Change, Update & Upgrade

ဒီအကြောင်းအရာလေးတွေ ကျွန်တော့်ခေါင်းထဲစိမ့်ဝင်နေတာကြာပြီလို့ဆိုရင်လဲ မှန်သလို…

ဒီစာကိုရေးဖို့အတွက် အချက်အလက်တွေနဲ့အချိန်အခါတွေလိုနေသေးသမို့ အချက်အလက်စုရင်း အချိန်အခါစောင့်ရင်း… ပျင်းနေရင်းနဲ့ အချိန်တွေဆွဲဆန့်ထားတာလဲ တော်တော်ကြာနေပြီပေါ့…

ပြီးခဲ့တဲ့လကုန်နဲ့ ဒီလဆန်းတစ်ရက်နေ့မှာ တက်ခဲ့တဲ့ပိုစ့်နှစ်ခုက ကျွန်တော့်အတွေးတွေကို ပိုပြီးတွေးမိစေ တယ်လို့ဝန်ခံရမှာပဲ…

တစ်ခုကတော့ အစ်ကိုကျော်သိန်းရဲ့ ဘယ်ကျောင်းထားမှာလဲနှင့် ကျောင်းဒုက္ခ…

https://myanmargazette.net/150390/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories

သူကြီးကိုယ်တိုင် Sticky ပေးထားတဲ့ပိုစ့်ပါဗျာ…

နောက်တစ်ခုကတော့ ကိုပေါက်ပေါက်ရေးထားတဲ့ မည်ကာမတ်တ Ph.D ဘွဲ့တွေနဲ့ ဦးဆောင်နေမယ်ဆိုရင်ဖြင့်

https://myanmargazette.net/150680/education

ကဲ… ကျွန်တော်စပြီး နှမ်းဖြူးပါတော့မယ်…

CHANGE

ကျွန်တော်အမြဲပြောတတ်သလို Change ပေါ့ဗျာ…

Change လို့ပြောတိုင်း သူငယ်ချင်းမယ်ပုချ်ရဲ့ အကြွေစေ့ပုံပြင်လေးကို သတိရမိလို့ အကြွေစေ့နဲ့အပေါက်ခံရမှာ စိုးသေး…

Change လို့ပြောတဲ့နေရာရဲ့နောက်ကွယ်မှာ Update & Upgrade ဆိုတာက ကပ်ပြီးလိုက်ပါလာပါတယ်…

အခု ကျွန်တော်တို့နိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်နဲ့ ၎င်းအောက်မှာရှိတဲ့ပညာရေးစနစ်ကို နိုင်ငံတကာအဆင့်မီဖြစ်ဖို့ Change လုပ်ရပါမယ်…

နောက်တစ်နည်းပြောရရင်ဖြင့် Update နဲ့ Upgrade ဖြစ်အောင်လုပ်ရပါတော့မယ်…

UPGRADE

အရင်ဆုံးအမှတ်ပေးစည်းမျဉ်းပုံစံကို Change လုပ်လိုက်တာနဲ့ သင်ရိုးညွှန်းတမ်းတွေကို Update လုပ်ရမယ်… သင်ကြားနေသောဆရာ၊ ဆရာမများကို Upgrade လုပ်ရပါတော့မယ်…

ကျွန်တော့်အိမ်ဘေးနားက (၈)တန်းကျောင်းသားလေးတစ်ယောက်ရှိပါတယ်… ငြင်းခုံခဲ့ကြသော TTC က ကျောင်းသားတစ်ယောက်ပေါ့…

မနက်မိုးလင်းလို့ (၇)နာရီခွဲတာနဲ့ အိမ်ရှေ့ကျောင်းကားလာခေါ်တာက တစ်နေ့တာကျောင်းသာဘဝစလိုက်တာ ညမိုးချုပ်လို့ (၉)နာရီခွဲ ၊ (၁၀)နာရီကြမှ အိမ်ပြန်ရောက်ရှာတယ်…

အလုပ်ဆင်းပြီး အရက်သောက်အိမ်ပြန်တဲ့ကျွန်တော်တောင် သူ့ထက်စောပါသေးတယ်… တစ်နေ့ကို လူတစ်ယောက်ဟာ အလုပ်ချိန် (၈)နာရီထက်ပိုပြီး မလုပ်သင့်ဘူးဆိုတာထက်… သူ့စာသင်နေရချိန် ပိုများပါတယ်… ဒါပေမယ့် သူစာတော်ခဲ့လား… သာမာန်အနေအထားအဆင့်လောက်ပဲကျောင်းမှာနေရာရပါတယ်…

နွေရာသီကျောင်းပိတ်ရက်များမှာတော့ ရည်မှန်းချက်ကြီးသောမိဘများက ငွေကြေးအကုန်အကျခံပြီး ဗြိတိသျှကောင်စီကဖွင့်တဲ့ အင်္ဂလိပ်စာအတန်းကိုသွားပို့ပါတယ်… ထူးချွန်သူတစ်ယောက်ဖြစ်တယ်ဆိုတာကို တွေ့ရတယ်… စိတ်ဝင်စားမှုကိုတွေ့ရတယ်… နောက်တစ်ခုက စာသင်ကြားလေ့လာသူတစ်ယောက်အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်တာကိုတွေ့ရတယ်…

သူ့ကိုကြည့်ပြီး ကျွန်တော်စဉ်းစားမိတယ်… ကျွန်တော်သာသူ့နေရာမှာဆိုရင် မိဘကိုအတိုက်အခံလုပ်ပြီး ကျောင်းထွက်လောက်အောင်ဖြစ်မိမယ်ဆိုတာပဲ… ကျွန်တော့်အတွက် အခုပညာရေးစနစ်ဟာ အိပ်မက်ဆိုး တစ်ခုလိုပါပဲ…

အဲဒီတော့ ဒီအမှတ်ပေးစည်းမျဉ်းပေါ်မှာအခြေခံတဲ့ကျောင်းသားမိဘတွေရဲ့ သားသမီးအပေါ်ဖိအားပေးမှုကိုလျော့ပြီး ကျောင်းသားလူငယ်လေးတွေ အမှန်တကယ်တတ်ကျွမ်းသောထူးချွန်သူများဖြစ်စေလိုလျှင်….

ပညာရေးစနစ်ကို Change လုပ်ဖို့ သင်ရိုးညွှန်းတမ်းနဲ့ အမှတ်ပေးစည်းမျဉ်းကို Update လုပ်ပါ… ဆရာဆရာမများကို Upgrade လုပ်ကြပါ…

UPDATE

ကောင်းပါပြီ… ဘယ်နေရာကနေစပြီး ပြောင်းလဲရမှာပါလိမ့်…

Teacher Training Center လို့ခေါ်တဲ့ ဆရာအတတ်သင်ကျောင်းကနေစပြီး ပြောင်းလဲပစ်ပါ…

ကြိမ်လုံးကိုင်စာသင်တဲ့ စာသင်ခန်းထဲကအာဏာရှင်စနစ်ကိုဖျက်ပစ်ရပါမယ်…

အခြေခံပညာအဆင့်မှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချင်္ာ၊ သမိုင်း၊ ပထဝီ၊ သိပံ္ပ ကို အခြေခံအားဖြင့်သင်ပါတယ်…

မြန်မာစာသင်ရခြင်းရည်ရွယ်ချက်က မြန်မာလူမျိုးများက မြန်မာစာကို သဒ္ဒါပိုင်ပိုင်နိုင်နိုင်နဲ့ ရေးတတ်ဖို့ သီကုံး တတ်ဖို့ပါ… မြန်မာ့ကဗျာရဲ့အနှစ်သာရ၊ စကားပြေရဲ့ပြေပြစ်ချောမွေ့မှုကိုခံစားဖို့ပါ… အဲဒီလိုပဲ မိမိခံစားရသမျှကို ကဗျာလိုတစ်သွယ်… စကားပြေလိုတစ်မျိုး ပိုင်ပိုင်နိုင်နိုင်ဖော်ကျူးနိုင်ဖို့ မြန်မာစာသင်တာပါ… ဦးကြင်ဥတို့၊ အချုပ်တန်းဆရာဖေတို့ရေးထားတာကို အလွတ်ပြန်ဆိုပြနိုင်ဖို့မဟုတ်ပါဘူး… ကိုးကားဖို့ပါ… အရေးအသားကို ခံစားလေ့လာဖို့ပါ… မြန်မာဖြစ်သော မြန်မာတို့ ဘယ်နှခါများ ခံစားလေ့လာရေးသားခွင့် အခြေခံပညာကျောင်း မှာရရှိခဲ့ပါသလဲ…

ထို့အတူ အင်္ဂလိပ်စာ… အင်္ဂလိပ်စာကို Formula နဲ့သင်တဲ့စနစ် Verb-1, Verb-2, Verb-3, Verb-ing စသည် ဖြင့်အသေတွက်ပြီး အမှတ်ပြည့်ယူခဲ့သူများ တကယ်သုံးတတ်ခဲ့ပါသလားလို့ ကျွန်တော်မေးချင်ပါတယ်…

သချာင်္ဆိုလဲ ထိုနည်းလည်းကောင်း… အဆင့်ဆင့်တွက်နည်း၊ အဆင့်ဆင့်အမှတ်ပေးနည်း၊ တကယ်တွက် တတ်ဖို့ထက် အမှတ်ပေးစည်းမျဉ်းထဲဝင်အောင်တွက်နိုင်ဖို့က ပိုအရေးကြီးနေတဲ့အချိန်မှာ အမှတ်ရမှ စာမေးပွဲ အောင်မှာမို့ အမှတ်အတွက်သာ လုံးပန်းရပါတော့တယ်…

သမိုင်းရဲ့သင်ခန်းစာ၊ သိပံ္ပရဲ့ဆန်းကြယ်မှု၊ ပထဝီဝင်ရဲ့ဗဟုသုတဆိုတာကို အမှတ်ဆိုတာနဲ့လဲလိုက်ရတဲ့ ကြီးမားသောဆုံးရှုံးမှုကြီးပါ… နောက်အနာဂတ်မျိုးဆက်သစ်တွေအတွက် အဆိုးဝါးဆုံးအိပ်မက်ဆိုးပါပဲ…

အဲဒီတော့ အမှတ်ရလို့စာမေးပွဲအောင်… သင်ထားတဲ့စာတွေက ကျောင်းကနေ ခေါင်းကိုလိုက်မလာ… ကန့်သတ်ဘောင်နဲ့ အာဏာရှင်စနစ်သင်ကြားမှုအောက်မှာ ကြီးပြင်းလာရသူမို့ ကျွန်တော်တို့နိုင်ငံသားတွေ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်တီထွင်မှု၊ ကိုယ်ပိုင်ရပ်တည်နိုင်မှုတွေ တစတစမှေးမှိန်လာပြီး… ဝါးလုံး ခေါင်းထဲလသာနေတဲ့ဘဝမှာ ကြာရှည်ရပ်တည်လာရပါတယ်…

အဲဒီလိုမဖြစ်ဖို့ စာသင်ကြားပေးမယ့်ဆရာဆရာမများကိုယ်တိုင်က ကိုယ်ပိုင်အတွေးအခေါ်၊ မိမိရဲ့ဘာသာရပ် အလိုက်တတ်ကျွမ်းမှုတွေ၊ အရည်အချင်းပြည့်မီမှုတွေရှိဖို့ လေ့ကျင့်ပေးရမှာဖြစ်သလို… ကြိမ်လုံးချပြီး ကျောင်းသားနဲ့ အပြန်အလှန်ဆွေးနွေးနိုင်တဲ့အရည်အချင်းရှိဖို့ ဆရာများကျောင်းတော်မှကြိုးပမ်းရတော့မှာ ဖြစ်ပါတယ်…

အဲဒီအကျိုးဆက်တွေ ဘယ်အထိသွားပါသလဲ…

အသက်ကြီးလာတဲ့အချိန်အထိ… လုပ်ငန်းခွင်၊ လူမှုဘဝအထိ အရိပ်ဆိုးကြီးလိုပါလာရပါတယ်…

ကျွန်တော်တို့မျိုးဆက်တွေမှာ Self Study ဆိုတဲ့ လေ့လာမှုအရမ်းအားနည်းလာတာကိုတွေ့ရတယ်…

အဲဒီလိုဘဲ မိမိကိုယ်ကို Upgrade လုပ်ဖို့… မိမိခံယူချက်ကို Update လုပ်ဖို့ မဝံ့မရဲဖြစ်လာပါတယ်…

လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ကျွန်တော့်မိတ်ဆွေတစ်ယောက် ကွန်ပျူတာသင်ဖို့ကြိုးစားပါတယ်… ကျွန်တော့်ကို ဖုန်းဆက်မေးပြီး ဘယ်မှာ ကွန်ပျူတာ Basic ကိုသင်ရမလဲလို့ မေးတာကြုံရတော့…

ဘာအတွက်လဲဆို ပြန်မေးမိပါတယ်… သူအလုပ်တစ်ခုလျှောက်ထားရာက ကွန်ပျူတာတတ်ရန်လိုအပ်ကြောင်း သိလို့ အသဲအသန်လက်ပူတိုက် အင်တာဗျူးဖြေဖို့ကြိုးစားနေကြောင်းသိရပါတယ်…

စိတ်မကောင်းဖြစ်လေခြင်း… ကျွန်တော်တို့တတွေက ခိုင်မာတဲ့အလုပ်တစ်ခု ကိုယ်ပိုင်စီးပွားရေပဲဖြစ်ဖြစ်၊ တခြား ဝန်ထမ်းအလုပ်ပဲဖြစ်ဖြစ် ရလိုင်တဲ့အချိန်မှာ Study ဆက်လုပ်ဖို့၊ Upgrade လုပ်ဖို့ကိုမကြိုးစားတော့ဘဲ အပြီးအပိုင်ရပ်တန့်သွားတာမျိုးကို ကျွန်တော့်လူမှုဝန်းကျင်မှာရော၊ လုပ်ငန်းခွင်မှာပါ… တွေ့မြင်နေရပါတယ်…

အထူးသဖြင့် အသက်အရွယ်ကွာခြားမှုကနေ အတွေးအခေါ်ကွာခြားမှုဖြစ်ပြီးကြီးမားတဲ့ပြသနာကိုစတတ် ပါတယ်… လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ရဲ့ သီအိုရီဟာ… အခုအချိန်မှာ မှန်ချင်မှမှန်တော့မှာပါ… ကမ္ဘာကြီးက ပြောင်းလဲနေပါတယ်…

ကျွန်တော်တို့က ကမ္ဘာကြီးလည်သလို လိုက်မလည်နိုင်ဘဲ… ရပ်ကျန်ခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့ဟာ ကျန်ခဲ့မှာပါပဲ…

ကျွန်တော်တို့ သင်ကြားလေ့လာမှုရပ်တန့်ခြင်းအောက်မှာ တွယ်ညိမနေဘဲ…

အတိတ်ရဲ့ရွှေထီးရိပ်တွေအောက်မှာငြိမ်သက်မနေဘဲ လေ့လာသင့်သောအကြောင်းအရာများကို မျက်ချေမပြတ်လေ့လာရင်း

မိမိကိုယ်ကိုလဲ Upgrade လုပ်နေသင့်ပါတယ်… ဒါမှ ကျွန်တော်တို့ရဲ့အယူအဆအတွေးအခေါ် တွေဟာလဲ ခေတ်ယှဉ်ပြေးရင်းခေတ်မီသော အမှားနည်းသောအယူအဆအတွေးအခေါ်များဖြစ်စေလိုပါတယ်…

အဲဒီတော့ နိုင်ငံအတွက်… ကျွန်တော်တို့ကိုယ်တိုင်အတွက် Change, Update နဲ့ Upgrade ဆိုတာအရေးကြီးကြောင်း…

