နတ်ကိုင်ခံရခြင်း

may flowersOctober 8, 20121min51530

မြန်မာပြည်ရဲ့ အခြားနေရာဒေသတွေတော့ အိမ်တွင်းနတ်ကို ကိုးကွယ်လား ၊ မကိုးကွယ်လား ကျွန်မအသေအ

ချာမသိပေမဲ့ ကျွန်မမွေးဖွားကြီးပြင်းခဲ့ရာအရပ်ဒေသမှာတော့ အိမ်တိုင်းလိုလိုအိမ်တွင်းနတ်စဉ်ကို အိမ်ရဲ့အတွင်း

ဘက်ထောင့်ကျကျလေးမှာ လိုက်ကာလေးကာရံပြီးထားရှိတတ်ကြပါတယ်။ ကျွန်မအဖေနဲ့အမေအိမ်ထောင်စ

ကျတော့ အမေကအိမ်တွင်းနတ်စဉ်ထားဖို့ပြောတော့ အဖေကခါးခါးသီးသီးငြင်းပါတယ်တဲ့.။ သူတို့တောင်သူ

တစ်ပါးသတ်တာခံရပြီး သေကြလို့နတ်စိမ်းဖြစ်နေတာ ငါမကိုးကွယ်နိုင်ဘူးလို့ခါးခါးသီးသီးငြင်းတော့ အမေ

 လည်းနတ်စဉ်မထားဖြစ်တော့ပါဘူးတဲ့။ အဲဒီတစ်နယ်လုံး အိမ်တွင်းနတ်စဉ်မရှိတဲ့ အိမ်ဆိုလို့ ကျွန်မတို့အိမ်နဲ့

ကျန်ဘာသာခြား အိမ်အနည်းငယ်သာရှိမယ်ထင်ပါရဲ့။ (ဘာပဲပြောပြော ကျွန်မကတော့ ကျွန်မအဖေကြောင့်

ကျွန်မတို့ လည်းနတ်ယုံကြည်ကိုးကွယ်မှုမှ လွတ်လာလို့ ကျွန်မအဖေကိုတကယ့်ကို ကျေးဇူးတင်မိပါတယ်)။

 

ဒီလို ဒီလို ကျွန်မအဖေနဲ့အမေ အိမ်ထောင်ကျကာစကတည်းက အိမ်မှာဘုရားစဉ်ထားပြီး ကိုးကွယ်တာကလွဲလို့

ဘာနတ်မှ မရှိမမြင်ဖူးတာကြောင့် ကျွန်မတို့မောင်နှမတွေလည်း နတ်အကြောင်းနဲ့ပါတ်သက်ပြီး ရှောင်ရန်

ဆောင်ရန် ဗဟုသုတကတော့ တော်တော်လေးနည်းပါးခဲ့ပါတယ်။ အဲ..ဆိုခဲ့ပြီးသလို ကျွန်မအမေသာ အဖေ့

ရန်ကို ကြောက်ပြီးနတ်ကိုအိမ်ပေါ်မတင်ပဲ နေလာခဲ့ပေမဲ့ ဒီနယ်သူကျွန်မအမေဘက်က အဖိုးအဖွားနဲ့ တစ်ကွ

အမေ့မောင်နှမတွေအားလုံးလိုလိုရဲ့ အိမ်တွေမှာတော့ အိမ်တွင်းနတ်စဉ်တွေအပြင် ရိုးရာနတ်စဉ်တွေကို အိမ်

တိုင်းမှာရှိကြပါတယ်။ ကျွန်မကိုယ်တွေ့ ကိုင်ခံရခြင်းအကြောင်းလေးစဖြစ်လာတဲ့နှစ်က ကျွန်မငါးတန်းကျောင်း

သူလောက်ပဲရှိသေးတဲ့ ၁၉၈၉ ခုနှစ်လောက်ကပါ။ အဲဒီနှစ်က သီတင်းကျွတ်ကျောင်း ဆယ်ရက်ပိတ်ချိန်မှာ ကျွန်

မတို့ မောင်နှမတစ်တွေလည်း ထုံးစံအတိုင်းကျွန်မအမေကြီးရှိတဲ့ ရွာမှာသွားနေကြပါတယ်။ အဲ..တစ်နေ့ကျွန်မ

အဒေါ် ( အမေ့ရဲ့အောက်တစ်ယောက်ခြားညီမ) ရဲ့ ယောက်ျားအလုပ်ကိစ္စနဲ့ တစ်ညအိပ်ခရီးထွက်ရတော့  က

လေးငယ်ငယ်နှစ်ယောက်နဲ့အဒေါ်က ကျွန်မကိုညဘက်သူနဲ့အဖေါ်လာအိပ်ဖို့ ပြောလို့ ကျွန်မသွားအိပ်ရပါတယ်။

အဒေါ်ရဲ့ကလေးနှစ်ယောက်က အကြီးလေးက နှစ်နှစ်ကျော်ကျော်လောက်သာရှိသေးပြီး အငယ်လေးကတော့

လသားအရွယ် နို့စို့နေတုံးရှိပါသေးတယ်။ ကလေးငယ်လေးရှိတော့ ကလေးနိုးတိုင်းအဒေါ်က အနှီးထလဲ ၊ က

လေးနို့ထတိုက်နေရတာကြောင့် အိပ်ရာဘေးမှာ ဖယောင်းတိုင်နဲ့မီးခြစ်ကို အမြဲဆောင်ထားတတ်ပါတယ်။အဲ

ဒီနေ့ အိပ်ခါနီးအချိန်မှာတော့ အဒေါ်က ကလေးနို့တိုက်နေရာက ကျွန်မကို

 

“တူမ အဒေါ်နေ့လည်က ဖယောင်းတိုင်တစ်ထုပ်ဝယ်ထားတာ ဘယ်မှာထားမိလည်းမသိဘူး ရှာပေးပါလား”

 

လို့ ခိုင်းပါတယ်။ ဒါနဲ့ ကျွန်မလည်း လက်ကျန်ဖယောင်းတိုင်တိုလေးမှာ မီးကူးပြီးအိမ်အနှံ့ ကျွန်မအဒေါ်ဖယောင်း

