ညနေခင်းလေးများ …………………

1 အောင်ပင်လယ်က နေဝင်ချိန်လေး
2 အပြာရောင်လွှမ်းနေတဲ့ ဧရာညနေခင်းက ရေချိုးဆင်းချိန်
3 ဧရာကမ်းက ညနေခင်း
4 နေဝင်တော့မယ် ခရီးသည်တို့ရေ ဆိုတဲ့ မာမာအေးရဲ့သီချင်းကိုသတိရမိပါတယ်
5 ရေလှိုင်းတွေနဲ့ဂယက်ထနေတဲ့ညနေခင်း
6 အပြာရင့်ရောင် ညနေခင်းလေး ဧရာကမ်းမှာပါ
5အလင်းသိမ်းစမှာ ဖူးမြင်ရတဲ့စေတီလေးပါ

 

6 အပြာရောင်ညနေခင်းလေး ဧရာကမ်းမှာပါ
7ဧရာညနေကမ်းက စေတီ
8 မထင်မှတ်ဘဲတွေ့လိုက်ရတဲ့ ညနေခင်းလေး
9 မီးတောက်နေတဲ့ညနေခင်း
10 တက်သိမ်းအင်းမြောက်ဘက်ခြမ်းက ညနေခင်း
11 ဒါလဲမြောက်ဘက်ခြမ်းပါဘဲ အချိန်သိပ်မကွာဘူးလေ
12 အပြာရောင်ညနေခင်းလေး
13 တိမ်အကွေးလေးနဲ့ နံနက်ခင်း
14 ပြည့်စုံသော ညနေခင်းလေး
15 အုန်းပင်လေးနဲ့ညနေခင်း

 

16 တောင်သမန်က ညနေခင်း

 

17 လထွက်လာတဲ့ညနေခင်း

 

 

“ညနေခင်းတိမ်……………..”

 

 

ဟိုးလွန်ခဲ့သောဆယ်စုနှစ်ကာလတွေတုံးက ကျနော်ဘဝမှာညနေခင်းဆည်းဆာဆိုတာ

ကို်ယ်နဲ့မသက်ဆိုင်သလိုပါဘဲ။

ညနေခြောက်နာရီ 7နာရီထိ လမ်းတကာကိုဆိုင်ကယ်တစ်စီးနဲ့သွားလို့ပိုက်ဆံတွေလိုက်သိမ်း၊

ပြီးတာနဲ့ အထပ်ခိုးလေးပေါ်မှာစာရင်းတွေလုပ်လို့ ည8နာရီကိုးနာရီထိနွေမိုးဆောင်းကုန်လွန်ခဲ့ရပါတယ်။

2009ခုနှစ်နောက်ပိုင်းမှာတော့ အလုပ်ကလူလည်းများလာတော့ စောစောသိမ်းဖြစ်။

အဲတော့အချိန်အားလေးတွေထွက်လာတော့ညနေခင်းရဲ့ရသလေးကိုခံစားခွင့်ရလို့လာပါတယ်။

နောက်ဓါတ်ပုံရိုက်ဖြစ်လာတဲ့အခါမှာ လှပတဲ့ဆည်းဆာညနေခင်းလေးတွေကို ရိုက်ဖြစ်လာပါတယ်။

ဒါပေမယ့်လည်း ညနေခင်းဆိုတာ ထက် မနက်ခင်းကိုပိုလက်ဆော့ဖြစ်ပါတယ်။

အခုပုံလေးတွေကတော့

အောင်ပင်လယ်ညနေခင်း

ဧရာဝတီမြစ်ညနေခင်း၊

ကန်တော်ကြီးမြောက်ဘက်ခြမ်းကညနေခင်းလေးတွေကိုရိုက်ဖြစ်တာများပါတယ်။

တစ်ရက်ကတော့ တောင်သမန်အင်းဘက်ကိုညနေစောင်းအရောက် ထူးထူးခြားခြားရိုက်ဖြစ်ပါသေးတယ်။

လှတာမလှတာအပထား ကျနော်အတွက်ရခဲ တဲ့ညနေခင်းလေးတွေကို အားပေးလိုက်ကြပါအုံး။

 

ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ

(2-10-2012)

 

 

 

 

 

20 comments

  • TTNU

    October 11, 2012 at 11:11 am

    ငါအရင်ကွ။
    (ညနေချိန် ဆည်းဆာကိုရောက်ရင်ကွယ်၊ မောင်ကြီးတွေးကာလွမ်းမိတယ်)
    မောင်ကြည်တိုး။
    😀

    • မာမီရေ
      မာမီကသာ အစောဆုံးရောက်လာတာ မာမီဆီကိုတော့ ကိုပေါက်က အမြဲနောက်ကျရောက်တယ်နော်။
      မာမီ ရေ ဒီသီချင်းလေးကို ကျနော်လဲနှစ်သက်ပါ၏။
      သီချင်းနာမယ်က မေ့နေပြီ ။
      သိရင်ပြောပေးပါအုံး ကျနော် ပြန်ရှာပြီးကူးမယ် မာမီဆီကိုပို့ပေးမယ်။
      ညနေခင်းလေးတွေက လွမ်းစရာလေးတွေပါ မာမီရေ။
      ဓါတ်ပုံကောင်းကောင်းလေး ရအောင် ကြိုးစားနေချိန်လေးက အတော်ကို စိတ်ချမ်းသာစရာ
      ကောင်းတဲ့အချိန်လေးလို့ ခံယူထားတဲ့အတွက်
      ကျနော်ဓါတ်ပုံတွေဘဲ များများရိုက်တော့မယ်။

  • aye.kk

    October 11, 2012 at 11:43 am

    ကိုပေါက်ကျေးဇူးပါ။
    အပြာရောင်မိုးသားကောင်းကင်တွေကိုအရမ်းနှစ်သက်တဲသူမို ့ပါ။။

  • မမအေးရေ နောက်နေ့ မှာ ရှမ်းတောင်က တိမ်ပြာပြာတွေတင်ပေးမယ်နော်။
    မမအေးက အပြာရောင်ကောင်ကင်ကို နှစ်သက်တယ်ဆိုလို့…………………….

