ကျိုက်ထီးရိုး ဘုရား တောလမ်း အတွေ့အကြုံ

ဦးသုOctober 5, 20121min23117

ကျိုက်ထီးရိုး ဘုရားဖူး ရာသီရောက်လာလို့ မနှစ်က ကျိုက်ထီးရိုးသွားရင်း ကြုံခဲ့ရတဲ့ အဖြစ်လေးပြောပြချင်လို့ ရေးလိုက်တာပါ။

ကျွန်တော်တို့မိသားစု က ကျိုက်ထီးရိုး ဘုရားဖူး  နှစ်တိုင်းထွက်တယ်။ မနှစ်က တော့ လူတော်တော်များတယ် မိန်းမဖက်က အမျိုးတွေနဲ့ အိမ်နားက ကလေးတွေရော အားလုံး ကလေးလူကြီးစုစုပေါင်း နှစ်ဆယ့်သုံးယောက်ရှိတယ်။ လိုက်ထရပ် တစ်စီး ငှားပြီးသွားကြတာပေါ့ ကင်မွန်းစခန်းလဲ ရောက်ရော ဆီမီး ကိုးထောင်လာကပ်တဲ့ သိမ်ကြီးဈေး အဖွဲ့နဲ့ တိုးပါလေရော။ကျွန်တော်တို့ က  ၃ လပိုင်း ကလေးတွေစာမေးပွဲ ပြီးလို့ လူလဲချောင်တယ်ဆိုပြီးသွားတာ ဟိုကိုလဲရောက်ရော တောင်ပေါ်တက်တဲ့ ကားကို မနည်းလုတက်ရတယ် ။ နောက်ပြီး ကျွန်တော် တို့ အဖွဲ့မှာ အသက် ၈ဝ ရှိတဲ့ အဖွားတစ်ယောက်ပါတော့ ပိုဆိုးတာပေါ့။ အဲဒါနဲ့ ရင်ပြင်တော်ပေါ်ကိုရောက်သွားပါလေရော။

ရောက်တာနဲ့ အထုပ်ချ  တည်းဖို့စုံစမ်းရတာပေါ့ ။ ပထမဆုံး ကျိုက်ထီ်းရိုးကျောင်းတိုက်ကို သွားမေးကြည့်တယ် မရဘူး။ ဆီမီးကိုထောင် အဖွဲ့တွေကို ဦးစားပေးထားလို့။ အဲဒီဆီမီးကိုးထောင် အဖွဲ့က ဟိန်ဒူ တွေဗျ။ ရင်ပြင်တော်ပေါ်မှာ သက်သက်လွတ်ဒံပေါက်တွေ ကျွေး့ပြီးရေသန့်ဗူးတွေ    ဝေပေးသေးတယ်။ ကျွန်တော်တို့ အဖွဲ့က တည်းခိုခန်းရှာမရဘူး ၁ဝ ယောက်ခန်းကို ၈သောင်းတဲ့ နှစ်ည အိပ်ဖို့လာတာ ဆိုတော့ ဘယ်တတ်နိုင်မလဲ အယောက် ၂ဝ ဆိုတော့ ၂ရက်ဆိုရင် ၃ သိန်း ၂ သောင်းကျနေပြီ။ အဲဒီတော့ နောက်ဆုံး မှာ ပေ ၃ဝ တိုးချဲ့ တည်းခိုဆောင်ရဲ့ ရှေ့တံစက်မြိတ် မှာ မွှေးပွကော်ဇော အရှည်ကြီးခင်းပေးတယ် ခေါင်းအုုံးတွေစောင်တွေ ချပေးပြီးခန်းဆီးဆွဲပေးတယ် အယောက်နှစ်ဆယ်ကျော် ချောင်ချောင်ချိချိ တန်းစီ အိပ်ရတယ် တစ်ည ငါးသောင်းပေးရတယ် အိမ်သာရေချိုးခန်း ပေးသုံးတယ်ပေါ့ဗျာ။  သူများတွေကပိုဆိုးတယ် အခန်းမရလို့ ရင်ပြင်ပေါ်မှာဖျာငှားပြီး တန်းစီလို့ ။ နေခင်းဖက်နေပူ ရင် အရိပ်ထဲပြေးခိုကြလို့ တော်တော်လူကြပ်တဲ့ နှစ်ဗျာ ဈေးသည်တွေတောင်တစ်ခါမှ မကြုံဖူးဘူးလို့ ပြောကြတယ်။

အဲဒါတွေထားပါတော့ လိုရင်းက ပြောရရင် ကျွန်တော်တို့ပြန်ဆင်းတော့ ။အမျိုးသမီးတွေ ကို       ကားနဲ့ ဆင်းခိုင်းလိုက်တယ် ကျွန်တော်တို့ယောက်ျားလေးတွေက တောလမ်းကနေလမ်းလျှောက်တယ် ။ ကျွန်တော်ရယ် ကျွန်တော့် ယောက်ဖ အကြီး ရယ်က နောက်ဆုံးကနေ ကလေးတွေ ကျန်ခဲ့မှာစိုးလို့ ထိန်းပြီးလိုက်တယ်။

