ဓ = ဓါးသွားပေါ်မှာ..လမ်းလျှောက်ခြင်း… ( ဓါး…. အက်ဆေး )

alinsettOctober 5, 20121min24620

လွတ်လပ်စွာ ပြောရေး ဆိုခွင့် ဆိုသည်မှာ………………………..

အမှန်တရားကို……

အမှန်တရားပီပီသသ ပုံစံ ပေါ်ထွက် လာအောင်…..

တူးဖော်ပေးသည့်………

ဓါး တစ်လက် ဖြစ်ပါသည် ။

======================================================================================
======================================================================================
======================================================================================
======================================================================================

ဓါးများနှင့် ကျွန်တော်…..
=================

ဓါး…..။

ဓါးများကို ကျွန်တော်.. စိတ်ဝင်စားပါသည် ။

ဓါးများသည်..သုံး တတ်သူအပေါ် မူတည်၍ အသုံး ဝင်မှူ တန်ဖိုး..မြင့်တတ်လာလေ့ ရှိပါသည် ။

တချို ့ဓါးများသည်…သွေး တတ်သူအပေါ် မူတည် ၍ ထက်မြ မှု စွမ်းရည် မြင့်တက် လာလေ့ ရှိသည် ။

ဘာပဲ.ဖြစ်ဖြစ်….. ကျွန်တော်..ဓါးများကို… စိတ်ဝင် တစား..ရှိပါသည် ။

ယခုလို အချိန်မျိုးတွင်… ဓါးများအကြောင်း…/ ဓါးနှင့် ပက်သက်သမျှ..အကြောင်းအရာများကို….

အက်ဆေး တစ်ပုဒ် ရေး..လိုက်ခြင်းမှာ…

ကျွန်တော့် လုပ်ရိုးလုပ်စဉ်…လုပ်ရပ် တစ်ခုတော့မဟုတ်ပါ ။

ဒါပေမယ့်…. ကျွန်တော်.. တွေးမိသမျှ… အတွေးများကို…

ချရေးပါရစေဦး ။

ကျွန်တော်…

ချွန်ထက် ၍ တိကျ သေချာသော..ဓါးတစ်လက် တော့…. ဖြစ်ချင်ပါသည် ။

——————————————————————————————————

ဓါး နှင့်.. ဆပ်ကပ်ပွဲ…/.ပြိီးတော့ ဓါးတစ်လက် ၏ ဂုဏ်သိက္ခာ
==============================================

လွန်ခဲ့သော တစ်လလောက်က…..

ကျွန်တော်…ဓါးနှင့် ပက်သက်သော…ပြပွဲ တစ်ခု ကို ကြည့်လိုက်ရပါသည် ။

ထိုပြပွဲသည်…ဆပ်ကပ်ပွဲ တစ်ခု ဖြစ်ပြီး….

အလွန် သည်းထိတ် ရင်ဖို နိုင်လှသော.ပြကွက် တစ်ခုကို ..ကြည့်ခွင့် ရခဲ့သည် ။

ဆပ်ကပ် ပြရာ..စင်မြင့်ပေါ်တွင်……….

မိန်းမလှလေး တစ်ယောက်..ကို…. နံရံ တစ်ခုမှာ..ကပ်ပြီး.ကြိုးများနှင့်… ချည်နှောင်ထားသည် ။

ထိုမိန်းမလှလေး ၏ အရှေ ့တည့်တည့်မှာတော့… အလွန်တော် မည့်ပုံရသော… ဓါးပေါက်သမား တစ်ယောက်…။

စင်ပေါ်တွင်..မိန်းမလှလေး နှင့်..ဓါးပေါက်သမား..သာ….ရှိနေပြီး….

မီး အလင်းရောင် များက… သူတို ့ နှစ်ဥိးိကိုသာ..ထိုးပြ ထားသည် ။

ပြကွက် အဖွင့် သည်.. စိတ္တဇ ဆန်သော..တီးလုံးသံ နှင့်အတူ…..

ရင်ခုန်စရာ../ စိတ်လှုပ်ရှားစရာ မြင်ကွင်းနှင့်… စ တင်သည် ။

ပြကွက် စ တင်သည်နှင့်…..

ဓါးပေါက်သမားက… မိန်းမလှလေးကို..ဓါးများနှင့် စတင် ပစ်ပေါက်တော့သည် ။

ကြောက်စရာ…..။

မိန်းမလှလေး ၏ ခန္ဓာကိုယ် ကောက်ကြောင်းများအတိုင်း…..

ခန္ဓာကိုယ် ဘေး ကပ်ကပ်သပ်သပ်ကလေးတွေနားမှာ….

