ထူးဆန်းတဲ့ ကိုယ်တွေ့ ဖြစ်ရပ်မှန်

လူတိုင်း လူတိုင်း ဘဝတစ်ခုကို ဖြတ်သန်းကြရတဲ့အခါ အဖြစ်အပျက် မျိုးစုံကို ကြုံတွေ့ကြရခြင်းဟာ ဓမ္မတာတစ်ခုလို့ ကျွန်တော် မြင်ပါတယ်။ ခင်ဗျားတို့မှာလည်း ခင်ဗျားတို့ ကိုယ်တိုင် ကြုံခဲ့ကြရတဲ့ အဖြစ်အပျက်တွေ ရှိမယ်။ ကျွန်တော်မှာလည်း ကျွန်တော် ကိုယ်တိုင် ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေ ရှိပါတယ်။ အဲ့ဒီ အဖြစ်အပျက်တွေဟာ တူချင်လည်း တူလိမ့်မယ်၊ ခြားနားချင်လည်း ခြားနားပါလိမ့်မယ်။

ဒီလို ကိုယ်တိုင် ကြုံရတဲ့ အဖြစ်အပျက်တွေထဲမှာ အချို့အချို့သော အဖြစ်အပျက်တွေဟာ ဆန်းပြားနေတတ်ပြန်တယ်။ သူတစ်ပါးကို ပြန်လည် ပြောပြပါက သူတို့က “အရူး” လို့ သတ်မှတ်ကြမယ့် အဖြစ်အပျက်တွေလည်း ပါမယ်။ တစ်ပါးသူတို့ ပါးစပ် အဟောင်းသားနဲ့ “ဟုတ်လား” လို့ ငေးမော နားထောင်သွားကြမယ့် အဖြစ်အပျက်တွေလည်း ပါနိုင်ပါတယ်။

ကျွန်တော် ဒီလို ပြောနေရခြင်းဟာ ကျွန်တော့်ရဲ့ ဘဝမှာ ကိုယ်တိုင် ကြုံတွေ့ခဲ့ရဖူးတဲ့ အလွန်ဆန်းကြယ်တဲ့ အဖြစ်တစ်ခုကို တင်ပြချင်လို့ပါပဲ။ ဒီအဖြစ်အပျက်ကို ကျွန်တော် တစ်ကိုယ်တည်း မြိုသိပ်ခဲ့ရတာ ကြာခဲ့ပါပြီ။ ဘယ်သူ့ ဘယ်သူကိုမှ မပြောဖြစ်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ပြောလိုက်ပြန်ရင်လည်း “ဒီကောင် လျှာအရိုးမရှိတိုင်း လျောက်ပြောနေတာ” လို့ပဲ ပြောရမှာကို စိုးရိမ်လို့ပဲ ဖြစ်ပါတယ်။

တိုက်ဆိုင်တဲ့ အခါတိုင်းမှာ ဒီအဖြစ်အပျက်ကို တွေးလိုက်မိရင် ကြက်သီးတွေ တဖြန်းဖြန်းနဲ့ ထမိပါသေးတယ်။ ဒီအဖြစ်အပျက်ရဲ့ အဓိက ဇာတ်ကောင်ကို ညွှန်းဆိုရမယ်ဆိုရင်တော့ ဗျိုင်းလို ဆွတ်ဆွတ်ဖြူနေတဲ့ ဆံပင်တွေကို သျှောင်တစ်စောင်း ထုံးဖွဲ့ထားတဲ့ အဖိုးကြီး တစ်ယောက်လို့ပဲ ဆိုရပါတော့မယ်။

ကျွန်တော့်ရဲ့ ညီငယ်တစ်ယောက်ဟာ တက္ကသိုလ်ဝင်တန်းကို ရေနံချောင်းမြို့မှာ ရှိတဲ့ ဘော်ဒါဆောင်တစ်ခုမှာ နေထိုင်ပြီး တက်ရောက်ခဲ့တဲ့ အချိန်ကပါပဲ။ အဲဒီအချိန်က ကျွန်တော် ရွာကို ခဏတာ ပြန်လည် ရောက်ရှိခဲ့တဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေခဲ့ပါတယ်။ ကျွန်တော်လည်း ရွာကို ရောက်နေတဲ့ သတင်းလည်း ကြားရော ညီငယ်က သူ့အတွက် စားစရာနဲ့ ပိုက်ဆံ လာပို့ပေးဖို့ ဖုန်းဆက်ပြီး ပူဆာပါလေရော။ ဒါကြောင့် ကျွန်တော်လည်း ညီငယ် ရှိရာ ရေနံချောင်းမြို့ကို သွားခဲ့ရပါတယ်။

ကျွန်တော်တို့ ရွာကနေ မကွေး – ရေနံချောင်း ကတ္တရာ ကားလမ်းမကြီးကို ရောက်ဖို့အတွက်ဆိုရင် ခြေလျင်သွားမယ်ဆိုပါက ၅ နာရီလောက် လမ်းလျောက်သွားရပါတယ်။ ကားနဲ့စီးသွားမယ်ဆိုရင်တော့ အဲ့ဒီတုန်းက သုံးနာရီကျော်ကျော်လောက် စီးသွားရပါတယ်။ ဆိုင်ကယ်နဲ့ ဆိုရင်တော့ (၂) နာရီမဲ့မဲ့နဲ့ ရောက်ပါတယ်။ (အခုတော့ နတ်မောက် – ရေနံချောင်း ကားလမ်းကြီးကို ဖောက်နေတဲ့အတွက် လမ်း ကောင်းသွားပြီဖြစ်လို့ (၁) နာရီကျော်လောက်သာ မောင်းရပါတော့တယ်။ ဆိုင်ကယ်နဲ့ဆို ၄၅ မိနစ်လောက်နဲ့ ရောက်ပါပြီ။)
ကျွန်တော်တို့က ရွာလမ်းကနေ ကတ္တရာ လမ်းမကြီးကို ရောက်တဲ့ နေရာကို တာထိပ်လို့ ခေါ်ကြသလို၊ ဂွေးကုန်း ဆိုတဲ့ ရွာအနီးမှာ ရှိတဲ့အတွက်လည်း ဂွေးကုန်းလို့ ခေါ်ကြပါသေးတယ်။ (Google Maps မှာ Gyae Gone, Magway, Burma လို့ ရှာလိုက်ရင် တွေ့နိုင်ပါတယ်။)

ညီငယ်ရဲ့ ပူဆာမှုကြောင့် ကျွန်တော်လည်း နောက်တစ်နေ့မှာ တာထိပ်ကို ဆိုင်ကယ် ကယ်ရီနဲ့ သွားခဲ့ပါတယ်။ အဲ့ဒီ တာထိပ်ကနေ ရေနံချောင်းသွားတဲ့ ကားတွေကို စောင့်ပြီး စီးသွားခဲ့ပါတယ်။ ဒီလိုနဲ့ ညီငယ်အတွက် စားစရာနဲ့ လိုအပ်တဲ့ ပိုက်ဆံပေး၊ စာကြိုးစားဖို့ အကြောင်းပြောပြီးတော့ တာထိပ်ဆီကို ပြန်လာခဲ့ပါတယ်။

ကျွန်တော် တာထိပ်ကို ပြန်ရောက်တဲ့အခါ လာကြိုမယ့် ဆိုင်ကယ် ကယ်ရီ မရောက်သေးတာနဲ့ နားနားနေနေ နေဦးမှပဲ ဆိုပြီး တာထိပ်မှာ ရှိတဲ့ ထုံးဖြူဖြူ စေတီလေး တည်ထားတဲ့ ဆီကို သွားရောက် ဖူးမြော်ပြီး အဲ့ဒီ ဘုရားဝန်းထဲက မန်ကျည်းပင်ရိပ်ဆီကို သွားရောက်ခဲ့ပါတယ်။ အဲ့ဒီမှာ ဆွတ်ဆွတ်ဖြူနေတဲ့ ဆံပင်တွေကို သျှောင်တစ်စောင်း ထုံးထားတဲ့ အဘိုးအို တစ်ဦး မျက်စိကို မှိတ်လို့ တရားထိုင်နေတာကို တွေ့လိုက်ရပါတယ်။

ဒါကြောင့် ကျွန်တော်လည်း အဘိုးအိုကို အနှောက်အယှက် မပေးလိုတာနဲ့ ထွက်သွားမယ် အလုပ်မှာ “ငါ့မြေး လာလေကွယ်” လို့ ခေါ်သံကို ကြားလိုက်တော့ ကျွန်တော်လည်း အဘိုးအိုရဲ့ ဘေးကို သွားပြီး ထိုင်လိုက်ပါတယ်။

“အဘက ဒီမှာ တရားထိုင်နေတာလားဗျ”

“ဟုတ်တယ်လေ ငါ့မြေးရဲ့”

“အဘ တရားထိုင်နေတာကို မြင်ရတာ အေးလည်း အေးချမ်းသလို၊ ကြည်ညိုလည်း ကြည်ညိုစရာပဲဗျ”

ကျွန်တော်မှာ မြှောက်၍ ပြောလိုက်ခြင်း မဟုတ်ပါ။ မိမိ၏ အရှိကို အရှိအတိုင်း အမြင်ကို အမြင်အတိုင်း ပြောလိုက်ခြင်းသာ ဖြစ်ပါတယ်။ ဒီအခါမှာ အဖိုးအို က ပြုံးလိုက်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို ပြောပါတယ်။

“ငါ့မြေး က ထူးခြားတဲ့ လူပဲ၊ ဒါကြောင့် အဖိုးကို မြင်နိုင်တာပဲ”

“ဗျာ …. အဘ”

“ဒီလို ငါ့မြေးရဲ့၊ အဘကို လူတိုင်းက မမြင်နိုင်ဘူးကွဲ့၊ အဘနဲ့ တွေ့ဖို့ ထိုက်တဲ့ လူတွေပဲ အဘကို မြင်နိုင်တာကွဲ့”

“ဒါဆို ကျွန်တော်က အဘနဲ့ တွေ့ဖို့ ထိုက်တဲ့ လူတစ်ယောက်ပေါ့နော် အဘ”

“ဟုတ်တယ် ငါ့မြေး၊ ဒီတော့ ငါ့မြေးကို အဘနဲ့ ကြုံကြိုက်တုန်း အဘက ငါ့မြေးအတွက် တစ်ခုလောက် ဟောပေးခဲ့မယ်ကွဲ့၊ သေချာမှတ်ပြီး နားထောင်နော်”

“ဟုတ်ကဲ့ အဘ” လို့ ကျွန်တော်လည်း ပြောပြီး အဘိုးအို ပြောမယ့် စကားတွေကို နားစိုက်ပြီး ထောင်နေလိုက်ပါတယ်။

