နောင်တ

aye.kkOctober 4, 20121min1098

အမှောင်လမ်းထဲ….

မကြောက်ဘဲနဲ ့…

လျောက်ရဲတဲ့ငါ…

မှောက်ရက်လဲမှ၊သတိရ။

“သိတ်မိုက်တဲ့သ္မီးရယ်တဲ့”…

အဖေမသေခင်…

အမေ့ကိုမှာတဲ့သေတမ်းစကား။

ငါ့နားဝမှာ..

ပြန်ကြား…

လမ်းမှားခဲ့တဲ့ငါ..

နောင်တ”ဆိုတာ..

နောင်မှရ၊နောက်ကျပြီဘဲ။။

8 comments

  • pooch

    October 4, 2012 at 5:50 pm

    အဘွားလေး မဆုံးခင် သူ့ရင်ကို စုံကန်သွားတဲ့ သူ့သမီး ( အဒေါ့်ကို) ပြောဖူးတာကတော့ နောင်မှ တမနေရအောင် နောင်တ မရှိအောင် နေကြပေါ့အေဆိုပြီး မျက်ရည်စက်လက်နဲ့ ပြောတာမြင်ဖူးတယ်။

  • Hnin Hnin

    October 4, 2012 at 6:00 pm

    ‘သိပ်မိုက်တဲ့ သမီး’ မျိုးမဖြစ်အောင် နေပါတယ်…
    အန်တီကေ ဆက်ရန်အပိုင်းလေးလည်း ရေးနိုင်ရင် ရေးပါအုံး..
    စောင့်မျှော်နေပါတယ်..နော်…

  • Mobile

    October 4, 2012 at 8:35 pm

    နောင်တ
    တို့ကတော့ တို့ကတော့ တို့ကတော့ ဝေးဝေးကနေဆုတောင်းပေးမယ်
    မင်းဆိုးလို့လွတ်မြောက်နိုင်းပါစေ
    မဟုတ်ပါဘူးဗျာ နောင်တ ဆိုတာဒီလိုပါ
    တကယ်ချစ်ရဲ့လားလို့မေးတုန်းက ယောင်ပြီးခေါင်းညိတ်မိစဉ်မှာ မယုံတဲ့အကြောင်း
    မင်းပြောလို့သွား ယုံရင်ပြီးရောလျှောက်လို့ ပြောမိစဉ်ခဏမှာ
    ကျနော် သတိရ တာကိုရေးလိုက်တာပါ

  • မောင်ပေ

    October 4, 2012 at 8:41 pm

    နောင်တ တဲ့
    တစ်ခါတစ်လေကြတော့လဲ
    နောင်တရ..ရမယ့် ကိစ္စမျိုးမှန်းသိပေမယ့်လဲ
    ပိုးဖလံမျိုး မီးကိုတိုးမိကြတာကလား
    အန်တီအေးရဲ ့

  • အရီးခင်လတ်

    October 5, 2012 at 3:52 am

    မအေးရေ
    စာတွေ မဖတ်ရတာ ကြာပြီ။
    အလုပ်တွေ များနေတယ်ထင်ရဲ့။
    သတိရနေတာ။

    နောင်တ ဆိုတာကတော့ အသက်အရွယ် ပေါ်မှာ ဘဲ မူတည်မယ် ထင်တာပါဘဲ အစ်မအေးရေ။
    ဒီအချိန် အတွေး နဲ့ ငယ်စဉ် အတွေး ဘယ်လိုမှ မတူနိုင်ဘဲ ကိုး။
    ဘယ်သူ့ကိုမှ မထိခိုက် ရင်တော်သေးတယ် ဆိုရမှာဘဲ။
    ရင်တွင်းဖြစ်လေးတွေ သီကုံးပါဦး။ :hee:

  • P chogyi

    October 5, 2012 at 10:28 am

    နောင်တဆိုတာ နောင်မှရတတ်တဲ့အမျိုးပါ။
    အစကတည်းကိုက ဆင်ချင်နိုင်မှ အဆင်ပြေမှာပါ။

  • aye.kk

    October 5, 2012 at 6:31 pm

    pooch,ရေ။
    ပထမဆုံးကွန်မန်းပေးတဲ့သူအဖြစ်
    ကျေးဇူးဦးစွာတင်မိပါတယ်ကွယ်။
    မိဘတွေကမလျောက်သင့်ဘူးထင်တဲ့လမ်းပေါ့နော်။
    ဘာနဲ ့တူသလဲဆိုတဲ့ဥပမာပေးတဲ့အနှိုင်းကတော့။
    အန်တီအတွက်အမှောင်လမ်းဖြစ်တယ်လို ့ယူဆခဲ့ကြပါတယ်။
    အမှောင်လမ်းထဲမှာ။စမ်းတဝါးဝါးနဲ ့လျောက်လှမ်းနေရရင်။ငါ့သ္မီးလေးကတော့ ဘယ်အချိန်မှာဘဲဖြစ်ဖြစ်
    ဒုက္ခတွေ ့နိုင်တယ်။ အန္တရယ်မမြင်ရတဲ့ဆူးငြောင့်ခလုတ်တွေ တိုက်မိနိုင်တယ်ပေါ့နော်။
    အစထဲကိုကအမှန်တရားတွေကွယ်နေတဲ့မှောင်နေတဲ့ခရီးလမ်းထဲကို၊လျောက်လှမ်းသွားတာ အရမ်းကိုမှားတယ်။သချာင်္တွက်စရာမလိုဘူး။သိတ်မိုက်တဲ့သ္မီးပေါ့နော်။
    အဖေပြောတာတွေကအမှန်ပါဘဲ။အမှန်ဆိုတာမရှိတဲ့အရပ်။ အလင်းပျောက်နေတဲ့လမ်းမှာလျောက်မိနေတာ။ကိုယ်ကဘယ်လောက်ပဲမှန်နေပါစေ။
    အမှန်တရားမရှိတဲ့အရပ်မှာ။ အမှန်တရားမဟုတ်တဲ့ကျောက်ခဲတုံးကြီးကို။ ကိုယ်ကမှမမြင်နိုင်တာ။တိုက်မိပြီးမှောက်ရက်လဲတော့မှသာ။သတိရတာ။ အမေကပြန်ပြောပြတယ်။အဖေသေခါနီးမှာအမေ့ကိုစကားတခွန်းနောက်ဆုံးပြောခဲ့နိုင်တာက။ “သိပ်မိုက်တဲ့သ္မီးရယ်”တဲ့လေ။အမေ့ဆီကပြန်ကြားခဲ့ရတာပါ။အဖေပြောတာအရမ်းမှန်နေပါလားဆိုတာ။ အသိကလက်ခံတဲ့အချိန်။အရမ်းကိုနှောင်းသွားပြီ၊နောက်ကျနေပြီ။အချိန်တွေကိုနှမြောလည်း။
    ပြန်ယူလို ့မှမရတော့တာဘဲလေ။။နောင်တဆိုတာပြင်မရတဲ့အရာပါဘဲကွယ်။။
    ———————————————————————————————————————
    Hnin Hnin,ရေ။
    အန်တီ-ဝမ်းသာမိရပါတယ်ကွယ်။
    ဆက်ရန်အပိုင်းလေးရေးထားပြီးနေပါပြီ။တင်လိုက်ပါ့မယ်။။
    ———————————————————————————————————————-
    Mobile,ရေ။
    ကျေးဇူးပါကွယ်။
    မင်းဆိုးကလွတ်မြောက်ဘို ့ဝေးဝေးနေရမှာအမှန်ပါဘဲကွယ်။။
    ———————————————————————————————————————-
    မောင်ပေ,ရေ..။
    ပိုးဖလံတွေကမီးမြင်ရင်မနေနိုင်တဲ့အမျိုးပါ။
    ကိုယ့်သေတွင်းကိုယ်တူးဆိုသလို။ခက်နေတာကအသိပါဘဲကွယ်။
    မဆင်ခြင်ဘဲဇွတ်တိုးမိတော့(အသိမရှိခဲ့တော့)နောင်တနဲ ့အဖော်လုပ်ဇတ်မြုပ်ရတော့တာပါ။။
    ———————————————————————————————————————-
    အရီးလတ်,ရေ။
    ကျေးဇူးပါနော်။
    ရင်တွင်းဖြစ်တွေကတထောင့်တညပုံပြင်လို။
    အချိန်ရရင်ရေးပါ့မယ်။အခုရှေ့သီတင်းပါတ်ထဲတော့၊တရားပတ်ဝင်လိုက်ဦးမယ်။

  • ကြောင်ကြီး

    October 6, 2012 at 9:19 am

    နောင်တ
    မှောင်ပျ
    ညှောင်ရ
    ကြောင်ကျ
    ထောင်ပြ
    ယောင်န
    စောင်မ
    အောင်ပါ့..။

Leave a Reply