ရွာထဲက ရှေ့နေဆိုရင် ဖတ်ပေးပါနော် (Urgent)

DavitOctober 5, 20121min41054

ဖြစ်ပုံကတော့ ဒီလိုပါရယ်ဗျာ….

 

ကျွန်တော်တို့ရပ်ကွက်ထဲမှာ ကိုယ်ခင်မင်ရာလူအချင်းချင်း ပိုက်ဆံမဲ(10ရက်တစ်ခါယူပေါ့ဗျာ) ဆုကြပါတယ်။ အဲ့ဒိမှာ မဲကိုင်တဲ့သူက 2လလောက်ပဲရှိသေးတယ်….မဲတွေကိုမလျော်တော့တဲ့အတွက်ကြောင့်မို့လို့ ရပ်ကွက်ရုံးကိုတိုင်ပါတယ်။ ရပ်ကွက်ရုံးကခေါ်ရှင်းတော့ သူတို့ပြန်လျော်ရမှာ ၁၃သိန်းခွဲကို တစ်ဝက်ပဲပြန်လျော်ပါ့မယ်။ ကျန်တစ်ဝက်ကိုလုံးမမလျော်နိုင်ပါဘူး။ သူတို့မှာအလုပ်မရှိလို့ပါဆိုပြီးပြောတယ်ဗျာ။ ပြီးတော့ အဲ့ဒိပြန်လျော်မဲ့ တစ်ဝက် (၆သိန်းခွဲ) ကိုလည်း တစ်လကို ၅ သောင်းနှုန်းနဲ့ပဲပြန်လျော်ပါ့မယ်ဆိုပြီး လုပ်ပါတယ်။ အဲ့ဒိလိုညှိတော့ ဘယ်သူမှ မကျေနပ်ကြပဲနဲ့ တရားဆွဲမယ်လုပ်ကြပါတယ်။

နောက်ထပ်တစ်ခုရှိသေးတာက သူတို့က ပိုက်ဆံတွေလည်း အတိုးနဲ့ချေးထားသေးပါတယ်။ အဲ့ဒိချေးထားတဲ့ ငွေက သိန်း ၃၀ လောက်ရှိတယ်ဗျ။(အားပါးပါး….မနည်းဘူးနော်) စာချုပ်နဲ့လည်းမဟုတ်ပါဘူး။ ယုံကြည့်မှုနဲ့ ချေးယူထားတာပါ။ အဲ့ဒိချေးထားတဲ့ပိုက်ဆံ သိန်း ၃ဝ ကို ဘယ်လိုပြန်ဆပ်မလဲဆိုပြီး ရပ်ကွက်ဥက္ကဌ ရှေ့မှာပြောတော့ လုံးဝ ကိုပြန်မဆပ်ပါတော့ဘူးတဲ့ ….. လုပ်ချင်တာလုပ်ပါဆိုပြီးပြောပါတယ်။ ချေးထားတဲ့သူတွေကလည်း စာချုပ်မရှိဘူးဆိုတော့ လုံးဝ ရှုံးပီနဲ့တူပါတယ်(အမှုလုပ်ရင်လည်း)။

နောက်တစ်ခုက သူတို့ကပဲ အဒေါ်ကြီးတစ်ယောက်ဆီကနေ နားကပ်ကို ယူပြီးပေါင်ထားသေးတယ်ဗျာ။ ဘောက်ချာတော့ပြန်ပေးတယ်။ အဲ့ဒါကိုလည်း ပြန်မရွေးပေးနိုင်တော့ဘူးတဲ့။ (ရှင်းထှာနော်)

 

သူတို့က ရပ်ကွက်ရုံးမှာ လာရှင်းတော့ သူတို့က သူတို့ယူထားတာတွေကိုတော့ မငြင်းဘူးဗျ။ ဝန်ခံထားတယ်။ ပြန်မပေးဘူးဆိုတာပဲပြောတာပါ။ သူတို့နဲ့ရှင်းတုန်းက ကျွန်တော်လည်း အသံသွင်းထားတဲ့ ဖိုင်တော့ရှိပါတယ်။ ရပ်ကွက်ဥက္ကဌကလည်း တရားဆွဲချင်တယ်ဆိုရင် သူရုံးမှာ ထွက်ဆိုထားတဲ့ ထွက်ဆိုချက်တွေကို အထောက်အထားလုပ်ပေးပါ့မယ်လို့ပြောပါတယ်(စာချုပ်မရှိတော့လေ)

 

အဲ့ဒါ ကျွန်တော်ဒေးဗစ်က ရွာသားတွေထဲမှာ ရှေ့နေ ရှိရင် အကူအညီများရမလားဆိုပြီး တောင်းကြည့်တာပါ။ (အကူအညီဆိုရင်လည်း ကူညီပေးတဲ့ရှေ့နေကို သူများတွေပုံမှန်အတိုင်း ဉာဏ်ပူဇော်ခ ဆိုမလား …. (ကျွန်တော်ဒေးဗစ်မပြောတတ်လို့မှားရင်ခွင့်လွှတ်ပါဗျာ) အဲ့ဒါကို ပူဇော်ပေးမှာပါ။ ဘယ်အရာမှ အလကားမရဘူးဆို ကျွန်တော် နားလည်ပါတယ်ခင်ဗျာ။ ကူညီပေးရင်ပဲ ကျေးဇူးတင်နေပါပြီ

အကြံဉာဏ်ပေးနိုင်တဲ့သူဆိုရင် ကျွန်တော့်ကို ဖုန်းနံပါတ်လေးပေးပါနော်။ ကျွန်တော်ပြန်ဆက်ပေးပါ့မယ်။

ကျွန်တော့် Mail က davit.chelsea@gmail.com ပါဗျာ…………..

 

ချစ်တဲ့

ဗစ်ဗစ်

54 comments

  • Davit

    October 5, 2012 at 12:53 pm

    တစ်ကယ်လို့ ရှေ့နေငှားရမယ်ဆိုရင်လည်း ငှားပါ့မယ်ဗျာ….ပိုက်ဆံပြန်လိုချင်လို့မဟုတ်ပါဘူး…သူတို့ကို တရားစွဲချင်လို့ပါ….ပိုက်ဆံပြန်မရရင်နေပါစေ………….. ကူညီပေးကြပါနော်…. 🙁

    • P chogyi

      October 6, 2012 at 11:06 am

      ရပ်ကွက်ရုံးမှာ ထွက်ဆိုထားတာ သက်သေရှိရင်
      တရားစွဲလိုရပါတယ်။
      လိမ်လည်မှု၊ ယုံကြည်စွာအပ်နှံခြင်းအား အလွဲသုံးစားမှု နှစ်မှုနဲ့ စွဲနိုင်ပါတယ်။

  • Davit

    October 5, 2012 at 1:09 pm

    အွန်………..ဘယ်ဒူမှလည်း လာဘူး……..ဟင့်…..

