်။

    – ဖြေ –
    နောက်ပြန်လှည့်မလား၊ မလှည့်ဘူးလားဆိုတာကတော့ ပြည်သူတွေရဲ့ ဆန္ဒပေါ်မှာမူတည်ပါတယ်။ ကျွန်တော်ထင်ပါတယ်။ ပြည်သူကို မေးကြည့်ရင်တော့ ဘယ်လိုမှ နောက်ပြန်လှည့်ချင်တဲ့ ဆန္ဒမရှိတော့ပါဘူး။ ပြည်သူက နောက်ပြန်မလှည့်ချင်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ကလည်း နောက်ပြန်မလှည့်နိုင်အောင် ကြိုးစားပြီးလုပ်ရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးမှာတော့ သဘောထားတွေကတော့ အမျိုးမျိုးရှိမှာပါ။ တူညီတဲ့ အချက်တွေရှိတယ်။ မတူညီတဲ့ အချက်တွေရှိတယ်။ နိုင်ငံရေးသမား ဆိုတာကတော့ ချီးမွမ်းခံရတာတွေရှိသလို၊ အဆဲခံရတာတွေလည်း ရှိမှာပါပဲ။ ရှေ့ကိုပဲ ချီတက်သွားဖို့လိုတယ်လို့ ဒီလိုပဲကျွန်တော်ပြောချင်ပါတယ်။ နောက်တစ်ခုက ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ရေးမပြင်ရေးကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာလည်း ပြင်ဆင်နိုင်တဲ့ အခွင့်အလမ်းတွေ ပေးထားပြီးဖြစ်ပါတယ်။ အဲဒီမှာအခန်း ၁၂ ဆိုလို့ရှိရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်နိုင်တဲ့ Amendement ပေါ့။ လုပ်ထုံးလုပ်နည်းတွေ ဘာတွေညာတွေလည်း ပါတာပေါ့။ ကျွန်တော့်သဘောထား တစ်ရပ်ထဲနဲ့တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လိုက် ဒီလိုမျိုးပြောလို့တော့မရဘူး။ မပြင်ပါနဲ့လို့ သွားပြောလို့ကလည်းမရဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရေးမပြင်ရေးသည် ပြည်သူတွေက ရွေးချယ်တင်မြောက်ထားတဲ့ လွှတ်တော်ထဲမှာရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆန္ဒအပေါ်မှာပဲ မူတည်တယ်လို့ ကျွန်တော်တို့ ပြောရမှာဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ထုံးလုပ်နည်းကလည်း ဒီအတိုင်းပါပဲ။ လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်ကနေပြီးတော့ ပြင်ဖို့ ဟိုဒင်းလုပ်ရင် ဘယ်လိုတွေ ဆက်လုပ်ရမယ် ဘာညာပါပြီးသား ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ ပြင်ဆင်နိုင်တဲ့ အခွင့်အလမ်းတွေ ကျွန်တော်တို့ပေးထားပြီး ဖြစ်ပါတယ်။ ပြင်ရေးမပြင်ရေးသည် ခုနကပြောတဲ့ ပြည်သူတွေက ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားအတိုင်းပဲ ဖြစ်ပါတယ်။ ဒီလိုပဲ ကျွန်တော်တို့ ပြန်ဖြေရမှာ ဖြစ်ပါတယ်။

    http://news-eleven.com/index.php?option=com_content&view=article&id=16079:-eleven-media-group-&catid=42:2009-11-10-07-36-59&Itemid=112

    • amatmin

      October 25, 2012 at 1:39 pm

      “တကယ်ဒီမိုကရေစီလိုလားတဲ့သူတိုင်းမှာ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပုဒ်မတွေကို ပြင်ဆင်ဖို့က ကိုယ့်တာဝန်ပဲလို့ မှတ်ယူရပါမယ်။ နောက်ပြီးတော့ နိုင်ငံတော်သမ္မတကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေ ညီလာခံရဲ့ဥက္ကဋ္ဌ မဟုတ်ဘူးလား” ဟု ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် လွှတ်တော်ကိုယ်စားလှယ်များပေါ်တွင်သာ မူတည်ကြောင်း သမ္မတကြီး၏ ပြောကြားချက်နှင့်ပတ်သက်၍ မေးမြန်းရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့ပါသည်။

      ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် NLD ပါတီအနေဖြင့် မည်သည့်အချိန်တွင် အဆိုတင် သွင်းမည်နည်းဟု Eleven Media Group ၏ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က “ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ဖို့ဆိုတာကတော့ ကိုယ့်မှာဘယ်လောက်အထိ အောင်မြင်နိုင်မလဲဆိုတဲ့ အခြေအနေကို ကြည့်ပြီးလုပ်ရမှာ ဖြစ်ပါတယ်။ ဘယ်ကစမလဲဆိုတာလည်း ဆုံးဖြတ်ရမယ်” ဟု ဖြေကြားခဲ့ပါသည်။

      ထို့အတူ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်ပါဝင်သော သမ္မတလောင်း အရည်အချင်းများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “အဲဒီ ဥပဒေကို အမေတို့သဘောမတူဘူး။ အဲဒါကြောင့် တကယ်ပဲမျှမျှတတနဲ့ ပြိုင်ချင်တယ်ဆိုရင် ဒီဥပဒေကို မျှတအောင်လုပ်ရမယ်” ဟု ပြောကြားခဲ့သည်။
      “နောက်သက်တမ်းမှာ အရွေးချယ်ခံချင်တဲ့ မည်သူမဆို အားလုံးကနေ မျှမျှတတ အခြေခံပေါ်ကနေ ရွေးချယ်နိုင်အောင်လို့ ကြိုးစားပေးစေချင်တယ်။ အကုန်ပြင်ရမှာပဲ။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကြီးက တရားမျှတမှုမှ မရှိတာ။ တရားမမျှတတဲ့ ဥပဒေအရတော့ ခေါင်းဆောင်လုပ်ချင်စိတ် မရှိသင့်ဘူးလို့ ဒီလိုပဲမြင် တယ်” ဟု သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ပါသည်။

      http://news-eleven.com/index.php?option=com_content&view=article&id=16109:2012-10-24-05-01-04&catid=42:2009-11-10-07-36-59&Itemid=112

  • kai

    October 24, 2012 at 3:00 pm

    *********************************************************
    BURMA RELATED NEWS OCTOBER 19-23, 2012.
    *********************************************************
    AP – Myanmar: New clashes between Muslims, Buddhists
    AP – In Myanmar, only sickest HIV patients get drugs
    AP – Land battles surface in Myanmar as reforms unfold
    AP – Myanmar leader holds milestone 1st press briefing
    AP – Myanmar army may get invite to US-Thai exercise
    Reuters – U.S. says Myanmar “on right track” over North Korea arms ties
    AFP – Myanmar leader says no longer afraid of media
    AFP – Myanmar president sees new investment law ‘in days’
    AFP – Myanmar minorities fight to save mother tongue
    AFP – Couple’s love bridges Myanmar religious divide
    AFP – Myanmar leader says open to aid for Muslims
    Asia News Network – Myanmar a game-changer in US relations in Asia?
    Indian Express – Myanmar migrant sent out messages that sparked Azad Maidan riot: Police
    Business Wire – Research and Markets: Myanmar – An Emerging Mineral Producer
    IANS – Myanmar, India entrepreneurs to meet
    IANS – Myanmar airlines to launch flights to Bihar
    FIFA – Myanmar, the former rulers in revival mode
    IRIN – MYANMAR: Demining moves a step closer
    The Irrawaddy – Permanent Residency Not for All Foreigners: Minister
    The Irrawaddy – 500 NLD Members to Quit in Pathein
    The Irrawaddy – Violence Reignites in Arakan State
    Mizzima News – Germany to help build new Rangoon airport
    Mizzima News – Japanese foundation gives direct aid to UNFC group
    Mizzima News – Land confiscation issue major concern for Burma’s rights groups
    DVB News – Several labourers injured after Thai, Burmese nationals clash
    DVB News – Police officers taken into custody following interview
    *********************************************************

Leave a Reply