6-10-1012 စနေ ညပွဲစဉ်များ

MgMobileOctober 6, 20121min1096

မင်္ဂလာပါခင်ဗျာ။

ချန်ပီယံလိဂ် မှာကျနော် ရဲ့ခန့်မှန်းမှုလေးတွေ တော်တော်များများ

အောင်းမြင်ခဲ့လို့ အားရကျေနပ်မိပါတယ်။ တကယ်လို့သာ ချန်ပီယံလိဂ်မှာ

ကျရှုံးမှုတွေများခဲ့မယ်ဆိုရင်တော့ ဘောလုံးပွဲးခန့်မှန်းမှုများကို

ရပ်နားတော့မယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ “တက်သိပညာ မနေသာ”

ဆိုတဲ့အတိုင်း ဒီညမှာတော့ ခန့်မှန်းမှုများကို ဆက်လက်ဖော်ပြပေးသွားမှာ

ဖြစ်ပါတယ်။

ဒီနေ့ရဲ့ပွဲစဉ်များကတော့

6:15   2+70    မန်စီးတီး       3=    ဆန်းဒါးလန်း

8:30  2+30    ချဲလ်ဆီး         3-40   နော့ဝှစ်

။        =90     ဆွမ်ဆီး           2-90   ရီဒင်း

။        1+40   ဝက်စ်ဘရွန်း   3+40  ကျူပီအာ

။                    ဝီဂန်                  2-80   အဲဗာတန်   =90

။         =35     ဗယ်ကာနို        2-!     ဒီပို့တီဗို

10:30              ဝက်ဟမ်း       3+60  အာဆင်နယ်  =80

   ။         =30    ချီယေဗို            2=      ဆမ်ဒိုးရီးယား

။         =10     ဇာရာဂိုဇာ        2-50    ဂီတာဖေး

12:30 1+70   ဗယ်လာဒိုလစ်  2-90    အက်စ်ပန်ညို

1:15      =50    ဂျီနိုအာ    2-90    ပါလာမို

2:30     =80     ဘက်တစ်       2-80    ဆိုစီဒက်

ဒီနေ့ညရဲ့ အကြိုတ်ဆုံး ပွဲစဉ်ကတော့

10:30       ဝက်ဟမ်း  3+60  အာဆင်နယ်  =80

ဒီနှစ်သင်းရဲ့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယာလိဂ်

ပွဲစဉ် လေးပွဲကတော့

ဝက်စ်ဟမ်း   ၃-၀  ဖူလ်ဟမ်

နော့ဝှစ်       ဝ-၀  ဝက်စ်ဟမ်း

ဝက်စ်ဟမ်း   ၁-၁  ဆန်းဒါးလန်း

ကျူပီအာ     ၁-၂   ဝက်စ်ဟမ်း

——————–

လီဗာပူး        ၀-၂   အာဆင်နယ်

အာဆင်နယ်  ၆-၁  ဆောက်သမ်းတန်

မန်စီးတီး       ၁-၁   အာဆင်နယ်

အာဆင်နယ်  ၁-၂   ချဲလ်ဆီး

ဝက်စ်ဟမ်းရဲ့ ယခုနှစ်ရာသီ ပရီးမီးယာလိဂ် အိမ်ကွင်း

၃ ပွဲးကစားထားပြီးရာမှာ ၂ ပွဲနိုင် ၁ ပွဲသရေ ရဂိုး ၅ ဂိုး

ပေးဂိုး ၁ သာရှိထားတဲ့အတွက် အိမ်ကွင်းကစားပုံ မာကျောမှု

ရှိတာကိုသတိပြုရမှာပါ။ အာဆင်နယ်ကတော့ အဝေးကွင်း

၃ ပွဲးကစားပြီးရာမှာ ၁ ပွဲနိုင် ၂ ပွဲသရေနဲ့ အဝေးကွင်းရှုံးပွဲ

မရှိခဲ့တာကိုတွေ့ရပါတယ်။ အာဆင်နယ်ဟာ အဝေးကွင်းမှာ

လီဗာပူကို အနိုင် မန်စီးတီး ကိုသရေ ကစားထားနိုင်ခဲ့ပေမယ့်

အလယ်အလတ် ခြေစွမ်းမာကျောမှုရှိတဲ့ အသင်းတွေနဲ့တွေ့ရင်

ရလဒ်မကောင်းတတ်တာကို အထူးသတိပြု့ရမှာပါ။

ဈေးနှုန်းဖွင့်လှစ်မှုကိုကြည့်မယ်ဆိုရင်လဲ အာဆင်နယ် သရေ ကျရင်

၈ဝ ရှုံးမယ်လို့ဖွင့်လှစ်ထားမှုဟာ ညက်ညောလွန်းပါတယ်။

သရေကျရင် ၈ဝ ပဲရှုံးမယ်ဆိုပြီး ၂ဝ ချန်ထားတာဟာ ဝက်စ်ဟမ်း

အနေနဲ့ အနိုင်ရနိုင်ချေလို့သာ ၂ဝ ချန်ထားတယ်လို့ ယူဆပါတယ်။

