“ကျွန်မ ဘ ဝ အ တွက် စံ န မူ နာ ကောင်း ခဲ့ သော ကျွန် မ ၏ အစ် ကို”အ ပိုင်း-( ၂ )ဇတ်သိမ်း

aye.kkOctober 8, 20121min9515

အစ် ကို က တော့ သူ ့ရဲ ့။ စာ မျက် နှာ အ ရွက် (၄၀) ပါ တဲ့ ။ အ သုံး ပြု ထား ပြီး သား လေ့ ကျင့် ခဏ်း စာ အုပ် ထဲ က စာ ရွက် လွတ် တွေ ကို လိုက် ရှာ ပြီး ။ အ မှတ် အ သား တွေ လုပ် နေ တာ မြင် တော့ ။ ကျ မ က အစ် ကို ့ကို ဘာ လို ့အဲ ဒီ လို အ မှတ် အ သား လုပ် နေ ရ တာ လည်း လို ့မ နေ နိုင် ဘဲ မေး မိ ခဲ့ ပါ တယ် ။ အစ် ကို က ကု လား မ ပြီး ခင် ဗ မာ မ မြင် စေ နဲ ့ဆို ပြီး ။ ရွတ် နောက် နောက် ပြော လိုက် ပါ တယ် ။

အဲ ဒီ စာ ရွက် လွတ် တွေ ကို ဆုတ် ဖြဲ လိုက် ရင် ရ ပြီ ဘဲ မ ဟုတ် လား လို ့ကျ မ က ပြော တော့ ။ မ သိ ရင် အ သာ နေ ပါ ။ အစ် ကို လုပ် တာ ကို သာ ကြည့် ထား လို ့ပြော တော့ ။ ကျ မ လည်း ငြိမ် ငြိမ် လေး နဲ ့သာ အစ် ကို လုပ် သ မျှ ကို ။ အစ အ ဆုံး ကြည့် နေ မိ ပါ တယ် ။ အစ် ကို က စာ ရွက် လွတ် တွေ ကျန် နေ တဲ့ စာ အုပ် ရဲ ့အ လယ် ဗ ဟို က နေ (ချုပ်) စက် နဲ ့ညှပ် ထား တဲ့ က လစ် တွေ ကို ။ ခဲ တံ ချွန် တဲ့ ဓါး ပါး ပါး လေး နဲ ့ဟ ထုတ် ပြီး ။ စာ ရွက် တွေ ကို အ လိုက် တ သင့် ဖြုတ် နေ တာ တွေ ့ရ ပါ တယ် ။
ပြီး တော့ မှ ဖြုတ် ထား တဲ့ ။ အ စုံ လိုက် ပါ လာ တဲ့ စာ ရွက် ရဲ ့အ လယ် စင် တာ က နေ တိ တိ ကျ ကျ ။ ဓါး ပါး လေး နဲ ့အ ရာ ပေး ပြီး ဖြတ် ယူ လိုက် ပါ တယ် ။ သေ သေ သပ် သပ် လုပ် တတ် တဲ့ အစ် ကို ပါ ဘဲ လို ့ကျ မ စိတ် ထဲ မှတ် ချက် ချ မိ ခဲ့ ပါ တယ် ။ အစ် ကို က အဲ ဒီ လို မ လုပ် ပဲ နဲ ့လွတ် တဲ့ အ တိုင်း ဆွဲ ဖြုတ် လိုက် ရင် ။ အ ခန် ့ မ သင့် ရင် စာ ရွက် က ညီ ညီ ညာ ညာ မ ဖြစ် ပဲ စာ ရွက် အ သား ပြဲ သွား ရင် ။ စာ ရွက် တ ရွက် က အ လ ဟ ဿ ဖြစ် သွား နိုင် တယ် ။
မ ညီ မ ညာ နဲ ့ချုပ် ထား ရင် ၊ ကြည့် လို ့မ ကောင်း တဲ့ အ ပြင် ၊ အ ကဲ့ ရဲ ့ခံ ရ နိုင် တယ် ။ အ ကြမ်း သုံး စာ အုပ် လို ပုံ စံ ပေါက် ရင် ကျောင်း မှာ သွား သုံး လို ့မ ရ ဘူး ။ အိမ် မှာ ပဲ အ ကြမ်း တွက် ဘို ့ချ သုံး တဲ့ စာ အုပ် ပဲ လုပ် လို ့ရ မှာ ။ အ ဖေ က အစ် ကို ့ အ တွက် ဗ လာ စာ အုပ် တ အုပ် ဝယ် ပေး ရ တာ ။ သက် သာ သွား နိုင် တယ် ။ အစ် ကို ပြန် ပေါင်း ချုပ် ထား တဲ့ စာ အုပ် တွေ ကို ။ ဆ ရာ မ က အ ကြမ်း စာ အုပ် မှန်း တောင် မ ထင် မိ ဘူး ။ အ ကြမ်း စာ အုပ် မှန်း သိ သွား ရင် ဆ ရာ မ က လက် ခံ မှာ မ ဟုတ် ဘူး ။