အဘိုးအို က ကျွန်တော်ရဲ့ ဘဝမှာ ကြုံတွေ့လာရမယ့် အကောင်း၊ အဆိုး နေ့စွဲကြီးတွေကို ဟောပေးခဲ့ပါတယ်။ ဒီအခါ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်မှာ အဘိုးအို ပြောတဲ့ဟာတွေက ဟုတ်ရော ဟုတ်ပါ့မလားလို့ သံသယ ဝင်မိပါတော့တယ်။ ဒါကို သိတဲ့ အဘိုးအိုက တစ်နေရာကို လက်ညိုးညွှန်းပြီး ပြောပါတယ်။

“အဲ့ဒီ လူဟာ ဒီနေ့ကနေစလို့ လာမယ့် ရက်ပေါင်း ၁၀၃ ရက်မှာ မြွေပွေးကိုက် (ပိုးထိ) လို့ သေလိမ့်မယ် ငါ့မြေး”

လို့ အဘိုးအိုက ပြောလိုက်တော့ ကျွန်တော်လည်း အဘိုးအို ညွှန်ပြတဲ့ လူကို ကြည့်လိုက်ပါတယ်။ (နောက်တော့ အဲဒီလူကို သွားမေးကြည့်တဲ့အခါ ကျွန်တော်တို့ ရွာရဲ့ မြောက်ဘက်ရွာက လူတစ်ယောက် ဖြစ်တယ် ဆိုတဲ့ အကြောင်း၊ ရွာကို ပြန်မယ့် ကားကို စောင့်နေတာ ဆိုတဲ့ အကြောင်း သိခဲ့ရပါတယ်။)

အဘိုးအိုက ကျွန်တော့်ကို ဟောစရာ ရှိတာတွေ ဟောခဲ့ပါတယ်။ နောက်ဆုံး ကျွန်တော့်ကို စကားတစ်ခွန်း ပြောခဲ့ပါတယ်။

“ငါ့မြေး နွားရိုင်းကို နိုင်အောင် ထိန်းနိုင်တဲ့အခါ ငါ့မြေးလည်း အဘ သိသလို သိလာလိမ့်မယ်ကွဲ့၊ ကြိုးစား ငါ့မြေး၊ ငါ့မြေးကို အဘ စောင့်နေမယ်”

အဲ့ဒီလို ပြောပြီး အဘိုးအို က ဘုရားကို ဝတ်ဖြည့်ပြီး ထွက်သွားခဲ့ပါတယ်။ ကျွန်တော်လည်း အဘိုးအို ထွက်သွားတာကို လှမ်းပြီး ကြည့်နေလိုက်တာ ဘုရားဝင်းထဲက အထွက် ခပ်လှမ်းလှမ်းလည်း ရောက်ရော အဘိုးအိုဟာ ကျွန်တော့် ကြည့်ရင်းနဲ့ ပျောက်သွားခဲ့ပါတယ်။

ပတ်ဝန်းကျင်ကို ကျွန်တော် အကဲခတ် ကြည့်လိုက်တော့လည်း အဘိုးအိုကို မြင်လိုက်ဟန် မတူကြပါဘူး။ ဒီအချက်နဲ့ အဘိုးအို ပြောတဲ့ လူတိုင်း မမြင်နိုင်ဘူး ဆိုတဲ့ စကားကို အမှန်ပဲ ယူလိုက်ရမလိုလို ဖြစ်ခဲ့ရပါတယ်။ ခဏ အကြာမှာ ကျွန်တော့်ကို လာကြိုတဲ့ ဆိုင်ကယ်လည်း ရောက်လာတာကို တွေ့လိုက်ရလို့ ကျွန်တော်လည်း ဘုရားကို ဝတ်ပြုပြီး ထွက်ခဲ့ပါတယ်။ ပြီးတော့ အဘိုးအို ညွှန်ပြခဲ့တဲ့ လူဆီကို သွားပြီးတော့လည်း အကျိုးအကြောင်း မေးမြန်းပြီး အဘိုးအို ပြောတဲ့အတိုင်း သေမယ့်နေ့ကို ပြောလိုက်ပါတယ်။ ဒီအခါ အဲ့ဒီလူရဲ့ ဘုကြည့် ကြည့်တာကို ခံလိုက်ရပါသေးတယ်။

ကျွန်တော့်ညီငယ် တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော် ရွာကို တစ်ခေါက် ပြန်ရောက်ခဲ့ပါတယ်။ ရွာကို မရောက်ခင် တာထိပ်ကို အရောက်မှာ အရင်တစ်ခါက တွေ့ခဲ့ဖူးတဲ့ အဘိုးအိုကို တွေ့လို တွေ့ငြား လိုက်ရှာကြည့်ခဲ့ပေမယ့် မတွေ့ခဲ့ရပါဘူး။ ရွာကို ပြန်ရောက်တဲ့ ရက်ပိုင်းမှာ အဘိုးအို ညွှန်းပြခဲ့တဲ့ လူရှိတဲ့ ရွာကို သွားပြီး စုံစမ်းကြည့်ခဲ့ပါတယ်။

အဲ့ဒီအခါမှာ ဘယ်နေ့ ဘယ်ရက်က ပိုးထိလို့ သေသွားခဲ့တယ် ဆိုတာကို အံ့အားသင့်စရာ တွေ့ခဲ့ရပါတယ်။ သူပြောတဲ့ ရက်ကို တိုက်ကြည့်တဲ့ အခါမှာလည်း အဘိုးအို ပြောခဲ့တဲ့ ရက်နဲ့ ကွက်တိ ဖြစ်နေတာကို တွေ့လိုက်ရပါတော့တယ်။

ကျွန်တော့်အတွက် ဟောခဲ့တဲ့ နေ့ရက်ကြီးတွေမှာလည်း အဘိုးအို ပြောခဲ့သလိုပဲ ဖြစ်လာခဲ့တာကို အံ့ဩဖွယ် တွေ့ခဲ့ရပါတယ်။ နောက်ဆုံး ပြောရမယ်ဆိုရင် … ကျွန်တော့်ညီငယ် မိန်းမ ခိုးပြေးတဲ့ ကိစ္စဟာလည်း မှန်ကန်နေခဲ့ပါတယ်။ ဒီကောင် မိန်းမ ခိုးပြေးကြောင်း ဖုန်းဆက်တဲ့ နေ့က ကျွန်တော်လည်း အလျင်စလို အဘိုးအို ဟောခဲ့တဲ့ နေ့စွဲတွေကို ကြည့်လိုက်တော့ တကယ့်ကို အဲ့ဒီရက် ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။

နောက်လာမယ့် ရက်စွဲများဟာလည်း မှန်မလား၊ မှားမလား ကျွန်တော့်အနေနဲ့ ဇဝေဇဝါ ဖြစ်နေဆဲပါပဲ ခင်ဗျာ။

ဒါကတော့ ကျွန်တော့်ရဲ့ ကိုယ်တွေ့ ဆန်းကြယ်တဲ့ အတွေ့အကြုံတစ်ခုလို့ ပြောရပါတော့မယ်။ ဒီအဖြစ်အပျက်ကို ဘယ်သူ့ကိုမှ မပြောဖြစ်ခဲ့ပေမယ့် ခုတော့ ပြောလိုက်ပါပြီ။ ထင်ချင်သလိုသာ ထင်ကြပါတော့။ “ဒီကောင် အရူး” လိုပဲ ထင်ထင်၊ “လျှာအရိုး မရှိတိုင်း .. အဲ .. ကီးဘုတ်ရှိတိုင်း လျှောက်ရိုက်နေတဲ့ ကောင်” လို့ပဲ မြင်မြင်၊ မြင်ချင်သလို ထင်ချင်သလိုသာ ထင်ကြပါတော့ အရပ်ကတို့ရေ ………..။

ဖတ်ရှုသွားသူအပေါင်းအား ကျေးဇူး အထူးပင် တင်ရှိပါတယ် ခင်ဗျာ ….

42 comments

  • etone

    October 3, 2012 at 9:30 am

    ကိုခြောက်မျက်နှာရေ ….
    ပြောမယုံကြုံဖူးမှ သိဆိုသလိုပါပဲ …. ကာယကံမဟုတ်တဲ့ လူကတော့ ၊ ကိုုယ်တိုင်မကြုံဖူးတဲ့အခါ ဟုတ်မှ ဟုတ်ပါ့မလားလို့ သံသယဝင်မိတာမျိုး ၊ လက်ခံရခက်တာမျိုးတော့ရှိမှာပေါ့လေ ။ ဒါပေမယ့် သဘာဝလွန်ဖြစ်စဉ်တွေက ၊ တကယ်လည်း ရှိခဲ့ပါတယ် ။

    ကိုယ်တိုင်လည်း လေလှိုင်းထဲက မှင်စာ သံလေး ကြားခဲ့ဖူးတာပဲလေ ။ကျွန်မတို့အိမ်က အရင်က သွားလှူဖြစ်ခဲ့တဲ့ သာဓုကန်က ဘိုးတော်ဆိုလျှင် ၊ အဖေဓါတ်ပုံရိုက်တဲ့ အထဲမှာ ရှည့်တည့်တည့်က ရိုက်တဲ့ပုံ တစ်ယောက်တည်း ထမင်းစားနေတာ ၊ ဓါတ်ပုံလည်း ကူးရော နောက်ထပ်နှစ်ယောက်ထပ်ပါလာတယ် ။ သျှောင်ထုံးကြီးတွေနဲ့လေ …. ဓါတ်ပုံရိုက်တုန်းက ရှေ့တည့်တည် ၊ ပုံထဲပါလာတော့ အဲ့ဒီဘိုးတော်က နောက်ကျောပေးကြီး ။ မြင်ရတာနဲ့တင် ကြက်သီးထသွားတယ် ။
    မကြုံဖူးလို့ ယုံရခက်ပေမယ့် ဒီလို အဖြစ်တွေ တကယ်ရှိတယ်ဆိုတာ ၊ လက်ခံနိုင်ပါတယ် ။ 🙄

    • မအိထုံ …

      ပထမဆုံး ဖတ်ရှုအားပေးသွားတဲ့အတွက် ကျေးဇူးပါ …

      တစ်ခါတစ်ခါကျတော့ ကိုယ်တိုင် မကြုံဖူးရင် မယုံတဲ့လူတွေ ရှိတယ်ဗျ …
      ဒီလူတွေအတွက်တော့ ခုလို အဖြစ်အပျက်တွေက ရှင်းပြဖို့ ခက်ခက်ပဲနော့ …
      ဒါကြောင့်မို့ ကျနော်တောင် ခုပို့စ်ကို တင်ရနိုး၊ မတင်ရနိုး စဉ်းစားလိုက်သေးတယ် …
      ဒါပေမယ့် ပြောချင်သလို၊ ထင်ချင်သလိုသာ ထင်ကြတော့ဆိုပြီး တင်ထည့်လိုက်တာပဲဗျ …

      ခု မအိထုံ ကလည်း ထူးဆန်းတဲ့အဖြစ်ကို
      ကိုယ်တိုင် မြင်ဖူး ကြုံဖူးထားတော့ ကျနော့်ရဲ့ အဖြစ်ကို ယုံနိုင်တာပေါ့ဗျာ …
      ဒီအတွက် ကျနော်ဖြင့် အဖော်တော့ရပြီဆိုပြီး ဝမ်းသာမိတာပဲဗျို့ ….

