သံယောဇဉ် နှောင်ကြိုး

ကာရံOctober 3, 20121min15311

တွေ့ဆုံချိန်တစ်ခဏ

ချစ်ရက်ရှည်နေ့ညတိုင်းမှာ

လွမ်းမိတိုင်း မျက်ရည်ကျ

မမြင်ရတဲ့ သံယောဇဉ်

ချီနှောင်ခဲ့ပြီ ရင်ခွင်ဆီ

ရုန်းထွက်ဖို့လဲ မလွယ်ပြီ

လေပြေလေးရယ် ကူလှည့်ကွယ်

မိုးစက်များလည်း ပြိုတော့မယ်

တိမ်ညိုညို ကောင်းကင်အောက်ဝယ်

သိပ်ချစ်တာသူလေသိရင်

အပြစ်ရှာမထား ပြစ်ခွာမသွားရအောင်

ဝေးနေတဲ့ နေ့ရက်တိုင်းအတွက်

ဖြေဆည်းတော့မယ် ချစ်သူရယ်………….

11 comments

  • သံယောဇဉ် ဆိုတဲ့ ကြိုး ..
    အဲ့ဒီကြိုး ရစ်ပတ်မိရင် တကယ် မလွယ်တော့ဘူးရယ် ..
    ဒါနဲ့ .. “ဖြေဆည်း” .. ဆိုတဲ့ ဖွင့်ဆိုချက်လေးကို ရှင်းပြပေးပါလားဗျာ ..
    ကျုပ် သိပ်နားမလည်ဘူး ဖြစ်သွားလို့ …

  • padauk moe

    October 3, 2012 at 9:08 pm

    ဝင်လည်လည်လာတဲ့အတွက်ဝမ်းသာပါတယ်ဗျာ ဖြေဆည်းဆိုတဲ့စာလုံးလေးက လေးနက်တယ်ဗျ ဘယ်လိုပြောရလဲ မေးမယ့်အစား နှလုံးသားနဲ့ခံစားကြည့်ပေါ့နော် …………….

  • မောင်ပေ

    October 3, 2012 at 9:42 pm

    ဝေးနေတဲ့ နေ ့ရက်တွေဟာ မိုးရာသီထဲသာ ဖြစ်ခဲ့မယ်ဆိုရင်
    ကိုလေးဖြူ ဆိုသလို
    မင်းအကြောင်းတွေး တစ်စိမ့်စိမ့်လေး ပေါ့ဗျာ

  • padauk moe

    October 3, 2012 at 9:50 pm

    မှန်လိုက်လေ

  • ကိုခင်ခ

    October 3, 2012 at 11:02 pm

    ချစ်သူ သံယောဇဉ် နဲ့ ရောက်လာသူ ပိတောက်မိုးရေ
    မင်္ဂလာပါဗျာ။
    နောက်ပိုစ့်လေးတွေလည်း မျှော်နေမယ်နော်။

  • ဖြေဆည်းတော့မယ် ချစ်သူရယ်………….
    ခြောက်မျက်နှာရေ

    ဖြည့်ဆည်း တော့မယ်ချစ်သူရယ်လို့ပြင်ဖတ်လိုက်ရင် သူဆိုချင်တဲ့နေရာကို အတိအကျရောက်သွားပါမယ်
    ပိတောက်မိုးရေ
    စာလုံးအနက်အပေါ်မှာအမှီပြုပြီး ဖွဲ့ဆိုတဲ့ကဗျာတွေမှာ သတ်ပုံကို သတိထားသင့်ပါတယ်။.
    အနက်အဓိပ္ပါယ်ပြောင်းသွားတတ်လို့ပါ။
    ချီနှောင်ခဲ့ပြီ ရင်ခွင်ဆီ
    ဒါဆိုရင်
    ချည်နှောင်ခဲ့ပြီ ရင်ခွင်ဆီ လို့ ရေးမှာ ခင်ဗျား ဆိုလိုတဲ့ နေရာကို ရောက်သွားမှာပါ။

    အသစ်ကလေးတွေကို အားပေးနေလို့ ခင်လို့ပြောပြတာပါ။
    ဆရာလုပ်တာ အမှားထောက်ပြတာ မဟုတ်ပါဘူး။.
    သူကြီးကိုပြောပြီး စာလုံးပေါင်းအမှားလေးကို ပြင်ခိုင်းလိုက်နော်။
    တစ်ခုတောရှိပါတယ် ဖြေဆည်း ဆိုတာကို စကားလုံးအသစ်တစ်ခုအနေနဲ့ ဖန်တီးပြီးရေးထားတယ်ဆိုရင်တော့ ကျနော်ပြောတာတွေမှားတယ်လို့ မှတ်လိုက်နော်

  • ကိုခင်ခ

    October 4, 2012 at 1:02 pm

    ကိုပေါက် ပိတောက်မိုးက ပြောလာတယ် နောက်ပိုစ့်တွေမရေးခင် မြန်မာသတ်ပုံစာအုပ် ဘယ်မှာရမလဲလို့။
    အဲဒါနဲ့ ကျွန်တော်တော့ ပြောလိုက်တယ် ပန်းဆိုးတန်းလမ်းက အမေ့အိမ်စာအုပ်ဆိုင်မှာ သွားမေးကြည့်ပါလို့။

