ချီလေတဲ့ …… ချီလေ

ကြီးဒေါ် ဒေါ်မြင့်မြင့်ကြည် သီချင်းလေး တစွန်းတစ ရွတ်နေမိပါသည်။ နွေဦး မဟုတ်ပေမဲ့ လေကတော့ တဖြူးဖြူးနဲ့ကိုး ….

သီချင်းတော့ အပြည့်မရတော့ပါဘူး ဟိုတစ်ချိန်က တစွန်းတစ ကြားဖူးတာလေးပါ ဘာတဲ့ … ချီလေတဲ့ ချီလေ.. ထိုစဉ်မှ ဟိုတောင်တန်း ကျော်လွှားလို့သာ .. အာ..အာ မြတ်ပန်းရဂုံ ဒန့် တန့် ဒယ်…. သိတော့ဘူးဗျာ။

ဒီလိုဗျ ……

နေရာကား မွန်ပြည်နယ် ကျိုက်ထိုမြို့ အရှေ့ဘက် ကမာ္ဘ့တန်းဝင် ဘုရားရင်ပြင်ပါ မကျန် လေလံဆွဲခြင်း ခံထားရသော ကျိုက်ထီးရိုး ဆံတော်ရှင် ဘုရားကြီးအား လွန်မြောက်သော သကာလ အရှေ့ဘက် ယွန်းယွန်းရှိ ဒေါနတောင်တန်းကြီးနှင့် အပြိုင်စီးဆင်းနေသော မြစ်အတွင်းဝယ် အကျနုတ်သည်ကား ဒေသခံလူများဟု ထင်ရသော စောယူစွတ်၊ စောအာမက်၊ စောဟုန်ကျင့်၊ စောတိန့်ဖိန်း တို့နှင့်တကွ တစ်လှေတည်းစီး တစ်ခရီးတည်း အတူသွား….နေချိန် …..။

အချိန်ကား မွန်းလွဲ ၂နာရီခန့်သာသာပင် ဖြစ်လင့်ကစား အုံ့အုံ့မှိုင်းမှိုင်း တိမ်သားထုတို့အောက်ဝယ် ပြိုဟန်ဆင်ရိပ်ရှိသော အထက်မိုးကောင်းကင်၏ အောက်ဝယ် အလိုက်အထိုက်ထက်ပိုသော လေအေးတို့သည် ကလူကျီစယ်သည်ထက် ပင့်မြောက်သယောင် ခြိမ်းခြောက်သယောင်နှင့် စိတ်အစဉ်အား တို့ထိသွေး…စမ်းနေချိန်….။

အကြောင်းအရာကား ဘာရယ်မဟုတ်၊ မဟုတ်ရယ်ဆိုလဲ ယုတ်တိမတန်၊ မတန်ရာ ဆင်ခြေဖြင့်လဲ ပြောဖို့ရယ် အခြေမသာ၊ တိတိပပ လှစ်ဟရသော် ကျားမနိူင် အမည်ရှိ ဆေးမြစ်တမျိုး ပြည်တွင်း အကြောပြေ လိမ်းဆေး ဈေးကွက်အတွက် ထိုးဖောက်ခြင်းမမည်၊ ကုန်ကြမ်းရှားပါးမှု အကြောင်းတည်၍ ထိုးဖောက်ဝင်ရောက်မှု သဘောဆောင်စေကာ လူစားသွား ပွဲစားလုပ် အဝယ်တော် အမည်ခံ မလှိမ့်မပတ် ထဲဒဲ့ ခရီး….နှင်နေချိန် …။

ဖွဲ့ချီလိုသည်ကား ကြောင်းရာဖွဲ့တည် စာနှယ်စီ၍ အတင်းတပုဒ်၊ သတင်းလုပ်ကာ တင်ပြသည်ဝယ် လုံးရေမပြည့် ကျုံ့သေ့စေခြင်း မရှင်းဖြစ်ဝယ် ပြစ်မယ်တည်ကျန်၊ အမှန်ကိုလဲ ချင့်ချိန်ဆွဲ၍ ထောက်ညာတင်ထား အချင်းများခြင်း သက်ဆင်းကြုံလျှင်၊ စီလျော် ကျိုးကြောင်း ဆိုးကောင်းရင်းထက် နှောင်းဖြစ်မဲ့ကုန် အလုံးစုံသည် လွှဲမှားတွေးယူ အဆူဆူသော ပြုဖွအရပ် မှတ်၍ထင်မြင် အများချဉ်သော စာမူရှင်မို့ မှန်သည်ဖြစ်စေ ပုဂ္ဂိုလ်ထွေ၍ ရောယှက် ထွေးရှုပ် လိုရင်းမြုပ်မည်လည်း …. စိုးနေချိန်။

ဆိုလိုသည်ကား တစ်နေရာသို့ အရောက် ဟိုဘက်ကမ်းတွင် သွားကြားထိုးတံ အချိန် ၇၀ဝခန့်၊ သည်ဘက်ကမ်းတွင် သွားကြားထိုးတံ အချိန် ၁၂၀ဝခန့် စုံပုံနေသည်ကို လူတစုမှ အနည်းငယ် ၈ချောင်း ၁ဝချောင်းခန့် တဝင်းဝင်းလက် အရာများဖြင့် မှတ်တမ်းတင်ခြင်းသမှု ပြုနေသည်ကို စိတ်တွင် ထူးဆန်း ဘဝင်လဲမကျ ပေါ်တင်လဲ မမေးရဲ၍ တိုးတိတ်မေးကြည့်ရာ အပြသဘောဆောင်နေကြောင်း သိရသည်တမုံ့ အငုံ့စိတ်ကို အကြာဖျောက်၍ ဘယ်သူ့ဟာတွေတုန်းမို့ဟု မြန်မာသံဝဲဝဲဖြင့် မေးမြန်းရာ

အချိန် ၇၀ဝခန့်မှာ အနားယူသွားသူ ဒုတိယဘုံဆင့် အမြင့်ရှိသော အရှင်ကြီး၏ သွေးချာရင်နှစ် သားချစ်အမည် ခံကာတည်ပြု ၎င်းတို့၏ ဆွေမျိုးတဖုံ ….

အချိန် ၁၂၀ဝခန့်မှာ ကာလရှည်ကြာ နားယူနေမှ တဖန်ချစ်ခြင်း ပြန်သက်ဆင်း၍ ကောင်းကျိုးတည်ပြု အစုစုကို ထုဖော်နေသူ (  )မျိုးဆက်တို့၏ အစုအဖွဲ့တည်း ….

ဤတွင် အကျနုတ်၏ အတင်းသတင်းကြီး ပီးလတ္တံ့ ( ခရီရ်ဒစ်တူ ဟာနုအံ )

…………………………………………………………………………………………………………………………………….

မှားသည် မှန်သည်

ထိုနှစ်လီကို ပြုဖွယ် ငြင်းခုံ

ကြောင်းစုံလိုသော်

လာလော့ မိတ်ဆွေ

လှမ်းလော့ မိတ်ဆွေ

ချီလေတဲ့ ….. ချီလေ

25 comments

  • မောင်ပေ

    October 3, 2012 at 2:07 am

    ချီလေ
    မြည်စေ
    ပလီမေ
    အပီဘေ
    ညှီထွေ
    ရီနေ
    ကီပြေ

    • ရဲစည်

      October 3, 2012 at 5:34 pm

      ပထမဆုံး လာအားပေးလို့ ကျေးဇူးပါ အူးပေ..
      ခုနိမ့် ထမင်းဆိုင်လေးမှ တညင်းသီးချက်လေး သတိရပါကြောင်း..။

      • စိန်ဗိုက်ဗိုက်

        October 4, 2012 at 10:44 am

        ယခုမှစ၍ ဘလာဒီမာရဲစည်အား အလည်လာလျင် အိမ်သာအသုံးပြုခွင့် ပိတ်လိုက်သည်
        ဂိန်

  • surmi

    October 3, 2012 at 1:27 pm

    အဲဒီ မီးခြစ်ဆံတွေယူခဲ ့ ပေါ ့ ကရဲစီရယ်
    ဒီရောက်ရင်ဈေးကောင်းရချင်ရမှာ ဒါနဲ ့
    ဖိုးမူ လေးတွေရောတွေ ့ခဲ ့သေးလား
    :kwi:

    • ရဲစည်

      October 3, 2012 at 5:27 pm

      မီးခြစ်ဆံဟုတ်ပါဘူးဗျ အူးလေး ဆာမိရ သွားကြားထိုးထံပါ…။
      ကျနော်က နှမြောတာပါ.. ဒီအတိုင်း အကြမ်းထည်ပို့မဲ့ အစား အချောထည် လုပ်ပီး အပြင်ထုတ်ရောင်းရင် ဒိထက်ပို ရနိူင်မယ်လို့လဲ ထင်လို့ပါ။

  • kyeemite

    October 3, 2012 at 1:30 pm

    သွားကြားထိုးတံ လုပ်လို့ တောပြုန်းကုန်တာပေါ့တော်.. :kwi:

