ခိုးစားလို ့ချမ်းသာနေကြတဲ့ စက်သုံးဆီဆိုင်များ

the bestOctober 6, 20121min24918

စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းများ တင်သွင်းသိုလှောင်  သယ်ယူဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ

ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ စစ်ဆေးရေးအဖွဲ့က စက်တင်ဘာလ  ၂၆ ရက်နှင့် ၂ရ ရက်များတွင်

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ပုဂ္ဂလိကစက်သုံးဆီ

အရောင်းဆိုင် ၂၃ ဆိုင်ကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ  အရောင်းဆိုင် ၂၃ ဆိုင်အနက်

စက်သုံးဆီအရောင်းဆိုင် ၂၁ ဆိုင်ရှိ ပန့်များသည် သတ်မှတ်အခြင်အတွယ် ပြည့်မီခြင်းမရှိဘဲ

လျော့နည်းနေကြောင်း  စစ်ဆေးတွေ့ရှိခဲ့ရတဲ့ အကြောင်း ၊

ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင် ၂၁ ခုမှာ ရတနာ၊  ရာဇာမင်းကုမ္ပဏီ၊ နီလာရိုးမကုမ္ပဏီ၊

ထူးထရေးဒင်းကုမ္ပဏီ၊ Petro Star (ပိုင်ပြည့်စုံကုမ္ပဏီ)၊Green Luck ကုမ္ပဏီ၊ သူရိယစွမ်းအင်၊

Denko ကုမ္ပဏီ၊ Silver Wave ကုမ္ပဏီ၊ မက်စ်မြန်မာကုမ္ပဏီ၊ ငါးလုပ်ငန်းနှင့် ရေထွက်ပစ္စည်း ၂၀၀ဝ ကုမ္ပဏီ၊

ရွှေတောင်ကုမ္ပဏီ၊ Petro K၊ မြတ်မေတ္တာမွန်ကုမ္ပဏီ၊ New Day Energy ကုမ္ပဏီ၊ မြန်မာနိုင်ဂရု(ပ်) ကုမ္ပဏီ၊

ပက်ထရိုအေအမ်ပီ၊ ကောင်းဇော်ဟိန်းကုမ္ပဏီ၊ ဧရာရွှေဝါကုမ္ပဏီ၊  Petro Green (ယုဇနကုမ္ပဏီ)၊

လင်းလက်အောင်(မြဝတီထရေးဒင်း) အစရှိသည့် ပုဂ္ဂလိကလုပ်ငန်းရှင် ကုမ္ပဏီ အဖွဲ့အစည်းများက

ပိုင်ဆိုင်သည့်  စက်သုံးဆီဆိုင်များဖြစ်ကြောင်းသတင်းဖတ်လိုက်ရပါတယ်။

 

ဒီလိုသတင်းမျိုးကို ဖေါ်ပြပေးတဲ့ eleven ကို ကျေးဇူးတင်မိပါတယ်။

 

ဒီလိုခိုးစားလို ့ချမ်းသာနေကြတဲ့ သူတွေ က နိုင်ငံတော်အဖွဲ  ့အစည်းတွေမှာ

လူကြီးတွေဝင်လုပ်နေကြတဲ့ကြောင်သူတော်တွေပါလားလို ့သိလိုက်ရတော့

အဖွဲ ့အစည်းမှာလည်း ဘယ်လောက်ခိုးထားသလဲလို ့မေးခွန်းထုတ်လိုက်ချင်ပါတယ်။

 

ဆိုင်နာမည်တည်နေရာ အသေးစိတ်ကို

http://news-eleven.com/index.php?option=com_content&view=article&id=15876:2012-10-05-15-52-47&catid=42:2009-11-10-07-36-59&Itemid=112

မှာဖတ်လို ့ပါတယ်။

 

 

 

 

 

18 comments

  • the best

    October 6, 2012 at 2:38 am

    “ခိုးစားလို ့ချမ်းသာနေကြတဲ့ စက်သုံးဆီဆိုင်များ ” လို ့ခေါင်းစဉ်တပ်ပေးပါ သူကြီးရေ။

