” အီးဘယ်သူပေါက် မောင်ပေါက်………….. “

 

“အီးဘယ်သူပေါက်…………….မောင်ပေါက် “

 

ကျနော်မနက ်မနက်လမ်းလျောက်သွားတဲ့အခါ လမ်းလျောက်သူလူတော်တော်များများရဲ့လက်မှာ

ရေဒီယုိုအသေးလေးတွေ ကိုယ်စီကိုယ်စီပါလာကြတာကို တွေ့ရပါတယ်။

မြန်မာ့အသံက မလွှင့်လို့ ကြားရခဲတဲ့ မြန်မာသီချင်းအဟောင်းအကောင်းလေးတွေကို အဲဒီရေဒီယိုလိုင်းတွေက နေပြီး လွှင့်ပေးတော့ အလွမ်းပြေ ကြားရတတ်ပါတယ်။

တစ်ခါတစ်လေတော့လဲ မနက်စောစောစီးစီးမှာ အဆွေးသီချင်းတွေလာချင်လာနေတတ်ပါတယ်။

အများအားဖြင့်ကတော့ မြန်မာနိုင်ငံနဲ့ဆို်င်တဲ့သတင်းတွေ၊နိုင်ငံတကာသတင်းတွေ၊

ဝေဖန်ချက်တွေကိုဝေဝေဆာဆာလွှင့်ပေးနေတာကိုကြားနေရပါတယ်။

အခုအချိန်မှာတော့ မြန်မာဘာသာနဲ့လွှင့်တဲ့နိုင်ငံခြားလုိုင်းတွေလဲများသထက်များလာတယ်ဆိုတော့

ကိုယ်နှစ်သက်ရာလိုင်းကို ကိုယ်ရွေးနားထောင်လို့ရနေပြန်ပါတယ်။

အချို့လူတွေများဆို မနက်လမ်းလျောက်ရင်း ၊ဆိုင်ကယ်စီးရင်း စက်ဘီးစီးရင်း ၊ကားမောင်းရင်း ရေဒီယိုလေးကို လက်ကကိုင်ပြီး နားထောင်ရင်းခေါင်းလေးကတငြိမ့်ငြိမ့်တကယ့်အရေးကြီးကိစ္စကိုလုပ်နေတဲ့အတိုင်း။

ပဲများတာလဲ နည်းနည်းတော့ပါတာပေါ့။

 

ဟိုအရင်တုံးက ဆိုရင်  BBC နဲ့ VOA နှစ်လိုင်းဘဲ  အကောင်းလုပ်ပြီးနားထောင်ခဲ့ရတာပါ။

နားထောင်ရတာကလဲ သိပ်ပေါ်ပေါ်တင်တင်ကြီးတော့နားထောင်လို့မရ။

တကယ့်ကို တိုးတိုးတိတ်တိတ်လေး။

နားထောင်သူများကလဲ တစ်ရက်နားမထောင်လိုက်ရရင် တစ်ရက်ခေတ်နောက်ကျသွားသလို

ကို စိတ်ထဲ ထင်တတ်ကြပါတော့      မနက်မနက်မှာ ဒီရေဒီယိုအစီအစဉ်နားထောင်ဘို့ကြိုးပမ်းရတာအလုပ်တစ်ခုပါဘဲ။

နားထောင်ဆို သူတို့ကလဲ ကျနော်တို့ မကြားဘူးတာတွေဘဲမသိတာတွေကို ဘဲ ပြောပြောနေတာကိုးဗျ။

