ရခိုင်ပြည်နယ်စစ်တွေမြို့ရှိအစ္စလာမ်ဘာသာဝင်များအားဘာသာရေးဖိနှိပ်မှု ၊စစ်တွေဗလီကြီးအားမီးရှိမှု များပြုလုပ်နေ

areno arenoOctober 8, 20121min139

ရခိုင်ပြည်နယ်စစ်တွေမြို့ရှိအစ္စလာမ်ဘာသာဝင်များအားဘာသာရေးဖိနှိပ်မှု၊၊
စစ်တွေဗလီကြီးအားမီးရှိမှု များပြုလုပ်နေကြပါသည်။

စစ်တွေမောလိတ်ရှိ စစ်တွေဗလီကြီး (ယဉ်ကျေးမှုပြတိုက်ဘေး)ကို ယနေ့နေ့လယ် ၃ နာရီဝန်းကျင်အချိန်မှ စတင်၍ မောလိတ် အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေ၊ RNDP ရခိုင်အကြမ်းဖက်သမားများနှင့် ဗုဒ္ဓဘာသာ ဘုန်းကြီးအယောင်ဆောင် များက ဦးဆောင်၍ မီးရှို့နေကြောင်း ဒေသခံများက သတင်းပေးပို့သည်။

စစ်တွေမြို့တွင်အစ္စလာမ်ဘာသာဝင်များသည်မြို့ထဲသို့သွားလာခွင့် မရရှိဘဲစားနပ်ရိက္ခာများ၊ကျန်းမာရေးကုသမှုများ၊အလုပ်အကိုင်အကိုင်များလုပ်ခွင့်ပိတ်ပင် ခံထားကြရသဖြင့်လွန်စွာဒုက္ခရောက်လျှက်ရှိကြပါသည်။မြို့ထဲတွင်ရှိသောအိမ်ယာများဆိုင်များသည်မီးရှိဖျက်ဆီးခံကြရပြီး မြို့ပြင်ရှိတဲများတွင်သာနေထိုင်နေကြရပါသည်။မြို့ထဲတွင်ရှိသော
တခုထဲသောဖျက်ဆီးခံရပြီး သော်လည်း နေထိုင်နေကြသောအစ္စလာမ်ဘာသာဝင်ရပ်
ကွက်ဖြစ်သောအောင်မင်္ဂလာရပ်ကွက်အတွင်နေထိုင်ကြသောအစ္စလာမ်ဘာသာဝင်များမှာ လည်းအပြင်ထွက်ခွင့်၊ဈေးဝယ်ခွင့်၊အလုပ်လုပ်ရန်အပြင်ထွက်ခွင့်များပိတ်ပင်ခံထားကြရပါသဖြင့် လွန်စွာဒုက္ခရောက်နေကြရပါသည်။ရခိုင်ပြည်နယ်အစိုးရအဖွဲ့ှုမှလည်းဘာမှထိထိရောက်
ရောက် ကူညီပေးခြင်းမရှိခဲ့ကြပါ၊ နိုင်ငံတော်သမ္မတကြီးကလည်း အစီရင်ခံစာ
ဖတ်ပြီး ဘာမှမလုပ်ပေးကြပါ။ဒီအပတ်အတွင်းစစ်တွေအောင်မင်္ဂလာရပ်ကွက်အားမီးရှို့ရန်
RNDPနှင့် ရဟန်းပျိုးများသမဂ္ဂအဖွဲ့တို့အကြံအဖန်ဖြင့်ဆောင်ရွက်ပြီးမနေ့ကထပ်မံ့ပြီး
သမိုင်းဝင်ဗလီကြီးအားမီးရှိုရန်လုပ်ဆောင်မှုများပြုလုပ်ခဲ့ပါသည်။

“ဒီနေ့နေ့လယ် ၂ နာရီလောက်မှာ မော်လိတ်က အုပ်ချုပ်ရေးမှူးဦးထွန်းရွှေက စစ်တွေဗလီကြီးက ဆရာဦးဇေယျာ အဘူလဟော့ဗ်ဆီက သော့လာတောင်းတယ်။ သူ သော့တောင်းပြီး ၄၅ မိနစ်လောက် ကြာတော့ ဗလီဘက်က မီးခိုးတွေ စထွက်လာတာပါပဲ”ဟု စစ်တွေရောက်မြန်မာတစ်ဦးက ပြောသည်။