  • P chogyi

    October 3, 2012 at 9:33 am

    ထူးတယ်ပြောရမလား၊ ရူးတယ်ပြောရမလား။
    စဉ်းစားရင် ကိုယ်ပါရူးနိုင်လို့ ဘာမှမပြောတော့ဘူး။

  • myohtat

    October 3, 2012 at 9:42 am

    ဒီလိုထူးဆန်းတာလေးတွေရှိတတ်ပါတယ် …

  • Crystalline

    October 3, 2012 at 10:01 am

    မကြုံဖူးပေမယ့်..စိတ်ဝင်စားစရာကောင်းပါတယ်. အဲဒီဘိုးတော်ကိုတော့ဘာလို့ပြောရမလဲမသိဘူး.. အစ်မတွေအိမ်မှာတော့သရဲရှိတယ်ပြောတယ်..သူတို့လည်းတွေ့တယ်. ဘာမှသူတို့ကိုဒုတ်ခမပေးလို့ မနှင်ဘူးတဲ့. သနားလို့တဲ့.. သူတို့ကမျက်စိနဲ့ကိုတွေ့တာနော်..

    • etone

      October 3, 2012 at 11:24 am

      ကျွန်မတို့ … မြို့ထဲက အိမ်မှာလည်း … ထူးထူးဆန်းဆန်းတွေ တစ်ခါတစ်လေ ဖြစ်တတ်ပါတယ် ။
      ဖြစ်တိုင်းလည်း အမေပဲ ကြုံရတတ်ပြီး တခြား လူတွေ မကြုံရတတ်ဘူး ။ အမေကတော့ လိမ်ပြောမယ့် လူမျိုးမဟုတ်ပေမယ့် ကိုယ်တိုင် မမြင်ရတော့လည်း ၊ တအိမ်သားလုံး ဒီလိုပဲ မေ့မေ့ပျောက်ပျောက်နေခဲ့ကြတာပေါ့ ။ အိမ်မှာ ဆို အမေက ဘုရားတရား အလုပ်ဆုံးလူမို့လို့ ထင်ပါရဲ့ … တစ်ခုခု မြင်ကြား အနံ ့ရတာနဲ့ .. အမျှဝေတတ်ပါတယ် ။ အမေ့မှာ မမြင်ရတဲ့ ဘုံဘဝတွေကို ကြောက်စိတ်မရှိတာ အံ့ဩမိပေမယ့် ကျွန်မကတော့ မြင်ရတဲ့ လူကိုမကြောက်ပဲ မမြင်ရတဲ့ ဘုံဘဝတွေဆို … အသံကြားရုံနဲ့ .. တုန်လှုပ်ခြောက်ခြားမိပါတယ် .. အဟီး :byae:

  • ဘယ်လိုပြောရမလဲ…စိတ်နယ်လွန်ဆိုလား..ရုပ်နယ်လွန်ဆိုလား…အဲလို ဖြစ်ရပ်တွေက မကြုံဖူးပေမယ့် မရှိဘူး၊ မဖြစ်နိုင်ဘူးလို့လည်း ပြောလို့မရဘူး ဆိုတော့လေ…

    “ငါ့မြေး နွားရိုင်းကို နိုင်အောင် ထိန်းနိုင်တဲ့အခါ ငါ့မြေးလည်း အဘ သိသလို သိလာလိမ့်မယ်ကွဲ့၊ ကြိုးစား ငါ့မြေး၊ ငါ့မြေးကို အဘ စောင့်နေမယ်”

    အဲဒါ ဘာအဓိပ္ပာယ်လဲဟင်… 🙄

    • ပန်းစံပါယ်

      October 3, 2012 at 11:31 am

      လူ့စိတ်ကို နွားရိုုင်းနဲ့နှိုင်းပြီး ပြောတယ်လို့ ယူဆမိပါတယ်ရှင်…

  • weiwei

    October 3, 2012 at 10:26 am

    ဒါမျိုးတွေရှိပါတယ် …
    နွားရိုင်းကို နိုင်အောင် ထိန်းနိုင်တဲ့အခါ ဆိုတာက စိတ်ကို ပြောတာဖြစ်ပါလိမ့်မယ် …
    ဒါပေမယ့် သမထလိုင်းဖြစ်လို့ လမ်းလွဲသွားတာမျိုးလဲရှိတတ်လို့ သတိထားစေချင်ပါတယ် …

    • P chogyi says:

      ထူးတယ်ပြောရမလား၊ ရူးတယ်ပြောရမလား။
      စဉ်းစားရင် ကိုယ်ပါရူးနိုင်လို့ ဘာမှမပြောတော့ဘူး။

      မဟာရာဇာ အံစာတုံး says:
      ဒါဆိုလည်း မစဉ်းစားနဲ့တော့ဗျာ ..
      လောကကြီးရဲ့ အရာကိုကြံရင် ရူးသွားနိုင်တယ်ဆိုတဲ့ စကားတောင် ရှိသေးဗျ …
      ++++++++++++++++

      myohtat says:

      ဒီလိုထူးဆန်းတာလေးတွေရှိတတ်ပါတယ်

      မဟာရာဇာ အံစာတုံး says:
      ဟုတ်ကဲ့ …
      ဒီလိုမျိုး အဖြစ်တွေလည်း ရှိတတ်ပါတယ် ….
      အားပေးသွားတာ ကျေးဇူးပါ …
      ++++++++++++++++

      Crystalline says:

      မကြုံဖူးပေမယ့်..စိတ်ဝင်စားစရာကောင်းပါတယ်. အဲဒီဘိုးတော်ကိုတော့ဘာလို့ပြောရမလဲမသိဘူး.. အစ်မတွေအိမ်မှာတော့သရဲရှိတယ်ပြောတယ်..သူတို့လည်းတွေ့တယ်. ဘာမှသူတို့ကိုဒုတ်ခမပေးလို့ မနှင်ဘူးတဲ့. သနားလို့တဲ့.. သူတို့ကမျက်စိနဲ့ကိုတွေ့တာနော်..

      မဟာရာဇာ အံစာတုံး says:
      အဲ့ဒီ ဘိုးတော်ရဲ့ ရုပ်ရည်က ကြည်ညိုချင်စရာပဲဗျ ..
      သူ့ကို တွေ့ရတာ ရင်ထဲမှာ တစ်ခုခု စီးဝင်သွားသလိုပဲ ..
      ဖီလင် တစ်မျိုးပေါ့ဗျာ …
      ++++++++++++++++

      လုံမလေး မွန်မွန် says:

      ဘယ်လိုပြောရမလဲ…စိတ်နယ်လွန်ဆိုလား..ရုပ်နယ်လွန်ဆိုလား…အဲလို ဖြစ်ရပ်တွေက မကြုံဖူးပေမယ့် မရှိဘူး၊ မဖြစ်နိုင်ဘူးလို့လည်း ပြောလို့မရဘူး ဆိုတော့လေ…

      “ငါ့မြေး နွားရိုင်းကို နိုင်အောင် ထိန်းနိုင်တဲ့အခါ ငါ့မြေးလည်း အဘ သိသလို သိလာလိမ့်မယ်ကွဲ့၊ ကြိုးစား ငါ့မြေး၊ ငါ့မြေးကို အဘ စောင့်နေမယ်”

      အဲဒါ ဘာအဓိပ္ပာယ်လဲဟင်… 🙄

      မဟာရာဇာ အံစာတုံး says:
      အဲ .. စိတ်နယ်လွန်တော့ မဟုတ်လောက်ပါဘူး …
      ဘာလို့လဲဆိုတော့ အိပ်မက် မက်တုန်း တွေ့ခဲ့ရတာ မဟုတ်လို့ပါပဲ …
      ဘယ်လို ပြောရမလဲ ဆိုတာတော့ သိဘူးဗျာ ..

      “ငါ့မြေး နွားရိုင်းကို နိုင်အောင် ထိန်းနိုင်တဲ့အခါ ငါ့မြေးလည်း အဘ သိသလို သိလာလိမ့်မယ်ကွဲ့၊ ကြိုးစား ငါ့မြေး၊ ငါ့မြေးကို အဘ စောင့်နေမယ်”

      အဲ့ဒီ အဓိပ္ပါယ်ကတော့ အောက်မှာ မပန်းစံပါယ်နဲ့ ဦးခင်ခ ပြောသလိုပါပဲ …
      နွားရိုင်း ဆိုတာ စိတ် ကို နှိုင်းတာဖြစ်ပြီး …
      စိတ်ကို နိုင်နင်းလာတဲ့အခါ အဆင့်တစ်ခုခုကို ရောက်သွားမယ် …
      အဲ့ဒီအချိန်မှာ အဘ ဘိုးတော်နဲ့ ပြန်တွေ့မယ်လို့ ဆိုလိုတာပါပဲ …
      ဒါပေမယ့် ခုချိန်ထိတော့ ကျနော်မှာ တစ်ခါတစ်လေမှာပဲ စိတ်ကို ထိန်းတဲ့အကျင့်ကို လုပ်နေပါသေးတယ် ..
      အဘ ဘိုးတော် ဟောပေးခဲ့တဲ့ ကျနော့်အတွက် နေ့စွဲကြီးတွေထဲမှာတော့ ..
      သူနဲ့ ပြန်ဆုံမယ့် ရက် ဆိုပြီး မပါဘူးဗျ ..
      အဲ့ဒါ စဉ်းစားစရာ ဖြစ်နေတော့ပဲ …
      ++++++++++++++++

      weiwei says:

      ဒါမျိုးတွေရှိပါတယ် …
      နွားရိုင်းကို နိုင်အောင် ထိန်းနိုင်တဲ့အခါ ဆိုတာက စိတ်ကို ပြောတာဖြစ်ပါလိမ့်မယ် …
      ဒါပေမယ့် သမထလိုင်းဖြစ်လို့ လမ်းလွဲသွားတာမျိုးလဲရှိတတ်လို့ သတိထားစေချင်ပါတယ် …

      မဟာရာဇာ အံစာတုံး says:
      သတိပေးချက်လေးအတွက် ကျေးဇူးပါ အမ ..
      အပေါ်မှာ မမွန်မွန် ကို ပြောခဲ့သလိုပါပဲ ..
      နွားရိုင်းဆိုတာ အမ ပြောသလို စိတ်ပါပဲ …
      ဒီစိတ်ကို ထိန်းဖို့ ညဘက် အိပ်ယာဝင်ခါနီးတိုင်းမှာတော့ လေ့ကျင့်ဖြစ်ပါတယ် ..
      ဒါပေမယ့် ခုထိတော့ … ထူးသေးပါဘူးလို့ပဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါရစေဗျာ ..