ရိုင်းသွားရင်တော့ ခွင့်လွှတ်ဗျာ သူတို့ပြောတဲ့အတိုင်းပဲ ရေးလိုက်တယ် အားလုံးသိထားရအောင်လို့ ရေမြောင်ကြီးနားမရောက်ခင်ထမင်းဆိုင် အဲဒီဆိုင်ပြီးရင် ရေမြောင်ကြီးပဲ အဲဒီမှာ ထမင်းဆိုင်ကမိန်းမတစ်ယောက်ထွက်လာပြီးမေးတယ် မောင်လေး အသုတ်စားမလား အဖုတ်စားမလား ။ ဒီမှာ တစ်ရေးဝင်အိပ်သွားလေ အထဲမှာကောင်မလေးတွေ ရှိတယ် တောင်ခြေကိုရောက် ဖို့သိပ်မလိုတော့ဘူး။ တစ်ရေးလောက်ဝင်နားပြီးဆင်း ညနေဆိုရောက်ပြီ ဆိုပြီး ကျွန်တော့်ကိုရော ကျွန်တော့် ယောက်ဖကိုရော မေးတယ်။

အဲဒါနဲ့ ကျွန်တော်တို့ လဲ နေစမ်းပါဗျာဆိုပြီး သူ့လက်ကိုပုတ်ချပြီး အမြန်လျျှောက်လာခဲ့ရတယ်။         ကျိုက်ထီးရိုး ဘုရားကို နှစ်တိုင်း တောလမ်းက တက်ပြီးဖူးနေကျ ပါ။ တောလမ်းက ဆင်းတဲ့နှစ်ကျမှပဲ အဲဒါမျိုး ကြုံဖူးတော့တယ် ။ အရင် ကျွန်တော်တို့ တက်နေကျနှစ်တွေတုန်းက မနက် ၃နာရီ လောက်တက်တာဆိုတော့ သူတို့တွေ အိပ်ကောင်းတုန်းနေလိမ့်မယ်။

ကဲ ဘုရားဖူး ရင်း အကုသိုလ် မများရအောင် တောလမ်းကနေတက်ရင် အဲဒီဆိုင်မှာ မနားကြစေဖို့     သတိပေး မောင်းခတ်လိုက်ပါတယ် ကျိုက်ထီးရိုးဘုရားဖူးရာသီမှာ မိသားစုနဲ့ ပျော်ပျော်ပါးပါးသွားနိုင်ကြပါစေ။

 

17 comments

  • Thu Wai

    October 5, 2012 at 12:13 pm

    ဓာတ်ပုံ လေး တွေပါတင်ပေးမလို့ ကွန် က သိပ် အဆင်မပြေလို့

  • Mon Kit

    October 5, 2012 at 12:21 pm

    အော် … ဒုတ်ခပါဘဲလားး…… 🙁
    တန်ခိုးကြီးဘုရား အရိပ်အောက်မှာနေပီး အကုသိုလ် အလုပ် လုပ်နေတယ်…
    အဝီစိ ဂျိုးကပ်မဲ့သူတွေ နော်……. :chee:

  • ကိုခင်ခ

    October 5, 2012 at 12:36 pm

    ကျွန်တော်တို့တော့ နေ့ချင်းပြန်တက်ဖူးတာဆိုတော့ အတက်ရော အဆင်းရော ကားနဲ့ဘဲဗျာ။

  • aye.kk

    October 5, 2012 at 12:42 pm

    တောပိုင်တောင်ပိုင်မကြိုက်တဲ့အလုပ်ပါ။
    ဒါမျိုးလုပ်စားရင်၊ရှိတဲ့အရင်းပြုတ်မဲ့အပြင်တဆိုင်လုံးမိုးကြိုးပစ်ခံရမှာကြိမ်းသေတယ်။။

    • ဂန္ဓာရီ ဆြာအုပ်

      October 5, 2012 at 6:20 pm

      အမ်.. ဘယ်ကိုလဲ..ရေမြောင်ဂျီးကိုလား..

  • surmi

    October 5, 2012 at 4:04 pm

    ရွွှှေစက်တော်မန်းချောင်းက အလွမ်းရောင်းတဲ ့ကောင်မလေး
    ဆိုတဲ ့ ခေါင်းစဉ်နဲ ့ ဒီလိုခတ်ဆင်ဆင်ရေးဖူးသေးတယ်
    ဘုရားဖူးရာသီမှာနည်းမျိုးစုံနဲ ့ လုပ်စားကြတာပေါ ့
    နေရာတော်တော်များများမလွတ်ပါဘူး

  • ကိုရင်မောင်

    October 5, 2012 at 4:15 pm

    ပြောင်းဖူးဖုတ်တို့ဂဇွန်းဥဖုတ်တို့ကိုပြောတာထင်တယ်…
    ဟားဟား….
    ဒီတောင်ကနတ်ကြီးတယ်ဆို …….
    ငယ်ငယ်ကရောက်ဘူးတယ်
    တောင်ခြေကနတ်ကွန်းမှာတောင်ပေါ်ကိုမြန်မြန်ရောက်ချင်ယင်
    ဆုတောင်းလိုက်..နောက်ကနတ်ကျားလိုက်လာတယ်တောင်ထင်ရတယ်လို့ပြောသံကြားဘူးခဲ့တယ်…
    အယင်ကတော့ကျားဟိန်းသံတောင်ကြားရတယ်ဆိုဘဲ…

