သက်သတ်လွတ် ကော်ပြန့်စိမ်း

Ma EiOctober 4, 20121min43429

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့လည်မှာ သက်သတ်လွတ် ကော်ပြန့်စိမ်း လုပ်စားဖြစ်တာလေး မျှဝေဦးမယ်နော်…

ကော်ပြန့်ရွက်ရရင် အလွယ်တကူပြုလုပ်နိုင်ပါတယ်…အရွက်ကတော့ ထုံးစံအတိုင်း ဝယ်တာပေါ့နော်…

အဓိကက အဆာပါ…ကြက်သား၊ဝက်သားတို့လည်းထည့်နိုင်ပြီး၊သက်သတ်လွတ်စားချင်ရင် အသားမထည့်ရုံပါဘဲ။

အဆာထဲမှာ…

1.ဂေါ်ဖီထုပ်

2.ဂေါ်ဖီပန်းပွင့်

3.မုန်ညင်းဖြူထုပ်

4.မုန်လာဥနီ

5.ပဲပြား

6.မှိုခြောက်၊ပန်းခြောက်၊ပဲလိပ်၊ဂျုံပြား စတာတွေထည့်ပါတယ်…

 

သက်သတ်လွတ် ကော်ပြန့်စိမ်း အဆာ အတွက်ပြင်ဆင်ပါမယ်…

-1.ကနေ 4 အထိ အသီးအရွက်တွေကို ရေစင်စင်ဆေး၊ပါးပါးလှီး၊ရေထပ်ဆေး ပြီး ဇကာလေးနဲ့ စစ်ထားလိုက်ပါတယ်။

-ပဲပြားကို အတုံးသေးလေးများတုံးထားပါတယ်။

– မှိုခြောက်၊ပန်းခြောက်၊ပဲလိပ်၊ဂျုံပြား တွေကို နာရီဝက်လောက် ရေစိမ် ဆေးကြောပြီး ပါးပါးလှီး လိုက်ပါတယ်။

 

အားလုံးအဆင်သင့်ဖြစ်ရင်…..

-ဆီအနည်းငယ်နဲ့ ပဲပြားတုံးလေးများကို ကြော်ပါမယ်၊ မာမာလေးဖြစ်လောက်ရင် အသီးအရွက်တွေနဲ့

မှိုခြောက်၊ပန်းခြောက်၊ပဲလိပ်၊ဂျုံပြား လှီးထားတာတွေကို ထည့်လို့ အနေတော်လေးကြော်ပါမယ်။

အပေါ့ အငံ အတွက် ဆား ၊ အချိုမှုန့် သင့်တင့်ရုံထည့် လိုက်ရင်ဖြင့် ကော်ပြန့်စိမ်းအတွက် အဆာရပါပြီ…….

 

ကော်ပြန့်ရွက် တစ်ရွက်ခင်းလို့ အစပ်နားမှာ အဆာနှစ်ဇွန်းမောက်မောက်ထည့်၊အစဖက်ကအရွက်လေးနဲ့ဖုံး

ဘေးနှစ်ဖက်က အရွက်လေးတွေ အတွင်းကိုခေါက်ပြီး ဆက်လိပ်သွားရင် ကော်ပြန့်လိပ်ရပါပြီ….

အလိပ်လေးတွေကို ဇကာထဲထည့် ပေါင်းအိုးနဲ့ ၁၅ မိနစ်လောက်ပေါင်းလိုက်ရင် မွှေးပျံတဲ့ ရနံ့နဲ့ နူးညံ့တဲ့

ကော်ပြန့်စိမ်းပူပူနွေးနွေး လေး ရပါပြီ…

1…အဆာအတွက် အသီးအရွက်များ…
2.အရွက်၊အဆာ နှင့် ကော်ပြန့်လိပ်များ…
3. ကော်ပြန့်စိမ်းပူပူနွေးနွေး လေး ရပါပြီ…
4.အနေတော်ညှပ်၊ အချဉ်လေးဆမ်းပြီး ကြက်သွန်မိတ်ကိုက်လို့ စားပါနော်…

 

ကြက်သွန်မိတ် စိမ်းစိမ်းလေး၊ အချဉ်ရည်လေးရယ်နှင့် တွဲဖက်လို့ သက်သတ်လွတ် ကော်ပြန့်စိမ်းပူပူနွေးနွေး

လေးကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီနော်….

