မန္တလေးဂေဇက်မိသားစုများရဲ့ ရခိုင်ညီကိုမောင်နှမများအတွက်အလှူမှ ဆင့်ပွားအလှူအတွက် ဂုဏ်ပြုမှတ်တမ်း(ဓါတ်ပုံ)

1ပထမလွှဲပို့သောငွေအတွက်ဂုဏ်ပြုလွှာ
2ဒုတိယအကြိမ်လွှဲု့ပို့သောငွေအတွက် ဂုဏ်ပြုမှတ်တမ်း

 

ရခိုင်အလှူကနေ ဖြာခွဲထွက်လာတဲ့ အလှူတစ်ခုကတော့ ကျနော်တို့ရွာသား ကိုထွန်းဝင်းလတ် တို့ရဲ့ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်

မော်လူးဒေသ နမီးအုပ်စု မှာရှိတဲ့ ခေါင်တုန့်စည်ရွာ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းလေးအတွက် ထပ်မံလှူဒါန်းဖြစ်ခြင်းပါဘဲ။

ပထမဆုံးရခိုင်အတွက်အလှူငွေကောက်တယ်။

အဲဒီအထဲကမှ ဒီကျောင်းလေးအတွက်ခွဲလှူဖို့ ဆုံးဖြတ်။

ကိုထူးဆန်းက လှူဒါန်းမယ့်ငွေနဲ့ ဝယ်ရမယ့်ပစ္စည်းစာရင်း မန်းလေးကို ပို့ပေး။

ကိုပေနဲ့ကျနော်က လိုအပ်တဲ့ပစ္စည်းတွေဝယ်ပြီး ကိုထွန်းဝင်းလတ်နေတဲ့မော်လူးကို မီးရထားနဲ့ပြန်ပို့။

ပထမအခေါက်က သွပ်နဲ့သံ အဓိကထားဝယ်။

ဟိုမှာဝယ်လို့ရတာကို ဟိုမှာဝယ်ဘို့အတွက် ပိုနေတဲ့ငွေကို ကိုထွန်းဝင်းလတ်ဆီပြန်လွှဲ။

ဒါပေမယ့် မပြည့်စုံသေးဘဲထပ်လို။

လိုငွေကို ကိုထူးဆန်းက ကျနော်ဆီထပ်လွှဲ။

ကျနော်က တစ်ခါ ကိုထွန်းဝင်းလတ်ဆီကို အပြင်ငွေလွဲကနေထပ်ပို့။

အဲဒီအခါမှ ကိုထွန်းဝင်းလတ်ဆီကိုရောက်။

ကိုထွန်းဝင်းလတ်က တစ်ခါ လူရောငွေရောစိုက်ထုတ်လိုက်တဲ့အခါ

ကျောင်းလေးတစ်ကျောင်းဖြစ်တည်ခွင့်ရသွားပါတယ်။

(3-10-2012)နေ့မှာတော့ ကျောင်းထိုင်ဘုန်းကြီးက ပို့ပေးလိုက်တဲ့ အလှုရှင်ဂုဏ်ပြုမှတ်တမ်းလွှာလေး ကျနော်လက်ထဲရောက်လာပါတယ်။

အဲဒီပုံလေးကို ကျနော်သိမ်းထားပါတယ်။

ကျနော်ရန်ကုန်လာရင် ကိုထူးဆန်းတို့ကို ပြန်လွှဲအပ်လိုက်ပါမယ်။

ကြည်နူး ဝမ်းမြောက် ကျေနပ် စရာကြီးပါဗျာ။

22 comments

  • ရွှေ ကြည်

    October 3, 2012 at 3:28 pm

    ဟုတ်ပ ကြည်နူးစရာကြီးနော်..။ ဂုဏ်ပြုလွှာဖတ်ပြီးအကြီးကြီးဝမ်းသာသွားတယ်။

  • kai

    October 3, 2012 at 3:31 pm

    အဲဒါ.. ဩဂုတ်လသတင်းစာထဲ.. သတင်းအဖြစ်တော့ ထည့်ပေးထားတယ်..။

    • မောင်ပေ

      October 3, 2012 at 9:16 pm

      အဟမ်း..
      ပို ့စ်တစ်ခုတင်တဲ့အခါ ပေးတဲ့ ပွိုင့်လေး
      ကွန်မင့်ဖိုးလေးတွေ လဲ
      အဟမ်း
      တိုးပေးရင်တော့ ကောင်းတာပ
      နော
      ရွာသူားတို ့ရေ

      • စိန်ဗိုက်ဗိုက်

        October 4, 2012 at 12:22 pm

        အဟမ်း..
        တိုးပေးရင်လဲ ဆိတ်မဆိုးပါဘု

  • ကိုရင်မောင်

    October 3, 2012 at 3:49 pm

    တခါလှူပြီး နှစ်နေရာကူညီနိုင်ခဲ့တဲ့အလှူပွဲပါ…
    အထူးဝမ်းသာမိပါတယ်…..
    ဆင့်ပွားအလှူကိုဖြစ်မြောက်အောင်ကူညီကြတဲ့
    ကိုထူးဆန်း ကိုပေါက် ကိုပေ ကိုထွန်းဝင်းလတ် တို့ကို
    ကျေးဇူးအထူးတင်မိပါတယ်…
    မန်းလေးဇက်ရွာကြီးရဲ့စည်းလုံးမှု့ကအံမခန်းပါ….
    ရွာသားတဦးဖြစ်ခွင့်ရတဲ့အတွက်လဲဂုဏ်ယူမိပါတယ်…..