  • ကထူးဆန်း

    October 6, 2012 at 7:43 am

    ပြည့်တယ် ဆိုတဲ့ ဆိုင် နှစ်ဆိုင်တော့ နံမည် မဖော်ပြဘူး ဆိုတော့အားလုံး မပြည့်ပါလို့ဘဲ ယူဆရမှာပေါ့ ။
    ခေါင်းစဉ်ကခိုးစားလို့ ချမ်းသာနေကြတဲ့ စက်သုံးဆီဆိုင်များ လို့ မရေးသင့်ဘဲ

    ချမ်းသာပြီးသော်လည်း ခိုးစားဆဲ သူခိုးကြီးများ

    လို့ ရေးရမယ် ထင်တယ်။

  • surmi

    October 6, 2012 at 8:31 am

    သူခိုးကမျိုးမှမပြုတ်တာ
    အရင်မန်နေဂျာဟောင်းတွေပြန်ခန် ့ထားတာပဲ
    အစိုးရအဖွဲ ့ထဲမှာလဲ ဂျိုးကပ်နေတဲ ့ကောင်တွေ ရှိနေပြန်သေး ဆိုတော ့ကာ ……?

  • Good™

    October 6, 2012 at 10:41 am

    ဒီသတင်း က စိုက်ပျိုးထား တဲ့ ကျနော်တို့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပင် ကြီး စတင် ဖူးပွင့် လာ ပြီ လို့ ပြော လို့ ရ တယ်နော်။
    အသီးတွေ ဝေဝေဆာဆာ နဲ့ ပြီးပြည့်စုံ တဲ့ ဒီမိုကရေ စီ အတွက် လမ်းစ လို့ ပြောလို့ ရတာ ပေါ့ နော်။
    ခု ပို့ရေးသူနဲ့ သတင်းမီဒီယာ သမားကို လည်း ဒီမိုကရေစီ ရှင်သန်ဝေဆာ ဖို့ အတွက် ရေလောင်း ပေါင်းသင်သူ အဖြစ် တင်စား ဂုဏ်ပြုပါရစေ။

  • may flowers

    October 6, 2012 at 12:06 pm

    ခုတလော ကြားကြားနေပါတယ် အများပိုင်ပစ္စည်းခိုးတာအပြစ်မဟုတ်ဘူးဆိုလား ..ဟာဟားးးး

    ဆက်သာခိုး ဆက်သာခိုး :byae:

  • may flowers

    October 6, 2012 at 12:11 pm

    :kwi:
    ့ပုံမှာ သွားလို့ ပြန်ထပ်တင်လိုက်တာ 😀

  • မောင်ပေ

    October 6, 2012 at 12:22 pm

    အဲဒါ အေးဓါးပြ ခွေးကျတဲ့အမျိုး
    ခွေးအနူသူခိုး

  • the best

    October 6, 2012 at 2:27 pm

    ကထူးဆန်း၊ surmi၊ Good™၊ may flowers၊ မောင်ပေတို ့
    အားဖြည့်ပေးကြလို ့ ပို ့စ် ကပိုပီပြင်လာတဲ့အတွက် ကျေးဇူးပါပဲ။

    သတ်မှတ်အခြင်အတွယ် ပြည့်မီခြင်းမရှိတာ သုံးနေတဲ့ ပန် ့ရဲ့ အမျိုးအစားက
    ညံ့လို ့ဖြစ်ရတာပါလို ့ ပြောချင်ရင်လည်း ဖြစ်နိုင်ပါတယ်။

    ဒီကိစ္စမှာ စားသုံးသူကာကွယ်ရေးအသင်းက လူကြီးလုပ်နေတဲ့သူတွေ
    တစ်ခွန်းမှမပြောရဲကြတာ အသင်းရဲ့ရှေ ့အလားအလာကိုပြနေတာပဲ။

    ဒီအခြေအနေအတိုင်းသာဆက်ဖြစ်နေရင် စားသုံးသူကာကွယ်ရေးအသင်းးဟာ
    ဘယ်တော့မှ မအောင်မြင်နိုင်ဘူးလို ့ ရဲရဲကြီးပြောရဲပါတယ်။

    စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းများ တင်သွင်းသိုလှောင်သယ်ယူဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ
    ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ စစ်ဆေးရေးအဖွဲ့က
    အခုလိုသတင်းထုတ်ပြန်ရဲတဲ့ သတ္တိကို လေးစားဂုဏ်ပြုပါတယ်။

