3-10-2012 ဗုဒ္ဓဟူးည ချန်ပီယံလိဂ် ပွဲစဉ်များ။

MgMobileOctober 3, 20121min986

မင်္ဂလာပါခင်ဗျာ။

ဒီနေ့ညရဲ့ ချန်ပီယံလိဂ် အုပ်စု ဒုတိယ ပွဲစဉ်များကတော့

10:30   =70  ဇင်းနစ်      2-60   အေစီမီလန်

1:15     အန်းဒါလက်ချ်     2-80   မာလာဂါ  =40

။       1-70 အာဆင်နယ် 3+25  အိုလံပီယာကော့

။       1+20 ရှော်ကေး     2-      မောင်ပယ်လီယာ

။       1-30  ဒိုင်နမိုကိဗ်   3+80  ဒိုင်နမိုဇာဂရက်

။       =40   ပေါ်တို       2-50    ပီအက်စ်ဂျီ

။      1+90 မန်စီးတီး     3+20    ဒေါ့မွန်

။               အေဂျက်     3-20    ရီရဲလ် 1-60

ယခုပွဲစဉ်များထဲမှ အကောင်းဆုံးပွဲစဉ်များကိုတင်ပြပါမယ်

10:30   =70  ဇင်းနစ်      2-60   အေစီမီလန်

ဇင်းနစ်ဟာ ဒီရာသီမှာကစားထားတဲ့ အိမ်ကွင်းပွဲစဉ်များမှာ

၆ ပွဲ ၃ ပွဲနိုင် ၁ ပွဲသရေ ၂ ပွဲရှုံး ရဂိုး ၁၁ ဂိုး ပေးဂိုး ၅ ဂိုး

အေစီ ဒီရာသီမှာ ကစားထားတဲ့ အဝေးကွင်းပွဲစဉ်များမှာ

၃ ပွဲ ၁ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲးရှုံး ရဂိုး ၅ ဂိုး ပေးဂိုး ၄ ဂိုး

