ကားဟောင်းအပ်ရင်ကြုံရတာတွေ

ဦးသုOctober 4, 20121min703

ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ MEC မှ စီမံခန့်ခွဲလျက်ရှိသော ကားဟောင်းများ အပ်ရသည့် သံမဏိစက်ရုံ၏ အကျင့်ပျက်ချစားမှုအကြောင်း

ကျွန်တော်သည် ကားဟောင်းပိုင်ရှင်တစ်ဦးဖြစ်ပါတယ်။ အစိုးရက အခွန်မူဝါဒ ပြင်ဆင်ပြောင်းလဲ သတ်မှတ်ပြီး အခွန်လျော့ချကောက်ခံသည့်အတွက် used car အစားထိုးတင်သွင်းရန် ကျွန်တော့်ကားကို ၅.၇.၂၀၁၂ ရက်နေ့တွင် သွားအပ်ရန် အင်းစိန်ရွာမရှိ သံမဏိစက်ရုံသို့ သွားခဲ့ပါတယ်။ သံမဏိစက်ရုံသို့ရောက်သောအခါ

ကားလာအပ်လာသူများစွာကို တွေ့ရပါတယ်။ လာအပ်တဲ့ လူတွေထဲမှာ ကိုယ်တိုင်ကားလာအပ်သူက (၁၀) ယောက်တွင် (၂) ယောက်သာရှိပြီး (၈) ယောက်မှာ ပွဲစားများသာ ဖြစ်ပါတယ်။ ပွဲစားတွေက ကားအပ်ရန် လေး/ငါးသောင်း ယူပါတယ်။ ၎င်းသံမဏိစက်ရုံတွင် ဝန်ထမ်းများနှင့် ပွဲစားများပေါင်းစားနေသည်ကို တွေ့ခဲ့ရပါတယ်။ ပြည်သူ့ဝန်ထမ်းတွေထဲမှာ အကျင့်ဖျက်ချစားမှုမျိုးတွေ လုံးဝမရှိသင့်တော့ပါ။ ပြည်သူ့ဝန်ထမ်းတွေက မိမိတို့ရဲ့ဝန်ထမ်းကျင့်ဝတ်ကို စောင့်ထိန်းသင့်ပါတယ်။ အကျင့်ပျက်ချစားနေသူများထဲတွင် စက်ရုံလုံခြုံရေးဝန်ထမ်းအချို့အပြင် MEC မှ စစ်သားများ၊ စစ်သားများကို စီမံနေသော ဗိုလ်ကြီးရဲနိုင် ဆိုသူမှာလည်း ပါဝင်နေပါတယ်။ သံမဏိစက်ရုံဂိတ်က လုံခြုံရေးဝန်ထမ်းကို နှစ်သောင်းပေးလျင် တန်းစီစရာမလိုဘဲ တန်းဝင်နိုင်ပါတယ်။ ၎င်း အဖြစ်အပျက်များကို ဗိုလ်ကြီးရဲနိုင်ဆိုသူမှာ သိပါလျက် ခွင့်ပြုထားပါသည်။ ဘာကြောင့်ခွင့်ပြုထားသည်ကို စဉ်းစားကြည့်လျင် သူကိုယ်တိုင် အကျင့်ပျက်ချစားမှု တွင် ပါဝင်ပတ်သက်နေသည်ကို သိနိုင်ပါသည်။ ကျွန်တော် သံမဏိစက်ရုံသို့ ရောက်သောအခါ တန်းစီထားသော ကားတွေရဲ့မှန်ပေါ်တွင် အမှတ်စဉ်နံပါတ်များကို မနက်စောစော၌ တစ်ကြိမ် လိုက်ရေးပါတယ်။ နောက်တစ်ကြိမ်ကို ထမင်းစားပြီးအချိ်န်မှဘဲ လိုက်မှတ်ပါတယ်။ တကယ်ဆို ကားတစ်စီးတိုးတိုင် နံပါတ်စဉ်ကို စောင့်၍လိုက်ရေးသင့်ပါတယ်။ အဲ့ဒိလို နံပါတ်မမှတ်ထားတဲ့ ကားတွေက ကျော်တက်လာပြီး ဂိတ်နားရောက်လာတဲ့အခါကျတော့ ငါ့ကားကေ့ရှက၊သူ့ကားက ေ့ရှကဆိုပြီး အငြင်းပွားမှုတွေ ဖြစ်စေပါတယ်။ ကျွန်တော်စုံစမ်းကြည့်လိုက်တော့ ကားတိုင်းကို နံပါတ်အချိန်ပြည့် လိုက်မမှတ်နိုင်ခြင်းမှာ စက်ရုံဝန်ထမ်း (၇) ယောက်ခန့်သာရှိတယ် ဆိုပြီး အကြောင်းပြပါတယ်။ MEC တွင် ကားဟောင်းအပ်နှံမှုနှင့်ပတ်သက်၍ အဓိကစီမံနေသူ ဗိုလ်ကြီးရဲနိုင် အပါအဝင် အခြားအရာရှိတို့မှာ အောက်တွင်ဖြစ်ပျက်နေသော ဝန်ထမ်းမလုံလောက်မှု ကို အထက်သို့ မတင်ပြပါ။ လူနည်းတော့ ပိုလုပ်စားလို့ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော် သံမဏိစက်ရုံဝင်းအတွင်းသို့ ရောက်သွားသောအခါ စာရင်းသွင်းသူက တစ်ထောင်၊ ခဲခြစ်သူက စာရွက်ဖိုးတစ်ထောင် (ခဲခြစ်သောစာရွက်မှာ ကား chassis အရွယ်သာရှိသည်)၊ စားပွဲတစ်ခုက တစ်ထောင်၊ နောက်စားပွဲတစ်ခုက လဘ္ဘရည်ဖိုး တစ်ထောင်၊ မိတ္တူဖိုး တစ်ထောင် စုစုပေါင်း (၅၀၀၀) ကုန်ပါတယ်။ စားပွဲတစ်ခုတွင် အရုပ်ဆိုးသော မြင်ကွင်းတစ်ခုမှာ စစ်ဦးထုပ်ထဲတွင် ပို်က်ဆံများထည့်ထားခြင်း ဖြစ်ပါတယ်။ တာဝန်ထမ်းဆောင်နေသော ရဲဘော်များမှာ မည်သူနှင့် တူသွားပါသနည်း။ ဌာနအတွင်း ဒီလိုအကျင့်ပျက်ချစားမှုမျိုးရှိနေသည်ကို ပြည်သူတစ်ဦးအနေနဲ့ မလိုလားပါ။ Good Governance, Clean Government ဆိုတဲ့ စကားနဲ့အညီ အကောင်အထည်ေဖော် ဆောင်ရွက်နိုင်ရန်အလို့ငှာ အခုလိုဌာနအတွင်း အကျင့်ပျက်ချစားမှုမျိုးတွေ မရှိသင့်ကြောင်း နိုင်ငံတိုးတက်မှုကို လိုလားသော ပြည်သူတစ်ဦးအနေဖြင့် ရေးသားဖြန့်ဝေခြင်းဖြစ်ပါတယ်။ လွှတ်တော်၌လည်း အကျင့်ပျက်ချစားမှု ပပျောက်ရေး ဥပဒေမူကြမ်းအား ရေးဆွဲပြီးဖြစ်ပါတယ်။
FB မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