ဓါးတွေက တစ်ချောင်းပြီး.တစ်ချောင်း…. စိုက် ဝင်သွားသည် .။

ဓါးတစ်ချောင်းနှင့် တစ်ချက် ပေါက်လိုက်တိုင်း…/ ထိုဓါးကလည်း…

မိန်းမလှလေး ၏ ခန္ဓာကိုယ် အသားကို. …ထိ မသွားပဲ….

ခန္ဓာကိုယ်ဘေး…ကပ်ကပ်သပ်သပ်နေရာကလေးတွေမှာ… ကျကျနန စိုက်ဝင်သွားတိုင်း…..

အောက်မှ…. ပွဲ ကြည့်သူ များက..ဟေး ခနဲ..အော် ဟစ်ကြသည် ။

တချိ ု ့ကတော့..ထိများ ထိသွား လို ့ကတော့. ကွာ… ဆိုသော..အတွေးဖြင့်…

အားခနဲ…. အော်ကြသည် ။

အားလုံးက….

ဓါးပေါက်သမား ၏ ပစ်ချက်များ ကိ်ု… သဘောကျနေကြပြီ ။

ထော်လော်ကန့်လန် ့အတွေးတွေ .အမြဲ..တွေး တတ်သော….ကျွန်တော်..တစ်ယောက်…..သာ……

တွေဝေ…ငေးမော……

မှုန်ရီ…ဝေ့ဝဲ..သော..အတွေးတချို ့ဖြင့်……

********************************************************************************

ဓါး တစ်လက် ၏ ဂုဏ်သိက္ခာ သည်…..

ပစ်မှတ်ကို….

ထိခြင်း လား….

မထိခြင်း..လား….

=========================================

ဆပ်ကပ်ထဲမှ…

ဓါးတစ်လက် နှင့်….

အခြားနေရာမှ…ဓါးတစ်လက်….

ဂုဏ်သိက္ခာ ချင်းတော့….

မတူညီနိုင်ပါ…။

========================================================

တကယ်တော့….

ဓါးတစ်လက် ၏ ဂုဏ်သိက္ခာသည်….

ရည်ရွယ်ရာ ပစ်မှတ်ကို….

တိတိကျကျ ဖြတ်တောက် ခုတ်ပိုင်း…. နိုင်ခြင်း…. သာ..ဖြစ်သည်….။

( ဟု… ကျွန်တော်…. ထင်ပါသည် ။)

=======================================================================================

ဓါးနှင့်.. အနုပညာ
============

ကျွန်တော်..အနုပညာကို… ချစ်မြတ်နိုး..စွာ…လေ့လာမိချိန်မှာလည်း…..

ဓါးများက….

ဥပမာ ကောင်းတစ်ခု အဖြစ်…. အသုံးဝင်လာပြန်ပါသည် ။

လောက တွင်… အနုပညာရပ် များ …. များစွာ ရှိနေပါသည် ။

သရုပ်မှန် အနုပညာ / ဂန္ထဝင်အနုပညာ / ခေတ်သစ်အနုပညာ / ခေတ်ဟောင်းအနုပညာ / မော်ဒန် အနုပညာ / ပို ့စ်မော်ဒန် အနုုပညာ …

ဒါမှမဟုတ်…..

ဂီတ အနုပညာ / ရုပ်ရှင်အနုပညာ /

စာပေ အနုပညာ / ပန်းချီ အနုပညာ / ပန်းပု အနုပညာ……

စသည်ဖြင့်…..

အနုပညာရပ်များ…များစွာ..ကွဲပြား… ခြားနားစွာ..ရှိနေပါသည် ။

ဒိလိုပါပဲ………………………………….

လောက မှာ…..

ဓါးများ..လည်း..အမျိုးအစား..များစွာ….

ရှိပါသည် ။

ဓါးရှည် / ဒါးတို / ဓါးမ / ဓါးမြျောင် /

ငှက်ကြီးတောင်ဓါး…/ ခေါက်ဓါး./ ပေါက်ဓါး…. စသည်ဖြင့်…..

ဓါး အမျိုးအစားပေါင်း များစွာ..ကွဲပြား ခြားနားစွာ..ရှိနေပါသည် ။

အနုပညာရပ် များ..များစွာ…. အမျိုးအစား ကွဲပြားခြားနားသလို..ဓါးများလည်း..အမျိုးအစားများစွာ..ကွဲပြား…ခြားနားပါသည် ။

သို ့သော်…………………………………………………………

ဓါး အမျိုးအစား ဘယ်လောက်ပဲ..များများ…………………

ဓါး ၏ ဂုဏ် သတ္တိ နှင့် ဓါး ၏ သဘော…မှာ.. တစ်ခု ထဲသာ..ဖြစ်ပါသည် ။

ဓါး သည်..ဓါး..ဖြစ်နေ ဖို ့ သာ ..လိုပါသည် ။

ထို ့အတူ………………………..

အနုပညာရပ်တွေ… ဘယ်လောက်ပင် များနေပါစေ…………….