  • ရွှေ ကြည်

    October 5, 2012 at 1:09 pm

    အယ် ဘယ်လိုပတ်သက်မှုတွေလဲတော့မသိ..။ တော်တော်လေးတော့ဗြောင်ကျတာပဲ။
    ဒီရွာထဲမှာ ရှမ်းပြည်သား ဆိုလား တောပုန်းကြီးဆိုလား သူကတော့ရှေ့နေလားမသိ ဟိ သေချာတယ်နော်။
    မိရွှေကြည်ကတော့ဘာမှမသိ..။

    • Davit

      October 5, 2012 at 1:15 pm

      ဗြောင်ကတော့ ကျလိုက်တာ ရှင်းရောဗျာ……ယူပါတယ်…မပေးနိုင်ပါဘူးတဲ့………တွားပြီ 🙁

    • လယ်ထွန်Z

      October 5, 2012 at 1:15 pm

      ဟုတ်တယ်ဗျ အဲ့သည့် ဆြာ ရှိတယ်
      နာမည်ကတော့ ရှမ်းပြည်သား(တောင်ပိုင်း) (ဝါ) တောပုန်းကြီး (ဝါ) မိုင်ဆွန်ခ (ဝါ) စော်ဘွားလေး ဘာ ဆိုလားပဲ..

      ကျနော်ကတော့ မရွှေကြည် ပြောသလို ရှေ့နေပညာ မတတ်ပါ …..ဗျာ..
      ပြောရရင်တော့ အဲ့လောက် အခွက်ပြောင်လွန်းတဲ့ လူကိုတော့ စွဲဖြစ်အောင် စွဲစေချင်တယ်ဗျာ ..တရား

      ပုံ

      Inz@ghi (ဝါ) ဒဿဖွတ်ကျား (ဝါ) ဖားသက်ပြင်း (ဝါ) လယ်ထွန်Z (ဝါ) Chavez (ဝါ) ပိုးစိုးပက်စက် မျက်ရည် (ဝါ) Munez (ဝါ) Azzurri (ဝါ) ..(ဝါ) .(ဝါ)

      • Davit

        October 5, 2012 at 1:36 pm

        ကိုဂီရေ….အဲ့ဒိဆရာရဲ့ ဖုန်းနံပါတ်ကို mail ထဲပို့ပေးနိုင်လားဟင် (သူ့ကိုအရင်ဖုန်းဆက်ပေးပြီး ရရင်ပို့ပေးနော်)

  • Good™

    October 5, 2012 at 1:45 pm

    ရှေ့ နေ မဟုတ်ပေ မဲ့ ဖတ်သွားတယ်။
    စု မဲ ဆို တာ မဲက ကိုယ့် ဖက်ပါရင် စောစော သုံးရပြီး သူများဘက်ပါ ရင် ကိုယ် နောက် ကျ မှ သုံးရ တာပဲ ရှိ တယ်။ ငွေ ပမာဏ က ဒါ့ အပြင် ဒါပဲ ဆို တော့ ကိုယ့် ကို ကိုယ် ယုံ ရင် စုဘူးလေးထဲ ထည့် ပြီး အတိုင်းအတာ တခု ရပြီ ဆို တာ နဲ့ လုပ်ချင် တာ လေး လုပ် လိုက် တာပို ကောင်း တယ် ထင်တယ်။
    တချို့ စုမဲ စု တာ တွေ့ တယ်၊ ပေးရမဲ့ ရက် မပေးနိုင်၊ နေ့ပြန် တိုး တွေ ယူ၊ အတိုးပေါ် အတိုးဆင့် လို့ ပိုပြီး ဆိုး တာ တွေ တွေ့ ဖူးတယ်။

    • Davit

      October 5, 2012 at 1:50 pm

      တိပါဘီဂျာ….တားမှားမှန်းတိသွားပါဘီ…….ဟင့်….

  • ပန်းစံပါယ်

    October 5, 2012 at 1:52 pm

    အဲဒီလိုစုမဲဆိုတာတွေ လုပ်ရင်း ငွေဆုံးရှုံးမှုဖြစ်တာကိုကြားရတာ တော်တော်များပါတယ်။ အဲဒီကိစ္စအတွက် တရားဥဒေဘောင်ကနေ တစ်ခုခုတော့ လုပ်လို့ရသင့်တယ်ထင်ပါတယ်။ ဒါမှလည်း နောက်နောင် အဲဒီလိုလုပ်စားတတ်တဲ့လူမျိုးတွေ လုပ်ရပ်တွေအတွက် အဟန့်အတားဖြစ်မယ်ထင်ပါတယ်။

    မနေနိုင်လို့ တစ်ခုတော့ပြောလိုက်ဦးမယ် အရင်းစစ်လိုက်တော့ အန္တရာယ်ကိုမမြင်တတ်တဲ့ မိမိရဲ့လောဘကြောင့် ဖြစ်ရတယ်လို့ပဲ ယူဆမိပါတယ်။

    • Davit

      October 5, 2012 at 1:55 pm

      အမ်…..လောဘတဲ့…..တေပါပြီဗျာ…..စုမဲဆိုတာလည်း ပိုက်ဆံတစ်ပြားမှအပိုမရပါဘူး….ချေးတယ်ဆိုတာလည်း အတိုးနှုန်းက ရွှေ့တိုးလောက်နဲ့ ခင်မင်မှုကြောင့်ချေးတာပါ….. 🙁 (ဘာပဲပြောပြော ဝင်ဖက်ပေးလို့ ကျေးဇူးပါ) 🙂

      • ပန်းစံပါယ်

        October 5, 2012 at 2:30 pm

        ပိုပြီးရလာတာမဟုတ်ပေမယ့် လူ ဆယ်ယောက်၊ တစ်ယောက် တစ်သောင်းစီ စုတယ်ဆိုပါတော့ (တစ်ချို့တစ်လ တစ်လ သိန်းဂဏာန်းနဲ့လုပ်ကြတယ်လို့ကြားပါတယ်)။ မိမိက ပထမဦးဆုံးလမှာ ရရင် တစ်လတည်းနဲ့ မိမိလက်ထဲ ငွေ တစ်သိန်းရောက်လာတာပါ။ ဒုတိယဆိုရင်လည်း ၂လနဲ့ ရတယ်ပေါ့။ (အဲဒီလိုရတော့ တစ်ချို့လည်း အဲဒါကို ထပ်ပွားအောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့လုပ်ကြတယ်ပေါ့)။ ကိုယ့်ဘာသာပဲ လစဉ် တစ်လ တစ်သောင်းစုနေမယ်ဆိုရင် ဆယ်လကြာမှ လက်ထဲမှာ ငွေ တစ်သိန်းဖြစ်လာမှာပါ။ စုမဲဆိုတော့ ကံကောင်းလို့ အစောပိုင်းရရင် အချိန်တိုလေးအတွင်းမှာ ငွေ တစ်သိန်းရမယ်ဆိုတဲ့အတွေး(သူများငွေတွေအတိုးမပေးရပဲ အလကားရတယ်ဆိုတဲ့အတွေး)၊ အဲဒီရချင်တဲ့လောဘက ကံမကောင်းရင် ဆုံးရှုံးနိုင်တယ်ဆိုတဲ့ အန္တရာယ်ကို မမြင်နိုင်တာကို ဆိုလိုတာပါ။