ဘယ်သူတွေဘာပြောပြာ ဒီလိုင်းတွေကပြောတာတွေအားလုံးမှန်တယ်လို့ ယုံကြည်သူကလဲအများသား။

အဲဒီအချိန်တွေက ရေဒီယိုဆိုတာကလဲရှားလဲရှားဈေးလဲကြီး ပစ္စည်းကလဲခပ်ကြီးကြီးဆိုတော့

တော်ယုံလူမကိုင်နိုင်ပါဘူး။

လူမြင်သူမြင်မကိုင်ရဲ နားမထောင်ရဲတာလဲ ပါ ပါတယ်။

ရေဒီယိုချစ်သူများကလဲ

လက်ဖက်ရည်ဆိုင်ရောက်ပြီဆိုတာနဲ့ ဘီဘီစီက ဘယ်လို ဗွီအိုအေကဘယ်ဝါ

ဆိုပြီး တိုးတိုး တိုးတိုးနဲ့ ကမ္ဘာရေးရာ ကျွမ်းကျင်သူပုံစံမျိုးနဲ့ဖောက်သည်ချ။

ကျနော်တို့ကလဲ ဟုတ်နိုးနိုးနဲ့ သူပြောသမျှနားထောင်ခဲ့ရတာ အမှန်ပါဘဲ။

နားထောင်ဆို အဲဒီတုန်းကလဲ သတင်းမှောင်ချထားတာများတော့

ဒီလူပြောတာဟုတ်နိုးနိုး ဟိုလူပြောတာမှန်နိုးနုးိ နဲ့နေခဲ့ရတာကိုး။

စပြောပြောချင်းတော့ ကောလဟာလပေါ့။

နောက်ဒီကောလဟာလတွေက အမှန်တွေဖြစ်ဖြစ်သွားတာများတော့

ဟိုလူပြောလဲ ဟုတ်မှာဘဲဆိုယုံလိုက်ရ ဒီလူလာပြောလဲ ဟုတ်လောက်တယ်ဆိုလက်ခံရလိုက်ရနဲ့

ကြာတော့လူလဲ  ပြောတိုင်းယုံတဲ့သတ္တဝါကြီးနဲ့တူတူလာပါတယ်။

မနက်တိုင်း ရေဒီယိုမှန်မှန်နားထောင်သူကိုလဲကျနော်တို့ကဖားနေရတာအမှန်ပါဘဲ။

သူက သတင်းစုံနားထောင်ရသလောက်ကို ပြန်ပြောပြတော့ သူများကိုပြန်ဆရာလုပ်နိုင်ဘို့

သူဆီမှာအရင်တပည့်ခံရတဲ့သဘောပါဘဲ။

ပြောရရင်တော့ ရှေးရှေုးတုန်းက ပုံပြင်လေးပေါ့။

 

 

အခုချိန်မှာတော့ တရုပ်ကရေဒီယိုတွေ က တစ်လုံးမှ လေးငါးထောင်ဈေးပေါပေါနဲ့ဝင်လာလို့ လူတိုင်းကိုင်နိုင်လာသလို

ရေဒီယို နားထောင်တာ တစ်ခေတ်ပြန်ဖြစ်လာပြန်ပါတယ်။

နောက်သေးသေးကွေးကွေးဆိုတော့လဲ သွားလေရာ ယူသွားလို့လွယ်ပြန်ပါတယ်။

အသံလဲကြားရုပ်လဲမြင်နေရတဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကလဲ

လိုက်ဖ် လိုက်ဖ်နဲ့ တရိုက်ထဲရိုက် တလိုက်ထဲလိုက်လို့တင်တာကိုးဗျ။

ရှိတာမှ တစ်လိုင်းထဲ မဟုတ်ဘူး ပြည်တွင်းလိုင်းပြည်ပလိုင်း ကြိုက်တာရွေးကြည ့်လိုက်ရုံဘဲ။

မြန်မာ့အသံကိုက လေးလိုင်း၊မြဝတီ၊လိုင်း-7၊စကိုင်းနက် ဒါကပြည်တွင်းဘဲရှိသေးတယ်။

ပြည်ပလို်င်းတွေကလဲ ရှာကြည့်တတ်ရင် ပေါမှပေါပါဘဲ။

ဟိုလွန်ခဲ့သောနှစ်များကတော့  ရွှေဝါရောင်တော်လှန်ရေးနဲ့အတူ ပေါ်ထွက်လာတဲ့

နော်ဝေအခြေစိုက် DVB လိုင်းကတော့ လူကြိုက်အတော်များခဲ့ပါတယ်။

ဒီမှာ မမြင်ရမကြားရတဲ့မထိခလုတ်ထိခလုပ်နဲ့လှမ်းပုတ်တဲ့စကားလုံးတွေပါသော

“ဇာဂနာ”ရဲ့ရုပ်ရှင်တွေ ပြက်လုံးတွေကို တစ်ဝကြီးနားဆင်ရတာကိုးဗျ။

အဲဒီတုန်းက ဒီကနေနိုင်ငံခြားသွားဖျော်ဖြေကြတဲ့ အနုပညာရှင်များကလဲ အဝေးရောက်တာနဲ့

ပြက်လုံးအဆန်းတွေထုတ် တော့လူတွေကလဲ သဘောကျ ကြသပေါ့နော်။

နောက်ကိုယ့်ပါးစပ်က ထုတ်ပြောလို့မရ ထုတ်မပြောရဲတဲ့ စကားလုံးတွေကိုသုံးပြီး

ပက်ပက်စက်စက်ဝေဖန်ထားတဲ့သတင်းဆောင်းပါးတွေဓါတ်ပုံတွေဝေဝေဆာဆာလဲပါဆိုတော့

တိုးတိုးတိတ်တိတ်ကလေးကြည့်ပြီး လက်ဖက်ရည်ဆိုင်ထိုင်ရင် မကြားတကြားလေးပြန်ပြောကြရတာကလဲ

အရသာတစ်မျုးိ။

အဲလိုလိုင်းတွေကလာတာ ကို ပြန်ပြန် ပြောကြ သတင်းဖြန့်ကြရင်း

တစ်ယောက်ကစ တစ်ရာဆိုသလို ကောလဟာလတွေကလဲ အမြဲပျံ့လွင့်လိုနေတတ်ပါတယ်။

ခက်တာက ထွက်လာတဲ့ကောလဟာလတွေကလဲအချိန်ကာလတစ်ခုရောက်ရင် အများအားဖြင့်ကတော့ မှန်နေပြန်ပါတယ်။

