၂၀၁၄ ခုနှစ်အတွက် DV ကံစမ်းမဲ လျှောက်နိုင်ပြီ

manawphyulayOctober 4, 20121min27928


အမေရိကန်ပြည်ထောင်စုကို လာရောက်နေထိုင်လိုသူတွေအတွက် DV Lottery လို့ခေါ်တဲ့ ဒီဗွီ ကံစမ်းမဲ ထိုးနိုင်တဲ့အချိန် တခေါက်ရောက်လာပြန်ပါပြီ။ DV Lottery Diversity Visa အစီအစဉ် ကို အောက်တို ဘာလ ၂ ရက်နေ့မှာ စတင်ပြီးတော့ နိုဝင်ဘာလ သုံးရက်နေ့မှာ လျှောက်လွှာ ပိတ် မှာ ဖြစ်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ ဗွီအိုအေ ပါရှန်းဌာနကနေပြီးတော့ Mana Rabiee ရဲ့ သတင်းလွှာကို ပေါင်း စပ်ပြီး မအေးသန္တာကျော်က တင်ပြပေးထားပါတယ်။

၂၀၁၄ ခုနှစ် Diversity Visa အစီအစဉ်အတွက် အင်တာနက်ပေါ်ကနေ လျှောက်လွှာ လျှောက်ရမယ့် စာမျက်နှာကို အောက်တိုဘာလ နှစ်ရက်နေ့၊ အင်္ဂါနေ့ မွန်းတည့်ချိန်မှာပဲ စပြီးတော့ ဖွင့်လှစ်လိုက်ပြီဖြစ် ပါတယ်။ လျှောက်လွှာတွေကတော့ ပြောခဲ့တဲ့အတိုင်း နိုဝင်ဘာလ သုံးရက်၊ စနေနေ့ မွန်းတည့် ၁၂ နာရီ အချိန်မှာ ပိတ်မှာပါ။ မနှစ်ကဆိုရင် လူပေါင်း ၈ သန်းလောက် ဒီဗွီ ကံစမ်းမဲကို လျှောက်ခဲ့ကြပါတယ်။ ဒီနှစ်မှာလည်း လျှောက်ထားသူအရေအတွက် အဲဒီလောက်အထိ များလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

အဲဒီလိုမျိုး လျှောက်ထားသူ ၈ သန်းနီးပါးလောက်ထဲကနေ လူပေါင်း ၅ သောင်းခွဲလောက်ကိုပဲ မဲနှိုက် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဗွီကံစမ်းမဲ လျှောက်ထားဖို့က အရင်က စာရွက် နဲ့ ဖောင်ဖြည့် လျှောက်လွှာ တင်ရပေမဲ့လည်း ၂၀၁၂ ခုနှစ်အတွင်း ကံစမ်းမဲတွေလျှောက်ရမယ့် မနှစ်က စပြီတော့ အွန်လိုင်း အင်တာနက်ကနေပြီးတော့ပဲ လျှောက်လွှာတင်လို့ ရပါတော့ တယ်။ လျှောက်လွှာကို Online ကတင်ရသလို မဲပေါက်တဲ့စာရင်းထုတ်ပြန်တဲ့ မေလမှာတော့ Website ကနေပဲ ပေါက်မဲစာရင်းကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

အမေရိကန် ဗီဇာရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ Karen King က

“လျှောက်လွှာ လျှောက်ထားတဲ့သူက ဒီလျှောက်လွှာနဲ့ပတ်သက်လို့ ပြင်ဆင်တာမှန်သမျှ ကိုယ်တိုင် လုပ်လို့ ရတဲ့စံနစ်မျိုးဖြစ်အောင်ကျမတို့ စီစဉ်ထားတာပါ။ ဘယ်အေးဂျင့်ဆီကိုမှ သွားပြီး ပိုက်ဆံ ပေး စရာ မလိုသလို လျှောက်ဖို့လည်း ပိုက်ဆံတပြားမှ ကုန်စရာ မလိုပါဘူး။ ကိုယ်အရွေးခံရတယ်၊ မရဘူး ဆိုတာကို Website မှာ ကိုယ်တိုင်စစ်ကြည့်လို့ရတယ်။ ဒီတော့ လျှောက်လွှာတင်တဲ့သူက အမြဲတမ်း ကိုယ့်အတွက်ကိုယ် လိုက်ကြည့်နေရတာမျိုးတော့ ဖြစ်ပါတယ်။”