ဒါ ဆို အစ် ကို ဘီ ဒို စာ အုပ် စင် က ၊ စာ ရွက် ရေ (၅၀၀) ပါ တဲ့ စာ အုပ် က အစ် ကို ကိုယ် တိုင် ချုပ် ထား တဲ့ စာ အုပ် ပေါ့ ။ ဟုတ် လား ဟင် လို ့မေး လိုက် မိ ပါ တယ် ။ အစ် ကို က ကျ မ မျက် နှာ ကို သေ သေ ချာ ချာ ကြည့် ပြီး ။ အ ဖေ ပေး တာ ပါ ပြော တော့ ။ ကျ မ က အင်း ထင် တော့ ထင် သား ဘဲ ။ ချုပ် ထား တာ မ ဖြစ် နိုင် ဘူး ဆို ပြီး ထင် မိ သား ဘဲ ။ ချုပ် ထား တဲ့ နေ ရာ လည်း အ စ န တောင် ရှာ မ တွေ ့ ဘူး ပြော တော့ ။ အစ် ကို က ရယ် ကျဲ ကျဲ လုပ် နေ ပါ တယ် ။
ကျ မ ရှေ ့ တင် အစ် ကို က ၊ စာ ရွက် အ လွတ် န ခမ်း သား ကို အပ် ရာ အ ရင် ပေး ပြီး ၊ ပိုး ချည် အ ကျစ် နဲ ့ချုပ် ပါ တယ် ။ စ က္ကူ ကပ် တဲ့ ကော် နဲ ့၊ န ခမ်း သား တွေ ကို အ သေ အ ချာ ထပ် သုတ် ပြီး မှ သာ မျက် နှာ ဖုံး အ ခွံ လွတ် တ ခု ယူ ပြီး ပြန် အုပ် ပါ တယ် ။ မ သိ ရင် တော့ တ ကယ့် န ဂို မူ လ စာ အုပ် လား လို ့အ မှတ် မှား ယူ လောက် ပါ တယ် ။
ကဲ ကဲ…ဗ မာ မြင် လို ့ရ ပြီ ။ အ ကြမ်း စာ အုပ် နဲ ့တူ နေ သေး လား မေး တော့ ။ မ တူ ဘူး လို ့ဖြေ မိ ပါ တယ် ။