 

ခင်မင်လျက်-

ကြောင်ဝတုတ်

၂၀၁၂၊ အောက်တိုဘာ

 

41 comments

    • အိမ်လွမ်းသူ

      October 4, 2012 at 4:17 pm

      ဂီဂီ ရေ အားပေးတယ်ဗျို့ များများလေးတူးဆွပေးပါလို့။ ကိုယ်ကိုတိုင်ကတော့ အချိန်ဆင်းရဲတာက တကြောင်း စာရိုက်ရင် Burglish Converter ကြီးသုံးပြီးရိုက်ရ လို့ ခရီးမတွင်တာက တကြောင်း ကြောင့် အခုလိုတူး ဆွနှိုင်သူများကို အမြဲအားပေး နေမီဖြစ်ကြောင်း။ လယ်ထွန်Z ကြီးဆို တဲနာမည်နဲ့ လိုက်အောင် များများတူးနှိုင်ပါစေလို့။

  • KyawThein

    October 4, 2012 at 3:49 pm

    သိပ်မှန်တာပေါ ့ညီလေးကြောင်ဝတုတ်ရေ
    ဓတ်ပုံရော အသက်ပါသိနေလို ့ ရင်းရင်းနှီးနှီးညီလေးလို ့ပဲခေါ်မယ်နော်
    ညမှပြန်လာခဲ ့ဦးမယ်
    အချိန်နဲနေလို ့ ။

  • အရီးခင်လတ်

    October 4, 2012 at 3:49 pm

    အကြော်စုံပါ ကြောင်ဝလေးရေ့။
    အင်မတန် အချိန်အခါသင့်တဲ့ Post လေးပါ။
    ပြသနာ ကို မရရအောင် ရှာရရင်တော့
    Upgrade လုပ်ဖို့ အတွက် mother board ကြီး က အဆင့်မမှီ တာမျိုး ဆိုရင် ဘယ်လို ဖြေရှင်းသင့်လဲ စဉ်းစားနေဆဲ။ 🙄
    ကြုံဘူးနေလို့။

    • P chogyi

      October 5, 2012 at 10:55 am

      (အရီးရေ နေရာဦးချင်လို့ အရီးနောက်ဝင်လိုက်တာပါ။)
      ၁။ Mother language ခေါ်တဲ့ မိခင်ဘာသာစကား မြန်မာစာကို ဘာသာရပ်တွေထဲမှာ အနိမ့်ဆုံးသတ်မှတ်ပြီး
      အလေးမထားတာရင်နာစရာပါ။ စာစီစာကုံးဆိုတာတောင် အလွတ်ကျက်ရေးဖြေခိုင်းတာ စိတ်မကောင်း
      ဖြစ်မိပါတယ်။ သဒါက ကလေးတွအကြောက်ပါ။ ဆရာတွေကလည်းမေးခွန်းမှာ အနည်းဆုံးဖြစ်အောင်
      ထည့်ထားတာပါ။
      ၂။ အင်္ဂလိပ်စာကို ပုံသေနည်းနဲ့ ကျက်တဲ့စနစ်ကို ကျွန်တော်တို့ငယ်ငယ်ကတည်းက ကြုံခဲ့ရတာပါ။(၁၉၈၆)
      ဘွဲ့ရ၊ ပညာတတ်ပါ၊ အင်္ဂလိပ်လိုအရေးအပြောမရ၊ နားမလည်ပါ။ အင်္ဂလိပ်ကားဆိုဘာသာပြန်ပါတာ
      ရွေးဝယ်ကြည့်တယ်။ စိတ်ပျက်စရာပါ။
      ၃။ သချင်္ာဆိုတာ လောကအလယ်ကြီးပြင်းတဲ့အခါ အသုံးဝင်ဆုံးဘာသာရပ်ပါ၊ အံ့ဩဖွယ်ကောင်းအောင်
      ဆရာမတွေက အလွတ်ကျက်ခိုင်းပြန်ပါတယ်။ ပိုဆိုးတာက အထက်တန်းကျောင်းသားတွေ သချင်္ာကို
      အင်္ဂလိပ်လို သင်လိုက်တော့ ရူးသွတ်ခြင်းပေါ့။
      ၄။ သမိုင်း၊ ပထဝီဆိုတာတွေကို နိုင်ငံတကာမှာ မျိုးချစ်စိတ်ခိုင်မာအောင် အများနဲ့ရင်ဘောင်တန်းနိုင်
      အောင် ရည်ရွယ်ပြဌာန်းခဲ့ပေမဲ့။ စာမေးပွဲမှာမမေးဘူးဆိုပြီး ချန်ထားခံခဲ့ရတဲ့ အခန်းတွေအတွက်
      ဝမ်းနည်းမိပါတယ်။
      ၅။ သိပံတဲ့ လက်တွေ့ဆောင်ဆိုတာ မြင်သာမြင် မကြင်ရတဲ့ဘဝပါ(ကိုထီးသီချင်းဆိုပြနေတာမဟုတ်
      ဘူးနော်)။ သိပံထဲကအကြောင်းတွေလည်းတွေးတောင်မကြည့်မိပါဘူး။ စာမေးပွဲဖြေရမယ့် အပိုဒ်တွေ
      အလွတ်ကျက်ရင်း…..ရင့်ကျက်ခဲ့ရပါပြီ။ တစ်တန်းပြီးတစ်တန်းအောင်ရင်းပေါ့။
      ကိုကြောင်ဝတုတ်ရေ Change, Update နဲ့ Upgrade ဆိုတာတွေကို ထောက်ခံပါတယ်။
      လုပ်နိုင်မယ်ဆိုအကောင်းဆုံးပါ။
      လုပ်ဖို့ကလည်း အခက်ခဲဆုံးပါ။
      အဆင့်ပေါင်းများစွာ၊ လူပေါင်းများစွာပြောင်းလဲရမှာပါ။

  • အိမ်လွမ်းသူ

    October 4, 2012 at 3:58 pm

    လက်မ တွေအများကြီး ထောင်ပါတယ် ကိုကြောင်ဝတုတ်ရေ။ မြန်မာနိုင်ငံ ရဲ့ပညာရေး ကို သင်ရိုးညွန်းတမ်းကတင် မဟုတ်ပဲ ဆရာအတတ်သင်ကျောင်းကပါ စပြီးပြောင်းရမယ် ဆိုတာ အပြည့်အဝထောက်ခံပါတယ်။

  • Good™

    October 4, 2012 at 4:20 pm

    Mother board အဆင့် မီ ဖို့ က ပိုက်ပိုက် ပေးဝယ် ပြီး လဲ လို့ ရတယ်။
    တချို့ လူတွေ အတွက် တော့ IT knowledge မြင့်ဖို့ မလွယ် ဘူး လို့ ပြောချင်တာလား အရီးခင်လတ် ခင်ဗျာ။

    • အရီးခင်လတ်

      October 4, 2012 at 4:30 pm

      Mother board ဆိုတာ စိတ်ဓာတ်ရေးရာ နဲ့ ဆင်ခြင်စဉ်းစားနိုင်မှု ကို ဆိုလိုတာပါ Good™ သားရေ။
      IT knowledge က ဒီလောက် ခက်ခဲ နက်နဲ တဲ့ ပညာလုံးဝ မဟုတ်ပါဘူး။
      စိတ်ပါရင် လူတိုင်းတတ်လွယ်ပါတယ်။ 🙂

      အပျင်းခိုပြီး အချောင် ရရင်ရသလို လုပ်နေချင်တဲ့ စိတ်ဓာတ် က အရိုးစွဲ နေရင် တော့ ပြင်ဖို့ မလွယ်တာ ကို ပြောချင်တာပါ။
      တိုတို မန့်လိုက်မိသွားတော့ ပြောချင်တာ အရာမရောက် ဖြစ်သွားတာ စောဒီးပါ။ :hee:

  • စိန်ဗိုက်ဗိုက်

    October 4, 2012 at 4:24 pm

    ဘာဒေ လာပေါနေဒါလဲ
    ကြောင်းစောင် ပြန်ပြင်ဖို ့ တစ်ယောက်တစ်သိန်းတော့ လာမထည့်ပဲနဲ ့
    အပ်ဒိတ်တွေ ချိတ်ဒိတ်တွေ လာမလုပ်နဲ ့..ဗျစ်စ်..ဗျစ်စ်..

    ဒယ်ဒီဝတုတ်ရေ..
    စထားတာပြီးပြီ..ဆိုတော့..
    နောက်ပိုင်း ကွန်းမန် ့လေးတွေ စောင့်ဖတ်ပါ့မယ်

  • padonmar

    October 4, 2012 at 11:20 pm

    ဖက်ဖက်ကက်ရေ
    လက်မရော ခြေမရောထောင်ပါတယ်။
    အန်တီတို့ ငယ်စဉ်က အသီး၃မျိုးရေးပါဆို ပန်းသီး၊သရက်သီး၊ဇီးသီး ပဲရေးလို့ အလွတ်ကျက်ဖြေရတဲ့ခေတ်မဟုတ်ခဲ့ဘူး။စာစီစာကုံးတွေ ၊essay တွေလည်း ကိုယ့်ဉာဏ်နဲ့ကိုယ်ရေးရတယ်။
    ၈တန်းတုံးကဆို အပိုလို လပေါ်တက်တဲ့ခေတ်ဆိုတော့ essay ထဲ I want to be a astronaut လို့ရေးပေးလိုက်တာ။
    ဆရာမက an astronaut လို့ ပြင်ပေးပြီးအမှတ်ပေးလိုက်တာပဲ။text book ထဲမှာ astronaut မှမပါဘဲ။
    ခုခေတ်လိုဆိုရင် a doctor/an engineer လို့ ကျက်ခိုင်းတာကလွဲရင် လာမဖြေနဲ့လို့ တစ်ချို့ဆရာမတွေလုပ်ကြတယ်။

    ………..
    သင်တန်းတစ်ခုတက်တုံးက HR သင်တဲ့ မလေးဆရာ တစ်ယောက်ကပြောပြဖူးတယ်။
    သူ အခုအသက် 60 လောက်အထိ ကမာ္ဘပေါ်မှာ ဘယ်တိုင်းပြည်ဘယ်မြို့ဘယ်နေရာမှာရှိတယ်ဆိုတာကို တန်းကနဲထောက်ပြနိုင်ပါတယ်တဲ့။သူငယ်ငယ်က ပထဝီသင်တဲ့ ဆရာမက မလေးနဲ့ရတဲ့ အဖြူမလေးပါတဲ့။ကျောင်းကိုလာရင် ကမာ္ဘလုံး လေးပိုက်လာပြီး ပွိုင့်တာလေးထောက်ထောက်ပြရင်း ရှင်းပြတာနားထဲစွဲနေလို့ နှစ်ပေါင်းများစွာ မမေ့တော့ပါဘူးတဲ့။
    အန်တီတူမ ဆယ်တန်းခြောက်ဘာသာဂုဏ်ထူးရှင်က ချင်းတွင်းမြစ်ဟာ ဧရာဝတီမြစ်ကခွဲထွက်ပြီး တောင်ကနေ မြောက်ကို စီးသွားပါတယ်တဲ့။

  • pooch

    October 4, 2012 at 11:52 pm

    ကိုဝတုတ်ရေ သူကြီးတောင် change ဆိုပြီး အကျယ်ကြီး အော်မိလို့ ရွာကြီး
    အမှောင်ကျသွားရှာတယ် မလား။ ကိုယ်တိုင်လည်း မကြာခဏ အကြွေစေ့မှန်ဖူးတယ်။

    ခုခေတ်ပညာရေးမှာ ကျောင်းစာမေးပွဲတွေမှာ အမှတ် ၁၀ဝ ပဲ ပေးပြီး ကန့်သတ်ထားတာကိုက မှားနေတာ။ အမှန်က မေးခွန်းမေးထားတာ ဘယ်လောက်ဖိုးပဲ ဖြစ်ဖြစ် ကျောင်းသားက အမှတ် ၁၁ဝ ဖိုးလည်း ဖြေနိုင်သလို ၂၀ဝ ကျော်အထိလည်း ဖြေနိုင်ပါတယ်။

    လူတွေရဲ့ စွမ်းဆောင်မှုက အကန့်သတ်မဲ့ပါတယ်။ စနစ်တကျ ပျိုးထောင်တတ်ဖို့ပဲ လိုတာပါ။

    နည်းမှန်လမ်းမှန်စနစ်မှန်လာရင်တော့ တဖြည်းဖြည်းချင်း update , upgrade ဖြစ်လာမယ် ထင်ရတာပါပဲ။

  • kai

    October 5, 2012 at 12:30 am

    အဲဒီလိုမဖြစ်ဖို့ စာသင်ကြားပေးမယ့်ဆရာဆရာမများကိုယ်တိုင်က ကိုယ်ပိုင်အတွေးအခေါ်၊ မိမိရဲ့ဘာသာရပ် အလိုက်တတ်ကျွမ်းမှုတွေ၊ အရည်အချင်းပြည့်မီမှုတွေရှိဖို့ လေ့ကျင့်ပေးရမှာဖြစ်သလို… ကြိမ်လုံးချပြီး ကျောင်းသားနဲ့ အပြန်အလှန်ဆွေးနွေးနိုင်တဲ့အရည်အချင်းရှိဖို့ ဆရာများကျောင်းတော်မှကြိုးပမ်းရတော့မှာ ဖြစ်ပါတယ်…

    “ငရဲနဲ့ခြောက်..ဘုံနဲ့မြှောက်”တဲ့.. ဘာသာရေးမျက်နှာဖုံးတပ်ထားတဲ့.. အာဏာရှင်စနစ်ကို အရင် လျှော့နည်းပပျောက်အောင်လုပ်ရမယ်ထင်မိတယ်..။
    ဗုဒ္ဓကိုယ်တော်တိုင်..ဝေဖန်ဆွေးနွေး ထောက်ပြခွင့်ပေးတဲ့ တရားတော်တွေဟာ.. နှစ်ထောင်ချီပြီး ဟိန္ဒူဇတ်ခွဲတာ(လူတန်းစားခွဲတာ ) နဲ့ ရောသမမွှေခံရတဲ့အခါ .. အခုလို “မျက်နှာဖုံးနဲ့ မြန်မာ့ယဉ်ကျေးမှု”ကို မြင်ရတာလို့ ယူဆမိတာကြောင့်ပါ..။

    အခုနေ အသည်းအသန်ပြင်ယူရင်တောင် တန်းတူအပြန်အလှန်ညှိနှိုင်းဆွေးနွေးနိုင်တဲ့..(ရဲတဲ့) လူ့ယဉ်ကျေးမှုရဖို့.. မျိုးဆက်၁ခုစာ အနည်းဆုံးကြာဖို့ရှိတယ်..။
    ပြောမယ့်သာပြောတာပါ.. :buu:
    .. လောလောဆယ်တော့.. ပြင်ယူဖို့နေနေသာသာ.. ပြင်ဖို့လေသံပေးသူတွေကိုတောင် (အာဏာရှင်ကိုယ်တိုင်မဟုတ်/မလို).. “သူ့အလိုတော်ရိ”တွေက ဝိုင်းနှိပ်ကွပ်နေကြပုံနဲ့တော့.. မြန်မာပြည်ဟာ.. ဒီလိုပုံစံနဲ့.. မျိုးဆက် ၂ခုအနည်းဆုံး ဆက်သွားဖို့ရှိတယ်ထင်မိပါတယ်။
    .. “ယဉ်ကျေးမှုတော်လှန်ရေး”လို တော်လှန်ရေးတခု.. မလုပ်နိုင်..မဖြစ်နိုင်ခဲ့ရင်ပေါ့..