ဟိုအရင်ကတော့ သတင်းမှောင်ချထားတာများတော့ ကောလဟာလ အရင်ထွက်လာပြီးမှ

အဖြစ်မှန်ကနောက်မှလာပါတယ်။

“မီးရှိလို့ မီးခိုးထွက်တာ”ဆိုတဲ့စကားလေးလိုပါဘဲ ကောလဟလဆိုတာ ဖြစ်ရပ်မှန်ကို

အခြေခံပြီးထွက်လာတာကိုး။

ကြာတော့ လဲဘာသတင်းလေးထွက်ထွက် ယုံလိုက်ကြရတာပါဘဲ.။

စစခြင်း တိုးတိုးလေးဆိုတဲ့သတင်းစကားကနေ တဖြည်းဖြည်းကျယ်ပြန့်သွားတတ်ပါတယ်။

အရင်ကတော့ ကောလဟာလန ဲ့လူလုပ်ခဲ့ရတဲ့ခေတ်ဆိုရင်လဲမမှားပါဘူး။

ဒီကောလဟာလက လဲ မှန်တဲ့အခါမှန် မှားတဲ့အခါမှားဆိုပြန်တော့

“ချင့်ယုံ”ကြရတာပါဘဲ။

 

 

 

ခုလက်ရှိအခြေအနေမှာတော့ အချိန်နဲ့တပြေးညီ မြင်သာထင်သာရှိအောင်သတင်းတွေကို ချက်ခြင်းဖော်ပြနေတယ်ဆိုတော့ဒဲမှာဖြစ်နေတာကို အဝေးကလူက လာပြောတာ

နားထောင်ဘို့မလိုတာလဲအမှန်ဘဲဗျ။

အဲတော့ ကောလဟာလ ဆိုတာကြီးကိုလဲ ယုံစရာမလိုတော့ဘူးပေါ့ဗျာ။

နိုင်ငံပိုင်သတင်းစာတွေကလဲ အရင်လိုဖုံးကွယ်ထားတာမရှိဘဲအဖြစ်မှန်တွေကို တတ်နို်င်သလောက်ဖော်ပြ။

နေ့စဉ်တစ်စောင်မဟုတ်တစ်စောင်အသစ်ထွက်နေတဲ့ဂျာနယ်ပေါင်းစုံက

လည်းသတင်းထူးသတင်းဦးဆိုတာနဲ့ ဓါတ်ပုံနဲ့တစ်ကွ အပြည့်အစုံဖော်ပြ နေကြပါတယ်။

အရင်လိုစီစစ်ရေးတင်စရာမလိုတော့ ပိုပွင့်လင်းလာကြ

အဖြစ်မှန်အတိုင်းကိုလဲ ရေးရလာတာ တာတော့အမှန်ပါဘဲ။

ကိုယ်ရေးတဲ့သတင်းတော့ ကိုယ်တာဝန်ယူရတာပေါ့နော့်။

ပေါင်ချိန်ပြောသလို ပြောရရင်”ပစ္စည်းသက်သေလူသက်သေ”ဆိုတာက

သတင်းတွေမှာ “ဓါတ်ပုံသက်သေ”ကလဲ ပါနေတာကိုးဗျ။

ဒါပေမယ့်လဲ အကြွင်းမဲ့ယုံလို့တော့မရ ဒီပုံတွေမှာလဲ အင်တွေက ပါတတ်ပါသေးတယ်။

ဖိုတိုရှော့ဆိုတဲ့ နည်းပညာနဲ့ ကြိုက်သလို ပြင်လို့ရ ဖန်တီးလို့ရနေပြန်တာကိုး။

အချို့သတင်းများကြပြန်တော့လဲ ဓါတ်ပုံနဲ့တကွ ပါတာမှန်ပေမယ့်လဲ  ဂွင်ဆင်ရို်က်ထားတဲ့

အင်ကြီးမှန်းသိသာနေပြန်ပါတယ်။

 

နောက်ရှိသေးတယ် အခုခေတ်မှာ အင်တာနက်ဆိုတာက လူတိုင်းသုံးလို့ရနေတဲ့ခေတ်ရောက်နေပြီလေ။

အရင်က အင်တာနက်ဆိုတာ ကွန်ပြူတာရှိပါမှ လက်ပတော့လေးရှိပါမှ၊

ပြီးတော့ အင်တာနက် ကို သိန်းဆယ်ချီအကုန်ခံပြီးချိတ်ထားမှ အလွယ်တကူသုံးလို့ရတာကိုး။

အခုကတော့ အချိန်ပေးနိုင်ရင်အင်တာနက်ကဖေးဆိုင်သွားသုံးတစ်နာရီလုံးမှသုံးရာကျပ်။

တန်မှတန်လိုင်းမကောင်းတာတော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံဘဲ.။

မီးပျက်မှာပူစရာမလို။

အိုးမကွာအိမ်မကွာ သုံးချင်ရင်တော့  ၂သိန်းတန်ဟန်ုးဖုန်းလေးရှိရင်ကို အင်တာနက်လိုင်းထည့်လိုရနေပြီ၊