  • Mon Kit

    October 4, 2012 at 1:08 pm

    ချီနှောင်ခဲ့ပြီ ရင်ခွင်ဆီ……
    ပို့စ်ရှင် ရေးသားသလို တွေးရရင်.. ရင်ခွင်ထဲ ချီပိုးထားသလို ထင်ရတယ်… :kwi:
    ဒီချည်အနေနဲ့ ဆိုရင် သံယောဇဉ် ကြိုး.. ဘာကြိုး.. ညာကြိုးတွေကို ရစ်ပတ်ချည်နှောင်တဲ့ သဘောပေါ့နော်… :hee:

  • ပန်းဆိုးတန်းထိ သွားစရာမလိုဘူးလေ ကိုခရဲ့
    ညာဘက်ဒေါင့်ကို ကြည့်လိုက်ရင် သတ်ပုံစစ်ရန်ဆိုတာပါ ပါတယ်။
    ကိုယ်ကလဲရှည်မိတာပါ
    ကဗျာဆရာဆိုတာ သတ်ပုံကိုစည်းဖောက်ခွင့်ရှိပါတယ်။
    ဟိုးရှေးရှေးက
    “လကိုမြင် ကြယ်စင်ဟုတ်ဘူး” ဆိုတဲ့ စာသားလေးက လှုပ်ခတ်ခဲ့ဘူးပါတယ်။
    လဆိုမှတော့ ကြယ်စင်မဟုတ်တာ ဘာဆန်းလဲလို့ ပြောရင်းကျယ်ပြန့်သွားတာပါ။
    ကဗျာဆရာရဲ့ ဆိုလိုရင်းက “လကိုမြင်ရတာ မိုးတိမ်တွေဖုံးနေလို့ ကြည်ကြည်လင်လင်မရှိဘူး”ဆိုလိုတာပါတဲ့။
    ကဗျာဆိုတာက ကြိုက်သလို အနက်ဖွင့်လို့ရပါတယ်။
    ဒီအကြောင်းလေးအသေးစိတ်သိချင်ရင် မေမြ့ိုမင်းကြည်ရေးဘူးတဲ့
    မြန်မာစာပေတိုက်ပွဲများ စာအုပ်မှာရှာဖတ်လို့ရပါတယ်။

  • ကိုခင်ခ

    October 4, 2012 at 3:25 pm

    ညာဘက်ဒေါင့်ကို ကြည့်လိုက်ရင် သတ်ပုံစစ်ရန်ဆိုတာ ပါတယ် ဆိုလို့ ကျွန်တော် သိတာလေး မေးပါရစေ၊
    Add New Post စာမျက်နှာဖွင့်ပြီး စာရိုက်တဲ့အခါ အဲဒီသတ်ပုံစစ်ရန်ဆိုတာ ဘယ်နားမှာလဲ၊ Add New Post Page ရဲ့ညာဘက်မှာက Post level Restriction , Publish, Categories တို့ဘဲရှိတာလေ။ အဲဒီတော့ စာရိုက်ရင်း ဘယ်လိုစာလုံးပေါင်းစစ်မလဲ၊ add new post မှာစာရိုက် ပြီးတော့ save draft လုပ်၊ ပြီးရင် Preview ကြည့် အဲဒီမှ ညာဘက်ကပြောနေတဲ့ စာလုံးပေါင်းစစ်ရန်နဲ့စစ် ပြီးတော publish နှိပ် ပိုစ့်တင် အဲလိုလား၊ အဲဒီအဆင်ဆင့်မှာ ကွန်ကကောင်းနေမှ ဒီပြင်ဆို ရိုက်ထားတဲ့စာတွေက ဟာ–သွားပါပြီ ဘဲ။
    အဲဒီတော့ ရွာသူားအသစ်က ဘယ်လိုသိမလဲ ညာဖက်မှာသတ်ပုံစစ်တာပါတယ်ဆိုပေမယ့် လုပ်နည်း လေးသိအုံးမှာလဲလေ။ သူငယ်တန်းစတက်ခါစကို သတင်းစာဖတ်တတ်လားဆိုတော့ အဲဒီကလေး နောက်ကျောင်းသွားချင်ပမလား တွေးမိတာပါ။ ကျွန်တော်ရွာထဲဝင်ခါစကလည်း အဲလိုဘဲ ညာဘက်ဘေးမှာ သတ်ပုံစစ်ရန်ပါကြောင်းတစ်ဦးမန့်ခဲ့ဘူးတယ်၊ အဲလိုမန်ခဲ့လို့ နောက်သတ်ပုံအမှားနဲ့ တင်မိရင်တော့ဆိုတဲ့အတွေးနဲ့ တပတ်လောက်ရွာကို လှည့်တောင်မကြည့်နေဖြစ်ခဲ့တယ်လေ။ ကိုယ်ချင်းစာမိလို့ပါ။

  • padauk moe

    October 4, 2012 at 5:19 pm

    အခုလိုဝေဖန်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ် နောက်ဆိုသတိထားပါ့မယ်ဗျာ

Leave a Reply