ခင်တဲ့

မအိ

29 comments

  • ကိုခင်ခ

    October 4, 2012 at 12:45 pm

    မန်းမှာတော့ ကော်ပြန့်စိမ်းကောင်းကောင်း မရှိဘူးလေ ရန်ကုန်ရောက်မှစားရတာ။
    ကော်ပြန့်စိမ်းကြိုက်သမို့ တစ်ပွဲမဟုတ်ဘူး နှစ်ပွဲလောက်တော့ စားမယ်ဗျို့ ရတယ်မလား မအိရေ။

    • Mon Kit

      October 4, 2012 at 12:47 pm

      ဟွန့်…. ကိုယ့်ထက်ဦးတွားဒယ်………. 🙁

  • Mon Kit

    October 4, 2012 at 12:46 pm

    အဦးဆုံး စားသွားပီ မအိရေ…… :hee:
    ရုံးမှာလည်း တကယ်ကြီးကို ယူလာကျွေးလို့ ကျေးဇူးတင်ပါတယ်…
    မဝသေးလို့ ထပ်စားသွားဒါ…. :kwi:

    • Ma Ei

      October 5, 2012 at 10:23 am

      ကိုခင်ခ says:
      မန ္တလေးမှာ ကော်ပြန့်စိမ်းကို
      ဆန်ပြားရွက်နဲ့ စားခဲ့ဖူးတယ်…
      ကျမလဲ ကော်ပြန့်ရွက်နဲ့ကို ပိုကြိုက်တယ်…

      Mon Kit says:
      နောက်တစ်မျိုး ထပ်ပြီးကျွေးဦးမယ်နော်…

      Moe Z says:
      မင်္ဂလာတောင်ညွန့် စာတိုက်နားက
      ကော်ပြန့်စိမ်း လဲ အတော်စားကောင်းတယ်…
      :hee:
      နည်းကလွယ်ပါတယ်…ကော်ပြန့်ရွက်ရှိရင်
      အစိမ်းကြော် အဆာထည့်လိပ်ပြီး ပေါင်းရုံပါဘဲဟာကို နော်…

      Crystalline says:
      အခုတော့ ပျင်းတာနဲ့ ပုလင်းအချဉ်ကို သုံးလိုက်မိပါတယ်…
      အမှန်တော့ အချဉ်ရယ်၊ အချိုရည်ရယ် နှစ်မျိုးနဲ့ စားရတာပါ…
      အချဉ်ရည်က ငရုတ်ဆီ၊မန်ကျည်းနှစ်၊ကြက်သွန်ဖြူ၊သကြား၊ဆား တို့နဲ့ ဖျော်ရပါတယ်။
      အချိုရည်က ကော်မှုန့်ရည်၊ပဲငံပြာရည်၊နှမ်းဆီမွှေး၊ကြက်သွန်ဖြူကြော်ထောင်း၊
      သကြား၊ဆား တို့ပါဝင်ပါတယ်။
      ကော်ပြန့်စိမ်းပေါင်းပြီးသားအလိပ်ကို အနေတော်ညှပ်လို့ အချဉ်ရည်၊အချိုရည် နှစ်မျိုးဆမ်း
      ဆလပ်ရွက်၊ကြက်သွန်မိတ် လေးတွေကိုက်စားရတာပါ…
      ကော်ဖီ၊လက်ဘက်ရည် တို့နဲ့ လိုက်ဖက်ပါတယ်…

  • Moe Z

    October 4, 2012 at 12:54 pm

    ကော်ပြန့်စိမ်းအရမ်းကြိုက်တယ် အန်တီအိ
    အရင်ကတော့ သပြေရိပ်မှာသွားသွားစားဖြစ်တယ်
    တနင်္ဂနွေကျရင် ကိုယ့်ဟာကိုယ်လုပ်စားကြည့်မယ် ကျေးဇူးပါ 🙂

  • Moe Z

    October 4, 2012 at 12:55 pm

    ကော်ပြန့်စိမ်းအရမ်းကြိုက်တယ် အန်တီအိ
    အရင်ကတော့ သပြေရိပ်မှာသွားသွားစားဖြစ်တယ်
    တနင်္ဂနွေကျရင် ကိုယ့်ဟာကိုယ်လုပ်စားကြည့်မယ် ကျေးဇူးပါ 🙂

    • လယ်ထွန်Z

      October 5, 2012 at 7:02 pm

      အစားအသောက်များဆို အငမ်းမရ ၂ခေါက်ကျော့ ကို စားတော့တာပဲ

      စားပိုးနင့်နေအုံးမကွယ့်.