အဲ လိုင်းချိတ်ခက အလွန်ဆုံးကုန်မှ နှစ်သောင်းသုံးသောင်းပေါ့။

ဒါမှဟုတ်ကိုယ့်ဖုန်းထဲမှာ ဝိုင်ဖိုင်ပါရင် လက်ဖက်ရည်ဖိုး သုံးရာအကုန်ခံတာနဲ့

ဝို်င်ဖိုင်ရှိတဲ့ ဆိုင်မှာထိုင်ပြီး တနေကုန် ကြိုက်သလောက်သုံးလို့ရတယ်လေ။

လက်ဖက်ရည်ဆိုင်ထိုင်ရင်း

ဟန်းဖုန်းနဲ့သုံးမလား

တက်ဘလက်နဲ့သုံးမလား

လက်တော့နဲ့သုံးမလား ကြိုက်သလိုသုံး အမုန်းသုံးဘဲ။

တစ်ချိုဆိုင်တွေဆို ကွန်ပြူတာချပေးထားတယ်။

“လာယောက်စားသုံးသူတစ်ဦးလျင် တစ်နာရီခန့် အသုံးြ့ပုနိုင်ပါသည်”တဲ့။

ဝန်ဆောင်မူ့ကောင်းလိုက်ပုံကတော့ ရှယ်ဘဲ။

ဒီလို အိုင်တီခေတ်မှာတော့လဲ သတင်းတွေ ကမှန်တာ မမှန်တာအပထား မြန်တာကတော့အမှန်ဘဲ။

မနှစ်ပိုင်းက ရန်ကုန်မင်္ဂလာဈေးကြီးမီးလောင်နေတုန်းက အင်တာနက်စာမျက်နှာမှာ

သတင်းတွေက ချက်ခြင်းချက်ခြင်း စက္ကန့်နဲ့အမျှ တက်လာလိုက်တာ လူတိုင်းသဘောကျ။

ပုဇွန်တောင်ဆိပ်ကမ်း မီးလောင်တာလဲ ညကြီးမင်းကြီးကို ဖေစ်ဘုတ်မှာ သတင်းတွေတက်လာ။

အိပ်မှ အိပ်ကြရဲ့လားလို့မေးယူရလောက်အောင်ကိုတာဝန်ကျေကြတာပါ.။

ဟိုနားမှ ဆန္ဒထုတ်ဖော်နေတယ်တဲ့ ချက်ခြင်းလိုင်းပေါ်ရောက်။

ဒီနားမှာယာဉ်တိုက်လို့တဲ့ ခဏနေ အင်တာနက်ပေါ်ရောက် မြန်မှ မြန်ပါဘဲ။

ဘယ်နားမှာ ဘာဖြစ်သတဲ့လို့အသံကြားလိုက်ရင် အင်တာနက်သာ ဖွင့်လိုက် သတင်းက တက်ပြီးသားဘဲ။

ဒါပေမယ်လည်းတစ်ခုရှိတာက ဒီအင်တာနက်ကြီးက လဲ အခုနောက်ပိုင်းတော့

“ချင့်ယုံ”စာရင်းထဲပါလာပြန်ပါတယ်။

အင်ထုတဲ့သတင်းတွေက ထွက် ထွက်လာတတ် တာကိုးဗျ။

 

အရင်က ဓါတ်ပုံဆိုတာ ကင်မရာကြီးတလွယ်လွယ်နဲ့ သွားမှ ရတာကိုးဗျ။

အဲတော့ လူမသိအောင်ရိုက်လို့မဖြစ်နိုင်။

အခုခေတ်မတော့ လက်တစ်ဝါးလောက်ရှိတဲ့ ကင်မရာလေးနဲ့ဆော်မလား ဖြစ်တယ်။

လက်ထဲကိုင်ထားရင်တောင်ပျောက်သွားတဲ့ ဟန်းဖုန်းနဲ့ ဓါတ်ပုံရိုက်မလား ဗွီဒီယိုရိုက်မလားဖြစ်တယ်။

လူသိအောင် လူမသိအောင်ကြိုက်သလိုရိုက်လို့ရနေပြန်ပါတယ်။

အခုခေတ်ကြီးမှာ  အင်တာနက်ဆိုတာက လဲ လူတိုင်းလောက်တတ်နေတော့

သတင်းတစ်ခုများ ဖြစ်လာရင် ဖျပ်ကနဲ ရောက်သွားနိုင်တော့  မြန်လဲမြန်တယ်၊

ရပ်သိရွာသိ တကမ္ဘာလုံးသိဘို့က စက္ကန့်ပိုင်းလောက်ဘဲကြာပါတယ်။

အဲ ကော်နက်ရှင်လေးတော့ကောင်းဘို့လိုတာပေါ့နော်။

ဒီကော်နက်ရှင်ဆိုတာကြီးကလဲ အတော်ကို စိတ်ကောက်တတ်တဲ့ချစ်သူနဲ့တူပါတယ်။

ထစ်ကနဲ့ဆို ကောက် ထစ်ကနဲဆို ပြတ် ထစ်ကနဲဆို ပျောက်ပါဘဲ။

သူဘယ်လောက်စိတ်ကောက်ကောက် သူနဲ့အဆက်ဖြတ်လို့ကလဲ မဖြစ်နိုင်ဘူးလေ။

 