တိုင် တင်ထားနိုင်မယ်ထင်တဲ့နေရာအားလုံးမှာ လိုက်ရှာကြည့်မိပါတယ်။ ပထမဆုံး ဘုရားစဉ်ပေါ်ကို ဖယောင်း

တိုင်မီး အလင်းရောင်နဲ့ကြည့်ပါတယ် မတွေ့တော့ လိုက်ကာကာထားတဲ့ အိမ်တွင်းနတ်စဉ်ကို လိုက်ကာကိုဖယ်

ပြီး ထိုအပေါ်မှာပဲဖယောင်းတိုင်ကို တင်ထားမိလားဆိုတဲ့အတွေးနဲ့ ရှာမိတာပေါ့။ အဲ..ဒါပေမဲ့ အဲဒီလိုက်ကာကို

ဖယ်ပြီး ဖယောင်းတိုင်မီးနဲ့ အရှာမှာတော့ လိုက်ကာစအစွန်းဘက်ကို မီးနဲနဲဟပ်သွားပေမဲ့ ကျွန်မအချိန်မီလက်နဲ့

ရိုက်ပြီး ညှိမ်းလိုက်နိုင်တာကြောင့် သိသိသာသာကြီးကျွမ်းမသွားပဲ အနည်းငယ်မသိမသာလေးသာ မီးကွက်ကာ

အမဲရောင်လေးထင်သွားပေမဲ့ သိပ်ပြီးမသိသာလှတာကြောင့် ကျွန်မလည်း အဒေါ့်ကိုပြန်မပြောပဲ ဒီအတိုင်းထား

ကာ ဖယောင်းတိုင်ကိုတွေ့အောင်ရှာပြီး ပေးလိုက်ပါတယ်။

 

ထူးထူးခြားခြားအဲဒီနေ့က အဒေါ့်ကလေးငယ်လေးဟာ လုံးဝမအိပ်ပဲ တစ်ညလုံးငိုချည်းနေပါတယ်။ က

လေးအကြီးလေးကလည်း တစ်ညလုံးခဏခဏလန့်လန့်အော်တာကြောင့် ကျွန်မကတော့အိပ်ရေးပျက်ပြီးစိတ်

ညစ်နေပေမဲ့ အဒေါ်ကတော့သူ့ကလေးနှစ်ယောက်ရဲ့ ထူးခြားတဲ့အပြုအမူတွေကြောင့်အံ့ဩစိတ်တစ်ဝက်၊ နဲ့

ညလုံးပေါက်မအိပ်ရပဲ မိုးလင်းတဲ့ထိကလေးနှစ်ယောက်နဲ့ အလုပ်ရှုတ်နေခဲ့ရရှာပါတယ်။ 

ကလေးနှစ်ယောက်ငိုနေတာတွေလန့်နေတာတွေအဆင်ပြေ သွားမှာလေလို့တွေးနေခဲ့ပေမဲ့ နောက်တစ်နေ့

မှာတော့ ကလေးနှစ်ယောက်ဟာ သက်သာမသွားတဲ့အပြင်အပူကြီးပြီး အငယ်လေးက ခဏခဏတက်ကာ

အကြီးကောင်လေးကလည်း လန့်လန့်ငိုကာ ဖျားပါတော့တယ်။ အဒေါ်လည်း ရွာတွေမှာဆေးလိုက်ကုနေတဲ့

ဆေးမှုးတွေနဲ့ ပြတာလည်းဆေးမတိုးပဲ ကလေးနှစ်ယောက်လုံးအစာမစားပဲ လန့်ပြီးငိုပဲငိုနေပါတော့တယ်။

အဲ..နှစ်ရက်လောက်ရောက်တော့ အဒေါ့်ယောက်ျားပြန်လာတာကြောင့် လင်မယားနှစ်ယောက်ငါးမိုင်လောက်

ဝေးတဲ့ တိုက်နယ်ဆေးရုံရှိရာမြို့သို့ ကလေးနှစ်ယောက်ခေါ်ပြီးသွားပြကြပါတယ်။ ကလေးနှစ်ယောက်ဟာ အပူ

ကြီးပြီး တက်တက်နေတတ်ပေမဲ့ ဆရာဝန်ဆီရောက်လို့ အဖျားတိုင်းကြည့်တော့လည်းပုံမှန်ဖြစ်နေပြီး ရောဂါ

ရှာတော့လည်းမတွေ့တာကြောင့် ဆရာဝန်ကအားဆေးပေးပြီး စမ်းသပ်ခယူကာ ပြန်လွှတ်လိုက်ပါတယ်။ လင်

မယားနှစ်ရောက်လည်း ကလေးတွေနေကောင်းသွားပြီဆိုပြီ ဝမ်းသာအားရအိမ်ကို ပြန်လာကြပေမဲ့ အိမ်ကို

ရောက်တာနဲ့ ကလေးနှစ်ယောက်လုံးအပူကြီးကာ တက်သူကတက်၊ လန့်ပြီးအော်တဲ့ကလေးက အော်နဲ့ပြန်ဖြစ်

တော့တာပါပဲ။ ဒီလိုဖြစ်တာ သုံးရက်လောက်အကြာမှာတော့ အဒေါ့်ယောက်ျားရဲ့ အဖိုး(ရွာထဲကသူတွေကတော့

ဆရာ ချာလို့ခေါ်ကြပါတယ်) က ကလေးတွေနေမကောင်းကြောင်းသတင်းကြားတာနဲ့ လာကြည့်ပါတယ်။ အမှန်

တော့ အဲဒီအဖိုးကို အထက်လမ်းဆရာလိုလို အောက်လမ်းဆရာလိုလိုမို့ဆရာချာလို့ခေါ်ကြတာပါ။ အဲဒီဆရာချာ

မှာ မျက်လုံးတစ်လုံးမရှိပဲ ကျောက်မျက်လုံးကြီးထဲ့ထားတာကြောင့် ကြည့်ရတာပြူးကြောင်ကြောင်ကြီးမို့ ကျွန်မ