    ကောင်းပြီ..
    ဒါဆိုအနောက်နိုင်ငံတွေမှာရော လူသားချင်းတန်းတူမှုရှိရဲ့လားလို့မေးမယ်..။ တကြောင်းထဲနဲ့ပြန်ဖြေလို့ရတယ်..။ အဲဒီတကြောင်းထဲကပဲ.. တိုးတက်တဲ့.. ဆွေးနွေးနိုင်ဆွေးနွေးရဲတဲ့.. လူ့ယဉ်ကျေးမှုတခါးကြီး.. ဆွဲဖွင့်ပေးလိုက်တာပါပဲ..။

    All men are created equal” has been called an “immortal declaration”, and “perhaps” the single phrase of the United States Revolutionary period with the most grand “continuing importance”.[1][2] Thomas Jefferson first used the phrase in the Declaration of Independence as a rebuttal to the going political theory of the day: the Divine Right of Kings.

    THIS UNIVERSAL DECLARATION OF HUMAN RIGHTS
    Article 1.

    All human beings are born free and equal in dignity and rights.They are endowed with reason and conscience and should act towards one another in a spirit of brotherhood.

    THIS UNIVERSAL DECLARATION OF HUMAN RIGHTS မှာလည်း ဒီသဘောကိုပဲ..ထိပ်ဆုံးမှာညွှန်းဆိုတယ်..
    ဒါကိုရင်ထဲအသည်းထဲကနားလည်နေရင်..
    ဆရာကို ပြန်လှန်ပြောဆိုဆွေးနွေးရဲတယ်..။
    သမ္မတကို ပြန်လှန်ပြောဆိုဆွေးနွေးရဲတယ်..။
    အိမ်ဖေါ်ကို.. နားလည်လက်ခံဆွေးနွေးစေတယ်..။
    လမ်းဘေးအခြေအနေမဲ့ကို… အသိအမှတ်ပြုစကားပြောနိုင်တယ်..။
    .. နွားကို.. နွားလိုမြင်တယ်..
    လူကို လူလို့မြင်တယ်..။
    လူသားအချင်းချင်း.. အပြန်အလှန် နားလည်သဘောပေါက်မှုရှိစေတယ်..။

    အဖမြန်မာပြည်ကတော့..
    အိုဘယ့်.. ကြာစိမ်.. ကျိန်စာ…:kwi:

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    October 5, 2012 at 2:19 am

    ဗုဒ္ဓ စာပေတွေကိုလည်း ဒီလိုဘဲ အာဂုံဆောင်လာဂျတဲ့ဥစ္စာ
    အကျင့်ပါနေလို့ ပါ :kwi:
    ဗုဒ္ဓဘာသာနိုင်ဂံဘာဆိုနေမ

  • ဝင့်ပြုံးမြင့်

    October 5, 2012 at 2:26 am

    ဟုတ်ပါတယ် သူကြီးရယ်။ All men are created equal” ဆိုတာပဲ ဖြစ်ရမှာပါ။ ဒါကို ဦးနှောက်ကသိတယ်။ ကိုယ့်ကိုယ်ကိုယ် မလိမ်တမ်းဝန်ခံရရင် ပြုံးကိုယ်တိုင်လည်း အိမ်ဖော်နဲ့ ထမင်းတစ်ဝို်င်းတည်းမစားဘူး။ အမေ့စကားတွေက အာရုံထဲဝင်လာရော၊ ဒူးနေရာဒူး တော်နေရာတော်တို့၊ ခွေးကလေး အရောဝင် ပါးလျက်နားလျက်တို့။ ပြီးတော့ရှိသေးတယ်။ အရောဝင် အရိုသေတန်တို့။ အဲဒါမျိုးတွေ အာရုံထဲ အော်တိုမက်တစ်ရောက်လာပါရော။ ကိုကြောင်ဝတုတ်ရေးတဲ့ ပညာရေးအကြောင်းနဲ့ မဆိုင်သလိုဖြစ်နေပြီနော်။ ပြောပြတာပါ။ ကိုယ့်ကိုယ်ကိုယ် တောင် ပြုပြင်ဖို့ မလွယ်သေးဘဲ ပညာရေးကိုပြုပြင်ချင်တာ အပြစ်မတင်ကြပါနဲ့နော်။ အဟီး …
    —-
    ကိုကြောင်ဝတုတ်ရေ
    တကယ်ကောင်းတဲ့ ပို့စ်လေးပါ။ ပထမဦးဆုံးအနေနဲ့ ပြဌာန်းစာအုပ် ပြင်ကိုပြင်သင့်ပြီလို့ ထင်ပါတယ်။ ပြဌာန်းစာအုပ်က ညံ့ဖျင်းလွန်းတဲ့အခါ ကလေးကို စော်ကားရာကျနေသလိုပဲ။ ကလေးရဲ့ သင်ယူနိုင်စွမ်းက မြင့်မားပြီး သင်ပေးတာက နိမ့်နေတယ်။ ပြီးတော့ ခေတ်နောက်ကျနေတယ်။ ဥပမာ သူငယ်တန်းစာအုပ်မှာပဲကြည့်၊ p အတွက် pipe ကိုသင်တယ်။ ပုံက ဆေးတံပုံ၊ ကလေးက ဆေးတံကို လုံးဝမသိဘူး။ ရှာပြီးပြမယ်ဆိုတော့လည်း ဆေးတံ ဘယ်မှာမှ ရှာလို့မရဘူး။ y အတွက် yoke ကိုသင်တယ်။ ထမ်းပိုးပုံ။ ထမ်းပိုးကို ကလေးကလုံးဝ မမြင်ဖူးဘူး။
    ငါးနှစ်ရွယ် ကလေးကို စံနစ်တကျလေး သင်ကြည့်လိုက်ရင် သုံးတန်းစာလောက်တော့ အပျော့ပဲ။ သင်တဲ့ နည်းစနစ်လေး ပြောင်းရုံနဲ့ရတယ်။ ကလေးတွေ ဉာဏ်ရည်ကွာတယ်ဆိုတာ သိပ်မဟုတ်လောက်ဘူး။ သင်တတ်ရင် တတ်တာချည်းပဲ။
    ပညာရေးကိစ္စ များများအော်ပေးဖို့လိုတယ်လို့ ထင်ပါတယ်။ စီးပွားရေးကောင်းမှ ပညာရေးကောင်းမှာလား၊ ပညာရေးကောင်းမှ စီးပွားရေးကောင်းမှာလား၊ အဲဒါမျိုးတွေ သေချာဆွေးနွေး သင့်ပါပြီ။ လူတွေက စီးပွားရေးကောင်းမှ ပညာရေးကောင်းမယ်ထင်နေကြလို့။

    • အရီးခင်လတ်

      October 5, 2012 at 3:36 am

      မပြုံးရေ

      အိမ်မှာ ခိုင်းဖို့ လူထားတာ အင်္ဂလန် မှာတော့ ကျွန်မ လက်လှမ်းမှီသလောက်သိရတာ တော့ မရှိဘူးထင်တာဘဲ။
      ဘုရင်မ နန်းတော်မှာဘဲရှိနိုင်တယ်။
      အတော်လေးချမ်းသာတယ်ခေါ်ရတဲ့ မင်းသားဝီလျံ ရဲ့ ယောက္ခမ ကြီး များတောင်မှ ဝီလျံ နဲ့ကိတ် ရဲ့ မင်္ဂလာပွဲအပြီး မှာ ပါပါရာဇီ များ က အဖိုးကြီး သူ့ခြံထဲ မှာ မြက်ရိတ် နေပုံ ကို ခိုးရိုက်ပြီး သတင်းလုပ်ဖူးသေးတယ်။
      သဘောကတော့ ဒီမှာ ဘယ်လောက် ပိုက်ဆံရှိပါစေ။ အိမ်အတွက် အဖော်လူတွေ ဘယ်လောက်ဘဲ ငှားနိုင်ပါစေ။
      လူကိုလူလို့ တွေးပြီး အိမ်မှာ အခိုင်းအစေ မထားတာလားတော့ မသိပါဘူး။
      ကျွန်မ တို့ ရွှေ ပြည်မှာတော့ အိမ်ဖော်မရှိရင်ကို ဒုက္ခရောက်လှပြီ လို့ ညည်းညူ နေသူတွေ အပုံအပင်ဖြစ်နေတော့တာ။
      အိမ်အလုပ် ဆိုတာ အိမ်ဖော်လုပ်မှပြီးမယ် ဖြစ်နေတော့တာကိုး။
      ကျွန်မ အရင် မြန်မာပြည်မှာ နေတုန်း အိမ်က ကလေးမ လေးတွေ ကို ဘယ်တော့မှ ခွဲပြီး မဆက်ဆံဘူး။
      ကိုယ်စားတာ သူတို့လဲ အတူစားဘဲ။
      သူတို့ ရှိလို့မို့ သူတို့ ကျေးဇူးနဲ့ ကိုယ့်မှာ ဒီအိမ်အလုပ် တွေမလုပ်ရတာကိုး။
      အိမ်က ကျန်သူတွေ က ဒီလို မဟုတ်ချင်ဘူး။
      ကျွန်မ ရှိတုန်းက အိမ်မှာ လူမြဲတယ်။
      မေတ္တာပေးရင် မေတ္တာပြန်ရတာ အမှန်ပါ။
      ကျွန်မ လဲ ထွက်လာရော လူရှာပြသနာ မကြာခဏ ကြားရတယ်။
      ခဏပြန်ချိန် မှာ အိမ်ဖော်တွေကို ခွဲခြားဆက်ဆံ တာ တွေ့ရင် မကြိုက်ဘူး။
      ဒါပေမဲ့ ပါးစပ်ဘဲပိတ်နေခဲ့ပါတယ်။

      မြန်မာပြည်မှာ လူလူချင်းခွဲခြားဆက်ဆံမှု ပြသနာ က အိမ်တိုင်းလိုလို ရှိနေမှတော့ ဒီပြသနာ ရှင်းဖို့ ကိုဘဲ စိတ်ဓာတ်တွေ ပြင်ကိုပြင်ရမှာ။
      နောက်ပိုင်း အိမ်အကူ အကာအကွယ် ပေးရေး ဥပဒေ တွေ ဘာတွေ ဖြစ်လာရင် တရားရုံးမှာ အမှုတွေနဲ့ ပြတ်မှာ မဟုတ်။ အတော် စည်ကားမယ်။
      မဟုတ်ရင် အိမ်ဖော်မထားဘဲ ကိုယ့်အိမ်အလုပ် ကိုယ်နိုင်အောင် လုပ်ဖို့ဘဲ ပေါ့။
      ကျွန်မ လဲ မဆိုင်တာ ဝင်မန့် နေပြီ။ :hee:

      နောက်တစ်ချက်
      { စီးပွားရေးကောင်းမှ ပညာရေးကောင်းမှာလား၊ ပညာရေးကောင်းမှ စီးပွားရေးကောင်းမှာလား၊ }
      ဒါကတော့ အပြည်ပြည် ဆိုင်ရာ ပြသနာ လို့ ထင်ပါတယ်။
      မြန်မာပြည်မှာမှ မဟုတ်ပါဘူး။
      အနောက်တိုင်းမှာလဲ ပိုက်ဆံရှိရင် ကျောင်းကောင်းပို့နိုင်မယ်။
      ကျောင်းကောင်းရောက် ရင် ဆရာကောင်း နဲ့ သင်ရမယ်။
      ဆရာကောင်း က အမှတ်ကောင်း ရအောင်၊ တတ်အောင် သင်တယ်။
      အမှတ်ကောင်း ရရင် တက္ကသိုလ်ကောင်းကောင်း ဝင်မယ်။
      တက္ကသိုလ်ကောင်းကောင်း က ထွက်ရင် အလုပ်ကောင်း ရလွယ်မယ်။
      ဒါပါဘဲ။
      loop ပါတ်နေတာပါ။

      တစ်ခြားတော့ မသိဘူး။
      အင်္ဂလန် ရဲ့ ပါလီမာန် ထဲ က သူတွေ ကတော့ အားလုံးနီးပါးဟာ ပရိုက်ဗိတ် ကျောင်းထွက် တွေချည်းပါဘဲ တဲ့။
      ပိုက်ဆံမရှိရင် အရမ်းကို ထူးချွန်လွန်း မှ စကော်လာရှစ်လိုမျိုး နဲ့ အဲဒီလို ကျောင်းတွေသွားနိုင်တာမို့ ဘယ်နေရာမဆို ပိုက်ဆံ နဲ့ ပညာရေးကို ဝယ်နေရတာပါဘဲ။
      ဒီမှာလဲ အဲဒီလို ပညာရေး အဆင့် ကွာဟ မှုတွေ က အစိုးရတိုင်း ကို ခေါင်းခြောက်စေတာပါဘဲ။
      နှစ်စဉ်ထုတ်တဲ့ GCSE (General Certificate of Secondary Education) result တွေ ရဲ့ ထိပ်တန်း တွေက ပိုက်ဆံပေးတက် ရတဲ့ ကျောင်းတွေပါ။
      အဲဒီလို ကျောင်းမျိုးတွေက စာကိုတင်တော်အောင်သင်ပေးတာ မဟုတ်ဘဲ လူသားချင်းစာနာထောက်ထားမှု တွေ သင်တယ်။
      human rights ဆိုတာ ငယ်ကထဲက နားရည်ဝနေပြီ။
      ဆင်းရဲ တဲ့ နိုင်ငံတွေ ကို ခရီးထွက်ပြီး အဲဒီမှာ ကလေးတွေ ပညာရေး ဖွံ့ဖြိုးမှု ကို ကူညီ တဲ့ Project တွေလုပ်တယ်။
      တစ်ကိုယ်ကောင်းစိတ်မရှိအောင် သင်တယ်။
      ဒီမှာဘဲ ကလေးတွေ ရဲ့ စိတ်ဓာတ်က မတူတော့ဘူး။
      မိဘတွေ ကတော့ သူတို့ နောက်က ပိုက်ဆံထုတ်ပိုက်ထားပေါ့။

      မြန်မာပြည်မှာ ကတော့ နောင်မှာ တစ်မျိုးဖြစ်လာမှာပါ။။
      နိုင်ငံခြားအကူအညီ တွေ အများကြီး နဲ့ ပညာရေးကို ထောက်ပံ့နိုင်မယ် မျှော်မှန်းရတာဘဲ။
      လူတိုင်းက ကူညီချင်နေတာပါ။

      တစ်ခုတော့ ရှိတယ်။
      လူတစ်ချို့ရဲ့ အိတ်ထဲ ဝင်မသွားဖို့ဘဲ။
      မဟုတ်ရင် တိုင်းပြည်က ကလေးတွေ ငတ်မြဲ ဘဲ နေမှာ။
      တစ်ခါတစ်ခါ တွေးမိတယ်။
      လုပ်ပိုင်ခွင့် ရှိသူ တွေ မှာ ငါကောင်းဖို့ ဘဲ ဆိုတဲ့ စိတ်ဓာတ် တွေ၊ အများ ကို မကြည့်တတ်တဲ့ စိတ်တွေ ရှိသူတွေ၊
      တိုင်းပြည်ဘဏ္ဍာ ကို အရှက်မရှိ ကိုယ့်ဟာ မှတ်နေသူတွေ ရှိနေသေး သမျှ တော့ ရွှေပြည်တော်မျှော်တိုင်းဝေးမှာဘဲ။