အေး အ စော တုံး က ညီ မ လေး ပြော တဲ့ အ ရွက် (၅၀၀) ပါ တဲ့ စာ အုပ် က ၊ အစ် ကို ကိုယ် တိုင် ချုပ် ထား တဲ့ စာ အုပ် ဘဲ လို ့ ပြော တော့ ။ ကျ မ လည်း အစ် ကို ့ကို မျက် လုံး အ ဝိုင်း သား နဲ ့ကြည့် ပြီး ။ အံ ဩ မိ ခဲ့ ပါ တယ် ။
ဪ…..ဟု သာ ဆို နိုင် ပြီး ။ စေ့ စပ် သေ ချာ တဲ့ သေ သပ် တဲ့ အစ် ကို ့ ကို လက် ဖျား ခါ ချင် မိ လောက် အောင် စိတ် က ခံ စား လိုက် ရ ပါ တယ် ။ နောက် ရက် တွေ မှာ တော့ အစ် ကို က သူ ့ရဲ ့အ ချိန် ဇ ယား ကို အ ဖေ့ ကို ပြ နေ တာ မြင် ပါ တယ် ။ မ နက် စာ ဘ ရိတ် ဖတ် စား ပြီး တဲ့ အ ချိန် ။ မ စား ခင် အ ချိန် ။ နေ ့ ခင်း အ ချိန် ။ ည နေ ခင်း အ ချိန် ။ တစ် နေ ့ တာ သူ ့ရဲ့ အ ချိန် ဇ ယား ကို အ ဖေ က ကြည့် ပြီး ။ သ ဘော ကျ လက် ခံ ခဲ့ ပါ တယ် ။ မ နက် အိပ် ရာ ထ မျက် နှာ သစ် ပြီး တာ နဲ ့။ နံ နက် ( ဝ၆း-၀ဝ ) နာ ရီ က နေ ( ဝရးဝဝ ) နာ ရီ အ ထိ ။ ဘော် လီ ဘော ။ ကြက် တောင် ရိုက် လေ့ ရှိ ပါ တယ် ။

ပြီး ရင် ။ ရေ မိုး ချိုး ပြီး ၊ ဘ ရိတ် ဖတ် စား ပါ တယ် ။ (၀၈း၃၀) နာရီ က နေ (၀၉းဝ၀) နာ ရီ မှာ ။ မြန် မာ့ အ သံ က လွှင့် တဲ့ အ င်္ဂ လိပ် ပိုင်း အ စီ စဉ် နား ထောင် ပါ တယ် ။ (၀၉း၃၀) နာရီ က နေ (၁၁းဝ၀) နာ ရီ မှာ သူ ငယ် ချင်း တွေ နဲ ့ရေ ကူး ထွက် ပြီး ။ (၁၂းဝ၀) မ တိုင် ခင် နေ ့လည် စာ ထ မင်း သုံး ဆောင် ပါ တယ် ။ နေ ့ခင်း အ င်္ဂ လိပ် ပိုင်း အ စီ စဉ် ရေ ဒီ ယို နား ထောင် တတ် ပြီး ။ ရေ ဒီ ယို နား မ ထောင် တဲ့ အ ချိန် ။ လေ သေ နတ် ပစ် တာ ။ ခြံ နောက် ဖေး မှာ သူ ငယ် ချင်း တွေ ခေါ် ပြီး က စား တာ မျိုး ရှိ တတ် ပါ တယ် ။ ည နေ (၁၅း၃၀) နာ ရီ က နေ (၁၆း၃၀) နာ ရီ အ ချိန် ဘောင် ဆင် ထိုး တာ လေ့ ကျင့် ပါ တယ် ။ ဘောင် ဆင် ထိုး တာ ကို တော့ နေ ့ စဉ် ပုံ မှန် လေ့ ကျင့် ပါ တယ် ။ ည နေ (၁ရးဝ၀)နာ ရီ က နေ (၁၈းဝ၀) နာ ရီ အ ထိ က ရေ မိုး ချိုး ပြီး ။ ည နေ စာ ထ မင်း သုံး ဆောင် ပါ တယ် ။

မ နက် ခင် း ပိုင်း (၀၉း၃၀) နာ ရီ က နေ (၁၁းဝ၀)နာရီ ထိ က တော့ ၊ ရေ ကူး ။ စစ် တု ရင် ။ ပန်း ချီ ဆွဲ ။ ဂစ် တာ တီး ။ က ရာ တေး ။ က စား တာ တွေ ကို တော့ ။ ရက် ပြောင်း ပြီး လုပ် သွား ပါ တယ် ။ အစ် ကို ရဲ ့နေ ့ စဉ် ပုံ မှန် ဆွဲ ထား တဲ့ ဇ ယား အ တိုင်း နေ ထိုင် တာ ။ ကျ မ က အ လွတ် ရ နေ ပါ တယ် ။ သူ ငယ် ချင်း တွေ က သူ ့ ကို အ လွန် တော် လို ့ချစ် စ နိုး ခေါ် ကြ တဲ့ နာ မည် ပြောင် တ လုံး ပေး ထား တာ ရှိ ပါ တယ် ။ အား လုံး ထဲ မှာ အ မြဲ ဗိုလ် စွဲ တဲ့ နေ ရာ မှာ ရှိ နေ တဲ့ အ ပြင် ။ ဘာ ဘဲ ပြိုင် ပြိုင် အ မြဲ တန်း အ နိုင် ချည်း ဘဲ ရ တာ မို ့။ ကို ဗိုလ် နိုင် ဆို ပြီး ချစ် စ နိုး ခေါ် ကြ ပါ တယ် ။
တ ရက် မှာ ကျ မ တို ့မောင် နှ မ တွေ က ။ ပန်း ချီ ဆွဲ တာ ကို လက် တွေ ့ပြ ခိုင်း မိ ပါ တယ် ။ သူ ့ ပုံ ကို သူ နဲ ့တူ အောင် ဆွဲ ပြ ခိုင်း မိ ကြ ပါ တယ် ။ မှန် ရှေ ့ သူ ့ မျက် နှာ ကြည့် ပြီး ခဲ နဲ ့ကောက် ကြောင်း ဖော် ပြီး ဆွဲ ပြ တာ (၁၀) မိ နစ် မ ကြာ ပါ ဘူး ။ အ လွန် ကို ထပ် တူ ကျ အောင် ဆွဲ ပြ နိုင် ခဲ့ ပါ တယ် ။

ကျောင်း မှာ စစ် တု ရင် ပြိုင် ပွဲတွေ ပြု လုပ် တဲ့ အ ခါ ၊ အစ် ကို ဝင် ပြိုင် ပါ တယ် ။ ပြိုင် ပွဲ မှာ အ နိုင် ရ ပြီး ၊ အ မြဲ ဗိုလ် ပဲ စွဲ ပါ တယ် ။ က ရာ တေး မှာ လည်း ခါး ပတ် အ နက် အ ဆင့် ရ ရှိ ထား လို ့။ ဘက် စုံ ထူး ချွန် လို ့အ လွန် တော် တဲ့ အစ် ကို ပါ ဘဲ လို ့မောင် နှ မ တွေ က ချီး မွမ်း ထော ပ နာ အ သိ မှတ် ပြု ခဲ့ ကြ ရ ပါ တယ် ။
အစ် ကို အ သက် (၁၈) နှစ် ပြည့် တုံး က ၊ ရန် ကုန် မှာ ကား မောင်း သင် တန်း တက် ခဲ့ တုံး က လည်း ။ အ သက် အ ငယ် ဆုံး ကား မောင်း ကျွမ်း ကျင် သူ အ ဖြစ် ဆု ချ ခံ ရ ဘူး ပါ တယ် ။

အစ် ကို ့အ ကြောင်း စာ ဖွဲ ့ရင် မ ကုန် နိုင် ပါ ဘူး ။ ကျ မ ဘ ဝ အ တွက် စံ န မူ နာ ကောင်း ခဲ့ သော ကျ မ ၏ အစ် ကို လို ့သာ ဆို ချင် မိ ပါ တော့ တယ် ။။။

15 comments

  • ကြောင်ကြီး

    October 8, 2012 at 4:01 am

    ဒီလောက်တော်တဲ့ အန်တယ်ဂျီးကို ရှစ်လေးလုံးမှာ မတွေ့လိုက်ရပါလား။ အန်တီပဒုမ္မာကတော့ ဆိုင်ဘူးတဲ့၊ သူတို့လူရည်ချွမ်တွေလည်း အဲလောက်တော့ တော်တာပဲတဲ့၊ ဒို့အရေးအော်တုန်းက နှာစေးနေလို့ အိမ်ပြင်မထွက်တာ၊ အခုမှ တကယ်လုပ်တော့မှာတဲ့။ မယုံရင် ဝံကျီးအဖွဲ့ထဲမှာ လူရည်ချွမ် ပါနေဗီဆိုပဲ။ ဂုမ်ရူပါ တယ်ဗျာ..။ :kwi:

    အပြုသဘောနဲ့ ဝေဖန်တာ မကျေနပ်ရင် နိုင်ငံတော်ပုန်ကန်မှုနဲ့ ဖမ်းပစ်မယ်။ ပထမဗိုလ်ကြီးအောင်ကြူး :bar:

    • မောင်ပေ

      October 8, 2012 at 11:16 am

      ဗိုလ်မူးအောင်ပု နဲ့ ဘယ်သူက စီနီယာပိုကျသလဲခင်ဗျ
      :kwi:

    • aye.kk

      October 8, 2012 at 5:43 pm

      ကြောင်ကြီးရေ။
      ရှစ်လေးလုံးမတိုင်ခင်ကတည်းကထွက်သွားတာကြာပြီမို ့ပါ။
      တောင်ကြီးကလောင်ကီးနှာစေးနေပါကြောင်း
      နဲ ့ဗိုလ်ကြီးအောင်ကြူးကိုအထူးကြောက်သဖြင့်ရှောင်ပါကြောင်း။။(ခင်လို ့စသည်)
      —————————————————————————————————–
      ကိုပေ,…။
      မှူးလား,မူးလားကိုပေ။အတူတူပဲလို ့ထင်မိတယ်။(စတာ)

  • ကိုခင်ခ

    October 8, 2012 at 10:10 am

    မအေးရေ အတော်စေ့စပ်သေချာတဲ့ အကိုဘဲနော်၊ စာဖွဲ့ရင်မကုန်နိုင်ဘူးဆိုပြီး ဒီမှာဘဲရပ်လိုက်တာလားဟင်။
    စိတ်ဝင်တစ်စားဖတ်လို့ အရှိန်ကောင်းနေတာလေ။

    • aye.kk

      October 8, 2012 at 5:54 pm

      ကိုခင်ခ,….ရေ။
      ကျေးဇူးပါနော်။
      အားနာမိရပြီ၊အချိန်မရလို ့ပါ။

  • eipu

    October 8, 2012 at 11:56 am

    အဲသလိုအကိုတစ်ယောက်လောက် လိုချင်လိုက်တာနော်။

  • Hnin Hnin

    October 8, 2012 at 1:20 pm

    အစ်ကိုဆိုရင် ညီမတွေက အသေးအဖွဲလေးကအစ အားကိုးချင်တဲ့စိတ်ရှိကြတာပဲ….
    ကိုယ့်အခန်း မီးလဲပေးတာမျိုးပဲဖြစ်ဖြစ်ပေါ့….စံနမူနာကောင်းတဲ့အစ်ကိုဆိုတော့
    ညီမလေးအပေါ်လည်း အားကိုးရတဲ့အစ်ကိုအကြောင်းတွေများ ရေးလာအုံးမလား
    ဆိုပြီးမျှော်နေတာ..တီကေ….ပြီးသွားတာ မြန်လိုက်တာနော်…
    နှင်းနှင်းလည်း တီကေ့အားကျပြီး ရေးရင်ကောင်းမလားလို့…
    ‘ကိုယ့်အားကိုယ်ကိုးရတဲ့ ညီမ နှင့် အစ်ကိုများ’ ဆိုပြီး…. :kwi:

  • kyeemite

    October 8, 2012 at 2:03 pm

    ကျနော်တို့ငယ်ငယ်ကလည်းထိုနည်းလည်းကောင်းပါပဲ…
    ဗလာစာအုပ်ချွေတာသုံးခဲ့ရပါတယ်…ကျောင်းတွေပိတ်ပြီဆို
    သုံးပြီးဗလာစာအုပ်တွေအားလုံး အဖေ့ကိုအပ်ရပါတယ်…
    အဖေကမှ မအေးအစ်ကိုလုပ်သလိုစာအုပ်တွေပြန်ချုပ်ပြီး
    နောက်နှစ်ကျောင်းပြန်ဖွ့င်ရင် အတန်းငယ်သမားတွေကို
    ကျောင်းမှာပြန်သုံးစေပါတယ်…အဖေက မကြာခဏဆိုသလိုလည်း
    လွယ်အိပ်တွေယူစစ်လေ့ရှိပါတယ်…စာအုပ်တွေစုတ်ပြဲနေရင်၊
    စာရွက်ထောင့်တွေလိပ်နေရင် ဆူလေ့ရိုက်လေ့ရှိပါတယ်….
    အခုတော့..ကြီးမိုက်ခမျာ..သားတော်မောင်ကို နိုင်အောင်မဆုံးမနိုင်ပါဘူး…
    ရိုက်မဆုံးမလို့ပဲလားတော့မသိ… :bar:

  • အန်တီအေးရေ..
    အန်တီ့ရဲ့ အစ်ကိုကို လေးစာမိသလို အဲဒီလိုအစ်ကိုရထားတဲ့ အန်တီ့ကိုလည်း အားကျမိပါတယ်…
    အစ်ကို့ကို အတုယူသွားပါကြောင်းနှင့် နောင်မျိုးဆက်များအတွက် မှတ်သားသွားပါကြောင်း.. :harr:

  • aye.kk

    October 8, 2012 at 6:30 pm

    eipu,…ရေ
    ဝမ်းသာမိပါတယ်ကွယ်။။
    ———————————————————————————————————-
    Hnin Hnin,…ရေ။
    အန်တီက…
    ဒီရက်ပိုင်းအတွင်း။
    တရားပတ်ဝင်မှာဆိုတော့၊အမြန်ဖြတ်လိုက်မိတာပါ။
    အချိန်မရတော့လို ့အားနာမိရပါတယ်ကွယ်။
    ————————————————————————————————————
    kyeemite,…ရေ။
    ကျေးဇူးပါ။
    ခေတ်ရေစီးကြောင်းတွေကကွာဟသွားခဲ့လို ့ပါ။
    အမလည်းသားတွေကိုဘွဲ ့ရပညာတတ်ဘို ့အ တွက်၊နေ ့စဉ်လွယ်အိပ်တွေစစ်ဆေးခဲ့ရဆူခဲ့ရ။ အခုမှသာ။အနားရပါတော့တယ်။
    ———————————————————————————————————–
    လုံမလေးမွန်မွန်ရေ။
    ဝမ်းသာမိရပါတယ်ကွယ်
    အန်တီအနေနဲ ့ကျေးဇူးတင်စကားလည်းဆိုလိုက်ပါရစေကွယ်။

  • pooch

    October 8, 2012 at 10:50 pm

    အန်တီအေးရေ ညီမတွေ ထဲမှာ ကိုယ်က အသက်ကြီးဆုံး ဖြစ်နေတာမို့ စံနမူနာကောင်းဖြစ်ခဲ့သလား မဖြစ်ခဲ့ဖူးလား သိပ်မသေချာပါဘူး။ ဒါပေမဲ့ အပြန်အလှန် နားလည်မှုတွေနဲ့ နေခဲ့တာမို့ ပြသာနာမရှိခဲ့သလို တော်တော်များများ ကိုယ်ပြောရာပြီးခဲ့ပါတယ်။

    ဒါပေမဲ့ မကောင်းတဲ့ အကျင့်ဆိုးတွေ ကို ထပ်ချပ်မကွာ ကိုယ့်ခြေရာ လိုက်နင်းနေကြတာမို့ ခုဆို ကျမမှာ မျက်လုံးတွေ ပြူးနေရပါတယ်။ အိမ်ကလူကြီးတွေကတော့ ပြောရှာတယ်။
    အဲ့ဒါ ဝဋ်လည်တာခေါ်တယ်တဲ့ 🙁

  • အရီးခင်လတ်

    October 9, 2012 at 4:00 am

    အစ်မအေးရေ
    ဝင်ပြီး အားပေးသွားတယ်လို့ အသိပေးတာပါ။
    အစ်မ မိဘများ စနစ်ကျကျ သားသမီးတွေကို ပျိုးထောင် ခဲ့တာ အသေအချာဘဲ။
    အစ်မလဲ စနစ်ကျမဲ့ စံနမူနာကောင်း ပုံပါဘဲ။

  • aye.kk

    October 9, 2012 at 9:23 pm

    pooch,…ရေ။
    ကျေးဇူးပါ။
    အစ်ကိုကဒီဇင်ဘာ(၄)ရက်၊နံနက်(၀၄းဝ၀)အချိန်မွေးတာလို ့သိရပါတယ်။
    သူ မွေးမဟာဘုတ်ဇာတာမှာ၊ပညာအဓိပတိရထားပါတယ်။
    သူ ့ဇာတာအရပညာအရာမှာထူးချွန်ထက်မြက်တဲ့သူလို ့ဟောကိန်းထုတ်ခဲ့ကြပါတယ်။
    တမိပေါက်တယောက်ထွန်းဆိုသလို၊ဉာဏ်ပညာအရာမှာထူးချွန်ထက်မြက်ခဲ့ပါတယ်။
    အစ်မတို ့ကတော့၊အစ်ကို ့ရဲ ့သွေးပါမပါဘယ်နားမှာဖောက်ထုတ်ပြီးစစ်ကြည့်ရမလည်းပါဘဲ။
    အစ်ကို ့နဲ ့တူတဲ့သွေးဘယ်နားမှာရှာရပါ့မလည်းဖြစ်မိတယ်။
    ဘယ်နားမှာမှမတူတာကိုအားမလိုအားမရဖြစ်ပြီးစိတ်ကအခုချိန်ထိခံစားနေခဲ့ရပါတယ်။
    အဆိုတော်ဇော်ဝမ်းတို ့ခေတ်တုံးကလည်း၊ရန်ကုန်မှာပေါ့နော်။အဆိုတော်ဇော်ဝမ်းသီဆိုတဲ့
    သီချင်း(ရွှံ ့ပေါ်ရှဉ့်ပြေးရှဉ့်မွှေးရွှံ ့မလူး)ကိုဆိုနိုင်တဲ့ဖိတ်ခေါ်ပြိုင်ပွဲတခုမှာလျှာမလိမ့်ပဲဆိုပြနိုင်ခဲ့
    လို ့ဆုချတာခံရဘူးပါတယ်။ဘက်စုံတော်ခဲ့တဲ့အစ်ကိုလို ့ပဲပြောရမှာပါ။။
    ————————————————————————————————————
    အရီးခင်လတ်,…ရေ။
    အားပေးသွားတာသိရလို ့ကျေးဇူးပါ။
    အိမ်မှာအားလုံးကလက်လန်ခဲ့ရတဲ့ဆိုးတဲ့သူပါ။
    အဖေကအစ်မကိုဆိုးလွန်းလို ့စစ်တပ်တခုမှာသွားပို ့ထားရတဲ့အထိဆိုးခဲ့မိပါတယ်။
    ဘယ်လောက်ဆိုးလည်းမလတ်တွက်ကြည့်ပါနော်။အခုတော့အသစ်ပြန်စချင်လည်း
    နောင်တကနောက်ကျသွားပြီ။
    အစ်ကိုကတော့အထက်တန်းအထိရောက်တာတောင်သချင်္ာအကြမ်းတွက်ဘို ့
    ခဲဖျက်၊စာရွက်မကုန်အောင်ကျောက်တံနဲ ့ကျောက်သင်ပုန်းပဲသုံးခဲ့တယ်။
    အိမ်နောက်ဖေးရေချိုးကန်ထဲရေသွယ်ထဲ့တဲ့ကပ်လျှက်နေရာမှာ။
    အဖေကအစ်ကိုယ့်အတွက်အုတ်ကန်သေးသေးလေးတခုလုပ်ထားပေးရတယ်။
    အဲဒီကန်ထဲမှာရေချောင်းထဲကဆယ်ယူထားတဲ့သဲမှုန်တွေအပြည့်ထဲ့ပြီးရွက်ကျပင်ပေါက်စိုက်ထားပေးတယ်။
    အဲဒီရွက်ကျပင်ပေါက်နဲ ့အစ်ကိုကကျောက်သင်ပုန်းဖျက်တယ်။လက်ဖျားခါယူခဲ့ရတဲ့အစ်ကိုပါဘဲ။