  • Thu Wai

    October 5, 2012 at 1:55 pm

    ဒီလို “ဖတ်” ခိုင်းတာကိုး ဟိုလို “ဖက်” ခို်င်းတယ် မှတ်နေတာ တကယ်တော့ မဲစုတယ်ဆိုတာ မတွက်မချက်တတ်ပဲ နံပါတ် ၂ တို့ ၃ တို့ ပေါက် ရင် ကြိုသုံးထားလို့ ရတယ်ဆိုတဲ့ အတွေးနဲ့ လုပ်နေကြတာပါ။ ၁ ကတော့ မဲကိုင်တဲ့သူ ယူသွားတာကိုး ။ သေချာစဉ်းစားကြည့်ပါ ဘဏ်မှာ အပ်ထားလို့ရှိရင် အတိုးလဲ တက်တယ် စိတ်လဲချရတယ် ပျောက်သွားမှာလဲ မပူရဘူး။ ဘဏ်တွေ ဒီလောက်ပေါနေတာကို။ မဲစုတယ် ဆိုတာ ဘာအာမခံချက်မှမရဘူး ။ ဘာစာချုပ်မှလဲ မရှိဘူး။
    အဲဒီတော့ ကျွန်တော်က စုလဲမစု ဘူး။ အဲဒီလိုလဲ မခံရဘူးတော့ မပြောတတ် ပါဘူးဗျာ။

  • kai

    October 5, 2012 at 2:06 pm

    ယူအက်စ်မှာတော့.. ကရက်ဒစ်ကဒ်ကနေငွေချေးလို့ရတယ်..
    ငွေချေးပြီး.. ပြန်မဆပ်နိုင်ရင်.. ငွေချေးတဲ့ကရပ်ဒစ်ကဒ်ကုပ္မဏီက.. ကော်လက်ရှင်အေဂျင်စီဆိုတဲ့.. လူမိုက်အနုစားတွေလက်ထဲအပ်ပြီး.. ငွေတောင်းကြတယ်..
    အဲဒီမှာ အရေးကြီးတာက..” ချေးထားတဲ့ငွေကို ဆပ်ပါမယ်.. ငွေရှိရင်ဆပ်ကိုဆပ်ပါမယ်”ပြောရတာပဲ..
    ငွေကို ချေးထားပြီး.. “မဆပ်နိုင်ဘူးဟေ့”ဆိုရင်.. အမှုရှုံးတယ်ပြောကြတယ်…
    ရှုံးတော့ထောင်ကျမှာပေါ့..
    “ဆပ်ပါမယ်…ဆပ်ပါမယ်”.. အော်နေ.. ဘယ်သူကမှ.. ဘာမှလုပ်မရဘူး.. ဆိုပါတယ်..

    ကြားဖူးတာလေး… ဗဟုသုတအတွက်ပါ…

    ကျုပ်သာ..ရန်ကုန်မှာ အကြံပေးရမယ်ဆိုလို့ရှိရင်.. အခုလိုအမှုကို.. လူမိုက်လက်ထဲအပ်ပါမယ်..
    လူမိုက်ဆိုတာက.. ရဲဖြစ်ချင်ဖြစ်မယ်.. နယ်ထိန်းဖြစ်ချင်ဖြစ်မယ်..။ စစ်တပ်ကဗိုလ်မှုးဖြစ်ချင်ဖြစ်မယ်..။ အက်စ်ဘီကဖြစ်ချင်ဖြစ်မယ်..( ဟူး.. လူမိုက်ဂိုဏ်းတွေတယ်ပေါသကိုး)
    ရငွေရဲ့တဝက်ပေးမယ်ပြောလိုက်မယ်… :kwi:
    ဒါမျိုးက.. တရားစွဲနေရင် အချိန်ကုန်.. လူပန်းပြီး.. တရားသူကြီးစားသွားမှာပဲလေ…

    • မောင်ပေ

      October 5, 2012 at 8:36 pm

      ဒီနေရာမှာတော့
      သဂျီး နဲ ့ဆန္ဒထပ်တူပါပဲ
      သမ္မတကြီး ဦးသိန်းစိန် စတက်လာကတဲက ၊ ထောင်ထဲက 109/110 ဂျပိုး ၊ လူမိုက်တွေ အများကြီး ပြန်ထွက်လာပါတယ် ။ သတ်ခိုင်းမလား ၊ ကျိုးရုံ ကန်းရုံတင်လား ၊ ဘယ်နှစ်ချက် ချုပ် အတိအကျ လဲ
      အာလကေ ပါးပါးသုံးရုံနဲ ့တင်
      အကျိုးဆက်ကို စောင့်ကြည့်နေရုံပါပဲ
      ဟီဟိ

      • kai

        October 5, 2012 at 11:16 pm

        ဟင့်..
        ကိုရင်ကစပြောတာနဲ့.. ကျိုးမယ်ကန်းမယ်ဆိုတာကြီး..
        လူတယောက်က.. လူတယောက်ကို.. ဘယ်အကြောင်းနဲ့မှ ကိုယ်ခန္ဓာထိခိုက်အောင် လုပ်ခွင့် rights မရှိပါဘူးနော..

        ကျုပ်ပြောတဲ့လူမိုက်အနုစားသဘောက.. လူကို ထိခိုက်စေလို့မရပါကြောင်းနဲ့.. လူကိုမထိပဲ.. ငွေရအောင်တောင်းတဲ့.. အဖွဲ့အစည်းပုံစံ မြန်မာပြည်မှာလိုနေပြီထင်ပါကြောင်း.. ဖွဲ့ကြစေချင်ကြောင်း.. အောက်မှာ.. ကော်လက်ရှင်အေဂျင်စီ(အနုလူမိုက်အဖွဲ့) အကြောင်း.. ဖတ်ကြည့်စေချင်ကြောင်း….

        http://en.wikipedia.org/wiki/Collection_agency
        http://www.forbes.com/sites/insidearm/2011/06/08/do-you-know-what-a-collection-agency-does/

  • Davit

    October 5, 2012 at 2:28 pm

    ဟုတ်ပါ့ဦးခိုင်ရယ်…… တရားမမှုနဲ့စွဲရင်တဲ့…ပိုက်ဆံတော့ပြန်ရမယ်…ဒါပေမဲ့ အရမ်းကြာမယ်တဲ့…ငွေကုန်လူပန်းမယ်တဲ့…. ဒါကြောင့်တရားမမှုနဲ့ မစွဲချင်ပဲ ရာဇဝတ်မှု 420/406 နဲ့စွဲချင်လို့ပါ……