မောလိတ်အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေသည် ရခိုင်ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သည်။ စစ်တွေဗလီကြီးခြံဝင်းအား စတင်မီးရှို့စဉ်က ရခိုင်အကြမ်းဖက်သမား ၈ဝ ဝန်းကျင်နှင့် ထေရဝါဒဗုဒ္ဓဘာသာဘုန်းတော်ကြီးအပါး ၂ဝ ဝန်းကျင်က ဦးဆောင်၍ အထက်ပါပြစ်မှုကို ကျူးလွန်ခဲ့ကြောင်း ဒေသခံအချို့၏ ပြောကြားချက်အရ သိရသည်။

မီးစတင်လောင်ကျွမ်းချိန်တွင် မောလိတ်ရှိ ဦးဥတ္တမပန်းခြံအနီးတွင် ဒေါက်တာအေးမောင် နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်တို့ ရှိနေကြောင်းနှင့် အကြမ်းဖက် မီးရှို့မှုဖြစ်ပွားနေစဉ်တွင် အစ္စလာမ်ဘာသာဝင်များ မီးလာရောက်မငြိမ်းသတ်နိုင်ရန် စစ်တပ်က ထိန်းချုပ်ထားကြောင်းလည်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရသည်။

“ဗလီကြီးခြံထဲက မွတ်စလင်မ်အိမ် ၆ လုံးကိုတော့ မီးရှို့လိုက်ပြီ။ ဗလီကတော့ ဘယ်အဆင့်အထိ လောင်သွားပြီလဲဆိုတာ မသိရဘူး။ မွတ်စလင်မ်တွေအိမ်ထဲက အိမ်ပြင်ထွက်လို့မရဘူး။ ရခိုင်ဗုဒ္ဓဘာသာတွေ တော့ လမ်းမပေါ်မှာ နှစ်ထောင်လောက် ရှိနေပြီ။ မီးသတ်ကားလည်း မလာဘူး”ဟု စစ်တွေရောက်မြန်မာတစ်ဦးက ပြောသည်။

ယခုသတင်းရေးသားချိန် ညနေ ၆နာရီအချိန်ခန့်အထိ ရခိုင်အကြမ်းဖက်သမား အင်အားမှာတစ်စတစ်စ ပိုမိုများပြားလာနေကြောင်း သိရသည်။

(ရခိုင်ဗုဒ္ဓဘာသာ)တွေက ဓာတ်တိုင်တွေကို ခေါက်ပြီးလူစုနေတယ်။ တစ်ခါခေါက်ရင် တစ်ခါ လူပိုများ လာတယ်။ သံချောင်းခေါက်တာ လေးငါးခါလောက်ရှိပြီ”ဟု စစ်တွေတွင်နေထိုင်သူ တစ်ဦးက ပြောသည်။

ယခုအချိန်တွင် အောင်မင်္ဂလာရပ်ကွက်ထိပ်ရှိ လမ်းသုံးခွတွင် စစ်တပ်က ကြိုးတားထားပြီး လုံထိန်းများနှင့်အတူ အောင်မင်္ဂလာရပ်ကွက်အား လုံခြုံရေးပေးထားကြောင်း သိရသည်။

စစ်တွေ အောင်မင်္ဂလာရပ်ကွက်သည် စစ်တွေမြို့ပေါ်ရှိ အစ္စလာမ်ဘာသာဝင် ကမန်အများစု နေထိုင်ရာ နေရာတစ်ခုဖြစ်သည်။ ဘာသာသာရေးဖိနှိပ်မှုပဋိပက အတွင်း ဖျက်ဆီးခံခဲ့ရမှုများ ရှိသော်လည်း အိမ်(၃၀၀)ကျော်မီးရှိုခံရပြီးကျန်ရစ်သည့် မွတ်စလင် အိမ်ခြေများရှိနေခြင်းကြောင့်အကြမ်းဖက်ရခိုင်များ၏မျက်စိကျရာ နေရာတစ် ခုဖြစ်သည်။
စစ်တွေမြို့တွင်အစ္စလာမ်ဘာသာဝင်တို့နေအိမ်ဈေးဆိုင်များမှမောင်းထုတ်ပြီး ၎င်းအိမ်များတိုင်
များတွင်ရခိုင်များမှဝင်ရောက်နေထိုင်အပိုင်စီးထားသော်လည်း ရခိုင်ပြည်နယ်အစိုးရမှ
မည်သို့မျှအရေးမယူကြောင်းသိရသည်။