ဒါ့ကြောင့် အာဆင်နယ်ကို အနိမ့်ဆုံး သရေ သို့မဟုတ် အနိုင်ကစားသွားမယ့်

“ဝက်စ်ဟမ်း” ဒီညရဲ့အကောင်းဆုံးပွဲးစဉ်အဖြစ် ရွေးချယ်ပေးလိုက်ရပါတယ်။

——————————–

နောက်ထပ်ထပ်မံ ရွေးချယ်ပေးမှာကတော့ ဂိုးပေါင်းဖြစ်ပါတယ်

10:30   =30    ချီယေဗို    2=     ဆမ်ဒိုးရီးယား

ချီယေဗိုရဲ့ စီရီးအေ နောက်ဆုံး ၄ ပွဲမှာ

ချီယေဗို    ၁-၃  လာဇီယို

ဂျုဗင်တပ်  ၂-၀  ချီယေဗို

ချီယေဗို    ဝ-၂  အင်တာ

ပါလာမို    ၄-၀  ချီယေဗို

—————————

ပါဆာကရာ  ၂-၃  ဆမ်ဒိုး

ဆမ်ဒိုး        ၁-၁  တိုရီနို

ရိုးမား         ၁-၁  ဆမ်ဒိုး

ဆမ်ဒိုး        ဝ-၁  နာပိုလီ

ချီယေဗို ပွဲစဉ် ၄ ပွဲနဲ့ ဆမ်ဒိုး ပွဲစဉ် ၄ ပွဲမှာ ဂိုးပေါင်း

၂ ဂိုးထက်နည်းတဲ့ပွဲ ၁ ပွဲသာရှိခဲ့တာ အဓီကအချက်ပါ

ယခုပွဲစဉ်ဈေးနှုန်းဖွင့်လှစ်မှုမှာ ၂ ဂိုးသွင်းလျှင်သရေဆိုတဲ့

အနေအထားဟာ ပြီးခဲ့ပွဲစဉ် များနှင့် ချင့်ချိန်ကြည့်မယ်ဆိုပါက

ဂိုးပေါင်းအပေါ်ကို အားပေးသင့်ပါ။ ဒါပေမယ့် ၂ ဂိုးသရေဆိုတဲ့

ဂိုးပေါင်းဈေးနှုန်းဟာ Formula အရတွက်မယ်ဆိုရင်တော့ အင်မတန်

ရှာပါးတဲ့ ဖွင့်လှစ်မှုမျိုးဖြစ်ပါတယ်။ Formula အရပြောမယ်ဆိုရင်တော့

ဂိုးပေါင်း ၂ ဂိုးထက်မကျော်နိုင်မှုဟာ တော်ရုံတန်ရုံမဟုတ်ပါဘူး

သေချာပေါက်လောက်ကို မကျော်နိုင်တာလို့သာ ၂ လုံးသရေဆိုတဲ့ဈေးနှုန်း

ကိုဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေကို ပြန်ကြည့်မယ်ဆိုရင်လဲ

ဒီလိုဖွင့်လှစ်မှုမျိုးတွေနဲ့ ကျနော် တို့ရှုံးခဲ့ပေါင်းများခဲ့ပါပြီ။ ဈေးနှုန်းအရ ဂိုးပေါင်းအောက်

အပိုင်းချထည့် လိုက်ရင် ဂိုးပေါင်းအပေါ်တွေ ဆော်ဆော်သွားတာကို မရိုးနိုင်အောင်

တွေ့ခဲ့ရပါတယ်။ ဂိုးပေါင်း ၂ လုံးသရေ ဝန်းကျင်မှာရှိမယ်ဆိုရင်

ဈေးနှုန်းအရ ဂိုးပေါင်းအောက် အောင်ဖို့များမှာ ဖြစ်ပေမယ့်

အရင်နှစ်တွေမှာရှိခဲ့တဲ့ အလားတူဖွင့်လှစ်မှုမျိုးတွေကို ပြန်ကြည့်မယ်ဆိုရင်

ဂိုးပေါင်းအပေါ်တွေ တော်တော် များများအောင်ခဲ့တာကို တွေ့ရမှာပါ။

ဒါ့ကြောင့် ယခုပွဲစဉ်ကိုတော့ “ဂိုးပေါင်းအပေါ်” ကိုရွေးချယ်ပေးလိုက်ရပါတယ်။

—————————————————-

ဇာရာဂိုဇာ – ဂီတာဖေး နှင့် ဂျီနိုအာ – ပါလာမို

ပွဲစဉ်များ ရဲ့ထူးခြားမှုကိုဖော်ပြပါမယ်

ဇာရာဂိုးဇာ သရေကျလျှင် ၁ဝ ရှုံးဟုဖွင့်လှစ်ထားပါတယ်။

ယခုလို သရေကျလျှင် ၁ဝ ရှုံးဆိုသည့်ဈေးနှုန်းမှာ ဈေးနှုန်းပေးမှု

အနိမ်ဆုံး ဖြစ်ပါသည်။ ယခုလိုအိမ်ကွင်းမှ သရေ ၁ဝ ပေးလျှင်

များသောအားဖြင့် သရေ သို့မဟုတ် အဝေးကွင်းမှအနိုင် များကြောင်း

အတွေ့အကြုံတစ်ခုကိုတင်ပြပေးလိုက်ရပါတယ်။

ဂျီနိုအာ -ပါလာမို

အဝေးကွင်း ၃ ပွဲစလုံးရှုံးနိမ့်ထားတဲ့ ပါလာမိုကို

ဂျီနို်အာ ရဲ့ဈေးနှုန်းပေးမှုဟာ ပျော့ပျောင်းလွန်းပါတယ်။

(ဈေးကွပ်လူပ်ရှားမှုများကိုထပ်မံ၍ အခါအားလျော်စွာဖော်ပြပေးသွားမှာဖြစ်ပါတယ်)