  • Shwe Tike Soe

    October 5, 2012 at 9:14 am

    ကိုဖက် ပို.စ်ဖတ်ပြီး ရင်ကိုလေးသွားတာပဲ……..အင်း ကျွန်တော်တဲ့ ဖြတ်သန်းလာတဲ့ ပညာရေးကြီးက တယ်လဲ မစွန်ပါလားဗျာ…
    ကိုယ့်ကိုကိုယ်လဲ သိတယ်… ကိုဖက်ပြောတဲ့ Change, Update & Upgrade ဆိုတာ အရမ်းအရေးကြီးတဲ့ အချက်ပဲ…….
    နိုင်ငံနဲ.ချီမလုပ်နိုင်ရင်တောင် တစ်ယောက်ချင်းလုပ်လာနိုင်ရင် ကောင်းတာပေါ့ဗျာ…….ဟင်းးးးးးးးး

    မပြောတော့ဘူး…….မပြောာာာတော့ဘူးးးးးး ပြောာာာာာာာာကိုးးးးးမပြောာာာာာာာာချင်ဘူး…

  • uncle gyi

    October 5, 2012 at 9:57 am

    လုပ်သင့်နေတာကြာပြီဖြစ်ပေမဲ့အခုမှစလုပ်လည်း
    စလုပ်တဲ့အချိန်ဟာအကောင်းဆုံးအချိန်ပါပဲ
    မလုပ်တာထက်စာရင်ပေါ့
    လုပ်ရင်လည်းဘက်စုံလုပ်မှအဆင်ပြေမှာပါ
    ကျောင်းသားကျောင်းသူတွေဘက်ကလည်းအများကြီးပြင်ဖို့လိုနေသေးတယ်လို့ထင်ပါတယ်ဗျာ

  • kyeemite

    October 5, 2012 at 10:23 am

    ကျွန်တော်တို့တတွေက ခိုင်မာတဲ့အလုပ်တစ်ခု ကိုယ်ပိုင်စီးပွားရေပဲဖြစ်ဖြစ်၊ တခြား ဝန်ထမ်းအလုပ်ပဲဖြစ်ဖြစ် ရလိုင်တဲ့အချိန်မှာ Study ဆက်လုပ်ဖို့၊ Upgrade လုပ်ဖို့ကိုမကြိုးစားတော့ဘဲ အပြီးအပိုင်ရပ်တန့်သွားတာမျိုးကို ကျွန်တော့်လူမှုဝန်းကျင်မှာရော၊ လုပ်ငန်းခွင်မှာပါ… တွေ့မြင်နေရပါတယ်…

    ဒီအချက်ကတော့ တော်တော်မှန်တယ်ဗျာ…ကျနော့ကိုဒဲ့မှန်တာပြောတာပါ…
    Upgrade လုပ်ဖို့စဉ်းစားတိုင်း ကိုယ့်ကိုကိုယ် အကြောင်းအမျိုးမျိူးပြပြီး
    မလုပ်ဖြစ်ဘူး… :hee:

  • blackchaw

    October 5, 2012 at 10:29 am

    ညီလေးဝတုတ်ရေ…
    လေးလေးနက်နက် ပြောခဲ့ချင်တာကတော့
    ကိုယ်တို့ မင်းတို့ ဝန်းကျင်မှာ သိသာထင်ရှားစွာ ကြီးထွားနေတဲ့
    သင်ကြားမှုရပ်တန့်တဲ့ ပြသနာကို မီးမောင်းထိုးပြသွားတဲ့အတွက်
    ကျေးဇူးပါ…။
    ကိုယ်တိုင်လည်း သင်ကြားမှုရပ်တန့်တဲ့ ပြသနာကို
    ဖြေရှင်းနေရတဲ့
    တွံတေး ဘလက်ချော…။

  • Ma Ei

    October 5, 2012 at 11:11 am

    ကြောင်ဝတုတ်ရေ…
    Update ဖြစ်ဖို့ Upgrade လုပ်ကြပါလို့
    လက်တို့ သတိပေး ခံလိုက်ရသလိုဘဲ…
    ရှက်မိပါတယ်…

  • Moe Z

    October 5, 2012 at 12:03 pm

    အူးလေးရေ ဘရာဗိုပါဗျို့…..
    စာအုပ်တွေနဲ့ အပေါ်က ဘလာ ဘလာတွေကို ချိန်းဖို့မတတ်နိုင်ခင်
    အရင်ဆုံးတစ်နိုင်တစ်ပိုင် မိဘတွေကိုယ့်ကိုကိုယ်ချိန်းဖို့ အရေးကြီးတယ်

    (((((((အဲဒီတော့ ဒီအမှတ်ပေးစည်းမျဉ်းပေါ်မှာအခြေခံတဲ့ကျောင်းသားမိဘတွေရဲ့ သားသမီးအပေါ်ဖိအားပေးမှုကိုလျော့ပြီး ကျောင်းသားလူငယ်လေးတွေ အမှန်တကယ်တတ်ကျွမ်းသောထူးချွန်သူများဖြစ်စေလိုလျှင်….)))))
    အဲဒီအကြောင်းလေး အရမ်းပြောချင်ပါတယ်
    အချိန်ရရင် ပြန်လာခဲ့ပါဦးမယ်..

  • ကြောင်ဝတုတ်

    October 5, 2012 at 1:36 pm

    ဂီဂီရေ… အခုတော့ လယ်ထွန်ဇက်ပေါ့…
    နေရာဦးတဲ့အတွက်ကျေးဇူးပါ… အခု Logistic ဘက်ကနေပြီးတော့ Educational ကိုဖတ်နေတယ်ဆိုတော့ ဘာဂွင်တွေများတွေ့နေပြီးတုန်းဟေ့…

    အစ်ကိုကျော်သိန်းရေ…
    ကျွန်တော်လို Change… Change ပြောမယ့်လူတစ်ယောက်တိုးလာတာကိုဘဲ ဝမ်းသာပါတယ်ဗျာ…
    အခုအချိန်မှာ ကျွန်တော်တို့လဲ တတ်နိုင်တဲ့ဘက်က အကြံလေးတွေပေးရင်းဆွေးနွေးရင်းနဲ့ ဂဇက်ရွာကို
    ဖတ်ရှု့နေသူတွေကို ကျွန်တော်တို့ရဲ့ဗဟုသုတအနည်းအကျဉ်းမျှဝေနိုင်တယ်ဆိုရင်ပဲ တွေးရကြိုး… ရေးရကြိုးနပ်ပါပြီဗျား…
    အစ်ကို့ရဲ့ပိုစ့်ကြောင့်လဲ ဒီစာကိုရေးဖြစ်တယ်လို့ ဝန်ခံပါတယ်…

    အရီးလတ်ပြောတဲ့ Motheboard ကြီးက အဆင့်မမီရင်တော့ အရီးရေ ဖြုတ်လဲရတော့မှာပဲ…
    အဲဒီကိစ္စကို ဓာတ်ကြမ်းတိုက်တယ်လို့ပဲဆိုဆိုပေါ့… ခေတ်မီသော လူ့အခွင့်အရေးပြည့်ဝသောနိုင်ငံဆီကို ချီတက်တဲ့နေရာမှာ…
    လိုက်ဖို့ကျွန်တော်တို့ တိုက်တွန်းတယ်… နည်းလမ်းကောင်းတွေနဲ့ လက်တွဲခေါ်တယ်… အဲဒီလိုလုပ်လို့မှ ထော်လော်ကန့်လန့် တိုက်ပြီး ဒီမားသားဘုတ်ကြီးကို ဖြုတ်မလဲရဲရင်တော့ ဒီ Network ကနေဖြုတ်ထားခဲ့ရမှာပါပဲ…
    အဲဒီလို ဖြုတ်ထားခဲ့ဖို့အတွက်လဲ ကျွန်တော်ကတော့ စိတ်မကောင်းမဖြစ်ပါဘူးအရီးရေ…

    အစ်ကိုGood ရေ…
    IT ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ အခြေခံပညာအလယ်တန်းအဆင့်လောက်မှာ Word processing (စာစီစာရိုက်) နဲ့ Web Browsing (အင်တာနက်လေ့လာကြည့်ရှု့နည်း) လောက်ကို သုံးတတ်အောင် သင်ရိုးညွှန်းတန်းမှာထည့်သွင်းသင့်ပြီလိုထင်နေပါတယ်…
    နောက်တစ်ခုက မူလတန်းအဆင့်လောက်မှာကို ကွန်ပျူတာနဲ့မစိမ်းအောင် Teaching Aid အနေနဲ့ Software လေးတွေသုံး သင်ကြားသင့်ပြီလို့ မြင်နေပါတယ်… သို့ပေမယ့်… မန်းနီး… မန်းနီး… မန်းနီး…

    ကိုပီချိုကြီးရေ…
    အစ်ကိုပြောသလိုပဲဗျာ… ဘာသာရပ်တိုင်းရဲ့ ရည်ရွယ်ချက်နဲ့ အသုံးတည့်မှုတွေကို အမှန်တကယ်လက်တွေ့မှာ
    ပညာရေးစနစ်နဲ့ သင်ကြားမှုပုံစံအရ အသုံးတည့်တဲ့ဘဝကိုရောက်မလာခဲ့တာပါ…
    အင်္ဂလိပ်စာဆိုရင်လဲ တစ်သက်လုံးပုံသေနည်းနဲ့သင်လာခဲ့ရာက (၁၀)တန်းအောင်မှ ကျွန်တော့အင်္ဂလိပ်စာဆရာတစ်ယောက်
    ဆီမှာသင်တန်းတက်မှ ပိုမိုနားလည်ပြီးပိုတတ်လာခဲ့ရတော့ သင်ကြားမှုပုံစံမှားနေတာကို သတိထားမိလာတာပါ…
    နောက်ပိုင်းမှာ ကျွန်တော့်ဆရာအကြောင်းကိုစာတစ်ပုဒ်ရေးပါဦးမယ်… မြန်မာပြည်သား အင်္ဂလိပ်လူမျိုး အသက်(၉၀)ခန့်ရှိသူ အင်္ဂလိပ်စာဆရာတစ်ဦးအကြောင်းပါ…

    ကိုပေါက်ဖော်ရေ…
    ပိုက်ဆံမရှိဘဲ မရပ်တည်နိုင်တဲ့အခြေအနေများမို့ အလှူခံရင်လဲခံပါ… ဒါပေမယ့် အကျိုးရှိအောင်၊ ထင်သာမြင်သာသုံးစွဲရင်ဖြင့်
    တစ်သိန်းလဲလှူချင်ပါတယ်… အဲဒီရည်ရွယ်ချက်နဲ့ ဒါဇင်ပလပ်အဖွဲ့ပညာရေးအလှူလေးကို ကျွန်တော်တို့စပြီးအကောင်အထည်
    ဖော်ခဲ့ကြတာပါ…

    အန်တီပဒုမ္မာရေ…
    Essay လိုမျိုး… စာစီစာကုံးလိုမျိုး ရေးတဲ့နေရာမှာ ဘယ်လောက်အားထုတ်လဲ… ဘယ်လောက်ထိမိလဲ…
    ဘယ်လောက်ရည်ရွယ်ချက်ကောင်းလဲ… စာရေးသူဘယ်လောက်စေတနာပါလဲဆိုတဲ့အပေါ်မှာ မူတည်ပြီးအမှတ်ပေးသင့်ပါတယ်…
    Letter Writing လိုမျိုး… အဖေ့ထံရေးစာတို့ ဘာတို့ဆိုရင် ဖတ်သူနားလည်ဖို့နဲ့ အကြောင်းအရာကို အဓိကထားသင့်ပါတယ်…
    စာကြောင်းအရေအတွက်နဲ့ ပုံစံဝင်မှုကို မူတည်ပြီးအမှတ်ပေးနေတဲ့ပုံစံကိုတော့ ပြောင်းသင့်နေကြောင်းပါ…
    အန်တီတို့ကျောင်းသူဘဝတုန်းက အခုထက်ပိုပြီးကောင်းတဲ့ပညာရေးစနစ်ရှိသေးတော့ ကံကောင်းသူလို့ပြောချင်ပါတယ်…
    ကျွန်တော်က IT နဲ့ အသက်မွေးဝမ်းကြောင်းပြုပေမယ့် IT နဲ့ဘွဲ့ရသူတစ်ယောက်မဟုတ်ပါဘူး…
    အဲဒီလိုဘဲ လုပ်ငန်းခွင်က IT Pro တော်တော်များများကလဲ ကွန်ပျူတာတက္ကသိုလ်ဆင်းတွေမဟုတ်ဘူးဆိုတာ ရှာတွေ့ရတယ်…
    အဲဒါကဘာကိုပြောနေလဲဆိုရင် ကျွန်တော်တို့ရဲ့တက္ကသိုလ်တွေ Update လုပ်သင့်နေပြီဆိုတာပါပဲ…

    သူငယ်ချင်းမယ်ပုချ်ရေ…
    Change အော်နေတဲ့လူတွေကတော့ အမြဲတမ်းအကြွေစေ့အပစ်ခံရတာ အရေထူနေပါပြီဗျာ… အိမ်တွင်းမိသားစုမှာအစပေါ့…
    International Exam တစ်ခု ကျွန်တော်ဖြေဖူးပါတယ်… အမှတ် (၁၀၀၀)ဖိုးမေးခွန်းပေးထားပြီး… ဖြေနိုင်သမျှဖြေခိုင်းတာပါ…
    မေးခွန်းအပြင် အဖြေတွေလဲအကုန်ပေးထားပါတယ်… ဒါပေမယ့် ပေးထားတဲ့မေးခွန်းနဲ့ကိုက်တဲ့ အဖြေ အကုန်ရွေးပေးနိုင်မှသာ အမှတ်ရတာပါ…
    ဥပမာ… မေးခွန်းတစ်ခုမေးထားတယ်ပေါ့… အောက်မှာ အဖြေ.. A, B, C, D, E ဆိုပြီး (၅)ခုရှိတယ်… အမှန်က A,B,E ဆိုပါတော့ တကယ်လို့ ကျွန်တော်က အမှန်ကို A နဲ့ B ပဲရွေးထားပြီး E ကိုမရွေးထားဘူးဆိုရင် ပြည့်စုံမှုမရှိတဲ့အတွက် အမှတ်တစ်မှတ်မှမရပါဘူး…
    နောက်တစ်ခုက အမှတ်ပေါင်း ၇၅ဝ မကျော်ရင် အောင်မှတ်မရဘူးလို့သတ်မှတ်ပါတယ်… တကယ့် Professional စာမေးပွဲပါ… အကန့်အသတ်ဆိုတာ အမှတ်ပေးစည်းမျဉ်းမှာ မရှိသင့်တော့ပါဘူး… ကျောင်းသားတွေအနေနဲ့ လွတ်လပ်စွာတွေးခေါ်ခွင့်၊ ရေးသား ခွင့်ကိုပေးပြီး အမှတ်စစ်သူဆရာဆရာမများအနေနဲ့လဲ အဲဒီလိုရေးသားမှုကို အသိအမှတ်ပြုခြင်းဖြင့် ကျောင်းသာကျောင်းသူများရဲ့ အသိဉာဏ်ကို ပိုမိုရင့်သန်စေချင်ပါတယ်…

    သူကြီးရေ…
    ယဉ်ကျေးမှုကိစ္စကို နောက်ပိုစ့်တစ်ခုအနေနဲ့ဆက်ပြောပါ့မယ်… အကျိုးအကြောင်းတိုက်ဆိုင်ရင်ပေါ့…
    အချက်အလက်စုတုန်းဆိုပါတော့ဗျာ… ဒါပေမယ့် ခေါက်ရိုးကို မီးပူတိုက်… အကွဲကိုအစိမ်းချုပ်ရမယ်ဆိုတော့
    နဲနဲတော့လန့်လန့်ပါဘဲ…
    အရင်ဆုံး စာသင်ခန်းအတွင်းက အာဏာရှင်စနစ်ကို ဖျက်ပြစ်ရမှာပါ…
    လူကို လူလိုသဘောထားဖို့… ဖြူမဲမခွဲဖို့ ကျွန်တော်တို့နိုင်ငံရဲ့ လူမှုအမြင်ကို ပြောင်းပစ်ဖို့အများကြီးကြိုးစားရဦးမှာပါဗျာ…
    လောလောဆယ်တော့ တတ်နိုင်သလောက်အသိထည့်ပေးရင်း မိမိကိုယ်တိုင်အကောင်းဆုံးဖြစ်အောင်ကျင့်ကြံနေတုန်းပါပဲ…

