သစ်စိမ်းပင်ပေါက်လေးများအတွက် ဒါဇင်ပေါင်းများစွာ၏စေတနာ (တတိယအကြိမ်)

etoneOctober 8, 20124min31926

မန္တလေးဂေဇက် ကျေးဇူးဖြင့် ရင်းနှီးခင်မင်ခွင့်ရခဲ့သော စိတ်တူကိုယ်တူ ရွာသူ ၊ရွာသားများအပါဝင် ၊ ပညာရေးအတွက်ထက်သန်စွာအားဖြည့် လှူဒါန်းသူ အလှူရှင်များဖြင့် ပေါင်းစပ်ဖွဲ ့စည်းထားသော ဒါဇင်ပလက်စ်အဖွဲ့ဧ။် တတိယအကြိမ်မြောက် ပညာရေးအလှူကို ယနေ့ အောက်တိုဘာလ (၇)ရက်နေ့၊ မနက်ကိုးနာရီအချိန်တွင် ၊ ရန်ကုန်တိုင်း ၊ စမ်းချောင်းမြို့နယ် ၊ ကိုးထပ်ကြီးဘုရားဝင်းအတွင်းရှိ ၊ ရွှေတောင်တိုက်သစ်စာသင်တိုင် ၊ (ဘုန်းတော်ကြီးသင် ပညာရေးကျောင်း)သို့ သွားရောက်လှူဒါန်းခဲ့ကြသည်။

ကြိုတင်အကြောင်းမကြားထားပါပဲ သွားရောက်လှူဒါန်းခြင်းမျိုးဖြစ်သဖြင့် တိုက်အုပ်ဆရာတော် ဦးထေရာဝံသာ ဘိဝံသမှာ ဆွမ်းခံထွက်သွားရာ တိုက်အုပ်ဆရာတော်ကိုယ်စား ၊ ဆွမ်းစားကျောင်း တာဝန်ခံဆရာတော် ဦးဝီရိယမှ ပညာရေးအတွက်အားဖြည့် လှူဒါန်းငွေ တစ်သိန်းရှစ်သောင်းငါးထောင်ကျပ်(၁၈၅,၀၀၀/-)ကို လက်ခံခဲ့ပါသည် ။ ထို့နောက် ပညာရေးတာဝန်ခံဆရာတော် ဦးအာစာရက ကျောင်းဧ။် လတ်တလောအခြနေနှင့် ကျောင်သားများဧ။် သင်ကြားမှူအပိုင်းကို အသေးစိတ်လိုက်လံရှင်းပြပေးခဲ့ပါသည် ။ ယခုနှစ်အတွက် ဤကျောင်းဧ။် အထောက်ပံ့ဖြင့် မူကြိုတန်းမှ တက္ကသိုလ်ဝင်တန်းထိ ပညာသင်ယူနေသူဦးရေ ၁၁ဝခန့် (သံဃာ၆ဝအပါဝင်) ရှိကြောင်းလည်း သိခဲ့ရသည် ။ ပညာဒါန(အခမဲ့)လုပ်အားပေး သင်ကြားသူ ဆရာမ အင်အား ၂ဝဦးရှိကြောင်းလည်း သိရပါသည်။ ရွှေတောင်တိုက်သစ်စာသင်တိုက်တွင် မူကြို ၊ ပထမတန်း ၊ဒုတိယတန်း ၊ တတိယတန်းနှင့် စတုထ္ထတန်းအထိသာ ပညာသင်ကြားနိုင်ပြီး ဆက်လက်ဆည်းပူးလိုသူများကို ၊ ရွှေတောင်တိုက်သစ်ကျောင်းဧ။် အထောက်ပံ့ဖြင့်၊  စမ်းချောင်းမြို့နယ်အတွင်းရှိ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများတွင် သင်ယူစေခဲ့ကြောင်းလည်း သိခွင့်ရခဲ့သည် ။ ဘုန်းတော်ကြီးသင်ပညာသင်ကျောင်းဖြစ်သော်လည်း ရဟန်းဝတ်ဖြင့်လည်းကောင်း ၊ ရဟန်းမဝတ်ပဲလည်းကောင်းပညာသင်ကြား နိုင်ကြောင်းလည်း သိရသည် ။

