တောင်သမန်ညနေခင်းကိုနုတ်ဆက်ခြင်း

1 ရွှေအိုရောင်ညနေခင်း

 

2 ဝင်စညနေခင်းလေးက ဦးပိန်
3 ရွှေအိုရောင် ညနေခင်းမှာမြင်ရတဲ့ ဦးပိန်
4 လှေကလေးတွေ အစီအရီ
5 ငှက်အပျော်စီးကြမယ်
6 အပြာရောင် တောင်သမန်
7 အသွားပါဗျို့……………………………..
8 လွမ်းစရာ ဆည်းဆာရိပ်
9 အရှေ့ဘက်ကမ်းတောင်သမန် ရွာက ဘုရား

 

10 ကိုပေါက်တို့လိုလက်ဆော့သူ
11 ဦးပိန်ကိုနေအခ
12တစ်ကိုယ်တော်လက်ဆော့သူ

 

13 နာမယ်ကျော် တံတားလေးကို ဆော်လိုက်နှက်လိုက်တာလေ

 

14 နေဝင်ခါနီးမှာ ပိုလှလှ လာသလို

 

15 ကောင်းကင်ပြာအရိပ်က တောင်သမန်ပေါ်မှာ ရေပြင်ပေါ်မှာက ငှက်ကလေးတွေ

 

16 အပြာရောင်တောင်သမန်
17 ပုထိုးတော်ကြီးကို လှမ်းဖူးမြင်ရတာပါ
18 ရွှေအိုရောင်ရေပြင်ပေါ်က ငှက်ကလေးနဲ့ခရီးသည်
20 ကျနော်အကြိုက်ဆုံးပုံလေးပါ

21 အပြန်လမ်းမှာဖူးမြင်ရတဲ့ရေ ထဲကစေတီ

 

“အရှေ့ဘက်ကတောင်သမန်ကိုနုတ်ဆက်ခြင်း ”

 

 

ကျနော်နဲ့ဘိုသော့နှစ်ယောက်သားဓါတ်ပုံတွေရိုက်လို့ မောတော့ အဆောင်လေးတစ်ခုမှာနားကြပါတယ်။

အဲဒီမှာကျနော်က မြောက်ဘက်ခြမ်းက ပုံတွေကိုသွားရိုက်နေတုန်းလှေအုပ်ကြီးရောက်လာပါတယ်။

ကျနော်က တံတားလေးကွေးသွားတာကိုရိုက်ကောင်းနေချိန် ဘိုသော့ကလဲ လှေအုပ်ကြီးကိုအားပါးတရ နှက်နေပါတယ်။

သူလှေတွေရိုက်တာမြင်တော့ တောင်ဘက်ခြမ်းကိုကူးလာပြီးရိုက်ပါတယ်။

အင်းထဲမှာ လှေကလေးတွေက လူးလာခတ်နေပါတယ်။

နို်င်ငံခြားသားတွေလဲ လှေစီးရင်း ကျနော်တို့လိုလက်ဆော့သူတွေ တွေ့ရပါတယ်။

တစ်ချို့ကနှစ်ယောက်တွဲ တစ်ချို့က တစ်ကိုယ်တော်။

လှေတွေကိုရိုက်လို့ကျနော်ကတော့ တံတားကိုပုံစံမျိုးစုံနဲ့လက်ဆော့ဖြစ်ပါတယ်။

ဝင်လုဆဲနေရောင်အောက်မှာ လှပသောအလင်းတန်းများနဲ့ ပုံများစွာကိုရပါတယ်။

ရိုက်ရင်းရိုက်ရင်းနဲ့ အလင်းက တစထက်တစ ပျောက်လာပါတယ်။

ကျနော်နဲ့ဘိုသော့ တံတားကခွာတော့ အတော်လေးမှောင်နေပါတယ်။

အပြန်လမ်းမှာတော့ စေတီလေးတစ်ဆူ အရိပ်ကျနေတာကိုမြင်တော့ ဆင်းလက်ဆော့ခဲ့ပါသေးတယ်။

ဘာဘဲပြောပြော လှပသော တောင်သမန်ညနေခင်းလိုပ သတ်မှတ်လို့ရနိုင်ပါတယ်.။

ကျေးဇူးပါ ဘိုသော့ရေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

 

ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ

(4-10-2012)

 

 

 

 

14 comments

  • Hnin Hnin

    October 17, 2012 at 10:17 am

    ရွှေအိုရောင် ပုံတွေက တည်ငြိမ်အေးဆေးတဲ့ ခံစားချက်ကို ပေးတယ်..
    အပြာရောင် ပုံတွေက လွမ်းမောဆွတ်ပျံ့ဖွယ် ခံစားရစေတယ်….
    ဦးပိန်တံတားကြီးမြင်တော့ ၂၀၀၉ သင်္ကြန်တုန်းက ခုရိုက်ခုကူးခုကြည့်ရဓာတ်ပုံ ၁ပုံ ၈၀ဝ
    ၂ပုံ ၁၅၀ဝ ပေးရတာ အမှတ်ရသွားစေတယ်…..
    ‘ရေထဲကစေတီ’ လေးကိုလည်း ကြိုကြိုကြားကြားထဲက လှပအောင် ရိုက်တတ်လေခြင်းရယ်
    လို့ ခံစားသွားပါသည်…..

  • မောင်ပေ

    October 17, 2012 at 10:45 am

    ကိုပေါက်ရေ
    လသာတဲ့ ညတစ်ညမှာ
    ဦးပိန်တံတားပေါ်က အလှတရားများကို သွားခံစားကြည့်ပါလို ့
    အကြံပြုပါရစေဗျို ့

  • Mလုလင်

    October 17, 2012 at 11:13 am

    ကင်မရာ မကိုင်ဖြစ်တာ ကြာပြီ . ဟိုးကျန်ခဲ့တဲ့ Sunday ကတော့ ကင်မရာ ပြန်ကိုင် ပြီး ရိုက်ဖြစ်သေးတော့ …. ကိုယ့်ကိုကိုယ် တောင် သိပ်အားမရ တော့ဘူး ..။

  • kyeemite

    October 17, 2012 at 11:34 am

    ကိုပေါက်ပုံလေးတွေက ထုံးစံအတိုင်း ကောင်းပြီးသားတွေပါ..
    အဲ့ထဲကမှ..ပုံ-၂၁အယူအဆလေးရော ပုံလေးရော သဘောကျသဗျာ…
    နောက် ပုံ-၉ မှာတွေ့ရတာက ရေမြုတ်နေတာလားဗျ…တဲက ခေါင်မိုးပဲပေါ်
    နေတာလားလို့… :bar:

  • Ma Ei

    October 17, 2012 at 11:53 am

    တစ်ကယ်ကို လှပသော တောင်သမန်ညနေခင်းလေးပါဘဲနော်…
    မြန်မာပြည်မှ အလှတရား များကို ဝေမျှနေပါတဲ့ ဓါတ်ပုံဆရာကိုပေါက်ရေ…

  • Novy

    October 17, 2012 at 12:01 pm

    လေးပေါက်ဓာတ်ပုံတွေကိုတွေ့တော့
    တောင်သမန်အင်းနဲ့ဦးပိန်ကိုလွမ်းလိုက်တာ
    ဒီညစစ်ကိုင်းခရီးစဉ်က ရောက်ပြန်ဆိုတော့
    ဦးပိန်ကို ဝင်ပြီးအလွမ်းဖြေနိုင်မယ်မထင်