အနုပညာရပ်တွေ… တစ်ခုနှင့်တစ်ခု… ဘယ်လောက် ပဲ…မတူ ကွဲပြား ခြားနားနေပါစေ…..

အနုပညာ ၏ ဂုဏ်သတိ္တ နှင့် အနုပညာ ၏ သဘောာ…( ထပ်ပြောပါမည် အနုပညာ ၏ သဘော ) ကတော့….

တစ်ခု တည်းသာ..ဖြစ်သည် ။

အနုပညာ သည်……

အနုပညာ မြောက်နေဖို ့သာ…..

လိုပါသည် ။

***********************************************************************************************

ဓါး နှင့် … စာရေးခြင်း….
=====================

စာရေးသူ အများစုသည်…..

ဓါးပေါက်သမားများနှင့်… သဘောသဘာဝ..တူညီ သလိုလို ရှိပါသည် ။

ဓါးပေါက်သမားများသည်……

ရည်ရွယ်ရာ..ပစ်မှတ်ကို…

မထိ / ထိအောင်.. ပစ်ရ သကဲ့သို ့………….

စာပေ ရေးသားသူသည်လည်း….

မိမိ ရေး လို / ပြောလိုသော…. ဆိုလိုချက် / ရည်ရွယ်ရာ../ ပစ်မှတ် ကို….

မရောက်ရောက်အောာင်… ရေးရပါသည် ။

ကျွန်တော်….. သည်……………

စာပေ ရေးသားသူ တစ်ဦး….( ဒိထက် နှိမ့်ပြောရရင်.. စာပေရေးသားခြင်းကို.. ဝါသနာပါသူ..တစ်ဦး )

ဖြစ်ပါသည် ။

တစ်နည်း အားဖြင့်…………..

ကျွန်တော်သည်…. ဓါးပေါက်သမား တစ်ဦး ဖြစ်ပါသည် ။

=======================================================================================

ကျွန်တော်သည်………………………

ကိုယ်ရည်ရွယ်ရာ.. ပစ်မှတ်…ကို ရောက်အောင်…..

( ဓါးဖြင့် ချိန်ရွယ် ပစ်ခတ်သလို… ) စာတွေ .ရေး ပါသည် ။

တချို ့ပစ်မှတ် (ရည်ရွယ် ရာ အကြောင်းအရာ) များ က………..

တိုက်ရိုက် တည်းတည့်မတ်မတ်…ရေးသားလို ့မရပါ ။

ရေးသားခွင့်… မရှိပါ ။

အုတ်နံရံကို. ဓါးဖြင့်ပေါက်သော…….. ဓါးသမား တစ်ယောက်လို……

ကိုယ် ပစ်လိုက်တဲ ့ဓါးက…

ကိုယ် ့ဆီ..ပြန် ..ကန်ထွက်ပြီး….

လာ ထိမှန် သွားနိုင်ပါ သည် ။

ထို ကြောင့်……

သွယ်ကာ ဝိုက်ကာ………..

ပစ်မှတ်ကို ထိအောင်ကြိုးစားရသော..ဓါး သမားလို……….

ကျွန်တော်..ရည်ရွယ်ရာကို…ရောက်အောင်.. သွယ် ဝိုက် ၍ ရေးသားရပါတော့သည် ။

ဓါး တစ်လက်လို…..

ပစ်မှတ်ကို..ထိအောင်လည်း…ရေးရသည် ။

အနုပညာ အရလည်း….

ရသ များမှ ကင်း ကွာ…မသွားအောင်… ဖန်တီးရေးသားရပါတော့သည် ။

ထိုသို ့သော အခါမျိုးတွင်….

စာပေရေးသားခြင်းသည်…..

အလွန် ထိလွယ် / ရှ လွယ်သော..ဓါး အသွား… ထက်ထက်ပေါ်တွင်… လမ်းလျှောက်ရလို….ဖြစ်နေသည် ။

နည်းနည်းကလေး….. ချွတ်ချော် တိမ်းစောင်းသွားရုံဖြင့်…..

ကျွန်တော့် အတွက်.. ဒဏ်ရာကြီးကြိီးများက….

စောင့်ကြိုနေသည် ။

သို ့သော်…………………………….

ကျွန်တော့် စိတ်ကိုက……

ဓါးသွားပေါ်မှာ…. လမ်းလျှောက်ရခြင်းမှာ……

ပျော်နေတတ်ပြီ ။

*************************************************************************

တစ်နေ ့ထက်တစ်နေ ့……………..

ကျွန်တော်..ပို၍ ကြိုးစားနေပါသည် ။

ထက်မြသော..ဓါးကောင်းတစ်လက်…. ဖြစ်ဖို ့…..