    • ရဲစည်

      October 3, 2012 at 5:40 pm

      အန်ကယ်မိုက် ခင်ည..
      တချို့နေရာတွေ ပေ ၄၊ ၅ထောင်ကျော် မတ်မတ်စောက်စောက်တွေမို့ လောလောဆယ် မကုန်သေးပါကြောင်း။ စောမူတူးတို့ စောအာမက်တို့ စောဟုန်လျောင်တို့ လာနေပီဆိုတော့
      မကြာခင် ဒေါနတောင်တန်းကြီးလည်း အနော့်ကေနီးနီး မြင်ရတော့မည် ဖြစ်ပါကြောင်း….။

  • ရွှေ ကြည်

    October 3, 2012 at 1:37 pm

    မောင်ရဲစည် မြန်မာသံဝဲဝဲဖြင့်မေးသည်ကိုနားလည်ကြ၍တော်ပေးသေး၏။
    တခါသုံးတူများရောတွေ့ခဲ့ပါလေးလား မောင်ရဲစည်ရှင့်..။

    • ရဲစည်

      October 3, 2012 at 5:29 pm

      တွေ့သမှ တွေ့ပဗျာ…
      ဒါတောင် အချို့အရပ်များ လက်လှမ်း မမှီသေးလို့ ကျန်နေသေးသဗျို့…။

  • Shwe Ei

    October 3, 2012 at 4:57 pm

    တော့ ကယွဲစည် ဒီတခေါက်သွားတာ တယ်ကြာသကိုး။ ပြန်လာတေ့ာလဲ သွားကြားထိုးတံ ကိတ်စ သတင်းလုပ်ရေးရတယ်လို့။ အဲဒီ သွားကြားထိုးတံ ရွာထဲကလူတွေကိုပြရအောင် နမူနာလေးတချောင်းလောက် ယူလာခဲ့ရောပေါ့တော်။ ဒီကလူတွေက မက်စိနဲ့မမြင်ရရင် ယုံကြတာမဟုတ်မှန်းသိသားနဲ့။ :harr:

    • ရဲစည်

      October 3, 2012 at 5:32 pm

      ဂျီးဒေါ် ယွှေအိယေ….
      ရွာထဲက လူများအတွက် နမူနာ မရတောင် ဒတ်ပုံလေးတော့ ရိုက်ချင်သား ..။
      သို့ပေသိ အနော့် ကင်မလာ အစုတ်ကလေးကို အစကတည်းက သူရို့သိမ်းထားလိုက်ကြသဗျို…။
      ဒါကြောင့်မို့ မပြနိူင်တာမို့ ယုံချင်ယုံ မယုံလျှင်လည်း သဘောအတိုင်းပါဗျို့….။

  • ကြောင်ဝတုတ်

    October 3, 2012 at 5:16 pm

    ကိုရဲစည်တို့ကတော့ လုပ်တော့မယ်…
    သူက သွားကြားထိုးတံရမလားဆို ဂွင်သွားရှာတာ… ကိုယ့်ထက်ဦးတဲ့လူက
    ဟိုဘက်ကမ်းတောင်ပို့ပြီးနေလို့ ဝမ်းနည်းမှောက်လျက် ပိုစ့်ရေးတင်ရရှာတယ်…
    ရန်ကုန်ပြန်လာမှာ ဝမ်းနည်းမှောက်လျက်နေပေတော့ဗျာ…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • ရဲစည်

      October 3, 2012 at 5:37 pm

      အူးလေး အစ်ကို ဘရာသား အန်ကယ် ကြောင်ဝရေ…
      ဝမ်းနည်းတာထက် အကျိုးဆက်တခု ပိုရပါကြောင်း ..။
      သူများမကောင်းကြောင်း .. ကိုယ့်ကောင်းကြောင်းကို ပြန်လာမှ အတင်းတုတ်တော့မယ်ဗျို့
      အထူးအဆန်းတွေ ကြားသိတွေ့မြင် ခဲ့ရပါ၏။

  • ချီလေတဲ့ .. ချီလေ ..
    ရီစေဒဲ့ .. ရီစေ ..
    ခွီ .. ခွိ .. ခွိ .. အဟိ .. ((( ဂွိ )))
    ဗိုက်ချာလာပီ …. (ဘာမှလည်း ဆိုင်ဝူး) :mrgreen:
    ဟေ့လူ ဥရဲစိ ..
    ကျုပ်လည်း မန့်ချင်ဒါ .. ဘာမန့်ရမှန်း မသိဒါနဲ့ .. ဂလိုဘဲ မန့်ခဲ့ဒယ်ဂျာ ..
    မကျေနပ်လည်း အသေသာ သတ်လိုက် (ခြင်ဒွေဂို ပေါဒါ)