  • သိသလောက်ပြောပေးပါမယ်။
    (1) စုမဲဆိုတာ တရားဝင်မဟုတ်တဲ့အတွက် ဘာမှလုပ်လို့မရပါဘူး။
    (2) ငွေတိုးချေးထားတာပြန်မပေးလို့ တရားသွားစွဲရင် ပြန်ရတာ မရတာနောက်ထား
    ငွေတိုးချေးတဲ့လူတောင် အမူ့ပြန်ပါတ်သွားနိုင်ပါတယ်။
    (အရပ်သားက ငွေတိုးပေးစားလို့မရဘူး)
    (3) လူတစ်ယောက်က သူငွေယူထားတာမှန်ပါတယ်လို့ ဝန်ခံပြီးရင်
    ရယူလိုမူ့နဲ့သာစွဲလို့ရမယ်။
    နို်င်သွားပြန်ရင်လဲ ဘယ်လိုပြန်ဆပ်ပါမယ်ဆိုပြီးထပ်ညှိနို်င်းရမယ်။
    လုပ်နိုင်တာ ဒါဘဲ။
    အဲတော့ လူအတော်များများက သူများပိုက်ဆံကိုချေးတယ် ခဏယူတယ် ကုန်ပစ္စည်းကိုအကြွေးဝယ် ပြန်မပေးဘူး။
    တောင်းတဲ့အခါ ယူထားတာမှန်ပါတယ်ပေးစရာရှိတာမှန်ပါတယ် မပြေလည်လို့မပေးနိုင်လို့ပါဆိုရင် ဇာတ်လမ်းကပြီးသလောက်ဖြစ်သွားပြီ။
    ဒီလို ပေါ့ပေါ့လေးပြီးသွားတော့လူလိမ်တွေများသထက်များလာတယ်။
    သူများဟာလွယ်လွယ်ယူပြီးပြန်မပေးတော့ဘူး။
    ကျနော်က ဥပဒေပညာရှင်မဟုတ်တော့ အတိအကျတော့မပြောနိုင်ဘူး။
    သေချာတာကတော့ အဲလိုဖြစ်ရှင် ငွေလွန်ထားတဲ့သူသာ ဆုံးရှုံးတာပိုများပါတယ်။
    ခံရပေါင်းတော့များခဲ့ပါပြီ။
    တရားစွဲတော့လဲ အချိန်တွေအများကြီးကုန် ငွေတွေအများကြီးကုန်ပါတယ်။
    တရားစွဲမယ်လို့ ပြင်ဆင်ပြိဆိုကတည်း က ကိုယ့်ဘက်က အရင် စကုန်တာပါဘဲ။
    အဲတော့အပြင်မှာသာ ညှိနိုင်းပါ။
    သူကြီးပြောသလို လူမိုက်ငှားလိုက်လို့ကတော့
    အခုချိန်မျိုးမှာ ငွေရှိသူက အနိုင်ကျင့်ပါတယ်ဆိုပြီး ဘာမသိညာမသိနဲ့ ဝိုင်းအာမယ့်ကောင်တွေက တစ်ပုံကြီးနော်။
    သတိထား။

    • kai

      October 5, 2012 at 3:05 pm

      အခုချိန်မျိုးမှာ ငွေရှိသူက အနိုင်ကျင့်ပါတယ်ဆိုပြီး ဘာမသိညာမသိနဲ့ ဝိုင်းအာမယ့်ကောင်တွေက တစ်ပုံကြီးနော်။
      သတိထား။

      အဲဒီသတိပေးစာလေးဖတ်ပြီး.. မြန်မာပြည်ရဲ့မကြာတော့တဲ့ အနာဂတ်.. ဖြတ်ကနဲ့မြင်မိသလိုပဲ..
      သမိုင်းဘီးတပါတ်လည်ပြီလား.. ရယ်…။

      ‘History repeats itself because nobody listens’

    • ဇောက် ထိုး

      October 5, 2012 at 9:14 pm

      ဦးပေါက်ရေ…ဗဟုသုတ ရလိုက်တာဗျာ…ကျေးဇူးပဲ… မှတ်သားလောက်ပါတယ်….

  • Davit

    October 5, 2012 at 2:33 pm

    ကျေးဇူးတင်တယ် ကိုပေါက်ရယ်….

    နာ့ပိုက်ဆံလေးတွေ ဆုံးပြီ………… သဂျီးရယ်….တနားရင် ပွိုင့် တွေ 10 ဆလောက်တိုးပေးနော်….နော်…သဂျီး……

    (စိတ်ညစ်လိုက်တာနော်…. 🙁 )

  • စိန်ဗိုက်ဗိုက်

    October 5, 2012 at 2:38 pm

    သေပါပြီကွာ..ဗျစ်ကြီးရာ..
    ဘီအီးဖိုးမရှိလို ့ ပိုက်ဆံလာချီးပါမယ်ဆိုမှ ဒီပို ့စ်ကို တင်ရသလားကွာ..
    မိုက်လိုက်လေ ဗျစ်ကြီးရာ..မိုက်လိုက်လေ..

    ရွာထဲက ဆရာထက်ဝေးတို ့လဲ နားလည်မယ်ထင်တယ်ဗျ
    သိတဲ့လူတွေ ကူညီပေးလိုက်ကြပါဦး

  • Davit

    October 5, 2012 at 2:51 pm

    ဟုတ်တယ်ကိုဗိုက်ရယ်…..အနော့်မှာ ပိုက်ဆံလေးရရင် တပ်မတောခန်းမမှာ ဒီနေ့မှစပြတဲ့ Japan Trade Show မှာ Yamaha အီးဒရမ်လေးဝယ်မလို့…..ခုတော့ ………….. 🙁

    • စိန်ဗိုက်ဗိုက်

      October 5, 2012 at 2:57 pm

      ဟွန်း..
      ဆုကြေးဆိုလို ့..
      တစ်ချို ့ဆို ဈေးဆိုင်ခန်း ဗန်းပြပြီး..အချီကြီးလဲစုပြီးကော ဆိုင်ခန်းပစ်ပြီးကို ပြေးတာဗျို ့..
      အဲသလို

  • ဟို.. အမှုကိစ္စတွေတော့ နားမလည်ပါဘူးနော်..ဒါပေမယ့် တစ်ခုတော့ ပြောပါရစေ..
    ဖက် ကို တသတ်နဲ့ ဖတ် ပေးပါလားဟင်… အမှုအကြောင်း ဆွေးနွေးနေတဲ့ကြားမှာ အားနာလို့ မပြောဘဲနေမလို့ပဲ.. တစ်မျိုးကြီးဖြစ်နေလို့ ပြောလိုက်တာပါ… :mrgreen:

    လုံမလေး

    • Davit

      October 5, 2012 at 3:09 pm

      thanks ma mon…..

      အပူတွေကပ်နေလို့နဲ့တူပါတယ်ဗျာ…. 🙁

  • Crystalline

    October 5, 2012 at 3:05 pm

    ငွေနဲ့ရင်းပြီးရလိုက်တဲ့အဖိုးတန်အတွေ့အကြုံလို့ပဲစိတ်ဖြေလိုက်ပါတော့..

