***အသားကျ ခေါက်ရိုးကျိုး မျှော်လင့်ခြင်းရဲ့ထမင်းသိုးများ***

maung khinminOctober 3, 20121min1877

***အသားကျ ခေါက်ရိုးကျိုး မျှော်လင့်ခြင်းရဲ့ ထမင်းသိုးများ***

 

 

 

တောလိုလို ၊ မြို ့လိုလိုမျက်နှာ
ဘဝဟာ ……
မိတ်ကပ်နံ ့တွေနဲ ့ ထထကတတ်တဲ့
မုဆိုးစိုင်သင်   အပျက်မ ရဲ့  ညမျိုး
ခေါက်ရိုးကျိုး  ထောင့်ချိုး ၊

စာအုပ်ထဲက  စာရိတ္တမဏ္ဍိုင်က
အစာအိမ်ကို  မလှန်နိုင်ခဲ့ဘူး
ကိုယ့်တွင်းကိုယ်တူးစရာ မလိုတော့တဲ့ … ခေတ်
အညစ်အထေးကို  လွယ်လွယ်ပဲ လျှော်ပစ်လိုက်ကြ
ငါ့အရိပ်က  ငါနဲ ့  …. တစ်ထပ်ထဲကျလို ့…………၊

ဘယ်တွင်းထဲမှာ  အစာရှိလဲ
ခေါင်းဝင်ရင်  ကိုယ်ဆံ့ရမပေါ့ …
ကိုယ့်အနံ ့ကိုယ်  မသတီ
ကိုယ့်အညှီ  ကိုယ်ပြန်စုပ်
လူဆိုတာ  အလုပ်လုပ်ရတယ်
…..  ဒါပေမယ့် ……..
ငါက   ကျောက်ရုပ်
ဆေးရောင် အမျိုးမျိုးအသုတ်ခံရ
မိုးဒဏ် လေဒဏ်  ဘာဒဏ်  ညာဒဏ်
သမာဓိ ကောင်းကောင်းနဲ ့  အံတုခံရ ၊

အသားမကျသေးခင်  အရိုးကကျီးပေါင်းတတ်
ကျွန်တော်  ဟန်ဆောင်တတ်လာခဲ့တယ်ပေါ့ (စက်ရုပ်တစ်ရုပ်လို)
ဗော်လ်တဲယား လို …
ခင်ဗျားရဲ့  လွတ်လပ်စွာပြောရေးဆိုခွင့်ကို  လေးစား နားလည်ခဲ့ပါတယ်
ကျွန်တော့် စကားကိုလဲ …
ဗော်လ်တဲယားရဲ့   နား နဲ ့  ခင်ဗျား နားထောင်ပါ၊

အစာအိမ်အောက်မှ    ကိုယ်ကျင့်ပေတံ
(စံ) ရှိဖို ့အတွက်  ဆန်လိုတယ် (အမှန်တရားတော့မဟုတ်လောက်)
အသားထဲက  ထိုးခွဲထွက်လာတဲ့ လောက်ကောင်တွေ
ဘယ်သူသေသေ    အသရေယုတ်တုန်း ….
နိဂုံးတော့ …..
တောမကျ၊ မြို့မကျ  အပြုံးနောက်က
ဈေးဦးမပေါက်သေးတဲ့   မျက်နှာတွေမှာ  ဒဏ်ရာတွေထပ်လို ့
အသက်တစ်ရက် ပိုကြီးလာတဲ့   မြို့ကြီး
နီးတော့နီး လာပါပြီတဲ့ ။

မောင်ခင်မင်(ကျွန်းချောင်း)

၃.၁၀.၂၀၁၂

7 comments

  • မောင်ပေ

    October 3, 2012 at 8:01 pm

    လင်ကွန်း ရဲ ့စာဖတ်ဝါသနာကြီးခြင်းမျိုးနဲ ့ဖတ်သွားပါတယ်ဗျို ့

  • padauk moe

    October 3, 2012 at 8:33 pm

    အားကျတယ်ဗျာ အရေးအသားကောင်းတယ် အားပေးနေပါတယ်ဗျာ

  • kai

    October 3, 2012 at 11:48 pm

    စာသားကြမ်းနဲ့ လှတဲ့ကဗျာ..
    မစင်ဘင်လမ်း မသွား
    အန်ထွက် ဆန်တက်ရက်တဲ့ .. ကဗျာ။ ။

  • အိမ်လွမ်းသူ

    October 4, 2012 at 7:57 am

    ကဗျာကို သိပ်နက်နက်နဲနဲ မခံစားတတ် ပေမဲ ဒီကဗျာ လေးတော့ ကြိုက်တယ်ဗျာ။

  • kyeemite

    October 4, 2012 at 8:47 am

    ကဗျာတပုဒ်
    ရင်ထဲကလုပ်ယူဖို့
    အကြိမ်ကြိမ်ညှစ်ထုတ်
    အသဲနှလုံးသာစုတ်သွားတယ်
    ကဗျာတပုဒ် လူရုပ်မထင်ခဲ့
    ဒီနေ့ထိ ကြိုးစားမိုက်မဲနေဆဲ…
    ကဗျာမရေးတတ်တဲ့…
    ကြီးမိုက်။

  • ဒီကဗျာလေးကို
    ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းကို ပို့လို့ကတော့သေချာပေါက် အရွှေးခံရမှာသေချာပါတယ်။

    • maung khinmin

      October 4, 2012 at 2:04 pm

      ဆြာပေါက်ခင်ဗျ …..

      ပါချီပါချက် ကလေးလက်နဲ ့ အတွေးမစွက် ဘေးထွက်ဆိုးကျိုး ကျွန်တော်မျိုး ကဗျာ ….

      ဆရာပေါက်ဖတ် ဝက်ဝက်ကွဲရီ(ရယ်) … အနှီကျွန်ုပ် ခေါင်းကုတ်စဉ်းစား စာလုံးပေါင်းသတ်ပုံ

      မန် ့လိုက်ပုံကို ………..

      (ရွှေး) နှင့်( ရွေး ) ဟာ ၊ ဘယ်သို ့ကွာတယ်

      တစ်ကယ်နားမလည် ဆရာကယ်ပါ ခေါင်းမှာရှုပ်ထွေး သတ်ပုံအရေးကြောင့်

      ဆရာပေါက် ခင်ဗျာ ကူပါ ကယ်ပါ တစ်စာစာဖြင့် ကျုပ်အဖြစ်က စိတ်ညစ်စရာ ….။

      လေးစားစွာဖြင့် ………. မောင်ခင်မင်(ကျွန်းချောင်း)
      ၄.၁၀.၂၀၂

Leave a Reply