ကလေး ဘဝတုံးက တကယ်ကြောက်ခဲ့ဘူးပါတယ်။ အဲဒီဆရာချာရဲ့ မျက်လုံးကလည်း သိုက်တူးရင်းမအောင်လို့

မျက်လုံးတစ်လုံးဆုံးသွားတာလို့ ကျွန်မအမေကြီး( အဖွား)ကပြောပြတတ်ပါတယ်.။( ဆရာချာသိုက်တူးတဲ့အကြောင်းကို

ကျွန်မအမေကြီးပြောပြ တာကိုအဆင်ပြေရင် ပိုစ့်တစ်ပုဒ်ရေးပါဦးမယ်)။ အဲဒီဆရာချာအိမ်ပေါ်ကိုတက်လာပြီး

ကလေးနှစ်ယောက်ကို ကြည့်လိ်ုက်တာနဲ့

 

“ဒါမရိုးဘူး အိမ်တွင်းအမှားအယွင်းတစ်ခုခုရှိလို့ အိမ်တွင်းနတ်ကိုင်တာ..အိမ်တွင်း

စဉ်ကို ပြန်ကြည့်ကြည့်လိုက်ဦး”

 

လို့ တန်းပြောပါတယ်။ ဒါနဲ့ အဒေါ်တို့လည်း ပြာပြာသလည်း အိမ်တွင်းနတ်စဉ်ကို ပြန်စစ်ကြည့်တော့ ကျွန်မ

ဇာတ်လိုက်ကျော်ကြီး ဖယောင်းတိုင်ရှာရင်းအဲဒီအိမ်တွင်း နတ်စဉ်ကိုမီးနဲ့ထိုးရှာတာ လိုက်ကာစမီးဟပ်ထားလို့

အရောင်ပြောင်းနေတာကို တွေ့ပါလေရော။ အဲဒီတော့မှ အဒေါ်တို့လည်း ကြောက်လန့်ကာ ဆရာချာကို

 

“အဖိုး သမီးတို့ဘယ်လိုလုပ်ရမလည်း ”

 

လို့ အားကိုးတစ်ကြီး မေးကြမြန်းကြပါတော့တယ်။ နောက်တော့ ဆရာချာကြီး အစီအမံနဲ့ အိမ်တွင်းနတ်စဉ်က

အုန်းသီးအသစ်လဲ ၊ လိုက်ကာအသစ်လဲကာ လက်ဖက်ပွဲနဲ့တောင်းပန်ပြီးနောက်မှ ကလေးတွေလည်းအဖျားကျ

အငိုရပ်ကာ ကျွန်မအဒေါ်နဲ့ ကျွန်မအဖွားလည်း စိတ်ချမ်းသာရပါတော့တယ်။ အဲဒီအချိန်ကတော့

 ကျွန်မတကယ်နားမလည်တာက အိမ်တွင်းနတ်ကို မီးနဲ့တို့တာ ကျွန်မပေမဲ့ ဘာလို့အဒေါ်ရဲ့ကလေးနှစ်ယောက်

ကို နတ်ကိုင်ထားပြီး ဖျားနာ ၊ လန့်ဖြတ်ကြ ရတာလဲဆိုတာကိုပါ..။ဒီအချိန်အထိလည်း ကျွန်မနားမလည်သေးတဲ့ ပဟေဓိတစ်ခုပါပဲရှင်။

 

စာဖတ်သူရွာသူ၊ ရွာသားအားလုံးကျန်းမာရွှင်လန်းကြပါစေလို့……..

မေဖလားဝါး။

 

30 comments

  • ကြည်ဆောင်း

    October 8, 2012 at 3:19 pm

    ကြည်ဆောင်းတို့အိမ်မှာလဲ အရင်ကနတ်စင်ရှိတယ်.. နောက်တော့ဖြုတ်ပစ်လိုက်တာ …
    ဘယ်လိုဖြုတ်လိုက်မှန်းတောင်သတိမရတော့ဘူး …
    ဘာဘဲပြောပြောနတ်ကတော့မကိုးကွယ်တာဘဲကောင်းတယ်..
    စော်ကားနှောက်ယှက်တာတော့မလုပ်သင့်ဘူးပေါ့ ..
    စော်ကားတာတော့ နတ်မှမဟုတ် ဘယ်သူ့ကိုမှမကောင်းပါဘူးလေ..
    မတော်တဆမို့လို့လဲဖြစ် ကလေးလဲဖြစ် အိမ်သားလဲမဟုတ်လို့ အိမ်ပိုင်ရှင်ကိုဘဲ သတိပေးတာထင်ပါရဲ့

  • Khaing Khaing

    October 8, 2012 at 3:22 pm

    ကျွန်မအိမ်မှာလည်း အိမ်ထောင်စကြကတည်းက အမေက ဘယ်နတ်ကိုမှ မကိုးကွယ်ခိုင်းလို့ … အိမ်မှာ ဘုရားကျောင်းဆောင်ကလွဲပြီး ဘာမှမရှိခဲ့ပါဘူး … ကျွန်မသက်တမ်းတစ်လျှောက် အမေတို့အိမ်မှာ နတ်တွေ ကိုးကွယ်တာကို မြင်ခဲ့ရတယ် … ကျွန်မလည်း ငယ်စဉ်ကတည်းက အမေက ဒါဆုတောင်းဆိုတောင်းလိုက် တာပဲ .. ဖြစ်ချင်တာရှိရင် ဘုရားတွေရော နတ်တွေရော ဆုတောင်းခဲ့ဖူးပါတယ် … နတ်တွေဆီကတော့ တစ်ခါမှ မရခဲ့ပါဘူး … နတ်တွေက လူတွေကို မ ..မ ရင်သာရှိမယ် .. သူ့တို့ကိုတော့ အမှားအယွင်းမခံဘူး .. ကျွန်မတော့ နတ်ဆိုကြောက်တယ် … ဘဝမှာ ဘုရားမှတစ်ပါး ကိုးကွယ်ရာမရှိပါဘူး ….