ဒါဇင်ပလက်စ်ဧ။် တတိယအကြိမ် အလှူဖြစ်မြောက်စေရန် အားဖြည့်ကူညီခဲ့ကြသူများ ၊ ထက်သန်စွာ လှူဒါန်းခဲ့သူ အလှူရှင်များ၊ ကိုယ်တိုင်လိုက်ပါလှူဒါန်းခဲ့သူများနှင့် ကျေးဇူးတင်ထိုက်သူများ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည် ။ ဒါဇင်ပလက်စ်ဧ။် ယနေ့လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကို သဂျီးအပါဝင် ၊ စာဖတ်သူများနှင့် ၊ ရွာသူ ၊ ရွာသားများအားလည်း အမျှပေးဝေလိုက်ပါသည် ။ အမျှ … အမျှ…. အမျှ …

 

 

 

လေးစားစွာဖြင့်

Dozen Plus အဖွဲ့သူ ၊ အဖွဲ့သားများ

www.dozenplus.org

 

 

 

ဆွမ်းစားကျောင်း တာဝန်ခံဆရာတော် ဦးဝီရိယ

 

ပညာရေးတာဝန်ခံဆရာတော် ဦးအာစာရ
တနင်္ဂနွေ ကျောင်းပိတ်ရက်မှာ ဘက ကျောင်းက ကလေးတွေက ဆွမ်းခံထွက်တဲ့ ဘုန်းကြီးတွေ ၊ ကိုရင်တွေနောက်လိုက်ပြီး ကပ္ပိယလုပ်ကြရပါတယ် ။ ဒါကြောင့် ကလေး နည်းနည်းပဲ ကျန်ခဲ့တာပါ ။ ကျောင်းဖွင့်ရက်မှာ ဒီနေရာမှာ ဒီလို စာသင်ကြသတဲ့လေ ။
ဆယ်တန်းဖြေမယ့် ကျောင်းသားလေးတစ်ယောက် စာကျက်နေတာပါ ။

 

စာသင်ခုံလေးတွေက ဟောင်းနွမ်းပေါက်ပြဲနေပေမယ့် ကလေးတွေစာသင်ဖို့ အထောက်ကူပြုနေစဲပါပဲ ။

 

စာသင်ဆောင်ရဲ့အပေါ်ထပ်မှာတော့ စာသင်သားကလေးတွေနေဖို့ အခန်းကြီးတစ်ခုကို အခုလို သေတာလေးတွေ ၊ ဘီဒိုလေးတွေနဲ့ ဆင့်ကာပြီး အခန်းလေးလို ပြန်ခွဲထားပေးပါတယ် ။ ကလေးအများစုက ၊ရန်ကုန်နဲ့ ဝေးလံတဲ့ ဒေသဆီက တိုင်းရင်းသားနွယ်ဖွားလေးတွေလို့လည်း သိခဲ့ရပါတယ် ။
ကပ္ပိယမလုပ်ပဲ ကျန်နေခဲ့တဲ့ကလေးတွေ ၊ တနင်္ဂနွေနေ့မို့ အိပ်နေကြတာပါ ။
စာတတ်ချင်လွန်းလို့ လာသင်ကြပေမယ့် ၊ အခုလို အဆင်ပြေသလိုပဲ နေကြရရှာတယ် ။
(ကလေးတွေနေတဲ့ပုံကို ဝင်ကြည့်ခွင့်နဲ့ ဓါတ်ပုံရိုက်ခွင့်ကို ဘုန်းကြီးဆီမှာ ခွင့်တောင်းခဲ့ပါတယ် … ရွာသူတစ်ယောက်ရဲ့ လက်ရာပါ။ )

 

စာသင်ခန်းရဲ့ နံရံတွေမှာလည်း ကျန်းမာရေး ဗဟုသုတအသိရှိအောင် ၊ တကိုယ်ရည် သန့်ရှင်းရေး အလေ့ထရှိအောင် …. နံရံကပ်စာဆောင်တွေကို အခုလို ကပ်ထားပါတယ် ။
ဘကကျောင်းလုပ်ငန်းဧ။် ရည်ရွက်ချက်များ

 

ကလေးတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အတွက် … ဆေးဝါးပံ့ပိုးမှုကိုတော့ အခုလို ထားသိုပါသတဲ့ ။ အသေးစား ကျန်းမာရေး ပြသနာများအတွက်သာ ရည်ရွယ်ပါတယ် ။

 