  • Good™

    October 5, 2012 at 3:10 pm

    ပြောဖို့ ကျန်လို့ ထပ် ရေးတာ။
    ရှေ့ နေ မဟုတ်တော့ ဖတ်ပဲ ဖတ်ရ တယ်။ ဖက်တော့ မဖက် ပါရစေနဲ့ ရှေ့နေ တွေ ကိုယ်စား ပြောကြားပါရစေ။ ဖက်ချင်သော ရှေ့ နေများလည်း တရားဝင် အမြန်ဖက်နိုင်ကြောင်း…….။

    ကိုသုဝေ ရေ ခုတော့ မပြောတတ်ဖူးဗျ။ အရင် တုံး က ဘဏ်လဲ စိတ် မချရ ပါဘူး ဗျာ၊ ကျုပ်တို့ မြန်မာပြည်ကြီး ကို ပြော တာနော်။
    ၅ ကျပ် အတိုး နှုံး မက် ပြီး လူတွေ အပ် ကြတာ၊ လင်းသစ္စာ ဆိုလား ဘာလား နှစ်ခု သုံးခု ပဲ။ အပ်ပြီး ၆ လ ခုနစ် လ လောက် ကို ပုံ မှန် ၅ ကျပ် တိုး အတိုင်း အတိုးလေး ထုပ်ပေး ပေး နေပြီး အပ်ငွေ တစ်ဝက်သာသာ လဲ ရောက် ရော ဖြတ်ချ လိုက် တာ လူတော်တော် များများ အီသွား ကြတာ ကြာဖူးတယ်။ ၂၀၀၄ လောက် က ထင် တယ်။

  • Davit

    October 5, 2012 at 3:22 pm

    မဆီရယ်မှ မဆိုင် တစ်ခုပြောချင်လို့ပါ……… ခုတောင်(လောလောလပ်လပ်ကြီးနော်) KBZ Bank တောင်သတင်းတွေထွက်နေလို့ အွန်လိုင်းမှာ ပြန်ရှင်းနေရတယ်…. 🙂

  • ကိုရင်မောင်

    October 5, 2012 at 3:54 pm

    ဒီအမှု့မျိုးကငွေပြန်ရလိုမှု့ပါ…
    သူယူထားပြီးပြန်မပေးတာဝန်ခံထားတဲ့အတွက်
    အမှု့ဖွင့်ယင်ခိုင်လုံပါတယ်…..
    တရားရုံးမှာရှေ့နေငှားပြီး ရသင့်တဲ့ငွေပေါ်မူတည်ပြီး
    တဆိပ်ခေါင်းလျှောက်လွှာဝယ် အမှု့ဖွင့်လို့ရပါတယ်..
    တရာမမှု့လို့ခေါ်ပါတယ်….
    ဒီအမှု့နိုင်လို့..ငွေပြန်မပေးနိုင်ယင်..
    ထောင်ထဲကို ထောင်စားစရိတ်ပေးပြီးထည့်ထားလို့ရပါတယ်…..
    ကောင်းကောင်းနှိပ်စက်လို့ကောင်းတဲ့အမှု့ပါ….
    လူပါးသိပ်ဝလာယင်လှော်ထည့်လိုက်………

  • uncle gyi

    October 5, 2012 at 4:22 pm

    ပြောပုံအရလုပ်စားနေတာအမွှေးပေါက်နေတဲ့အကောင်ကြီးဖြစ်ဖို့များပါတယ်
    စုကြေးဆိုတာအများသဘောတူဂတိနဲ့လုပ်တာပါ
    အဲဒီမှာဂတိစာချုပ်ပါပါတယ်စာချုပ်ဖောက်ဖျက်မှုနဲ့တရားစွဲလို့ရပေမဲ့မြန်မာမှာက
    ဥပဒေကကအဲလိုလုပ်စားသူတွေလုပ်စားသာနေတာဖြစ်ပါတယ်
    ဒါကြောင့်လည်းရဲရဲတင်းတင်းလုပ်နေကြတာပါ
    အကောင်းဆုံးကကိုယ့်ငွေကို်ယ်စုတာအကောင်းဆုံးပါပဲ
    မြန်မြန်မသုံးချင်နဲ့

  • uncle gyi

    October 5, 2012 at 4:28 pm

    ဒီအမှု့နိုင်လို့..ငွေပြန်မပေးနိုင်ယင်..
    ထောင်ထဲကို ထောင်စားစရိတ်ပေးပြီးထည့်ထားလို့ရပါတယ်…[ကိုရင်မောင်]

    ဥပဒေရဲ့အားနည်းချက်ဆိုတာဒါပဲလေ
    ကိုယ့်ငွေလည်းပြန်မရ
    သူ့ကိုလည်းစားစရိတ်ပေးရအုန်းမယ်ဆိုတော့
    တော်တော့လုူကဘာမှလုပ်မနေတော့ဖူး
    ဒီအပေါ်မှာဒီလိုလူတွေကလုပ်စားနေကြတာ
    ငွေလည်းရအုန်းမယ်
    ကိုယ်ထောင်ထဲဝင်လည်းစားစရိတ်ငြိမ်း
    ကိုယ်သာထောင်ထမင်းဆိုအင်နေတာ
    သူတို့လိုလူမျိုးတွေကအဆင်သင့်လက်ထိုးစားရတဲ့ထမင်း ..ဟင်းဟင်းဟင်း..

    • ကိုရင်မောင်

      October 5, 2012 at 6:26 pm

      အန်ကယ်ကြီးရေ…
      တခါက ပဲလောကမှာဒီအမှု့မျိုးကြုံခဲ့ဘူးလို့ပါ…
      ပဲဝယ်ထားတာရာသီကုန်တဲ့အထိမအပ်လို့..
      နောက်ဆုံး မလွဲသာတရားစွဲရတော့တာပါဘဲ..
      အမှု့နိုင်တော့လဲမပေးတဲ့အဆုံးထောင်စားရိတ်သွင်းပြီး
      ထောင်ထဲထည့်လိုက်ရတယ်…
      ဒီတုန်းကထောင်စရိတ်ကတနေ့မှ15ကျပ်လောက်ဘဲရှိတော့
      6လစာပေးထားလိုက်တယ်..လေ
      သုံးလလောက်ကြာတော့ရမဲ့ငွေလေးပုံသုံးပုံပေးမယ်ဆိုပြီးလာ
      ညှိတာနဲ့လက်ခံလိုက်ပါတယ်……
      ဒါကြောင့်အကြံပေးမိတာပါ..အန်ကယ်ရေ…….

      • ကိုရင်မောင်ရေ
        ထောင်စားရိတ် တစ်ရက်15ကျပ်နဲ့ထည့်နိုင်အောင်
        အပြင်မှာ ဘယ်လောက်ကုန်သွားတယ်ဆိုတာလေး ထည့်မပြောတော့ဘူးလားဗျ။

  • Davit

    October 5, 2012 at 4:36 pm

    ဟုတ်အကို…(ကိုရင်မောင်)

    ဒါပေမဲ့ တရားလိုတွေက ရုံးချိန်းအကြာကြီးသွားနေရမှာစိုးလို့ပါ။ ဒါကြောင့်တရားမမှုနဲ့ မစွဲပဲ လိမ်လည်မှုနဲ့စွဲလို့ရနိုင်မလားဆိုတာ သိချင်ပါတယ်အကို….. သိထားတာက လိမ်လည်မှုဆိုရင် တရားရုံးက ငွေကိုလုံးဝမစဉ်းစားပဲနဲ့ လိမ်လည်တာခိုင်လုံရင် အထဲကိုထည့်လိုက်တယ်လို့သိထားလို့ပါ။ ငွေလည်း ပြန်မရချင်နေပါစေ…… တရားမမှုနဲ့စွဲရင် ရုံးချိန်းတွေအကြာကြီးသွားရပြီး နောက်ဆုံးအမှုနိုင်ရင်တောင်မှ တစ်လကိုသူတို့ပေးနိုင်သလောက်နဲ့ပဲ ကျေနပ်နေရမှာစိုးလို့ပါ။ ဥပမာ (တစ်လကို 20000 တော့ဖြင့်ပေးနိုင်ပါတယ် ဆိုတာမျိုးဖြစ်ရင် ဘာမှမထူးတော့ဘူး ထင်လို့ပါ။)
    အကြံဉာဏ်ပေးတာကို အရမ်းကျေးဇူးတင်ပါတယ်အကို ကိုရင်မောင် 🙂 🙂 🙂