    လေးလေးအောင်ပုရေ…
    ဗုဒ္ဓစာပေတွေကို လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းက သုံးခဲ့တာမို့ Method Update လုပ်သင့်ပြီဖြစ်ပါကြောင်း…

    ဆရာမပြုံးရေ…
    ပညာရေးကောင်းမှ စီးပွားရေးကောင်းမယ်လို့ ကျွန်တော်ကရဲရဲကြီးပြောချင်ပါတယ်…
    ရှိတဲ့ပညာရေးမှာ တွေးတတ်အောင်သင်ရင်… ငွေကြေးအကုန်အကျမများဘဲနဲ့ တိုးတက်လာအောင်လုပ်နိုင်ပါတယ်…
    ပညာခေတ်ကြီးထဲမှာ စာမတတ်ဘဲ စီးပွားရေးကောင်းအောင်လုပ်လို့မရပါဘူး…

    သူငယ်ချင်းကြီးကိုတိုက်ရေ…
    ကျွန်တော်တို့ဖြတ်သန်းရတဲ့ပညာရေးက မကောင်းခဲ့ပါဘူး… ရင်လေးစရာ… အိပ်မက်ဆိုးတွေချည်းပါပဲ…
    ကျွန်တော်တို့ ပြန်လည်မျှဝေတဲ့နေရာကို ရောက်တဲ့အခါမှာ အဲဒီအမှားတွေကို သင်ခန်းစာယူပြီး တစ်နိုင်တစ်ပိုင်ပြင်ဆင်ရင်…
    တစ်ချိန်ချိန်တော့အကောင်းဘက်ကို ဦးတည်သွားမှာပါဗျာ…

    အန်ကယ်ကြီးရေ…
    အခုအချိန်မှာ သိရင်ချက်ချင်းပြင်လိုက်ဖို့လိုပါတယ်…
    အခက်အခဲကို ကြောက်နေလို့မရပါဘူး… လာမယ့်ဘေးရဲရဲပြေးတွေ့ပြီး ဖြေရှင်းရမှာပါ…
    ပြေးတွေ့မယ့်လူတော့ မတွေ့သေးဘူးဗျာ…

    လေးမိုက်ခ်ရေ…
    ကျွန်တော်ဆိုရင် သင်တန်းတက်ပြီးတော့ မိမိကိုယ်ကို Upgrade မလုပ်နိုင်တော့ပေမယ့်
    စာလေးတွေဖတ်ရင်း ခပ်နဲနဲ Upgrade ဖြစ်အောင်တော့ကြိုးစားနေပါတယ်…
    စားဝတ်နေရေးကို ဦးစားပေးရတဲ့အသက်အပိုင်းအခြားမှာ… ဗဟုသုတဆိုတာမျိုး Upgrade လုပ်ရင်း… မိမိရဲ့ Professional ကို Update လုပ်နေပါတယ်…

    ဦးဘလက်ရေ…
    သင်ကြားမှုရပ်တန့်ရတဲ့ အဓိကအကြောင်းအရင်းက Self study အားနည်းတဲ့အပေါ်မှာလဲမူတည်ပါတယ်…
    သင်တန်းသွားတက်မှ သင်ကြားမှုဆက်လုပ်နေတယ်လို့ မဆိုလိုပါဘူးဗျာ… အွန်လိုင်းမှာ စာဖတ်ရင်းလေ့လာနေတာလဲ…
    သင်ကြားမှုလုပ်နေတယ်လို့ဆိုလိုတာပါပဲ… အလုပ်တစ်ခုရလို့ ရှိတဲ့ပညာလေးကို တိုးပွားအောင်မလုပ်ဘဲ မှိန်းစားနေတာမျိုးကို အားမပေးပေမယ့် အပြင်မှာသင်တန်းသွာမတက်နိုင်ရင်တောင် အင်တာနက်ကတဆင့် စာအုပ်တွေကတဆင့် ဆက်လက်လေ့လာ သင်ယူနေမှုမျိုးကို မရပ်တန့်သွားစေချင်ကြောင်းပါခင်ဗျာ…

    မအိရေ…
    ဟုတ်ပါတယ်ဗျာ… ကျွန်တော်ကိုယ်တိုင်လက်တို့ ခံလိုက်ရပြီးမှ ကျွန်တော်လဲပြန်လက်တို့တာပါ…ဟိဟိ

    ညီမလေးမိုးဇက်ရေ…
    အမှန်ပါပဲဗျာ… အမှတ်ပေးစည်းမျဉ်းလေးကို ပြင်လိုက်ရင်…
    ကလေးတွေလဲသက်သာ… ပိုပြီးအဆင့်အတန်းမီတဲ့… အဆင့်အတန်းမြင့်တဲ့… ကလေးတွေဖြစ်စေချင်ပါပြီ…

    ဟူး…. နောက်ဆုံးပြောချင်တာကတော့လေ… မောလိုက်တာ… ဟိဟိ

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • kai

      October 5, 2012 at 2:49 pm

      (မြန်မာတွေရဲ့.. အရိူးစွဲ..အစွန်းနင်းယဉ်ကျေးမှုနဲ့).. ဆရာတွေဖက်ကအလျှော့ပေးလာရင်.. ခေါင်းပေါ်တက် အီအီးပါမယ့်တပည့်တွေ ထွက်လာကြမှာဆိုတော့.. မူရင်းမူလဖြစ်တည်ရာ.. အစွန်းရောက်တဲ့.. ဓလေ့… ယဉ်ကျေးမှုကို.. အမြစ်ကလှန်ပြင်ရမယ်ဖြစ်ကြောင်း.. ဆိုလိုရင်းပါ.. ကိုကိုကြောင်ဝတုတ်ခမြ… :kwi:

      ခေတ်အသိရှိသူ.. တဦးချင်းစီက.. အသိတရားလေးနဲ့ အခုချက်ချင်းထလုပ်လို့ရပါတယ်..
      ဒါမျိုးက.. ကူးစက်လွယ်ပါတယ်..
      – ဝါဝါမြင်တိုင်း.. မကန်တော့ကြေး..
      – စိမ်းစိမ်းမြင်တိုင်း.. အထင်ကြီး၍မဖားရေး..
      – လူကို.. သူ့ရဲ့အရည်အချင်း.. အတွေးအခေါ်.. ကံ(အလုပ်) ကြည့်ပြီး.. သင့်လျှော်တဲ့.. အပြန်အလှန်လေးစားသမှုနဲ့.. ကံကံရဲ့အကျိုးအတိုင်း.. ထိတွေ့ဆက်ဆံရေး…

      • ကြောင်ဝတုတ်

        October 5, 2012 at 4:25 pm

        ဘုရား… ဘုရား… သဂျီးရေ…

        အစွန်းရောက်တဲ့… ဓလေ့… ယဉ်ကျေးမှုကို အမြစ်ကလှန်ပြင်ရမယ်ဆိုပါလား…
        ဝါဝါမြင်တိုင်း… မကန်တော့ကြေး…
        စိမ်းစိမ်းမြင်တိုင်း… အထင်ကြီး၍မဖားရေး…ဆိုပါလား…
        မြန်မာနိုင်ငံသားတွေမှာ လူကိုမလေးစားချင်နေပါ… ယူနီဖောင်းကိုလေးစားပါဆိုတဲ့အတွေးလေးက
        ခေါင်းထဲမှာ ညောင်ပင်ကြီးလောက်ဖြစ်နေတာ…

        အဲဒီအကြောင်းပြောရင်တောင် အရိုင်းအစိုင်းလို့ထင်ချင်နေသေးတာ… အဲလိုပြောမိလို့လဲ…
        အကြွေစေ့နဲ့အပေါက်ခံရတာများပြီ…

        အဲဒီတော့ ထိုထိုအသိရှိသူအချင်းချင်း ထလုပ်ရင်း… အများဆီကိုဦးတည်ရတော့မှာဘဲ…
        အနှစ်တစ်ထောင်ကျိန်စာကို တစ်နှစ်… တစ်ရက်နဲ့တော့ ပြင်မရဘူးထင်ပါတယ်သူကြီးရယ်…

        ခင်မင်လျက်-
        ကြောင်ဝတုတ်

  • Novy

    October 5, 2012 at 3:19 pm

    ကိုယ့်ဘာသာရောင်တင်လိုက်
    စိတ်ဓာတ်ကျသွားလိုက် ပြန်မှိန်သွားလိုက်
    up & down ဖြစ်နေတော့
    င်္fully updated ဖြစ်ဘူးဖြစ်နေပါတယ်

  • Shwe Ei

    October 5, 2012 at 3:27 pm

    အကိုဂျီးချင့် ကျနော်သိသလောက်ပွားပါရစေ။
    ကျနော့်အိမ်မှာ ဆရာမအဘွား ဆရာမ အန်တီအပျိုကြီး တွေများလို့ ဆရာမတွေနဲ့ကြီးပြင်းခဲ့ရသူပါ။
    သူရို့အမြဲတမ်းပြောလေ့ရှိတာက စာကျက် စာကျက် လို့ဘဲပြောတာပါ။ စာဖတ် စာဖတ်လို့မပြောပါဝူး။
    အဖေ နဲ့ အမေက တော့ ဂလိုမဟုတ်ပါဝူး စာဖတ်တာကို အားပေးပါတယ်။ သုတစွယ်စုံ သိပ်ပံဝတ်ထု ရွှေသွေး မက်ဂဇင်း လုံးချင်းဝတ်ထု ဘာလာလာ အကုန်ပေးဖတ်ပါတယ်။ အဲဒီမှာ ကျောင်းစာထဲက မဟုတ်တဲ့ အပြင်ဗဟုသုတကို ကျနော်တို့ကပိုကြိုက်လာပါတယ်။ ဆိုတော့ ကျောင်းမှာသင်တဲ့စာတွေက စိတ်ဝင်စားစရာမကောင်းလို့များလား ဒါမှမဟုတ် သင်ပုံသင်နည်းအချိုးမကျလို့ ဆွဲဆောင်မှုမချိဖစ်နေသလား လို့ စင်းစားမိလာပါတယ်။ ဒါပေမဲ့ ရတန်းလောက်မှာ အဖေတို့ရွာက ကျောင်းမှာပြောင်းတက်ရတော့ မြန်မာစာ ဆရာမက စကားပြေကို ကိုယ်ပိုင်အိုက်ဒီယာနဲ့ချရေးခိုင်းပီး အမှတ်ပေးတာဗျ။ ဘယ်တော့မှ လိုက်ရေး လိုက်မှတ်လို့ မသင်ဝူး မှတ်စုထုတ်မပေးဝူး။ စာစီစာကုံးလဲ ထိုနည်းလည်းကောင်းဘဲ။ ဂလိုသာ ကို့အမှတ်ပေးစည်းမျဉ်းနဲ့ကို သင်ကျမယ်ဆို ဘယ်လောက်ကောင်းမလဲဗျာ။ နောက်ပိုင်း ကို့မြို့ကိုပြန်ရောက်လာပီး စာသင်တော့ အလွတ်ကျက်စနစ်ထဲပြန်ရောက်သွားပြန်ရော။ ထုံးစံအတိုင်း ဘာမသိ ညာမသိ ဆယ်တန်းအောင်လာတယ်ပေါ့ဗျာ။ အီးမေဂျာ က ဆရာတွေ ဆရာမတွေကတော့ စာဖတ်ခိုင်းတယ် ပြန် ဆွေးနွေးတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ စာသင်နှစ်တလျောက်လုံး သင်ပေမဲ့ စာမေးပွဲနီးရင် အလွတ်ကျက်စနစ်ထဲပြန်ရောက်သွားရောဗျ။ ဒါမေး ဒါဖြေ စနစ်က တက္ကသိုလ်ထိချိဒုန်း။ ဆိုတော့ ကျနော့်အမြင်ကို ချုပ်ရရင် ကျောင်းသားတွေကို စာဖတ်ခိုင်းပြီး ကိုယ်ပိုင်အမြင်နဲ့ စာဖြေခိုင်းသင့်ဂျောင်း။ ဆရာ၊မ တွေက မှတ်စုထုတ်ပေးတာမျိုးလုံးဝ မလုပ်သင့်ဂျောင်း ရယ်ဒီမိတ်စနစ်ကိုပြင်သင့်ဂျောင်းပါဗျာ။

    ခင်တဲ့
    ရွှေအိ

  • ကြောင်ဝတုတ်

    October 5, 2012 at 4:49 pm

    မမနိုဗီရေ…

    ကျွန်တော်လဲဖြစ်ဖူးပါတယ်… ဇွဲမလျှော့နဲ့နော်…
    ကိုယ်စိတ်ဝင်စားတဲ့ Subject ဆိုရင်တော့ တိုက်တွန်းစရာမလိုကြိုးစားပြီးသားဖြစ်မှာပါ…

    ညီမလေးရွှေအိရေ…
    တက္ကသိုလ်အကြောင်းပြောရရင် ဘွဲ့လက်မှတ်တွေက Printing Experience နဲ့ပြောရရင် များများရိုက်တော့သက်သာတယ်ထင်ပါ့…
    တစ်နှစ်တစ်နှစ် ဘွဲ့ရတွေကို လှိမ့်ထုတ်လိုက်တာ နောက်ဆုံးအဲလိုဖြစ်သွားတာပါပဲဟာ…
    ရယ်ဒီမိတ်စနစ်ကိုပြင်ကိုပြင်ရမှာပဲကွယ့်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • လယ်ထွန်Z

    October 9, 2012 at 8:22 am

    ရှည်သွားလို့ မမန့်တော့တာ စကား စပ်ဖြစ်လို့ မန့်လိုက်ပြီဗျို့ …
    အချုပ်ကိုပြောရရင်တော့ သည်လို စာမျိုးကိုတော့ …
    ထောက်ခံပါတယ်ဗျို့ ..