      အာဟိ

      :harr:

  • Crystalline

    October 4, 2012 at 2:14 pm

    အချဉ်လုပ်နည်းလေးလည်းပြောပေးပါအုန်းမမအိ..ပုလင်းအချဉ်ပဲလား..ကော်ပြန့်စိမ်းအရမ်းကြိုက်တယ်.

  • pooch

    October 4, 2012 at 2:15 pm

    မန်းလေးမှာ ကော်ပြန့်စိမ်းမရှိလို့ မစားဖူးဘူး မအိ။ ရန်ကုန်ရောက်လို့ ကြုံရင်တော့ စားဖူးတယ် ရှိအောင် စားကြည့်ပါအုန်းမယ်။

    • Ma Ei

      October 5, 2012 at 10:38 am

      pooch says:
      မန်းလေးမှာ ကော်ပြန့်စိမ်းမရှိဘူးဆိုလို့
      စီးပွားချဲ့ထွင်ရင် ကောင်းမလားဘဲနော်…
      ရန်ကုန်ရောက်မယ်ဆိုရင် ပြောပါနော်…

      surmi says:
      လမ်းထိပ်မှာ ဆိုင်ရှိလို့ တော်သေးနော်…

      Novy says:
      အများကြီးစားသွားလို့ ကျေးဇူးတင်တယ်နော်…

      Khaing Khaing says:
      ဗိုက်ထဲမယ် မုန်တိုင်းမွှေမစိုးလို့
      အထူးသတိပေးကြေငြာချက် ထုတ်တာပေါ့လေ…
      :harr:

      Hnin Hnin says:
      ကော်ပြန့်စိမ်း ကြိုက်သူ တူတူမို့
      ဂယ်လည်း ကျွေးချင်ပါတယ်ကွယ်…

  • surmi

    October 4, 2012 at 2:58 pm

    စောစောစီးစီး ဝင်ကြည် ့မိတာကံကောင်းတယ်
    လုပ်တော ့မစားတတ်ဘူး ဓတ်ပုံကြည် ့ပြီး စားချင်လာလို ့
    လမ်းထိတ်မှာ ဝယ်စားလိုက်တော ့မယ်
    :hee:

  • Novy

    October 4, 2012 at 3:16 pm

    တစ်ခုခုစားချင်ပါတယ်လို့ စဉ်စားနေချိန်မှာ
    မအိရဲ့ ကော်ပြန့်စိမ်းတွေကိုတွေ့သွားတယ်
    အချဉ်နဲ့တို့ပြီး အများကြီးစားသွားတယ်

  • Khaing Khaing

    October 4, 2012 at 4:18 pm

    အထူးသတိပေးကြောငြာချက် …

    စားချင်စဖွယ် အစားအသောက်များကို ရွာသူရွာသားများအား ဧည့်ခံမကျွေးပဲ ပို့စ်မတင်ရ … သူတပါးအား နှိပ်စက်တာနှင့် တူသောကြောင့် …

    မအိရေ ..စတာနော် … အိမ်မှာလုပ်စားတော့ သပ်သပ်ရပ်ရပ်လေးဖြစ်ပြီး စားလို့ကောင်းမှာပဲ … ကော်ပြန့်စိမ်းကိုကြိုက်တယ်မအိ ….

  • Hnin Hnin

    October 4, 2012 at 5:24 pm

    ပုံ၁ထဲက အသီးအရွက်တွေမြင်ကတည်းက အတော်စားချင်နေပြီ…
    ကော်ပြန့်စိမ်းဆို အရမ်းကြိုက်…သွားရေယိုသွားပါသည်…
    ဂယ်လည်း စားရဖူး… း( ….

  • အရီးခင်လတ်

    October 5, 2012 at 4:02 am

    ကော်ပြန့်စိမ်း အရမ်းကြိုက်တာပေါ့ မအိရယ်။
    အကြော် ထက်ပိုကြိုက်တယ်။
    အရင်က တွန်းလှည်းလေးနဲ့ လမ်းတကာလှည့်လာရောင်းတဲ့ သူရှိတယ်။
    တကယ်ကောင်းတာ။
    နောက်ပိုင်း လမ်းလျှောက်ဈေးသည် တွေတောင် မရှိတော့သလောက်ဘဲ။

    ဆာဆာ နဲ့ ပုံတွေကို ကြည့်ပြီး သွားရည်ကျသွားပါတယ်။
    သမီးလေး ကတော့ ဒီလို အစုံလုပ်တတ်တဲ့ အမေမျိုးရတာ ကံကောင်းတာဘဲ။ :hee:

    • Ma Ei

      October 5, 2012 at 9:32 am

      မလတ်ရေ…
      ကော်ပြန့်စိမ်း ကို ကော်ပြန့်ကြော်ထက် ပိုကြိုက်တာချင်းတူပါတယ်…
      သမီးလေးကတော့ မအိရဲ့ အကောင်းဆုံး ဖောက်သည်ပါ။
      ကောင်းရင် ကောင်းတယ်၊မကောင်းရင်လဲ မကောင်းဘူး စသည်ဖြင့်
      အားမနာတမ်း အမှန်တိုင်း ပြောတဲ့သူပါ…
      သူ့အဖေကတော့ ကောင်းပါတယ် ပြောတာချည်းဘဲလေ…

  • စိန်ဗိုက်ဗိုက်

    October 5, 2012 at 10:46 am

    ဒုတ်ခပါပဲကွာ
    ဆီးပွားရေးမကောင်းလို ့ ရွာထိပ် ညောင်ပင်အောက် ကော်ပြန် ့ဆိုင်ဖွင့်ထားတာ..
    ခုလို တင်ထလိုက်တော့ ကော်ပြန် ့သည် အူးဗိုက် ဆီးပွား ပျက်သပေါ့ကွာ
    :eee:

    • Ma Ei

      October 5, 2012 at 11:06 am

      ဗိုက်ကလေးရေ…
      အနီ တစ်ပုလင်းသာ တစ်ယောက်သောက်ကုန်မှာ…
      သမုဒ္ဒရာရေ တစ်ယောက်တည်းသောက်မကုန်ပါဘူးဟယ်…
      စိတ်မပူပါနဲ့ ရွာထိပ် ရွာလယ် ရွာနောက် ဆိုင်များတော့
      စားသုံးသူတွေ ကြိုက်ရာရွေးစားလိမ့်မပေါ့…
      :hee:

  • မောင်ပေ

    October 5, 2012 at 12:00 pm

    ဂျစ်သွားပြီ အိလေးရေ
    မောင်ပေ အားရပါးရ စားဖို ့
    လုပ်နည်းတွေ ကူးသွားတယ်နော

  • Ma Ei

    October 5, 2012 at 12:43 pm

    ဂျစ်ရပြန်ပြီ…
    ရွာထဲ သူ့ဂျစ်သူတွေချည်းကိုများ…

  • mayjuly

    October 5, 2012 at 2:36 pm

    အရမ်းကြိုက်တဲ့ အတွက် နည်းလေးကူးသွားပါတယ် .. :hee:

  • may flowers

    October 5, 2012 at 5:44 pm

    ကော်ပြန့်ဆို အစိမ်းကော အကြော်ပါ အရမ်းကြိုက်ပါတယ် အားပေး သွားပါတယ်မအိရေ…

    ပုံကိုကြည့်ပြီး စားရတာအားမရလို့ နောက်နေ့ကိုယ်တိုင်လုပ်စားဖို့ လုပ်နည်းလေးပါကူးသွားပါကြောင်း..။

    • Ma Ei

      October 9, 2012 at 2:22 pm

      မေဂျူလိုင် နဲ့ မေဖလားဝါးတို့ရေ…
      အလွယ်နည်းလေးမို့ အဆင်ပြေမယ်ထင်ပါတယ်နော်…

      နှင်းနှင်းရေ…
      Comment လေးဖတ်ပြီး စိတ်မကောင်းတောင်ဖြစ်လို့…
      ပြီးမှ သူက ဝယ်ကျွေးခိုင်းအုံးမှာ……တဲ့…
      :hee:

      • Hnin Hnin

        October 17, 2012 at 10:04 pm

        အခုထိမစားရသေးဘူး..မမအိ… း(… အစားအသောက်တစ်ခု တစ်ကယ်ငမ်းပြီး စွဲစွဲလန်းလန်း ညှော်ဖူးတာ ဦးဆုံးပဲ…အခုထိကို မစားရသေးတာ… း[ …ပါးစပ်ကြီး
        တောင် မှာရလွန်းလို့ တကော်ကော်နဲ့အော်တိုတောင် ထွက်တော့မယ်…
        ဒီလောက်အပြင်ထွက်နေကြတာ ဝယ်မပေးကြဝူး..မမအိကမှ စိတ်မကောင်းပေး
        သေးတယ်…မနေ့ကတော့ ထပ်ကော်လိုက်လို့ စားရပါတယ်…ကော်တော့ မဟုတ်
        သေးဝူး..သမီးရေ..ကော်ပြန့်တော့မတွေ့ဘူး(ကိုယ့်သီးလေး(သမီးလေး) စားချင်
        တာ ရှာတော့ဝယ်ပေးဝူး..ဟီး.လမ်းကြုံမှလို့ထည့်ပြောလိုက်တာမွှားသွားတယ်)…
        ဆူရှီပဲဝယ်လာခဲ့တယ်တဲ့…ဟိဟိ..အဲတော့လည်း ကျေးဇူးတင်ပါတယ်..ချားမိုကို ဆူမနီးဒါ(ကောင်းကောင်းစားပါ့မယ်)လို့ပြောပြီး ထမင်းလွတ် တီးပစ်လိုက်တယ် း)..
        အခုထိ မစားရသေးလို့ စိတ်အဆာပြေသွားအောင် ဒီက အနီဝိုင်းတွေလည်း ကုန်
        သွားအောင်” ကော်ပြန့်နီ ”တွေပဲ လိပ်စားပစ်လိုက်ရတော့မလားကွယ်..အနီရှင်ရယ်…

        • Ma Ei

          October 18, 2012 at 9:04 am

          ဟုတ်ပနော်…
          ကော်ပြန့်စိမ်းကနေ ကော်ပြန့်နီတွေဖြစ်ကုန်ပြီ…
          နှင်းနှင်းလဲ အနီမိသွားပြီ…..

          :harr:

        • Hnin Hnin

          October 18, 2012 at 6:46 pm

          မိပါစေ….မမအိရေ….ငိုပြီးကတည်းက မမှုတော့ဘူး…း)…စိတ်ထူသွားရတာ
          ဒီအနီလေးတွေကြောင့်ဂျို့… း)…ကိုယ့်အသား မပဲ့ရင်ပြီးရော…သဒ္ဒါပါတယ်….
          အနီရှင်လေးလည်း ဂဇက်တစ်ခုလုံး ဆက်ပြီး စိတ်ထူလေ့ကျင့်ခန်းလေး ပေးနေ
          နိုင်ပါစေလို့ဆုတောင်းပေးရအုံးမလားကွယ်…အမျှ..အမျှ…အမျှ… :harr:

  • Hnin Hnin

    October 5, 2012 at 6:43 pm

    ” say NO to သက်သတ်မလွတ်အစာများ ” လုပ်ရတဲ့နေ့မှနော်…
    ဒီကော်ပြန့်စိမ်းလေးက စိတ်ကိုနိုင်အောင် အကြည့်ကိုအတင်းလွှဲ
    (စားမိတဲ့စိတ်ဖြစ်မှာစိုးလို့)၊ ခေါင်းကိုလွှဲပစ်(ဟင့်အင်း မစားဘူး)
    လုပ်စရာလိုဘူးလေ…ဒါကြောင့် ခဏခဏဝင်ငမ်းနေတာ… း-) …

    ခုတော့ သက်သတ်လွတ်ရှောက်သီးသုပ်လေးနဲ့ထမင်းနဲ့နယ်လွေးရင်း
    လူ့စိတ်ဖြေ….ဂလု..ဂလု….လဂု..လဂု…
    နက်ဖြန်တော့ အဲ့ဒါ ဝယ်ကျွေးခိုင်းအုံးမှာ……..

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    October 5, 2012 at 6:47 pm

    ကော်ပြန့်စိမ်းအရွက်ကို ဘယ်လိုလုပ်သလဲဗျာ
    စမူဆာကြော်တဲ့ကလားနဲ့ စခွက်လုခြင်လို့ :harr:

    • Ma Ei

      October 9, 2012 at 2:29 pm

      ကော်ပြန့်စိမ်းအရွက်က ဝယ်လိုက်တာပါ…
      ပြုလုပ်ပုံမြင်ဘူးတာတော့ ခတ်ပျော့ပျော့ မုန့်နှစ်ခဲကိုကိုင်ပြီး
      ခေါက်မုန့် ဒယ်အိုးလို အိုးပြန့်မှာ အဝိုင်းလိုက်သုတ်လိုက်ပါတယ်၊
      ခဏနေကျက်ရင်ပြန်ခွာပြီး စီထပ်ထားလို့ ရွက်ရေနဲ့ ရောင်းတာပါ…
      စမူဆာရွက်နဲ့ မတူပါဘူး…
      ဒါဘဲသိတယ်…
      :hee:

Leave a Reply