မင်းကိုနိုင် ပုလိပ်လုပ်မည် Police

သစ်ထူးလွင်ဆိုက်မှာ ဒီနေ့ဖတ်ရတဲ့ သာစည်မြို့မှာ ၈၈မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင်ပြောသွားတဲ့ မိန့်ခွန်းကောက်နှုတ်ချက်ပါ။ အပြည့်အစုံကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။
အရောင်ယူနီဖောင်းဝတ်တွေ ကြီးစိုးပြီး အဲဒီအရောင်ဝတ်လာပြီဆို လုပ်ချင်တာကို လုပ်လို့ရတယ်ဆို ပြီးထင်နေတဲ့ရွာ အဲမှာကလေး တစ်ယောက်ကို ဆရာတော်က ရှင်းပြတယ်။ လွတ်လပ်ရေးလည်း ရတော့မယ်။ လွတ်လပ်ရေးရရင် ကိုယ့်သမ္မတနဲ့ ကိုယ်ဖြစ်တော့မယ်။ အဲဒီအချိန်မှာ စာစီစာကုံး ရေးခိုင်းတယ်။ ခေါင်းစဉ်က သင်နိုင်ငံတော် သမ္မတဖြစ်ခဲ့လျှင် ဘာလုပ်မလဲ ကျွန်တော်နိုင်ငံတော် သမ္မတဖြစ်ခဲ့လျှင် ဘာလုပ်မလဲ ရေးရတော့ ကလေးက ရေးပါတယ်။ ကျွန်တော်နိုင်ငံတော် သမ္မတဖြစ်ခဲ့လျှင် ပုလိပ်လုပ်ပါမည်လို့ ကလေးက ရေးလိုက်တယ်။ ပြီးသွားပြီ ဆရာတော်ကို ကလေးက မေးတယ်။ နိုင်ငံတော်သမ္မတဖြစ်ရင် ဘာလုပ်လို့ရလဲဆိုတော့ ဆရာတော်ကလည်း ပြန်ပြောတယ်။ မင်းလုပ်ချင်တာ လုပ်လိုရပြီ။ ဘာလဲ၊ ညာလဲ ပြောတော့ အဲတော့ ကလေးက ပြောပါတယ်။ ကျွန်တော် ပုလိပ်လုပ်ပါမယ်တဲ့ အဲတော့ ကျွန်တော့်ကို နိုင်ငံတော်သမ္မတဖြစ်အောင် တိုက်တွန်းတဲ့လူက ကျွန်တော်သမ္မတဖြစ်လို့ ပုလိပ်လုပ်ရင် ဘယ်လိုလုပ်မလဲ အဲတာလည်း စဉ်းစားထားပါဒါအရေးကြီးပါတယ်။ လူဆိုတာ ဖောက်ပြန်တတ်ပါတယ်။ ဒီနေ့ နောက်ဆုံးစက္ကန့် အထိပဲ အာမခံနိုင်ပါတယ်။ …………………………..
ကျွန်တော်တို့ အမှန်တရားအတွက်ပဲ။ ဒေါင်းအလံကိုင်ပြီး တက်လာတာ ကျားမှန်းသိလျက်နဲ့ ဖက်လုံးခဲ့တာပါ။ ခေါင်းကကိုက်ကိုက် ကိုယ်လုံးကပဲ စဝါးဝါး ဆိုပြီးတော့ပါ အဲဒီတော့ တစ်ချိန်မှာ နိုင်ငံတော်ခေါင်းဆောင် ငါဖြစ်လာတယ်ဆိုပြီး ဘာမှလေ့လာ ဆည်းပူးတာမျိုး ရင့်ကျက်အောင်ပြု စုပျိုးထောင်တာမျိုး မရှိဘူး။ အခြားကျောင်းသားတွေမှာ ရှိလိမ့် မယ်။ ကိုယ်စီကိုယ်စီ အဲနေရာမှာ ကွဲပြားသွားလိမ့်မယ် ငါသာလျှင် နိုင်ငံကိုဦးဆောင်မယ်။ ခေတ်ကိုလည်း ငါတို့ဦးဆောင်မယ်ဆိုတဲ့ ကျွန်တော်တို့ မျိုးဆက်ကျောင်းသားတွေ ရှိပါတယ်။ သူတို့စိတ်အား ထက်သန်သူတို့ရဲ့ ရိုးသားမှုနဲ့ သူတို့ရဲ့အရည်အချင်းတွေကို ကြည့်ပြီးတော့ ပြည်သူတွေဆုံး ဖြတ်ပေးပါ။ လက်ရှိဦးဆောင်နေတဲ့ သူတွေကိုလည်း ပြည်သူတွေပဲ အဆုံးဖြတ်ပေးပါ အမှတ်ပေးပါ ကျွန်တော်တစ်ဦးထဲ သဘောကတော့ ရှင်းပါတယ်။ ကျွန်တော်သာ ပုလိပ်လုပ်ချင်ရင် အကုန်ဒုက္ခ ရောက်ကုန်မယ် ဒါရိုးရိုးစောစောစီးစီး ပြောထားခဲ့တာပါ” ဟု ပြောကြားခဲ့သည်။