  • ကိုခင်ခ

    October 3, 2012 at 10:26 am

    လုံမလေးရေ နွားရိုင်းတစ်ကောင်လို ကစင့်ကလား ဟိုပြေးဒီပြေး ဖြစ်တတ်တဲ့ စိတ်ကိုများ နိုင်အောင် ထိန်းနိုင်တဲ့ သမာဓိအားကောင်းတဲ့အခါ အဘလိုသိပါလိမ့်မယ်လို ပြောခဲ့တာဟု ယူဆပါကြောင်း ခင်ဗျာ။
    ကျွန်တော်ယူဆတာပါ ဟုတ်မဟုတ်တော့ ကိုအံစာတုံးက ပိုသိပါလိမ့်မည်။

  • ချစ်ရင်ထူး II

    October 3, 2012 at 10:26 am

    ကျွန်တော်တို့မြို့က ဆရာတော်တစ်ပါး ဆိုရင် သူစာသင်သား ဘဝတုန်းက မနက်ဖြန် ဘယ်အိမ်က ဘယ်ဟင်း လှူမယ် ဆိုတာကို သိတယ်လို့ ပြောဖူးပါတယ် ..
    ဒါပေမယ့် အဲဒီ အကျင့်တွေက နိဗ္ဗာန်ရောက်ကြောင်း မဟုတ်လို့ သူဆက်မကျင့်ဘူးလို့ ပြောပြပါတယ် ..
    ကမဋ္ဌာန်းနည်း(၄၀) ရှိပြီးတော့ အဲဒီ အထဲက ဘယ်နည်းနှင့်မဆို ကျင့်ရင် ရနိုင်တယ်လို့ ပြောပါတယ်..

  • linnlinnn

    October 3, 2012 at 10:27 am

    စိတ်ဝင်စားဖို့ကောင်းလိုက်တာရှင်။ ကိုယ်တွေသာ မကြုံဖူးတယ် တကယ်ကြုံဖူးတဲ့သူတွေလည်း ရှိမှာပါ။
    တွေးမိတာလေးပါ။ ဆိုတော့(c/d2 သူကြီး) ကိုအံဇာတုံးရဲ့ဘဝက ပျင်းစရာပေါ့ ဘာလို့လဲဆိုတော့ စာအုပ်တစ်အုပ်ကို နောက်ဆုံးစာမျက်နှာကိုလှန်ဖတ်ထားမိသလိုဆိုတော့ ကြားထဲက အဖြစ်အပျက်တွေက စိတ်ဝင်စားစရာ တယ်မကောင်းတော့ဘူးပဲ.. ဒါပြီးရင် ဒါဖြစ်မယ်.. နောက်ဆုံးတော့ ဘာဖြစ်မယ်ဆိုတာ ကြိုသိသလိုဆိုတော့ ကာ.. 🙄

  • Novy

    October 3, 2012 at 11:02 am

    ခြောက်မျက်နှာရေ..
    အဘနဲ့ ဘဝဆက်ရှိလို့ ဆုံတွေတယ်လို့ ယုံကြည်ပါတယ်

  • mayjuly

    October 3, 2012 at 11:16 am

    ဒီလိုထူးဆန်းတဲ့ အဖြစ်လေးတွေ တကယ်ကိုရှိတာပေါ့ဗျာ ..
    ကိုယ်တွေ့ပါပဲ ….
    ပုဂိ္ဂုလ်တစ်ဦးက ဆေးကုပေးဖူးပါတယ်.. အပြင်မှာ လက်တွေ့ကုတာတော့မဟုတ်ပါဘူး..
    အိပ်မက်လိုလို တကယ်လိုလိုနဲ့ …
    ဒါပေမယ့် ရောဂါက တစ်ကယ်ကိုပျောက်သွားတယ်လို့ ပြောရင် .. ယုံနိုင်ပါ့မလား…
    ကိုယ်တိုင်ကြုံ ခဲ့ရလို့ ယုံခဲ့ရပါတယ်..သူများပြောရင်တောင် ယုံ ချင်မှ ယုံမယ်..
    ဒဏ္ဍာရီ ဆန်ဆန် လိုပဲ :kwi:

    • ကိုခင်ခ says:

      လုံမလေးရေ နွားရိုင်းတစ်ကောင်လို ကစင့်ကလား ဟိုပြေးဒီပြေး ဖြစ်တတ်တဲ့ စိတ်ကိုများ နိုင်အောင် ထိန်းနိုင်တဲ့ သမာဓိအားကောင်းတဲ့အခါ အဘလိုသိပါလိမ့်မယ်လို ပြောခဲ့တာဟု ယူဆပါကြောင်း ခင်ဗျာ။
      ကျွန်တော်ယူဆတာပါ ဟုတ်မဟုတ်တော့ ကိုအံစာတုံးက ပိုသိပါလိမ့်မည်။

      မဟာရာဇာ အံစာတုံး says:
      ဟုတ်ပါတယ် ဦးခင်ခ ..
      ကျနော်လည်း ဒီလိုပဲ ယူဆပါတယ် ..
      နွားရိုင်း ကို စိတ် နဲ့ နှိုင်းတာကို ပြောတာပါ …
      ဖတ်ရှုအားပေးသွားတာ ကျေးဇူးပါ ခင်ဗျာ ..
      ++++++++++++++++

      ချစ်ရင်ထူး II says:

      ကျွန်တော်တို့မြို့က ဆရာတော်တစ်ပါး ဆိုရင် သူစာသင်သား ဘဝတုန်းက မနက်ဖြန် ဘယ်အိမ်က ဘယ်ဟင်း လှူမယ် ဆိုတာကို သိတယ်လို့ ပြောဖူးပါတယ် ..
      ဒါပေမယ့် အဲဒီ အကျင့်တွေက နိဗ္ဗာန်ရောက်ကြောင်း မဟုတ်လို့ သူဆက်မကျင့်ဘူးလို့ ပြောပြပါတယ် ..
      ကမဋ္ဌာန်းနည်း(၄၀) ရှိပြီးတော့ အဲဒီ အထဲက ဘယ်နည်းနှင့်မဆို ကျင့်ရင် ရနိုင်တယ်လို့ ပြောပါတယ်..

      မဟာရာဇာ အံစာတုံး says:
      ဟုတ်တယ်ဗျ ….
      အဲ့ဒီ အကျင့်တွေကို ကျုပ်လည်း စာထဲပေထဲမှာ ဖတ်ခဲ့ဖူးပါရဲ့ …
      သို့ပေသိ ကျင့်တော့ ကျင့်ခဲ့ဖူးပေါ့ဗျာ ..
      သိရုံလေး ဆိုရုံပါပဲ …
      နို့ … အဲ့ဒီလို သိတဲ့နည်းဟာ ကမ္မဋ္ဌာန်းထဲက မဟုတ်ဘဲ ကသိုဏ်းထဲကများ ဖြစ်နေမလားပဲ .. 🙄
      ++++++++++++++++

      linnlinn says:

      စိတ်ဝင်စားဖို့ကောင်းလိုက်တာရှင်။ ကိုယ်တွေသာ မကြုံဖူးတယ် တကယ်ကြုံဖူးတဲ့သူတွေလည်း ရှိမှာပါ။
      တွေးမိတာလေးပါ။ ဆိုတော့(c/d2 သူကြီး) ကိုအံဇာတုံးရဲ့ဘဝက ပျင်းစရာပေါ့ ဘာလို့လဲဆိုတော့ စာအုပ်တစ်အုပ်ကို နောက်ဆုံးစာမျက်နှာကိုလှန်ဖတ်ထားမိသလိုဆိုတော့ ကြားထဲက အဖြစ်အပျက်တွေက စိတ်ဝင်စားစရာ တယ်မကောင်းတော့ဘူးပဲ.. ဒါပြီးရင် ဒါဖြစ်မယ်.. နောက်ဆုံးတော့ ဘာဖြစ်မယ်ဆိုတာ ကြိုသိသလိုဆိုတော့ ကာ.. 🙄

      မဟာရာဇာ အံစာတုံး says:
      အမရေ …
      ကျုပ်ကို ဟောပေးခဲ့တဲ့ နေ့ရက်တွေဟာ
      ကျုပ်အတွက် အရေးပါတဲ့ နေ့ရက်တွေလို့ အဘ က ပြောခဲ့ပါတယ် ..
      ဥပမာဗျာ .. ကျုပ် ဘယ်နေ့ဘယ်ရက်မှာ ကျုပ် ဘယ်လိုဖြစ်လိမ့်မယ်။ ကျုပ် အတွင်းသားတစ်ယောက် ဘယ်လို ဖြစ်လိမ့်မယ် …
      ဆိုတာမျိုးတွေပေါ့နော် …
      အဲ့ဒီ အကြောင်းအရာတွေကို ရေးမပြနိုင်တာတော့ ခွင့်လွှတ်ပါ ခင်ဗျာ …
      ဒါကြောင့် အချို့သော အရေးပါတဲ့ နေ့ရက်တွေကိုသာ အဘက ဟောပေးခဲ့တာ ဖြစ်လို့မို့ …
      ကျန်တဲ့ နေ့ရက်တွေမှာတော့ စိတ်ဝင်စားစရာ အပြည့်နဲ့ ပါပဲခင်ဗျာ ..
      ဥပမာ .. တောင်မလေးဆီဂ အဖြေတောင်းတဲ့ နေ့လိုပေါ့ .. အဟီး … :mrgreen:
      ++++++++++++++++

      Novy says:

      ခြောက်မျက်နှာရေ..
      အဘနဲ့ ဘဝဆက်ရှိလို့ ဆုံတွေတယ်လို့ ယုံကြည်ပါတယ်

      မဟာရာဇာ အံစာတုံး says:
      အမ မနိုဗွီရေ …
      အများစကားနဲ့ ပြောရရင်တော့
      အဲ့ဂလိုပေါ့ဗျာ …
      ကျေးကျေးပါ …
      ++++++++++++++++

      mayjuly says:

      ဒီလိုထူးဆန်းတဲ့ အဖြစ်လေးတွေ တကယ်ကိုရှိတာပေါ့ဗျာ ..
      ကိုယ်တွေ့ပါပဲ ….
      ပုဂိ္ဂုလ်တစ်ဦးက ဆေးကုပေးဖူးပါတယ်.. အပြင်မှာ လက်တွေ့ကုတာတော့မဟုတ်ပါဘူး..
      အိပ်မက်လိုလို တကယ်လိုလိုနဲ့ …
      ဒါပေမယ့် ရောဂါက တစ်ကယ်ကိုပျောက်သွားတယ်လို့ ပြောရင် .. ယုံနိုင်ပါ့မလား…
      ကိုယ်တိုင်ကြုံ ခဲ့ရလို့ ယုံခဲ့ရပါတယ်..သူများပြောရင်တောင် ယုံ ချင်မှ ယုံမယ်..
      ဒဏ္ဍာရီ ဆန်ဆန် လိုပဲ :kwi:

      မဟာရာဇာ အံစာတုံး says:
      အဲ .. အဖော်တစ်ယောက် ထပ်ရပြန်ပေါ့ …
      ဒါပေမယ့် အောက်ဆုံးမှာ လျှာကြီး ထုတ်ပြနေတော့ ..
      တစ်ငြိုးကြီးပဲ …
      ဒါနဲ့ မမေဂျူလိုင် ကြုံခဲ့ရတဲ့ အဖြစ်က စိတ်နယ်လွန် ဖြစ်ရပ်လိုမျိုးလို့ ဆိုနိုင်မလားပဲနော့ ….

