သံတွဲဈေးဆောက်လုပ်ရန်ဈေးကော်မတီနှင့်ကန်ထရိုက်တို့ဂွင်ရိုက်နေ

Nu ThanOctober 3, 20121min1446

သံတွဲဈေးဆောက်လုပ်ရန်ဈေးကော်မတီနှင့်ကန်ထရိုက်တို့ဂွင်ရိုက်ကာလုပ်စားနေကြသည်ဟုသိရှိရပါသည်။ သံတွဲဈေးဆောက်လုပ်ရန်အတွက်RICH LIFEကုမ္မဏီမှဆောက်လုပ်မည်ဟု သိရှိရပါသည်။သံတဲံဈေးသူဈေးသားများအားသက်ညှာသောအားဖြင့် အောက်ထပ်ဆိုင်ခန်း
များကို အလကားဆောက်လုပ်ပေးမည်ဟုကန်ထရိုက်တဖွဲမှကမ်းလှမ်းသော်လည်းဈေးအဖွဲ့
မှ၎င်းတို့အမြတ်ရမည်မဟုတ်သဖြင့်ပယ်ချလိုက်ကြောင်းကြားသိရပါသည်။။အဆိုပါဈေး
ဆောက်လုပ်ရန်အတွက်ကန်ထရိုက်မှ ခြံစည်းရိုးများကာရံသောအခါ နဂိုဈေးမြေ
ထက်ကျော်လွန်ပြီးလမ်းမပေါ်ထိ ကျော်လွန်ကာရံထားပြီးရုပ်ပျက်ဆင်းပျက် ကွေကောက်ပြီးကာရန်ထားသည်ကိုတွေရှိရပါသည်။ ဟန်တားမည်သူလည်းမရှိသဖြင့်ကားများဆိုင်ကယ်များသွားလာရာတွင်များစွာခက်ခဲကြကြောင်းသိရှိရပါသည်၊ ကားဆိုင်ကယ်တိုက်မှုလည်းများလာပါသည်။ ။ဈေးဆောက်ရန်အတွက်ဆိုကာသံတွဲဈေးကော်မတီဝင်များသည်ကန်ထရိုက်နှင့်ပူးပေါင်းကာ ဈေးကော်မတီများဆိုင်နေရာကောင်းရရှိရန်ပူပါင်းကြံစဉ်ခဲ့ကြသည်ဟုသိရှိရပါသည်။ ထို ့ကြောင့် ဈေးကော်မတီဝင်များမှာ ဈေးမျက်နှာစာများတွင်နေရာကောင်းများရရှိ နေရာယူ ထားကြပြီးပိုသောဈေးဆိုင်ခန်းများကိုလည်း ဈေးကော်မတီမှလက်ကျိတ်ထိုးရောင်းချကာထိုငွေများကို ဈေးကော်မတီမှသိမ်းဆည်းထားမည်ဟုသိရှ်ိရပါသည်။ ဈေးကော်မတီဝင်များ သည်မိမိဆိုင်ခန်းနေရာကောင်းရရှိရန်အတွက်သာလုပ်ကိုင်နေသူများဖြစ်ကြပါသည်။အဘယ် ကြောင့်ဆိုသော် ဈေးကြီးမီးလောင်သောအခါဈေးကော်မတီဝင်များမှာမည်သည့်အကူအညီမှ
ဈေးသူဈေးသားမျာအားပေးအပ်ခဲ့ခြင်း မရှိခဲ့ကြပါ၊မီးဝိုင်းသတ်နေသူများအားလည်းမကူညီခဲ့ပါ၊
မီးလုံခြုံရေးမီးသတ်စနစ်လည်းမရှိ၊လုံခြုံရေးစည်းကမ်းထိမ်းသိမ်းမှုစီစဉ်မှုများလည်းမပြုလုပ်ခဲံ့ ကြပါ ၊ဈေးအတွင်းမီးသတ်ရေရှိမရှိလည်းဂရုမပြုခဲံ့ကြပါ၊ ဈေးမီးကင်းလည်းသေချာစွာချထား
ခြင်းမရှိပါ၊ ဈေးသည်အများစုမှာမီးလောင်ခဲ့ရသဖြင့်ဆုံရှုံခဲ့ရခြင်း ဈေးမှပစ္စည်းများမသမာသူ များကြောင့် ခိုးယူခြင်းကြောင့်ဆုံးရှုံမှု ပိုမိုများပြားခဲ့ရသည်ဟုသိရှိရပါသည်။ဈေးကော်မတီဝင်
များမှာ ဈေးမီးသတ်နေသူများကိုလည်း ကူညီထောက်ပံ့ခဲ့ခြင်းမရှိပါ။ ဈေးကော်မတီနှင့်
မသက်ဆိုင်သလို့နေခဲ့ကြပါသည်။ နေရာပြန်ရရန် ကိစ္စဆိုလျှင် ဈေးကော်မတီမှထိပ်ဆုံး
မှနေရာ ယူဝင်ကြွားခဲံ့ပါသည်။ ဈေးမီးလောင်သောအခါကော်မတီဝင်များအား မမြင်ကြရ
ပါ။ယခုဆိုင်ခန်းများနေရာကောင်းကောင်းမတိအဖွဲ့ရရှိပြီးလျှင်ထိုသူများ ထွက်သွားကြ
မည်ကို မြင်ယောင်နေကြသည်ဟုကဈေးသူဈေးသားများမှပြောကြားနေကြပါသည်။