ကလေးတွေ တကိုယ်ရည်သန့် ရှင်းမှုအတွက် ပံ့ပိုးပေးတဲ့ ပစ္စည်းများကိုတော့ ဒီလို ထားသိုပါတယ် ။

 

 

 

26 comments

  • P chogyi

    October 8, 2012 at 12:37 pm

    မွန်မြတ်ကောင်းမွန်သောအလှူဒါနအား
    သာဓု၊ သာဓု၊ သာဓု ခေါ်ပါတယ်။

  • Shwe Ei

    October 8, 2012 at 12:43 pm

    အကြောင်းအရာပြည့်စုံအောင် တင်ပြပေးနိုင်တဲ့ ဒေါ်etone ကိုချီးကျူးပါတယ်။ လစဉ်မပြတ် အခုလို အောင်မြင်တဲ့အလှူတခုဖြစ်အောင် ဆထက်ထမ်းပိုး ကြိုးစားနို်င်ကျပါစေ။

  • ကိုခင်ခ

    October 8, 2012 at 12:58 pm

    ဒါဇင်ပလက်စ်အဖွဲ့ဧ။် တတိယမြောက်ခြေလှမ်းမှ ရာပေါင်းများစွာ ထောင်ပေါင်းများစွာသော အမြဲမပြတ်သည့် ခြေလှမ်းများဖြင့် လျှောက်လှမ်းသွားနိုင်ကြပါစေလို့ ဆန္ဒမွန်ဖြင့် — ကိုခင်ခ။

  • surmi

    October 8, 2012 at 12:59 pm

    ဒါဇင်ပလပ်စ် အဖွဲ ့ ရဲ ့ကောင်းမှုကုသိုလ်ကိုသာဓုခေါ်ပါတယ်
    နောင်နှစ်ပေါင်းများစွာ ဒိထက်ပိုပြီး လှူတန်းနိုင်ပါစေ

  • ရွှေ ကြည်

    October 8, 2012 at 1:10 pm

    ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်..။ ဆက်လက်ချီတက်ပါလော့..။
    နောက်ထပ်ခြေလှမ်းပေါင်းများစွာအတွက်ကြိုတင်ဂုဏ်ယူလိုက်ပါတယ်..။

  • မောင်ပေ

    October 8, 2012 at 1:13 pm

    ဝမ်းမြောက်ဝမ်းသာ သာဓု သုံးကြိမ် ခေါ်ဆိုသွားပါတယ် ညီမငယ်ရေ
    အခုလိုမျိုး သာဓုခေါ်နိုင်အောင် အမျှဝေပေး ၊ ပြုခဲ့တဲ့ ကောင်းမှုကို ပြန်ဝေမျှပေးတဲ့အတွက်
    ကျေးဇူးပါဗျား

  • amatmin

    October 8, 2012 at 1:26 pm

    စီဂျေဒေါ်တုန်ရေ.. 🙂
    နောက်တခေါက်..နောက်တကြိမ်..နောက်ခြေလှမ်းတွေလည်း များများလှမ်းနိုင်ကြပါစေ လို့..

  • နွယ်ပင်

    October 8, 2012 at 1:44 pm

    ဒါဇင်ပလပ်စ် အဖွဲ့ရဲ့ အလှူတစ်ခု အောင်မြင်စွာပြီးမြောက်သွားလို့ ဝမ်းသာပိတိဖြစ်ရပါတယ် ….
    နောက်ထပ်နောက်ထပ်လည်း သစ်စိမ်းပင်ပေါက်လေးများအတွက် ဒါဇင်ပလပ်စ်အဖွဲ့ရဲ့
    မွန်မြတ်တဲ့ စေတနာတွေကို စောင့်မျှော်ရင်း (သာဓု)3 ခေါ်လိုက်ပါတယ်နော် ….

