ကားကုမ္ပဏီတွေမှာကားဝယ်ရင် စာရွက်စာတမ်းအပြည့်အစုံတောင်းဘို့လိုအပ် …

myohtatOctober 3, 20121min1609

ကားကုမ္ပဏီတွေမှာကားဝယ်မယ်ဆိုရင် ကားနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေအပြည့်အစုံပါမှဝယ်သင့်ပါတယ် …
ကျသင့်ကားဘိုးမှာ … 2000000/ကျပ်နှစ်ဆယ်သိန်းချန်ထားပြီး  ဝှီးတက်နဲ့ လိုင်စင်ဘုတ်ထွက်လာရင် ချန်ထားတဲ့
2000000/ကျပ်နှစ်ဆယ်သိန်းပေးရပါတယ် … ကားကုမ္ပဏီ တော်တော်များများက ဝှီးတက်ဓါတ်ပုံရယ်၊အုံနာဘုတ်ရယ်
ပရီမီရံသွင်းထားတဲ့စာအုပ်ရယ် … ဒါဘဲပေးတတ်ကြပါတယ်။
ကားလည်းရပြီ၊ ဝှီးတက်၊အုံနာဘုတ်၊ပရီမီရံစာအုပ် … ဒါတွေရထားပြီဆိုရင် … ပြည့်စုံပြီလို့ထင်ကြပါတယ် …
အမှန်တော့မပြည့်စုံသေးပါဘူး … မိမိဝယ်တဲ့ကားနဲ့ပတ်သက်တဲ့ (အခွန်စာရွက်စာတမ်း)တွေလိုအပ်ပါတယ် …
ကားကုမ္ပဏီ တော်တော်များများက (အခွန်စာရွက်စာတမ်း)တွေ မပေးကြပါဘူး …
ဥပမာ … ဝယ်ထားတဲ့ကားကိုရောင်းမှာတို့ … မိမိအမည်ပြောင်းမှာတို့ဆို … စာရွက်စာတမ်းအပြည့်အစုံရှိမှအဆင်ပြေမှာပါ ..
စာရွက်စာတမ်းဆိုတာ … တချိန်မှာမိမိအတွက် အရေးကြီးနေတတ်ပါတယ် … ဘယ်ကိစ္စမဆို အားလုံးပြည့်စုံထားသင့်ပါတယ်။
အဆင်မပြေရင် ကျွန်တော်တို့ကိုလာပြောပါ အဆင်ပြေအောင်လုပ်ပေးပါ့မယ်ဆိုတဲ့စကားကိုယုံကြည်ပြီးအေးအေးဆေးဆေး
မနေသင့်ပါဘူး … ကားကုမ္ပဏီ တော်တော်များများ ပြောတတ်ကြပါတယ်(မှတ်ချက်။ ။ ကားကုမ္ပဏီအားလုံးကိုမဆိုလိုပါ)
ကားဝယ်ပြီးသူတွေကော ကားဝယ်မယ်လို့စိတ်ကူးနေသူတွေပါ ဗဟုသုတအဖြစ်တင်ပြလိုက်တာပါ ….

9 comments

  • ပန်းစံပါယ်

    October 3, 2012 at 3:49 pm

    လောလောဆယ် ဝယ်နိုင်တာ မဝယ်နိုင်တာ ဝယ်တာ မဝယ်တာ အသာထားလို့ သိသင့်တာလေးတွေ သိရဖို့ ဖတ်ရှုမှတ်သားသွားရင်း အခုလိုမျှဝေပေးလို့ ကျေးဇူးပါရှင်…

  • mayjuly

    October 3, 2012 at 4:20 pm

    ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် …

    P.S (နှစ်ဆယ်သိန်း အစား သိန်းနှစ်ဆယ်လို့ပြောလျှင် ပိုမှန်ပါတယ်)

  • Fall Guy

    October 3, 2012 at 7:18 pm

    ကျနော်ဝယ်တုန်းကမတောင်းလိုက်ရဘူး…။ပြန်တောင်းရဦးမယ်…။
    P.S (2012model ဆိုက်ကား)

  • မောင်ပေ

    October 4, 2012 at 1:11 am

    လက်ထဲ ကိုယ်လိုချင်တဲ့ ကားရပြီဆိုပြီး ကျန်တာဆက်မတွက်တဲ့ လူမျိုးတွေအတွက် သတင်းကောင်းပါ။

  • kyeemite

    October 4, 2012 at 8:15 am

    ဒီအချက်ကို ကျနော်လည်းသတိမပြုမိဘူး… :buu:
    အခုလိုသတိပေးတာကျေးဇူးပါဗျာ….