အရင်က ဆိုရင်ဘာလေးဖြစ်ဖြစ်အခုလိုဘယ်သိရလိမ့်မလဲ။

လည်လည်ပါတ်ပါတ်ရှိတဲ့ကောင်က ပြောမှ ရိုးတိုးရိပ်တိတ်လေးသိရပြန်တာကိုး။

အဲတော့လဲ လောက သဘာဝအရ ကောလဟာလတွေကလဲ များခဲ့တာအမှန်ပါဘဲ။

အခုချိန်ကတော့ ဖုံးကွယ်ထားလို့ လဲမရတဲ့ ပွင့်လင်းမြင်သာလွန်းတဲ့ခေတ်ကြီးလို့တောင် ပြောလို့ရပါတယ်။

အဲဒီမှာဘာသွားတွေ့လဲဆိုတော့ ဘာမှမလုပ်တဲ့ကောင်က ခင်ဗျားတို့ ကျနော် တို့ထက်ပိုပြောနိုင်တယ်ဆိုတာကိုပါ။

သူကအားနေရင်လက်ဖက်ရည်ဆို်င်တကထိုင်။

ချထားပေးတဲ့ ဂျာနယ်အား လုံးကို ဖင်ပြန်ခေါင်းပြန်ဖတ်။

ဒါနဲ့တင်အားမရသေးဘူး ဂျာနယ်ရောင်းတဲ့လူဆီက ထွက်သမျှဂျာနယ်ကို သိမ်းကျုံးပြီး အကုန်ဖတ်တော့ အကုန်သိနေတာပေါ့ဗျ။

အခုမန်းလေးက လက်ဖက်ရည်ဆိုင်တွေရော  ဘဏ်တွေမှာပါ ဖတ်စရာ ဂျာနယ်တွေချထားသဗျား။

ဖတ်စရာလေးရှိနေတော့ စောင့်ရတာ ကြာလို့ကြာမှန်းမသိသလို အချိန်လဲအလဟဿမဖြစ်တော့ဘူးပေါ့နော်။

ဂျာနယ်ရောင်းသူကိုလည ်းလျော့မတွက်နဲ့ သူကလဲ သူ့ ဝန်ဆောင်မူ့နဲ့သူ။

လက်ဖက်ရည်လာသောက်တဲ့လူကို ဂျာနယ်အသစ်တွေ လိုက်ချပေးထားလိုက်တာဘဲ။

အလကား ဖတ် ပေတော့ မပေစေနဲ့ပေါ့။

ဒါပေမယ့် ခဏနေရင် “ ဆရာ အဲဒါလေးယူမှာလား ဝယ်မယ့်သူက လိုချင်တယ်ပြောနေလို့ပါ  “ဆိုပြီးလာပြောရင်

အားနာနာနဲ့တစ်စောင်တော့ဝယ်လိုက်ရတာပါဘဲ။

လက်ဖက်ရည်ဆိုင်ထိုင်ပြီဆိုရင်လဲ ဝို်င်ဖိုင်ဖွင့်ပေးထားပြီးအင်တာနက်သုံးလို့ရတဲ့ဆိုင်ကိုရွေးထိုင်။

ဟန်းဖုန်းလေးကို တတို့တို့လုပ်တဲ့ပြီး လက်ဖက်ရည်ဆိုင်ကခုံလေးပေါ်မှာထိုင်ပြီးတကမ္ဘာလုံးကို

ထိုင်ကြည့်လို့ရတာကိုးဗျ။

အဲတော့ဘာအလုပ်မှလုပ်စရာမလိုတဲ့သူက ခင်ဗျားတို့ကျနော်တို့လိုပြေးလွှားနေကြ ရတဲ့လူထက်စာရင်

ဗဟုသုတတွေ ပိုများနေသလိုပါဘဲ။

အဲတော့လဲပိုပြောနိုင်ပြန်တာပေါ့။

အဲလိုလူတွေပိုများများလာတော့ သတင်းတစ်ခုပြန့်တာလဲသိပ်မြန်သွားပါတယ်။

ညာထားဖုံးကွယ်ထားလို့မရဘူးလို့ဆိုချင်ပါတယ်။

 

ကျနော်တို့ကလေးဘဝက ကစားတဲ့ကစားနည်းလေးရှိပါတယ်။

“အီးဘယ်သူပေါက်….မောင်ပေါက်

ပေါက်တဲ့သူ မှန်မှန်ပြော အီးဘွတ်တရားဟော

ဗပေပေ့ ဂျိ” ဆိုပြီးဆော့ခဲ့ကြတာပေါ့။

အခုခေတ်ကြီးကတော့ “အီးဘယ်သူပေါက်….မောင်ပေါက်” လုပ်စရာမလိုတော့ပါဘူး။

ပေါက်တဲ့သူကမှ မပြောရင် ဝန်မခံရင် ပေါက်တဲ့သူကို ဖော်နို်င်တဲ့ခေတ်ကြီးရောက်နေပါပြီ။

ကဲ သတိသာထားကြပေတော့ ……….