ဒါကတော့ အမေရိကန်ဗီဇာရုံးက ပြောရေးဆိုခွင့်ရှိသူ Karen King ပြောသွားတာဖြစ်ပါတယ်။

ဒီလိုမျိုး ကံစမ်းမဲထိုးကြည့်တဲ့အထဲမှာ အီရန်နွယ်ဖွား သတင်းထောက် ရုစ်ဘတ်၊ မာဆာရီလည်း ပါဝင်ခဲ့တာပါ။ သူက ၁၉၉၉ ခုနှစ်မှာ Green Card လို့လည်း ပြောလို့ရတဲ့ DV ကံစမ်းမဲပေါက်ပြီးတော့ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့အခြေချခဲ့တာ ဖြစ်ပါတယ်။

“အဲဒီတုန်းက ကျနော် စစ်ထဲမှာလေ။ အဲမှာမှာ ကျနော့်ညီမဆီက သူ့ကို ချက်ခြင်း ဖုန်းဆက်ပါဆိုပြီး အမှာစကားရလိုက်တယ်။ အဲဒီတော့ သူ့ဆီပြေးပြီး ဖုန်းဆက်လိုက်တာ ကျနော် ဂရင်းကဒ် ပေါက်တယ် လို့ သိရတယ်။ ဝမ်းသာသွားတာဗျာ- အဲဒါနဲ့ ကျနော် တပ်ထဲကထွက် အိမ်ပြန်လာတယ်။ အိမ်မှာလည်း အမေရိကားကိုသွားဖို့ စာရွက်စာတမ်းအပြည့်အစုံ ရောက်နေပြီလေ။ ကျနော် ခုနစ်ရက်လောက်ကို ပွဲခံပစ်လိုက်တယ်ဗျာ။”

သူ့လောက်ကံမကောင်းခဲ့တဲ့ နိုင်ကီရမီကတော့ DV ကံစမ်းမဲ ထိုးခဲ့တာ သုံးကြိမ်ရှိသွားပါပြီ။ သူက လက်ရှိ ကနေဒါနိုင်ငံမှာ နေထိုင်နေပြီး ဒီနှစ်မှာလည်း DV ကံစမ်းမဲထိုးအုံးမယ်လို့ ဆိုပါတယ်။

“ကျနော် ကံကောင်းမယ်ထင်တယ်။ ပြီးခဲ့တဲ့လပိုင်းတွေကတည်းက ကံကောင်းနေတယ်လေ။ ဒီတခေါက်က ကျနော် မဲပေါက်မှာဗျ။ ကျနော်က ဘွဲ့လည်းရပြီးသား၊ အိမ်ထောင်လည်းရှိတယ်။ အလုပ်လည်းရှိတယ်။ ဒီတော့ ကံကောင်းပြီဆိုရင်လေးခုတပြိုင်တည်းလာတာမဟုတ်လား။ သုံးခုနဲ့ပဲ ရပ်နေမှာ မဟုတ်ပါဘူး။”

DV ကံစမ်းမဲအတွက်ဆိုရင်တော့ အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်သူဦးရေ နည်းတဲ့ နိုင်ငံ သားတွေအတွက်က ပိုပြီးတော့ အခွင့်အရေးရှိတာပါ။ ဒါ့ကြောင့်မို့လို့ အမေရိကန်ပြည်ထောင်စုမှာ လူဦးရေများပြီးသား ဘရာဇီးလ်လို၊ ဘင်္ဂလားဒေ့ရှ်လို နိုင်ငံတွေက နိုင်ငံသားတွေ DV ကံစမ်းမဲ လျှောက်ခွင့် မရှိတော့ပါဘူး။ ဒါပေမဲ့ လျှောက်လို့ ရသေးတဲ့နိုင်ငံတွေကလည်း အများကြီး ကျန်နေသေးတယ်ဆိုတော့ အဲဒီနိုင်ငံတွေက DV ကံစမ်းမဲ စိတ်ဝင်စားတဲ့ နိုင်ငံသားတွေအတွက် ဘဝသစ်က စိတ်ကူးယဉ်စရာ ဖြစ်နေပါသေးတယ်။

