• ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကို
  • ယုံပေးပါလို့တော့ မတောင်းဆိုချင်ပေမယ့်
  • ပုံပြင်မဟုတ်ပါဘူးချစ်သူရယ်
  • ချစ်ဦးသူမဖြစ်ခဲ့ပေမယ့် ငါ့ရဲ့ချစ်ခြင်းတွေကတော့
  • နောက်ဆုံးသောသူပါကွယ်
  • စိတ်ညစ်ရင် ဖန်တီးပေးမယ့် ဇာတ်ရုပ်က
  • မင်းလေးအတွက်တော့ လူရွှင်တော်ပေါ့
  • စိတ်တိုလို့ လက်ပါခဲ့ရင်လဲ
  • အပြုံးများနဲ့ဖိတ်ခေါ်နေမယ့်
  • ရင်ခွင်က ငါ့တစ်ယောက်ထဲပါချစ်သူ
  • လွမ်းလို့ကျတဲ့ မျက်ရည်စက်တွေ
  • ကြွေကျလာရင်လဲ ငါ့နှလုံးသားက
  • မြေမှာမခရအောင် ထိန်းသိမ်းပေးထားချင်တယ်တဲ့လေ
  • ငါအမိန့်မပေးပါပဲနှင့် မာနလေးတွေက
  • မင်းလေးရဲ့ အချစ်တွေအောက်မှာ
  • ကျရှုံးခဲ့ပါပြီလေ
  • ငါပျိုးခဲ့တဲ့ အချစ်ပန်းတစ်ပွင့်ကို
  • မင်းလေးရဲ့ ဆံဖျားထက်မှာ ခစားခွင့်လေးရခဲ့ရင်
  • ငါလေ………………………………………
  •                                                                              ပိတောက်မိုး
ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..