မိုးတစ်နေ့ တောင်သမန်အင်းသို့အသွားလမ်းမှာလက်ဆော့ခဲ့သမျှ

1 မိုးသားမိူင်းမိူင်းအောက်က တောင်သမန်အင်းနဲ့ရွာကလေး
2 အပြာရောင်ကောင်းကင်အောက်က မူန်ဝါးဝါးတောင်သမန်တံတား

 

3 အပြာရောင်ကောင်းကင်နဲ့ပဏာရတဲ့ တောင်သမန်ရွာ
4 မူန်မူန်မိူင်းမိူင်း
5 အရှေ့ဖက်က တိမ်နဲ့တောင်သမန်အင်း
6 ရွှေစေတီနဲ့ရေအရိပ်
7 ဗေဒါလေးတွေမြင်တော့ ခင်မောင်တိုး ရဲ့ ဝေးခဲ့ပြီ ပန်းခရမ်းပြာကို နားထဲမှာအလိုလိုကြားယောင်လာမိတယ်
8 လွင့်မျောနေတဲ့တိမ် ဘယ်ဆီကိုသွားမယ်မသိ
9 အဝေးက အပြာရောင်တိမ်အဆင်
10 ထန်းရိပ်ညိုနှင့်ရွှေစေတီ
11 ထန်းညိုနဲ့ရွှေစေတီ ရေအရိပ်မှာအတူဆုံသည်
12 ရေမြုတ်နေတဲ့စေတီအဝင်လမ်းလေး
13 အနောက်တောင်ဘက်က မြင်ရတဲ့ရွှေစေတီ
14 ရေထဲကျနေတဲ့ အိမ်နဲ့ထန်းပင်
14 ယာယီရေကန်နဲ့ပုံရိပ်ယောင်များ
15 အေးရိပ်နဲ့အေးသူများ
16 ပျော်ရွှင်စွာဆော့ကစား
17 ကျနော်နှစ်သက်တဲ့ပုံကလေးပါ

 

“တောင်သမန်အသွားလမ်းမှာလက်ဆော့ခြင်း”

 

 

ပြီးခဲ့တနင်္ဂနွေ က ဥပုဒ်နေ့နဲ့ တစ်ထပ်ထဲကျနေပါတယ်။

အဲတော့ အလုပ်ကကလေး တွေနဲ့ ဗောဓိတစ်ထောင်သွားမယ်ဆိုပြိီး စိစဉ်ထားပါတယ်။

ဖြစ်ချင်တော့ ညသုံးနာရီလောက်ကရွာတဲ့မိုး တိတ်ကိုမတိတ်တော့ဘူး။

အဲတော့ မသွားဖြစ်ဘူးပေါ့။

နေ့လည်ပိုင်းကျတော့ပျင်းလာရော။

အဲဒါနဲ့ဘိုသော့ဆီဖုန်းဆက်တော့ ညနေလေးနာရီကျော်ရင်အားပြီတဲ့။

သွားမယ်နေ့ရာကတော့ တောင်သမန်အင်းကိုပေါ့။

တောင်သမန်အင်းကို အကြိမ်ကြိမ်ဓါတ်ပုံရိုက်ဘူးပေမယ့် အရှေ့ဘက်တောင်သမန်ရွာထိပ်

အရှေ့ဖက်ခြမ်းကတော့ မရိုက်ဘူးသေး။

 

နောက်ဘိုသော့ကလဲ တောင်သမန်နဲ့ဦးပိန်အကြိမ်ကြိမ်လာခဲ့ဘူးပေမယ့် ရတနာပုံဘက်ကနေမဝင်ဘူး သေးဘူး။

အဲတော့ 78လမ်းတိုင်းလာ။

နည်းနည်းစောသေးတော့မန်းမြို့တော်မှာလက်ဖက်ရည်ဝင်သောက်။

ကိုမိုက်တို့ကိုစွယ်တော်တို့ရဲ့ တမာတန်းလေးကိုဖြတ် တံခွန်တိုင်အဝင်လမ်းကနေရတနာပုံဘက်ကို ခရီးဆက်ခဲ့ပါတယ်။

ရတနာပုံကျောင်းနဲ့ တောင်မြို့လမ်းခွဲမှာ ငါးမျှားနေသူတွေကိုတွေ့ရပါတယ်။

အဲဒီနားကမြင်ကွင်းလှတော့ခဏရပ်လို့ရိုက်။

အရှေဘက်ကိုဆက်သွားတော့လမ်းမြောက်ဘက်မှာ ရွှေရောင်တွေဝင်းနေတဲ့စေတီတစ်ဆူ။

အဝေရာပင်တွေ ဆူူးပင်တွေကြားကရေပြင်မှာ ဘုရားအရိပ်က တစ်ဝက်တစ်ပျက်။

ဘိုသော့ကရေစက်ဝိုင်းချရအောင်ခဲရှာ။

ကျနော်က ဓါတ်ပုံရိုက်စရာရအောင် သစ်ကိုင်းတွေချိုး။

အဲဒီအချိန်ဖြတ်လာတဲ့ နွားကျောင်းသားတစ်ယောက် က တံဖျာလေးနဲ့သစ်ကိုင်း တွေကိုဖယ်ပေးပါတယ်။