စစ်တွေဗလီအား ဦးတည်သည့် အကြမ်းဖက်မီးရှို့မှုတွင် ဗလီခြံဝင်းအတွင်းရှိ အိမ်အချို့ မီးရှို့ခံခဲ့ရပြီး တုတ်၊ ဓား လက်နက်များဖြင့် ဖျက်ဆီး ခံခဲ့ရသောကြောင့် ပျက်ဆီးဆုံးရှုံးမှု များပြားခဲ့ကြောင်း သိရသည်။

ယခု ဖြစ်ပွားခဲ့တဲ့ ဗလီကြီးဟာ ရှေးဟောင်း သမိုင်းဝင် ဗလီကြီးဖြစ်ပြီး စစ်တွေမြို့၏ မြို့လယ်ခေါင် အချက်အချာကျသော နေရာ၌ တည်ရှိပါတယ်။ရခိုင်မင်းများလက်ထက်
ကပင်ဆောက်လုပ်ခဲ့ပြီး၊တိုင်များအားနံသာတိုင်များဖြင့်ပြုလုပ်ထားကာသမိုင်းဝင်ဗလီကြီးလည်း
ဖြစ်ပါသည်.အဆိုပါဗလီကြီးသည်ရှေယခင်ကဘေးပတ်ဝန်းကျင်မီးလောင် ခံရသော်လည်းတခုတည်းမီးမလောင်ဘဲရှိနေသောမြို့လည်ခေါင်ရှိဗလီကြီးဖြစ်ပါသည်။
ဗလီကြီးအား ဆယ်စုနှစ် ငါးခုခန့်ကြာသည်အထိ ပြင်ဆင်ခွင့် မရခဲ့သည့်တိုင် ရှေးဟောင်းအမွေအနှစ် လက်ရာများကြောင့် ပြိုကျ ပျက်ဆီးခြင်း မရှိဘဲ မူလအတိုင်း တည်ရှိနေခဲ့ပြီး နဘေးကပ်လျက်တွင် ယဉ်ကျေးမှုပြတိုက်အား သက်ဆိုင်ရာ အာဏာပိုင်များမှဗလီကြီးပိုင်မြေအားအဓမ္မသိမ်းပိုက်ကာ ဆောက်လုပ်ခဲ့ကြောင်းလည်း ဒေသခံများမှ ပြောပြကြပါတယ်။

“ဗလီကြီးက ခင်ဗျားတို့ကြားဖူးမှာပေါ့။ ဦးဥတ္တမပန်းခြံတို့ ရုပ်ရှင်ရုံတို့ရှိတဲ့ မြို့လယ်ခေါင်ရပ်ကွက်ကပါ။ ဗလီကြီးမှာ ကမ္ဗည်းထိုးထားတယ်။ ၁၈၅၉ခုနှစ်ကတည်းက တည်ဆောက်တယ်လို့ ဗလီကြီးမှာ ရေးထားတယ်နော်။ ဗလီခြံထဲမှာ လူနေအိမ် ဆယ်အိမ်လောက်လည်းရှိတယ်။ ရခိုင်ပြဿနာတွေဖြစ်ကတည်းက ဗလီကြီးကို ပိတ်ထားတာပေါ့။ အဲ့တုန်းက အဲ့ဒီအိမ်တွေက ပစ္စည်းတွေကို သိမ်းဖို့ စစ်တပ်ကို ပိုက်ဆံပေးပြီး ခေါ်သွားတော့ ဟိုရောက်တော့ ပါလာတဲ့ ဗိုလ်မှူးက ပြောသွားတယ်။ ဟိုဘက်ရွာတစ်ရွာဆိုရင် လူတွေလဲ တစ်ရွာလုံးသေတယ်။ ဗလီရော အဆောက်အဦးတွေရော ဘာမှမရှိတော့ဘူး။ ကွင်းပြင်ပဲ ကျန်တယ်လို့ ပြောတယ်နော်။ ဗလီဘေးက ယဉ်ကျေးမှုပြတိုက်နေရာကလည်း ဗလီပိုင်တဲ့မြေကို သိမ်းထားတာ” အမည်မဖော်လိုသူ မြို့မဂျာမေဗလီကြီးအနီး နေထိုင်ခဲ့သူ ဒေသခံတစ်ဦးမှ ပြောပြတာဖြစ်ပါတယ်။