  • manawphyulay

    October 5, 2012 at 4:42 pm

    ဘုရားမှာတောင် ဒါမျိုးတွေ ရှိတယ် ဟုတ်လား… တောလမ်းကတော့ တစ်ခါမှ မတက်ဖူးသေးဘူး။

  • uncle gyi

    October 5, 2012 at 4:49 pm

    အရင်တောလမ်းကတက်နေကြတုန်းကဒါမျိုးတွေမရှိပါဖူး
    အခုကားနဲ့တက်ကြတာများတော့
    တောလမ်းလူနဲသွားပြီးအခုလိုဖြစ်ကုန်တာနဲ့တူတယ်
    ဘာပြောပြောမြန်မာမှန်ရင်
    သာသနာနယ်မှာဒီလိုမျိုးမလုပ်သင့်ဖူးထင်တာပါ
    ရှိရင်လည်းဂေါပကကမသိဖူးဆိုတာအတော်ဆိုးပါတယ်
    ရှင်းပစ်ရမှာပါ

  • စိန်ဗိုက်ဗိုက်

    October 5, 2012 at 4:51 pm

    အထဲက ကောင်မလေးတွေက တော်တော်အဖုတ်ကောင်းပုံရတယ်
    အူးပေကတော့ ပြောတယ်
    မတူးအောင် ဖုတ်ရင်တော့ ကြိုက်တယ်တဲ့
    :harr:

    • ဂန္ဓာရီ ဆြာအုပ်

      October 5, 2012 at 6:22 pm

      တူးသွားမှ ပိုမွှေးတာဗျ..

      • မောင်ပေ

        October 5, 2012 at 8:41 pm

        ဟုတ်ပ
        မတူးသေးခင်
        နီနီရဲရဲလေးကင်စားလိုက်ရလို ့ကတော့
        ရှလွတ်

  • Thu Wai

    October 5, 2012 at 8:50 pm

    တော်တော်နောက်တဲ့ လူကြီးတွေ ဦးလေးတို့မယုံရင် တားတားရဲ့ စရိတ်ကိုစိုက်ပေး အဲဒီထမင်းဆိုင်ကို တားတား သေချာမှတ်မိတယ် လိုက်ပို့ပေးမယ်။ဒါပေမယ့် ဘုရားအရင်ဖူးနော် အပြန်မှ လိုက်ပဲပြမှာ ဆိုင်ထဲမဝင်ရဘူး ဆန်ဓကို တိတ်ခါ နဲ့ ထိန်း ဟဲဟဲ…………

  • aung moethu

    October 6, 2012 at 9:31 am

    တစ်နှစ်တစ်ခေါက် ကျိုက်ထီးရိုးဘုရား အမြဲဖူးဖြစ်တယ်ဗျ။ တည်းရင်လည်း ရင်ပြင်ဘေးက နည်းနည်းဆင်းသွားရင် ဝါးတောကျောင်း ဆိုတဲ့ ဘုန်းကြီးကျောင်းမှာ တည်းတယ်။ အရမ်း အဆင်ပြေတယ် အဲသည်ကျောင်းကတော့ သူစိမ်းတော့လက်မခံဘူး အသိနဲ့ သွားတည်းရင်တော့ ရတယ် ဘာမှလည်း ပေးစရာမလိုဘူး။ ရေလည်း အလျှံအပယ်ပဲ။ ကျတော်နှစ်တိုင်း ကျိုက်ထီးရိုးသွားတိုင်း ခြေလျင်တက် ခြေလျင်ဆင်းပဲ ကားနဲ့ဆို ကြောက်လို့ ဆိုက်ကိုလည်း ပါတာပေါ့။ ဒါမယ့် အဲလိုမျိုးတော့ ကျတော် မတွေ့ခဲ့ဘူးဗျ။ မကြုံလို့လည်း နေမှာပေါ့နော်….။ ကျတော်တို့က အတက်ဆို ည 1နာရီ လောက်ကတည်းက တက်တာလေ။ အဆင်းဆိုလည်း မနက်အစောကြီး ဆင်းတာဆိုတော့လည်း မကြုံတာဖြစ်ပါလိမ့်မယ်။

  • ဂန္ဓာရီ ဆြာအုပ်

    October 6, 2012 at 4:23 pm

    သတိမမူဂူမမြင်ဆိုတာပေါ့.. ကို Thu Wai ကတော့ သတိမူလွန်းလို့ ဂုူကြီးဝင်ကျူံးမိတော့မလို့.. ဟီဟိ

  • အလင်းဆက်

    October 6, 2012 at 10:08 pm

    ဟိုက်…..

    ဖရဲမ ….. ဆို..ဘယ်လို…ပြန်ပြောမလဲ..မသိဘူး ။
    ဟိုလိုကြိး.ေ.မးရင်ပြောပါဒယ်…
    🙂

Leave a Reply