    ကဲ စဘီ …

    ချိန်း အအော်ကောင်းလို့ လူကြိုက်နည်းခံထိတဲ့ အထဲ ကျနော်လည်းပါသပေါ့..။
    စာတွေ့ လက်တွေ့ ၂ခုမှာ လက်တွေ့ပိုင်း(ကွန်တက်) ပိုင်း လေ့လာမှု လုံးဝ
    အားနည်းနေတယ်ဗျာ .. အင်ဖရာ မဖွံ့ဖြိုးတာ ကြောင့်လို့ ယေဘူယျ ဆိုနိုင်ပါရဲ့
    (လက်တွေ့ သိပ္ပံခန်းတွေ လေ့လာရေးတွေ မထွက်နိုင်တာ ဆိုပါတော့)

    တကယ်က ဒါက အကြောင်းပြချက်သက်သက်ပါဗျာ .. ချမ်းသာတဲ့ကျောင်းတွေ ရှိပါရဲ့
    ချို့တဲ့တဲ့ ဝေးလံခေါင်သီတဲ့ ကျောင်းတွေ မလုပ် နိုင်တာထား ..အနှီကျောင်းတွေ ဆို လက်တကမ်း
    နဲ့ လုပ်နိုင်မှာလေးတွေ … ဘာကြောင့် မလုပ်သလဲဆို ရှင်းပါတယ်။

    ၁။ အထက်ကချမှတ်ပေးထားတဲ့ သင်ကြားရေး စနစ်မှာ မပါဘူး ။ ဘာ – င်ထယားသလဲ ဖြစ်မယ် ..
    ကွိုင်တက်မယ် .. မလုပ်-မရှုပ်-မပြုတ် ကာလချာနဲ့ ငြိမယ်။
    (သည်ကိစ္စက စနစ်ပြောင်းလို့ ပြောင်းသွားပြီ ဆိုရင် အင်နိုဗေးတစ်ဗ် လုပ်ရပ်တွေ အပြုသဘောဆောင်တဲ့
    လုပ်ဆောင်ချက်တွေကို ခွင့်ပြုလာပြီ ဆိုရင် ပြေလည်သွားနိုင်ရဲ့)
    ဒုတိယအချက်ကို ဆက်ပါမယ်

    ၂။ ဆရာ၊ဆရာမတွေမှာ အချိန် မရှိတာပါ။
    ဟုတ်ပါတယ်။ အတန်းကို စာသင် ..စာမေးပွဲစစ် အမှတ်ခြစ် နဲ့ပဲ အချိန်အား မရှိပါဘူး…။
    ကိုစ့်ပြတ်အောင် မနည်းသင်ရတာ အများအသိပါ။ ဘယ်မလဲ ကျောင်းသားနဲ့ အပြန်အလှန် ဆွေးနွေးတိုင်ပင်ဖို့အချိန်
    ဘယ်မလဲ လက်တွေ့လေ့လာစူးစမ်းဖို့ အချိန်။

    ဒါဟာ အရင်းကို စစ်ရရင်ဖြင့် အစဉ်အဆက် ပညာရေးမြှင့်တင်မှု ဆိုတဲ့
    ရီစရာကောင်းတဲ့ အပေါ်တန်းကစာ အောက်တန်းကို ချသင်မှုကြောင့်ဖြစ်ပါတယ်။
    အလွန်ထူတဲ့ ဖတ်စာအုပ် ကိုင်ထားရတဲ့ ဆရာ ဆရာမတွေ အလွန်သနားဖို့ကောင်းပါတယ်။
    ကျနော် သချင်္ာကိုပဲ ဥပမာ ပြောပါမယ်။ ကယ်ကုလပ်စ် ကို ဆယ်တန်းကို ချပြီး သင်ပါတယ်။
    တြွီဂို နဲ့ ကယ်ကုလပ်စ် ဆိုတာမျိုးဟာ သင်္ချာ နဲ့ ရူပဗေဒ အထူးပြု သမားလောက်သာ သုံးတာဖြစ်ပြီး
    ကျန် ၉၀% ကျော်(အထင်) သော ကျောင်းသားတွေအတွက် တသက်တာ အသုံးမဝင်တော့တဲ့
    မသုံးတော့မယ့် ပညာရပ်တွေပါ။ ဆိုပါစို့ ..ဆယ်တန်း သချင်္ာဘာသာရပ် အတွက် တြီဂို နဲ့ ကယ်ကုလပ်စ်
    အတွက် တခုကို ၁ဝမှတ်ဖိုး ၂ခုပေါင်း အမှတ်၂ဝ စစ်တယ် ဆိုပါစို့ ..။ အနှီ အမှတ် ၂ဝ ဟာ ဆေးတက္ကသိုလ်
    သွားချင်တဲ့ ချာတိတ်တယောက်အတွက် တသက်တာ ဒဏ်ရာပေးနိုင်မယ့် အမှတ်မမီတဲ့ လွဲချော်မှုမျိုး
    ဖြစ်လာစေနိုင်ပါတယ်။ ထိုနည်းတူ ရှေ့နေ၊ တရားသူကြီးအဖြစ် အသက်မွေးချင်တဲ့ ချာတိတ်တို့ ၊ ဘာသာစကား
    တက္ကသိုလ် သွားချင်တဲ့ ချာတိတ်တို့အတွက် ဘဝ လမ်းကြောင်း ရွေးချယ်မှု ကို တားဆီးပိတ်ပင်တဲ့
    ကိစ္စရပ် သက်သက်ရယ်ပါ. …။ ဆိုတော့ အထက်တန်း အဆင့်မှာ ကျောင်းသားကို
    ကိုယ်သွားမယ့် တက္ကသိုလ် နဲ့ လိုက်ပီး ရွေးချယ်ပိုင်ခွင့် များများပေးမှသာ ဇောင်းပေး လေ့လာလိုက်စားမှု
    ကွဲပြားမှာ အားကောင်းစေမှာ ဖြစ်ပါတယ်။ ဆက်ဆွဲရရင် ကိုယ်အသက်မမွေးမယ့် ဘာသာရပ်တွေကို
    မဖြစ်မနေ သင်ကြားလေ့လာရမှု မရှိဘူးဆိုရင် ဖတ်စာအုပ်အထူတွေ ပါးလာပါမယ်။ အချိန် တွေ ထွက်ပေါ်လာပါမယ်။
    အဲ့သည့် အချိန် အလွတ်တွေကို ကိုယ်တကယ် လေ့လာစူးစမ်းတဲ့ ဘာသာရပ်အတွက် အပြန်အလှန် ဆွေးနွေးတိုင်ပင်ဖို့
    လက်တွေ့လေ့လာစူးစမ်းဖို့ အသုံးချနိုင်လာမှာ ဖြစ်ပါတယ်။

    နောက်ထပ် ပြဿနာ တခုကတော့ အထက်က ဆိုခဲ့တဲ့ စာမေးပွဲကိစ္စပါ။ ကျနော် စာသင်သားဘဝမှာ
    တချို့တိုးတက်တဲ့ နိုင်ငံကြီးတွေမှာ စာမေးပွဲ ဘေ့စ်မဟုတ်တဲ့ စနစ်နဲ့ အတန်းတင် ပေးတာ ကြားရတော့
    အလွန် အံ့ဩမိပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်တွေမို့ သူတို့ စနစ် မမှားလောက်ဘူး ဆိုတာလောက်
    တွေးနိုင်ပေမယ့် ကိုယ်တွေဆီမှာ နဲ့ ကွာခြားလို့ ဉာဏ်မမှီအောင် ဖြစ်ခဲ့ရပါတယ်။ တကယ်တော့ စာမေးပွဲ သက်သက်စနစ်ဟာ
    လိုအပ်ချက် ကြီးကြီးမားမား ရှိကို ရှိနေတာပါ။ ပိုဆိုးတာက အလွတ်ကျက် စနစ်ပါ။ ဒါသင် ဒါကျက် ဒါမေး ဒါဖြေဆိုတော့
    အင်နိုဗေးရှင်း အပိုင်းကို ဆိုးရွားစွာ ထိခိုက်နေပါတယ်။ အဲ့သည့်ထက် ပိုဆိုးတာက (ဆယ်တန်းမပါ အငယ်တန်းတွေမှာ)
    လပါတ် စာမေးပွဲတွေ စစ်ပြီး သင်ခန်းစာတွေကို ဖြတ်ထားခဲ့တဲ့ ကိစ္စပါပဲ။ ဖိုင်နယ်လောက်ဆို ဖတ်စာအုပ်ရဲ့
    နောက်ပိုင်း တစ်ခြမ်းစာအတွင်းလောက်က စာပဲ ဖတ်စရာ လိုတော့တာ ဖြစ်ပါတယ်။ တကယ်တမ်း စာမေးပွဲစနစ်
    ကျင့်သုံးမယ်ဆိုရင်တော့ သည်ပုံစံက မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ ဆိုးတာတွေရဲ့ ထိပ်ဆုံး ဖြစ်တဲ့ အဆိုးဆုံး
    ကိစ္စကတော့ ဘယ်နှတန်းအထိ မအောင်မရှိငါ့ဒပိ ဆိုပီး အကျအရှုံးမရှိတဲ့ ကိစ္စပါ။ ကျနော် ငယ်ဘဝမှာ နှစ်ကျ
    သူငယ်ချင်း ၃-၄ယောက် လောက် ဆုံဖူးပါတယ်။ မူလတန်း ၊ အလယ်တန်းတွေမှာ နေမကောင်းလို့ လာမဖြေနိုင်တာ၊
    တကယ်တမ်း အမှတ်၄ဝ မပြည့်လို့ မအောင်တာ ၊ တကယ် နောက်တစ်နှစ် ထပ်နေခိုင်းပြီး ပြန်ကြိုးစားခိုင်းတဲ့ စနစ်
    ကြုံဖူးပါတယ်။ (အဲ့သည့်သူငယ်ချင်းတွေ ထဲကတယောက် ၁ဝတန်းကို အမှတ်ကောင်းကောင်းနဲ့ အောင်လို့
    ဆေးကျောင်းဝင်ခဲ့တဲ့လူ ကြုံဖူးပါတယ်..- စကားချပ်)
    ခုတော့ ခုနှစ် ဘွဲ့ယူမယ့် ကျနော့် ညီတွေ ခေတ် ကတည်းက ၉တန်းအထိ မအောင်မရှိစနစ်ဖြစ်သွားပါပြီ။
    ဘယ့်နှယ့်ကွယ် .. ညံ့ဖျင်းတဲ့ကျောင်းသား မရှိတော့ဘူးလား ..။ ကျရှုံးမှုကို ရင်မဆိုင်ရဲကြတော့ဘူးလား ..။
    ကျောင်းသား (ကျောင်းသားမိဘ)က ရင်မဆိုင်ရဲတာမဟုတ်ဘူးနော .. အနှီ ကျောင်းသားကိုစာသင်ပေးတဲ့လူတွေတောင်
    မဟုတ်.. စာသင်ပေးတဲ့လူတွေကို အုပ်ချုပ်သူလူတန်းစားက ရှုံးနိမ့်မှုကို ရင်မဆိုင်ရဲတဲ့ လူညံ့ တွေမို့ ညံ့ဖျင်းတဲ့ စနစ်ကို
    တင်သွင်းလာတယ် မှတ်ပါတယ်။

    ကြုံလို့ ဖတ်ဖူးတာလေးပြောရရင် ဆြာထူးဆွေအောင်ရဲ့တောကျောင်းဆရာ ဝတ္ထုလေး တစ်ပုဒ်ပါ။ အညာက ဘွဲ့ရလူငယ်
    ၂ယောက် တောဘက်မှာ ကျောင်းဆရာသွားလုပ်တဲ့အကြောင်းလေး..။ အဲ့သည့်မှာ ဘာပါသလဲဆိုတော့ အနှီရွာလေးရဲ့
    တစ်ယောက်တည်းသော ဆယ်တန်းကျောင်းသား (ငှက်ဖျားထင်ရဲ့) ဖျားလို့ စာမေးပွဲလာမဖြေနိုင်လို့ ကျပါသတဲ့..။
    အဲ့ဒါ မြို့နယ်အဆင့်ဆိုလား မှာ အနှီဆြာလေး ၂ယောက် ထုချေလွှာ တင်ရသတဲ့လေ ။ ပါဆင့်တေ့ချ် အရ ၁၀၀% ကျရှုံးတဲ့
    ကျောင်း ဖြစ်လို့တဲ့ ..။ ကောင်းရော ။ဆက်လက် အတွေးပွားရရင် အနှီ မြို့နယ်ကနေ တိုင်းအဆင့် တက်တဲ့အခါ အနှီမြို့နယ်က
    ဆြာသမားလည်း ၁၀၀% ကျရှုံးတဲ့ ကျောင်း ရှိနေတဲ့အတွက် ထပ်ဆင့် ထုချေရမှာဖြစ်ပါတယ်။ ရီရတယ်နော …။
    ပြောင်းပြန်အားဖြင့် အနှီကျောင်းသားသာ ဖြေဆို အောင်မြင်ခဲ့မယ် ဆိုရင် ၁၀၀% အောင်ချက် ဖြစ်လို့ .. သယ်ဟိုးဘားမား
    အောင်ချက်အကောင်းဆုံး ကျောင်း ဖြစ်တော့မှာကိုး ..။ရန်ကုန် မြို့လယ်ခေါင်က ကျောင်းတွေထက်တောင် သာလွန်ပြီး ..
    ထိပ်ဆုံးကိုရောက် .. ကောင်းရောဗျာ .. ကိန်းဂဏန်းအရတော့ ၁ယောက်တည်းသော ကျောင်းသား တဲ့ .. ။ ဒါမျိုးတွေကို
    ရှောင်လွှဲဖို့ အောက်ခြေမှာ မဟုတ်တာလုပ်ကြမယ် အကြံအဖန်ထုကြမယ် ဆိုရင်ဖြင့် ….. အင်း .. ပလုံပြီ ပေါ့ဗျာ..။

    စကားဆက်ရရင် အဲ့လိုနဲ့ အားလုံး ဆယ်တန်းရောက်လာ ကျူရှင် နဲ့ ဂိုက်နဲ့ ဖြစ်လာ …။ ကိုကျော်သိန်း ပိုစ့်ထဲမှာ
    ကိုဆာမိပြောထားတာလေး ဖြတ်ညှပ် ကုတ်ရရင်ဖြင့်

    ၁ဝ တန်းကလေးတွေကိုဇန်နဝါရီလကတည်းက ကျောင်းမတက်ခိုင်းတော ့ဘူး ။

    ကျနော် ဖြတ်သန်းခဲ့တဲ့ အချိန်ကတော့ အောက်တိုဘာကတည်းက ခည…။ နောက်ပိုင်းမှ အတန်းဒန့်စ် ၇၀%
    နဲ့ ပြန်ထိန်းတယ်ထင်တယ် အဲ့လောက်ဖြစ်လာတာ ..။ ဆိုတော့
    ကိုကြောင်ဝတုတ်ပြောသလို

    မနက်မိုးလင်းလို့ (၇)နာရီခွဲတာနဲ့ အိမ်ရှေ့ကျောင်းကားလာခေါ်တာက တစ်နေ့တာကျောင်းသာဘဝစလိုက်တာ ညမိုးချုပ်လို့ (၉)နာရီခွဲ ၊ (၁၀)နာရီကြမှ အိမ်ပြန်ရောက်ရှာတယ်…

    ဖြစ်လာလေသတည်းပေါ့ …။ ကောင်းရောဗျာ …။ တကယ်တတ်သလား ဆိုတော့လည်း မတတ်သူခပ်များများ
    ပညာရေး စနစ် ဆိုပါတော့ …။ သည်လောက် အချိန်ပေး အပတ်တကုတ် အားထုတ်တာတောင် ဘာကြောင့် မတတ်သလဲ
    အန်တီပြုံးပြောတဲ့

    ၁ဝတန်းကျောင်းသား ဟာ မီလီမီတာ မသိတဲ့

    ကိစ္စတွေ ဘာကြောင့်ပေါ်လာပါသလဲ ..။
    စနစ်ကြောင့်ပါဗျို့ …။ အဲ့စနစ်ကို ဖန်တီးတဲ့ လူကြောင့်ပါဗျို့..။