3 comments

  • Good™

    October 4, 2012 at 3:53 pm

    ( စားပွဲတစ်ခုတွင် အရုပ်ဆိုးသော မြင်ကွင်းတစ်ခုမှာ စစ်ဦးထုပ်ထဲတွင် ပို်က်ဆံများထည့်ထားခြင်း ဖြစ်ပါတယ်။ )
    အဲဒီဓာတ်ပုံ လေး ရိုက်ယူ လာ ပြီး ပုံ နှင့် တကွ တင်ပေးရမှာ။

  • myohtat

    October 4, 2012 at 6:28 pm

    ဒီ(post)လေးကို … သစ်ထူးလွင်နဲ့ ဒေါက်တာလွမ်းဆွေ မှာတင်ပေးသင့်ပါတယ် ….
    မန္တလေးဂဇက်က .. တာဝန်ရှိတဲ့သူတွေ သိပ်ကြည့်ပုံမပေါ်ဘူး … ဒါမှမဟုတ်ရင် ဂျာနယ်တစောင်မှာ
    ဖေါ်ပြသင့်ပါတယ် … လွတ်လပ်စွာပြောဆိုရေးသားခွင့်ရှိနေပြီလေ … အကျိုးအကြောင်းမှန်ကန်ရင်
    ထည့်ပေးပါတယ် … အခုလိုအကျင့်ပျက်ခြစားတာတွေပိုလို့တောင်ဆိုးနေပြီ …

  • Lwin Aung

    October 5, 2012 at 2:23 am

    Right. It should post to thithtoolwin.com or drlunswe.blogspot.com.

Leave a Reply