အီရန်နွယ်ဖွား ကနေဒါက မာဆာရီက –

“ကျနော် တော်တော်ကြာကြာကို တွေဝေနေခဲ့ပါတယ်။ ငါးနှစ်တောင် ကြာသွားခဲ့တာ။ ငါးနှစ်ပြည့်မှပဲ အားလုံးကိုချ၊ သေချာထိုင်စဉ်းစားပြီး နောက်ထပ် ငါးနှစ်၊ ဆယ်နှစ်မှာ ဘယ် အနေအထား ရောက်နေ ပြီလဲဆိုတာ စဉ်းစားကြည့်မိတယ်။ အဲဒီနောက် ၁၂ နှစ် ကြာတဲ့အချိန်မှာတော့ ကျနော် ဂရင်း ကဒ်ပေါက်ခဲ့တာကို သိပ်ကျေနပ်မိရပါတယ်။ ကျနော့ဘဝ လုံးဝကို ပြောင်းလဲသွားတာပါပဲ။”

ဒီဗွီကံစမ်းအုံးမယ့် အီရန်နွယ်ဖွား ရုစ်ဘတ် မာဆာရီ ပြောသွားတာပါ။ မြန်မာနိုင်ငံကတော့ မနှစ်က ဒီ ဗွီကံစမ်းမဲပေါက်သူ ၄၀၃ ဦးရှိတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံက ကံစမ်းမဲထိုးဖို့ စိတ်ဝင်စားကြတယ် ဆိုရင်တော့ website လိပ်စာက “www.dvlottery.state.gov” မှာ လျှောက်ထားနိုင်ပါတယ်။ Website လိပ်စာ စာလုံးပေါင်းကတော့ www.dvlottery.state.gov ဖြစ်ပါတယ်။

လျှောက်လွှာ ပိတ်ရက်ကတော့ နိုဝင်ဘာလသုံးရက်၊ အမေရိကန် မြို့တော် ဝါရှင်တန်စံတောင်ချိန် မွန်းတည့်မှာ ပိတ်မယ်ဆိုပေမဲ့လည်း ပိတ်ရက်နီးလာတာနဲ့အမျှ လျှောက်ထားတဲ့သူတွေလည်း အလုအယက်လျှောက်ကြလို့ Online မှာ အရမ်း အချိန်ကြာတာမျိုး၊ အင်တာနက် connection သိပ်လေးပြီး လျှောက်လွှာ မဝင်တာမျိုးတွေလည်း ဖြစ်ကြပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ စောစောလျှောက်ကြဖို့ လိုအပ်ပါတယ်။ လျှောက်လွှာတွေအတွက် အသေးစိတ် အချက်အလက်တွေကိုလည်း အဲဒီ DV Website မှာပဲ ကြည့်ရှုလို့ရပါတယ်။ DV လျှောက်ထားရာမှာ ဘယ်သူတွေ ကံထူးလဲဆိုတာကိုတော့ အဲဒီ Website မှာပဲ ၂၀၁၃ ခုနှစ်၊ မေလ ၁ ရက်နေ့မှာ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်ရှင်။

DV ကံစမ်းမဲလျှောက်နိုင်သည့် website link : www.dvlottery.state.gov

28 comments

  • Khaing Khaing

    October 4, 2012 at 4:06 pm

    ဘာရယ်တော့မဟုတ်ဘူး … စိတ်ဝင်စားတယ် … အရင်ကသူများတွေလျှောက်တာတွေ့ဖူးပါတယ် … အခုလို အပြင်ထွက်စရာမလိုပဲ လျှောက်လို့ရတော့ ကံစမ်းကြည့်ဦးမယ် ……..

  • Good™

    October 4, 2012 at 4:29 pm

    ဟုတ်တယ် အရင် စာအိတ်လေး တွေ နဲ့ စာတိုက် က ပို့ပြီး လျှောက်ကြရတာ ထိ မှတ်မိနေသေးတယ်။

  • Lwin Aung

    October 5, 2012 at 2:32 am

    I think Luck is about 1 to 150 ratio but all should do.

  • Tin Tin

    October 5, 2012 at 11:03 am

    မနောရေ information အတွက်ကျေးဇူးပါနော်..
    တခါမှတော့ မလျှောက်ဖူးသေးဘူး… ဒီနှစ်တော့ကံစမ်းလို်က်အုံးမယ်…

  • kai

    October 5, 2012 at 2:55 pm

    ရွာသူားထဲက..မဲ ပေါက်သူရှိရင်.. မေးစရာရှိတာ.. မေးနိုင်ပါတယ်ဗျို့..
    သိသလောက်ဖြေပါ့မယ်…

    • manawphyulay

      October 5, 2012 at 4:11 pm

      မေးချင်လို့ပါရှင်… တကယ်လို့ ပေါက်ပြီးသားက ကန့်သတ်ကာလကျော်သွားရင် ပေါက်ထားတဲ့နံပါတ်နဲ့ သံရုံးကိုပြန်တင်ရင်ကော ရနိုင်ပါသလားဆိုတာ သိချင်ပါတယ်။ ဘယ်လိုလုပ်ရပါမလဲဆိုတာလည်း ပြောပြပေးစေလိုပါတယ်။

      • kai

        October 6, 2012 at 4:19 am

        သိသလောက်တော့.. မရပါဘူးခင်ဗျ..
        မဲပေါက်တယ်ဆိုတာက… ပထမအဆင့်သာဖြစ်ပါတယ်..
        အဲဒီပထမအဆင့်မှာ..သတင်းပို့မှ.. ဒုတိယအဆင့်ဆက်သွားလို့ရတာမို့လို့.. ထင်ပါတယ်..။

        • manawphyulay

          October 6, 2012 at 11:12 am

          အဆင့်တွေ အကုန်အောင်ပြီး သွားရမယ့်ဒိတ်ကျော်နေရင်ကော ရပါသေးသလား။ ပြန်ရ မရလည်း သိချင်ပါတယ်။

      • ကြောင်ကြီး

        October 6, 2012 at 9:56 am

        ပြသနာ မရှိပါ၊ လုပ်ပေးနိုင်ပါတယ်။ ပေါက်မဲနံပါတ်ကို ကနဦး အကျိုးဆောင်ခ အမေရိကန်ဒေါ်လာတရာတိတိ နဲ့အတူ ဗိုလ်ကြောင်ကြီး၊ ပင်တဂွန် စစ်နှာထချုပ်၊ ဝါရှင်တိန် ဆိုပြီး လိပ်မူပေးပို့နိုင်ပါတယ်။

      • ကြောင်ကြီး

        October 6, 2012 at 11:23 am

        ဒိတ်ကျော်နေရင် ဖိတ်ခေါ်ပွဲဆော့ရပါတယ်ကွယ်။ သိပ်အော်လွန်းရင်တော့ ထိပ်ပေါ်တက်လွန်းတယ်လို့ မြင်သွားနိုင်ပါတယ်။ အနှိပ်ရှော်လို့ အိပ်ပျော်မိပါတယ်လို့ ဆင်ခြေတက်တဲ့အခါ ဟိတ်တော်စမ်းလို့ ပိတ်ဆော်ခံရနိုင်ကြောင်းပါ။

        • manawphyulay

          October 6, 2012 at 11:34 am

          ဦးကြောင်ကြီးပြောမှပဲ ရှင်းသွားတော့တယ်… ဒီဗီကလည်း ပိုက်ဆံအတော်ကုန်တယ်ပြောတယ်ရှင့် ဟုတ်ပါသလား။

    • Arkar11

      October 6, 2012 at 4:13 pm

      ကိုခို်င်ရေ..မေးလို့ရတယ်ဆို ၁ခု ၂ခု လောက်မေးချင်ပါတယ်…. ရဲစခန်းထောက်ခံစာအပြင် ထောင်ထောက်ခံစာရော ယူရသေးလား… interview မှာရော ဘာတွေမေးတတ်သလဲ…ဆောင်ရန် ရှောင်ရန် လေးတွေသိရင် ပြောပြပါ…

      • kai

        October 7, 2012 at 6:03 am

        ကျောင်းသားဗီဇာနဲ့လာသူတွေက.. ယူအက်စ်ရောက်ရင် နိုင်ငံရေးခိုလှုံခွင့်တင်ဖို့.. ထောင်ကျဖူးကြောင်းထောက်ခံစာ ယူကြတယ်လို့ထင်ပါတယ်..။
        မဲပေါက်သူက.. လိုမယ်မထင်ပါ..။

        အင်တာဗျုးကတော့.. အဲဒီနား ဘားလမ်းတလျှောက်(နိုထရီလုပ်ရင်း)စုံစမ်းရင် ဘာတွေမေးတတ်လည်း သိမှာပါ..။

        ယူအက်စ်က.. ဟိုးးးးအရင်နှစ်ရာချီကတည်းက.. ဥရောပကနေ.. သဘောင်္နဲ့ဝင်လာတဲ့.. လူတွေကိုအမေရိကားမှာ နေထိုင်ခွင့်ပေးရာမှာ.. အခြေခံပညာရေး..ဂဏန်းပေါင်းနှုတ်လောက်တော့.. မေးပါတယ်..
        ဆိုလိုတာက.. သာမန်လူတွေ.. အမေရိကားလာရောက်နေထိုင်တာ.. မလိုချင်ပါဘူး..
        စွမ်းတဲသူတွေမှတဲ့..
        ယူအက်စ်လဝကရဲ့.. အခြေခံမူလို့ထင်မ်ိတာပါပဲ..။

        • ကြောင်ကြီး

          October 7, 2012 at 6:18 am

          တလောက ကြားမိတာ ယူအက်စ်ကောင်ဆယ်လိတ်ရုံးမှာ အင်တာဗူးတဲ့သူတွေက မြန်မာစကား ကောင်းကောင်းမွန်မွန် ပြောတတ်ဆိုဗဲ။ မြန်မာလိုမေးတယ်တဲ့၊ အင်္ဂုလိလို နည်းနည်းပါးပါး စစ်ကောင်းစစ်ပါလိမ့်မယ်။ ဥမပါ – အမည်၊ အသက်၊ ဘယ်မြို့ကိုသွားမှာလဲ၊ ဘယ်သူရှိလဲ၊ ဘာလုပ်သလဲပေါ့။ ကိုယ်က နားလည်မလည်နဲ့ ပြန်ပြောနိုင်မပြောနိုင်လောက်ပဲ စစ်မှာပါ။ သာမာန်စာကြောင်း၊ စာပိုဒ်လောက်ကိုလည်း အသံထွက် ဖတ်ခိုင်းနိုင်ပါတယ်။ အကယ်၍ အခက်အခဲ တွေ့တယ်ဆိုရင် ” နိုးနိုးယူဘစ်ကက် မစ္စတာကြောင်ကြီး အက်ဖ်ဘီအိုင် ” လို့ ညည်းသလိုလို ဘာလိုလိုနဲ့ ပြောလိုက်ပါ။ တခါထဲ ပြီးသွားစေရမည်။

  • we R one

    October 5, 2012 at 3:20 pm

    တို့ကတော့် လျှောက်ပြီးသွားပြီ ၂ ရက်နေ့ ကတည်း က စမ်းကြည့်နေတာ ၃ ရက်နေ့ကျမှ လျှောက်လို့ရတယ်..။

  • Lwin Aung

    October 6, 2012 at 10:08 am

    I only know that,
    If you win the green lottery in 2011, the last date of entry to the US is 30 September 2012. If you don’t know your winning , US Embassy will inform you by phone but I don’t know how many times they call you. The process time in US Embassy takes about six months. After that they will give you six month visit visa you and your family. But carefully notice you must enter US before 30 September 2012 .Similarly, If you win 2012 lottery , You must enter US before 30 Sep 2013. But family members can enter US any time before end of six month visit visa . After arriving the US port of entry, they will change your status and wait about one month for green card and Social Security card. All documents must be true . Green card is PR card. SS card is essential for working, studying, banking etc.

