*** တောင်ကတုံးများ ***

maung khinminOctober 5, 20121min1385

***တောင်ကတုံးများ***

 

 

 

အမှောင်ထဲက ထွက်လာခဲ့တယ်
အရောင်နဲ ့ အဆင်းနဲ ့ အလင်းများ ရမလားလို ့

အမေ့နို ့ရည်လောက်မှ  မျှော်ကိုးဖို ့မကောင်းတဲ့
အယောင်ဆောင်  အနာဂတ်ကိုယ်၌က ….
တစ်တောင်ပြီး   တစ်တောင်    ကြိုးစားတတ်နေရတဲ့  အနေအထား
ငါ့ …. ခြေဖဝါးနှစ်ဖက်    သွေးစက်လက်
ငါ့ …. ဆာလောင်မှုက   တောင်တန်းတွေရဲ့ တစ်ဘက်ဆီ
ကိုယ့်ရာသီဥတု နဲ ့ကိုယ်
နေညိုတစ်လှည့် ၊ ရေစိုတစ်ခါ ….၊

လိမ်ရင်း မာတတ် လာခဲ့ပြီ
စာနာခြင်းဟာ  စာမလာ သတင်းမကြားနဲ ့
သတင်းအမှား တွေ တတ်တတ်လာတဲ့  ဝက်(ဘ်)ပေ့ချ်တွေထဲ
ကဗျာအတွေးဟာ   အဆက်အစပ်မဲ့အလျင်တန်းလို ့ ပါးပါးနပ်နပ်
ခါးခါးသက်သက် ၊ စကားလုံးများက  ဒွေးရောယှက်တင်
အနုပညာကို အချဉ်ဖောက်  ……
ရင်ထဲက  အောင့်အောင့်တတ်လာတယ် ၊

ကရားရေလွှတ်  နိုင်ငံရေးရေစီးကြောင်း အားကောင်းမောင်းသန်
အထုအထောင်းခံ  ကြေးမောင်းလေးနဲ ့   ဈေးရောင်းမကောင်းတဲ့ ဇီးသီးလှည်းလေး
ခေတ်သစ်လူ ့ရွာကြီးထဲက ပန်းချီတစ်ကားတစ်ချပ်
ကျွန်တော် နိုင်ငံရေးသမားပါဆိုတဲ့  တံဆိပ်ကြီးကပ်  ပုံတော်ဖိနပ်စီး  တတ်နင်းတော့ချီးပုံ
ရင်ကော့ထားပုံကဖြင့်  ……..
ကျွန်တော်   မေးငေါ့ပစ်ခဲ့ပါတယ် …၊

အမှောင်ထဲက  အငတ်တွေရေ ….
နေကြဦး …. နေကြပါဦး
ခင်ဗျားတို ့ ပွဲတော်တည်ဖို ့အတွက်   လွှတ်တော်တတ်နေကြပါတယ်ကွဲ ့ (လွှတ် …. တော် တဲ့သူများ)
ခင်ဗျားတို ့  ဝမ်းခေါင်းကြီးထဲ ရထားတွေ ခုတ်မောင်းနေကြတုန်းလား ?
တစ်ကယ်တော့  …………
ကျုပ်တို ့တွေဟာ   အရောင်မပြောင်းတဲ့  ပုတ်သင်တွေပါ ..
ကိုယ့်တောကိုယ် ခုတ်ထွင်ခဲ့ရင်း  အရိပ်မကျတော့တဲ့အထိ
လူပေါ်ကို လူပိနေကြပုံများ ….၊၊။။။။။။

မောင်ခင်မင်(ကျွန်းချောင်း)

၄.၁၀.၂၀၁၂

5 comments

  • kai

    October 5, 2012 at 3:10 pm

    ကဗျာလေးတွေဖတ်ရင်း..
    အတွေးနက်နက်..ချလို့ရတယ်..
    ကြိုက်တယ်ဗျို့..

    • maung khinmin

      October 6, 2012 at 11:11 am

      သဂျီးနဲ ့ …. ကဗျာ
      ကဗျာနဲ ့ …. သဂျီး
      နီးစပ်ခံစား အတွေးပွားစဉ်
      ခင်မင်ကျေနပ် ခံစားတတ်ခဲ့
      သဂျီးရေ ……
      ရေတစ်ခွက်လောက် ကမ်းခဲ့ပါ

  • Good™

    October 5, 2012 at 4:55 pm

    သဂျီး ကြိုက် ရွာကြိုက် ကဗျာလေး လို့ ပြော လိုက် တော့ မယ် နော် သဂျီး။

  • မောင်ပေ

    October 5, 2012 at 9:32 pm

    ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်
    ခဏတအမောဖြေစရာ ကဗျာတစ်ပုဒ်လိုတာပ

    • maung khinmin

      October 6, 2012 at 10:58 am

      အမောပြေစေဖို ့ ….. တစ်ပုဒ်ကဗျာ
      ချိန်ခါမရွေး ဘဝအရေးထဲ
      ခဏတာအမောပြေ စိတ်မှာပေကျံ
      ရင်ခတ်သံဆိုတာ နာကျင်ခံခက်
      သွေးစက်ယိုစီး ရင်ဘတ်ချင်းနီးဖို ့
      ဆြာပေ့ စကား ….. တာသွားလွန်းတယ်ဗျာ

Leave a Reply