အနုပညာဆန်ဆန်…လှပ တိကျ သော ..ဓါးချက်များကို….. ဖန်တီးပြနိုင်ဖို ့……

ကျွန်ျတော်……ကြိုးစားနေပါဦးမည် ။

————————————————————————–

ဆပ်ကပ်ပွဲ ထဲမှ…ဓါးပေါက်သမား ပစ်ခတ်လိုက်သော..ဓါးလို…..

ပစ်မှတ်ကိုလွဲချော်နေသော…. ဓါးမျိုး..သည်……

ပစ်မှတ်ကို မထိမှ……

တန်ဖိုး ရှိသည် ။

ပစ်မှတ်ကို… မထိခြင်း သည်.. ထိုဆပ်ကပ်ပြပွဲထဲမှ ဓါး ၏ ဂုဏ်သိက္ခာ ဖြစ်သည် ။

လူခန္ဓာကိုယ် အသားကို မထိပဲ… ဘေးနားကပ်လျက် စိုက်ဝင်ခြင်းသည်…ထိုဓါး ၏ ဂုဏ် သိက္ခာ ဖြစ်ပါသည် ။

——————————————————————————

ကျွန်တော်ကတော့……………………………………

မိမိရည်ရွယ်ရာ.. ပစ်မှတ်ကို….

တိတိကျကျ ခုတ်ပိုင်း ဖြတ်ချ နိုင်သည် ့…. တိကျ လှပသော…ဓါးတစ်လက်ကိုသာ……

ပို ချစ်ပါသည် ။

——————————————————————————-

ကျွန်တော်..ပြောလို / ရေးလိုသော……

အကြောင်းအရာကိူ……….

သွယ်ဝိုက် လှည့်ပတ် ၍ ရေးသားနေရခြင်းကို…..

ကျွန်တော်..မကျေနပ်ပါ ။

လွတ်လပ်စွာ..ပြောရေးဆိုခွင့်..ကို ကျွန်တော်..မက်မောစွာ..လိုချင်ပါသည် ။

—————————————————————————————–
*******************************************************************************************
*******************************************************************************************

ဓါး နှင့်…. လွတ်လပ်စွာပြောရေးဆိုခွင့် ….
============================

လွတ်လပ်စွာပြောရေး ဆိုခွင့်ဆိုရာတွင်…..

စည်း လွတ် ဘောင် လွတ်.. ထင်ရာ စိုင်း၍

မဆင်မခြင်..ကိုယ် ့အတ္တတွေကို..ရှေ ့တန်းတင်ကာ…ရေး / ပြောခြင်းကို… မဆိုလိုပါ ။

လွတ်လပ်စွာ ပြောရေး ဆိုခွင့် ဆိုတာ စကားလုံး လက်နက်မဟုတ် ။

လွတ်လပ်စွာ ပြောရေး ဆိုခွင့် ဆိုတာ…….မတရားတာရယ်လို မရှိဘူး..ဆိုတဲ ့ စစ်ပွဲတွေထဲမှာ… သုံးတဲ ့လက်နက်မဟုတ် ။

လွတ်လပ်စွာ ပြောရေး ဆိုခွင့် ဆိုတာ……….

ကိုယ် ့အတ္တ / အစွဲများကို…. အရောင် တောက်ပ လာအောင်…..

အရောင်တင်ပေးသော..အရာ မဟုတ် ။

ဒါဖြင့်……………………………..

လွတ်လပ်စွာ ပြောရေး ဆိုခွင့် ဆိုတာ ဘာလဲ….

*********************************************************************************

လွတ်လပ်စွာ ပြောရေး ဆိုခွင့် ဆိုသည်မှာ………………………..

အမှန်တရားကို……

အမှန်တရားပီပီသသ ပုံစံ ပေါ်ထွက် လာအောင်…..

တူးဖော်ပေးသည့်………

ဓါး တစ်လက် ဖြစ်ပါသည် ။

———————————————————-


ထို ဓါးသည်……………………..

တိမ်မြုပ်နေသော..အမှန်တရားကို….

ထင်ထင်ရှားရှား မြင်လာအောင်…..

တူးဖော် ပေးနိုင် စွမ်း ရမည် ။

ထို ဓါး သည်……………

အမှန်တရား ၏ ကိုယ် ထည် အပေါ် မှာ..ကပ်ငြိ / ဖုံးလွှမ်းနေသော….

မစင်ကြယ်မှုုများ…./ ညစ်နွမ်း ဆိုး သွမ်းမှုများကို…..

တိတိရိရိ အပိုအလိုမရှိ ….. ဖြတ်တောက် ဖယ်ရှားပေး နိုင်စွမ်း..ရမည် .

————————————————————————————

စည်းကမ်းရှိရှိ……

လွတ်လပ်ခြင်းကိုသာ…..

ကျွန်တော်………

မြတ်နိုး တန်ဖိုး ထားပါသည် ။

————————————————————————————–

ကျွန်တော်… ဓါး တစ်လက် ဖြစ်ချင်သည် ။

တိကျ သေချာ ပြီး…..

