***ကဗျာတံငါ ရေချိုးပြန်ရတဲ့ ည***

maung khinminOctober 7, 20121min1173

 ကဗျာတံငါ  ရေချိုးပြန်ရတဲ့    ည

စိတ် ကိုင်းတံ မှာ ……
ဈာန် အစာတပ်
အနုပညာ ငါးတွေ ထထပွက်တတ်တဲ့
ငါ့ …. နှလုံးသား ကန်ရေ နက်နက်ထဲ အသာချ
ကဗျာ ငါးတစ်ကောင်တစ်လေမှ
လာမဟပ် ကြ

ညထဲ  လရောင်က သဲသဲလှုပ် ရွာချ
ကန်ရေပြင်  ဘော်ငွေလှိုင်းတို ့ ရဲ့ ယိမ်းအက
လေပြည် အနွဲ ့  သစ်ရွက်အကြွေ
သေနေတဲ့   ဝေါဟာရ
စကားလုံးတိုင်း  ဖောင်းပွကာရန်
ရစ်သမ် မမှန်သေး ….
ရင်တစ်ခုလုံး  လေးလံတိတ်ဆိတ်
တိတ်တဆိတ်   ဆွံ ့အ …..
လှရက်တဲ့  ….. ည

ဟော ….. ခုနှစ်စင် ကြယ်ပြောင်
ကင်းမြီးကောက်  ကောင်  ပေါ့
ဟိုး းးးးးးးးးးးးးးးးး
ရိုးမတောင်ရဲ့ အထက်  ဦးစောက် ပက်လက်
နတ်ပြည် တတ်တဲ့ … ည

အနုပညာ သန္ဓေ သားပျက်ကျ တဲ့  ည
ဈာန်အစာ က  စိတ်ကို ပြန်မြိုချ လို ့ …
ကဗျာ ငါးတွေ  ဖျတ်ဖျတ်လူး
ပေါင်းကူး မရတဲ့  ည
စကားလုံး တွေ  သွေးဆုံးပျက်ကြွေ
ရာသီမမှန် တဲ့ လေပြည်လို ….
ရင်ဘတ်ကြီး  သေလို ့ …

အဲ့ဒီ  ည  က

ငါးမရ  … ရေချိုးပြန်ခဲ့တယ် ။။။။

မောင်ခင်မင်(ကျွန်းချောင်း)

၇.၁၀.၂၀၁၂

3 comments

Leave a Reply