      • mayjuly

        October 4, 2012 at 4:14 pm

        စိတ်နယ်လွန်တာတော့ မဟုတ်လောက်ပါဘူး ဥူးအံရဲ့ …
        အပြင်မှာ ရောဂါ အဖြစ်များလို့ ဘုန်းဘုန်းတစ်ပါးနဲ့ ကုသနေရာက …
        တစ်ပတ်ပြည့်မယ့်နေ့မှာ … ထူးခြားလာမယ်ဆိုတော့ လုံးဝကို မယုံကြည့်ခဲ့ပါဘူး…
        ၆ ရက်မြောက်နေ့အထိဆိုပါတော့ …..
        ရ ရက်မြောက် တဲ့ မနက် အာရုံတတ်အချိန်ကျမှ … မယ်တော်လို့ ထင်ရတဲ့အရိပ်တစ်ခုက
        အိပ်မက်လိုလို တစ်ကယ်လိုလိုနဲ့ အိပ်ယာထဲမှာ လက်နဲ့ သပ်ပြီး ကုပေးခဲ့တာ …
        အဲအချိန်ကစပြီးရောဂါတွေက ယူပြစ်သလိုကိုပြောက်သွားခဲ့တာပါ …
        အရမ်းလဲ ထူးဆန်းပါတယ် …
        လျှာထုတ်ပြတာကတော့ တစ်ငြိုးထင်ပါနဲ့…
        ဒီလိုအဖြစ်အပျက်တွေကို ယုံတဲ့သူရှိသလို မယုံတဲ့သူလည်းရှိလေတော့..
        မယုံကြည်သူများအတွက် မျက်နှာချိုသွေးတဲ့သဘောပါဂျာ … :hee:

  • Good™

    October 3, 2012 at 12:14 pm

    ဝေဒနာရှင် သာ အိပ်မက်ထဲ မှာ ဆေးသောက် ရတယ်လို့ မက်ရင် ရောဂါ ပျောက်တာ များတယ် လို့ တော့ ကြားဖူးတယ်။

  • ရွှေ ကြည်

    October 3, 2012 at 12:29 pm

    OMG မောင်ငယ်အံစာဘယ်သို့ဖြစ်ရသနည်း စိတ်ကိုထိန်းလော့ အူးဗိုက်ဝါဒီဂိုဏ်းကို သိမ်းယူလိုက်ပေမယ့်
    အူးဗိုက်က အူးဆာမိ ဂိုဏ်းကိုလွှဲပြောင်းပေးလိုက်တော့အခုလိုဖြစ်သွားတာများလား။

    နောက်တာပါကွယ် အစ်မယုံကြည်နိုင်ပါတယ် ဒါမျိုးတွေရှိနိုင်ပါတယ်။ ဒါပေမယ့် မောင်အံလိုလူမျိုးကဘိုးတော်လိုင်းဘက်ကူးသွားမှာတော့
    စိုးရိမ်မိပါတယ်လို့ …။
    နောက်ထပ်ဟောစာတမ်းတွေမှာ အဆိုးတွေပါနေရင် တကယ်ဖြစ်လာမယ်စိတ်ထဲမှာစွဲမထားစေချင်ပါဘူး
    ဥပါဒန်ကြောင့်ဥပါဒ်ရောက်မှာစိုးလို့ပါ..။

  • Ma Ei

    October 3, 2012 at 1:05 pm

    တစ်ခါက ဆံပင်ဖြူဖြူ၊ မုတ်ဆိတ်ဖြူဖြူ၊ ဝတ်ရုံဖြူဖြူ ဝတ်ဆင်ထားတဲ့
    အဘ တစ်ဦးနဲ့ မုန့်ဆိုင်မှာတွေ့ပါတယ်…လက်ဝါးဖြန့်ခိုင်းပြီး
    လက်ဝါးပေါ်မှာ ၁၂၆ ကို လက်နဲ့ရေးပေးခဲ့ပါတယ်…
    လမ်းတစ်လျှောက် တွေ့သူတိုင်းကို ရေးပေးနေတာပါ…
    တစ်ကယ်ဘဲ အဲ့ဒီဂဏန်းထွက်သွားခဲ့ပါတယ်…
    နဲနဲရတဲ့သူနဲ့၊များများရတဲ့သူနဲ့ တစ်လမ်းလုံး ရကြတယ်…
    ဒီလိုထူးဆန်းတဲ့ အဖြစ်တွေလဲရှိတာမို့ နောက်လာမယ့်
    ရက်စွဲများအကြောင်းကိုလဲ ဖတ်ချင်ပါသေးတယ်နော်…

  • manawphyulay

    October 3, 2012 at 1:12 pm

    အင်း ဘယ်လိုပြောရမလဲပေါ့လေ… အင်း.. ယုံပါတယ်ပေါ့… ဂလိုပြောရင်ကော ဘယ်လိုနေမလဲ.. သူ့နေရာနဲ့သူတော့ ဝိဇ္ဇာလိုင်းလုပ်နေတာတွေ အများကြီးမြင်ဖူးပါတယ်။ ကြုံလည်းကြုံဖူးပါတယ်။ ခုခြောက်မျက်နှာကော အဲဒီလိုင်းဘက် လိုက်နေသလား သိချင်ပါတယ်ရှင်… 😛

  • Hnin Hnin

    October 3, 2012 at 1:15 pm

    မပြောကောင်း မဆိုကောင်း ..ဖွ..လွဲပါစေ..ပယ်ပါစေ…သူ့နေရာလဲပေးဖို့ သင့်တော်တဲ့သူ
    လိုက်ရှာနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်နော်….ကြည့်ရတာ အမြင့်နည်းနည်းရောက်
    တဲ့ အနိမ့်ဘုံက ထင်တယ်….ဖြစ်နိုင်ရင်တော့ သူဟောထားတာတွေရော၊အဲ့ဒီ အဘိုးရော
    စိတ်ထဲမှာ လုံးဝရှင်းထုတ်ပစ်လိုက်ပါ….

    • Good tm says:

      ဝေဒနာရှင် သာ အိပ်မက်ထဲ မှာ ဆေးသောက် ရတယ်လို့ မက်ရင် ရောဂါ ပျောက်တာ များတယ် လို့ တော့ ကြားဖူးတယ်။

      မဟာရာဇာ အံစာတုံး says:
      အပေါ်က မမေဂျူလိုင်ကို ပြောတာ ထင်ပါ့ ..
      ဟုတ်ကဲ့ ..
      ဖြစ်နိုင်လောက်မယ် ထင်ပါတယ် ခင်ဗျာ …
      ++++++++++++++++

      ရွှေကြည် says:

      OMG မောင်ငယ်အံစာဘယ်သို့ဖြစ်ရသနည်း စိတ်ကိုထိန်းလော့ အူးဗိုက်ဝါဒီဂိုဏ်းကို သိမ်းယူလိုက်ပေမယ့်
      အူးဗိုက်က အူးဆာမိ ဂိုဏ်းကိုလွှဲပြောင်းပေးလိုက်တော့အခုလိုဖြစ်သွားတာများလား။

      နောက်တာပါကွယ် အစ်မယုံကြည်နိုင်ပါတယ် ဒါမျိုးတွေရှိနိုင်ပါတယ်။ ဒါပေမယ့် မောင်အံလိုလူမျိုးကဘိုးတော်လိုင်းဘက်ကူးသွားမှာတော့
      စိုးရိမ်မိပါတယ်လို့ …။
      နောက်ထပ်ဟောစာတမ်းတွေမှာ အဆိုးတွေပါနေရင် တကယ်ဖြစ်လာမယ်စိတ်ထဲမှာစွဲမထားစေချင်ပါဘူး
      ဥပါဒန်ကြောင့်ဥပါဒ်ရောက်မှာစိုးလို့ပါ..။

      မဟာရာဇာ အံစာတုံး says:
      မမကြီးကတော့ နောက်လိုက်သေး …
      ကျနော် ဘိုးတော် လိုင်းဘက်ကို ကူးပါဘူးဗျ ..
      လုပ်ရင်းလုပ် ရဟန်းပဲ ဝတ်တော့မှာပေါ့ဗျာ …
      ခုဟာက ကျနော် ကြုံခဲ့ရတဲ့ အဖြစ်ရယ် …
      ဘိုးတော် ဟောခဲ့တဲ့ အဖြစ်တွေက မှန်နေတာရယ်ကို ထူးဆန်းနေတာပါ ..
      ဒါပေမယ့် မမကြီး ပြောသလိုပဲ ..
      အစွဲကြီးတော့ ထားတော့ဘူးဂျာ ..
      ကျေးကျေးပါ မမကြီး မရွှေကြည် ခင်ဗျာ …
      ++++++++++++++++

      Ma Ei says:

      တစ်ခါက ဆံပင်ဖြူဖြူ၊ မုတ်ဆိတ်ဖြူဖြူ၊ ဝတ်ရုံဖြူဖြူ ဝတ်ဆင်ထားတဲ့
      အဘ တစ်ဦးနဲ့ မုန့်ဆိုင်မှာတွေ့ပါတယ်…လက်ဝါးဖြန့်ခိုင်းပြီး
      လက်ဝါးပေါ်မှာ ၁၂၆ ကို လက်နဲ့ရေးပေးခဲ့ပါတယ်…
      လမ်းတစ်လျှောက် တွေ့သူတိုင်းကို ရေးပေးနေတာပါ…
      တစ်ကယ်ဘဲ အဲ့ဒီဂဏန်းထွက်သွားခဲ့ပါတယ်…
      နဲနဲရတဲ့သူနဲ့၊များများရတဲ့သူနဲ့ တစ်လမ်းလုံး ရကြတယ်…
      ဒီလိုထူးဆန်းတဲ့ အဖြစ်တွေလဲရှိတာမို့ နောက်လာမယ့်
      ရက်စွဲများအကြောင်းကိုလဲ ဖတ်ချင်ပါသေးတယ်နော်…

