အမိန့်

ကာရံOctober 4, 20121min1845
  • ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကို
  • ယုံပေးပါလို့တော့ မတောင်းဆိုချင်ပေမယ့်
  • ပုံပြင်မဟုတ်ပါဘူးချစ်သူရယ်
  • ချစ်ဦးသူမဖြစ်ခဲ့ပေမယ့် ငါ့ရဲ့ချစ်ခြင်းတွေကတော့
  • နောက်ဆုံးသောသူပါကွယ်
  • စိတ်ညစ်ရင် ဖန်တီးပေးမယ့် ဇာတ်ရုပ်က
  • မင်းလေးအတွက်တော့ လူရွှင်တော်ပေါ့
  • စိတ်တိုလို့ လက်ပါခဲ့ရင်လဲ
  • အပြုံးများနဲ့ဖိတ်ခေါ်နေမယ့်
  • ရင်ခွင်က ငါ့တစ်ယောက်ထဲပါချစ်သူ
  • လွမ်းလို့ကျတဲ့ မျက်ရည်စက်တွေ
  • ကြွေကျလာရင်လဲ ငါ့နှလုံးသားက
  • မြေမှာမခရအောင် ထိန်းသိမ်းပေးထားချင်တယ်တဲ့လေ
  • ငါအမိန့်မပေးပါပဲနှင့် မာနလေးတွေက
  • မင်းလေးရဲ့ အချစ်တွေအောက်မှာ
  • ကျရှုံးခဲ့ပါပြီလေ
  • ငါပျိုးခဲ့တဲ့ အချစ်ပန်းတစ်ပွင့်ကို
  • မင်းလေးရဲ့ ဆံဖျားထက်မှာ ခစားခွင့်လေးရခဲ့ရင်
  • ငါလေ………………………………………
  •                                                                              ပိတောက်မိုး

5 comments

  • Mobile

    October 4, 2012 at 7:49 pm

    ခေါင်းစဉ် ကအရမ်းပြန်းထန်လွန်းပေမယ့် ကဗျာစာသားလေးတွေက
    နူးညံညက်ညောမှုရှိပါတယ် ခေါင်းစဉ်ကိုနဲးနဲး ပျော့ပေးလိုက်ရင်
    ပိုမိုကောင်းမွန်သည့်ကဗျာတစ်ပုဒ် ဖြစ်လာမယ်ထင်ပါတယ်။

  • padauk moe

    October 4, 2012 at 9:06 pm

    ကျေးဇူးတင်ပါတယ်ခင်ဗျ

  • ကိုခင်ခ

    October 4, 2012 at 11:05 pm

    ပိတောက်မိုးရေ စာလုံးတွေကို အနက်ရောင်(Bold) လုပ်ပြီးတင်တယ်နော်။
    အတွေ့အကြုံလေးတစ်ခုက အဲဒီလို Bold လုပ်တင်တဲ့စာတွေက တစ်ချို့ဖုန်းနဲ့ဖတ်တဲ့ သူမှာ စာလုံးတွေအစား လေးထောင်တုံးတွေဖြစ်တတ်တယ်၊ ဖုန်းအမျိုးအစားပေါ်တော့ မူတည်မှာပေါ့၊
    အဲဒီကျ ကိုယ့်ပိုစ့်ကို ဖတ်မရတတ်တာဖြစ်လိမ့်မယ်၊ ကိုယ်အဓိကပြောချင်တာလောက်ဘဲ bold တော့ အခြားစာကြောင်းတွေက ဖတ်ရသမို့ မှန်းပြီးဖတ်သွားလို့ရတတ်တာလေ။
    အတွေ့အကြုံလေးကို share လုပ်တာပါ။

  • အလင်းဆက်

    October 5, 2012 at 8:52 pm

    ပိတောက်မိုး….
    ကဗျာရေးတာမှာတော့…
    အလွန်တော်….တယ်….ဟ ။

    အားကျပါဒယ်ရှင့်
    🙂

  • Thu Wai

    October 6, 2012 at 6:05 pm

    အမ် ဘာပြောရမှန်းတောင် မသိတော့ ဘူး
    ကဗျာ ဆိုရင် လဲ tag လေး တော့ထည့်ပေးပါလား အခုတော့ အမိန့်ဆိုလို
    ဘာအမိန့်တွေများ ထပ်ထုတ်လိုက်ပြီလဲ ဆိုပြီး ၁ မိနစ်လေးကျပ် ပေးရတဲ့ ကွန်အစုတ်လေးစီးပြီးလာခဲ့တာ

Leave a Reply