ဇင်းနစ်ဟာ အိမ်ကွင်းရှုံးပွဲတစ်ပွဲသာရှိထားပြီး

အေစီ ကတော့ အဝေးကွင်ရလဒ်သိပ်ပြီးတော့ မစွံလှပါဘူး။

ပြီးခဲ့တဲ့ပွဲစဉ်မှာ ဇင်းနစ်ဟာ မာလာဂါကို ၃-ဝ နဲ့ရှုံးခဲ့သလို

အေစီဟာလဲ အန်ဒါလက်ချ်ကို ဝ-ဝ သရေကျခဲ့ပါတယ်

ဒါကြောင့်ဒီနှစ်သင်းဟာ အနိုင် ၃ မှတ်ရဖို့ ကြိုးစားလာမှာဖြစ်သလို

တိုက်စစ်ပိုင်း အဆုံးသတ်ကောင်းမွန် တဲ့အသင်းက အသာစီးရဖို့ရှိပါတယ်။

ဒီပွဲစဉ်မှာတော့ အိမ်ရှင်ဇင်းနစ် ထက်အေစီမီလန် ကိုပိုမို၍ အကြိုတ်တွေ့မိပါတယ်

အေစီမီလန်မှာ ဝါရင်ကစားသမား အမြားအပြားရှိနေတာကြောင့် ယခုလို ပွဲစဉ်မျိုးမှာ

ထိန်းကစားပြီး အနည်းဆုံး သရေ ၁ မှတ်တော့ အရယူသွားမှာပါ။

ဂိုးပေါ်င်းကတော့ အများပါ။

အေစီမီလန်နှင့် ဂိုးပေါင်းအများကို တွဲဖက် ဝယ်ယူထားပါက

အေစီမီလန် ၁ ဂိုးသွင်းနိုင်ရုံဖြင့် အရှုံးမရှိတော့တဲ့အတွက်

အရင်ညက ရွေးချယ်ပေးခဲ့တဲ့ Formula အတိုင်း ဘော်ဒီအောက်နှင့်

ဂိုးပေါ်င်းအပေါ်ကို ရွေးချယ်ပေးလိုက်ရပါတယ်။

——————————————–

အန်းဒါလက်ချ်     2-80   မာလာဂါ  =40

အန်ဒါလက်ချ် ရဲ့ယခုနှစ်အိမ်ကွင်း ကစားပုံဟာမာကျောမှုရှိတယ်လို့ ဆိုရမှာပါ

လက်ရှိ ၄ ပွဲကစားပြီးရာမှာ ၃ ပွဲနိုင် ၁ ပွဲသရေ ရဂိုး ၈ ဂိုး ပေးဂိုး ၃ ဂိုးသာရှိထားလို့

အိမ်ကွင်းကောင်းတဲ့ စာရင်းထဲမှာပါဝင်ပါတယ်။ ပထမဆုံး ကစားခဲ့တဲ့ ချန်ပီယံလိဂ်

အုပ်စုပွဲစဉ် မှာတော့ အေစီမီလန် မစွံခဲ့လို့သာ အန်ဒါလက်ချ်တို့ သရေ ၁ မှတ်ရခဲ့တာပါ။

ယခုယှဉ်ပြိုင်ရမယ့် မာလာဂါ ကတော့ အဝေးကွင်း ၃ ပွဲးကစားထားရာမှာ

၂ ပွဲနိုင် ၁ ပွဲသရေနဲ့ ရဂိုး ၂ ဂိုး ပေးဂိုးမရှိခြင်းက အဝေးကွင်းမှာ ထိန်းကစားပြီး

တန်ပြန်တိုက်စစ်တွေကနေ ဂိုးရဖို့ကြိုးစားတယ်ဆိုတာ ပေါ်လွင်နေပါတယ်။

အရင်ပွဲမှာလဲ ဇင်းနစ် ကို ၃-ဝ နဲ့အနိုင်ရထားတာကြောင့်လဲ အုပ်စုကကျွတ်ဖို့

အလားအလာ ကောင်းနေတဲ့ အသင်းဖြစ်ပါတယ်။ ဒါ့ကြောင့် ယခုလို အိမ်ဖြည့်အသင်းနဲ့

ဆုံတွေ့တဲ့ ပွဲစဉ်မှာ ထိန်းကစားရင်းနဲ့ တန်ပြန်တိုက်စစ်ကနေ ဂိုးတွေသွင်းယူဖို့ကြိုးစားလာမှာပါ။