  • may flowers

    October 5, 2012 at 5:34 pm

    ကျွန်မအဒေါ်တစ်ယောက်လည်းခံခဲ့ရဖူးတယ် အဲလိုစုငွေလိမ်ပြေးတာကို…ဘယ်လိုပဲလိုက်လိုက်ပလုံ

    သွားတာပါပဲ.. ။ ဟီးးးး အားတက်အောင်ပြောတာ။

    • Davit

      October 5, 2012 at 5:36 pm

      အမလေး………အားတွေပြည့်လာပြီ…..ပြည့်လာပြီ…………ဆက်ပြောအမရေ……..ဆက်ပြော…………….. 😛

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    October 5, 2012 at 7:17 pm

    တစ်ခုရှိတာက မန္တလေးက ဦးပေါက် ကိုပေါက်မန္တလေးပြောတာကတော့ ဟုတ်သဗျ
    သဂျီးပြောတာလည်း ဟုတ်တုတ်တုတ်
    တစ်ခုရှိတာက
    ဘယ်ဒေသလဲ အဲ့သည်လူဟာ ဒေသခံလား ရွှေမျိုးညာတိ ဘက်ဂရောင်းဘယ်လောက်ရှိလဲ
    ဆိုလိုတာက မျက်နှာပြောင်ထားတာကိုး
    ကျုပ်မလဲ လူ့ဂလေကချေဆိုတော့ အတွေ့အကြုံက ခပ်များများ
    ကျုပ်တို့ တောရွာဖက်တွေ အဲ့သည်လို မျက်နှာပြောင်တဲ့ကောင်တွေကို တောကိုသွားတိုင်ရတယ်
    တော ဆိုတာက သဘုံတွေလေ ဘုန်းကျော်တို့အဖွဲ့တွေပေါ့
    အဲ့သည်လို ကိုယ့်ဖက်က သိပ်သေခြာတဲ့ကိစ္စတွေကြတော့ သဘုံကိုသွားတိုင်ရတယ်
    သဘုံကလည်းများများမပြောပါဘူး အလှည့်ကြရင်မနွဲ့နဲ့ပေါ့ ကိုယ့်လူရာ
    မရှိရင်ရှိတာကိုရောင်းပေးပေါ့ ဒီလောက်ဆိုသဘောပေါက်သွားတာပါဘဲ
    ဖြစ်ဘူးတယ်ဗျ
    ချဲဒိုင်တစ်ယောက် အပီအလျှော်အစားလုပ်တာ သူများတွေအပီလဲပေါက်ရော
    ရဲစခန်းလာပြီးအဖမ်းခံတယ် ကျနော်ချဲဒိုင်ပါပေါ့
    ဒီပြဿနာကတော့ အဲ့တာထက်ဂွအကျသားဗျ
    ထုံးစံအတိုင်း သဘုံသွားတိုင်တာပေါ့
    အဲ့ခါကျမှ မရှိရှိတာရောင်းပေါ့ သူ့မှာဘာမှမရှိတော့ဘူးဆိုမှ ဟိုဂလက်ဒီယေဒါတွေ ဖိုက်တင်ပေးသလိုပေါ့
    ပရိတ်သတ်က လက်မအောက်ဆိုက်ရင် ဆိုက်တဲ့လိုပေါ့
    ဆိုခြင်တာက
    ဒီကိစ္စကို အရှုံးမပေးသင့်ဘူး ဖဲ့သင့်တယ် မြှောက်ပေးတာမဟုတ်ဘူး
    ကိစ္စက အန်ကယ်ပေါက်ပြောသလိုဘဲ အုပဒေကို လက်တစ်လုံးခြားလုပ်ကြတာ
    သူ့မှာ စားစရာမရှိဘူး လမ်းဘေးအိပ်နေရပြီဆိုရင်တော့မပြောတတ်
    တစ်ခုခုရှိတယ်ဆိုရင်တော့ မရရအောင်ယူကြဗျို့
    ပြောလို့ပြောတာ
    ဟိုဘဝက သူ့ဥစ္စာကိုယ်ဘတ်ထားဘူးလို့ သူကိုယ့်ပြန်ဘတ်ဒယ်သဘောထားရင်လည်းရသပေါ့ :mrgreen:
    အလေးအနက်ပြောခြင်တာကတော့
    ( ကိုယ့်ရဲ့ငွေကို သူတစ်ပါးကို စုစောင်းခိုင်းတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် မယုံကြည်ရာကျပါတယ်
    ကိုယ့်ကိုယ်ကိုယ်မှ မယုံကြည်ရင် ဘာဖြစ်လို့ လူလုပ်နေသေးသလဲနော အမှန်တော့ ကိုယ့်ပိုက်ဆံပါဘဲ
    အားသာချက်တစ်ခုရှိတာက ကိုယ်က ငွေဆယ်သိန်းကို ယ္ခုရတယ် တစ်ဖြေးဖြေးပြန်ဆပ်တယ်
    ဒီသဘောလေးပါဘဲ )

  • Thu Wai

    October 5, 2012 at 9:04 pm

    လူမိုက် ဆိုရင် ကျွန်တော်ရှိတယ် မုူးလာရင် ကာရာအိုကေသွားပြီး လူနဲ့မိုက်နဲ့ အမြဲ တွဲနေတဲ့ လူမိုက်ကွ

  • thandwethar

    October 5, 2012 at 9:19 pm

    ဟိုးအယင်ဘဝအတွက် ဆပ်ရတယ်လို့ပဲ သဘောထားတာကောင်းပါတယ်ကိုဒေးဗစ် ၊
    ဒီဘဝ ဒီလောက်မျှနဲ့ ကြေပါစေလို့ ဆုတောင်းတာ အကောင်းဆုံးထင်တာပါဘဲ ၊
    အာချောင်ကြည့်တာပါ ချိတ်ဆိုးပါနဲ့
    :kwi:

  • Mobile

    October 6, 2012 at 8:45 am

    ိကိုပေါက်ပြောသလိုပါပဲ ဒီလိုအမှုမျိုးတွေက ကြုံရပေါင်းများနေပါပြီ
    ပိုက်ဆံချေးထားတဲ့လူဖက် မှာအခွင့်အရေးနည်းပါးလှပါတယ်
    လိမ်ထားတဲ့လူကသာ ပါးပါးနပ်နပ်နဲ့ အလိုက်အထိုက်ပြောနေမယ်ဆိုရင်
    ဥပဒေအရလည်း ဘာမျှထိထိရောက်ရောက် အရေးယူလို့မရပါဘူး
    ဒါ့ကြောင့် ရောဂါကို မဖြစ်ခင်ကကြိုတင်ကာကွယ်တာက အထိရောက်ဆုံးဆိုတဲ့အတိုင်း
    ငွေချေးတာငှားတာကို သတိထား ကြဖို့လိုအပ်ကြောင်း ငွေစုတယ်ဆိုတဲ့အလုပ်ကိုလဲ
    ကျနော် တော်တော် အမြင်ကတ်လွန်းပါတယ်။ ကလိမ်ကကျစ်လုပ်ချင်တဲ့လူ
    တွေသာများသောအားဖြင့်လုပ်ကြတယ်လို့ထင်ပါတယ်။ ဒီရွှာထဲမှာ ငွေစုချင်တဲ့လူများရှိရင်
    ကျနော် Mobile ဆီမှာစုလို့ရကြောင်း။