လူမမြင်အောင် အီးပေါက်တတ်သူများတို့ရေ………………

 

 

ကိုပေါက်(မန္တလေး)

(ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး)

 

 

 

 

 

24 comments

  • uncle gyi

    October 4, 2012 at 9:54 am

    ဟုတ်ပကိုပေါက်ရဟိုတုန်းကနေရှင်နယ်ရေဒီယိုတွေနေရာတရုပ်ကရေဒီယိုလေးတွေ
    ဝင်လာတာဈေးတွေကလည်းကျလိုင်းတွေကလည်းပိုပြီးဖမ်းလို့မိနဲ့နားထောင်သူသောတရှင်တွေ
    အတွက်အတော်အဆင်ပြေသွားပါတယ်
    ကျွန်တော်တို့ကဟိုတုန်းကတည်းက v0a bbc နားထောင်လာတာအခုတော့သိပ်နားမထောင်ဖြစ်
    တော့ဖူး
    ပြည်တွင်းမှာလည်းသတင်းတွေကအချိန်နဲ့တပြေးညီလောက်နားထောင်နိုင်ဖတ်နိုင်ပြီမို့လို့ပါ
    ခင်ဗျားပြောသလိုပဲအီးတောင်ကျယ်ကျယ်မပေါက်ရဲအောင်ပါဗျာ
    သတင်းယူဖြစ်သွားမှာစိုးလို့

  • ကြောင်ကြီး

    October 4, 2012 at 9:58 am

    ကြောင်အီးတဘူဘူပေါက်
    ငေါင်ပြီးလူမတူမျောက်
    မှောင်မီးသူကူထောက်
    ဗျောင်ကြီးငြူဆူခြောက်…။

  • surmi

    October 4, 2012 at 10:13 am

    အဲဒီလိုလက်ဘက်ရည်ဆိုင်မျိုး ဒီမှာမရှိသေးဘူးထင်တယ်
    ဖုန်းတွေချပေးပြီးမှ လူတိုင်း နက်နေကြတာ
    အစ်ကို တင်တဲ ့ဓတ်ပုံတောင် ကွန်မကောင်းလို ့ကြည် ့မရဖြစ်နေတာ

  • ma me kyaw

    October 4, 2012 at 11:20 am

    ဦးပေါက် ့အင်တာနက်ခေတ်ရောက်ပီလေ. ့ဦးပေါက်အီးပေါက်ပီးရင်သတိထားသတင်းယူသွားအုံးမယ်. ့

    • မောင်ပေ

      October 4, 2012 at 11:46 am

      မီလေး အီးပေါက်ရင် ကိုပေ ရှောင်ချင်တာမို့ တင်ကြိုပြောပေးပါကွဲ့
      :kwi:

  • kyeemite

    October 4, 2012 at 11:56 am

    ကိ်ုပေါက်ရေ…
    ဟုတ်တယ်ဗျို့…ကျုပ်လည်းတရုတ်ရေဒီယိုလေးအားကိုးနားထောင်လာခဲ့တာနှစ်
    တွေကြာပေါ့…စွဲတောင်နေတယ်…အခုကတော့ မနက်မအားလို့နားမထောင်လိုက်ရရင်
    အင်တာနက်မှာ အပ်တူဒိတ် သတင်းကြည့်လို့ရနေပီဆိုတော့…ကျုပ်တို့ငယ်ငယ်ကနဲ့တော့
    ဆီနဲ့ရေပေါ့ဗျာ….အခုပြန်တွေးကြည့်တော့ရယ်စရာ…ဒီလိုလေ…ကိုယ့်လမ်းထဲကအိမ်တအိမ်က
    ကက်ဆက်ရှိတယ်ဆိုရင်(အဲတုန်းကအိမ်တိုင်းမဝယ်နိုင်ကြသေး) မရှိတဲ့အိမ်တွေကို တရားနာ
    လာဖိတ်လေ့ရှိတယ်ဗျ(ကြွားချင်တာလည်းပါမှာပေါ့လေ)..ကက်ဆက်တရားပေါ့…ကုလားထိုင်ပေါ် တဘက်ကလေးခင်းလို့
    ကက်ဆက်ကို အဲပေါ်တင်..လူတွေကအောက်ကထိုင်ပီး ဘုန်းကြီးအစစ် စင်ပေါ်က
    တရားဟောတာနာကြသလို တဘက်ကလေးများ ပုခုံးပေါ်တင်လို့…အိမ်ရှင်က ရေပူရေချမ်းလေးလည်းတိုက်ကျွေးသေး ..ဟေး ဟေး
    :kwi: :hee:

  • Thu Wai

    October 4, 2012 at 12:01 pm

    အိုးမကွာအိမ်မကွာ သုံးချင်ရင်တော့ ၂သိန်းတန်ဟန်ုးဖုန်းလေးရှိရင်ကို အင်တာနက်လိုင်းထည့်လိုရနေပြီ၊

    အဲ လိုင်းချိတ်ခက အလွန်ဆုံးကုန်မှ နှစ်သောင်းသုံးသောင်းပေါ့။

    ကိုယ့်ဘာသာ ဆက်သွယ်ရေးမှာ သွားလုပ်ရင်တစ်သောင်းအတိပဲကုန်ပါတယ်။ A4 အလွတ်တစ်ရွက်နဲ့လက်ရေးလျှောက်လွှာရေးပြီး တင်လိုက်ရင်ရပါပြီ။

  • စိန်ဗိုက်ဗိုက်

    October 4, 2012 at 12:17 pm

    အီးဘယ်သူပေါက် မောင်ပေါက်
    ဘီအီးဘယ်သူသောက် အူးဗိုက်သောက်
    သောက်လို ့အဆင်မပြေ သံပုရာရည်
    ညှစ်ပြီးရောချမလေ..အေ့..အေ..ဂေ့..ဂေ..

