စံချိန်မမီ လမ်း တံတားဆောက် ဝန်ထမ်းများ အရေးယူပုံ မြို့တော်ဝန်မဖြေ

ကို သာOctober 3, 20121min1223

ရန်ကုန်မြို့ရှိ လမ်း/တံတားများအား ဆောက်လုပ်ရာတွင် စံချိန်မီအောင် ပြုလုပ်ခြင်း ရှိ/မရှိ စစ်ဆေးပုံနှင့် စံချိန်မီအောင် မဆောင်ရွက်သည့် ဝန်ထမ်းကို မည်သို့အရေးယူပုံကို တိုင်းလွှတ်တော်၌ အမတ်တဦး က မေးမြန်းရာ မြို့တော်ဝန်က ပြန်လည် ဖြေကြားသော်လည်း စံချိန်မီ/မမီ စစ်ဆေးပုံကိုသာ ဖြေကြားပြီး အရေးယူပုံ ကိုမူ ဖြေကြားမသွားခဲ့ပေ။

ထိုမေးခွန်း ထုတ်သည့် ပြည်ခိုင်ဖြိုးပါတီမှ ဆိပ်ကမ်းမြို့နယ်အမတ် ဦးနေမျိုးအောင် က ရန်ကုန်မြို့မှ လမ်း/တံတား များသည် “ခဏခဏပျက်၊ ခဏခဏ
ပြင်နေရတဲ့အတွက် မလိုအပ်ဘဲ ပြည်သူ့ဘဏ္ဍာငွေများဟာ အလဟဿဖြုန်းတီးရာရောက်နေပါတယ်” ဟု စက်တင်ဘာလ ၂ရ ရက်နေ့ တိုင်းလွှတ်တော်တွင်
ရှင်းပြခဲ့သည်။

ဦးနေမျိုးအောင်၏ မေးခွန်းကို ဦးလှမြင့်က လမ်းခင်းရန် ကတ္တရာ၊ ကွန်ကရိတို့ ဝယ်ယူသည့်အချိန်မှ စ၍ လမ်းခင်း သည်အထိ စံချိန်မီအောင် စစ်ဆေးပုံ အဆင့်ဆင့်ကိုသာ ရှင်းပြခဲ့ပြီး စံချိန်မီအောင် ဆောင်ရွက်ခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိသည့် ဝန်ထမ်းများအပေါ် အရေးယူပုံနှင့် ပတ်သက်၍ ဖြေကြားသွားသည်ကို မတွေ့ရပေ။

ထို့ပြင် နောက်ဆက်တွဲ ဆက်လက်မေးမြန်းထားသည့် ထိုကိစ္စကြောင့် အရေးယူခံထားရသည့် ဝန်ထမ်း အရေအတွက်ကိုလည်း ရန်ကုန်မြို့တော်ဝန်က ဖြေကြားမသွားပေ။

စေတနာပါသော လုပ်မှားကိုင်မှားများကို တာဝန်ယူကူညီတည့်မတ်သွားမည်ဟု ဦးသိန်းစိန်ကိုယ်တိုင် ဝန်ကြီးများအား ပြောကြားခဲ့သော်လည်း အောက်ခြေ အဆင့်ဆင့် တာဝန်ယူမှုပိုင်းတွင် အားနည်းနေဆဲပင် ဖြစ်ကြောင်းသုံးသပ်သူများကဆိုကြသည်။ ။

Ref;မဇ္ဈိမ

3 comments

  • the best

    October 3, 2012 at 5:53 pm

    မြန်မာပြည်မှာ စံချိန်သတ်မှတ်ချက်မရှိသေးပါ။
    ပါးစပ်ထဲရှိတာလျှောက်ပြောနေတာ။

    ရန်ကုန်မြို့မှ လမ်း/တံတား များနဲ ့ပတ်သက်ပြီး မြို ့တော်ဝန်က
    “လမ်းခင်းရန် ကတ္တရာ၊ ကွန်ကရိတို့ ဝယ်ယူသည့်အချိန်မှ စ၍
    လမ်းခင်း သည်အထိ စံချိန်မီအောင် စစ်ဆေးပုံ အဆင့်ဆင့်ကို ရှင်းပြခဲ့တယ်။”ဆိုတာ
    စာအုပ်တစ်အုပ်က အမြန်ကူးရေးပြီးပြောပြတာပဲ ဖြစ်ရမယ်။

    တကယ်ဒီလိုစစ်ဆေးပြီး ဝယ်ခဲ့ရင် စစ်ဆေးစဉ်အဖြေနဲ ့
    လက်တွေ ့လုပ်ငန်းခွင်ရလဒ် အဖြေကို စစ်ဆေးသူကပြန်မစစ်တော့ဘူးလား။

    စည်ပင်မှာ စံချိန်ဆိုတာ ဘယ်လိုလဲဆိုတော့…
    စစ်ဆေးတဲ့အဖွဲ ့ကတစ်ဖွဲ ့၊ ဝယ်ယူတဲ့အဖွဲ ့ကတစ်ဖွဲ ့၊ လမ်းခင်းတဲ့အဖွဲ ့ကတစ်ဖွဲ ့၊
    လမ်းဖါတဲ့အဖွဲ ့ကတစ်ဖွဲ ့၊ ကတ္တရာ၊ ကွန်ကရိ ရောင်းစားတဲ့အဖွဲ ့ကတစ်ဖွဲ ့၊
    အဲဒါစည်ပင်ရဲ့ ကိုယ်ပိုင်စံချိန်ပဲ။

    တကယ်လက်တွေ ့ နေရာတိုင်းမှာ စံချိန်ဆိုတာ ငွေပဲ။
    ငွေပြည့်ရင် စစ်စရာတောင်မလိုဘူ စံချိန်ပြည့်တယ်။

    “မြို ့တော်ဝန်” တစ်ယောက်ဖြစ်ဖို ့ ဘယ်လိုစံချိန်နဲ ့ ခန် ့ရတယ်ကလဲ။
    “မြို ့တော်ဝန်” ကကောစံချိန်မီ/မမီ သိချင်တယ်ဗျာ။

  • pazflor

    October 4, 2012 at 2:53 am

    မြိုသူမြို့သားတွေ အစာကြေအောင်လမ်းဆိုးထားတာပါ..:P

  • uncle gyi

    October 4, 2012 at 9:39 am

    ဘယ်လိုအရေးယူတယ်ဆိုတာပြောလိုက်ရင်တနွယ်ငင်တစင်ပါဖြစ်ကုန်မှာစိုးလို့ပါဗျာ

Leave a Reply