“တောင်သမန်အင်းရဲ့အရှေ့ဖက်ခြမ်းက……………………”

1 တောင်သမန်ကို ရောက်ရောက်ခြင်း ရိုက်လိုက်တဲ့ပုံလေးပါ
2 နေခြည်အပက်က ရွှေရည်စက်တွေနဲ့တူသလိုလို

 

3 ရွှေနေခြည်ကို ကျောခိုင်းပြီးပြန်လာတဲ့ ငှက်ခတ်သမား

 

4 အိမ်ပြန်လာတဲ့ငှက်ကလေး
5 ကမ်းကပ်မယ့် ငှက်
6တောင်သမန်တောင်ဘက်ခြမ်းက တိမ်အလှ

 

7 နေအကျမှာမြင်ရတဲ့ ဦးပိန်တံတားနဲ့လှေငယ်
8 ငှက်နဲ့နေခြည်

 

 

9ရေမြုတ်နေတဲ့လှေကလေး

 

10 လှေကလေးနဲ့ရေလည်ကသစ်ပင်

 

11 ရွှေအိုရောင်အလင်းများကြားက လှေကလေး
12 အိမ်အပြန်

 

13တောက်ပသောအလင်းများအောက်မှလှေငယ်လေးတွေ

 

14 အရှေ့မှအနောက်သို့
15 လှေကလေးနဲ့လည်ရာကနေပြန်လာတာလေ

 

“တောင်သမန်အင်းရဲ့အရှေ့ဖက်ခြမ်းက ………………ံ”

 

ရတနာပုံတက္ကသိုလ်ရဲ့ရှေ့ကဖြတ်ပြီး အနောက်ဘက်လမ်းကလေးအတိုင်းလာခဲ့ကြပါတယ်။

လမ်းကလေးက သစ်ပင်တွေနဲ့အုပ်အုပ်ဆိုင်းဆိုင်း။

အချိုးအကွေ့လေး နှစ်ကွေ့လောက်ကွေ့ပြီးတဲ့အခါ စည်ကားလှတဲ့ဈေးဆိုင်တန်းတွေကိုမြင်ရ။

ကျနော်ဒီနေရာလေးကိုမရောက်တာလေးနှစ်လောက်ရှိပါပြီ။

အရင်က အကြော်ဆိုင်လေးတစ်ဆိုင်နှစ်ဆိုင်နဲ့ချောက်တီးချောက်ချက်။

အခုတော့ အလွန်အမင်းစည်ကား။

ဆိုင်ကပ်အပ်ဘို့ ဆိုင်ကလဲ အဆင်သင့်။

တစ်စီးမှာငါးရာထဲပါ။

ဆိုင်ကယ်အပ်ခကိုဘိုသော့ကပေးလိုက်ပါတယ်။

အနောက်ဘက်တံတားရှိရာကိုဆင်းလိုက်တဲ့အခါရေပြင်ကြီးကိုမြင်ရပါတယ်။

ဟိုအရင်က ကမ်းစပ်မှာထိုင်စားဘူးခဲ့တဲ့အကြော်ဆိုင်လေးတွေလဲရေမြုတ်လို့နေ။

တံတားပေါ်ရောက်ရောက်ခြင်း ရွှေရောင်လက်နေတဲ့ရေပြင်ကို တစ်ချက်ဆွဲလိုက်ပါတယ်။

တံတားပေါ်မှာလူအပြည့်။

ရေထဲမှာတော့ “ငှက်”လေးတွေက လူးလာခတ်။

ကျန်တဲ့အရပ်တွေမှာတော့ လှေလို့ခေါ်ပေမယ့် ဒီအရပ်မှာတော့  “ငှက်”လို့ခေါ်ပါတယ်။

သာမန်လှေတွေနဲ့မတူ လှေဝမ်းက ခပ်ကားကား။

လူတစ်ယောက်ထဲက လှေဝမ်းအလည်ခေါင်မှာရပ်လို့ တက်နှစ်ချောင်းနဲ့တစ်ပြိုင်တည်းလှော်ပါတယ်။

လှေသမှားကိုလဲ ငှက်သမားလို့ခေါ်ပါတယ်။

တံတားပေါ်လဲရောက်သွားရော ဘိုသော့နဲ့ကျနော် တစ်ကွဲတစ်ပြားစီ။

ဦးပိန်တံတားအကွေ့လေးကို လိုချင်တော့ တံတားဘောင်အစွန်းထွက်နေတဲ့နေရာလေးမှာ ခြေတစ်ဖက်တင်

တိုင်လုံးကို လက်ကဖက်လို့အဆန်းထွင်ရိုက်နေတဲ့ကျနော်ကို

“ကိုပေါက်လိမ့်ကျမယ်နော်”လို့စိတ်မချစွာနဲ့လှမ်းအော်တဲ့ဘိုသော့နဲ့ကျနော် သိပ်မကြာခင်မှာ