  • ကြောင်ဝတုတ်

    October 8, 2012 at 1:51 pm

    သာဓု… သာဓု… သာဓု ပါဗျာ…
    ယခု တတိယအကြိမ်မှသည် နောက်ထပ်အကြိမ်ပေါင်းများစွာ…
    ဆက်လက်လျှောက်လှမ်းနိုင်ဖို့အတွက် ကျွန်တော်တို့အားလုံး ယခုထက်ပိုပြီးစနစ်ကျအောင်…
    ယခုထက်ပိုပြီး တိုးတက်လာအောင်ကြိုးစားပါဦးမယ်ဗျာ…
    အားပေးကြသူအားလုံး… ပါဝင်ပေးကြသူအားလုံးကိုလဲ ဒီနေရာကနေကျေးဇူးတင်ပါကြောင်း…
    ဒါဇင်ပလပ်အဖွဲ့သားများကိုယ်စား ပြောကြားလိုပါတယ်ခင်ဗျာ…

    ခင်မင်လျက်-
    ကြောင်ဝတုတ်
    http://www.dozenplus.org

  • char too lan

    October 8, 2012 at 3:14 pm

    အမျှ … အမျှ…. အမျှ … ယူတော်မူကြပါကုန်လော့…
    သာဓု … သာဓု … သာဓု …..

  • ကြည်ဆောင်း

    October 8, 2012 at 3:32 pm

    ယုံကြည်ခြေတစ်လှမ်းတဲ့ ….
    ခြေတစ်လှမ်းမှသည် ခြေလှမ်းပေါင်းများစွာအတွက် ….
    ဒါဇင်ပလပ် အဖွဲ့သားများနှင့်အတူ ဝမ်းသာကြည်နူးလျှက် ..

  • kai

    October 8, 2012 at 3:39 pm

    တရားရေးဆိုတဲ့.. တရားစီရင်ရေးအဖွဲ့အစည်းတွေ..။
    အစိုးရဆိုတဲ့.. သမ္မတ..ဝန်ကြီးဌာနတွေနဲ့.. အုပ်ချုပ်သူအဖွဲ့..
    ဥပဒေပြုသူဆိုတဲ့.. လွှတ်တော်အမတ်တွေ…

    သူတို့တာဝန်ယူလုပ်ပေးရမယ့်… အဓီကအလုပ်ကြီးတခုကို.. ဘုန်းတော်ကြီးတွေဝင်လုပ်နေရတာ.. အင်မတန်စိတ်မကောင်းစရာပါ..။
    တိုင်းပြည်အနာဂတ်အတွက်လည်း.. ရင်လေးမိပါတယ်..။

    အင်း..
    ဒီကလေးတွေကြီးလာမယ့်နှစ်တွေ.. အဲဒီမျိုးဆက်က.. တိုင်းပြည်ကို မောင်းနှင်အုပ်ချုပ်လာမယ့်နှစ်တွေကို.. တွေးနေမိပါရဲ့..

    အိုဘယ့်.. အဖမြန်မာပြည်…။

    • R Ga

      October 8, 2012 at 4:50 pm

      တဂျီးကလည်း အမိမြန်မာပြည်လုပ် ပါ ဂျ။ အဖ မြန်မာပြည်ဆိုတာတော့ သိပ် ဘဝင်မတွေ့လှဘူး။

    • ဦးဦးပါလေရာ

      October 8, 2012 at 9:47 pm

      အဲဒါ ရန်ကုန်မှာ သူကြီးရေ
      ရန်ကုန်မြို့တော်ကြီးရဲ့ မြို့လည်ခေါင်မှာ….

      ကျုပ်တို့နိုင်ငံ အစ ကောင်းဖို့ကို အများကြီးမှ အများကြီးလိုပါသေးတယ်..။
      အနှောင်းသေချာဖို့ကတော့ ဝေး မှ ဝေး ………..

    • pooch

      October 8, 2012 at 10:38 pm

      သူကြီးမကြာခဏ ဝေဖန်တတ်တဲ့ အဝါဝတ်လူတန်းစားတွေဟာ ကျမတို့ မလုပ်နိုင်တဲ့ အလုပ်တွေကို တပိုင်တနိုင် နေရာအနှံ့မှာ ဟိုးရှေးမဆွကထဲက ကြိုးစားပမ်းစား ကိုယ်ကျိုးစွန့်လုပ်ပေးနေခဲ့တာပါ သူကြီး။

      ဘက ကျောင်းတွေကြောင့် စာတတ်ခဲ့တဲ့ကလေးတွေ ခိုလှုံ ရာရခဲ့တဲ့ မိဘမဲ့တွေ တော်တော်များများ ရှိခဲ့ပါတယ်။ အစိုးရက လုပ်ပေးခဲ့တာထက် အများကြီးပိုပါတယ်။