    ဒါသင်-ဒါကျက်-ဒါမေး-ဒါဖြေ စနစ်ကို ကျကျနန ကေ့စ်ကိုင်ပြီး ဝေဖန်ရရင်ဖြင့် ..(ဆဲကြမှာလားကွယ်..)
    ဆယ်တန်း မြန်မာစာ မှာပါတဲ့ စီးချင်းတိုက်ပွဲဗျာ … ဆိုပါတော့ အနှီကိစ္စအကြောင်း သင်သိသမျှ ရေးပါ ဆိုပါစို့။
    ဗညားနွဲ့ကို ရှင်ဘုရင်ဖြစ်ပြီး တဖက်က သာမန် စစ်သည်တစ်ဦးနဲ့ ဝမ်း-ဘိုင်-ဝမ်း စီးချင်းထိုးတာ မိုက်မဲရာကျကြောင်း။
    ရန်သူ့နယ်မြေ (အိမ်ကွင်းမဟုတ်တဲ့ အဝေးကွင်း ကန်ရမှာ) ဖြစ်လို့ ..ပိုမို မိုက်မဲကြောင်း သတ္တိဘယ်လောက်ရှိတယ်
    လက်ရုံးဘယ်လောက် စွမ်းတယ် ပြောပြော မိုက်ရူးရဲဆန်ပြီး ကံကောင်းလို့ (ဗျည်းနွဲ့ ဓားမကျွတ်လို့) နိုုင်တာဖြစ်ကြောင်း
    ထို့ကြောင့် အထင်မကြီးကြောင်း ဗျည်းနွဲ့ ဆိုတဲ့ သူရဲကောင်း ဆိုသူကိုလည်း ဓားလွတ် မဆောင်လို့ ဓား ရယ်ဒီမဖြစ်လို့ ဆိုပြီး
    ဝေဖန်မယ်ဗျာ ..
    လစ်ဘရယ် သဂျီး စကားနဲ့ ပြောရင်တော့ မတူတဲ့အမြင်ပေါ့နော … အဲ့ဒါတွေ ချရေးမိတဲ့ ကျောင်းသား
    ဘာဖြစ်မယ်ထင်သတုန်းဗျာ…။ စာအုပ်ကပေးတဲ့ သတ္တိဘွဲ့ ဘုန်းတော်ဘွဲ့ ကို မဖွဲ့မိရင် အော့ပဂျက်တစ်ဗျူးနဲ့
    ဝေဖန်လေကန်မိရင် … အပြင်စာများများဖတ်တဲ့ကျောင်းသားမျိုး ရာဇဒိရာဇ် အရေးတော်ပုံကျမ်းမျိုး ကိုးကားပြီး
    ဒီဘုရင်ဟာ အမျှော်မြင်နည်းသူပါ ဆိုတာမျိုးတို့ .. ဗျည်းနွဲ့ မည်မျှ သတ္တိရှိရှိ ပုန်စားတဲ့ မြို့စားတယောက်ရဲ့ ကျွန်မို့
    သူပုန်ဟာ သူပုန်ဖြစ်သည် တို့ ရေးမိရင် … အင်း ….။ မှန်တာရေး အမှတ်မရ ဖြစ်ကိန်း။

    ဆိုတော့ အမှတ်ပေးစနစ်ကို ကြီးကြီးမားမားကို ပြင်ရမှာ .. ခုစနစ် ဒါသင်-ဒါကျက်-ဒါမေး-ဒါဖြေ က စဉ်းစားတွေးခေါ်တဲ့အလုပ်
    ဆင်ခြင် သုံးသပ်တဲ့ အလုပ်ရဲ့ သချင်္ ိုင်းကုန်း ၊ ဘယ်လောက် အလွတ်ရနေသလဲ အာဂုံဆောင်နိုင်သလဲကိုပဲ အကဲဖြတ်တဲ့ ကိစ္စကြီး
    ဖြစ်နေတာ ၊ အလွတ်များများရတဲ့လူ ထိပ်ရောက် ဆိုတော့ အဘဖော ကို သတိရလို့ သူပြောသလို ပြောလိုက်ပါ့မယ်။
    စဉ်းစားကြစေချင်တယ်ဗျာ။ မြန်မာစာ နဲ့ အင်္ဂလိပ်စာလိုလစ်ထရေချာတွေမှာ တကယ်တော့ လေ့လာသုံးသပ်မှု စဉ်းစားဆင်ခြင်မှု
    ပါဝင်တဲ့အရာတွေကို သင်ကြားဖို့ ကောင်းပါတယ်။ အထက်ကဥပမာမှာ လစ်ထရေချာ ခေါင်းစဉ်အောက်ကနေ သမိုင်းကို ထည့် သင်တဲ့
    သဘောပါ။ ဟိုဆရာကြီးကတော့ သမိုင်းသင်တာ မ-အ ရအောင် တဲ့ ..။ ခုတော့ ဘုန်းတော်ဘွဲ့ ဖြစ်နေပါပကောလား။

    အင်္ဂလိပ်စာဘက်သွားရရင်တော့ လက်ရှိ သင်ရိုးပါ Reading Article တွေကရော ခေတ်နဲ့ လျှော်ညီပါရဲ့လား …အိုင်းစတိုင်း နယူတန် အစ
    စတီဗင်ဟော့ပ်ကင်း အလယ် စတိဗ်ဂျော့ဘ် ဘီလ်ဂိတ်အဆုံး ကမာ္ဘကြီးကို ပြောင်းလဲခဲ့သူတွေရဲ့ဘိုင်အိုဂရပ်ဖီလေးတွေရော
    မသင်ပေးချင်ကြဘူးလား လို့ မေးချင်မိပါတယ်။ မြန်မာစာနဲ့ သမိုင်း သင်နိုင်တယ်ဆို အင်္ဂလိပ်စာနဲ့ သိပ္ပံကို သင်နိုင်တယ်မဟုတ်ပါလား..
    အတွက်အချက်ဘက် ပြန်သွားရရင်ဖြင့် သင်တဲ့နည်းနဲ့ မတွက်ရင် ၊ တခြားလူ(ဆရာ) ရဲ့ နည်းကိုသုံးရင် အဆင့်ကျော်ရင်
    အမှတ်မရဘူး ဆိုတဲ့ အမှတ်ပေးစနစ် ပိုမိုသဘောထားကြီးလာဖို့ လိုလာပါပြီ။ စာမေးပွဲတွေ မရှိရဘူး မဟုတ်ပါဘူး ရှိပါ။
    အလွတ်မကျက်ရဘူး မဟုတ်ဘူး ကျက်ပါ… အဲ ..အားလုံးတော့မဟုတ်ဘူး ..။
    နောက်ထပ် ပြောချင်တာက
    စာမေးပွဲဆိုလို့ စာမေးပွဲတို့ အခေါင်အချုပ် ဆယ်တန်းစာမေးပွဲ ဆိုတာကြီးက ဘဝကို အဆုံးအဖြတ် အလှည့် အပြောင်း
    ဖြစ်စေတာကြီးကိုလည်း ပြင်စေချင်ပါပြီ။ အထက်တန်းပြီးဆုံးမှု စာမေးပွဲ အဆင့်လောက် လျှော့ချသင့်ပါပြီ။
    သက်ဆိုင်ရာ တက္ကသိုလ်တွေမှာ ဝင်ခွင့်စာမေးပွဲတွေ သီးခြား ကျင်းပပြီးမှ ဝင်ခွင့်ပေးသင့်တာ ကြာပြီဖြစ်ပါတယ်။

    အထက်က ပြောခဲ့တဲ့ ရှုံးနိမ့်မှုကို ရင်မဆိုင်ရဲတဲ့ စိတ်ဓါတ်ကပဲ သည်စနစ်ကို ဆက်လက် ကိုင်စွဲထားပြီး
    Change ဖို့ Update, Upgrade လုပ်ဖို့ ကြောက်ရွံ့ ငြင်းဆန်နေတာဖြစ်ပါတယ်။
    ဘာကြောင့်လည်းဆိုတော့ ခုလို ခွဲတမ်းနဲ့ မဟုတ်ဘဲ ကြိုက်ရာရွေး ဝင်ခွင့်စာမေးပွဲဖြေပြီးမှ ဝင်ကြေးဆို ..
    ပေါ်ပြူလာ လိုင်းတွေမှာသာ လူပြုံတိုးပြီး တချို့သော လူကြိုက်နည်း လိုင်းတွေ ပိတ်ပစ်ရလောက်အောင်
    ကျီးနဲ့ ဖုတ်ဖုတ် ဖြစ်မှာ ဖွင့်လှစ်သင်ကြားဖို့ မဖြစ်အောင် ကျောင်းသားနည်းလွန်းမှာ လက်ခတ်မလွဲပါဘူး။
    ဒါတွေကို စနစ်တကျ ပြင်ဆင်ရမယ့်အစား ဆယ်တန်းအောင်တဲ့အမှတ် ခွဲတမ်းစနစ်နဲ့ ရှောင်ထားတယ် လွှဲထားတယ် မြင်မိရဲ့။

    အွန်လိုင်းကနေ တော်ကီရိုက်ရတာ လွယ်ပါတယ် လျောက် အော်မနေနဲ့ ပြောတဲ့လူလည်း ပြောကြရဲ့ ..။
    မိအေး အော်တာလူသိတယ် မိအေး – င် ဂဏန်းညှပ်တာ လူမသိဘူး ဆိုတဲ့ စကားလေး ကို ကောက်ပြီး ပြောရရင်ဖြင့် ..
    မိအေးကလည်း ဂဏန်းညှပ်တာ ညှပ်ကြောင်း ကျိုးကြောင်းသင့် အော်သင့်ပါတယ်။ ဒါမှ လူသိမှာပါ။ ဘာမှန်းမသိ
    တ-အား-အား အော်နေရင်တော့ .. မဟုတ်သေးဘူး ပြောရပါမယ်။ ကျုပ်သဘောကတော့ ကိုယ့်တိုင်းပြည်အကျိုးပဲဗျာ ။
    ကောင်းအောင်ပြောတာပဲ ပြောပါ ပြောကြပါများများ၊ ကလောင်နဲ့ ပြောပြော ကီးဘုတ်နဲ့ ပြောပြော ပြောနိုင်သလောက် ပြောတာ
    အကောင်းဆုံးပါပဲ။ လွဲနေတာကြီးကိုး … မပြောဘူး ရေငုံနေမယ် ဆိုရင်ကတော့ နာလည်းနာသေး အသံလည်းမထွက်ရဲတဲ့
    မိအေး ဘဝ ကိုရောက်ပါမယ်။ မိအေးတို့က စိတ်ကြီးတယ် … -င် ဂဏန်းညှပ်တာတောင် အသံမထွက်ဘူး .. ခံပလိုက်တယ် အံကြိတ်ပီး
    အဟတ်။

    ပြန်လာပါအုံးမည် … ချိန်း ဆိုတဲ့ စကား ကို ဗဟို ပြုပါမည်။

    • ကြောင်ဝတုတ်

      October 9, 2012 at 2:29 pm

      ဂီဂီရေ…
      ကျုပ်ရဲ့ ပို်စ့်ထက်ရှည်သော ကော်မန့်ကိုပေးတဲ့အပြင်…
      ပညာရေးပြုပြင်ပြောင်းလဲဖို့ ပြတ်ပြတ်သားသားရေးသွားတဲ့သူမို့ ကျေးဇူးအထူးပါဗျာ…

      ပညာရေးအကြောင်းပြောရရင်ဖြင့် ဘွဲ့ရတစ်ယောက်ရဲ့ ကွာလတီကိုထိန်းသင့်ပါပြီ…
      လူ နှစ်သိန်း အထက်တန်းအောင်တိုင်း လူနှစ်သိန်းဘွဲ့ရရမယ်ဆိုတဲ့ ရေဗူးပေါက်တာမလိုချင်ဘူး ရေပါတာပဲလိုချင်တယ်ဆိုတာမျိုး
      အခုအချိန်မှာ Change လုပ်ရပါတော့မယ်…
      တက္ကသိုလ်ဝင်ခွင့်ကို အမှတ်စနစ်နဲ့မဟုတ်တော့ဘဲ ဝင်ခွင့်စာမေးပွဲများကို သေချာဖြေဆိုပြီးတော့ အရည်အချင်းပြည့်မီသူများကိုသာ တက္ကသိုလ်ဝင်ခွင့်ပေးသင့်ပါပြီ…
      လူတိုင်းဘွဲ့တစ်ခုမရမှာကို စိတ်မပူသင့်တော့ပဲ ဘွဲ့ရပြီးမှဘာမှမတတ်တဲ့သူများအဖြစ် ရှက်ဖွယ်လိလိတစ်သက်လုံးရပ်တည်ခွင့်
      မပေးသင့်တော့ပါဘူး…
      မြန်မာစကားမှာရှိပါတယ်… ဘွဲ့ရပညာတတ်တဲ့… ဘွဲ့ရပြီးပညာတတ်မဟုတ်သူများ ယခုထက်များပြားမလာအောင် အစိုးရအနေနဲ့ဂရုစိုက်သင့်ပါတယ်… ပြင်ဆင်သင့်ပါတယ်…

      နောက်တစ်ခုက အလုပ်အကိုင်အခွင့်အလန်းနဲ့ ဆက်စပ်နေတဲ့ အထူးပြုဘာသာရွေးချယ်ရေးစနစ်…
      အလုပ်အကိုင်အခွင့်အလန်းများတဲ့ Subject တွေမှာပဲ ပြုံတိုးနေကြမှာဖြစ်လို့ အလုပ်အကိုင်အခွင့်အလန်းများ ပိုမိုးတိုးတက်လာအောင် ကြိုးစားရပါဦးမယ်…

      အစိုးရကြီးရေ… ခင်ဗျားတို့လုပ်ရမယ့်အလုပ်တွေတော့ တစ်ပုံတစ်ပင်ပဲ… ဒါပေမယ့်ရည်ရှည်နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက်
      လမ်းစများကို စလျှောက်သင့်ပါပြီ… အပေါ်ယံဖွံ့ဖြိုးတိုးတက်မှုတွေနောက်ကိုပဲ ကောက်ကောက်ပါအောင်လိုက်မသွားသင့်တော့ပါဘူး…

      ရန်ကုန်မြို့တော်ကို စင်ကာပူလိုဖြစ်စေမယ်ဆိုတာထက်… ရန်ကုန်တက္ကသိုလ်ကို စင်ကာပူအမျိုးသားတက္ကသိုလ်လိုဖြစ်စေမယ်လို့ အရင်ဆုံးကျွေးကျော်စေချင်ပါတယ်…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

    • အိမ်လွမ်းသူ

      October 9, 2012 at 4:31 pm

      ဂီရဲ့ comment ကိုဖတ်ပြီး ဖတ်မိတဲ့ အိုင်းစတိုင်းရဲ့ အဆိုတခု ကိုသွား သတိရမိတယ်။

      ” never memorize something that you can look up” .. Einstein

      ပြန်ကြည်လို့ ရနှိုင်တဲ့ဟာတွေကို အလွတ်မှတ်မနေပါနဲ့ တဲ့။ …အိုင်းစတိုင်း

  • manawphyulay

    October 9, 2012 at 1:37 pm

    သူပြောမှပဲ Change, Update နဲ့ Upgrade တွေကို အချိန်နဲ့တစ်ပြေးညီ လုပ်ဖို့ လိုက်မမှီမှာစိုးလို့ အကုန်လဲပစ်ရမလို ဖြစ်နေပြီ… ဟင်း……
    အမြန်လုပ်ထားမှ….