မာလာဂါ မှာဝါရင် တိုက်စစ်မှုတွေနဲ့ ဝါရင်ကစားသမား အတော်များများ ရှိနေခြင်းက

ဒီပွဲရဲ့ရလဒ်ကို အကောင်းဆုံးဖြစ်အောင် ဖန်တီးနိုင်မှာပါ။ အနိမ်ဆုံးတော့ သရေပါပဲ။

ဒါ့ကြောင့်ဒီပွဲစဉ်မှာတော့ “မာလာဂါ” ကို ၄ဝ ရင်း၍ဝယ်ယူရမည့်ပွဲစဉ်တစ်ပွဲအဖြစ်

ရွေးချယ်ပေးလိုက်ရပါတယ်။

————————————————

1-70 အာဆင်နယ် 3+25  အိုလံပီယာကော့

ဒီပွဲစဉ်မှာတော့ ချန်ပီယံလိဂ်အုပ်စုပွဲ စဉ်တွေမှာ ခြေးစွမ်းပြလေ့ရှိတဲ့

အာဆင်နယ် အသင်းနှင့် ယခုနှစ်အဝေးကွင်း ပွဲစဉ် ၃ ပွဲးကစားထားရာမှာ

၃ ပွဲးစလုံး အနိုင်ကစားထားနိုင်တဲ့ အိုလံပီယာကော့တို့

ထိပ်တိုက်တွေ့ဆုံနေတဲ့ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။

အုပ်စုပထမ ပွဲစဉ်မှာ အာဆင်နယ်ဟာ မောင့်ပယ်လီယာကို

အဝေးကွင်းမှာ ၁-၂ နဲ့အနိုင်ရခဲ့ပါတယ်။

အိုလံပီယာကော့ကတော့ အိမ်ကွင်းမှာ ရှော်ကေး ကို ၁-၂ နဲ့ရှုံးခဲ့လို့

ယခုပွဲစဉ်ကို အမှတ်ရဖို့ တင်ကစားလာရမှာဖြစ်ပါတယ်။

ဒါ့ကြောင့် အာဆင်နယ် ကွင်းမှာ ကစားရမှာဖြစ်ပေမယ့် ခံစစ်ပိတ်ကစားလို့

မဖြစ်နိုင်ပါဘူး တိုက်စစ်ဖွင့်ကစားရင်း အသည်းအသန် အနိုင်ရဖို့ ရုန်းကန်လာတာကို

တွေ့ရဖို့ရှိနေပါတယ်။ ဒီလိုသာဖြစ်လာခဲ့မယ်ဆိုရင် ဒီပွဲဟာ အာဆင်နယ် ကစားသမားတွေ

အကြိုတ်တွေ့သွားမှာဖြစ်သလို ဂိုးသွင်းယူဖို့လည်း မခက်ခဲနိုင်တော့ပါဘူး။

အသင်းကြီးတစ်သင်းအနေနဲ့ အသင်းငယ်တစ်သင်းကို ကြောက်ရတဲ့အချက်တွေထဲမှာ

ခံစစ်ကို စုပြုံပိတ်ဆို့ကစား ခြင်းဟာအသင်းကြီးအားလုံး ကျော်ဖြစ်ဖို့ခက်ခဲပါတယ်။

ယခုပွဲစဉ်ဟာတော့ အိုလံပီယာကော့အနေနဲ့ ခံစစ်ပိတ်ကစားဖို့ အစီအစဉ်မရှိနိုင်ပါဘူး

ဒါ့ကြောင့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေမှာ ခြေစွမ်းပြလေ့ရှိတဲ့ အာဆင်နယ် ဒီပွဲမှာလဲ

ဂိုးပြတ်အနိုင်ရမယ်လို့ခန့်မှန်းပေးချင်ပါတယ်။

——————————————————–

=40   ပေါ်တို       2-50    ပီအက်စ်ဂျီ

ပေါတို ရဲ့ယခုနှစ် အိမ်ကွင်း ၂ ပွဲးကစားပြီးရာမှာ ၂ ပွဲးစလုံးအနိုင်ရထားပြီး

၈ ဂိုးအထိသွင်းယူထားနိုင်ကာ ပေးဂိုး လုံးဝမရှိခဲ့ပါဘူး။ ချန်ပီယံလိဂ်

အုပ်စုပထမဆုံး ပွဲစဉ်မှာလဲ ဒိုင်နမိုဇာဂရက်ကို အဝေးကွင်းမှာ ဝ-၂ နဲ့အနိုင်ရခဲ့လို့

အုပ်စုကကျွတ်ဖို့အတွက် လက်တလော အနေအထားအရ အခြေအနေကောင်းနေပါတယ်။

ပီအက်ဂျီ ကတော့ အိမ်ကွင်းမှာ ဒိုင်နမိုကီဗ်ကို ၄-၁ နဲ့အနိုင်ရခဲ့သလို ယခုနှစ်ကစားထားခဲ့တဲ့

အဝေးကွင်း ၃ ပွဲးမှာလဲ ၂ ပွဲနိုင် ၁ ပွဲသရေ နဲ့ ရဂိုး ၆ ဂိုး ပေးဂိုး ၁ ဂိုးသာရှိခဲ့ပါတယ်။