  • Ma Ei

    October 3, 2012 at 4:24 pm

    MG ရွာအလှူမှတ်တမ်းလေး
    အမှတ်တရ သိမ်းထားပါ့မယ်…
    နောက်ထပ် အမှတ်စဉ်လေးတွေလဲ
    ထပ်တပ်ချင်ပါသေးတယ်…

  • etone

    October 3, 2012 at 4:38 pm

    လေးပေါက်ရေ ..မြင်ရတဲ့ ဖီလင်လေးကတော့ တကယ့်ကို ကြည်နူးစရာပဲ ။
    လိုအပ်တဲ့နေရာတွေမှာ အခုလိုဖြည့်ဆည်းပေးနိုင်ခဲ့တဲ့အတွက် … ဦးဆောင်သူများကိုရော ၊ ပံ့ပိုးကူညီသူများကိုပါ .. လေးစား အားကျမိပါတယ် ။ နောက်ထပ်လည်း များများ လှူနိုင်ကြပါစေ ။ :gee:

  • MaMa

    October 3, 2012 at 5:31 pm

    ကိုပေါက်ရေ-
    နောက်လိုက်လို့ ပြောပြောပြီး အလှူပွဲတွေအားလုံးမှာ ဖြစ်မြောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တယ်နော်။ :hee:

  • garuda

    October 3, 2012 at 5:34 pm

    ရှေ့ကပဲကူကူ နောက်ကပဲကူကူ အားလုံး ကူညီချင်တဲ့ မြင့်မြတ်စိတ်ကတော့ တန်းတူပဲထင်ပါတယ်။ ကောင်းပါ့ဗျား။ ကိုယ်တွေကတော့ အွန်လိုင်းပေါ်မှာ လေပွားတာကလွဲလို့ သူများတွေလို လက်တွေ့ ကောင်းကျိုးတွေ မလုပ်နိုင်ပေမဲ့ သာဓုခေါ်ပြီး (အမျှပေးရင်ပေါ့လေ) ကုသိုလ်ဝင်ယူချင်ပါတယ်ဗျာ… 🙂 ။

    • ကထူးဆန်း

      October 3, 2012 at 9:26 pm

      အမျှလဲ ပေးတယ် .. ကုသိုလ်လဲ ပေးတာ .. ရွာသူား တွေ ဟာ အားလုံးနဲ့ဆိုင်တယ် .. :hee:
      လေးပေါက်ရေ ကျေးကျေးပါ ။

  • Hnin Hnin

    October 4, 2012 at 2:45 am

    ဂုဏ်ပြုမှတ်တမ်းလွှာကြည့်ပြီးတော့ လှူချင်စိတ်တွေ တဖွားဖွားပေါက်သွားတယ်..
    ဘယ်လို အလှူငွေထည့်ပြီး လှူကြတာလဲဟင်??? လှူလို့လွယ်တယ်ဆို လှူချင်
    လို့ပါ….
    သူကြီးအလှူနဲ့လှူလို့ရရင်တော့ ကောင်းသားနော်… :kwi:
    ပို့စ်ပွိုင့်တွေ၊ပွင့်တွေတော့ နော်မသိဘူး….
    မန့်ပဲမန့်တတ်တာဆိုတော့ လောဘသိပ်မကြီးမပါဘူး….တစ်မန့် ၃၅ကျပ်
    တိုးတောင်းထားတာ ဂျဂဗြန်မရရို့ ခက်နေဒါ :mrgreen: :kwi:

  • kyeemite

    October 4, 2012 at 8:30 am

    အမှန်တကယ်ကို ကြည်နူး ဝမ်းမြောက် ကျေနပ် စရာပါဗျာ
    ကိုထူးဆန်း ကိုပေါက် ကိုပေ ကိုထွန်းဝင်းလတ် တို့ကို
    ကျေးဇူးအထူးတင်မိပါတယ်…
    အဲဒီကျောင်းမှာ ပျော်ရွှင်စွာကျောင်းတက်နေကြမဲ့ကလေးတွေကို
    မြင်ယောင်မိပြီး ပီတိဖြစ်ရပါကြောင်း ရွာသူားအပေါင်းတို့ရေ….