ပြတ်သားသော…….

အနုပညာဆန်စွာ..လှပ ပြီး….. အမှားအမှန်ကို… ခွဲခြားနိုင် စွမ်းသော….

အမှန်တရားကို…. အမှန်တရား ပီပီသသ ပေါ်ထွက်လာအောင် တူးဖော်ပေးနိုင် စွမ်းသော….

ဓါးကောင်းတစ်လက်..ဖြစ်ချင်လှပါသည် ။

******************************************************************
******************************************************************
******************************************************************

ကျွန်တော်………………………………

ကြိုးစားရဦးမည် ။

*************************************************************************

လေးစားစွာြ့ဖင့်……..

အလင်းဆက်

———————-

ရိုးရိုး လေး… တွေးမိသော..အတွေးကို…

ရိုးစင်းစွာပင် ချရေး မိခြင်းဖြစ်ိပါသည် ။

ဖတ်ရှု..ခံစားကြသူ အပေါင်းကို….

လေးစား မြတ်နိုးစွာ….

ကျေးဇူးတင်..လျက်…….

————————————————–

န =….. ? aa

20 comments

  • အလင်းဆက်

    October 5, 2012 at 8:12 pm

    က = http://myanmargazette.net/141855/arts-humanities
    ခ = http://myanmargazette.net/143018/arts-humanities
    ဂ = http://myanmargazette.net/143588/arts-humanities
    ဃ = http://myanmargazette.net/144518/arts-humanities
    င = http://myanmargazette.net/145317/arts-humanities
    စ= http://myanmargazette.net/145905/arts-humanities
    ဆ= http://myanmargazette.net/146558/arts-humanities
    ဇ= http://myanmargazette.net/147491/arts-humanities
    ဈ = http://myanmargazette.net/147883/creative-writing
    ည= http://myanmargazette.net/148098/arts-humanities
    တ =http://myanmargazette.net/149512/arts-humanities
    ထ=http://myanmargazette.net/149925/arts-humanities
    ဒ =http://myanmargazette.net/150370/arts-humanities
    ===========================
    ကျွန်တော် ခံစားခဲ့တဲ ့ အက္ခရာ ထွေရာလေးပါးများကို စဉ်ဆက်မပြတ် ဖတ်ရှု ခံစားပြီး
    ဝေဖန် အကြံပြု.ကြသော..
    ကျွန်တော်ချစ်သော စာချစ်သူများကို…
    လေးစားစွာ..ခင်မင်..ကျေးဇူးတင်လျက်ပါ ။

  • မောင်ပေ

    October 5, 2012 at 8:24 pm

    အားးးးး အလင်းဆက်… မင်းပစ်လိုက်တဲ့ အနုပညာဓါးတစ်လက်က ငါ့ရဲ ့စိတ်ဝင်စားခြင်းရင်ခွင်ကို ထိမှန်သွားခဲ့ပြီ တကား

  • အလင်းဆက်

    October 5, 2012 at 8:28 pm

    ဟိုက်…..

    လေးလေး..ပေ….

    ဒါရှို…
    တားတား..အမှု ပတ်ပြီပေါ့နော် ။
    🙂

  • ကထူးဆန်း

    October 5, 2012 at 9:31 pm

    ဒီမှာ နောက်တစ်မှု…. :hee:

  • pooch

    October 5, 2012 at 11:27 pm

    ဓားပစ်တဲ့ အနုပညာဆိုတာ ခံစားမိသလောက် စိတ်တည်ငြိမ်မှု အာရုံစူးစိုက်နိုင်မှု ဈာန်ဝင်စားနိုင်မှုပေါ် မူတည်ပြီး သူ့ရဲ့ ရလာဒ်က ကွဲပြားတယ် ။ တနည်းအား ဖြင့် စိတ်ရဲ့ စေစားရာကို လက်ကတသားတည်း ပါဝင်နိုင်မှု။

  • ဝင့်ပြုံးမြင့်

    October 6, 2012 at 12:19 am

    အကောင်းတကာ့ အကောင်းဆုံးဓားဟာ ကလောင်သွားလို့ ဆိုလိုတာပေါ့နော်။
    ကြောက်ချာကြီး။

  • ကိုခင်ခ

    October 6, 2012 at 5:44 am

    ဓားမခါးကြားထိုးလို့
    ဓနီတောမှာ
    ဓနီရေသောက်ပြီး
    ဓာတ်ပုံအကြောင်း
    ဓာတုဗေဒဆိုးဆေးနဲ့စားစရာအကြောင်း
    ဓူဝံကြယ်က နီးလားဝေလားဆိုတာတွေ
    ဓာတုကလျာနဲ့ နတ်သျှင်နောင်တို့ လွမ်းကြပုံ အဲလို ဟိုဟိုဒီဒီ ငြင်းကြပြောကြပေါ့ဗျာ။