လက်ရှိဈေးကော်မတီဝင်များနေရာကောင်းယူထားကြသူများမှာစိုးသန်း၊မြမောင်၊လှရွှေ၊ တိုးတိုး၊မြင့်အောင်၊ထွန်းကြည့် ဆိုသောမိမိဘာသာကော်မတီလုပ်ထားသူများမှ မိမိနေ
ရာကောင်းရရှိရေး၊ကန်ထရိုက်ထံမှငွေရရှိရေးတိုကိုကြိုးပမ်းနေကြသည်ဟုသိရှိရပါသည်။
ယာယီဈေးတွင်လည်းအခြားသူများကိုမဲနိုက်သည်ဆိုသော်လည်း
ကော်မတီများမှာနေရာကောင်းများထောင့်ခန်းများကိုနေရာယူထားပြီးကျန်အခန်းများကိုသာ
မဲနိုက်ပါသည်။ ယခုဈေးကြီးတွင်လည်း အဆိုပါကော်မတီမှပင် နေရာကောင်းများရယူထားပြီ။
ကော်မတီတစ်ဦးလျှင် ဆိုင်ခန်း(၂)နခ်း(၃) ခန်းစီရယူထားကြပြီးဖြစ်ပါသည်။၎င်းပြင်ဆိုင်
ခန်း(၁၀၀) ကျော်ကိုလည်း လမ်းမများကိုပိတ်ပြီး၎င်း၊လမ်းမများကို ကျဉ်းပြီးအခန်းဂ(၁၀၀)
ကျော်ရောင်းချထားပြီး၎င်းတို့လက်ထဲတွင် ကျပ်သိန်း(၂၀၀၀) ကျော်ရရှိပြီးလုပ်စားနေသူများ
ဖြစ်ပါသည်။
ဈေးကန်ထရိုက်သည် ဈေးဆောက်လုပ်ရန်အတွက် အုတ်များကို ဈေးသက်သာ
ပြီးကန်ထရိုက် အမြတ်ရရှိရန်အတွက် ကြိုးပမ်းမှုအဖြစ်လက်ဖြစ်အုတ်များကိုဘိလပ်မြေပါသည်
ဆိုရုံမျှဖြင့်ပါပြီးသဲတို့ဖြင့် အုတ် ထုတ်လုပ်နေပါသည် ။ပုံမှန်အုတ်တခဲ့၏တန်ဘိုးမှာယခု
လက်ရှိ ၇၅ ကျပ်ပေါက်ပြီး ကန်ထရိုက်တို့၏အုတ်မှ ၁ဝ ကျပ်သာကျသည်ဟုသိရှိရပါသည်။
ခိုင်ခန့်မှုမှာ ယခုကန်ထရိုက်အုတ်များမှာ လက်သည်ဖြင့်ဖဲ့ရုံဖြင့်ကျိုးပျက်သွားသောအပေါစား
အုတ်များဖြစ်ရာ သံတွဲဈေး၏ခိုင်ခန့်မှုမှာ များစွာစိုးရိမ်ဖွယ်ရှိကြောင်း အချိုအဆိုအရ ဈေးမီး
ထပ်မံလောင်မှ အုတ်ကျက်သွားမည့် အနေအထားသို့ရောက်ရှိမည်ဖြစ်ပါသည်။မီးဖြင့်ဖုတ်
သောအုတ်များမှ ယခုကန်ထရိုက်အုတ်နှင့် ခိုင်ခန့်မှုကွာခြားလှပါသည်။။ဈေးဆိုင်ခန်း
တန်ဘိုးမှာလည်း ဆိုင်ခန်းတစ်ခန်းလျှင်(၈)သိန်းမျှကျမည်ဖြစ်သော်လည်းကန်ထရိုက်နှင့်
ဈေးကော်မတီတို့လုပ်စားမှုဖြင့်ကျပ်သိန်း(၂၀)ကျော်ဖြင့်အမြတ်တင်ရာင်းစားမည်ဖြစ်ပါသည်။. ထိုပြင် အသိဉာဏ်ကင်းမဲ့စွာဈေးအိမ်သာကို နဂိုနေရာတွင်မထားရှိဘဲ အလည်
တန်းကျောင်း အနီး လမ်းမကြီးပေါ်မျက်နှာစာတွင် စုတ်ပျက်နံ့စော်သွားစေရန် ဆောက်လုပ်
မည်ဟုသိရှိရပါသည်။ ကလေးများနှင့်မသင့်တော်ဆိုကာ ကျောင်းအုပ်ဆရာကြီးနှင့် မြို့မိမြို့
ဖများမှ ဝိုင်းဝန်းကန်ကွက်ကြသော်လည်းကော်မတီမှမိမိနေရာကောင်းများပျောက်သွားမည် စိုးကာအရေးမလုပ်ဟုသိရှိရပါသည်။
မီးလောင်ပြီးဈေးပြန်ဆောက်လုပ်မည့်ဈေးတွင် မိမိနေရာမိမိဆိုင်ခန်းပြန်ရရမည်ဆို
သော်လည်း ဈေးအိမ်သာကိုမှု၎င်းတို့ကော်မတီများ၏ဆိုင်ခန်းနှင့်နီးသဖြင့်(နဂိုနေရာတွင် မထားဘဲ)နဂိုနေရာမှဈေးအပြင်သို့ထုတ်ကာထောင့်မျက်နှာစာတွင် နိုင်ငံခြားသားမျက်နှာပျက်အောင်ဆောက်လုပ်မည်ဟုသိရှိရသဖြင့်များစွာစိတ်ပျက်မိကြကြောင်း၊ထိုမှသာနဂိုနေရာ၊
နဂိုဆိုင်ခန်း၊နဂိုအိမ်သာနေရာတွင်ထားရှိသင့်ကြောင်းဈေးသူဈေးသားများမှတင်ပြလိုက်ရ ပါသည်။