  • Crystalline

    October 6, 2012 at 10:42 am

    အသက် ၁၈နှစ်အောက်သားသမီးတွေရှိတဲ့မိသားစုလိုက်လျှောက်တာတွေပေါက်တာတော်တော်တွေ့တယ်. ပထမနှစ်အစ်မဝမ်းကွဲမိသားစု ကလေး ၅ယောက်နဲ့ပေါက်တယ်..နောက်နှစ်အသိမိသားစုပေါက်တယ်. မနှစ်ကတော့ ဆေးကျောင်းတက်နေတဲ့မောင်ဝမ်းကွဲလေးပေါက်တယ်. ကလေးတွေပညာရေးအတွက်တော့ အရမ်းကောင်းသွားတာတွေ့တယ်. အသက် ၂၁နှစ်အောက်ကတော့မိဘအောက်ကပဲလျှောက်ရတယ်. ၂၁ကျော်ရင်တော့သီးသန့်လျှောက်ရတယ်.

    • ကြောင်ကြီး

      October 6, 2012 at 10:56 am

      ခရစ်စတယ်ဂလေးကရော ဘယ်လိုလျောက်မှာလဲ…။ သီးသန့်လား၊ မိဘအောက်ကလား..။ ဘဲဇုတ်ဘဲနာဂျီးနဲ့၊ အတွယ်အတာတွေနဲ့တော့ မဟုတ်တန်ကောင်းပါရဲ့…။ 😳

      • Crystalline

        October 6, 2012 at 11:03 am

        ကယ်ကယ်ကြောင်ရယ်..မီးမီးကမသွားချင်လို့မလျှောက်ပါဘူးရှင်. သူများကအနောက်မသွားပါဘူးရှင် အရှေ့အရပ်ကိုသွားမှာပါ. :harr:

  • we R one

    October 6, 2012 at 1:36 pm

    DV ပေါက်ရင်လည်း သိန်း၃ဝ လောက်ကုန်တယ်ဆို အဲဒါ ဟုတ်ပါသလား ရှုင့်..။ နောက်ပြီး English မကောင်းရင် ရော သွားလို့ရပါ့မလား..။

    • kai

      October 7, 2012 at 5:58 am

      သိသလောက်တော့.. (အနည်းဆုံး) လေယဉ်ခ(ရန်ကုန်-အမေရိကား) လက်မှတ်ဖိုးနဲ့.. ယူအက်စ်မှာနေဖို့.. တလ အိမ်လခ+အသုံးစရိပ် ၈၀၀-၁၀၀ဝ ၆လစာလောက်ပါလာမှဖြစ်လိမ့်မယ်..။
      ဆိုတော့..
      ၁၅၀၀+၆၀၀ဝ = ဒေါ်လာ ၇၅၀ဝ ကတော့ သေချာပေါက်ရှိမှပါ…။

      အင်္ဂလိပ်စာကို.. အေဘီစီဒီ.. CAT ကက်ထ်.. ကြွက်.. အဲ. ကြောင်လောက်သိတဲ့.. မြန်မာပြည်မှာ ၁ဝတန်းလောက်တော့ အောင်ထားရမယ်ထင်ပါကြောင်း.
      ( ပိုသိသူတွေ.. ရေးပေးစေလိုပါတယ်နော…)

      • ကြောင်ကြီး

        October 8, 2012 at 3:25 am

        လျောက်ပြောနေ… အားအားယားယား သူ့အိမ်မှာ ဖင်ထိုင်ခုံမရှိတိုင်း…။ ဒေါ်လာ၇၅၀ဝ ရှိမှ လာဂျေးဆို သဂျီးအမျိုးတွေပဲ လာနိုင်ကြမယ်။