အဲဒိမှာလေးငါးပုံရိုက်ပြီးရှေ့ဆက်အလာ ကျောင်းအဝင်အုတ်တံတားရောက်လာတော့ အဲဒီနားမှာခဏရပ်လို့ ဗေဒါပင်လေးတွေ တိမ်တွေကိုရိုက်။

ပြီးတော့ရှေ့ဆက်အလာ ဘိုသော့က ဘုရားလေးတစ်ဆူမြင်တော့ရပ်လိုက်ပါတယ်။

ထန်းပင်တွေရေအရိပ်တွေနဲ့ လှပသပ္ပါယ်တဲ့ဘုရားလေးကိုရိုက်။

ရှေ့နည်းနည်းတိုးပြီး ဘိုသောက အပေါက်လိုက်ရှာပါတယ်။

ကံကောင်းချင်တော့ ဘုရားရှေ့တည့်တည့်မှာရေပြင်။

ရေပြင်ပေါ်မှာ ထန်းပင်နဲ့ဘုရားအရိပ်က လှပစွာကျနေပါတယ်။

အဲဒီနေရာလေးမှာကျနော်နဲ့ဘိုသော ပုံအတော်များများရိုက်ဖြစ်ပါတယ်.။

နောက်ဘုရားလေးကိုလွန်အသွား တောင်ဘက်ရောက်တော့ထပ်ရိုက်။

ကျနော်က အနောက်ဘက်ခြမ်းက ထန်းပင်တွေရေထဲအရိပ်ကျတာကိုရိုက်။

တောင်ဘက်ဆက်အသွားမှာတော့ ဘုရားလေးတွေရှိတဲ့နားကရေပြင်ကြီးမှာ

ကလေးတွေဘော့လုံးဆော့နေတာကိုမြင်တော့ ဆိုင်ကယ်တွေလမ်းဘေးထိုးရပ်လို့

အားရပါးရရိုက်။

အဲဒီနေ့ကတော့ ကျနော်နဲ့ဘိုသော့ တူညီလှပတဲပုံတွေကို ပိုင်ဆိုင်လိုက်ရပါတယ်။

နောက်တော့ အဲဒီနေရာကနေ တောင်သမန်ဘက်ကိုခရီးဆက်ခဲ့ကြပါတယ်။

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(4-10-2012)

 

21 ကိုကိုအုပ်အတွက်ရေပွက်မပါတဲ့ ဘုရား

18 comments

  • မှောင်ကြီး

    October 13, 2012 at 2:35 am

    မိုးအကုန်ဆောင်း အကူး..တိမ်အမျှုင်တန်းလေးတွေနဲ ့..လှတယ်ဗျာ…

  • Hnin Hnin

    October 13, 2012 at 2:50 am

    ဝင်လို့မရလို့ အရင်ရက်တွေက ဓာတ်ပုံလေးတွေ မကြည့်ရသေးဘူး..အကြွေးတွေ
    ကျန်နေတယ်..နောက်မှ ပုံလေးတွေ သေချာလာကြည့်တော့မယ်….ကိုပေါက်ရေ…

  • အရီးခင်လတ်

    October 13, 2012 at 2:56 am

    ရေကြီးနေတာ ထင်ရဲ့ ကပေါက်ကြီးရေ။
    ရေထဲ က ဘုရားလေးကိုရော၊
    ပန်းခရမ်းပြာ ရဲ့ အစ နေဝင်ချိန် ရောင်စုံတိမ်များ ရွေ့နေ တာ ကို ရော
    နန်းတံတားဖြူ နေရာလေး မှာ တေးသံ နဲ့ လွမ်းသွားပါတယ်။
    သင်းခရုပါ။

    • ဟုတ်ပါ့ ကိုလတ်ရေ
      တောင်သမန်အင်းရေကြီးနေချိန်လေးအမိအရ ဆော်ထားတာ။
      နောက်ထပ် တောင်သမန်ပိုစ် 2ပုဒ်ထပ်တက်လာအုံးမယ်နော်

  • Mလုလင်

    October 13, 2012 at 8:52 am

    နံပါတ် ၆ ကြိုက်တယ်ဗျို ့ ……..