    ပြည်သူများသုံးစွဲရန်၊ စားသုံးရန်မသင့်သောဆေးဝါးများ၊အစားအသောက်များဆိုပြီး
    ခဏခဏ ကြော်ငြာနေတဲ့ပုံစံတော့ မဖြစ်ပါစေနဲ ့။

    (ကြော်ငြာလိုက်၊ လဒ်စားလိုက်၊) x ၁၀၀၀၀၀၀ဝ လုပ်မလားဆိုတာ စောင့်ကြည့်ကြပေတော့။

  • myohtat

    October 6, 2012 at 8:34 pm

    နယ်တွေမှာလည်း … အဲဒီသူခိုးတွေဖွင့်ထားတဲ့ဆိုင်တွေရှိသေးတယ် …
    နယ်ကဆိုင်တွေပါစစ်ပေးသင့်တယ် … နှစ်နဲ့ချီပြီးခိုးလာတာ … အရေးယူသင့်တာပေါ့ …
    အရေးမယူဘူးဆိုတာ .. တာဝန်ရှိသူတွေနဲ့ပါ ..ပတ်သက်ဆက်နွယ်နေလိမ္မယ် …

  • the best

    October 7, 2012 at 12:23 am

    ဟုတ်တယ်…myohtat ရေ၊
    တစ်ခါတစ်လေ စားပေါက်ရအောင် အမှုဆင်လိုက်တာတွေရှိတယ်။
    အခုလည်းဒီလိုဟုတ်မဟုတ် စောင့်ကြည့်ရမှာပဲ။

    အမှုဆင်လိုက်၊လာဘ် စားလိုက်၊
    အမှုဆင်လိုက်၊လာဘ် စားလိုက်၊
    အမှုဆင်လိုက်၊လာဘ် စားလိုက်၊တော့ မဖြစ်ပါစေနဲ ့လို ့ ဆုတောင်းရတော့မှာပေါ့လေ။

  • uncle gyi

    October 7, 2012 at 8:31 am

    ကျေးဇူးပဲမောင်ကောင်းရေ
    အန်ကယ်လည်းဒီအကြောင်းေhttps://myanmargazette.net/wp-admin/post-new.phpရးမလို့လုပ်နေတာ
    အစိုးရတုန်းကအများပိုင်မို့လို့ခိုးတယ်မှတ်တယ်
    အခုပုဂ္ဂလိကပိုင်ဖြစ်လည်းခိုးတုန်း
    သူခိုးမျိုးဆိုတာဘယ်တော့မှမတိမ်ကောဖူး
    ပုဂ္ဂလိကဆိုင်တွေစဖွင့်တုန်းကဂါလံပြည့်ပါတယ်နောက်မှလျော့ကုန်တာ
    ဘယ်သူ့တိုင်ရမှန်းမသိဖြစ်နေတာအခုမှစိတ်ချမ်းသာတယ်
    နောက်ဆိုဂါလံမပြည့်တဲ့ဆိုင်တွေ့ရင်လုပ်ကိုင်ခွင့်ပိတ်သိမ်း
    တာအထိလုပ်ဖို့လွှတ်တော်ထဲအဆိုတင်သွင်းဖို့
    တိုက်တွန်းချင်ပါတယ်

  • uncle gyi

    October 7, 2012 at 8:44 am

    ဟုတ်ပကိုကောင်းရေ
    ဆီဆို်င်တွေလည်းဖွင့်တုန်းတချက်ပြည့်တာနောက်ပို်င်လျော့လာတာ
    နောက်ဖွင့်တဲ့ဆိုင်တွေဆိုဖွင့်ကတည်းကမပြည့်တာ
    အန်ကယ်တို့ကအလုပ်ရှုပ်လို့တခါထည့်၈ ဂါလံလောက်ထည့်တာဆိုတော့သိသာတာပေါ့
    ၁ ဂါလံ ၂ဂါလံထည့်သူတွေကဘယ်သိသာမလဲ
    ထရည်အလျင်အိုးလိုဖြစ်နေတဲနဲ့တူပါရဲ့ကွယ်
    ဂါလံ မပြည့်တဲ့ဆိုင်စစ်ဆေးမိရင်ပိတ်သိမ်းမယ်ဆိုတဲ့အမိန့်ကလေးများထွက်လာရင်
    အားလုံးကကြိုဆိုကြမယ်နဲ့တူတယ်
    အားမေ့လို့သူတို့ကကြိုတဲ့အထဲမပါလောက်ဖူး