      ရည်ရွယ်ချက်တခုုကို အထမြောက်ပုံဖော်နိုင်တဲ့ ညီညွတ်တဲ့ ဒီအဖွဲ့ လေး အဓွန့်ရှည် တည်တံ့ပြီး ဒီထက်မက ပိုမို အကျိုးပြု အောင်မြင်လာပါစေလို့………

      • kai

        October 9, 2012 at 12:10 am

        ဘုန်းတော်ကြီးတွေဟာ.. ကလေးသူငယ်တွေကို.. ပညာသင်ကြားရေးနယ်ပယ်မှာ.. ပရိုဖက်ရှင်နယ်တွေမဟုတ်ပါဘူး..
        ဗုဒ္ဓသာသနာ တည်တံ့ပြန့်ပွားရေးဖက်မှာ ပရိုအဆင့်တွေသာရယ်ပါ..။

        ယူအက်စ်ရဲ့နိုင်ငံရေးသမား အမြင်နဲ့ကြည့်ရင်.. အရှေ့အလယ်ပိုင်း ဘာသာရေးအစွန်းရောက်တိုင်းပြည်တွေနဲ့.. တူတဲ့ဖက်ကို တွန်းပို့နေတယ် မြင်ရတယ်လို့ ပြောနိုင်မှာပါ..။
        သူတို့အမြင်မှာ.. ဘာမှ မခြားတော့ဘူး..။

        .. နောက်..
        ဆရာ/ဆရာမတွေ အလုပ်အကိုင်အခွင့်အလန်းတွေ နည်းကုန်မှာပေါ့..။

        ဒါမျိုးတွေကို.. အစိုးရနဲ့..လူထုက..အားပေးသင့်သလား..မပေးသင့်ဘူးလား.. ပညာရှင်တွေနဲ့ နိုင်ငံရေးသမားတွေ.. အကြီးအကျယ်ဒီဘိတ်လုပ်ရလိမ့်မယ်..။
        ကျုပ်ကတော့.. မသေချာ”ရဲ”သေးဘူး..

        • pooch

          October 9, 2012 at 12:20 am

          အဲ့ဒီလို ဒီဘိတ်မျိုးကိုကိုလည်း မြင်ဖူး ကြားဖူးချင်လှပါတယ် သူကြီး
          ဒါပေမဲ့ အစိုးရက အလုံးစုံ ထောက်ပံ့ပေးနိုင်တဲ့ အခါမျိုးမှသာ အောင်မြင်နိုင်မယ် ထင်ပါတယ်။ မဟုတ်ရင်တော့ ဒီလမ်းလျှောက်နေရအုန်းမှာပါ။

          နောက်တခု ကြားမိတာလေးက ဒီနှစ်က စလို့ မြန်မာတပြည်လုံး မူလတန်းပညာသင်ကျောင်းတွေအားလုံးဟာ အခမဲ့ ဖြစ်သွားပါပြီတဲ့။
          သာဓု သုံးကြိမ်ခေါ်လိုက်ပါတယ်။ ဒီထက်မက ပိုပြီး ဖြစ်လာနိုင်ပါစေလို့ ………..

        • နေဝန်းနီ

          October 10, 2012 at 9:01 am

          သူကြီးရေ…….. ဘုန်းတော်ကြီးကျောင်း ပညာသင် စနစ်က အဖ မြန်မာပြည်မှာ နှစ်တစ်ထောင်ဗျ…။ သူကြီးပြောပြောနေတဲ့ နှစ်တစ်ထောင်ကျိန်စာဆိုတာ ဒါပဲလားဟင်……….. :harr:

    • လယ်ထွန်Z

      October 9, 2012 at 7:57 am

      လုပ်ပီ …
      ဘက ကျောင်းကို ကွိုင်ရှာပြန်ဘီ..
      အနိစ္စ …

      အင်း …. အိမ်ကနေရင် လှမ်း အော်လို့ ကြားနိုင်လောက်အောင် နီးတဲ့ နေရာမို့
      အဲ့သည့် အဝန်းအဝိုင်းမှာ ဘာတွေရှိနေ ဘာတွေဖြစ်နေသလဲ သိဖူးမြင်ဖူး ကြားဖူးတယ်ဗျို့..