အောင်မင်္ဂလာရွာတွင် နေထိုင်သီတင်းသုံးနေသော မြို့မဂျာမေဗလီကြီး၌ နှစ်ပေါင်း (၅၀)ကျော် ရှေ့ဆောင်ဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော အသက်(၈၀)ကျော်အရွယ် ဆရာတော်ကြီး မောင်ဝ်လာနာ စေရာဂျွလ်ဟက်အား လုံခြုံရေးအာဏာပိုင်များမှ ခေတ္တဟု ခေါ်ဆောင်သွားပြီး မြန်မာစံတော်ချိန် ညနေ (၆)နာရီအထိ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးကြောင်းလည်း သိရသည်။

အင်တာနက်တွင်လည်း ပြည်တွင်း မီဒီယာတစ်ခုဖြစ်သော 7 Days News ဂျာနယ်မှ တိုက်ပိုင်သတင်းထောက်တစ်ဦးဖြစ်သူ ရခိုင်အမျိုးသား အစွန်းရောက် အကြမ်းဖက်အဖွဲ့ဝင်
ဥက္ကာကိုကိုမှ စစ်တွေတွင် ဖြစ်ပွားခဲ့သော ယခုမီးလောင်မှုအား မွတ်စလင်မ်များမှ ပြုလုပ်၍ ထွက်ပြေးသည်ဟု လိမ်လည်ဝါဒဖြန်ထားသည်နှင့်ပတ်သက်၍လည်း ဒေသခံ ဗုဒ္ဓဘာသာဝင်တစ်ဦးအား မေးမြန်းကြည့်ရာ အခုလို ပြောပြပါတယ်။