  • surmi

    October 6, 2012 at 9:24 am

    မြန်မာပြည်ဥပဒေချိန်ခွင်ကစောင်းနေတယ်
    တရားစွဲရင် အနည်းဆုံးတစ်နှစ်ခွဲကြာမယ် ။အားမပေးဘူးဗျာ
    တခြားနည်းလမ်းသာရှာတော ့

  • Hnin Hnin

    October 6, 2012 at 4:18 pm

    …စုငွေတော့ မသိဘူး…အတိုးမက်လိုက်မိတော့ အိမ်ကဧရာမြေတုန်းက ထိသွား
    တယ်…ဦးလေးကတော့ လုပ်ငန်းရှင်ဆိုတော့ သတိပေးသေးတယ်..တစ်ခွန်းပဲ
    ပြောတယ်…စိတ်မချရဘူး…ဒါဘယ်လိုမှ မဖြစ်နိုင်ဘူး…ဒီလောက်များတဲ့အတိုး
    နှုန်းနဲ့မြတ်ဖို့ဆိုရင် ကျွန်တော်တို့စီးပွားရေးလောကမှာတောင် သိပ်မလွယ်ဘူးတဲ့။

    နှင်းနှင်းကကျတော့ အမျိုးရင်းပဲ၊သူများ ပဲလှောင်တာ မြတ်တာအားကျပြီး နယ်ကို
    လှောင်ပေးပါဆိုပြီး အစမ်း ၅သိန်းဖိုးလှောင်ခိုင်းတာ…ပဲလှောင်တာ ၂နှစ်ကျော်
    ကြာပြီး မြန်မာပြည်ပြန်ရောက်လို့ အိမ်ဝင်ထွက်နေတာ ၃လလောက်ရောက်တဲ့
    အထိ အမြတ်လည်းမလာ၊အရင်းလည်းပြန်မရ၊အကြောင်းရင်းလည်းမသိရ
    ဖြစ်နေတာ…အမျိုးကလည်းဖြစ်…လူငယ်က လူကြီးကိုဆိုတော့ မေးချင်လည်း
    မေးလို့ကမထွက်…ဝမ်းသွားချင်တာ အောင့်ထားရတဲ့အတိုင်း တစ်ဆို့ဆို့နဲ့..
    အတိုးများများ ယူလုပ်တဲ့သူဆိုတာသိနေတော့လည်း ပိုဆိုးတယ်……နောက်မှ
    အိမ်ဝယ်လိုက်လို့ ပိုက်ဆံခက်နေတယ်ဆိုတာကြားရတာ…အစ်ကို့ပိုက်ဆံ
    သိန်း ၂ဝ လည်း အတိုးနဲ့ပဲ ၂နှစ်ကျော်ကြာ၊အတိုးလည်းမလာ…မနေနိုင်လို့
    အမျိုးချင်းရင်ဖွင့်တော့မှ ပြန်ကြားပြီး ပိုက်ဆံ ၅သိန်းနဲ့ ၂နှစ်ကျော်ကြာပဲအမြတ်
    ၈သောင်းကျော်ရယ်(သိပ်မမြတ်ဘူးဆိုပြီး ဖြဲထားတဲ့စာရွက်အပိုင်းနဲ့ရှင်းပေးလိုက်
    တဲ့ ပိုက်ဆံပါ..အဲဒီစာရွက်ပိုင်းကြည့်ပြီး impression က down…ကိုယ်မှနားမလည်
    တာ သံသယတွေနဲ့ပဲ ရှင်းသလောက်ယူပေါ့..)….လူမိုက်လုပ်လိုက်လို့အခြေအနေ
    ဘာမှန်းမသိဖြစ်နေတဲ့ အစ်ကို့ပိုက်ဆံ သိန်း၂ဝနဲ့ အတိုး ၂နှစ်စာပါ ပြန်ရလိုက်တယ်

    အဲ့ဒီပိုက်ဆံကိစ္စမပါရင်တော့ အင်မတန် ချစ်စရာကောင်းတဲ့သူပါ….နောက်ထပ်
    တော့ ဘယ်တော့မှ ပဲမလှောင်တော့ဘူး..တစ်ခါထဲနဲ့မှတ်..အခုတော့ အဲဒီကိစ္စ
    ဟာ အမျိုးဆိုတော့ ‘ ပြီးပြီးပျောက်ပျောက်၊ပေါ့ပေါ့ပါးပါး၊ပျော်ပျော်ပေါ့ ‘ :mrgreen:
    (ယူသုံးဦးမယ်နော်..သရီးခေ :kwi: )

    ဒါကြောင့် ၁-ကိုယ်မနိုင်တဲ့အလုပ်ကို လောဘတက်ပြီး ငွေပေးပြီး မလုပ်ခိုင်းပါနဲ့
    (စုမဲလည်း ကိုယ်နိုင်တာမှမဟုတ်….ကိုယ့်ပိုက်ဆံတွေ သူများယူထားတာလေ)
    ချိန်တန် ပိုက်ဆံမလာရင် ကိုယ့်ပိုက်ဆံနဲ့ကိုယ် ရင်ပူ၊ဒေါသမီးပွားရပြီး တင်းရ
    တတ်သည်…၂-ပိုက်ဆံနဲ့ပတ်သက်တဲ့ ဘယ်လို ဖျားယောင်းသွေးဆောင်မှုမျိုး
    ကိုမှ နားမယောင်ပါနဲ့ ၃- သူများပိုက်ဆံပေးခြင်းထက် ကိုယ့်ဘာကိုယ်
    လောဘသတ်၊စိတ်နိုင်နိုင်ထား ကြိတ်စုခြင်းကသာ အကောင်းဆုံးဟု….
    ကို Davit ကိုပြောချင်ပါတယ်…..