  • surmi

    October 6, 2012 at 8:54 am

    လမ်းကြုံရင် ဆရာမဝင် ့ပြုံးမြင် ့ဆီမှာ အကြွေးတောင်းရဦးမယ်
    ဆ လိမ်ဆိုတာတစ်ရွာလုံး ကျုပ်တစ်ယောက်ထဲရှိတာ
    ခုတော ့ သူ ့ပေးလိုက်ရပြီ ။ :hee:
    ကဲ နောက်ပြောင်တာအသာထားလို ့ ရမ်းသမ်းရွှီးရင်တော ့
    အဲဒီအနုပညာကြီးကို ကျုပ်ကကြောက်တာ
    မခံစားနိုင်လွန်လို ့။သို ့သော်လည်း
    လိုက်ပါစီးမျောနေတာ အက္ခရာတွေလည်းဆုံးတော ့မယ် ။

  • ကြောင်ကြီး

    October 6, 2012 at 9:50 am

    ဓ ဓာတ်ပေါက်
    ခပ်ဂေါက်ဂေါက်
    ဟိုမရောက်
    ဒီမရောက်
    ထင်ရာဖောက်၊
    မတောက်တခေါက်
    သေရည်သောက်
    ပေါက်ပေါက်မြောက်မြောက်
    ဓါးကိုင်လျောက်၊
    ရဲဂျီးလာဟောက်
    ဆွဲကိုင်မှောက်
    ရွာသာကြီးရောက်
    လူငခြောက်..။

  • Thu Wai

    October 6, 2012 at 10:02 am

    မင်းဆွေ ရဲ့ ဓားဆိုတဲ့ စာအုပ်ကိုတော့ ဖတ်ဖူးတယ်ဗျ။
    အဲဒီထဲက စာသားလေး တစ်ခုကတော့ မိုက်တယ်

    မိုးပေါ်မှာနေနေ ရေအောက်မှာသေသေ လေထဲမှာကြေကြေ အထွတ်အထိပ်မှာ ငါနေမည်
    လာမည့်ဘေး ကို ပြေးမရှောင် တွေ့အောင်ငါသွားမည်တဲ့

  • ရွှေ ကြည်

    October 6, 2012 at 4:54 pm

    အလက်ဆင်းရေ အစ်မဖတ်ဖူးတဲ့စာအုပ်တအုပ်မှာတော့ ဆက်ကပ်အဖွဲ့ကဓါးသမားတယောက်ဟာ သူ့ပါတနာကောင်မလေး (ဓါးပေါက်ခံရမယ့်ကောင်မလေးပေါ့) ကိုသူကအရမ်းချစ်ပြီးသူ့ကိုလည်း ဆရာတယောက်အဖြစ်နဲ့သာမကပဲပိုနေတယ်လို့ သူကထင်နေပေမယ့် သူ့ကိုစကားလုံးလေးတွေနဲ့အချိုသပ်ပြီး
    နောက်တယောက်နဲ့ချစ်နေကြပြီး သူ့ကိုနောက်ကွယ်မှာလှောင်ပြောင်နေတာကို သူကိုယ်တိုင်ကြားခဲ့ရတဲ့အခါ
    ပွဲခင်းထဲမှာ ပြကွက်မှာမှားယွင်းပစ်မိတဲ့ပုံစံမျိုးနဲ့ ဓါးကိုကောင်မလေးကိုမှန်အောင်ပစ်သတ်ဖို့ ကြိုးစားခဲ့ပေမယ့်ကျင့်သားရနေတဲ့သူ့လက်တွေဟာ မှန်အောင်ပစ်လို့မရဘူးဖြစ်နေတယ်တဲ့လေ ကဲ ကောင်းရော..။
    (ဪ အဲဒီဓါးသမားက မျက်လုံးအဝတ်နက်စည်းပြီးပစ်တာပါ)

  • athwe lay

    October 6, 2012 at 7:59 pm

    ပစ်လိုက်တဲ့ဓားကတော့ကျန်တော်ရင်ထဲကိုစိုက်သွားတယ်ထင်ရဲ့ အားပေးပါတယ်ဗျာ ။ဝါသနာပါပေမယ့် ဉာဏ်မမှီတော့လုူတွေကို ရသမပေးနိုင်တဲ့ ကျွန်တော်ပါ ကိုအလင်းဆက်ရေ ။ဒါနဲ့စကားမစပ် gtalkအကောင့်လေး ပေးလို့ရရင်ပေးပါလားဗျာ။