      မဟာရာဇာ အံစာတုံး says:
      အမအိကို တိုးတိုးလေး ပြောရဦးမဗျ …
      နောက်လာမယ့် ရက်စွဲတွေထဲမှာလေ ..
      ဘိုးတော်က ဟောဒီလို ဟောထားတယ်ဗျ ..
      ဘာတဲ့ … ထိပ်ပြောင်ပြောင်နဲ့ လူဂျီးတစ်ယောက်ကို
      ဗြန်းခနဲ ရိုက်ရလိမ့်မယ်ဒဲ့ … :mrgreen:
      နောက်တာပါ ခင်ဗျာ …
      ဖတ်ရှု အားပေးသွားတဲ့ အတွက်တော့
      ထူးဆန်းတဲ့ အကြောင်းအရာလေးအတွက်ပါ ကျေးဇူးပါ ခင်ဗျာ ..
      ++++++++++++++++

      manawphyulay says:

      အင်း ဘယ်လိုပြောရမလဲပေါ့လေ… အင်း.. ယုံပါတယ်ပေါ့… ဂလိုပြောရင်ကော ဘယ်လိုနေမလဲ.. သူ့နေရာနဲ့သူတော့ ဝိဇ္ဇာလိုင်းလုပ်နေတာတွေ အများကြီးမြင်ဖူးပါတယ်။ ကြုံလည်းကြုံဖူးပါတယ်။ ခုခြောက်မျက်နှာကော အဲဒီလိုင်းဘက် လိုက်နေသလား သိချင်ပါတယ်ရှင်… 😛

      မဟာရာဇာ အံစာတုံး says:
      အဟမ်း .. ဟမ်း ..
      ကျွန်ုပ် မဟာရာဇာ ဘိုးဘိုးဝိဇ္ဇာ ကို ဘယ့်နှယ် ဘိုးတော်လိုင်း လိုက်ချင်နေသလား မေးနေရသတုံး ..
      ငွင်း .. ငွင်း …
      နောက်တာပါ ..
      အဲ့လိုင်းဘက်က ဟိုလိုင်းဘက်ကို ပိုအားသာမိဘာဒယ် ခညာ ..
      ++++++++++++++++

      Hnin Hnin says:

      မပြောကောင်း မဆိုကောင်း ..ဖွ..လွဲပါစေ..ပယ်ပါစေ…သူ့နေရာလဲပေးဖို့ သင့်တော်တဲ့သူ
      လိုက်ရှာနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်နော်….ကြည့်ရတာ အမြင့်နည်းနည်းရောက်
      တဲ့ အနိမ့်ဘုံက ထင်တယ်….ဖြစ်နိုင်ရင်တော့ သူဟောထားတာတွေရော၊အဲ့ဒီ အဘိုးရော
      စိတ်ထဲမှာ လုံးဝရှင်းထုတ်ပစ်လိုက်ပါ….

      မဟာရာဇာ အံစာတုံး says:
      အောင်မငီး …
      သူ ပြောလိုက်မှ ကြက်သီးတောင် ထသွားတယ် … ဂစ် .. ဂစ် .. :mrgreen:
      အမ ပြောသလို ဟုတ်လား မဟုတ်လားတော့ မသိပါဘူး ..
      ဘိုးတော် ဟောခဲ့တဲ့ နေ့ရက်တွေကို စိတ်က စွဲနေမှာ စိုးလို့ ..
      စာအုပ်တောင် ပြန်ပြီး ဖွင့်ကို မကြည့်ဖြစ်အောင် ထားပါတယ် …
      ဒါပေမယ့်ဗျာ ……..

  • မောင်ပေ

    October 3, 2012 at 2:12 pm

    ကျုပ်လဲ ကြုံခဲ့ဖူးတယ်
    အဖိုးကြီးက ကျုပ်ကို ပြောသွားတာကတော့
    မင်း မန်းဂေဇက်မှာ ရွာသားဖြစ်မယ်တဲ့
    အဲဒီမှာ ငါနဲ ့တွေ ့ခဲ့ဖူးတဲ့ အံဇာတုံး ဆိုတဲ့ အသက်ကြီးအိုတစ်ယောက်နဲ ့ခင်လိမ့်မယ်တဲ့
    သူ ့ကို နဲနဲသတိထားပါတဲ့
    ဘာလို ့တုန်းအဘရဲ ့ ဆိုတော့
    သူ က တစ်နေ ့ကြရင်တဲ့…
    ဘာဖြစ်မှာတုန်းလို ့ဆက်မေးတော့.. အဖိုးကြီးက
    ဆက်မပြောပဲ လစ်သွားတယ်ဗျာ
    အဲ့လို အဲ့လို

  • kyeemite

    October 3, 2012 at 2:20 pm

    အိမ်း..အိမ်း..အိမ်း..မြေးကလေးအံဇာ…
    နွားရိုင်းကို နိုင်အောင် ထိန်းနိုင်ပြီးလားကွဲ့
    အဘစောင့်နေတာကြလှပီ…ငါ့မြေးက အင်တာနက်ကနေ
    အဘအကြောင်းတွေဖွနေတယ်ပေါ့လေ…
    နောက်တာနော်..ခင်လို့… :kwi:

  • Shwe Ei

    October 3, 2012 at 2:33 pm

    တခုလောက်မေးပါရစေ မဟာဘာဂျာရယ်။ ရှင့်ကို အဲဒီ ဘိုးတော်က ဂဇက်မှာပို့စ်တွေတင်ရင် အပိုင်းလိုက်ခွဲတင်ပီး တခါတလေဇာတ်သိမ်းမတင်ဘဲ တန်းလန်းထားခဲ့လို့ ရွာ့မေတ္တာပို့ခြင်းခံရမယ်လို့ရော မပြောလိုက်ဝူးလား။ :harr:

  • surmi

    October 3, 2012 at 2:40 pm

    ဟေ ့ဟေ ့ ထီဘယ်နေ ့ပေါက်မယ်ပြောလဲ
    လက်ဘက်ရည်လာသောက်မလို ့
    မိန်မယူမဲ ့နေ ့ရောပြောသေးလား
    မင်္ဂလာဆောင်ရင် ရှောင်နေမလို ့
    :hee: :harr:

  • cobra

    October 3, 2012 at 5:21 pm

    ထူးဆန်းတာပဲနော်….
    ဒါမျိုးကဖြစ်ခဲလှပါတယ်
    ဒီခေတ်ထဲမှာဆိုပိုဆိုးတယ်
    သိပ်တောင်မကြားရတော့ဘူး
    ကိုခြောက်မျက်နှာကံကောင်းတာပေါ့။

    • မောင်ပေ says:

      ကျုပ်လဲ ကြုံခဲ့ဖူးတယ်
      အဖိုးကြီးက ကျုပ်ကို ပြောသွားတာကတော့
      မင်း မန်းဂေဇက်မှာ ရွာသားဖြစ်မယ်တဲ့
      အဲဒီမှာ ငါနဲ ့တွေ ့ခဲ့ဖူးတဲ့ အံဇာတုံး ဆိုတဲ့ အသက်ကြီးအိုတစ်ယောက်နဲ ့ခင်လိမ့်မယ်တဲ့
      သူ ့ကို နဲနဲသတိထားပါတဲ့
      ဘာလို ့တုန်းအဘရဲ ့ ဆိုတော့
      သူ က တစ်နေ ့ကြရင်တဲ့…
      ဘာဖြစ်မှာတုန်းလို ့ဆက်မေးတော့.. အဖိုးကြီးက
      ဆက်မပြောပဲ လစ်သွားတယ်ဗျာ
      အဲ့လို အဲ့လို

      မဟာရာဇာ အံစာတုံး says:
      ဟေ့လူဂျီး …
      ခညားဂျီးက ကျုပ်ကို နောက်ဒါလား .. ပေါင်ဒါလား ..
      ချင်းချင်း ပေါချမ်းဘာ … ငွင်း .. ငွင်း ..
      ဘယ့်နှယ်ဂျာ .. ကျုပ်ကိုများ သက်ကြီးအို ဒဲ့ ..
      ကြားလို့မှ ကောင်းကြသေးရဲ့လား အရပ်ကတို့ရဲ့ …. အဟီး .. ဟီး (ငိုဒါ)

      (ခညားဂျီးရယ် .. အောက်က လူဂျီးဒွေရဲ့ ကွန်မန့်ဒွေကို ဖတ်ပြီး ကျုပ်ဖြင့် တခွီးခွီး ရယ်မိတော့တာပဲ၊ တကယ့် လူဂျီးဒွေ။ ဘာမှန်းကို သိဘူး ..)
      ++++++++++++++++

      kyeemite says:

      အိမ်း..အိမ်း..အိမ်း..မြေးကလေးအံဇာ…
      နွားရိုင်းကို နိုင်အောင် ထိန်းနိုင်ပြီးလားကွဲ့
      အဘစောင့်နေတာကြလှပီ…ငါ့မြေးက အင်တာနက်ကနေ
      အဘအကြောင်းတွေဖွနေတယ်ပေါ့လေ…
      နောက်တာနော်..ခင်လို့… :kwi:

      မဟာရာဇာ အံစာတုံး says:
      ဘဘဂျီး …
      မြေးလေးဒေါ့ဖြင့် နွားရိုင်းကို နိုင်အောင် ထိန်းနိုင်ဒေါ့ဘူး ..
      ဒါကြောင့် ဘဘဂျီးဆီ ပြန်လွှတ်လိုက်ပြီ ..
      သူဂ အဲ့လောက်ရင် ဂျိုနဲ့ ဟိုနေရာကို ခွေ့ပစ်လိုက်မယ် .. သတိထား ..
      ဒါနဲ့ ဘဘဂျီးကို အမှတ်မထင် ပြန်တွေ့ရတုန်းလေး တစ်ခုလောက် ပူဆာမယ်ဂျာ ..
      အဲ့ဒုန်းက မြေးလေးကို ဟောခဲ့ဒါဒွေကို ပြန်ဟောပေးဘာ .. ဒါဗြဲ ..
      ++++++++++++++++

      Shwe Ei says:

      တခုလောက်မေးပါရစေ မဟာဘာဂျာရယ်။ ရှင့်ကို အဲဒီ ဘိုးတော်က ဂဇက်မှာပို့စ်တွေတင်ရင် အပိုင်းလိုက်ခွဲတင်ပီး တခါတလေဇာတ်သိမ်းမတင်ဘဲ တန်းလန်းထားခဲ့လို့ ရွာ့မေတ္တာပို့ခြင်းခံရမယ်လို့ရော မပြောလိုက်ဝူးလား။ :harr:

      မဟာရာဇာ အံစာတုံး says:
      ဟိုက် … ဖဲ့ပဟ …
      အဟီးးးးးးး :mrgreen:
      အဲ့လို … အဲ့လိုဒေါ့ ပါဘူးဂျ .. အဟီးးး
      ဟိုလေ … အနော် ဟိုဇာတ်ကို ဆက်ဖို့ ရေး .. ရေးနေဘာဒယ်ဂျ ..
      ပြီး .. ပြီးရင် တင်မယ်နော် ..
      ++++++++++++++++

      surmi says:

      ဟေ ့ဟေ ့ ထီဘယ်နေ ့ပေါက်မယ်ပြောလဲ
      လက်ဘက်ရည်လာသောက်မလို ့
      မိန်မယူမဲ ့နေ ့ရောပြောသေးလား
      မင်္ဂလာဆောင်ရင် ရှောင်နေမလို ့
      :hee: :harr:

      မဟာရာဇာ အံစာတုံး says:
      ဟို …
      မင်းနဲ့ သိကျွမ်းတဲ့ အင်္ဂါနေ့နံ အမည်မှည့်ထားတဲ့ လူတစ်ယောက်
      သွားကြမ်းပိုး စားတဲ့အချိန်ကျရင် ထီပေါက်လိမ့်မယ်ဒဲ့ …
      ပီးဒေါ့ …
      အဲ့ဒီလူ ခြေထောက်နာလို့ လမ်းမလျောက်နိုင်တဲ့အခါ
      မိန်းမ ရလိမ့်မယ်ဒဲ့ … (လမ်း မလျောက်နိုင်ရင် ကားနဲ့ လာပင့်မှာနော် ဂိုဏ်းချုပ်ဂျီး)
      ++++++++++++++++

      cobra says:

      ထူးဆန်းတာပဲနော်….
      ဒါမျိုးကဖြစ်ခဲလှပါတယ်
      ဒီခေတ်ထဲမှာဆိုပိုဆိုးတယ်
      သိပ်တောင်မကြားရတော့ဘူး
      ကိုခြောက်မျက်နှာကံကောင်းတာပေါ့။

      မဟာရာဇာ အံစာတုံး says:
      ကံကောင်းတာလား ..
      ကံဆိုးတာလားတော့ သိဘူးရယ် …
      အပေါ်မှာ အမဂျီးတစ်ယောက် ပြောသွားသလိုမျိုးဆို ဒုတ်စွ …

  • ရဲစည်

    October 3, 2012 at 5:56 pm

    ဟုတ်တာ မဟုတ်တာထက် လူတိုင်း ကိုယ်တိုင်ကြုံမှ သိမှာမို့ အတတ်မပြောတတ်ပါခင်ဗျ..။
    လောကဂျီးသည် ထူးဆန်းပေ၏။
    အနော် ငယ်ငယ်ကလည်း ဂျာအေးဆိုသူနှင့် တွေ့ဆုံဖူး၏
    မောင်ပန်းမွှေး၏ စာအုပ်ကို ဖတ်စေချင်၏
    ထိုစာအုပ်တွင် ဂျာအေး မပါသော်လည်း သူနှင့် ဆက်စပ်မှုကို တွေ့ဖူး ဖတ်ဖူး၏…။
    အနှီ ဂျာအေးဆိုသူသည် အနော့်အား မင်းလူကောင်းမဟုတ် ဖြစ်မလာနိူင် သို့သော် သူယုတ်၊ သူဆိုးလဲ မဖြစ်လို့ မွေးတဲ့ မိဘ တန်ကာကျပါတယ်ကွာဟု အနော် ကိုရင်ဘဝက ပြောဖူး၏…။
    အဲ .. ဇာတ်လမ်းတွေ ရှည်ကုန်ပီ
    ဆိုတော့ဗျာ…
    ဒူးသာဒူး.. ထူးလိမ့်မယ် ကိုယ့်အတွက် ကိုယ်လုပ်တာဘဲ
    အဲ… ရူးသွားလည်း နားအေးတဲ့ ရာသီဥတုနဲ့ ပတ်ဝင်းကျင် အသစ်ကို ရတာပေါ့…။
    တချို့များ သူရို့ပတ်ဝင်းကျင်နဲ့ မကိုက်ရင် သူရူးလို့ သတ်မှတ်ကျပေသကိုး………။
    တော်သေးဘီ… ဒန့် တန့် တန့်… :mrgreen:

  • ကိုရင်မောင်

    October 3, 2012 at 6:03 pm

    ကျွန်ုပ်တို့ရွာကြီးတွင်ဘိုးတော်တဦးပေါ်လာရန်ရှိပါသည်….
    သို့သော်လည် … နွားရိုင်းကြီးကိုနိုင်အောင်ထိမ်းနိုင်မှဖြစ်မှာ ဖြစ်သည့်အတွက်…
    ယခုမပေါ်သေးပါ…. ပေါ်လာသည့်အခါမြင်ပါလိပ်မည်….
    စိတ်မဆိုးနဲ့နော်…နောက်တာ…ကိုအံ……….

  • Mobile

    October 3, 2012 at 6:35 pm

    ပြောမယုံ ကြုံဖူးစုံဆူးမှသိ ဆိုတဲ့အတိုင်းပဲ မြင်ဖူးတွေဖူး တဲ့လူတွေမှသာလျှင်
    လက်ခံနိုင်မှာဖြစ်သလို မမြင်ဖူး မတွေ့ဖူးတဲ့ လူတွေကိုပြောနေရင်လဲ
    ရူးနေတယ်လို့ပဲ လုပ်ဇာတ်ဆင်ပြီးပြောတယ်လို့ပဲ ထင်ခံမြင်ခံရမှာပါ။
    ကျနော် လည်လူဝင်စား တစ်ယောက်ကိုတော့တွေ့ဖူးပါတယ်။
    ကျနော် သူငယ်ချင်းတစ်ယောက်ပါပဲ။ သူက အရင်ဘဝက မိန်းကလေး
    အခုဘဝမှာ ယောကျာ်း လေးဗျ။ အရင်ဘဝကရေနစ်လို့သေတာတဲ့။
    အခုဘဝမှာ ၅ နှစ်သားလောက်ရောက်တော့ အရင်ဘဝက အိမ်ကိုသွားချင်တယ်ဆိုပြီးငိုတာတဲ့
    ကျနော်တို့ရွာနဲ့ ၁၅ မိုင်လောက်ဝေးတဲ့နေရာမှာအရင်ဘဝကနေခဲ့တာ။ ဟိုရွာကိုရောက်တော့
    သူနေခဲ့တဲ့အိမ်ကို သူဘာသာသူတန်းသွားတယ်တဲ့။ အရင်မိသားစုတွေကလဲ မယုံကြဖူးတဲ့
    နောက်ပိုင်းမှာပြောရင်းပြောရင်းနဲ့ အရင်ဘဝကအကြောင်းတွေကို ပြောပြနိုင်တဲ့အခါ
    သူတို့လဲလက်ခံသွားတယ်တဲ့။ လက်ခံလိုက်ရတဲ့ အဓိကအကြောင်းကတော့ အရင်တုန်းကရှိခဲ့တဲ့
    သစ်ပင်တစ်ပင်ကို ဘယ်တုန်းကလှဲး ပြစ်လိုက်တာလဲလို့မေးတယ်တဲ့။
    ကျနော်တို့တစ်ရွာလုံးကလဲဒီအဖြစ်ကို လုံးဝလက်ခံထားကြပါတယ်ဗျာ။
    အရင် ဘဝ ကသေဆုံးချိန်နဲ့ အခုဘဝ လူပြန်ဖြစ်ဖို့ အချိန်ကြားမှာ ကွာဟမှု ၁ဝ လောက်ရှိပါတယ်။
    အဲ့ဒီအချိန်မှာ ဘယ်ရောက်နေတယ်ဆိုတာလဲ ပြောနိုင်ပါတယ်။ ကျနော်တို့ ရွှာအနောက်ဖက်က
    သစ်ပင်ကြီးတစ်ပင်အောက်မှာ နေရတာတဲ့။ မိန်းကကြီးတစ်ယောက်က အစာတွေလာလာကျွေးတယ်လို့
    ပြောတယ်။ လူဝင်စားဖြစ်တော့မယ့်နေမှာ အစာကျွေးမယ့်လူက ရောက်မလာတော့ဘူးတဲ့။
    အဲ့ဒါကြောင့် လျှောက်သွားရင်းနဲ့ပဲ အခုလက်ရှိဘဝ သူ့အမေနဲ့တွေတယ်တဲ့ အဲ့ဒီနောက်မှာတော့
    ဘာမှမသိတော့ဘူးလို့ တိတိကျကျ ခိုင်ခိုင်လုံလုံ ပြောပြထားနိုင်ပါတယ်။

  • Fall Guy

    October 3, 2012 at 7:30 pm

    ကိုပေ သာအဲ့ဒီ့အဘိုးအိုလိုဆို စနေ တနင်္ဂနွေ ရောက်ရင် ရွာသားတွေထောဘီ…..

    • မောင်ပေ

      October 3, 2012 at 7:56 pm

      ဟေ့လူရယ်
      ကျုပ် ခန် ့မှန်းလေးတွေ ခင်ဗျား အဆက်မပြတ် သေချာဖတ်ခဲ့ရင်… အဲဒီ အဘိုးအို ကို ရှာစရာကို မလို ဘူး
      သိလား
      မနေ ့ညကဆို ၄ ပွဲမှန်းတာ ၊ မန်ယူတစ်ပွဲပဲ ၂၅ စား ၊ ကျန်တာအားလုံး အပြည့်စား

      • ရဲစည် says:

        ဟုတ်တာ မဟုတ်တာထက် လူတိုင်း ကိုယ်တိုင်ကြုံမှ သိမှာမို့ အတတ်မပြောတတ်ပါခင်ဗျ..။
        လောကဂျီးသည် ထူးဆန်းပေ၏။
        အနော် ငယ်ငယ်ကလည်း ဂျာအေးဆိုသူနှင့် တွေ့ဆုံဖူး၏
        မောင်ပန်းမွှေး၏ စာအုပ်ကို ဖတ်စေချင်၏
        ထိုစာအုပ်တွင် ဂျာအေး မပါသော်လည်း သူနှင့် ဆက်စပ်မှုကို တွေ့ဖူး ဖတ်ဖူး၏…။
        အနှီ ဂျာအေးဆိုသူသည် အနော့်အား မင်းလူကောင်းမဟုတ် ဖြစ်မလာနိူင် သို့သော် သူယုတ်၊ သူဆိုးလဲ မဖြစ်လို့ မွေးတဲ့ မိဘ တန်ကာကျပါတယ်ကွာဟု အနော် ကိုရင်ဘဝက ပြောဖူး၏…။
        အဲ .. ဇာတ်လမ်းတွေ ရှည်ကုန်ပီ
        ဆိုတော့ဗျာ…
        ဒူးသာဒူး.. ထူးလိမ့်မယ် ကိုယ့်အတွက် ကိုယ်လုပ်တာဘဲ
        အဲ… ရူးသွားလည်း နားအေးတဲ့ ရာသီဥတုနဲ့ ပတ်ဝင်းကျင် အသစ်ကို ရတာပေါ့…။
        တချို့များ သူရို့ပတ်ဝင်းကျင်နဲ့ မကိုက်ရင် သူရူးလို့ သတ်မှတ်ကျပေသကိုး………။
        တော်သေးဘီ… ဒန့် တန့် တန့်… :mrgreen:

        မဟာရာဇာ အံစာတုံး says:
        တိန် … တွယ်ပဟ …
        ဥရဲစိ .. ဥရဲစိ …
        ဒူး သာ ဒူး …
        ထူးလိမ့်မယ်ဆိုရင် ရဘာဘီ .. အဟီးးးး
        အောက်က ဘာဒွေဒုန်းတော့ မမြင်ရတော့ဘူး .. :mrgreen:
        ++++++++++++++++

        ကိုရင်မောင် says:

        ကျွန်ုပ်တို့ရွာကြီးတွင်ဘိုးတော်တဦးပေါ်လာရန်ရှိပါသည်….
        သို့သော်လည် … နွားရိုင်းကြီးကိုနိုင်အောင်ထိမ်းနိုင်မှဖြစ်မှာ ဖြစ်သည့်အတွက်…
        ယခုမပေါ်သေးပါ…. ပေါ်လာသည့်အခါမြင်ပါလိပ်မည်….
        စိတ်မဆိုးနဲ့နော်…နောက်တာ…ကိုအံ……….

        မဟာရာဇာ အံစာတုံး says:
        အဟမ်း … ဟမ်း ..
        ဘိုးဘိုးဝိဇ္ဇာ မဟာရာဇာ လာဘာဘီ …
        လူဂလေး ကိုရင်မောင် ဘာကို မ,စ စေချင်ဒလဲဆိုဒါကို ပေါဘာ ..
        ဘိုးဘိုး မ,စ ပေးခဲ့မယ် ..
        သို့ပေသိ .. မိန်းမ တော့ ရနိုင်ဘူးနော့ ..
        ဒါက ကြိုပေါထားရဒါ …
        ++++++++++++++++

        Mobile says:

        ပြောမယုံ ကြုံဖူးစုံဆူးမှသိ ဆိုတဲ့အတိုင်းပဲ မြင်ဖူးတွေဖူး တဲ့လူတွေမှသာလျှင်
        လက်ခံနိုင်မှာဖြစ်သလို မမြင်ဖူး မတွေ့ဖူးတဲ့ လူတွေကိုပြောနေရင်လဲ
        ရူးနေတယ်လို့ပဲ လုပ်ဇာတ်ဆင်ပြီးပြောတယ်လို့ပဲ ထင်ခံမြင်ခံရမှာပါ။
        ကျနော် လည်လူဝင်စား တစ်ယောက်ကိုတော့တွေ့ဖူးပါတယ်။
        ကျနော် သူငယ်ချင်းတစ်ယောက်ပါပဲ။ သူက အရင်ဘဝက မိန်းကလေး
        အခုဘဝမှာ ယောကျာ်း လေးဗျ။ အရင်ဘဝကရေနစ်လို့သေတာတဲ့။
        အခုဘဝမှာ ၅ နှစ်သားလောက်ရောက်တော့ အရင်ဘဝက အိမ်ကိုသွားချင်တယ်ဆိုပြီးငိုတာတဲ့
        ကျနော်တို့ရွာနဲ့ ၁၅ မိုင်လောက်ဝေးတဲ့နေရာမှာအရင်ဘဝကနေခဲ့တာ။ ဟိုရွာကိုရောက်တော့
        သူနေခဲ့တဲ့အိမ်ကို သူဘာသာသူတန်းသွားတယ်တဲ့။ အရင်မိသားစုတွေကလဲ မယုံကြဖူးတဲ့
        နောက်ပိုင်းမှာပြောရင်းပြောရင်းနဲ့ အရင်ဘဝကအကြောင်းတွေကို ပြောပြနိုင်တဲ့အခါ
        သူတို့လဲလက်ခံသွားတယ်တဲ့။ လက်ခံလိုက်ရတဲ့ အဓိကအကြောင်းကတော့ အရင်တုန်းကရှိခဲ့တဲ့
        သစ်ပင်တစ်ပင်ကို ဘယ်တုန်းကလှဲး ပြစ်လိုက်တာလဲလို့မေးတယ်တဲ့။
        ကျနော်တို့တစ်ရွာလုံးကလဲဒီအဖြစ်ကို လုံးဝလက်ခံထားကြပါတယ်ဗျာ။
        အရင် ဘဝ ကသေဆုံးချိန်နဲ့ အခုဘဝ လူပြန်ဖြစ်ဖို့ အချိန်ကြားမှာ ကွာဟမှု ၁ဝ လောက်ရှိပါတယ်။
        အဲ့ဒီအချိန်မှာ ဘယ်ရောက်နေတယ်ဆိုတာလဲ ပြောနိုင်ပါတယ်။ ကျနော်တို့ ရွှာအနောက်ဖက်က
        သစ်ပင်ကြီးတစ်ပင်အောက်မှာ နေရတာတဲ့။ မိန်းကကြီးတစ်ယောက်က အစာတွေလာလာကျွေးတယ်လို့
        ပြောတယ်။ လူဝင်စားဖြစ်တော့မယ့်နေမှာ အစာကျွေးမယ့်လူက ရောက်မလာတော့ဘူးတဲ့။
        အဲ့ဒါကြောင့် လျှောက်သွားရင်းနဲ့ပဲ အခုလက်ရှိဘဝ သူ့အမေနဲ့တွေတယ်တဲ့ အဲ့ဒီနောက်မှာတော့
        ဘာမှမသိတော့ဘူးလို့ တိတိကျကျ ခိုင်ခိုင်လုံလုံ ပြောပြထားနိုင်ပါတယ်။

        မဟာရာဇာ အံစာတုံး says:
        ကိုဖုန်း ပြောတဲ့ လူဝင်စား အကြောင်း ဖတ်ရင်းက
        ဒွေး ဝင်စားတဲ့ အကြောင်းကို ပြေးပြီး သတိရလိုက်မိပါရောလား …
        အဲ့ဒီ လူဝင်စား အဖြစ်တွေကလည်း အဆန်းသား ကလားဗျ …
        ဆန်းတဲ့ အကြောင်းလေးကို ဖြည့်စွက်ပြီး ရေးပေးသွားတာ ကျေးဇူးပါ ..
        ++++++++++++++++

        Fall Guy says:

        ကိုပေ သာအဲ့ဒီ့အဘိုးအိုလိုဆို စနေ တနင်္ဂနွေ ရောက်ရင် ရွာသားတွေထောဘီ…..

        မဟာရာဇာ အံစာတုံး says:
        တွေ့လား ..
        ဘိုးဘိုးပေ က အောက်မှာ ပြောထားဒယ် ..
        အဘိုးအို ကို ရှာစရာ လိုပါဘူးဒဲ့ ..
        သူ ခန့်မှန်းချက်ကို သေချာဖတ်ပြီး ထိုးရင် …
        မွဲပါ .. အဲလေ .. အပြည့်စားရပါဒဲ့ .. :mrgreen:
        ++++++++++++++++

        ဖတ်ရှုအားပေး ဖြည့်စွက်ရေးသွားပေးကြပါကုန်သော ဦးဦး ဒေါ်ဒေါ် ကိုကို မမ အပေါင်းတို့အား ကျေးဇူး အထူးပင် တင်ရှိပါကြောင်း …

        ချစ်တဲ့ …
        အံစာတုံး

  • ကြောင်ကြီး

    October 4, 2012 at 9:36 am

    သဂျီးက နွားရိုင်းကို မထိန်းဘူး၊ ကင်စားပစ်မယ်တဲ့…။ :harr:

  • စိန်ဗိုက်ဗိုက်

    October 4, 2012 at 10:14 am

    နွားရိုင်းကို နိုင်အောင် ထိန်းနိုင်ဖို ့ ကြိုးစားပါ ငါ့မြေးရေ..
    မထိန်းနိုင်ရင် အူးကြောင်ပြောသလိုပဲ သဂျီးက ကင်စားမှာဒဲ့
    ဂိန်..ဂိန်..

    • etone

      October 4, 2012 at 12:12 pm

      ွှအတော်နောက်တဲ့ အူးကြောင်နဲ့ ဗိုက်ကလေးပဲ ….
      သူတို့ ကော့မန့် ဖတ်ပြီး ….. ရယ်လိုက်ရတာ … လိမ့်နေတာပဲ …. 😆

  • Moe Z

    October 4, 2012 at 12:43 pm

    တော်သေးတာပေါ့ အူးလေးအံချာဒုံးတစ်ယောက် ဘယ်နေ့လူ့လောကကြီးကို တာ့တာ ဘိုင့်ဘိုင်လုပ်သွားမယ်ဆိုပြီး မပြောခဲ့လို့ … 🙁
    ဆိုင်ဆိုင် မဆိုင်ဆိုင် ဂျူးရဲ့နံရံ၏အခြားတစ်ဘက်ကို သတိရသွားတယ် ..

    • pooch

      October 4, 2012 at 1:54 pm

      အဲ့ဒီ စာအုပ်ထဲမှာတော့ အရာအားလုံးကို မလွဲလွဲအောင် ကြိုးစားခဲ့ပေမဲ့ သေခြင်းတရားကိုတော့ ရှောင်လို့ မရခဲ့ပြန်ဘူး။

      သူငယ်အံဘဝကနေ ဘိုးတော်အံဖြစ်သွားတဲ့ အခါကြရင် အတိတ်စိမ်းပေးဖို့ မမေ့ပါနဲ့။ ဆက်ဆက်ကြီးကို ပေးဖြစ်အောင်ပေးပါနော် 😀

  • Wow

    October 4, 2012 at 3:07 pm

    မသိခြင်းက တစ်ခါတလေ ဘုရားပေးတဲ့လက်ဆောင်လား…
    နံရံ၏အခြားတစ်ဘက်ထဲကလို သိလာတော့ကော ဘာတွေအကျိုးကျေးဇူးရှိလာမှာလဲ…
    လူ့ဘဝဟာတစ်ကယ်ပဲ ပြဌာန်းထားတဲ့ စာအုပ်တစ်အုပ်လိုပဲလား…
    :saut:
    :om:
    ဘာရယ်မဟုတ် ကြားဖူးနားဝရှိဒါလေးတွေ ဘလာဘလာ ပြောကြည့်ချင်း…. :kwi: :chee:

Leave a Reply