  • ဦးဦးပါလေရာ

    October 6, 2012 at 10:05 pm

    တချို့လူတွေက သူများပိုက်ဆံ ပြန်ပေးရတော့မယ်ဆိုရင် တောင်ပြောမြောက်ပြောနဲ့ …..
    တချို့လူတွေကတော့လဲ ဒီပိုစ့်ထဲကလို ဗြောင်လိမ်သပေါ့…..
    ကျုပ်ကတော့ အသက်အလျှောက် ဒါမျိုးခံထားရတာများလွန်းလို့
    (တကယ်ကို အဟုတ်ကို များပါတယ် 🙁 )
    တော်တော်တောင်ရိုးနေပါပြီ…။

    အတွေ့အကြုံနဲ့ သင်ခန်းစာတွေကို တန်ရာတန်ဖိုးပေးဝယ်လိုက်ရတယ်လို့ပဲ သဘောထားပါတော့ကွယ်…။

  • MaMa

    October 6, 2012 at 10:31 pm

    အသိလူကြီးတစ်ယောက်က ပြောဖူးတယ်။
    ရှေ့ကထွက်သွားတဲ့ ငွေ ကို နောက်ကနေ ထပ်လိုက်မပေးနဲ့တဲ့။
    ဒါပေမယ့်လည်း တကယ်ဖြစ်လာတဲ့အခါကျတော့……..
    ငွေဆုံးတဲ့အပြင် ညံ့ရာကျတယ်ဆိုပြီး နောက်ကလိုက်ဖူးတယ်။
    ထပ်ကုန်တာပဲ အဖတ်တင်လိုက်တယ်။
    တစ်ခါ နှစ်က မကဘူး။
    စိတ်လျှော့ စိတ်လျှော့….. :eee:

  • kai

    October 7, 2012 at 5:45 am

    စကားအတင်းစပ်..
    အဲဒီငွေစုနည်းက.. နက်ဝပ်ငွေကြေးစနစ်(Multi-level marketing) လား သိချင်လို့ပါ..
    ဂီဂီဆို အဲဒီအကြောင်းဆောင်းပါးဒီမှာရေးဖူးလို့ ..နားလည်မလားပဲ..
    http://myanmargazette.net/83787/business-economy

    အခုရွာထဲ.. လူ ၁သောင်းနီးပါးရှိတယ်..။
    တလ တယောက် ကျပ်၁၀၀ဝ ထည့်ဝင်ရင်.. သိန်း၁၀ဝ လောက်ရမယ်..။
    တနှစ်ဆို.. သိန်း ၁ထောင်ကျော်ရမယ်..။
    အဲဒါနဲ့.. ရင်းနှးိမတည်ငွေလုပ်ပြီး.. မက်ခရိုစီးပွားရေးတခုခုလုပ်လို့ရမရ.. ဆွေးနွေးချင်လို့ပါ..။
    Brainstorming လုပ်ချင်လို့.. တယောက်ယောက်က.. ပို့စ်တင်ဆွေးနွေးရင်ကောင်းမယ်..။
    ဒါက.. အပိုဆု..အတွေး..။ :harr:

    • ကထူးဆန်း

      October 7, 2012 at 10:29 pm

      သူကြီး စိတ်ကူးယဉ်နေတယ် .. active ဘယ်နှစ်ယောက်ရှိလဲ ကြည့်ပါဦး ။
      ဦးဦးပါ ဆီကဘဲ ပိုက်ဆံချေးတော့မယ် … ခံရတာ များနေပြီ ရိုးနေပြီဆိုတော့ ချေးလို့ ရလောက်သေးတယ် …. အန်တီမမ ဆီကလည်း ရလောက်တယ် တစ်ခါ နှစ်ခ မကဘူးဆိုတော့ :hee:

      • kai

        October 8, 2012 at 12:41 am

        ကြည့်ရတာ.. ဦးဦးပါရယ်..။ အန်တီမမရယ်..ကထူးဆန်းရယ် ၃ယောက်နဲ့တင် သိန်း၁၀၀ဝ ရလောက်မယ်ထင်တယ်..။ :kwi:

        • Hnin Hnin

          October 8, 2012 at 1:23 am

          ကိုkai ရေးတာဖတ်ပြီးကတည်းက response ပြန်လာကြမှာမဟုတ်ဘူးလို့ စိတ်ထဲ
          အတပ်ပြောလိုက်သည်… သူကြီးက အလွယ်နည်းနဲ့သူဌေးကြံ ကြံနေပြီဆိုပြီး
          :mrgreen: :kwi:

        • kai

          October 8, 2012 at 2:37 am

          အမှန်ကတော့ ကျုပ်တွေးနေတာက ..ပြောင်းပြန်..ရယ်ပါ…။ ပြောင်းပြန်ဆိုလို့.. အတည်မယူနဲ့ဦး.. ပြောင်းပြန်ကိုမှ.. ထပ်ပြီး.. ပြန်ပြောင်းလို့.. မတူတဲအတွေးထည့်ထားသေးတယ်..။ :harr:

          ဆိုတော့…
          ယူအက်စ်မှာ မြန်မာ-အမေရိကန် ၃သိန်းလောက်ရှိတယ်..။

          မြန်မာပြည်မှာသာ.. ခိုင်လုံတဲ့လုပ်ငန်းအထောက်အထား.. ဖြစ်နိုင်ချေရှိတဲ့.. လုပ်ငန်း.. အမြတ်ရှိမယ်ဆိုတဲ့.. လုပ်ငန်း.. အာမခံချက်သာရှိမယ်.. ပြနိုင်တယ်ဆို.. ငွေကြေးရင်းနှီးမြုပ်နှံချင်သူတွေ အများကြီးပါ..

          အခုတော့ ဒီလောက်လေးပဲ.. :kwi:

    • လယ်ထွန်Z

      October 16, 2012 at 8:28 am

      ခုမှတွေ့လို့ပါဗျာ..
      အဲ့ဒါ မာလတီလယ်ဗယ် မားကတ္တင်း မဟုတ်ပါဝူး..
      မာလတီလယ်ဗယ်မှာက ထုတ်ကုန် ဒါမှမဟုတ် ဆားဗစ်တခုကို
      ဗဟိုပြုပါတယ် ခုဟာက လူစု ငွေစုပီး လှည့်သုံးတဲ့ စနစ်ပါ..။

  • Lwin Aung

    October 7, 2012 at 11:30 pm

    I also lost a lot with liars. One of them gave a lot to judges and then run out the country.
    One is opening the Karaoke at Mandalay.

  • Davit

    October 16, 2012 at 9:39 am

    ဝိုင်းပြီးအကြံပေးတဲ့ ရွာသူရွာသားတွေကို အရမ်းကျေးဇူးတင်ပါတယ်ဗျာ….တစ်ကယ်ကို ကျေးဇူးတင်တာပါ….. ဒီနေ့ မနက် ၁ဝ နာရီမှာ ရှေ့နေရယ် တရားသူကြီးရယ်နဲ့ သွားတိုင်ပင်ဖို့ ချိန်းထားပြီးပါပြီ…. တရားရုံးစရိတ်က ရှေ့နေခရော တရားသူကြီး ကန်တော့ကပါအပါဆိုရင် ၄ သိန်းကုန်ပါမယ်တဲ့…. Package ပုံစံမျိုးဗျ….အဲ့ဒိလောက်တော့ အကုန်ခံနိုင်သေးလို့ သွားကြည့်လိုက်ဦးမယ်ဗျာ….ထူးခြားရင်တော့ ရွာကိုချက်ခြင်းအကြောင်းပြန်ပေးပါ့မယ်…ရွာသူရွာသားတွေလည်း နောက်ဒါမျိုးဖြစ်လာရင် အတွေ့အကြုံရအောင်ပါ……Post တစ်ခုအနေနဲကဖြစ်ဖြစ် ဖြစ်ကြောင်းကုန်စင် ကိုအစီရင်ခံပေးပါ့မယ်… 🙂

    ချစ်တဲ့
    ဗစ်ဗစ်

Leave a Reply