  • အဲဒီနေ့က ကျနော်နဲ့ကိုစိန်သော့အတူသွားကြတာ
    သူရိုက်ထားတာလေးတွေက ကျနော်ပုံတွေထက်ပိုသေသပ်ပါတယ်။
    မနှင်းရေ
    ရေထဲက စေတီ (21) ကတော့ အပြန်လမ်းမှာ တွေ့တာနဲ့ မှောင်စပြုနေတဲ့အချိန်
    ဆိုင်ကယ်ခဏရပ်ပြီးရိုက်လာတာလေ။
    မောင်ပေ တောင်သမန်ကို လသာတဲ့ဆောင်းညတစ်ရက်အုပ်စုလိုက်သွားမယ်ကွာ။
    လုလင် ဓါတ်ပုံရိုက်ထွက်တိုင်း မင်းကို ငါသတိရပါတယ်၊
    မင်းတို့ နဲ့ပေါင်းလို့ ငါ့ရဲ့ ဓါတ်ပုံအယူအဆတွေပိုကောင်းလာတာလဲအမှန်။
    ဒီအတွက်ကျေးကျေးပါ။
    ကိုမိုက်ရေ တဲခေါင်မိုးလေးတွေက ရေမြုတ်နေတာပါ။
    မယ်အိရေ လှသောနေရာတွေကို ကံကောင်းထောက်မစွာ ကိုပေါက်က ရောက်တော့
    ပုံလှလှလေးတွေ ရသပေါ့
    အားလုံးးကို ကျေးကျေးပါ

  • ဂန္ဓာရီ ဆြာအုပ်

    October 17, 2012 at 6:24 pm

    4,7,16,18 လှတယ်ဗျို့.. လွမ်းစရာကောင်းလိုက်တယ်..

  • garuda

    October 17, 2012 at 7:56 pm

    ဆရာပေါက်များ စိတ်ဝင်စားမလားလို့ပါ။ သူကလည်း မန်းသားပဲ။ ရိုက်ချက်တွေကတော်တော်ကောင်းတယ်။ ဆရာပေါက်နဲ့ဆိုရင်တော့ idea တစ်မျိုးစီကောင်းကြပါတယ်။ တစ်ချို့လည်း ခပ်ဆင်ဆင်ပါ။ သို့သော်… သူကလက်နက်ကြီးတွေသုံးပုံရတယ်။ ပုံတွေက တော်တော် ပြတ်သားရှင်းလင်းတယ် လို့ထင်တယ်။
    https://www.facebook.com/steed.boymdy

    • garudaရေ
      ကျေးဇူးပါခင်ဗျာ
      သူနဲ့ကျနော် အပြင်မှာ နှစ်ကြိမ်တွေ့ပြီးပါပြီ။
      အတူတွဲတော့မရို်က်ဘူးသေးဘူး။
      သူကခေါ်တယ် ကျနော်က မအားတာပါ
      သူ့ဆိုက်မှာလဲ ကျနော်က ဓါတ်ပုံတွေတင်ပေးပါတယ်။
      ဝါသနာတူမိတ်ဆွေတွေ ရင်းရင်းနှီးနှီးပါဘဲ။

  • padonmar

    October 17, 2012 at 8:12 pm

    ကိုပေါက် ရွှေအိုရောင်တွေ ကြိုက်လိုက်တာ.
    ဒါထက် ကိုစိန်သော့ တို့ ရွှေမင်းသားတို့လည်း မမြင်တာကြာပါပေါ့။ဂဇက်ကို လေစိမ်းတွေတိုက်နေကြတယ်လို့ ပြောလိုက်ပါနော်.။
    ကိုစိန်သော့ရဲ့ ဓာတ်ပုံသင်ခန်းစာတွေ ဖတ်ချင်ပါသေးတယ်။

  • ကြောင်ကြီး

    October 18, 2012 at 9:27 am

    တောင်သမန်အင်း
    ကြောင်ရန်ကင်း
    ပြောင်စံမင်း
    ထောင်မာန်ခင်း
    နောင်ဖျံသင်း
    အောင်လှံဝင်း
    ဆောင်ဟန်ရှင်း
    ရောင်ကံလင်း..။

  • လင်းရောင် ကရွှေအိုရောင်
    ရှင်းဆောင် တာက ပုလင်းကိုပြောင်အောင်သောက်
    ဝင်းအောင်ကတော့ ဖျံအကြီးစား
    မာန်ခင်းပြီးထောင်လွားတော့ အားလုံးပြောင်ရော
    ကြောင်ရန်ကင်းခြင်ရင်တော့ တောင်သမန်အင်းမှာ
    မြုံးထောင်လိုက်ရုံဘဲအေ့။

Leave a Reply