    • kai

      October 8, 2012 at 3:33 pm

      ဘုရားကတော့.. “အတ္တာဟိ အတ္တနော နာထော” တဲ့..။ :harr:

      • မောင်ပေ

        October 8, 2012 at 7:27 pm

        သူကြီး ဆေး
        “ဘုရားကတော့.. “အတ္တာဟိ အတ္တနော နာထော” တဲ့..။ ”
        အတ္တာဟိ အတ္တနော နာထော မင်း မိမိကိုယ်သာ ကိုးကွယ်ရာ
        မေလေးပို ့စ်ကို ဖတ်ပြီးကတဲက သဂျီး လာပြောမှ ပြောပမလားလို ့
        သူက အစောကြီးကို ဖတ်သွားတာကလား

      • Khaing Khaing

        October 9, 2012 at 10:51 am

        သူကြီးကရော … ဘုရားဟောအတိုင်းပဲနေတာပေ့ါနော် …. ခစ်ခစ်

  • Mon Kit

    October 8, 2012 at 3:23 pm

    မေဖလားဝါးလေး..
    အားပေးဖတ်ရှုသွားပါတယ်..
    မေ့ကို နတ်က ကိုင်လို့မရလို့ ကလေးငယ်တွေ ကိုင်လိုက်တာနဲ့တူတယ်…
    😆

  • etone

    October 8, 2012 at 3:26 pm

    မေဖလားဝါးရေ

    ကျွန်မတို ့အိမ်မှာ အိမ်တွင်းအုန်းမထားပါဘူး ။ ဖိုးဖိုးတို့ခေတ်ကတည်းက ၊ နတ်ဆိုလျှင် အယုံကြည်မရှိလို့ပါ ။ ဒါ့ပြင် အိမ်တွင်းနတ်ဆိုတာကလည်း အစိမ်းသရဲတမျိုးဆိုပြီး ယူဆခဲ့တယ်ထင်ပါရဲ့ ။
    ကလေးငိုတာကလည်း ၊ ကိုယ်တွင်းက နေထိုင်မကောင်းလို့ ပါးစပ်က မပြောတတ်လို့များ ငိုသလားဟင် ။
    ကလေးတွေက လူကြီးတွေလို အစာခြေနိုင်စွမ်း မမြင့်ဘူး ၊ လှုပ်ရှားမှု အားနည်းတာကြောင့်လည်း ပါမယ် ၊ ဒါ့ပြင် မိဘတွေက ကလေးနို့သောက်တိုင်း အတင်းတိုက်တယ် ၊ အဲ့ဒီမှာ ရင်ပြည့်တာနဲ့ အစာမကြေတာနဲ့ …လေခံတာနဲ့ စတွေ့ပါပြီ ။ ကလေးက ဂျီကျပြီး ငိုနေတော့တာပါပဲ ။

    နောက်တစ်ခုကလေ … နာနာဘဝလိုမျိုးဘုံမှာ ရောက်နေတဲ့ သတ္တဝါတွေက ၊ တစ်ခုခုလိုချင် ၊ တောင်းဆိုချင်လျှင် ၊ ကလေးကိုခြောက်လှန့်တာမျိုးလုပ်တတ်တယ် … ကြုံခဲ့ဖူးပါတယ် ။ ကျွန်မအဖွားရဲ့ ဒဂုံကအိမ်ဆောက်တုန်းက ၊ မိသားစုလိုက်ခြံထဲမှာ သွားလည်ခဲ့ကြတယ် ။ အိမ်ထောင့်မှာ စပါးလင်ပင်စိုက်ထားတာကို အိမ်ဖော်ကောင်မလေးက ပြတင်းပေါက်ကနေ ငါးညှီဆေးထားတဲ့ရေ သွန်မိပါတယ် ။ အဲ့ဒီည ညီမဝမ်းကွဲ နှစ်နှစ်ကလေးလေးက မအိပ်တော့ဘူး … စူးစူးဝါးဝါးပဲ ပြတင်းပေါက်ကို ကြည့်ပြီး ငိုတယ် ။ ဘာဖြစ်သလဲဆိုပြီး… ကလေးကို စမ်းကြည့်ကြပေမယ့် .. ဘာမှ ထူးခြားတာ မတွေ့ဘူး ..ကလေးကလည်း အပြင်ကိုချည်း ကြည့်ငိုတယ် …ကျွန်မတို့ ကြည့်တော့လည်း ဘာမှ မရှိဘူး ။
    နောက်မှ အဖွားက(သူပဲမြင်တယ်) ပြတင်းပေါက်မှာ လူရပ်နေတယ်ပြောတာနဲ့ ပြတင်းပေါက်ကနေထွက်ကြည့်တော့ ၊ စပါးလင်ပင်ကို သွားတွေ့တယ် …. ဆက်စပ်စဉ်းစားရင်း …. တယောက်တခွန်းမေးကြည့်ရာက .. အိမ်ဖော်လေး ငါးညှီသွန်တဲ့ ကိစ္စ သွားထောက်မိပြီး … စပါးလင်ပင်ကို စနွင်းရေ သွားပြန်လောင်းလိုက်ရတယ် ။ သိသိသာသာပဲ …. ကလေး အငိုတိတ်သွားခဲ့တယ် ။ အဲ့တော့မှ အဖွားက အထုတ်ဖြေတော့တယ် .. ခြံဝယ်ခါစက ဦးလေးဖြစ်သူ ပါးစပ်ဆော့ပြီး စပါးလင်ပင်မှာ သူရဲ မွေးသတဲ့တော် … ။ အဖြစ်ပျက်ကတော့ ဒါပါပဲ .. နတ်ကိုင်တာတော့ မဟုတ်ဘူး …သူရဲက လှန့် တာ … ။ သူ့ကို အညှီနဲ့ ပက်လို့ဖြစ်မယ် … ဟီး :hee:

  • shwe pont

    October 8, 2012 at 4:03 pm

    ကျွန်မတို ့လည်း နတ်ကိုမကိုးကွယ်ပါဘူး။
    ဒါပေမဲ့ 1989-90 လောက်တုန်းက ကျွန်မတို ့ဖခင်တာဝန်နဲ ့ပြောင်းရလို ့ဧရာဝတီတိုင်းက မြို ့လေးတစ်မြို ့မှာ နေထိုင်တုန်းက ကျွန်မတို ့ငှားနေတဲ့အိမ်မှာတော့ အဲဒါမျိုးရှိမယ်ထင်တယ်။ ပြီးတော့ ကြီးမားတဲ့ ခြတောင်ပို ့ကြီးတခုလည်း အဲဒီအိမ်မှာရှိပါတယ်။ အိမ်ရှင်တွေကတော့ အဲဒီမှာ အမွှေးတိုင်တွေဘာတွေ ပူဇော်တယ်။ အဲဒီအိမ်က အဘွားကြီးကလည်း ဘုရားကို တနေ ့သုံးကြိမ်လောက် ရှိခိုးပြီး တခါရှိခိုးရင် ၁ နာရီလောက်ကြာပါတယ်။ ကျွန်မကတော့ 2 တန်းအရွယ်ပါ။ အစ်ကိုကတော့ 6- တန်းပေါ့။ တရက်မှာ ကျွန်မ အစ်ကိုဟာ ခြံထဲမှာ သီချင်းဆိုလိုက် ကလိုက်နဲ ့ ဝါးလုံးတွေ တီးလိုက်နဲ ့ တယောက်တည်းကစားပါတယ်။ သူဆိုတာမှာ နတ်သီချင်း လဲ ပါတယ်တဲ့။ ဘယ်က ကြားဖူးထားတာတော့မသိပါဘူး 🙂 ။အဲဒီနေ ့ ညနေ ပိုင်း ့လဲ ရောက်ရော သူဖျားလွန်းလို ့ဆရာဝန်ဆီသွားပြီးဆေးထိုးတာမှာ အကြောထိ ပြီး လမ်းမလျှောက်နိုင်ဖြစ်သွားလို ့ပြန်ကောင်းအောင် ဗမာနည်းရော၊ အင်္ဂလိပ်နည်းရော၊ ဘုရားကု ကုတယ်ဆိုတာမျိုးရော စုံနေအောင်ကုပြီး၊ လမ်းပြန်လျှောက်နိုင်အောင်လဲလေ့ကျင့်ခန်းတွေ လုပ်နဲ ့ စုံနေအောင် တနှစ်လောက်ကု လိုက်ရပါတယ်။ ထုံးစံအတိုင်း ဗေဒင်မေးတော့ အဲဒီအိမ်က သိပ်မသန် ့ဘူးပြောလို ့တဲ့ အဖေတို ့အမေတို ့ အိမ်ပြောင်းကြတဲ့အထိပါ။ နောက် သူတက်တဲ့ ကျောင်းက ကုက္ကိပင်ကြီးအောက်မှာ ရှု ရှူး သွားပေါက်လို ့လို ့လဲပြောတယ်။ အဲဒီအပင်က ရုက္ခစိုးကိုလည်း မီးတွေ ဘာတွေ ပူဇော်ပြီး ကျွန်မအဖေက သွားတောင်းပန်ရသေးတယ်။ ဘာကိုင်တယ်တော့ မသိဘူး။ အဲဒီတုန်းကတော့ သူနေမကောင်းဖြစ်နေတော့ မိဘတွေက စိတ်ပူပြီး အကုန်လုပ်တာပေါ့လေ။ အဲဒါမျိုးတွေကို သိပ်အစွဲအလန်းမထား ပေမဲ့ ကလေးတွေကို နတ်က ကျီစားတယ် ဘာညာတော့ ကြားဖူးပါတယ်။ ကလေး ငိုလို ့ညဘက် ထမင်းတွေ ဘာတွေ သွားပစ်ရတာတို ့ပေါ့၊ ကလေးငယ်ငယ်နဲ ့ အသက်ကြီးတဲ့ ဘိုးအေ ဘွားအေတွေ ရှိတဲ့ နယ်ကအိမ်တွေမှာ ပိုကြားရတာပေါ့။ ကလေးတခုခုဆိုတာက ဘိုးအေတွေ၊ ဘွားအေတွေက ဘာသွားလုပ်လို ့ ကလေးမိဘတွေကို သင်ပေး တတ်ကြပါတယ်။ ရှေးရိုး ဓလေ့ လို ့ပြောရမလားဘဲ ?

  • ရွှေ ကြည်

    October 8, 2012 at 4:07 pm

    မေဖလားဝါးလေးရေ နတ်ဆိုတာမျိုးကရွှေကြည်အမြင်ပေါ့ မပတ်သက်မိရင်အေးဆေး သွားပတ်သက်မိရင်
    အကျိုးပေးမပေးတော့မသိ စိတ်တော့အတော်ကြီးပါ ဆိုးကျိုးဆိုရင်တော့လာထားပဲ..။
    သွားမပတ်သက်တာပဲကောင်းတယ်။ ကြည်ဆောင်းပြောသလိုပဲ မစော်ကားမိဖို့တော့သတိထားရမှာပေါ့။
    ရွှေကြည်ကတော့ ရှိချင်လည်းရှိနေနိုင်တယ် မရှိချင်လည်းမရှိနိုင်ဘူး ဘယ်လိုပဲဖြစ်ဖြစ်ပေါ့
    သူလည်းသူ့ဘာသာနေ ကိုယ်လည်းကိုယ့်ဘာသာနေပဲ။

  • may flowers

    October 8, 2012 at 4:14 pm

    ခုလိုမျိုးဝင်ရောက် ကော့မန့်ပေး ပြီးဆွေးနွေးပေးကြတဲ့
    ကြည်ဆောင်း
    Khaing Khaing
    သဂျီး
    Mon Kit
    shwe pont နဲ့
    ရွှေကြည်
    အားလုံးကို ကျွန်မကလေးစား ကျေးဇူးအထူးတင်ပါတယ်နော်။

