Junior professional အဆင့် ဝန်ထမ်းကောင်းများ မွေးထုတ်ပေးရန် ရည်ရွယ်ခြင်း

manawphyulayOctober 6, 20121min581

Ready to Work Program

Myanmar Business Executive (MBE) Association ၏ Business Capacity Building (BCB ) Centre သင်တန်းကျောင်းတွင် ကုမ္ပဏီလုပ်ငန်းများ နှင့် NGO များ၌ ထိရောက် ကျွမ်းကျင်စွာ စွမ်းဆောင်နိုင်မည့် Junior professional အဆင့် ဝန်ထမ်းကောင်းများ မွေးထုတ်ပေးရန် ရည်ရွယ်၍ Ready to Work Program သင်တန်းကို အောက်တိုဘာလ (9) ရက်နေ့တွင် စတင်ဖွင့်လှစ်ပါမည်။ ၎င်းသင်တန်းတွင်

· အဖွဲ့အစည်းများအကြောင်း ကောင်းစွာ နားလည်သဘောပေါက် လာစေရန် Organization Behavior

· ကျွမ်းကျင်သော လုပ်သားကောင်းတစ်ဦး ဖြစ်လာစေရန် Essential Skill

· ရုံးပိုင်းဆိုင်ရာများကို ကိုင်တွယ်စီမံ ဆောင်ရွက်တတ်စေရန် Office Management

· နိုင်ငံတကာအဆင့်မီ ပြောဆိုရေးသားနိုင်စေရန် Business English

စသည့်အဓိက Module (၄)ခုကို စာတွေ့လက်တွေ့ သင်ကြားပေးပါမည်။ Ready to Work Program သင်တန်းတွင် ထူးချွန်သူများအတွက် ရန်ကုန်မြို့တွင်းရှိ နာမည်ကြီး ကုမ္ပဏီကြီးများ၌ အလုပ်သင် အနေဖြင့် Internship လုပ်ကိုင်နိုင်မည့် အစီအစဉ်လည်း ပါရှိပါသည်။

· သင်တန်းကာလ ၃ လ

· သင်တန်းချိန် ၉းဝဝနာရီ မှ ၁၂းဝဝ နာရီ

· သင်ကြားမည့်ရက် အဂါင်္နေ့ နှင့် ကြာသပတေးနေ့

သင်ကြားရေး ထိရောက်မှုရှိစေရန် သင်တန်းသားဦးရေကို ကန့်သတ်ထားပါသည်။ စိတ်ဝင်စားသူများ သည် BCB Centre တည်ရှိရာ အခန်း ( ၄၀၁ )၊ ပန်းခြံတာဝါ၊ အမှတ် (၈) ဗားဂရာလမ်းနှင့် ဓမ္မစေတီ လမ်းထောင့်၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၅၃၈၅၃၁၊ ၅၀၅၉၇၂ Emailbcbcentre009@gmail.com Website:www.bcbcentre.net သို့ဆက်သွယ်စုံစမ်း နိုင်ပါ သည်။ (ဤ program ၏ Internship အစီအစဉ်တွင် ပူးပေါင်းပါဝင် ဆောင်ရွက်လိုသည့် ကုမ္ပဏီ လုပ်ငန်း အဖွဲ့အစည်းများ ကိုလည်း လှိုက်လှဲစွာ ဖိတ်ခေါ် အပ်ပါသည်။ )

One comment

  • kaung kin pyar

    October 8, 2012 at 1:52 pm

    ခုလို information ပေးတာ ကျေးဇူးတင်ပါတယ် မ မနောရေ…။ သင်တန်းချိန်က ရုံးချိန်ဖြစ်နေတော့လဲ တက်ချင်ပေမယ့် အဆင်မပြေနိုင်ပါဘူး အစ်မရယ်….။ နောက်ပိုင်း ရုံးချိန်လွတ်ဆိုရင်တော့ တက်ဖြစ်အောင် တက်မှာပါလို့………

Leave a Reply