“ဒီနေရာကို ကလားတွေ လာလို့မရဘူး။ ပြဿနာဖြစ်ပြီးကတည်းက ဒီနေရာကို သိမ်းထားတာ။ စစ်တွေမြို့ထဲကို ကလားတွေ ဝင်မလာရဲပါဘူး။ သူတို့ အောင်မင်္ဂလာထဲမှာပဲ နေလို့ရတာ။ မြို့ထဲထွက်လာရင် ဝိုင်းရိုက်ပစ်မယ်။ သူတို့ကို မြို့ပေါ်ကနေ အပြီးထွက်သွားအောင် လုပ်ကြမှာ။ ကြည့်ထား။ ကုလားတွေက ဒီနိုင်ငံမှာကို မရှိသင့်တာ။ ဒါကုလားနိုင်ငံမဟုတ်ဘူး။” ….. ဒါက စစ်တွေမြို့တွင် နေထိုင်သော အေးမောင်အား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့တာပါ။
အဆိုပါကခြေအနေများသည် လက်ရှိရခိုင်ပြည်နယ်အစိုးရအဖွဲ့လက်ထက်တွင်
စနစ်တကျစီစဉ်ပြီး ပြုလုပ်နေသောဘာသာရေးဖိနှိပ်မှုဖြစ်ပါသည်။ဤသည် ကို ဘာသာရေးဖိနှိပ်မှုမဟုတ်သလို့ လိမ်ညာပြီး သမ္မတကြီးကိုတင်ပြပါသည်၊ယုံသောသူမှလည်း
စဉ်းစားဉာဏ်မရှိဘဲယုံကြည့်ပြီးသတင်းဌာနာများသို့မျက်နှာပြောင်တိုက်ပြီး ဒါဘာသာရေးဖိနှိပ်
မှုမဟုတ်၊လူမျိုးစုနှစ်ခုဖြစ်တာဆိုကာလိမ်ညာနေပါသည်။ဘာလူမျိုးစု့နှစ်ခုဖြစ်တာဆိုရင်စတင်
အသတ်ခံရသူ(၁၀)ဦးသည်တောင်တွင်းကြီးနှင့် မြောင်းမြရှိ ဗမာလူမျိုး၊
အစ္စလာမ်ဘာသာဝင်များဖြစ်ရာ ရခိုင်ဒေသနှင့်လားလားမျှမဆိုင်သည်ကို ဘာကြောင့်လူမျိုး
စုနှစ်ခု့ဖြစ်သည်လို့ နိုင်ငံတကာမှာသိက္ခာ မကျဆင်းအောင်လိမ်ပြောနေရပါသနည်း
အခုဖြစ်နေတာကအစ္စလာမ်ဘာသာဝင်ဆိုရင် မောင်းထုတ်မယ်ဆိုပြီးစီစဉ်ဆောင်ရွက်နေ
တာကို ဘာကြောင့်မစဉ်စားတတ်သနည်း .. မေးခွန်းထုတ်ရမှာပါ။
အခုအစ္စလာမ်ဘာသာဝင်တွေကိုစစ်တွေ မြို့ထဲမဝင်ရ ၊အပြင်မထွက်ရ၊ဈေးသွားမဝယ်ရဆိုတာဘာသာရေးဖိနှိပ်မှုမဟုတ်လို့ ဘာကိစ္စဆိုသည်
ကိုသိလို့ပါသည်။
ရခိုင်မှာတိုင်းရင်းသားအစ္စလာမ်ဘာသာဝင်တွေ၊ကမန်တွေသမိုင်းစဉ်ဆက်နေထိုင်လာ
ခဲ့ကြတာ၊အများကြီးရှိတာကိုဘင်္ဂလီနဲ့ ဖြစ်တာဆိုပြီးဝါလုံးရှည်ဖြင့်သိမ်းရမ်းသည်ကိုသမိုင်း မသင်ခဲ့သောလူများကဲ့သို့မြင်တွေ့နေရပါသည်။
မည်သည့်လူမျိုးဖြစ်နေပါစေ အစ္စလာမ် ဘာသာဖြစ်ပါက မြို့ထဲမဝင်ရ ၊ခရီးမသွားလာရ၊၊ဈေးမဝယ်ရ၊၊ဆေးမကုရ တက္ကသိုလ်ကျောင်းမတက်ရ၊
အတန်းကျောင်းမတက်ရ၊အလုပ်မခန့်ထားဆို့သည်တို့ကို အစိုးရဝါဒတစ်ရပ်
အဖြစ်လုပ်ချမှတ်လုပ်ကိုင်နေရာမှ စတင်ပြီး
ယခုကဲ့သို့ပြသနာကြီးများဖြစ်ပွားလာရခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည်ဘာသာရေးဖိနှိပ်
မှုအဆိုးဝါးဆုံးနိုင်ငံဖြစ်နေပါသည်။
ယခု ကိစ္စသည်ဘာသာရေးနှိပ်ကွတ်မှု သက်သက်ဖြစ်နေပါသည်။ အစ္စလာမ်ဘာအပေါ်ခွဲခြားဖိနှပ်နေခြင်းဖြစ်ပါသည်။
ဒါကြောင့် ဘာသာရေးဖိနှိပ်မှုလုပ်ပြီး အစ္စလာမ်ဘာသာဝင်တွေကိုဖိနှိပ်နေသော
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှတာဝန်ရှိသူ၊ RNDP နှင့် ပြဿနာဖန်တီးသူများကို ထိထိရောက်
ရောက် အရေးယူပေးပါရန်တိုက်တွန်းတင်ပြလိုက်ရပါသည်။ နိုင်ငံတကာမှလဲ
အုပ်စုနှစ်ခုဖြစ်သည်ဟု မလိမ့်တပတ်ပြောနေသည့်အပြောကိုယုံေနေဘဲ လက်တွေ့လေ့လာပါ
အတွင်းကျကျစုံစမ်းစစ်ဆေးပါ သို့မှအဖြစ်မှန်ကိုသိရှိနိုင်ပါမည်။ လက်သည်တရားခံများကိုလည်း ဘာသာခွဲခြားမှုမရှိဘဲထိထိရောက်အရေးယူပေးမှသာ၊
နိုင်ငံတကာတွင်နောက်ဆက်တွဲဖြစ်ပွားလာမည့်လက်တုန့်ပြန်တိုက်ခိုက်မှုများကို ကာကွယ်နိုင်မည်ဖြစ်ပါကြောင်းတင်ပြအပ်ပါသည်။

6 comments

  • Alpha Vanishing

    October 8, 2012 at 11:56 am

    ဒီပိုစ့်ကို လုံးဝ ကန် ့ကွက်ပါတယ်…
    ဘယ်သူ ့အတွက်မှ အကျိုးမရှိပါဘူး……
    အခြေအမြစ်မရှိပါဘူး…..