    • ကြောင်ဝတုတ်

      October 9, 2012 at 2:32 pm

      မမနောရေ…
      ကျွန်တော်တို့လဲ ကိုယ့်ဟာကိုယ် Update နဲ့ Upgrade နေ့စဉ်လုပ်နေရသူပါ…
      သင်တန်းတက်ပြီး Update မလုပ်နိုင်ပေမယ့် လက်လှမ်းမီရာ Internet ပေါ်ကနေပြီးတော့ Update လုပ်နေရတာပါ…
      အကုန်လုံးလဲပစ်ဖို့မဟုတ်ပါဘူး… ကျွန်တော်တို့ခေါင်းထဲက အစွန်းရောက်နေတဲ့အချို့သောအတွေးတစ်ချို့ကို လွှင့်ပစ်ရင်းနဲ့ ကိုယ့်ဟာကိုယ် Upgrade လုပ်ရမှာပါဗျာ…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • ဦးဦးပါလေရာ

    October 9, 2012 at 8:33 pm

    ပညာရေးနဲ့ သင်ကြားမှု့ကို ပြောင်းလဲမယ်ဆိုရင်
    ပညာသင်ယူမယ့်သူနဲ့ သူ့လက်ဦးဆရာတွေ၊
    သူ့ဘေးဝန်းကျင်က မြင်ဆရာ ကြားဆရာတွေကိုလဲ ပြိုင်တူပြောင်းလဲနို်င်ရင်တော့
    အကောင်းဆုံးဖြစ်မယ်ထင်ပါတယ် ကိုဖက်ကက်ရေ..။

    ဒီလိုပြုပြင်ပြောင်းလဲဘို့ဆိုတဲ့ကိစ္စကြီးဟာ
    လက်ခံလိုက်နာမယ့်လူတွေရဲ့ သဘောထားအပေါ်မူတည်ပြီး
    ခက်ခဲမှု့ဒီကရီချင်း အလွန်ကွာခြားနိုင်ပါတယ်…။
    ဒါကြောင့် မူရင်းလိုအပ်ချက်က လူလက်ခံတဲ့ ခေါင်းဆောင်မှု့
    သို့မဟုတ် လူလက်ခံတဲ့ခေါင်းဆောင် ရဖို့ပဲဖြစ်ပါတယ်။

    ကျုပ်တို့နိုင်ငံရဲ့ ကံဆိုးမှု့များစွာထဲက ကံကောင်းတာလေးတခုကတော့
    ကျုပ်တို့နိုင်ငံမှာ လူလက်ခံမယ့် ခေါင်းဆောင်လောင်း တဦး အသက်ထင်ရှားရှိသေးတာပဲ…
    အင်း…. သူမသေခင် လုပ်စရာတွေလုပ်သွားနိုင်ပါစေလို့သာ…..။

  • MaMa

    October 10, 2012 at 7:58 am

    အိုဘားမားကတော့ Change လို့ပြောပြီး သမ္မတရွေးကောက်ပွဲမှာ အနိုင်ရသွားတယ်။
    မောင်ဝတုတ်ကိုလည်း…. :hee:

  • Thu Wai

    October 10, 2012 at 10:31 am

    သတ်စ် ရိုဒ်

  • အလင်းဆက်

    October 10, 2012 at 8:25 pm

    အထုမှပဲ…
    လာ ဖတ်မိတော့တယ်… ကကြောင်ဝတုတ်….ရေ…

    ဗယာကြော်ပါ ။

  • padonmar

    October 10, 2012 at 11:29 pm

    ဖက်ဖက်ကက်ရေ
    မစတစ်မီက တစ်ခါ ၊စတစ်ပြီးတော့ တစ်ခါ ဝင်မယ်နော်။
    ဒီတစ်ပတ် 7 days ထဲက ဆရာမောင်သာချိုရဲ့ တိုက်စစ်ဆိုတဲ့ ဆောင်းပါးလေး ဒီပို့စ်နဲ့ ကိုက်လို့ ရှာထည့်ပေးချင်တာရှာမရဘူး။
    ဖတ်မိတဲ့သူရှာထည့်ပေးလိုက်ကြပါနော်။
    အကြောင်းအရာက စာမေးပွဲတွေမှာ ဒါကျက်ဒါဖြေ စနစ်ကလွတ်အောင် လုပ်ဖို့ ဆရာ ဆရာမများကလည်း စာအုပ်ကြီးနဲ့ တိုက်စစ်ပြီး တူမှ အမှတ်ပေးတတ်တဲ့ဘဝက လွတ်အောင်လုပ်ဖို့ အကြောင်းပါ။တော်တော်ကောင်းပါတယ်။

  • ကြောင်ဝတုတ်

    October 11, 2012 at 10:46 am

    ဦဦးပါလေရာရေ…
    ပြိုင်တူပြောင်းဖို့ဆိုတာတော့ သိပ်လွယ်တဲ့ကိစ္စမဟုတ်ပေဘူးပေါ့ဗျာ…
    TTC လိုနေရာမှာ နိုင်ငံခြားပြန်အဆင့်မီစာသင်နိုင်တဲ့ဆရာမကြီးတွေရှိပါတယ်…
    အဲဒီကနေပြီးတော့ နောက်မျိုးဆက်သစ်ဆရာဆရာမလေးတွေကို အရင်ဆုံးစပြုပြင်သင့်နေပါပြီ…
    နောက်တစ်ခုက ဦးဦးပါလေရာပြောတဲ့ ခေါင်းဆောင်တစ်ယောက်ပေါ့ဗျာ…
    သူလဲ အသဲအသန် Change လုပ်ဖို့ပြောနေပေမယ့် ပြည်သူတွေထဲကကို Change ရဲ့အနှစ်သာရကို လိပ်ပတ်လည်အောင် နားမလည်လေတော့ ထင်သလောက်မသွားဘူးဖြစ်နေတာပေါ့…
    ကျွန်တော်တို့လဲ လက်လှမ်းမီသလောက် ဖြန့်ဝေပေးရမယ်… အခုခေတ်လူငယ်မျိုးစက်သစ်တွေကြားမှာကိုက
    ရှေးရိုးစွဲကို ယဉ်ကျေးမှုဆိုပြီး မက်မက်မောမောဖက်တွယ်ထားသူတွေရှိနေလို့ပါပဲ…
    သူကြီးပြောတဲ့ အနှစ် (၁၀၀၀)ကျိန်စာပေါ့

    အန်တီမမရေ…
    ကျွန်တော်က ရွေးကောက်ပွဲဝင်မယ့်လူမဟုတ်တော့ ပစ်နေတဲ့အကြွေစေ့တွေကိုပဲ မနည်းရှောင်နေရကြောင်းပါ…

    ကိုသုဝေရေ…
    အားပေးထောက်ခံသွားတဲ့အတွက် ကျေးဇူးပါနော်…

    ကိုအလင်းဆက်ရေ…
    လာရောက်အားပေးသွားတဲ့အတွက် ကျေးဇူးအထူးပါနော်…

    အန်တီပဒုမ္မာရေ…
    ကျွန်တော် အဲဒီဆောင်းပါးလေးကို ပြန်ရှာလိုက်ပါဦးမယ်…
    ရခဲ့သူများရှိရင်လဲ တင်ပေးကြပါဦးနော်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • http://www.maukkha.org/index.php/interview-maukkha/opinion-maukkha/2336-dr-u-thein-education-reform-myanmar

    တကယ်တော့ အဲဒါ မွန်မွန် အကြွေးကျန်နေတာပါ။ အဲဒီဟောပြောပွဲကို ရွာထဲမှာလည်း ဖွပြီး၊ ကိုယ်တိုင်လည်း သွားတက်ပြီး၊ sheet တွေလည်း လက်ထဲကိုင်ထားပြီး စာမရိုက်နိုင်သေးလို့ မတင်ဖြစ်သေးတာပါ။ အခုတော့ ကောင်းသွားတာပေါ့.

    အဲဒီပွဲတုန်းက မွန်မွန်မေးချင်တာ နှစ်ချက်ရှိပါတယ်။ ဒါပေမယ့် ပါမောက္ခကြီးများ၊ ဆရာကြီးများ၊ နောက်ဆုံး ပညာရေးပါရဂူ ဆရာဦးခင်ဇော်တို့ရဲ့ ဆွေးနွေးမှုတွေကြားမှာ မွန်မွန်လို့ ပမွှားလေး ဘယ်လိုမှဝင်လို့မရခဲ့လို့ ပြန်ခဲ့ရတာပါ။

    (၁) ဆရာ၊ ဆရာမတွေကို မွမ်းမံသင်တန်းတွေပို့ချဖို့၊ ပညာတော်သင်တွေလွှတ်ဖို့ ပြောထားပါတယ်။ မွန်မွန်ပြောချင်တာက ရာထူးတိုးသင်တန်းတွေ၊ B.Ed စာမေးပွဲလိုမျိုးတွေမှာတောင် (တိကျတဲ့သတင်းပေးမှုအရ) နီးစပ်ရာအကပ်တွေသာ နေရာရပါတယ်တဲ့။ ဘယ်လိုပဲကြိုးစားပြီး ဖြေနိုင်ပါစေ အချိန်တန်ရင် သူ့ဟာနဲ့သူ ရှိပြီးသားပါတဲ့။
    ဆိုတော့ကာ တကယ်တမ်းပညာတော်သင်တွေ လွှတ်မယ်ဆိုရင် တကယ်အရည်အချင်းရှိတဲ့သူတွေကို လွှတ်ဖို့လိုပါတယ်။ နီးစပ်ရာအကပ်တွေနဲ့သာ လုပ်နေမယ်ဆိုလို့ကတော့ ဘာသင်တန်းကမှ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ အောက်ခြေဝန်ထမ်းတွေကိုပဲ ကြိုးစားခိုင်းနေရုံနဲ့မပြီးဘဲ အထက်ကလူကြီးပိုင်းတွေအနေနဲ့လည်း မှန်ကန်တိကျပြီး တော်တဲ့သူကို တော်သလိုရွေးချယ်ဖို့လိုပါတယ်။

    (၂) ကျောင်းသင်ခန်းစာတွေမှာ နိုင်ငံရေးဗဟုသုတတွေကို ထည့်သွင်းသင်ကြားပေးစေချင်ပါတယ်။ ဗိုလ်ချုပ်တို့ခေတ်က ကျောင်းသားတွေ နိုင်ငံရေးနားလည်နေတာ၊ နိုင်ငံအကျိုးအတွက် ဘာလုပ်ပေးရမလဲဆိုတာ သိနေတာ၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ထက်သန်နေတာတွေကို ဖတ်ရတဲ့အခါ အရမ်းကို အားကျမိပါတယ်။ အခုဆိုရင် မွန်မွန်တို့လို ဘွဲ့ရပြီးတဲ့ကျောင်းသားအားလုံးလိုလိုကို မေးကြည့်မယ်ဆိုရင် ၉၉.၉၉ ရာခိုင်နှုန်းလောက်ဟာ လွှတ်တော်ဆိုတာဘာလဲ၊ လွှတ်တော်ဘယ်နှစ်ရပ်ရှိလဲ၊ လွှတ်တော်မှာဘာတွေလုပ်နေလဲ၊ ရွေးကောက်ပွဲဆိုတာဘာလဲ..အဲဒါတွေကို ဘာမှမသိကြပါဘူး။ သိဖို့လည်း ကြိုးစားရကောင်းမှန်းမသိသလို စိတ်ဝင်စားရကောင်းမှန်းလည်း မသိကြပါဘူး။ မွန်မွန်ကိုယ်တိုင်လည်း သေသေချာချာသိလှတယ် မဟုတ်ပါဘူး။
    ဒီတော့ အရာရာကို စတင်စိတ်ဝင်စားစပြုနေတဲ့ ကျောင်းသားဘဝမှာ နိုင်ငံရေးဆိုတာ၊ နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ဆိုတာတွေကို ထည့်သွင်းသင်ကြားပေးဖို့ လိုတယ်လို့ ထင်ပါတယ်။

    ဒါကြောင့် အရင်ဆုံးအနေနဲ့ စာကလွဲလို့ ဘာမှစိတ်ဝင်စားချိန်မရှိအောင် ပြဌာန်းထားတဲ့ ပြဌာန်းစာအုပ်ပါ သင်ခန်းစာတွေကို ပြင်ဆင်ဖို့လိုမယ်ထင်ပါတယ်။ စာနည်းနည်း၊ လက်တွေ့များများ၊ တီထွင်မှုများများ၊ ဘက်စုံဖွံ့ဖြိုးရေးများများနဲ့ ကျောင်းနေပျော်တဲ့ကျောင်းသားတွေဖြစ်အောင် အရင်ဆုံးလုပ်ပေးရမယ်လို့ မြင်ပါတယ်။
    နောက်ပြီး အရာရာအားလုံးကို တစ်လုံးမကျန်ရေးမှ အမှတ်ရတဲ့စနစ်ကိုလည်း ဖျောက်ပစ်ဖို့လိုပါတယ်။ စာကိုနားလည်ရုံနဲ့ စိတ်ကူးနဲ့ပေါင်းစပ်ရေးသားထားတဲ့စာတွေကို ဆရာတွေဘက်က လက်ခံပေးရပါမယ်။ ဖွံ့ဖြိုးရေးဘာသာတွေဖြစ်တဲ့ စာရိတ္တ၊ ပြည်သူ့နီတိ စတဲ့စာတွေကို ကလေးတွေရဲ့အသိဉာဏ်ထဲ ထည့်ပေးရမယ့်အစား အလွတ်ကျက်ပြီး အဖြေလွှာထဲထည့်ရေးခိုင်းပြီး အမှတ်ပေးနေတဲ့ ဆရာတွေကိုလည်း အံ့ဩမိပါတယ်။

    ဟူး..ပြောချင်တာတွေအများကြီးပဲ..အခုတော့မောသွားပြီ…

    ခင်တဲ့
    လုံမလေးမွန်မွန်

    • ကြောင်ဝတုတ်

      October 11, 2012 at 3:54 pm

      မွန်မွန်ရေ…
      အပြောင်းအလဲ (Change)လို့ ဆိုတဲ့နေရာမှာ အောက်ခြေဝန်ထမ်းတိုးတက်ရေးအတွက် အထက်က Management လုပ်နေတဲ့ လူကြီးတွေအနေနဲ့လဲ ပြောင်းလဲပေးမှဖြစ်မှာပါ…
      သူတို့ကိုယ်တိုင် Upgrade လုပ်ရတော့မယ်… အဲဒီလိုမှမဟုတ်ရင် မိမိထက်ပိုပြီး စွမ်းဆောင်နိုင်မယ့် ငယ်ရွယ်သူတွေကို ကြည်ကြည်ဖြူဖြူနဲ့ နေရာဖယ်ပေးတာမျိုးလုပ်ရပါတော့မယ်… အဲဒီလိုလုပ်ဖို့ သတ္တိတော့လိုသပေါ့ဗျာ…

      နောက်တစ်ခုက သင်ရိုးညွှန်းတန်းမှာ နိုင်ငံရေးရာထည့်သွင်းဖို့ကိစ္စ…
      ကျွန်တော်တစ်ခါတုန်းက ပြောဖူးပါတယ်… ဦးဘလက်ရဲ့ပိုစ့်မှာထင်ပါ့…
      နိုင်ငံရေးကို လူအများမျက်စိကျထောက်ကွက်ဖြစ်လာမှာမို့ နိုင်ငံရေးစာပေ၊ နိုင်ငံရေးအတွေးအခေါ်နဲ့ နိုင်ငံရေးဗဟုသုတကို နိုင်ငံတော်မျိုးဆက်တွေကြားထဲမှာ မျက်ခြေဖြတ်ထားရာကနေ နိုင်ငံရေးအကြောင်းစိတ်မဝင်စားသောသူများ၊ နိုင်ငံရေးကို နားမလည်သောသူများ တစ်နေ့တခြားများလာရာကနေ ယနေ့အခြေအနေအထိဖြစ်သွားရတာပါ…
      အဲဒီတော့ နိုင်ငံရေးကို ထည့်သွင်းဖို့အကြောင်းကတော့ လောလောဆယ်မှာ အစိုးရအနေနဲ့ National Security ကိုထိခိုက်စေသော အကြောင်းအရာဟု သတ်မှတ်ထားသောကြောင့် ယခုထက်ပိုမိုလွတ်လပ်သောအချိန်မှပဲ မျှော်မှန်းနိုင်လိမ့်မယ်လို့ထင်ပါကြောင်း

      ခင်မင်လျက်-
      ကြောင်ဝတုတ်

Leave a Reply