  • Fall Guy

    October 4, 2012 at 9:01 am

    အနားယူသူအစုအဖွဲ့ အား
    သွားလေသူအစုအဖွဲ့ အဖြစ် ကိုရဲစည်ကရာထူးတိုးမပေးခဲ့ဘူးလား….။
    သွားကြားထိုးတံတွေကို ဂဇက်ပိုင်သိမ်းရမှာ သဂျီးအမိန့်နဲ့……………။

  • ကြောင်ကြီး

    October 4, 2012 at 9:42 am

    ချီလေ
    ဤမြေ
    ဆီပေ
    ကြည်စေ၊
    ဒီနွေ
    ဂျီတပွေ
    ဖြည်ခွေ
    ဟီနေ..။

  • water-melon

    October 4, 2012 at 12:03 pm

    ချီပြီအေ့ ချီပြီ

    ကာတွန်းပုံလေးတွေဘယ်လိုထည့်တာလဲ ပြောပြအုန်းတော့ 😛

    • စိန်ဗိုက်ဗိုက်

      October 4, 2012 at 12:10 pm

      ဟဲ့ ငခြောက်မ တောင်ပြုန်းမ
      ဘယ်ချောင်မှာ ဘာပြုနေလို ့ခုမှ ရွာထဲဝင်ရသတုံး

  • အလင်းဆက်

    October 6, 2012 at 10:14 pm

    ဟဲ ့ပလုပ်တုတ်။ ဟိုဟာ..ကြိးက….
    ဖရဲမ …ပေါ့နော် ။

    အမလေး..အေ.. ဖရဲ..မ။

    ညည်း နှယ်….အပျော်အပါး မက်လိုက်တာ ။
    ညည်းကို ကိုယ်တော်ကြိးကိုယ်တော်လေး.နဲ ့ကို..တိုင်ဦးမယ် ။ တကတဲ….
    ဘယ်တွေ..သွားနေလို ့ပျောက်ချက်သားကောင်းနေရတာလဲ ။

    တောင်ပြုံးပွဲ..သွားနေတာလား ။

    🙂
    ================

    ကိုရဲ..ရေ….

    ရေးပါဦးနော် ။
    🙂

  • padonmar

    October 7, 2012 at 3:57 am

    ဗလာဒီမာ သုကျိတ် ရဲစည်
    အဲဒီ သီချင်းက ခင်သစ်လွင်ရဲ့ ပန်းရည်ဘဏ်တိုက် လေ။
    ဒို့ရွာတွက် ဓမ္မာရုံ တိုင်လုပ်ဖို့ သွားကြားထိုးတံ ၄-၅ ချောင်းလောက်ဆွဲခဲ့ရောပေါ့အေ။
    အကျနုတ်နှယ် အားမကိုးလိုက်ရလေခြင်း။
    ဟာနုအံရဲ့ကြီးတော် ရေသန့်ဒေဝီ

  • padonmar

    October 7, 2012 at 3:58 am

    ရဲစည်တွက် ဂျာအေးအကြောင်းပို့ထားတယ်နော်။

  • kai

    October 7, 2012 at 6:11 am

    လုံးဝ.. အလုံးအလုံးတွေ… အဝ…တည့်တည့်ရောက်နေတာတောင်.. ကျသည်မဟူ.. မကျသည်လည်းမဟူ..
    နားဆိုသော လူ၏ဦးခေါင်းဘယ်ညာဘေးဖက်တွင်.. ထောင်၍၎င်း.. ကပ်၍၎င်း..ရှိနေသော.. လူ့ဒွာရပေါက်တခုဖြစ်တော်မူထသော အရာ.. လည်သည်ပြောသော်လည်း.. မလည်ခြင်းသဘောရှိတော်မူထသော.. အရာ…
    မလည်ဘူးကွယ်..

