ဆြာအုပ် နှင့် ဂန္ဓာရီခရီးမှ ဓာတ်သေများ (၅)

၂၀၀ရ ခုနှစ်တုန်းက မနူဟာအရုပ်ပွဲ ဖြစ်ပါတယ်.. အဲဒီတုန်းက ဓာတ်ရှင်ပါရိုက်ခဲ့တာကြောင့် အရှင်ကြည့်လို သူများကြည့်ရှုနိုင်အောင် တင်ပေးလိုက်ပါတယ်ဗျာ..  ဒီနှစ်ကတော့ ဓာတ်ရှင်ရိုက်မလာခဲ့မိ ပါဘူး.. မှတ်မှတ်ရရ ၂၀၀ရ စက်တင်ဘာ ၂၅ ရက်နေ့ ရွှေဝါရောင် တော်လှန်ရေးနေ့ ရဲ့ ရှေ့ပြေး နေ့လေးတွေထဲက တစ်ရက်ပါ.. ရန်ကုန်မှာ ဆန္ဒတွေ ပြနေတဲ့ အချိန် ပုဂံမှာလဲ အဲဒီနေ့က စ ပါတယ်.. နောက် နှစ်ရက်အကြာမှာ ရန်ကုန်မှာ ပစ် ကုန်တယ်ထင်ပါတယ်.. အင်တာနက်ကတော့ ၂ရ ရက်နေ့မှာ ပြတ်သွားပါတယ်..

မနူဟာ အရုပ်ပွဲ ဓာတ်ရှင်

မနူဟာ အရုပ်ပွဲ ဓာတ်ရှင်
မနူဟာဘုရား

 

 

7 comments

  • လယ်ထွန်Z

    October 5, 2012 at 3:29 pm

    အားပေးသွားတယ်ဗျို့…

    စကားမစပ် ဆြာရေ
    Nik Software ကို Google က ဝယ်လိုက်ပတဲ့..
    Flickr နဲ့ Picasa တွေမှာ Nik ရဲ့ feature တွေ တပ်မယ် ထင်ရတာပါပဲ

    အကြောင်းကတော့ ဟိုးတလောက Facebook က
    Instagrm ကို ဝယ်လိုက်ပီး သူ့ရဲ့ Photo feature ပိုကောင်းအောင်
    လုပ်တော့မှာကြောင့်လေ..

    ဘာပဲဖြစ်ဖြစ်ပါဗျာ..
    အလကား များများ သုံးရလေ ကောင်းလေပါ ..ဟီဟိ..
    😀

  • ကိုရင်မောင်

    October 5, 2012 at 3:38 pm

    မနူဟာဘုရားက ဓါတ်သေများကို အားပေးသွားပါတယ်…
    ကိုယ်မရောက်ဘူးမတွေ့ဘူးတဲ့ပွဲတော်မို့..
    သဘောကျမိပါတယ်…..

    • ဂန္ဓာရီ ဆြာအုပ်

      October 5, 2012 at 5:46 pm

      ဓာတ်ရှင် တစ်ခုပါတယ်လေ.. အပေါ်ဆုံးက ပုံကို click ပြီးကြည့်လို့ရတယ်..

  • အရုပ်ပွဲတော်တဲ့လား..
    နာတော်တော်တုံးတာပဲ..ခုမှပဲ ကြားဖူး မြင်ဖူးတော့တယ်…
    ခုလို ဓာတ်သေတွေကို တင်ပေးတာ ကျေးဇူးတင်ပါတယ် ဆြာဂျီးချင့်…

    လုံမလေး

  • မောင်ပေ

    October 5, 2012 at 8:47 pm

    ဆြာအုပ်စိုးရေ… ကျုပ် အတိအကျ မမှတ်မိလို ့
    မနူဟာဘုရားမှာ မြသပိတ်အကြီးကြီး ရှိတယ် ထင်တယ် ။
    ဟုတ်သလားဗျ

  • ကြောင်ကြီး

    October 7, 2012 at 6:05 am

    ဂန္ဓာရီဆြာအုပ်
    တန်ပါသည်ပြာထုပ်
    မာန်စွာချီငါဟုတ်
    ဒဏ္ဍာရီညာလုပ်
    ငံပြာရည်ချာစုတ်
    ကြံကာစည်နှာမှုတ်
    အံစာနီကာချုပ်
    ညဏ်ထွာလီညာတုပ်..။

Leave a Reply