  • အလင်းဆက်

    October 6, 2012 at 9:41 pm

    အို…. ကထူးဆန်းကလည်း.နောက်တစ်မှု တဲ ့ ။

    ကထူးဆန်းရေ….
    ကျွန်တော်.. ရေးတဲ ့ ဓါး ရသ ကို သဘောကျတယ်..ဆိုလိ ု့…ကျေးဇူးပါနော် ။
    _____________________________________

    pooch
    ရေ…
    ဓါး ဖွင့်ဆိုချက်ကလေးက..ကောင်းလိုက်တာ…။
    ကျေးဇူး.။
    🙂
    —————————————————

    မမပြုံး ရေ….
    ကလောင်သွားက..ဓါးသွား ထက်တောင်… ထက်သေး..ဆိုပဲ…

    ဟုတ်ပါ ့ ။ ကြောက်ချာကြီး ။

    စာရေးသူ ဆိုတာ..အဲဒီလို… တာဝန်ကြိးပါတယ် ။
    အကောင်းကို အကောင်းအတိုင်း / အဆိုးကို အဆိုးအတိုင်းပေါ်လွင် ထင်ရှားအောင် ရေး ရမှာပါ ။
    အဲဒီလို မရေးပဲ… အောကင်းကို အဆိုး ဖြစ် သယောင်ယောင် / အဆိုးကို အကောင်း ဖြစ်သယောင်ယောင်… ရေးလိုက်မိရင်..
    အတုယူ..မယ့် လူငယ်တွေ အတွက်… မှားယွင်း ခြင်းတွေ..ဖြစ်နိုင်ပါတယ် ။
    ဟစ်တလာ လို…. ဒေဝဒတ်လို…. လူဆိုးကြိးတွေက်ို…
    ဇာတ်လိုက် မင်းသားလုပ်ပြီး…….. ရေးတဲ ့သူများ…
    အရေးမတော် တဲ ့အခါ…………………………………………..

    အပြုံးရေ…… နောက်မှ ဆက်ပြောတော့မယ်..အေ….။
    🙂

    =================================

    ကိုကို.. ခင်ခင် ခခရေ…

    ကျေးကျေး..နော် ။

    အဆက်မပြတ် ဖတ်ရှု ခံစားလာသူကြီး….
    🙂
    ==============================
    ဦးဦး..ဆာမိ ။

    အဆက်မပြတ် ခံစားလာတာ….
    အ = နားတောင် နီးလာပါပြီ ။

    မမပြုံး ဆီက အကြွေး..တောင်းပါနဲ ့တော့ရှင် ။
    ကျွန်မတောင်. သူ….ဦးသွား တဲ ့ ပိုစ် တစ်ပုဒ်ရှိပါ ့ ။

    အ = အလင်းဆက် အတွက် ..ဆိုပြီး..လေ ။
    သူရေး ထားတာ…။

    ———-

    ဦးဦးဆာမိရေ….

    ဒီတစ်ခေါက်… အ = အထိ ပြိးလို ့…
    နောက်တစ်ခါ… က = ကနေ..ပြန် စဖြစ်ရင်…..
    ဆ = မှာ.. ဦးဦး ဆာမိ အကြောင်း….
    ရေး အံ ့ ။

    မျှော်…..
    🙂
    ==================================

    ဦးကြောင်….

    ဦးကြောင်ကတော့….
    လုပ်..ချ လိုက်ပြန်ပြီ ။
    ================================
    Thu Wai…..ရေ

    အဲဒီ မင်းဆွေ ရဲ ့ဓါး…က..
    ဖတ်လို ့အရမ်းကောင်း တာ ။
    ငယ်ငယ်ကတည်းက ဖတ်ဖူးပေမယ့် … အခု ထိ မမေ ့နိုင်ပါဘူး ။
    ဓ = မှာ..အဲဒီ စာအုပ် ကို..ဝေဖန်ချက်လေး.ရေးမလို ့ စိတ်ကူး ကြည့်သေးတယ် ။ ဒါပေမယ့်…
    စာအုပ်.ကောင်းတစ်အုပ်ကို..ကျွန်တော်..ဖျက်လိုဖျက်ဆီး မလုပ်ချင်လို ့….

    အဟီး ။

    ကျေးဇူးနော် ။

    +++++++++++++++++++++++++++++++++

    မမရွှေကြည်ရေ…

    အဲဒီ စာအုပ်ကလေး..ဖတ်ချင်လိုက်တာ..ဂျာ ။

    စာအုပ်နာမည်လေး…ပြောပါလား..ဟင် ။

    +++++++++++++++++++++++++++++++++++++

    athwe lay ရေ…

    ကျွန်တော့် ပိုစ်ထဲကို…
    အခုမှ ပဲ..ဝင်လာဖော်ရတယ်နော် ။

    ရင် ထဲ…အထိ..ရောက်သွားတယ်..ဆိုလို ့…
    ပီတိလေး.ဖြစ်ရပါတယ် ။

    နောက်လာမယ့် အက္ခရာများ..နဲ ့ခရီးသွား ဥိးမှာမို ့…

    လိုက်ပါ… ခံစားပေးဥိီးနော်. ။

    ကျွန်တော့် မေးလ် လိပ်စာက…..

    alinsett.art@gmail.com ပါခဗျာ…။
    လေးစားစွာ…..