    ဘာပြောတာလည်းဟင်င်င်… :kwi:

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    October 7, 2012 at 10:21 pm

    ဟုတ်မဟုတ်တော့သိဘူးဗျ
    ကျုပ်က သိပ်ဉဏ်မမှီလို့ဒီလိုပေါက်တယ် B…………….
    ( ဆိုလိုသည်ကား တစ်နေရာသို့ အရောက် ဟိုဘက်ကမ်းတွင် သွားကြားထိုးတံ အချိန် ၇၀ဝခန့်၊
    သည်ဘက်ကမ်းတွင် သွားကြားထိုးတံ အချိန် ၁၂၀ဝခန့် စုံပုံနေသည်ကို )
    အထက်ပါအကြောင်းအရာအား အီးယောင်ဝါးနည်းပညာဖြင့် ရှာဖွေဖေါ်ထုတ် အဖြေလုပ်ကြည့်ရာ
    အဓိပ္ပါယ်ကား ဤသို့မည်၏
    ဟိုဖက်ကမ်းတွင် သစ်အလုံး ခုနစ်ရာခန့် ( ဝါ ) သစ်တန်ချိန်ခုနစ်ရာခန့်
    သည်ဖက်ကမ်းတွင် သစ်အလုံး ထောင့်နှစ်ရာခန့် ( ဝါ ) သစ်တန်ချိန်ထောင့်နှစ်ရာခန့်
    ( လူတစုမှ အနည်းငယ် ၈ချောင်း ၁ဝချောင်းခန့် တဝင်းဝင်းလက် အရာများဖြင့် မှတ်တမ်းတင်ခြင်းသမှု
    ပြုနေသည်ကို )
    နိုင်ငံတော်တာဝန်ရှိစစ်ဆေးရေးအဖွဲ့က သစ်ရှစ်ချောင်း ဆယ်ချောင်းခန့်ကို ဓာတ်ရိုက်ဓာတ်ဆင်
    ကရိယာဖြင့် ဓာတ်ရိုက်ဓာတ်ဆင်လုပ်ပြီး ( ဆိုလိုတာက ဒီလောက်ဘဲပေါ့ )
    ကျန်တာကတော့ အဲ့သည်အတိုင်းပေဘဲလို့ အဓိပ္ပါယ်ဖွင့်ဆိုလိုက်သည်
    မှတ်ချက်။ ။ ဤကားရမ်းချခြင်းသာဖြစ်၍ မမှန်ခဲ့သော် ဘင်္ဂ ါလီလိုရေးသားစေ။
    စိတ်တွင် ထူးဆန်း ဘဝင်လဲမကျ ပေါ်တင်လဲ မမေးရဲ၍ တိုးတိတ်မေးကြည့်ရာ အပြသဘောဆောင်နေကြောင်း
    သိရသည်တမုံ့ အငုံ့စိတ်ကို အကြာဖျောက်၍ ဘယ်သူ့ဟာတွေတုန်းမို့ဟု မြန်မာသံဝဲဝဲဖြင့် မေးမြန်းရာ
    အချိန် ၇၀ဝခန့်မှာ အနားယူသွားသူ ဒုတိယဘုံဆင့် အမြင့်ရှိသော အရှင်ကြီး၏ သွေးချာရင်နှစ်
    သားချစ်အမည် ခံကာတည်ပြု ၎င်းတို့၏ ဆွေမျိုးတဖုံ ….
    …………………….
    ……………………….
    အချိန် ၁၂၀ဝခန့်မှာ ကာလရှည်ကြာ နားယူနေမှ တဖန်ချစ်ခြင်း ပြန်သက်ဆင်း၍ ကောင်းကျိုးတည်ပြု အစုစုကို
    ထုဖော်နေသူ ( )မျိုးဆက်တို့၏ အစုအဖွဲ့တည်း ….
    ဘယ်မျိုးဆက်လဲဟင် ??????????????
    ဟင်………..လို့???????????

    • kai

      October 8, 2012 at 2:44 am

      နဲနဲတော့ ပေါက်လာပြီ..
      ဆိုတော့..
      NLD ဘာလုပ်နေသလည်း .ဒေါ်အောင်ဆန်းစုကြည်ဘာလုပ်နေသလည်း မေးရတော့မှာပဲ..။
      အတိုက်အခံဆိုတာ.. ဒီလိုနေရာမျိုးမှာ အလုပ်ထမလုပ်.. ဘယ်နေရာလုပ်ချင်နေသလည်း… လို့.. ။

      ချွန်တွန်းမဟုတ်.. တုံးထိုး..
      (အတုံးနဲ့ထိုးရင်.. ပိုနာတယ်..) :mrgreen:

      • ကြောင်ကြီး

        October 8, 2012 at 3:18 am

        သစ္စာရှိသော အတိုက်အခံပါဆိုနေမှ ဒါမျိုးပြောစရာလား…။ ဘွားဒေါ်ဂျီးလည်း မအားဘူး၊ အမေရိကန်က ဝယ်လာတဲ့ ပစ္စည်းတွေ လေဆိပ်မှာ အသိမ်းခံရလို့ လိုက်ရွေးနေရတယ်။ Centrum Silver ဆယ်ဗူးတောင်ပါသတဲ့…။ :ha:

Leave a Reply