စနေမောင်မောင်

 

 

 

6 comments

  • foot y

    October 6, 2012 at 3:23 pm

    ကြိုက်တယ်ဗျာ
    ကျွန်တော်ကတော့..စောစောလေးလဲအိပ်လို ့ရမယ်
    သေလဲသေချာတဲ့ပွဲတစ်ပွဲလက်ဆောင်ကတော့
    Manchester City ပွဲပါပဲဗျာ
    အသင်းနဲ ့ဂိုးပေါ်..လုံးဝ..ကျွန်တော့်ဘဝနဲ ့ထပ်တူခန် ့မှန်းပေးလိုက်ပါတယ်
    ဖြစ်နိုင်ဖွယ်ကတော့…..3 – 1 ဒါမှမဟုတ်..4 – 1 ပါ….

  • Thu Wai

    October 6, 2012 at 5:44 pm

    ခန့်မှန်းနေရုံ နဲ့ မပြီးပါဘူး ဂေဇက်ထဲ မှာဒိုင်လေးများမရှိ်ဘူးလားမေးကြည့်စမ်းဘာ ဒီထဲမှာတင်အလုပ်ဖြစ်တာပေါ့

  • foot y

    October 6, 2012 at 6:16 pm

    ရွာထဲမှာ….ရဲတစ်ယောက်တော့ရောက်နေပြီထင်တယ်
    ရဲအုပ်..Thu Wai ….မူးပြီး…ဒိုင်တွေဖမ်းမလို ့လား
    မင်းထင်သလောက်မလွယ်ဘူးနော်………….ဟားဟား

  • Mobile

    October 6, 2012 at 6:24 pm

    ဒိုင်ရှိပါတယ်ခင်ဗျ။
    ကြိုတ်သလောက်လောင်းလို့ရတယ် ပွဲစပြီး ၁၅ မိနစ်လောက်ထိဂိုးမသွင်းသေးရင်
    ကြိုတ်တဲ့ဖက်ကလောင်းလို့ရတယ် ပြီးတော့ ဈေးကိုလည်း နဲနဲ ဆစ်လို့ ရတယ်ခင်ဗျ။
    ဒါပေမယ့် အလျော်ရမရတော့ မသေချာဘူးခင်ဗျ။ အဲဒါကိုစိတ်ဝင်စားရင် ဒီရွှာထဲမှာပဲ
    အလုပ်ဖြစ်နိုင်ပါတယ်ခင်ဗျ။

  • mg htoo1

    October 6, 2012 at 6:39 pm

    ကိုပေလည်းပေါ်မလာဘူး။ ကျွန်တော်ဘာမှမလုပ်ရသေးဘူး။ စောင့်နေတယ် ကိုပေ

  • မောင်ပေ

    October 6, 2012 at 7:19 pm

    ဒီညအတွက်
    မောင်ပေ့ စိတ်ကြိုက်ရွေးခြယ်မှုလေးတွေကို နဲနဲဝင်ငံရမယ် ဆိုရင်ဖြင့်
    *******
    ပိုလာမှာ ဖြစ်တဲ့ ပါလာမို
    ဂျီနိုအာ(၈) – ပါလာမို(၁၇)
    ဂျီနိုအာ သရေ ၅ဝ အရှုံးကို ၄၅ ပဲ ဖွင့်လာတာဟာ ၊ ပါလာမို အောက်ထစ် သရေ နဲ ့အနိုင်ပါပဲ
    *******
    ဒိုင်ဆီက ပိုက်ဆံတွေကို ဟောဒီက ဖိုက်တာတွေဆီ ပို ့မယ့် ဒီပို ့
    ဗယ်လကာနို(၁၄) – ဒီပို ့တီဗို (၁၆)
    သူရို ့၂သင်းတွေ ့ဆုံခဲ့မှု သမိုင်းကြောင်းမှာ အမှတ်ခွဲယူခဲ့တဲ့ ပွဲက အများကြီးပါပဲ
    အခုလဲ ဗယ်လကာနို က နောက်ဆုံးကန်ထားတဲ့ ၃ ပွဲ ဆက်တိုက်ရှုံး
    ဒီပို ့က လဲ နောက်ဆုံးကန်ထားတဲ့ ၂ပွဲဆက်တိုက်ရှုံး
    အမှတ်ခွဲယူကြဦးမယ့်ပွဲပါ
    *******

Leave a Reply