19 comments

  • P chogyi

    October 8, 2012 at 8:39 am

    ပုလိပ်လုပ်ချင်ရင်တောင်
    ပုလိပ်လုပ်နိုင်တဲ့အရည်အချင်းတော့
    ရှိရပါမယ်။

    • ကြောင်ကြီး

      October 8, 2012 at 8:49 am

      ပုလိပ်မင်းကြီးဆို လိုဘူးလေကွာ… :kwi:

  • Wow

    October 8, 2012 at 9:19 am

    ဘာကိုဆိုလိုလဲ ရှင်းရှင်းပြော ဒီကဝေးဒယ်…. :harr:

  • မောင်ပေ

    October 8, 2012 at 9:54 am

    ပုလိပ်မင်းကြီး
    သိပ်ပျင်းပြီး
    လိပ်အတင်းစီး
    ဆိတ်ဟင်းမြည်း
    နှိပ်ရင်းငြီး

  • surmi

    October 8, 2012 at 10:10 am

    ပုလိပ်ဆိုတာ
    ငိုစား ၊ ရီစား
    ခေါင်းကျလည်းစားတယ်
    ပန်းဖက် ကျလည်းစားတယ်
    ဘယ်ဖက်မှမကျဘဲ ထောင်နေလည်းစားတယ်
    ပုလိပ်မင်းကြီးဆိုတော ့
    စားတဲ ့ကောင်တွေအားလုံးကိုစားတယ်

    မှတ်ချက် ။ ။ ရွာထဲမှ ပုလိပ်များကိုဆိုလိုခြင်းမဟုတ် :harr:

    • ကိုခင်ခ

      October 8, 2012 at 10:35 am

      အကိုဆာမိ စကားတခွန်းလောက်တော့ မေးပါရစေနော်၊
      အဲဒီ ပုလိပ်မင်းကြီးကိုရော ဘယ်သူစားလဲလို့။

      • ကထူးဆန်း

        October 8, 2012 at 10:50 am

        ပုလိပ်မင်းကြီး ကတော်

      • surmi

        October 8, 2012 at 10:50 am

        ဟုတ်ကဲ ့ခင်ဗျ
        ပုလိပ်မင်းကြီးကို သူ ့မိန်းမ ပုလိပ်မင်းကြီးကတော်က
        အားရပါးရ စားပါတယ်ခင်ဗျ

  • Thu Wai

    October 8, 2012 at 11:02 am

    ရန်ကုန်မှာဆိုရင် တော့ ပုလိပ်မင်းကြီးမပြောနဲ့ ပုလိပ်ပေါက်စ တောင် Without ဆိုင်ကယ်လေး ဖင်ကြားညှပ်ပြီး ဟိုလူ့ကိုဆဲဖြည့်ခိုင်း ဒီလူ့ကိုဆီဖြည့်ခိုင်းနဲ့ တဝီဝီ ဆက်ကြေးပတ်ကောက်နေတာ

  • aye.kk

    October 8, 2012 at 12:46 pm

    ရွာတဲ့မိုးခါး…
    ပုလိပ်များက…
    ပျားရည်ထင်သုံးပြည်သူမုန်း။

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    October 8, 2012 at 1:44 pm

    တစ်နေ့ကတောင်တွေးမိသေးတယ် ကျုပ်များသံမဒဂျီးဖြစ်ခဲ့မယ်ဆိုရင်
    ဘာလုပ်ရင်ကောင်းမှာပါလိ်မ့်လို့
    သေခြာတာကတော့ အရက်အကြွေးသောက်စရာမလိုတော့ဘူးထင်ဒယ်
    ပလိပ်ဆိုတာကတော့ကောင်းတယ်ဗျ
    အစ်ဖ်အိုင်အမ်အပလိပ်
    ဘောလုံးပွဲအလကားကြည့်လို့ရဒယ်
    ဖဲဝိုင်းမှာအကောက်လိုက်ကောက်လို့ရဒယ်
    ကြက်ပွဲမှာအကောက်ကောက်လို့ရဒယ်
    ချဲဒိုင်တွေမှာအကောက်ကောက်လို့ရဒယ်
    အသစ်လေးဘာလေးရောက်ရင်အရဂါးမြည်းစမ်းကြည့်လို့ရဒယ် :mrgreen:
    မှတ်ပုံတင်မရှိတဲ့လူတွေကို ရစ်လို့ရတယ်
    ပြောရရင်တော့ လုပ်ကွင်းလုပ်ကွက်တွေကအများဂျီးဘဲ