  • ကိုခင်ခ

    October 4, 2012 at 1:19 pm

    ပေါက်တဲ့သူကို ဖော်နို်င်တဲ့ခေတ်ကြီးရောက်ပြီတဲ့လား ကိုပေါက်၊
    ပေါက်ဖော်ကိုတော့ မဖော်ရဲတဲ့ခေတ်ဆိုရင်ကော ဟုတ်လား။
    ( ကိုပေါက်ပိုစ့်ဖတ်ပြီးတာနဲ့ ဝင်လာမိတဲ့အတွေးပါ )

  • ကိုခ ပေါက်ဖော်ကိုတော့ မဖော်ရဲဘူး ကိုခ
    သူက ဘီးအီးတန်ခိုးနဲ့အကျိုးထူးနေတဲ့လူဗျာ။
    သူ့နာမယ်ကိုဖောင်လိုက်ရင် နောက်နာမယ် တစ်မျိုးချက်ခြင်းပြောင်းလိုက်တာလေ

  • kai

    October 4, 2012 at 3:40 pm

    ဟိုဖက်က.. သမိုင်းရေးရာတွေဖတ်ပြီး..
    ဘုရားသမိုင်းတွေနဲ့.. လူထု(မြန်မာ)တွေကို.. အသိသညာတွေမှားအောင်.. တွန်းတိုက်လုပ်ထားတာလေးတွေ.. ဖြေချ.. အမှန်တွေအသိပေးချင်တာဗျာ..
    ဒီခေတ်မှာ.. Carbon-14 Dating, Radiocarbon dating စတာတွေကနေ.. ပစ္စည်းတွေ(အုပ်တွေ.. ခဲတွေ.. အင်္ဂတေစတွေ) သက်တမ်းတိုင်းနိုင်တဲ့ စက်တွေ..ပညာရပ်တွေရှိနေပါတယ်..
    အဲဒါ…
    ရွှေတိဂုံဘုရားသမိုင်းကစလို့.. သရေခေတ္တရာ..ပျူ..ပုဂံ.. ဟိုထောင့်ရွာထိပ်က.. မင်းတရားအလောင်းစည်သူကောင်းမှုစေတီအထိ.. သက်တမ်းအမှန်တွေလိုက်ဖေါ်ကြည့်ရကောင်းမလားလို့..

    အီးပေါက်တာ(သမိုင်းညာထားတာ) မိအောင်ဖမ်းချင်တဲ့သူ.. လက်ညိုးထောင်… :kwi:

  • ကိုရင်မောင်

    October 4, 2012 at 3:51 pm

    ဟုတ်တယ်ကိုပေါက်ရေ အယင်ကဆိုရေဒီယိုလေးတွေကိုယ်စီနဲ့..
    နံက်အိပ်ရာထ VOA BBC နားထောင်နေကြပါ…
    ခုတော့နားမထောင်ဖြစ်တော့ပါဘူး…
    အင်တာနက်အလွယ်တကူသုံးလို့ရတဲ့နေရာရောက်နေတော့
    မနက်အလုပ်မသွားခင် အင်တာနက်ဖွင့် သစ်ထူးလွင်ကို
    ကြည့်လိုက်ယင် သတင်းအစုံတွေ့နေရပြီ…
    ကျနော်တို့တသက်အင်တာနက်အလွယ်တကူသုံးလို့ရတဲ့ခေတ်
    မှီတောင်မှီပါ့မလားလို့ထင်နေတာ…
    မှီလိုက်သေးတယ်ကိုပေါက်ရေ….ဟားဟား……….

    • အရီးခင်လတ်

      October 4, 2012 at 3:52 pm

      ပိုပြီး Advance ဖြစ် လာမှာတွေ အတွက်လဲ အားမွေးထား ကိုရင်မောင်ရေ့။ :hee:

      • ကိုရင်မောင်

        October 5, 2012 at 3:29 pm

        ပိုဆန်းသစ်တီထွင်လာတာတွေကိုတော့သဘောအကျသား…
        ဒါပေမဲ့လဲ..ဆန်းသစ်တီထွင်မှု့ရဲ့နောက်ကွယ်ကဆိုးကျိုးတွေကိုလဲ
        ကြောက်မိတာအမှန်ပါ..အရီးလတ်ရေ…..