ကိုယ့်အာရုံနဲ့ကိုယ်တစ်ကွဲတစ်ပြားစီဖြစ်သွားပါတယ်။

တိမ်တွေရိုက်။

ငှက်တွေရိုက်။

တံတားကိုရိုက်။

ရေပြင်မှာနေခြည်အကျကိုရိုက်။

ငှက်အပျော်စီးသူတွေကိုရိုက်။

ရိုက်………ရိုက်…….ရိုက်။

အတော်လေးကြာမှ လူချင်းပြန်ုဆုံ။

တစ်ယောက်နဲ့တစ်ယောက် စိတ်ကျေနပ်စွာရလိုက်တဲ့ပုံလေးတွေကို

ပြန်ပြကြ.။

တစ်ယောက်ရလိုက်တဲ့လှသောပုံကို တစ်ယောက်က မုဒိတာပွားလို့  စိတ်ချမ်းသာခဲ့ရတဲ့ညနေခင်းလေးပါဘဲ။

 

 

ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ

(4-10-2012)

9 comments

  • Thu Wai

    October 15, 2012 at 11:10 am

    2003 လောက်မှာမန်းကို အလည်လာတော့ ရတနာပုံတက္ကသိုလ်နားမှာ ထန်းရည်သောက်တယ် ဦးပိန်တံတားကိုဖြတ်လာပြီး ဒီဘက်မှာ ဝီစကီနဲ့ ငါးကြော်နဲ့ ထပ်ကစ် ပြီးတော့ အမရပူရ က တည်းတဲ့အိမ်ကိုအပြန်မှာ အဲဒီနားက ဆိုင်မှာ ရှက်ကီထပ်ထုပြီး ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့ မန်းတုန်အောင်လမ်းဆုံကနေ ဟစ်ခဲ့ဘူးတယ် အချိန်ရင်တော့ ဆောင်းတွင်းတစ်ခေါက်လောက်လာလည်ချင်သေးသဗျို့

    • ရွှေ ကြည်

      October 15, 2012 at 2:33 pm

      အချုပ်တန်းဆရာဖေ ရောက်နေပါလားဟရို့ :harr:

  • captainamerica

    October 15, 2012 at 12:11 pm

    ထုံးစံအတိုင်းပုံတွေမသာွးဘီ ကိုပေါက်ရေ :kwi:

  • Ma Ei

    October 15, 2012 at 12:19 pm

    ငှက်အပျော်စီးသူတွေကလည်း
    ဓါတ်ပုံရိုက်တာ သဘောကျနေပုံဘဲ…
    ….တံတားဘောင်အစွန်းထွက်နေတဲ့နေရာလေးမှာ ခြေတစ်ဖက်တင်
    တိုင်လုံးကို လက်ကဖက်လို့အဆန်းထွင်ရိုက်နေတဲ့ကျနော်….
    အဲ့ပုံကို ဘိုသော့က ရိုက်ထားရမှာ…

  • ရွှေ ကြည်

    October 15, 2012 at 2:39 pm

    လေးပေါက် အဆန်းထွင်ရိုက်ထားတာ နံပါတ် 7 လား..။
    7 နဲ့ 10 ကိုကြိုက်ဆုံး လှေပေါ်ကကောင်မလေးတွေကချစ်စရာလေးတွေ။
    မောင်ငယ်အံစာ မင်းဖေဂျီးကိုပေါက်က မင်းအတွက်ရှာပေးထားတာလားမသိ :harr:

  • aemoshu

    October 15, 2012 at 5:10 pm

    တောင်သမန်ကို မိုးတွင်းတခါမှမရောက်ဖူးဘူး … အကြော်တဲတွေရေမြုပ်ကုန်တယ်နော် … ၁၃ ကိုကြည့်ရင်းနဲ့ ဘာကိုလွမ်းလို့လွမ်းမိမှန်းကိုသိဘူးလေးပေါက်ရေ ..။

  • ဂန္ဓာရီ ဆြာအုပ်

    October 15, 2012 at 5:55 pm

    ကိုပေါက်ရေ.. ၃ နဲ့ ၁၃ အရမ်းလှတယ်ဗျိူ့.. ပြေးပြီးတောင်ရိုက်ပစ်လိုက်ချင်တယ်ဗျာ..
    ဪ ဒါ့ထက်. ဒီလ ထဲ မန်း ကိုရောက်မလားမသိဘူးဗျ.. ဒီဇင်ဘာ လဲရောက်မယ်.. လာရင်
    ဦးပိန်မှာ ဇိမ်ကျ ကြရအောင် ဗျို့

  • မောင်ပေ

    October 15, 2012 at 9:53 pm

    နံပါတ်၆ ပုံကို ကြိုက်တယ်ဗျို ့
    တောင်းရမယ့် ပုံတွေ များနေပြီ
    ဒါပေမယ့် မတောင်းပါဘူးဗျာ
    ထီပေါက်မှ ဈေးကောင်းပေးဝယ်ပါ့မယ်

Leave a Reply