      သဂျီးပြောတဲ့ တိုင်သုံးလုံး ဝေးပါတယ်ဗျာ…
      အနှီ နေရာတွေက ထွက်တဲ့ ချာတိတ်တွေက တစ်ကိုယ်စာလုံရုံလောက်
      စားဝတ်နေရေး ပြေလည်ယုံလောက် ပညာကို သင်ကြား တတ်မြောက်ခွင့် ရရှာသူတွေပါ…။
      အမတ်ဖြစ်လာဖို့ ..တိုင်းပြည် ကို ခေါင်းဆောင်ဖို့ အလွန် ဝေးပါတယ်…
      သို့သော် ဒါတွေရှိနေမှဘဲ စာမတတ်သူ စာရင်းကို လျှော့ချ နိုင်ယုံလောက်
      တော်ကာကျတာ မဟုတ်လား …။

      ပညာရေးကို ကိုယ်တော်တွေ မဝင်သင့်ဘူး မစွက်သင့်ဘူး ဆိုတာ မှန်ကန်တဲ့ အယူအဆ
      ဖြစ်လိမ့်မယ် … သို့သော် အနှီ မှန်ကန်တဲ့ အယူအဆကို လက်တလော ထ- အကောင်အထည်ဖော်ဖို့ရာမှာ
      ဓာတ်ပုံပါချာတိတ်တွေ စတေးခံဖြစ်မယ့် အရေးကိုတော့ ပူပင်မိသေးသဗျ..

      ပညာရေးထက် အရေးကြီးတာ ပြောပါမယ်…တကယ်ဖြစ်နေတာပါ..
      မြန်မာပြည် အခြေခံ ပညာတတ်စာရင်း (ရေးတတ်ဖတ်တတ်အဆင့် လောက် ဆိုချင်ဆို)ကို
      ဘက ကျောင်းတွေ အတိုင်းအတာ တစ်ခုထိ ကွန်ထရီဗျုလုပ်ထားတာကို ကောင်းကောင်းကြီး အသိမှတ်ပြု
      ထားပါတယ်ဗျာ…

      တခုတော့ ရှိတယ် …(ပြောချလိုက်ပါတော့မယ်လေ)
      တောက နေ လင်မယားတွေ တက်လာ .. ကျောင်းထိုင်နဲ့ တနယ်တည်းသားဖြစ်လို့ ဆိုပြီး ကျောင်းမှာ တည်း …
      (တည်းတာတောင် မဟုတ်ဘူးဗျာ နေတာ)
      မယား လုပ်တဲ့လူ မိုးလင်းရင် ပဲပြုတ် သွားရောင်းလိုက်အုံး .. ညနေ လမ်းဘေးဈေးမှာ ဘန်းလေး ခင်းလိုက်အုံး..
      လင်လုပ်တဲ့လူ ရာသီစာ သီးနှံ ဖြစ်စေ ၊ ကြာဇံ ဟင်းခါး ရှောက်သီးသုတ် ဖြစ်စေ ရပ်ကွက်ထဲထွက် ရောင်းလိုက်အုံး ..
      အချိန်တန်တော့ ဘုန်းကြီးတွေ ဆွမ်းခံထားတဲ့ ဆွမ်းကျန်ဟင်းကျန် စားလိုက် .. ညဆို ကျန်ပေါင်းစားလိုက်နဲ့ …
      ရက်မှနှစ်သို့ပြောင်းတဲ့အခါ ကလေးတွေ မွေးလိုက်အုံး … အင်း … ကောင်းရော …။
      နေစရာ မပူရ စားစရာမပူရ .. လုပ်သမျှ ဝင်ငွေ အကုန် သပိတ်ဝင်အိတ်ဝင် … ။
      ဒါ အောက်ခြေတန်းကို ပြောတာနော…

      အဲ့သည့်ထက်ပိုလို့ …
      ခေတ်ပညာလေးများ တတ်ရင် ဝါ့ရှော့လေးများ ..ကားဘော်ဒီ-ဆေးမှုတ်လေးများ လုပ်လိုက်အုံး …။
      အဟတ် … ဘယ်မလဲ မြေငှားခ၊အပါအဝင် မြေခွန် ၊ အမြတ်ခွန်၊ နဲ့ အခြားအခြားသော အခွန်အခ၊