    အလက်ဆင်း

  • kai

    October 7, 2012 at 6:17 am

    “ဓါးသွားပေါ်ကပျားရည်တစက် ချိုမလားလို့ရက်ကြည့်စမ်း”.. တဲ့..
    ဆွေလှိုင်ဦးဝတ္ထုခေါင်းစဉ်လား.. ဘာလားမသိတော့..

    ဒါပေမယ့်.. စာသားအရတွေကြည့်ယုံနဲ့တင်.. “ဓါး”အနှစ်သာရပေါ်တယ်..
    ဓါးသွားပေါ်မှာ.. ပျားရည်စက်လေးတပေါက်က.. ခိုနေတာကို.. ဓါးသွားအလျှားအတိုင်း.. လျှာနဲ့”ဖြတ်ကနဲ့ “လျှက်ကြည့်..
    “ရွှပ်ကနဲ့” ပဲ.. :buu:

  • စိန်ဗိုက်ဗိုက်

    October 7, 2012 at 4:09 pm

    ဓါးသွားပေါ်မှာ..လမ်းလျှောက်ခြင်း ဆိုလို ့ အူးဆတ်တစ်ယောက် ဆပ်ကပ် အဖွဲ ့ထဲ ဝင်သွားသလားလို ့ ဆိုးယိမ်နေတာ..
    နောက်တစ်ပုဒ်က နငယ်ဆိုတော့ နံပြားအကြောင်းရေးမှာပေါ့နော်..အူးဆတ်

    • မောင်ပေ

      October 7, 2012 at 8:46 pm

      နို ့ဆီ ဆမ်းထားတဲ့ နံပြားတဲ့ဟေ
      “အ” ရောက်ရင်လဲ
      အာပုံ ဆိုပဲ
      ဟီဟိ
      ညီငယ်ဆက်ကြီး စိတ်ဆိုးရဘူးနော်

  • အလင်းဆက်

    October 7, 2012 at 8:31 pm

    သူကြီး..ပြောသလို…တော့…လုပ်ရဲပေါင်…ဗျာ ။
    🙂
    ============================

    စိန်ဗိုက်ဗိုက်ရေ….
    နငယ်မှာ…. နံပြားအကြောင်းရေးမလား ….

    နူ … နေတဲ ့ အနော်… ဆိုပြီး.. ရေးရင် ကောင်းမလား..လို ့ ။
    အဟီး…။

    နောက်တာ.။
    နငယ်မှာ…. ရေးဖို ့က… အဆင်သင့် ပဲ..။

    မျှော်……. :buu:

  • အလင်းဆက်

    October 7, 2012 at 9:00 pm

    ဆိုးပါဘူး..ဦ်းပေ…ရာ

    အ ရောက်ရင်..အာပုံအကြောင်းတော့ ..သိပ်မသိလို ့…..

    အာပုံ အစား..တစ်ခုခု အကျန်လေး.ပေးပါလား..ဟင် ။
    :buu:

  • lynnsatyar

    October 8, 2012 at 3:12 pm

    တာရာမင်းဝေ ဝတ္ထု နာမည်လို ငါ့ရင်ခွင်ကြားက နှင်းဆီ ဓါးသွားတစ်လက် ပေါ့…. 🙂

  • အလင်းဆက်

    October 8, 2012 at 6:22 pm

    ဟုတ်. ။

    အဲဒီ စာအုပ်ကလည်း… အတော်ကောင်းတယ်နော် ။
    တာရာမင်းဝေ..က အဲဒီ စာအုပ်မှာ.. ပညာတွေ ထုတ်သုံးသွားတယ်ဗျ ။

    နိမိတ်တွေ..ကိုကြိုသိနေတဲ ့ မိန်းကလေး..နဲ ့…..
    လူငယ်တစ်ယောက်ကြားက….. ဖြစ်ရပ် ဆန်းတွေ…. ။

    အဲဒီ စာအုပ်ကို ဟိုးတုန်းက နှစ်အုပ်တွဲ..ဖတ်ခဲ့ရတာ ။
    အရမ်းကြိုက်တယ် ။
    အဲဒိ စာအုပ်မှာ.. အချိုးဖျက်ခြင်း…ဆိုတဲ ့မော်ဒန်..သီအိုရီ တစ်ခု ကို……
    တွေ ့ခဲ့ရတယ် ဗျ ။

    အခု ကိုလင်းစက်ရာ….ပြောတော့..
    ပြန်..စာအုပ်ကို….သတိရမိတယ်ဗျာ..။

    🙂

Leave a Reply