  • aye.kk

    October 11, 2012 at 12:42 pm

    ကျေးဇူးနော်။

  • ကြည်ဆောင်း

    October 11, 2012 at 2:27 pm

    တောင်သမန်ညနေခင်းလေးကလှချက် …
    တိမ်လေးက ရေနဂါးလေးနဲ့ခပ်ဆင်ဆင် (ကိုယ့်အထင်နဲ့ကိုယ်)
    တိမ်တောက်နေတာလေးကလဲ လှမှလှ..

  • we R one

    October 11, 2012 at 3:27 pm

    နေညိုချိန် ငါတို့ဝေးရပြီ…။ လွမ်းလိုက်တာ..။ ဓါတ်ပုံတွေကို ကြည့်ပြီး ဘာလွမ်းလို့လွမ်းမှန်း မသိဘူး………..:D

  • Ma Ei

    October 11, 2012 at 4:58 pm

    ကိုပေါက် ရဲ့ ညနေခင်းလေးများကိုကြည့်ပြီး
    လွမ်းသွားလို့ တစ်ကယ့် ညနေခင်းလေးကို
    အချိန်ပေးလိုက်ပါဦးမယ်…

  • ညနေချိန်က လွမ်းစရာကောင်းပေမယ့် ကျနော်ကတော့နှစ်သက်ပါတယ်
    ဒီတော့ လှတိုင်း ရိုက်မိပါတယ်

  • လေးပေါက်ရေ..
    ကြည့်ကြည့်ပြီး ပြန်သွားရတာ အားနာလာပြီ… 🙂
    တောင်သမန်ညနေခင်းက တိမ်က တစ်မျိုးလေးနော်…

  • မောင်ပေ

    October 11, 2012 at 6:59 pm



    ၁၄
    ၁၇
    အဲဒီ့၄ပုံတော်တော်မိုက်တယ်ဗျို ့.. ကြိုက်တယ်ဗျာ

    • မောင်ပေ

      October 12, 2012 at 7:49 pm

      လုံးဝ မကောင်းပါဘူး…ဗျို ့
      အဲဒီ အဆို ကို လုံးဝ ကင်ဆယ်ပါတယ်

  • aemoshu

    October 11, 2012 at 11:41 pm

    အောင်မလေး လှချက် လေးပေါက်ရယ် … တကယ့်ကို pro ပီသပါပေတယ် …
    အဲလိုအဲလို အရောင်တွေကို အရမ်းကြိုက်တယ် …

  • aemoshu ရေ
    မပရိုပါဘူးဗျာ ဝါသနာရှင်သက်သက်ပါ။
    လူကောင်ဝဝ ကင်မရာပေါက်စနနဲ့လက်ဆော့နေတဲ့သူပါ.

    • aemoshu

      October 13, 2012 at 5:50 pm

      အောင်မလေး မပရိုလို့သာပဲ လေးပေါက်ရယ် ….

  • Mobile

    October 12, 2012 at 6:14 pm

    ညနေမှာ ထန်းရေနဲ့
    မန်းမြေမှာ အပန်းဖြေဖို့
    စိတ်ကူးလေးရလိုက်သဗျ
    ကျနော် Computer ထဲမှာလဲ
    Wallpaper တွေလိုနေတာနဲ့တော့ ကွက်တိပဲ

  • ခုလို တိမ်ရောင်တွေ တောက်ပနေတဲ့
    ညနေခင်းလေးတွေကို မြင်မိတိုင်းမှာ
    ဟိုယခင်က ချစ်သူနဲ့အတူ ကြည်နူးခဲ့ဖူးတဲ့
    ညနေခင်းတွေကို ပြန်သတိရမိတယ် …
    (ဟုတ်တာ၊ မဟုတ်တာ အပထား၊ လူအထင်ကြီးလည်း နည်းရိုးလား .. :mrgreen: )

  • Hnin Hnin

    October 13, 2012 at 3:16 pm

    ပုံလေးတွေက အရောင်စုံပြီး အကုန်လှတယ်..အကုန်ကြိုက်..၅ နဲ့ ရ ကတော့
    စာမဖတ်ခင် ဟိုတယ်ဝင်းထဲက စေတီလေးများလားလို့..ရန်ကုန်လေဆိပ်နားက
    ဟိုတယ်ထဲမှာလည်း အဲဒီလို စေတီလေးတည်ထားတာ မြင်ဖူးထားလို့လေ….

  • ရွှေ ကြည်

    October 13, 2012 at 4:10 pm

    လေးပေါက် 5 နဲ့ 16 ကိုကြိုက်တယ်ဗျို့ အပြာရောင်အရမ်းများတာရွှေကြည်ကမကြိုက်တတ်ဘူး..။
    လေးပေါက်လက်ရည်တွေတက်လာတာတော့ အမှန်ပဲဗျ။

Leave a Reply