1 ရွှေအိုရောင်ညနေခင်း

 

2 ၀င်စညနေခင်းလေးက ဦးပိန်

3 ရွှေအိုရောင် ညနေခင်းမှာမြင်ရတဲ့ ဦးပိန်

4 လှေကလေးတွေ အစီအရီ

5 ငှက်အပျော်စီးကြမယ်

6 အပြာရောင် တောင်သမန်

7 အသွားပါဗျို့……………………………..

8 လွမ်းစရာ ဆည်းဆာရိပ်

9 အရှေ့ဘက်ကမ်းတောင်သမန် ရွာက ဘုရား

 

10 ကိုပေါက်တို့လိုလက်ဆော့သူ

11 ဦးပိန်ကိုနေအခ

12တစ်ကိုယ်တော်လက်ဆော့သူ

 

13 နာမယ်ကျော် တံတားလေးကို ဆော်လိုက်နှက်လိုက်တာလေ

 

14 နေ၀င်ခါနီးမှာ ပိုလှလှ လာသလို

 

15 ကောင်းကင်ပြာအရိပ်က တောင်သမန်ပေါ်မှာ ရေပြင်ပေါ်မှာက ငှက်ကလေးတွေ

 

16 အပြာရောင်တောင်သမန်

17 ပုထိုးတော်ကြီးကို လှမ်းဖူးမြင်ရတာပါ

18 ရွှေအိုရောင်ရေပြင်ပေါ်က ငှက်ကလေးနဲ့ခရီးသည်

20 ကျနော်အကြိုက်ဆုံးပုံလေးပါ

21 အပြန်လမ်းမှာဖူးမြင်ရတဲ့ရေ ထဲကစေတီ

 

“အရှေ့ဘက်ကတောင်သမန်ကိုနုတ်ဆက်ခြင်း ”

 

 

ကျနော်နဲ့ဘိုသော့နှစ်ယောက်သားဓါတ်ပုံတွေရိုက်လို့ မောတော့ အဆောင်လေးတစ်ခုမှာနားကြပါတယ်။

အဲဒီမှာကျနော်က မြောက်ဘက်ခြမ်းက ပုံတွေကိုသွားရိုက်နေတုန်းလှေအုပ်ကြီးရောက်လာပါတယ်။

ကျနော်က တံတားလေးကွေးသွားတာကိုရိုက်ကောင်းနေချိန် ဘိုသော့ကလဲ လှေအုပ်ကြီးကိုအားပါးတရ နှက်နေပါတယ်။

သူလှေတွေရိုက်တာမြင်တော့ တောင်ဘက်ခြမ်းကိုကူးလာပြီးရိုက်ပါတယ်။

အင်းထဲမှာ လှေကလေးတွေက လူးလာခတ်နေပါတယ်။

နို်င်ငံခြားသားတွေလဲ လှေစီးရင်း ကျနော်တို့လိုလက်ဆော့သူတွေ တွေ့ရပါတယ်။

တစ်ချို့ကနှစ်ယောက်တွဲ တစ်ချို့က တစ်ကိုယ်တော်။

လှေတွေကိုရိုက်လို့ကျနော်ကတော့ တံတားကိုပုံစံမျိုးစုံနဲ့လက်ဆော့ဖြစ်ပါတယ်။

ဝင်လုဆဲနေရောင်အောက်မှာ လှပသောအလင်းတန်းများနဲ့ ပုံများစွာကို၇ပါတယ်။

ရိုက်ရင်းရိုက်ရင်းနဲ့ အလင်းက တစထက်တစ ပျောက်လာပါတယ်။

ကျနော်နဲ့ဘိုသော့ တံတားကခွာတော့ အတော်လေးမှောင်နေပါတယ်။

အပြန်လမ်းမှာတော့ စေတီလေးတစ်ဆူ အရိပ်ကျနေတာကိုမြင်တော့ ဆင်းလက်ဆော့ခဲ့ပါသေးတယ်။

ဘာဘဲပြောပြော လှပသော တောင်သမန်ညနေခင်းလိုပ သတ်မှတ်လို့ရနိုင်ပါတယ်.။

ကျေးဇူးပါ ဘိုသော့ရေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

 

ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ

(4-10-2012)

 

 

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1607 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။