  • may flowers

    October 8, 2012 at 4:25 pm

    etone ပြောတဲ့စပါးလင်ပင်စိုက် သွေးပက်ပြီး သရဲမွေးတာကျွန်မလည်း

    မမြင်ဖူးပေမဲ့ ကြားတော့ကြားဖူးပါတယ် ..ခုလိုကော့မန့်ရှည်ကြီး

    နဲ့ဝင်ရောက်ဆွေးနွေးပေးတာကျေးဇူးပါနော်။

  • Thu Wai

    October 8, 2012 at 4:40 pm

    အိမ်မှာ အရင်တုန်းက နတ်တွေက အဖေဘက်ကရိုးရာပေါ့ အိမ်တွင်း မြင်းဖြူရှင် နံကရိုင်း အဲဒီသုံမျိူးတော့ ရှိတယ် အဖေဆို ဆောင်းတွင်းကြီးတောင် အိမ်တွင်းစင်ကိုယပ်ခပ်တယ် နံကရိုင်းမယ်တော်စင်က ကိုအောင်နိုင်ဆိုတဲ့ နွားကျောင်းသားနတ်ကို ဆက်ထားတဲ့အရက်ဆိုရင် ကျွန်တော်က ပိုက်ဆံမရှိရင်ယူရောင်းတယ် နောက်ပြီး ပုလင်းခွံတစ်ခုထဲ သွေးဆေး အမှုန့်ဖျော်ပြီးထည့်ပေးထားတယ်
    အဖေလဲ ဆုံးရော ကျွန်တော်က အိမ်မှာ အိမ်ထောင်ဦးစီးပေါ့ အိမ်ဦးနတ်လေ အမေနဲ့ ညီမတစ်ယောက်နဲ့ကျွန်တော်တို့လင်မယား အားလုံး ကျွန်တော့် အပေါ်မှာ မှီခိုတာ အဲဒီတော့ ကျွန်တော်က အော်တို ရာထူးတိုးသွားတယ် အိမ်ဦးနတ်ပေါ့ ကျွန်တော်အိမ်မှာ ကျွန်ေအေးတာ်အကြီးဆုံးနတ်ပဲ ကျန်တဲ့ နတ်တွေကို အိမ်ပေါ်က ဆင်းခိုင်းလိုက်တယ် သူတို့လဲ ဘာမှပြန်မပြောဘူး အေးဆေးဆင်းသွားတာ အခုအချိန်ထိ ဘာမှပြသနာမရှိ စီးပွားရေးလဲ အိုကေ
    နတ်တွေတင်ထားတဲ့ စင်ဆို အိမ်တွင်းတင်ထားတဲ့ စင်ကြီးဆို ကျွန်တော် တက်တူးထိုးတဲ့ခုံတောင်လုပ်လိုက်သေး နောက်ပြီးကျွန်တော်က သရဏံဂုံ တည်ပါတယ်
    အဲဒါအရေးကြီးတယ်လို့ပဲ ထင်တယ် ကျန်တာက ဥပဒ်ဒန်ကြောင့် ဥပဒ်ရောက်ရတာပါ
    ကျွန်တော်လဲ နတ်တွေ နှင်ချပြီးတော့ အိမ်မက်တွေဘာတွေ မက်သေးတယ်
    အိမ်မက်ထဲမှာ ပြောလို်က်တယ် တသက်လုံးစားမကုန်အောင်သာထား နေ့တိုင်း ဘုရားထက်အရင်ကန်တော့မယ်လို့ပြောလိုက်တယ် အဲဒါနဲ့ ပြေးတော့တာပဲ သူတို့တောင်မှ အုန်းသီးနဲ့ ငှက်ပျောသီးပဲစားနေရတာတဲ့။။။။။။။။။။။။။။။တိန်……

  • လုံမလေးတို့ အိမ်မှာတော့ အမေနဲ့ အဘွားက နတ်ကိုးကွယ်ပါတယ်…အိမ်တွင်းနဲ့ ရိုးရာနတ်ပေါ့နော်… နောက်ပိုင်း အမေက ဘုရားတရားအလုပ်တွေ အရမ်းလုပ်ပြီး တရားတွေနာတော့ သူလည်း သဘောပေါက်လာတယ်..ဒါပေမယ့် ကိုးကွယ်ပြီးသားဆိုတော့ ဖြုတ်မပစ်ပါဘူး…မစော်ကားဘူးပေါ့..လုံမကတော့ ပြောထားတယ်…သမီးကျရင် အဲဒီအယူကို ဆက်မယူဘူးလို့… မကိုးကွယ်ပေမယ့် မစော်ကားဖို့တော့ ဆုံးဖြတ်ထားပါတယ်… ကိုယ်မမြင်နိုင်တဲ့အရာတွေက အများသားလား… 🙄

  • may flowers

    October 8, 2012 at 5:36 pm

    Thu Wai ရေ ဝင်ရောက်ဆွေးနွေးကော့မန့်ပေးတာကျေးဇူးပါ။ ကျွန်မမိဘတွေတုန်းကလည်း ဒီလိုပဲ

    အမျိုးတွေက ဝိုင်းပြောကြတယ်။ အိမ်တွင်းမထားလို့ ရိုးရာမကိုးကွယ်လို့တဲ့ တစ်နေ့နတ်ကိုင်တာခံရ

    မယ်..ဘာညာပေါ့။ ဒီကြားထဲ နတ်ကတော်တွေကလည်း အမေ့ကို အိမ်ဆိုတာအိမ်တွင်းရှိမှ အိမ်မည်

    တာတဲ့ လာဆွယ်ကြတာလေ။ အဲဒီအချိန်ကသာ စီးပွားကျတာတို့ ကျန်းမာရေးညံ့တာတို့ဖြစ်ခဲ့မယ်ဆို

    ရင် သေချာတယ် နတ်ကိုင်ခံရတာလို့ပြောခံထိမှာ။ ဒါပေမဲ့ ကျွန်မမိဘတွေကော ကျွန်မတို့ညီအမတွေ

    ပါ အခြားနတ်ကိုးကွယ်တဲ့ အမျိုးတွေထက် ( မချမ်းသာပေမဲ့) အဆင်ပြေပြေနေနိုင်ခဲ့ကြပါတယ်။ :hee:

    မကိုးကွယ်ပေမယ့် မစော်ကားဖို့တော့ ဆုံးဖြတ်ထားတာအကောင်းဆုံးပါပဲ မွန်မွန်ရေ စော်ကား

    တာကိုတော့ လူရောနတ်ရော ဘယ်သက်ရှိသတ္တဝါမှ မကြိုက်ကြဘူးလေနော်။

  • aanyar thar

    October 8, 2012 at 7:13 pm

    ကားသမားတွေကတော့ပြောတာပဲ..နတ်..တကယ်ရှိ့တယ်တဲ့….မယုံ..ကားတစ်စင်းလုံး..ဝပ်ရှော့ အပ်ကြည်ပါ့လား…..လားလားလား နတ်တွေမှ့ တပုံကြီး..၃ရ မင်း..ဘယ်ကမတုန်း..ပြည်တောင်းနဲ့ အပြည့်ပဲ…ဖြုတ်တော့ ဖြုတ်တတ်တယ်..ပြန်တော့မတတ်..တတ်ဘူး..(အညာသား အဖြစ်အပျက်လေး..နည်းနည်းဝင်ပွါဦးမယ်..နတ်တော့ မဟုတ်ဘူးဗျ..သူ့ထက်မြင့်ပါ..ရု်က္ခစိုး..အိမ်က မန်ကျည်းပင်မှာ..နေတာ..တစ်နေ့ မွေးသဖခင်က..ဒီမည်းကျည်းပင်ကလည်း..အမှိုက်တွေ အိမ်ခေါင်ပေါ် တအားကြွေတယ်..အိမ်ခေါင်ဆွေးတယ်..ခုတ်ပစ်တာကောင်းမယ် ပြောရော့..ပြောပြီးမကြာပါဘူး…နောက်၂ ရက်လောက်နေတော့..ကျုပ့်အဖေ ဖျားကရော..ပြေးလိုက်ရတဲ့ဆေးခန်း…ပြလိုက်ရတဲ့ အထူးကု့…ကုန်လိုက်တဲ့ငွေ…၁ ပါတ်လောက်ကြာတော့..အခြေအနေမထူးတာနဲ့…မြန်မာဆရာနဲ့ကု့ကြည့်တော့…လားလား..ရုက္ခစိုး.ကို်င်တာတဲ့ဗျား..ဒါနဲ့ မွေးသမိ့ခင်ကမေးတာပေါ့..ဘယ်က ရုက္ခဆိုးလည်းဆိုတော့…အိမ်မန်ကျည်းပင်က..ငနာ.ကျူပ်လည်း.ထောင်းဆို..ဒေါသက ငယ်ထိပ်တက်ဆောင့်ရော…ခွေးမသား ရုက္ခ္ခဆိုး..ငါ့အိမ်လည်းကပ်နေသေးတယ်.ငါ့အဖေလည်း ဘေသေးတယ်..တွေ့မယ်ဆိုပြီး…သူနေတဲ့ မန်းကျည်းပင်အောက်သွား..စိတ်ထဲ ရှိ့တဲ့အတိုင်း ပိုးဆို့ပက်စက်ဆဲ..ရုက္ခဆိုးဆိုတဲ့ကောင်ကို..ဆဲအားရတော့မှ့ သေချာပြောတာ..ခွေးမသား..ရုက္ခဆိုး..ဒီည ငါ့အဖေ ပြန်ကောင်းအောင် လုပ်ပေးရင်ပေး..မပေးလို့ကတော့..မင်းနေတဲ့အပင် မီးနဲ့အတိုက်ပဲ..မင်းလိုကောင်ဘုံပြောက်စေရမယ့်…တစ်ခွန်းပဲ..အောင်မှာတိုက်ဆိုင်တာလား..တိုက်ပေါင်တာလားတော့မသိ့ဘူး…မနက်ကျ…မွေးသဖခင် ထမင်းတွေ ထလွှေး..နေတော့တာပဲ..မာလိုက်တာမှ့ ခု့ချိန်ထိ့ပဲ..သတိ့ရရင် ကျုပ်ကိုတောင် လှမ်းလှမ်းဆဲနေသေး..သားကို အဲ့လောက်ချစ်တာ..နောက်ကြုံမှ့ပဲ…မွေးသမိ့ခင် (အစ်မတွေအကိုတွေ လက်ထက်ကတည်းက ကိုးကွယ်လာတာနော်) ကျုပ်ကြောင့် အိမ်တွင်းနတ် မကိုးကွယ်တော့တာ ပြောပြဦးမယ်….အညာမှာဆို အိမ်တွငိးနတ်ကိုသမ္မထက်တောင်..ယုံကြည်ကိုးကွယ်ပါ့..မမေဖရီးဝါး(may flowers) ရေ..ကို့အိမ်မှာနေပြီး..ကို့ကလေးတွေ ကိုင်တဲ့နတ်..ကျုပ်သာဆို…အဲ့ဒီမောင်တင့်တယ်ဆိုတဲ့သူ..တစ်ညလုံး..ဘော်လုံးကန်ခိုင်းပြစ်လိုက်မယ်..သူ့နတ်ကွင်းသွားစော်ကားတာမှ့မဟုတ်တာ…သူက…ကု့ိ့အိမ်မှာ.ူကပ်နေရတာပါဗျာ…

  • Htoo thin

    October 8, 2012 at 10:59 pm

    တ်တ်ကိုင်တာ်မှာတ ကယ်ပါ တွင်ခုံတွေမှာများတော့

  • may flowers

    October 8, 2012 at 11:11 pm

    ကိုအညာသားရေ ဝင်ရောက်ဆွေးနွေးတာကျေးဇူးပါ…။ ကိုအညာသား မန့်ထားသလိုဆို

    လူက ကြမ်းရင်နတ်ကြမ်းလည်းမခံနိုင်ပဲ အရှုံးပေးရတာဆိုတာ တကယ်ဖြစ်မယ်ထင်ပါရဲ့နော်..။

    Htoo thin ရေ ဝင်ရောက်ဖတ်ရှုအားပေးတာ ကျေးဇူးပါနော်။

  • Fall Guy

    October 8, 2012 at 11:42 pm

    မောင်တင့်တယ် က မဘို့နေနေသာသာ သူ့ဖာသာကြောက်လို့လိုက်ကာနောက်ပုန်းနေရတာကို…….။
    ဆရာ တစ်ယောက်ကပြောဘူးတယ် ၃ရ မင်းထဲမှာ အရက်သောက် ကြက်တိုက် အပျော်ပါးလိုက်လို့သေသူချည်းဘဲ လို့
    (တကယ်ပြောတာဒီထက်ဆိုးတယ် နတ်တွေငိုသွားမှာစိုးလို့ချန်ခဲ့တာ)