  • ရွှေ ကြည်

    October 8, 2012 at 2:11 pm

    လူဆိုတာ ဖောက်ပြန်တတ်ပါတယ်။ ဒီနေ့ နောက်ဆုံးစက္ကန့် အထိပဲ အာမခံနိုင်ပါတယ်။

    မှန်လိုက်တဲ့စကားကိုမင်းကိုနိုင်ကိုအဲဒါတွေသဘောကျတာ။

  • char too lan

    October 8, 2012 at 4:37 pm

    မသိတာတွေ သိသွားအောင် မသိမသာ ထောက်ပြနေတာလားးးးးး 🙂

  • မောင်သုည

    October 8, 2012 at 5:45 pm

    ကျုပ်ကတော့ ပုလိပ်မင်းကြီး ကတော်ရဲ့ ဘိုးတော်ပဲလုပ်ချင်တယ်။
    တစ်နိုင်ငံလုံးကို ထုံးသုတ်ခိုင်းမယ်၊ခြံစည်းရိုးခတ်ခိုင်းမယ်။

  • garuda

    October 8, 2012 at 7:01 pm

    ဖတ်ကောင်း၏ တွေးစရာလေးများရသည်။ မင်းကိုနိုင် သမ္မတ ဖြစ်နိုင်မဖြစ်နိုင်တော့မသိသေးပါ။ သူ၏ဟောပြောပွဲ/ဆွေးနွေးပွဲများ မိန့်ခွန်းများ ဖတ်/နားထောင် ရလျှင်တော့ တွေးတော ဆင်ခြင်ဝေဖန် သုံးသပ်အား အများကြီးတိုးတက်မှု ရှိမည်ထင်၏။ Link အတွက်ကျေးဇူးပါ။

  • မိုးသောက်ချိန်

    October 8, 2012 at 9:24 pm

    ပုလိပ်မင်းကြီးကို ခန့်တဲ့သူ ဖြစ်ချင်ပါတယ် ….
    သိပ်များ လောဘကြီးသွားသလား မသိ ….. 😆

  • Fall Guy

    October 8, 2012 at 11:14 pm

    “ကျွန်တော်တို့ အမှန်တရားအတွက်ပဲ။ ဒေါင်းအလံကိုင်ပြီး တက်လာတာ ကျားမှန်းသိလျက်နဲ့ ဖက်လုံးခဲ့တာပါ။ ခေါင်းကကိုက်ကိုက် ကိုယ်လုံးကပဲ စဝါးဝါး ဆိုပြီးတော့ပါ အဲဒီတော့ တစ်ချိန်မှာ နိုင်ငံတော်ခေါင်းဆောင် ငါဖြစ်လာမယ်ဆိုပြီး ဘာမှလေ့လာ ဆည်းပူးတာမျိုး ရင့်ကျက်အောင်ပြု စုပျိုးထောင်တာမျိုး မရှိဘူး”
    သူ့ထက်တော်တဲ့တတ်တဲ့လူတွေအတွက်နေရာဖယ်ပေးထားတာပါ။ ‘မင်းကိုနိုင်’ ကိုအရမ်းလေးစားပါတယ်။

  • pooch

    October 8, 2012 at 11:51 pm

    နိုင်ငံခေါင်းဆောင်ဆိုတာ တိုင်းသူပြည်သားတွေကို အုပ်စိုးဖို့ မဟုတ်ပါဘူး။

    သူတို့ကို စောင့်ရှောက်ဖို့ သူတို့ရဲ့ မျှော်လင့်ချက် အိမ်မက်တွေကို အကောင်အထည်ပေါ်အောင် တဖက်တလမ်းကနေ ကူညီပေးရတာပါ။

    ထို့အတူပဲ ကူညီပါရစေဆိုတဲ့ ပြည်သူ့ရဲဆိုတာ ဒီတာဝန်တွေကို ဆောင်ရွက်ဖို့ အထူးတလည် တာဝန်ပေးခံထားရသူတွေပါ။ ဒါပေမဲ့ ခုခေတ်က အလွဲခေတ်ဆိုတော့ ဖြောင့်ဖြောင့်ကြီးကို လွဲနေပါသေးတယ်။

    မင်းကိုနိုင်ကို စာဆက်သင်စေချင်လှတယ်။ စိတ်ထားလှတဲ့ သူတယောက် အဖက်ဖက်ကပြည့်စုံပြီး ပြည်သူတွေကို စောင့်ရှောက်ပေးနေတာမျိုးတော့ မြင်ချင်လှတယ်။

Leave a Reply