  • အချို့က ပြာထင်းထင်း
    အချို့က ပြာမှိုင်းမှိုင်း …
    ရေမှာ အရုပ်ထင်တဲ့ ပုံလေးတွေနဲ့
    ဘုရားဖူးသွားပါရဲ့ . …

  • Novy

    October 13, 2012 at 10:52 am

    လေးပေါက်ရေ..
    အားကျလိုက်တာ….အဲ့လို့ဓာတ်ပုံတေါလိုက်ရိုက်ချင်တာ
    ၆နဲ့ ၁၁ ကို သဘောကျသွားပါတယ်

  • စာတွေကျန်နေလို့အခုမှပြန်ထည့်ရပါတယ်။
    အမှတ်ခြောက်က ရေစက်ဝိုင်းလေးရအောင် ဘိုသောက ရေထဲကို ခဲချပေးတာလေ

  • မောင်ပေ

    October 13, 2012 at 12:44 pm

    လေးပေါက်တို ့သွားခဲ့တာ ဆီမီးထွန်း ကျေးရွာ လို ့ထင်တာပဲ ၊ ရွာနာမည်က ။
    ဦးပိန်တံတားအရှေ ့ဘက်ခြမ်း
    အဲဒီမှာ ရေကြက်တို ့၊ စနိုက်တို ့ကြော်ထားတာကို ရေခဲစိမ် ထန်းရည်နဲ ့ရတယ်ဗျ
    အဲ့နားကရွာတွေကတော့ ၊ ဝါဆိုဝါခေါင် မိုးရွာတာနဲ ့ရေအမြဲလျှံနေကြ

  • captainamerica

    October 13, 2012 at 9:11 pm

    ကျေးဇူးတင်လိုက်တာဗျား ကပေရေ တဂယ် တဂယ် ထန်းရည်အင်ဖော်မေးရှင်းလေး
    ရဘီ မြို့ခံသူငယ်ချင်းကသောက်သုံးမကျတော့အဲဒါမျိုးတွေမသိဝူး
    ကျွန်တော်မှာမန်းလေးရောက်တိုင်းထန်းရည်ချချင်တာတစ်ပိုင်းကိုသေလို.
    ခုလိုရေခဲစိမ်လေးနဲဆိုရင်ဒေါ့လား ဟွင်းဟွင်း :kwi: :ha
    (စဂါးမစပ် ရောက်ခဲ့ရင်ကပေပါ ဂယ်လာခေါ်ပမယ်) နောက်လရောက်ဖို.ရှိဒယ်

  • ထန်းရေသောက်ချင်တာများအေ ခက်နုးိနိုး
    အောင်ပင်လယ်ကန်ဘောင်ရိုးအတိုင်းလာခဲ့။
    ပြိးရင်ရေတံခွန်တောင်ကိုသွားတဲ့လမ်းအတိုင်းတည့်တည့်လာခဲ့။
    လမ်းမကနေဝင်လာရင် လေးပြလောက်အရောက်မှာ
    လမ်းညာဘက်(တောင်ဘက်ခြမ်းမှာ)ကိုကြည့်လိုက် သံယောဇဉ် ထန်းရေဆိုင်ဆိုတာတွေ့မယ်
    မိုက်မှ မိုက် မတွေ့ရင်ပြော လိုက်ပို့ပေးမယ်နော်

  • ဂန္ဓာရီ ဆြာအုပ်

    October 14, 2012 at 12:05 am

    နံပါတ် ၆ ကလှတော့လှတယ် ဒါပေမယ့် ရေပွက်မပါရင် ပိုကောင်းမယ်ထင်တယ်.. ဆပ်ပဂျက် က ၂ခု ဖြစ်သွားတယ်..ဒါမှမဟုတ် ရေပွက်ကို ဆပ်ပဂျက် ထားရင် စေတီအစစ် ကို လွှတ် လိုက်ပြီး ရေထဲကအရိပ်ကိုပဲ ယူလိုက်ရင်ပိုကောင်းမယ်ထင်ပါတယ်.. ရေပွက်က စေတီထိပ်တဲ့တဲ့ ဖြစ်နေတယ်နော်.. ဟီဟိ ဆရာဂျီးစတိုင် ဖမ်းကြည့်တာ.. အလကား ပါးစပ်ထဲတွေ့တာတွေလျှောက်ပြောနေတာ ဗျို့
    ၁ဝ ကိုကြိုက်ပါတယ်.. ၁၁ လှတယ်.. အဲဒီထဲကို လှေကလေးနဲ့ သွားချင်တယ်

  • ကိုကို အုပ်ရေ
    ရေပွက်မပါတာလဲရိုက်ထားတာ ရှိတယ်
    ကျနော်က ရေအရိပ်နဲ့ အစစ် ဝမ်းဆက်ရိုက်တာ ဝါသနာပါလို့ အခုရေပွက်မပါတာ ထပ်တင်ပေးလိုက်မယ်နော်၏

  • စိန်ဗိုက်ဗိုက်

    October 14, 2012 at 12:06 pm

    ဟဲတော့..
    ခေးလေးတွေ ဂွမ်းတေးလေး တွေနဲ ့
    ခစ်ခစ်..

    နံပတ် 10 ကပုံလေး ကြိုက်သဗျ
    နှစ်ဆယ်ဖိုးလောက် ရောင်းပါလား

  • Ma Ei

    October 15, 2012 at 3:50 pm

    ရေထဲမယ် ကလေးတွေကစားနေတာမြင်ရတော့
    ငယ်က ကျောင်းအပြန် မိုးရွာရင် ထီးပါပေမဲ့ မိုးစိုအောင်ဆောင်းပြီး
    တစ်လမ်းလုံးကစားလာကြတာ သတိရပြန်ရော…

Leave a Reply