ပေါ်တို့အနေနဲ့ အိမ်ကွင်းမှ သတ်မှတ်ထားတဲ့ ဈေးနှုန်းဟာလဲ သရေကျလျှင် ၄ဝ ရှုံးမည်ဆိုတာဟာ

အင်မတန်ပျော့ပြောင်းလွန်းနေပါတယ်။ ဒီပွဲစဉ်မှာ အကြိုတ်တွေ့မိတဲ့အသင်းကတော့

ဧည့်သည် ပီအက်စ်ဂျီပဲဖြစ်ပါတယ်။ ပီအက်ဂျီမှာ အီဗရာဟီမိုဗစ် ၊ လာဗက်ဇီ စတဲ့အရည်အသွေးမြင့်

တိုက်စစ်မှူးတွေရှိနေတဲ့အတွက် ပေါ်တိုနောက်တန်းအနေနဲ့ ပီအက်စ်ဂျီကို ထိန်းချုပ်ဖို့ မလွယ်ကူပါဘူး။

ဂိုးအပြန်အလှန်သွင်းကြရင်း သရေ သို့မဟုတ် ပီအက်စ်ဂျီ အနိုင်ရသွားမယ်လို့ခန့်မှန်းလိုက်ရပါတယ်။

——————————————–

အေဂျက်     3-20    ရီရဲလ် 1-60

အေဂျက်ယခုနှစ်အိမ်ကွင်း စွမ်းဆောင်မှုများမှာ

၄ ပွဲ ၃ ပွဲနိုင် ၁ ပွဲသရေ ရဂိုး ၁ဝ ဂိုး ပေးဂိုး ၂ ဂိုးပေးထားရပါတယ်။

ရီရဲလ် ရဲ့အဝေးကွင်းစွမ်းဆောင်မှုများကတော့

၃ ပွဲကစားထားရာမှာ ၁ ပွဲနိုင် ၂ ပွဲရှုံး ရဂိုး ၃ ဂိုး ပေးဂိုး ၃ ဂိုးနဲ့

အဝေးကွင်းရလဒ် အင်မတန်ဆိုးရွားနေတာကိုတွေ့ရပါတယ်။

ရီရဲလ် ဟာယခုနှစ်အတွက် လာလီဂါ အမှတ်ပေးပြိုင်ပွဲထက်

ချန်ပီယံလိဂ်ကို ပိုမို၍ အာရုံစိုက်ကစားဖို့ အနေအထားရှိပါတယ်။

အေဂျက်ဟာ အိမ်ကွင်းရလဒ် ကောင်းမွန်တဲ့အသင်းတစ်သင်းဖြစ်ပေမယ့်

ဒီပွဲစဉ်မှာတော့ အိပ်ကွင်းရလဒ်ကောင်းဖို့ မရှိပါဘူး။ ရီရဲ့ဟာလဲ

အေဂျက် ကိုငယ်နိုင်လိုဖြစ်နေလို့ ဂိုးပြတ်သွင်းယူပြီး ချန်ပီယံလိဂ်

အုပ်စုဒုတိယ ပွဲစဉ်ကို အောင်ပွဲခံသွား ဖို့ရှိနေပါတယ်။

ဒီပွဲစဉ်ရဲ့ ဈေးနှုန်း ဖွင့်လှစ်မှုဟာ အဝေးကွင်းမှ တစ်ဂိုးသွင်းရင် ၆ဝ ရှုံးအနေအထားဟာ

ပြင်းထန်လွန်းနေတာကိုတွေ့ရပါတယ်။ ဂိုးပေါင်း ၃ လုံးသွင်းရင် ၂ဝ ရှုံးအနေအထားဟာလဲ

ဒီပွဲစဉ်မှာ သွင်းဂိုးများဖို့ရှိသလို စီရော်နယ်ဒို တစ်ယောက်ထဲနှင့်ပင် ဂိုးပေါင်း နှင့် ဘော်ဒီ