  • surmi

    October 8, 2012 at 12:03 pm

    သဂျီးရေ
    ဒီပို ့စ်ကိုဖျက်ပေးပါဗျို ့ ။ဒါမှမဟုတ်ကွန်မန် ့ပိတ်လိုက်ပါဗျို ့
    ကန် ့ကွက်ပါတယ် ။

  • Alpha Vanishing

    October 8, 2012 at 12:25 pm

    ကွန်မန် ့ပိတ် ရုံ နဲ ့တော့ မရပါ ပိုစ့်ကို ဖျက်ပေးပါ သဂျီး
    အပျက်အပျက် နဲ ့ တော်ကြာ မရှူနိုင် မကယ်နိုင်ဖြစ်သွားနိုင်တယ်

  • P chogyi

    October 8, 2012 at 12:41 pm

    ကံ၊ ကံ၏အကျိုး။
    ကိုယ်မကောင်းဒဏ် ကိုယ်သာခံ။

  • kai

    October 8, 2012 at 1:15 pm

    ဒီစာတွေကို သေသေချာချာဖတ်ကြည့်ပါတယ်..။
    အရေးအခင်းက.. တကယ်ဖြစ်တာမဖြစ်နေတာထက်.. အုပ်ချုပ်ရေးနဲ့..ဒေသခံတွေကို တဖက်ထဲ တော်တော့်ကို တဖက်စောင်းနင်း.. စွတ်စွဲရေးထားတာလို့ ယူဆနိုင်စရာဖြစ်ပါတယ်..။

    ဒါကြောင့်…
    ဒီလိုအချိန်မှာ..ဆိုင်ရာဒေသခံတွေနဲ့.. ဘာသာရေးဆိုင်ရာ.. ပြဿနာဖြစ်နိုင်တာကြောင့်… ပို့စ်ကို ခဏနေ.. ပိတ်ပစ်မယ်ဖြစ်ပါကြောင်း..
    တကယ်လို့ ဓါတ်ပုံအထောက်အထားနဲ့ပြနိုင်တယ်ဆိုရင်.. အယ်ဒီတာ editor@madalaygazette.com ထံတိုက်ရိုက်ပို့ပေးစေလိုကြောင်း…။

    • kai

      October 8, 2012 at 1:33 pm

      http://burmese.voanews.com/content/sittwe-mosque-fire-10-07-12/1522082.html
      စစ်တွေမြို့ ဗလီဝင်း မီးလောင်မှုဖြစ်ပွား
      မနန္ဒာချမ်း

      07.10.2012
      မကြာသေးခင် လတွေအတွင်း အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့က ဗလီကျောင်းဝင်းတခုတွင်းမှာ ဒီကနေ့ နေ့ခင်းပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ပစ္စည်းသိုလှောင်တဲ့ အဆောင်တခုသာ မီးလောင်ခဲ့တာဖြစ်ပြီး အချိန်မီ ငြိမ်းသတ်နိုင်ခဲ့ သလို ဖြစ်ရတဲ့အကြောင်းရင်းကိုလည်း စုံစမ်းစစ်ဆေးနေဆဲလို့ စစ်တွေ တာဝန်ရှိသူတွေ က ပြောပါတယ်။ ဒီလိုအခြေအနေကြောင့် ဗလီအနီးတဝိုက်မှာ လုံခြုံရေးကိုလည်း အာဏာပိုင်တွေဘက်က တင်းတင်းကြပ်ကြပ် ချထားခဲ့တယ်လို့ မျက်မြင် သက်သေတွေ က ပြောပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်စုံစမ်း ထားတဲ့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