  • MaMa

    October 10, 2012 at 7:05 am

    မအေးရေ-
    ခေါင်းစဉ်ကို ကြည့်ပြီး မဖတ်ချင်ဘူး။
    မဖတ်ချင်တာထက်ကို မဖတ်ရဲဘူး။
    ကျမဘဝမှာလည်း ချစ်ခင်လေးစားရပြီး စံနမူနာ ကောင်းခဲ့တဲ့ အစ်ကိုတစ်ယောက် ရှိခဲ့ပါတယ်။
    မောင်နှမတွေထဲမှာ အထက်အောက်ဖြစ်ပြီး မိသားစုအလုပ်ကို အတူတွဲလုပ်ရလို့ တသက်လုံး အနီးကပ်နေခဲ့ရတယ်။
    ကျမအစ်ကိုက တက္ကသိုလ်တက်စဉ်က သူငယ်ချင်းတွေနဲ့ ခရီးသွားတော့ ကျမအတွက် အဝတ်အစားတွေဝယ်လို့ သူငယ်ချင်းတွေက မိန်းကလေးမိတ်ဆွေရှိတယ်လို့ အထင်မှားခံခဲ့ရတယ်။
    အရွယ်ရောက်လို့ အိမ်ထောင်ကျတော့လည်း သူ့အိမ်ထောင်ဖက်နဲ့ ညီမတွေကို မျှတအောင် နေရာပေးခဲ့ ဆက်ဆံခဲ့လို့ မိသားစု သမီးယောင်းမတွေကြားမှာ ချစ်ခင်မှုကို ရစေခဲ့တယ်။
    မိတ်ဆွေအပေါင်းအသင်းပေါများပြီး လူချစ်လူခင်လည်း များခဲ့တယ်။
    အဖေဆုံးပါးသွားပြီးကတည်း မိသားစုတွေကို ဦးဆောင်ခဲ့တယ်။
    ဒါပေမယ့် မိသားစုတွေက ဝိပဿနာဘာဝနာပွားစေချင်တာကို အချိန်ရှိသေးတယ်ထင်ပြီး လုပ်ဖြစ်အောင် အစ်ကိုကို မတိုက်တွန်းမိခဲ့ဘူး။
    အဲဒီအတွက် ကိုယ့်ကိုကိုယ်တာဝန်မကျေခဲ့ဘူးဆိုပြီး နောင်တရနေမိတယ်။ :eee:

  • aye.kk

    October 11, 2012 at 12:30 pm

    Ma Ma,..ရေ။
    ကျေးဇူးပါ။
    မမရေးတဲ့ခံစားချက်ကိုဖတ်ပြီး၊ရင်ထဲခံစားရတယ်။
    ကျမဆယ်ကျော်သက်အရွယ်ထဲက
    ကျမတို ့ကိုကျောခိုင်းနှုတ်ဆက်ထွက်ခွါသွားခဲ့တဲ့
    အစ်ကို ့ကိုဆုံးရှုံးသွားခဲ့ရတဲ့အချိန်ကစလို ့
    ကံဆိုးမိုးမှောင်ကျခဲ့သွားတယ်လို ့သာ။ရင်နင့်အောင်ခံစားခဲ့ရပါတယ်။
    ဘဝဟာအလွမ်းအဆွေးတွေနဲ ့သံသရာခရီးရှည်နေခဲ့တာခုချိန်ထိပါဘဲ။။။

Leave a Reply