နှစ်မျိုးစလုံး ကိစ္စပြီးသွားနိုင်တာမို့ ဒီပွဲစဉ်မှာတော့ မောရင်ဟိုရဲ့ ရီရဲလ်မက်ဒရစ် ကိုအားပေးရင်း

ဂိုးပေါ်င်းအများကတော့ လက်ဆောင်ရယူရမှာဖြစ်ပါတယ်။

စနေမောင်မောင်

(ဈေးကွပ်လှုပ်ရှားမှု သတင်းများကိုလဲ Comment ဖြင့်ည ၉းဝဝ နာရီဝန်းကျင်တွင်

ထပ်မံ၍ဖော်ပြပေးသွားပါမည်။)

6 comments

  • foot y

    October 3, 2012 at 3:23 pm

    ကြေးအရဆိုရင်……………

    Arsenal အသင်း နဲ ့.(ဂိုးပေါ်)
    Manchester City(ဂိုးပေါ်)
    Real Madrid(ဂိုးပေါ်)….အကြိုက်ဆုံးပါ…………

  • Mobile

    October 3, 2012 at 6:09 pm

    ဈေးကွပ်လှုပ်ရှားမှုအရ မန်စီးတီး =၄ဝ အဖြစ်သို့ပြောင်းလဲ လာခြင်းကြောင့်
    မန်စီးတီး သရေကျဖို့ ရာခိုင်နှုန်းများလာပါတယ် ဒေါ့မွန်ကို အားပေးသင့်ပါကြောင်း

  • the best

    October 3, 2012 at 7:51 pm

    ဒီနေ့ညလဲ အွန်လိုင်းပေါ်ကနေ အားပေးလို့ရပါတယ်။
    အာဆင်နယ် vs အိုလံပီယာကော့စ်
    http://www.livetvstreamin.com/channel2

    မန်ချက်စတာစီးတီး vs ဒေ့ါမွန်
    http://www.livetvstreamin.com/channel1
    http://www.livetvstreamin.com/channel10

    အေဂျက် vs ရီးယဲလ်မက်ဒရစ်
    http://www.livetvstreamin.com/channel3
    http://www.livetvstreamin.com/channel6

    ရှော်ကေး vs မောင့်တီပယ်လာ
    http://www.livetvstreamin.com/channel9

    အန်းဒါးလက်ချ် vs မာလာဂါ
    http://www.livetvstreamin.com/channel4

    ဒိုင်နမိုကိဗ် vs ဒိုင်နမို ဇာဂရက်ဘ်
    http://www.livetvstreamin.com/channel12

    ပေါ်တို vs ပီအက်စ်ဂျီ
    http://www.livetvstreamin.com/channel5

  • Mobile

    October 4, 2012 at 12:51 pm

    Ko The Best မင်္ဂလာပါခင်ဗျာ။
    အခုလိုဖော်ပြပေးတာ ကျေးဇူးတင်ပါတယ်။
    ကျနော် Online ကနေ ဘောလုံးပွဲမကြည့်တက်လို့ပါ။
    ဘယ်လိုကြည့်ရတယ်ဆိုတာလေး အသေးစိတ်ဖော်ပြပေးနိုင်ရင်
    ဖော်ပြပေးဖို့တောင်းဆိုလိုက်ပါတယ်။

  • လတ်လတ်

    October 4, 2012 at 2:18 pm

    ကွန်ပြူတာနဲ့မျက်နှာချင်းဆိုင်ပြီး ကြည့်ရပါတယ်ကွယ်…..။ 😀

  • Mobile

    October 4, 2012 at 7:29 pm

    လတ်လတ် ပြောလိုက်မှပဲ ရှင်းသွားပါတော့တယ်။
    ကျေးဇူး အထူးတင်ရှိပါတယ် ညီမလေးရယ်။
    အခုလိုပြောပြပေးတဲ့အတွက် ညီမလေးလိုအပ်တာရှိရင်လဲ
    အကို ကကူညီပေးပါ့မယ်ကွယ်။

Leave a Reply