  • the best

    October 7, 2012 at 9:25 am

    ဂါလံ မပြည့်တဲ့ဆိုင်စစ်ဆေးမိရင်ပိတ်သိမ်းမယ်ဆိုတဲ့အမိန့်ကလေးများထွက်လာရင်
    ကားတွေအကုန်လုံးရပ်ထားရတော့မှာပေါ့။

    ဂါလံ မပြည့်ရင် အလျှော်ပြန်ပေးရမဲ့အမိန် ့၊
    ဂါလံ မပြည့်ရင် အလျှော်ပြန်တောင်းလို ့ရတဲ့ အစီအစဉ်ကို နည်းလမ်းရှာသင့်တယ်။

    သက်ဆိုင်ရာကလည်း ဆီဆိုင်တွေ ဘယ်လိုနည်းနဲ ့ခိုးသလဲဆိုတာ ဖွင့်ပြောပြသင့်တယ်။
    ဆီခိုးခံရလို ့ဆုံးရှုံးရတာကတစ်မျိုး ၊တော်ကြာ ဂါလံအပြည့်ပေးပြီး စံမမီဆီတွေရောရင် ဒုက္ခ၊

    စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းများ တင်သွင်းသိုလှောင်
    သယ်ယူဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ စစ်ဆေးရေးအဖွဲ့က
    ဆီဂါလံ ပြည့်-မပြည့်အပြင် ဆီစံချိန်ပြည့်-မပြည့်ကိုပါ စစ်ဆေးပေးသင့်တယ်လို ့ အကြံပြုချင်ပါတယ်။

  • ကိုခင်ခ

    October 7, 2012 at 4:50 pm

    အစိုးရ စက်သုံးဆီဆိုင်တွေ ခေတ်တုန်းက ခိုးကြလို့ နံမည်ကိုကြီးခဲ့တာ၊
    အခုပုဂ္ဂလိကစက်သုံးဆီတွေလည်း မထူးပါဘူးဆိုတော့ ကောင်းရောပေါ့။
    ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူးဗျာ။
    ကားဆီထဲ့တိုင်းအလှုလို့ သဘောထားရအောင်လည်း၊
    အဲလိုအလှုမျိုးတော့ မလှုချင်ပေါင်။

  • နေဝန်းနီ

    October 7, 2012 at 7:45 pm

    ခိုးမှချမ်းသာတာဟ ….။ အဲဒါကြောင့် ချမ်းသာတဲ့သူတွေဆို……………….:kwi:
    ဗမာစကားတစ်ခုရှိတယ်မဟုတ်လား ” လွယ်ရင် သူကြွယ်တောင် စိတ်မချရဘူး” တဲ့လေ…..။

  • the best

    October 7, 2012 at 9:01 pm

    သူဆင်းရဲတွေ ခိုးရင် “သူခိုး”။
    သူကြွယ်တွေခိုးရင် “——-အဖွဲ ့ ဥက္ကဠ”။

  • the best

    October 7, 2012 at 9:08 pm

    myohtat ၊ uncle gyi ၊ ကိုခင်ခ၊ နေဝန်းနီ တို ့အားလုံးကိုကျေးဇူးတင်ပါတယ်။

  • myohtat

    October 8, 2012 at 2:31 pm

    (Comment)တွေတာ …. အမျိုးမျိုးပေးနေကြတာ … ကျွန်တော်တို့ပေးတဲ့(Comment)တွေ သူတို့လည်း
    ဖတ်မှာမဟုတ်ဘူး … ဖတ်ရင်တော့ သိပ်ကောင်းတာပေါ့ဗျာ … (MandalayGazette)က အဖွဲ့ထဲကလူတွေ
    ဘဲရေးပြီး … အဖွဲ့ထဲကလူတွေဘဲ ပြန်ဖတ်နေတော့ .. သိပ်တော့ မကောင်းဘူး …
    ဟို … ဆရာကြီးတွေ … ဆီမှာဆို တော်တော်ဖတ်ကြမှာ … ကျွန်တော်တို့(MandalayGazette)လည်း လူတွေအားလုံး စိတ်ဝင်စားပြီးဖတ်နိုင်အောင်လုပ်သင့်တယ် … အားလုံးကိုလေးစားလျှက် ….

Leave a Reply