        • Crystalline

          October 8, 2012 at 8:26 am

          တစ်ယောက်တည်းဆိုရင် ဟိုမှာလည်းအလုပ်မရခင်စပ်ကြားအလကားကပ်နေလို့ရမယ့်အိမ် မရှိဘူးဆိုရင် အဲလောက်တော့ကုန်လိမ့်မယ်. လေယာဉ်၊ ဆေးစစ်တာ နဲ့ဗီဇာကြေးတင် ၂၀၀ဝ လောက်ဖြစ်နေပြီးလေ.. အဲဒါတောင်ဗီဇာကြေးကမနှစ်ကလျော့လိုက်လို့.အစ်မတွေ သွားတုန်းက တစ်ယောက် ၄၀ဝကျော်တယ်. Greencard နဲ့ SS Card ရဖို့ကတော့ စတိတ် အလိုက်ကွာလာလားမသိဘူး. NY မှာကတော့နေထိုင်စားရိတ်များပေမယ့် အများဆုံး၁လအတွင်း အဲဒါတွေရတယ်ပြောတယ်. တစ်ယောက်တည်းဆိုသူများနဲ့လိုက် ရှဲ နေရင်တောင်အိမ်လခက တစ်လ ၅၀ဝအနည်းဆုံးပဲ. မိသားစုလိုက်ဆိုရင်အခန်းလိုက်ငှားရတော့ deposit တင် ၇၀၀ဝထောင်ကျော်လောက်ပေးရတာ. ရွာသူားတွေပေါက်လို့စာအိပ်တွေရလာရင် ဖောင်ပြန် တင်ရတယ်..ဟိုကလူခံတစ်ယောက်ယောက်လိပ်စာဖြည့်ရတာဆိုတော့ လူခံမရှိရင် MG လိပ်စာဖြစ်ဖြစ်ဖြည့်လိုက်ပါ :harr: ပိုက်ဆံလည်းယူလာစရာမလိုပါတဲ့ ကယ်ကယ်ကြောင်က သူ့အိမ်တင်ကျွေးထားပြီးအလုပ်လည်းရှာပေးမှာတဲ့. အလုပ်ရမှာ တလ ၁၀ဝနှုန်းပြန်ဆပ်ပေါ့ :kwi:

        • ကြောင်ကြီး

          October 8, 2012 at 8:58 am

          ရင်းရင်းနှီးနှီး ဦးလို့ခေါ်ပါ ခရစ်စတယ်ဂလေးရယ်… ကယ်ကယ် ကယ်ကယ်နဲ့ တစိမ်းဆန်လွန်းပါတယ်။ တကယ် အရေးအကြောင်းရှိ ကျား ကျားဆိုမှ ဦးကြောင် လာမကယ်နိုင်ဘဲ ဖြစ်သွားမယ်…။
          ခရစ်စတယ်ရဲ့ဦး 😎

      • manawphyulay

        October 8, 2012 at 2:43 pm

        မသွားခင် ကုန်တာတွေလည်း ရှိပါသေးတယ်။ ပထမပေါက်ပြီဆိုတာနဲ့ စာပြန်တင်လိုက်ပြီး ဒုတိယစာပြန်ကျချိန်ပြီးမှ သံရုံးမှာ ချိတ်ဆက်ပြီး သွေးစစ်တာ အရင်ကတော့ ဒေါ်လာ ၁၂၅ ကျပါတယ်။ နောက်သံရုံးအင်တာဗျူးဝင်ဖို့ ထပ်ကုန်ပါတယ်။ နောက် သွားမယ့်မြို့မှာ ထောက်ခံပေးမယ်သူက တစ်နှစ်နေထိုင်ခွင့်ရှိပြီးသူ နိုင်ငံသားဖြစ်ရပါမယ်ဆိုတဲ့အချက်တွေလည်း ရှိပါသေးတယ်လို့ထင်ပါတယ်။ သိတဲ့သူတွေလည်း ပြောပြပေးကြပါဦး။

  • Lwin Aung

    October 8, 2012 at 12:38 am

    If the chineses want to go to US illegally , they have to pay about U$ 70000 in cash or debt travelled by ships.
    India, Bangladesh, Pakistan and Chinese are not entitle to participate the US lottery according to their population in US. One more thing, I would like to say, As I mention above it, Some of so called Rohinjar nationals
    ( Bangali ) transit from Myanmar and go to Thailand, Malaysia and other countries.