      ပညာရေး ကိစ္စက ထက် အဲ့သလို ကိစ္စရပ်တွေ ကို ဦးစွာ တိုက်ဖျက်သင့်ပါကြောင်း ..ဗျို့ …

    • P chogyi

      October 9, 2012 at 9:11 am

      ငယ်စဉ်က ဧလာမြို့(ပျဉ်းမနား)မှာ ဘုန်းကြီးကျောင်း(မူလတန်း)မှာနေဖူးပါတယ်။
      ပညာသင်တာက ဆရာ/ဆရာမတွေပါ၊ အုပ်ချုပ်မှုကို ဘုန်တော်ကြီးတွေက လုပ်တာပါ
      စည်းကမ်းရောပညာရေးရောတော်တော်ကောင်းပါတယ်။
      မြန်မာနိုင်ငံမှာ ဘွဲရပြီးဈေးရောင်းနေရသလို၊ ၁ဝ တန်းအောင် ဆရာ/ဆရာမ လုပ်နေတာ
      တွေလည်းအများကြီးပါ။
      အဆင်ပြေသလိုလုပ်နေရတာ များပါတယ်။

  • Thu Wai

    October 8, 2012 at 4:20 pm

    ကျွန်တော့် FB မှာတော့ dozen+ ရဲ့ အလှူကို ခဏခဏ တွေ့ ဘူးပါတယ် ကုသိုလ်လဲ တတ်နိုင်သလောက်ပါဝင်ချင်ပါတယ် နောင်အခါများကြုံ ကြိုက်ရင် အလှူခံပါလို့

    • ကြောင်ဝတုတ်

      October 8, 2012 at 4:40 pm

      ကိုသုဝေရေ…
      http://www.dozenplus.org ဆိုဒ်မှာ ဆက်သွယ်ရန်ဖုန်းနံပါတ်များပေးထားပါတယ်ဗျာ…
      အစ်ကိုဆက်သွယ်နိုင်ပါတယ်…
      ကျွန်တော်တို့အဖွဲ့လှုပ်ရှားမှုများကတော့ လစဉ်ပုံမှန် ၂၅ ရက်နေ့ဝန်းကျင်မှာ ဒါဇင်ပလပ်ဝက်ဆိုဒ်မှာ သွားရောက်လှူဒါန်းမယ့်နေရာနဲ့ နေ့ရက်ကို ကြေငြာပေးပါတယ်… လကုန်ရက်မှာတော့ နီးစပ်ရာအဖွဲ့ဝင်များက အလှူငွေများ စုဆောင်းကောက်ယူပေးထားပြီး…
      လတစ်လရဲ့ပထမဆုံးအပတ် တနင်္ဂနွေနေ့ကို အလှူသွားရောက်မယ့်ရက်အဖြစ်သတ်မှတ်ပြီး အလှူလိုက်ပါလိုခြင်းရှိမရှိ ဆက်သွယ်မေးမြန်းပါတယ်…
      ကိုသုဝေအနေနဲ့ စိတ်ပါဝင်စားတယ်ဆိုရင် ကျွန်တော်တို့အဖွဲ့နဲ့ တစ်ရက်ဖြစ်ဖြစ်အရင်ဆုံးလိုက်ပါပြီး လေ့လာနိုင်ပါသေးတယ်…
      ကိုသုဝေရေ… အလှူခံလိုက်ပြီနော်… ဒါဇင်ပလပ်ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • garuda

    October 8, 2012 at 7:14 pm

    သာဓု..သာဓု…သာဓု ပါဗျားးး ဒါဇင် ပလပ်စ် ကတော့ တစ်ခုပြီးတစ်ခု လုပ်သဗျား..ကောင်းဗျာ။

  • kyeemite

    October 9, 2012 at 8:45 am

    ကောင်းလေစွ ကောင်းလေစွ ကောင်းလေစွ…

  • ကြောင်ကြီး

    October 9, 2012 at 9:25 am

    ဒါဇင်ပလပ်စ်
    ဆရာသခင်ဖက်
    အလ္လာရှင်မြတ်
    ကမာ္ဘစဉ်ဆက်
    ရွာတွင်ဘယက်
    ခါချဉ်ကပ်
    အာရွှင်တပက်
    ငါထင်အပ်..။

  • စိမ်းလန်းမယ့် သစ်ပင်လေးတွေအတွက်
    တတိယ အကြိမ်မြောက် သွန်းလောင်းနိုင်ခဲ့ပြီပေါ့ဗျာ ..
    သာဓု .. သာဓု .. သာဓု ပါဗျို့ ….
    ဒီအဖွဲ့ ဒီထက်မက လှူဒါန်းနိုင်ပါစေ …
    အဓွန့်ရှည်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ဗျို့ …

Leave a Reply