  • cobra

    October 4, 2012 at 4:19 pm

    အီးတောင်ကျယ်ကျယ်မပေါက်ရဲဘူးဆိုတာဒါကိုပြောတာကိုး…….။

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    October 4, 2012 at 6:10 pm

    ( လက်ဖက်ရည်ဆိုင်ရောက်ပြီဆိုတာနဲ့ ဘီဘီစီက ဘယ်လို ဗွီအိုအေကဘယ်ဝါ
    ဆိုပြီး တိုးတိုး တိုးတိုးနဲ့ ကမ္ဘာရေးရာ ကျွမ်းကျင်သူပုံစံမျိုးနဲ့ဖောက်သည်ချ။)
    ဘကြီပေါက်ပြောမှ ဟိုသီချင်းလေးသွားသတိရတယ်
    ကိုင်ဇာ ( ဦးကိုင်ဇာ ) ဆိုထားတဲ့ သီချင်းလေးလေ ဘာတဲ့
    ကော်ဖီဆိုင်မှာလူတစ်ချို့ဟာ လေသနတ်နဲ့စစ်တိုက်နေတာ ….
    သူ့သီချင်းကလည်းဟုတ်တုတ်တုတ်ဘဲ
    မြန်မာစံတော်ချိန်နံနက်ခင်းဟာ လေဒီရိုထဲကထွက်လာတွေရော
    လာမယ်ကြာမယ် ယဉ်ရထားတွေမနိုင်ဝန်ထမ်းကာထွက်ခွာတို့
    အတောင်ပံမပါတဲ့ဘိုင်စကယ်သတင်းစာ အိမ်ပေါ်အရောက်ပျံသန်းလာတို့
    ပေတရာဈေးမှာသမင်လိုက်ပွဲတွေရော
    ဇဘင်ဖြူတွေ တချောင်းချောင်းထွက်လာတာတွေရော
    ဗေဒင်တွက်တာတွေရော သားကတော့ အရမ်းကြိုက်တယ်

  • အရီးခင်လတ်

    October 5, 2012 at 3:59 am

    အခုမှ သတိထားမိတယ်။
    “အီးအီးဘယ်သူပေါက်၊ မောင်ပေါက်” ရေးသူက ကိုပေါက် ဆိုတော့ ကာရံညီပါ့ ကပေါက်ကြီးရေ့။
    :harr:

  • kotun winlatt

    October 6, 2012 at 8:09 am

    လေးပေါက်ရယ်…အရင်ကလည်းး ကျနော်တို့ရွာက ငှက်ကထကြီးကပြောတယ်ဗျ..
    အီးးးတောင်ကျယ်ကျယ်မပေါက်နဲ့ လေထုညစ်ညမ်းမှုနဲ့ ဖမ်းချုပ်ပစ်မယ်ဆိုပဲ…
    ပွင့်လင်းလာပီဆိုလို့ အီးလေးကို ခပ်ကျယ်ကျယ် ပေါက်မလားလို့ တွေးမိပါတယ်….
    လေးပေါက်က အီးကျယ်ကျယ် မပေါက်ရဆိုတော့ကာ…..
    အဟီးးးးးးးးးးးးးးးးးးး

  • ကိုလတ်ရေ ကျယ်ကျယ်ပေါက်လို့ရပါတယ်.
    နံလာရင်သာ ငါ့ကြောင့်လို့ ဝန်ခံလိုက်ရင်ပြီးပြီလေ

  • မိုးတိမ်

    October 13, 2012 at 10:19 pm

    ဟုတ်ပါပေ့ လေးပေါက်ရေ……
    အရင်ကအိမ်နောက်ဖေးခြံဝိုင်းထဲ အဖေနဲ့ အဘ လိမ်ဒီယို(radio)ကြီးသွားပြီးခိုးနားထောင်တာ
    မှတ်မိပါ့။ဟုတ်မဟုတ်တော့မသိဘူး သူတို့ကတော့ ခေါင်းလေးတွေတငြိမ့်ငြိမ့် ရေနွေးသောက်ရင်း
    နားထောင်နေကြတာပဲ။ကြာတော့ကြာခဲ့ပါပြီ။အခုတော့ဖြင့် facebook ဖွင့်လိုက်ရင်ကိုပဲ လွန်ခဲ့တဲ့
    မိနစ်ပိုင်းအတွင်းကသတင်းကို ဓါတ်ပုံနဲ့တောင်တွေ့ရပါတယ်။ကျန်တဲ့သတင်းဌာနတွေမပါသေးဘူးနော်
    ဖေ့ဘွတ် တစ်ခုနဲ့တင် like လုပ်ထားတာနဲ့ အားလုံးတက်တော့သကိုး။ခွေးချင်းကိုက်၊ခြင်ကိုက်တာကအစ
    တင်နေကြတော့လဲ အီးပေါက်တာလဲတင်ချင်တင်နေကြတယ်ဗျို ့။ခောတ်ဗျခောတ် ခောတ်မတူတော့ဘူး။
    ဒီတော့ အီးတောင်ကျယ်ကျယ်မပေါက်နဲ့။အားနေစွတ်တင်တဲ့ကောင်တွေနဲ့တွေ့ရင် မိသွားမယ်။ဂျာနယ်
    ဖတ်တယ်ဆိုရင်တောင် အဲဂျာနယ်က အတော်တောင်နောက်ကျနေပါပြီ။ပြီးတော့ ထည့်သင့်မထည့်သင့်
    လဲစဉ်းစားရသေးတယ်လေ။ဟုတ်မဟုတ်ချင့်ယုံဖို့က အခုခောတ်မှာ ကိုယ်ဖြစ်သွားပါပြီ။

Leave a Reply