  • uncle gyi

    October 4, 2012 at 10:03 am

    စုပေါင်းညီညာအောင်ကြောင်းဖြာဆိုတာဒါပဲလေ
    ရှေ့ဆက်ပြီးညီညွတ်ကြဖို့ပဲလိုပါတယ်

  • Hnin Hnin ရေ
    အလှူတစ်ခုခု လုပ်တော့မယ်ဆိုရင် ရွာထဲမှာပိုစ်တင်ပြီး အကြောင်းကြားပါတယ် ။
    လိုက်ပြီးငွေမကောက်ပါဘူး။
    သတင်းကြားလို့
    သဒ္ဒါပေါက်ရင်ဖုန်းလေးသာတော့လိုက်ပါ အိမ်တိုင်လာရောက်လာယူပြီး
    ရွာထဲမှ နံမည်နဲ့တကွ ချက်ခြင်းကြေငြာပေးပါတယ်။
    ကျနော်တို့သုံးခါငွေကောက်ပြီး လေးခါ လှူဖြစ်ကြပါတယ်။.
    ပူးပေါင်းပါဝင်စေလိုပါတယ်

    • Hnin Hnin

      October 4, 2012 at 4:25 pm

      ဟုတ်ကဲ့..နောက်တစ်ခါအလှူ ဖတ်မိရင် လှူမှာပါ….မခိုင်ရေးထားပုံအရဆို မန်းလေး
      အပူကိုအံတုပြီး လူအားပါစိုက်ထုတ်တဲ့ ကိုပေါက်တို့အလှူက အလှူချင်းတူရင်တောင်
      ပိုမြတ်ပါတယ်….ပြောပြပေးတာလည်း ကျေးဇူးတင်ပါတယ်…

  • သာဓုပါရှင်..သာဓု..သာဓု..ဝမ်းမြောက်ဝမ်းသာစွာ သာဓုခေါ်ပါတယ်…
    တကယ်လိုအပ်နေတဲ့နေရာမှာ ဖြည့်ဆည်းပေးတဲ့အတွက်လည်း ပိုလို့တောင် ဝမ်းသာပါတယ်….
    နောက်တစ်ခါ ထပ်လုပ်မယ့်အလှူတွေမှာ လုံမလေးလည်း လှူပါမယ်လို့…အရင်အခေါက်တွေက မလှူလိုက်ရတာ စိတ်တောင်မကောင်းဘူး..

  • လုံမလေး စိတ်မကောင်းမဖြစ်ပါနဲ့
    မန်းလေးဂေဇက်အလှူတွေက ဆက်တိုက်ဖြစ်အုံးမှအသေအချာပါဘဲ

  • Khaing Khaing

    October 4, 2012 at 1:22 pm

    အုတ် တချပ်သဲတပွင့်အလှူတစ်ခုမှာ ပါဝင်ရတာ ဝမ်းသာအနုမောဓနာ သာဓုခေါ်နေပါတယ် …. မန်းတလေးမြို့နေပူပူထဲမှာ အလုပ်တဖက်နဲ့ သွပ်တွေကိုဝယ် မန်းတလေးကားဂိတ်ကနေ မော်လူးကို ပို့ပေးတဲ့ လေးပေါက်နဲ့ကိုပေကို တွေ့ခဲ့ရတာ ပိုလိုတောင် ဝမ်းသာကြည်နူးဖြစ်ခဲ့ရပါတယ် …….. ဒီကြားထဲတောင် မန်းလေးကိုလာလည်တဲ့ ဧည့်သည်ကျွန်မတို့အပေါ်မှာလည်း ဧည့်ဝတ်မပြတ်ခဲ့ပါဘူး …. လေးပေါက်ရေ … သမီးတို့ထက် လေးပေါက်တို့က ပိုကုသိုလ်ရပါတယ် ….. ကာယအားတွေ စိုက်ထုတ်ခဲ့လို့လေ …..

  • ဦးဦးပါလေရာ

    October 5, 2012 at 10:14 am

    တကြိမ်ထပ်တွေ့ရရင် တကြိမ်ဝမ်းသာအားရ သာဓုခေါ်မိပါတယ် ကိုပေါက်ရေ…
    အဲဒီကျောင်းမှာ အဲဒီအသုံးအဆောင်တွေသုံးပြီး စာတွေသင်နေကြပြီ… ဆိုတဲ့အသိက
    ထပ်ထပ်ပြီး လှူချင်ကူချင်စိတ်တွေ ဖြစ်စေပါတယ်။
    တကယ်လိုအပ်တဲ့နေရာလေးတခုလောက်ရွေးပြီး
    တပျော်တပါးကြီး ထပ်လှူချင်သေးတယ်ဗျာ….

  • နေရာလေးရွေးလိုက်ကြဗျာ။
    သီတင်းကျွတ်တန်ဆောင်မုန်းအမှီပေါ့။
    အခုဆိုအမောပြေပြီဆိုတော့ နောက်တစ်ခု စလိုက်ကြရအောင်

Leave a Reply