    • kai

      October 8, 2012 at 2:16 am

      အချက်အလက်တွေမှန်ကြောင်း.. ထောက်ခံပါတယ်ခင်ဗျား..

      – ချိုင်းနီးစ်တွေ ဂရင်းကဒ်ရဖို့အတွက်.. ဒေါ်လာ၁သိန်းလောက်အကုန်အကျခံကြတယ်လို့.. ကြားဖူးပါတယ်..။ မြန်မာတွေမှာတော့ လွယ်လွယ်ရတာမို့.. တန်ဖိုးသိပ်မသိကြပါ..။
      – ဘင်္ဂလားဒေ့ရှ်က.. အရင်နှစ်တွေတုံးက.. ဒီဗီကိုတာအများဆုံးတောင်ရဖူးခဲ့တာပါ..။
      အခုတော့.. အမေရိကားအစိုးရက.. ဘန်းလိုက်ပါပြီတဲ့..(အောက်ကသတင်းရှု ့)

      Bangladesh Banned From DV Lottery 2013 | Tech Desighn
      http://www.techdesighn.com/…/bangladesh-banned-from-d…Share

      by Ahsanul Karim – in 959 Google+ circles – More by Ahsanul Karim
      Sep 22, 2011 – The people of Bangladesh will not participate the latest DV-2013 Lottery program. On 22nd September, 2011 U.S. government announced …

      – ဘင်္ဂလီတွေဟာ.. မြန်မာနိုင်ငံကို.. ကြားခံအဖြစ်အသုံးပြုပြီး.. ကုလသမဂ္ဂကအသိအမှတ်ပြုတဲ့.. ဒုက္ခသည်စခန်းဝင်. မြန်မာအဖြစ်နဲ့.. တတိယနိုင်ငံတွေကို.. သွားကြပါတယ်..။
      ဒါကို လွန်ခဲ့တဲ့.. ၄-၅နှစ်လောက်ကတည်းက အမေရိကားအစိုးရက သတိထားမိသွားတာမို့.. ရပ်ထားလိုက်တယ်လို့ သိထားပါတယ်..။ ဥရောပတခြားနိုင်ငံတွေကတော့.. တော်တော်ကြာတဲ့အထိ.. သတိထားမိပုံမပေါ်ပါ..။
      သမ္မတဘုရှ် သူ့သမ္မတသက်တန်းပြီးခါနီးမှာ မြန်မာ-ထိုင်း နယ်စပ်သွားပြီးနောက်.. ခရစ်ယန်ပြောင်းခိုသူတွေကိုသာ အဓိကထားခေါ်ခဲ့တဲ့.. အဖြစ်လည်းရှိခဲ့ပါတယ်.။

  • kai

    October 18, 2012 at 11:41 pm

    မြန်မြန်တင်ကြပါဗျို့.. နိုဝင်ဘာ၃ရက်နေ့ပိတ်မှာပါ..

    Online registration for the DV-2014 Program started on Tuesday, October 2, 2012 at 12:00 noon, Eastern Daylight Time (EDT) (GMT-4), and concludes on Saturday, November 3, 2012 at 12:00 noon, Eastern Daylight Time (EDT) (GMT-4).

    Each year, the United States Congress allocates 50,000 immigrant visas in the Diversity Visa (DV) category. Foreign nationals who are native of countries determined by U.S. Citizenship and Immigration Services (USCIS) are eligible to apply each year. For fiscal year 2014, the application period was from October 2, 2012, through November 3, 2012.

    Applicants may access the electronic DV Entry Form (E-DV) at http://www.dvlottery.state.gov during the registration period. Paper entries will not be accepted. We strongly encourage applicants not to wait until the last week of the registration period to enter. Heavy demand may result in website delays. No entries will be accepted after noon, EDT, on November 3, 2012.

Leave a Reply