6 comments

  • thandwethar

    October 3, 2012 at 9:15 pm

    ဈေးကော်မတီများ အကြံအဖန်လုပ်ခြင်းမှာ မှန်ကန်သည်
    အကြံအဖန်လုပ်ခြင်းမှာ ဆိုင်ခန်းနေရာကောင်းကို ရွေးယူခြင်းဖြစ်သည်
    ဝိသမလောဘကြောင့် အရာရာတိုင်း အမှန်တရား မဖြစ်နိုင်ပါကြောင်း

  • uncle gyi

    October 4, 2012 at 10:00 am

    လုပ်စားကိုင်စားရတာလည်းမလွယ်ပါလား
    အရင်လိုမချောင်တော့ဖူး
    ဒီတင်ရပ်မင်းလည်း၁ရှယ်ပေးမယ်ကျေနပ်တော့

  • thar ag

    October 4, 2012 at 2:59 pm

    ဈေးခြံစည်းရိုးကျော်လွန်ကာ ရံခြင်းမှာ မှန်ကန်ပါသည် ဆိုင်ခမ်းများအတွက် ပလက်ဖေါင်းဆောက်ရန်ကျော်ပြီးကာရန် ထားသည်ဟုထင်မိပါသည် ဈေးကော်မတီမှ နေရာကောင်များကိုယူထားသည် ဆိုသည်မှာလည်း မှန်ကန်သော အချက်ဖြစ်ပါသည်

  • Nu Than

    October 5, 2012 at 2:35 pm

    ထောက်ခံပေးသူ thandwethar နဲ့ thar ag တို့ကိုကျေးဇူးတင်ပါသည်။ကော်မီတီတွေဘယ်လောက်လောဘတက်
    ကြလဲဆိုရင်၊ဘယ်ဈေးမှမီးလောင်ရင်ကိုယ်နေရာကိုယ်မရပါဘူး၊ကော်မှတီဝင်တွေကသူတို့နေရာ
    ကောင်းမရမှာစိုးလို့ ဈေးအိမ်သာကျအပြင်ထုတ်ပြီးအရှက်မရှိယိူကြတာကိုလူမြင်အောင်လို့တူပါတယ်၊သိတယ်မဟုတ်လား မြန်မာကဈေးအိမ်သာတွေဘယ်လောက်ကောင်းကောင်းနံစော်နေတယ်ဆိုတာ၊ အသိပါ၊လူ့မြင်ကွင်းမှာအိမ်သာထားတာမသင့်တော်ပါဘူး၊ကလေးတွေကျန်းမာရေးနဲ့ထိခိုက်ပါတယ်၊
    နိုင်ငံခြားသားတွေအမြင်မှာလဲမသင့်တော်ပါဘူး၊ဒီလောက်နေရာယူချင်လဲနဂိုအိမ်သာနေရာမြေအောက်ထပ်မှာအိမ်သာဆောက်ထားလိုက်အပေါ်မှာ ကော်မတီတွေယူကြပေါ့။
    aguncle gyi ကတော ၁ ရှယ်ယာဆိုဘဲ ဘယ်လို့ပေးမတုံး ဟိ ဟိ? ဆိတ်ဝင်စားတယ် …

  • ရိုဟင်ဂျာချစ်သူ

    October 8, 2012 at 4:16 pm

    သံတော်ဆင့်ဂျာနယ်က ဒေါက်တာအေးမောင်နဲ ့အမေး အဖြေကို သံတွဲသားများ
    မည်သို ့တုံ ့ပြန်သနည်း။သိလိုပါတယ်ခင်များ။

  • ရိုဟင်ဂျာချစ်သူ

    October 21, 2012 at 10:54 am

    မေးနေတာ ကိုဖြေပါ။စာမတတ်ဘူးလား။ခင်များတို ့အားလုံးမြေစာပင်တွေအဖြစ်မခံဖို ့လိုလားတယ်။

Leave a Reply