  • Tin Tin

    October 4, 2012 at 10:31 am

    သိသင့်သိထိုက်တာတွေကို သတိပေး၊ ပြောပြပေးလို့ ကျေးဇူးပါနော်…

  • Crystalline

    October 4, 2012 at 2:24 pm

    မနေ့ကတည်းကဒီပို့စ်ကိုဖတ်တာ ပြီးတော့စာရွက်စာတမ်းပြေးကြည့်ရတယ်.. ကျမတို့က အမည်ပေါက်ကားကိုအပ်ပြီး..စလစ်ကို ကန်ပနီကကားနဲ့ကပ်တာပေါ့.. ကားဟောင်းရဲ့အခွန်ကြေစလစ်အစိမ်းရောင်ရှိတယ်..အခွန်ဆောင်ထားတဲ့စာရွက်ရှိတယ်.. သူတို့ကုန်သွယ်ရေးတို့ ကညနတို့မှာလျှောက်တဲ့စာရွက်တွေကော်ပီရှိတယ်. ကျန်တာတော့သူတို့နောက်ဆုံးပေးတဲ့ ဝှီးတက်ဓါတ်ပုံရယ်၊အုံနာဘုတ်ရယ်
    ပရီမီရံသွင်းထားတဲ့စာအုပ်ရယ်ပေါ့… အဲဒါဆိုရှော့မရှိဘူးမဟုတ်လား.

  • myohtat

    October 4, 2012 at 3:28 pm

    မိမိအမည်ပေါက်နဲ့ အခွန်စိမ်းစာရွက်လဲရှိမယ်၊(ကညန)မှာလျှောက်ထားတဲ့
    ကော်ပီစာရွက်လဲရှိမယ်၊မြန်မာပြည်ကိုကားရောက်တဲ့အခါ ဆိပ်ကမ်းမှာအခွန်ဆောင်ထားတဲ့(ဆိပ်ကမ်းခွန်)
    စာရွက်ပါရှိထားသင့်ပါတယ်။ ကျွန်တော်အထက်မှာတင်ပြထားသလို … စာရွက်စာတမ်းမှန်သမျှ သူ့နေရာ
    နဲ့သူ တချိန်မှာအသုံးဝင်လာမှာပါ … ကုမ္ပဏီတခုက ကားဝယ်မိလို့ … အဲဒီကုမ္ပဏီနဲ့ကျွန်တော် လက်ရှိပြ
    သနာတက်နေပါတယ် … ကားဝယ်မယ်ဆို … အခွန်စာရွက်တောင်းဘို့ မမေ့ကြပါနဲ့ … အခွန်စာရွက်မပေး
    တဲ့ကုမ္ပဏီဆိုမဝယ်သင့်ပါဘူး … ငွေအားလုံးချေပြီးမှဆို … မိမိဘက်ကပေါ့ဆမှု့ပါဘဲ …ကျွန်တော်ပေါ့ဆမိ
    လို့ ကျွန်တော့လိုမဖြစ်ရအောင်အထက်ပါ(post)ကိုတင်ပေးလိုက်တာပါ … ဘယ်အရာမဆို သတိရှိသင့်ပါတယ် … အဖွဲ့သားအားလုံးကိုလေးစားစွာဖြင့် ………

    • Crystalline

      October 4, 2012 at 7:35 pm

      ကျေးဇူးပါ..အဲဒီစာရွက်တော့မရှိဘူးထင်တယ်..ကော်ပီပဲတွေ့တယ်
      ပြန်တောင်းရမှာပေါ့နော်..

Leave a Reply