      ရခိုင်ပြည်နယ် စစ်တွေမြို့၊ ဆရာတော် ဦးဥတ္တမပန်းခြံနီးက မူစလင်ဗလီကျောင်းဝင်းတခုမှာ တနင်္ဂနွေနေ့ နေ့လယ်ပိုင်းက မီးလောင်မှု ၂ ကြိမ် ဖြစ်ပွားခဲ့တာပါ။ ဗလီကျောင်းဝင်းအတွင်းမှာ ရှိတဲ့ စာအုပ်တွေ၊ ကပ်ထူစက္ကူတွေ သိုလှောင်ထားတဲ့ သက်ကယ်တဲ တတဲ မီးလောင်ခဲ့တာ ဖြစ်ပြီး ဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့ စစ်တွေ ထိန်းသိမ်းကွပ်ကဲရေး အဖွဲ့ ပြန်ကြားရေး အဖွဲ့ဝင် ဦးဝင်းမြိုင်က ပြောပြပါတယ်။

      “ဗလီကျောင်းဝင်းထဲမှာ။ အဆောင်လား အိမ်လား ပြောရခက်တယ်။ ပစ္စည်းတွေ လှောင်ထားတာပေါ့။ တဲအကြီးကြီးပေါ့။ တော်တော်ကြီးတဲ့ တဲပေါ့။ သူတို့ အိမ်တွေမှာ စာအုပ်တွေ စုပုံထားတာ ရှိတယ်။ သူတို့ အဲဒီမှာ စာအုပ်တွေ မီးလောင်တာလေ။ မီးသတ်က ငြိမ်းပေးခဲ့တယ်။ နောက်ငြိမ်းပြီးတော့ ထပ် လောင်တဲ့အခါကျတော့ လူတွေက ဗလီအတွင်းထဲလည်း ဖြစ်နေတယ်ဆိုတော့ ဝိုင်းကူကြတာပေါ့ လူတွေက။ သူတို့ ဗလီထဲဆိုတော့ ကျနော်လည်း မသိဘူးခင်ဗျ။ အဲဒီမှာ မီးသတ်က သွားရှင်းတဲ့အခါကျတော့ စာအုပ်တွေရယ်၊ ကပ်ထူစက္ကူတို့ ဘာတို့ ဝယ်ထားတာလား မသိပါဘူး။ လှောင်ထားတာနဲ့ တူပါတယ်။ ကျနော် မေးကြည့်တဲ့အခါကျတော့ သူတို့ဟာသူတို့ လောင်တာ၊ သူတို့ ဘယ်လိုဖြစ်လို့ လောင်မှန်းလည်း မသိဘူး။ အဲဒီမှာ နေ့လယ် ၁ နာရီ ခွဲလောက်က။ ဗလီရဲ့ တဘက်မှာ ဆိုင်တွေ ရှိတယ်လေ။ သူတို့က မီးခိုးတွေ မြင်တော့ မီးသတ်ကို လှမ်း ဖုန်းဆက်တယ်။ ဆက်တော့ မီးသတ်က ပထမတခါ လာငြိမ်းသွားတယ်။ တခါ ထပ်လောင်တော့ ဒုတိယအကြိမ် လာငြိမ်းတော့ ထိတ်လန့်ပြီးတော့ ဝိုင်းကြည့်ကြတာပေါ့။ အဲဒါတွေပါ။ မများပါဘူးခင်ဗျ။ အဲဒီတအိမ်တည်းပဲ မီးလောင်ပြီးတော့ မီးသတ်ကလည်း ချက်ချင်း လာငြိမ်းသွားပါတယ်။ ညနေ ၅ နာရီလောက်ကျတော့ အေးအေးဆေးဆေး ပါပဲ။ ဘာမှမရှိတော့ဘူး။ မီးသတ်က ငြိမ်းသွားတာပေါ့။”

      ဒါ့အပြင် ဒေသခံ ဗုဒ္ဓဘာသာဝင်တွေနဲ့ မူစလင်တွေကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၈၈ ယောက်အထိ သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်တွေ ကြုံခဲ့ဖူးတဲ့ ရခိုင်ပြည်နယ်မှာ အခုလို တရက်တည်းမှာတင် ၂ ကြိမ် ဖြစ်ခဲ့တာကြောင့် ဒေသခံတွေအနေနဲ့ ထိတ်လန့်မှုတော့ ဖြစ်ခဲ့တယ် လို့လည်း စစ်တွေ ထိန်းသိမ်း ကွပ်ကဲရေးအဖွဲ့ ပြန်ကြားရေးအဖွဲ့ဝင် ဦးဝင်းမြိုင် က ပြောပါတယ်။ မီးလောင်မှုဖြစ်တဲ့နေရာကို ကိုယ်တိုင် သွားကြည့်ခဲ့တဲ့ စစ်တွေမြို့ခံတဦးကတော့ မီးလောင်မှုဖြစ်ပြီး မကြာခင်မှာပဲ အခြေအနေတွေ ရုတ်ရုတ်သဲသဲ မဖြစ်အောင် အာဏာပိုင်တွေကနေ လုံခြုံရေးအပြည့် ချထားခဲ့တာကြောင့် အနားထိ ကြည့်ခွင့်မရခဲ့ ဘူးလို့ အခုလို ပြောပြပါတယ်။

