ထီကနဲဆို ပွဲစကထဲက ရှုံးတတ်သော ကြေးမုံဂျီး ဒီတခေါက်တွင်လည်း နောက်ကောက်ကျပြန်ပီ။ ပြောလည်းပြောပြော ဘယ်တော့မှ အမှတ်သည်းခြေ မရှိ၊ ပြောသူသာ မောရသည်။ မနေ့က ကျင်းပသော ချိုင်းနားအိုးပင်းတင်းနစ် ဆီမီးဖိုင်နယ်တွင် ရှာရာပိုဗာဂလေးက နလီကို ၆-၄ ၆-၀ နှစ်ပွဲပြတ် အနိုင်ရကာ ဗိုလ်လုပွဲ တက်သွားသည်။ တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ညနေ၆နာရီတွင် အမေရိကန်နိုင်ငံတွင် ကြီးပြင်းလာသူ ရုရှားနိုင်ငံဖွား ရှာရာပိုဗာကြောင်ကြီးနှင့် ဘီလာရပ်စ်နိုင်ငံသူဂျီး အဇာရန်ကာတို့ ယှဉ်ပြိုင်ဗိုလ်လုကြမည်ဖြစ်သည်။ အမေရိကန်နိုင်ငံနှင့် ဥရောပဘုံဈေးအဖွဲ့အား အကြွေးဖြင့်သိမ်းမည်ဟု ထင်ရာမြင်ရာ ပြောဆိုမိသူ ကြေးမုံဂျီးခမျာ ဦးကြောင်ကြီးထံ အကြွေးများစွာ တင်နေပြီဖြစ်ရာ ဂေဇက်ရွာတွင် သို့လောသို့လောဖြင့် ၎င်းတို့နှစ်ဦးအကြောင်း ကာလသား၊ ကာလသမီး၊ အပြိုဂျီး၊ လဗျိုဂျီးအပေါင်းမှ ပါးစပ်အရသာခံ ပြောကြားနေပြီး လောင်းကစားဒိုင် ကပေထံတွင် ဝါမကျွတ်ခင် ဖြစ်မဖြစ် လောင်းကြေးဆယ်လေးတလေး ဈေးပေါက်နေကြောင်း ဘီဘီစီကမ္ဘာတလွှား အစီအစဉ်မှ ထုတ်လွှင့်သွားသည်။

ယီးလေးလေး ယီးလေယို….


Challenge to ကြေးမုံဂျီး ဗေထိဗေထိ ဗေပုံထိ

ယနေ့ (စနေနေ့) မြန်မာစံတော်ချိန် နေ့လည် တနာရီခွဲတွင် ကြောင်ကြီးရည်းစား ရှာရာပိုဗာ နှင့် ကြေးမုံဂျီးအမျိုး နလီတို့ ချိုင်းနားအိုးပင်း ဒဗလျူတီဗအ ပရီမီယာ တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲ ရေကုန်ရေခမ်း နွဲကြမည်။ ရုရှားသူနုနုထွတ်ထွတ် အပျိုဆင် ရှာရာပိုဗာဂလေး တရုတ်မဂျီး နလီ မည်သူနိုင်မည်နည်း။ တရုတ်ကူမြူနစ်ကေဒါ တပ်နီရဲမေ ကြေးမုံဂျီး အလောင်းအစား ပြုဝံ့၏လော။ အမေရိကန် စီအိုင်အေ ဦးကြောင်အနေဖြင့် ဆယ်လေးတလေး ရှာရာပိုဗာဂလေးဖက်မှ ဘဝပုံအော လောင်းရဲသည်။ အချိန်မှီ အကြောင်းမပြန်လျင် ဆိတ်ဆိတ်နေခြင်း ဝန်ခံခြင်းဆိုသော ဆောင်ပုဒ်အရ သဘောတူလက်ခံသည် မှတ်ယူမည်။ :harr:

ကြေးမုံဂျီးအား ငါးဖယ်တေသလိုတေမည့် ဦးကြောင်ကြီး

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး