-ဘယ်ပစ်မှတ်ကို ချိန်ထားလဲ…လူငယ်-

လူငယ်ဆိုတာ…

လေခိုအောင်းတဲ့ ဆပ်ပြာပူဖောင်းမဟုတ်ဘူး။

သမိုင်းသစ်

တရပ်စပ်ပစ်ဖောက်မယ့် သံမဏိကျည်ဆန်မျိုး

ဘယ်လက်ဖဝါးမှ မတားဆီးနိုင်ဘူး။

သူတို့တွေဟာ…

ဘဝအိမ်မက်အတွက် မီးကုန်ယမ်းကုန် လောင်ကျွမ်းဖို့

အဆင်သင့်

ပြင်းရှတဲ့စိတ်ဓာတ်လည်းရှိရဲ့။

သူတို့တွေဟာ…

အများအကျိုးအတွက် ရုပ်/နာမ်အထောင်းခံရန်

ဝန်မလေး

တာဝန်ယူရဲတဲ့ စိတ်ဓာတ်လည်းရှိရဲ့။

သူတို့တွေဟာ…

တိုင်းပြည်အတွက် အသက်ဓာတ်ဖိနင်းခံရမှာ

မကြောက်

ကိုယ်ကျိုးစွန့်စိတ်ဓာတ်လည်းရှိရဲ့။

သူတို့တွေဟာ…

အနာဂတ်ကမ္ဘာရဲ့ လက်ကိုင်တုတ်ကြီးကြီး

စွမ်းအင်၊ ခွန်အားများလည်းဖြစ်ရဲ့။

သူတို့တွေကြောင့်…

ခေတ်တိုင်းဟာ ဘာမဆိုဖြစ်ခဲ့သလို၊ ဘာမဆိုလည်း ပျက်ခဲ့တယ်။

ယုံရဲ့လား…

အက်ဒီဆင်နာမည် လူငယ်ဘဝက စခဲ့တယ်။

ဟစ်တလာနာမည် လူငယ်ဘဝက စခဲ့တယ်။

ခေါင်းဆောင်ကောင်းတိုင်းလည်း လူငယ်တွေအား ချစ်ကြတယ်။

အို…လူငယ်

သင်ဟာ လူငယ်တစ်ယောက်ဆိုရင် မေးပါရစေ…

သင်ချွန်ထားတဲ့မြှားက

ဘယ်ပစ်မှတ်ကို စိုက်စေမှာလဲ…

ကြယ်ဖြူ/မည်း ။ ။

စေပိုင်ထွဋ်(ပုသိမ်)

5 comments

  • ကဗျာလေးကို ဖတ်ပြီး ကိုယ့်ကိုကိုယ် အားတွေရှိလာတယ်လို့ ခံစားမိပါတယ်… နိုင်ငံနဲ့မချီနိုင်ခင်မှာ ကိုယ့်ကိုကိုယ်ကောင်းဖို့ အရင်ကြိုးစားနေပါတယ်..

    တစ်ချိန်တည်းမှာလည်း စကားတစ်ခွန်းကို သတိရသွားတယ်..သူငယ်ချင်းတွေ ပြောနေကျပေါ့..
    “သွားမလုပ်နဲ့..အဲဒါသေနတ်..ပစ်ရင်သေတတ်တယ်…ပရုတ်ဆီလိမ်းလို့မရဘူး.” :kwi:

    • စေပိုင်ထွဋ် (ပုသိမ်)

      October 12, 2012 at 1:33 pm

      နောက်ဆုံး စကားအတွက် ပြောချင်ပါတယ် မွန်မွန်
      အဲ့ဒါက
      ကြောက်တတ်ရင် နှစ်ခါသေတယ်ဆိုတာပဲ

  • မောင်ပေ

    October 8, 2012 at 7:35 pm

    ကိုယ့်နားရှိတဲ့ အနီးဆုံးပစ်မှတ် မှန်သမျှ လိုက်ချိန်သင့်တယ်လို ့
    ထင်မိပါကြောင်း ရယ်ပါ

    • စေပိုင်ထွဋ် (ပုသိမ်)

      October 12, 2012 at 1:37 pm

      ဒါပေါ့ အနီးဆုံးက အလွယ်ဆုံး
      ဒါပေမဲ့
      တစ်ခါတရံတော့
      အဝေးလည်း ချိန်သင့်ရင် ချိန်ရမယ်လေ

  • Mobile

    October 9, 2012 at 4:56 pm

    ဗန္ဓုလ ပြစ်လိုက်တဲ့မြှားက မင်းသား ၅၀ဝ ကိုတစ်ချက်ထဲနဲ့ ဖောက်ထွက်သွားသလို
    ပြစ်မှတ်အားလုံးကို တစ်ချက်ထဲနဲ့ ပြစ်ဖောက်လိုက်ချင်တယ်

Leave a Reply