      “ကျနော် သွားတဲ့အခါ အဲဒီနေရာကို ရောက်တဲ့အခါမှာ လုံခြုံရေးတွေ အထပ်ထပ် ချထားတယ်ဆိုတော့ ကျနော်တို့ ဝင်လို့ မရတော့ဘူး။ အချိန်က လေးနာရီကျော် ငါးနာရီလောက်တော့ ရှိပြီ။ မီးလောင်တာကို ကျနော့် အိမ်ကနေ မြင်ရတယ်။ မီးခိုးတွေ မြင်လိုက်ရတယ်။ ဒါပေမဲ့ များများစားစားတော့ မဟုတ်ဘူး။ ကျနော် မော်တော်ဆိုင်ကယ်နဲ့ ထွက်သွားပြီးတော့ ပတ်ကြည့်တယ်။ ပတ်ကြည့်တော့ အဲဒီမှာ လုံခြုံရေးတွေက အကုန်လုံး ချထားပြီဆိုတော့ ကျနော်လည်း ရှေ့ကို ဝင်လို့မရတော့ဘူးလေ။ အိမ်တခုမှ မလောင်ဘူး။ အဲဒီ ဗလီကျောင်းထဲက အဆောင်တခုပဲ နည်းနည်းပါးပါး လောင်တာ။ လုံခြုံရေးတွေကတော့ အထပ်ထပ် ချထားတယ်။”

      ညနေပိုင်းမှာတော့ အခြေအနေတွေဟာ အေးအေးဆေးဆေးပဲ တွေ့ရတယ်လို့လည်း အဲ့ဒီ စစ်တွေမြို့ခံက ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ လကုန်ပိုင်းကလည်း ဘင်္ဂလားဒေ့ရှ်နယ်စပ် က ကောက်ဇက်ဘဇား (Cox’s Bazaar) နဲ့ ရာမူး (Ramu) လို့ခေါ်တဲ့ ပန်းဝါမြို့မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ၊ ဘုရားတွေအပါအဝင် စာသင်ကျောင်းနဲ့ လူနေအိမ် တော်တော်များများ ကို မီးရှို့ဖျက်ဆီးမှုတွေ ဖြစ်ခဲ့ပါသေးတယ်။ လူ ၂ ဦး သေဆုံးတဲ့အထိ ဖြစ်ခဲ့တဲ့ ဒီအကြမ်းဖက် တိုက်ခိုက်မှု တွေနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ဘက်မှာလည်း ညမထွက်ရအမိန့်ကို အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ရတာပါ။

      မြန်မာနိုင်ငံမှာတော့ ရခိုင်ဒေသခံတွေနဲ့ မူဆလင်တွေအကြား လအတန်ကြာဖြစ်ခဲ့တဲ့ အဓိကရုဏ်းတွေကို လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေးကော်မရှင်တရပ်ကို ဩဂုတ်လက ဖွဲ့စည်းခဲ့ပြီး ဒီအဖွဲ့အနေနဲ့ စစ်ဆေးမှုတွေကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လက ရခိုင်ပြည်နယ်မှာ လူ ၉ဝ နီးပါး သေဆုံးပြီး ၈ သောင်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့အထိ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် အဓိကရုဏ်းတွေ ကြောင့် အစိုးရက ထုတ်ပြန်ခဲ့ရတဲ့ ပုဒ်မ (၁၄၄) ညမထွက်ရအမိန့်ကို စစ်တွေမြို့မှာ အခုထိ ရုပ်သိမ်းခြင်း မရှိသေးပါဘူး။

Comments are closed.