  • pooch

    October 9, 2012 at 12:06 am

    မမေရ ကျမတို့ အမျိုး ထဲမှာ ( နယ်ဘက်ကပါ ) အိမ်တွင်းရှေ့မှာ ဖယောင်းတိုင်မီး ပူဇော်မိလို့ အဲ့ဒီ အိမ်ပေါ်ကနေ ဆင်းပြေးရခဲ့တာတောင် ရှိပါတယ်။ သူများက သူတို့ကို အဲ့ဒီလို ချောက်ချပြီး လုပ်ခိုင်းခဲ့တာပါ။

    ဖတ်ဖူးတာကတော့ ပန်းပဲ မောင်တင့်တယ်တို့ မောင်နှမဟာ မီးနဲ့တိုက်သတ်ခံခဲ့ရတဲ့ အတွက် မီးကို မကြိုက်ကြတာလို့တော့ ပြောကြပါတယ်။ လွဲချင်လည်း လွဲနိုင်ပါတယ်။ ဒါကြောင့်မို့ အိမ်တွင်းရှိတဲ့ အိမ်တွေဟာ မီးဖွင့်တာနဲ့ လိုက်ကာလေးတွေ အုပ်ထားပေးရတာပါ။

  • kai

    October 9, 2012 at 12:51 am

    အမှတ်မမှားရင်.. ပန်းပဲမောင်တင့်တယ်ဆိုတာ.. ပန်းပဲသမား.. ။ အားလည်းအရမ်းရှိတယ်တဲ့..။ ပန်းပဲတူထုရင်..” ဒေါင်”ဆိုပြီး. နားကွဲမတတ်အကျယ်ကြီးကြားရတယ်တဲ့..။
    သူ့ကိုလည်း.. အနီးအနားရပ်ရွာက လူတွေက.. လေးစားချစ်ခင်ကြတယ်တဲ့..။ ညီမတွေရှိတယ်မှတ်မိတယ်..။

    ဆိုတော့..
    အဲဒီခေတ်က ဘုရင်ခမြာ.. အခုခေတ်.. “၈၈ကျောင်းသားတွေကို.. စစ်အစိုးရကြောက်သလိုကြောက်တာပေါ့..။ ”
    အဲဒီမှာတင်..ဖမ်းပြီး..စကားပင်မှာကားစင်တင်.. မီးရှိုသတ်တယ်မှတ်မိတယ်..။ ညီမက… မီးပုံထဲလိုက်ဆင်းသေတယ်လို့ထင်တာပဲ..

    အဲဒီမှာတင်ဇတ်လမ်းစတာ..။
    ဘယ်လိုဖြစ်သလည်းဆိုတော့.. ၈၈ တုံးက ကျောင်းသားတွေအသတ်ခံရတယ်.။
    ကျောင်းသူတွေ မုဒိန်းအကျင့်ခံရတယ်ကြားလို့.. လူထုက မကျေနပ်.. လှုပ်ရွလာတာမျိုးဖြစ်တာပေါ့..။

    ဒီမှာတင်.. မင်းအနော်ရထာက..
    “ဟ.. ဒီအကောင်မသေဘူး.. နတ်ဖြစ်နေတယ်..။”
    ” ငါ နတ်နေရာပေးလိုက်တယ်..။ သိပ်ချစ်ရင်.. အိမ်ထဲထည့်ထားကြ.. ”
    ” ရော့အင့်.. အုံးသီး ”

    ဆိုပြီး ပစ်ပေးလိုက်သတည်း.. ပေါ့..။

    လူထုက..
    “ဟ.. ငါ့ကောင်ကြီးမသေဘူး.. နတ်ကွ.. နတ်.. ”
    ဆိုပြီး..အိမ်တွင်းမင်းမဟာဂီရိဆို.. ကိုးကွယ်ကြ..ကြောက်ကြတာမှာ.. မင်းအနော်ရထာထက်နာမယ်ကြီးသွားလေသတည်း..လို့.. မှတ်ပါနော…
    အဖြစ်အပျက်.. အနှစ်သာရ.. ဇတ်လမ်း တိုတိုကတော့ ဒါပဲ.. :kwi:

    (မှတ်ချက်။ ။ ကားစင်တင်ခံရသဖြင့် သံကြောက်သည်။ စကားပင်တွင်သေရသဖြင့်.. စကားပင်..စကားပန်းကြောက်သည်။ မီးရှို့ခံရသဖြင့်.. မီးကြောက်သည်..။ ဘာကြောင့်လည်းတော့မသိ.. သတ်တဲ့ သူတွေဖြစ်တဲ့.. လူတွေကိုတော့ မကြောက်..)

    • လယ်ထွန်Z

      October 9, 2012 at 6:45 am

      @သဂျီး
      အဟိ အဟိ…
      သိပ်ကြိုက်သပေါ့ … ဂလို တွေးလုံး ရေးချက် တွေကိုဖြင့် …

      စကားမစပ် မေဖွားဝါးရေ …
      အုံးမစွဲတဲ့ ..မေဖွားဝါးတို့ရဲ့ မိဘ အိမ်မှာ ဒါမိုး မကြုံဖူးဘဲ
      အုံးစွဲတဲ့ မေဖွားဝါး တို့ အဒေါ်အိမ်မှာသာ ဒါမိုး ကြုံရသမို့
      ကျန်တာထားလို့ … ဖြစ်ရပ်ကလေးကိုသာထောက်ချင့်လို့ …..
      မထားသင့်တဲ့ အရာများလို့ … နောက်လူတွေ မှတ်မိရင် ပြီးတာပါပဲဗျာ….

      ခင်တဲ့
      ဂီ

    • Khaing Khaing

      October 9, 2012 at 10:59 am

      စကားပင်တွင်သေရသဖြင့်.. စကားပင်..စကားပန်းကြောက်သည်။
      အဲဒါနဲ့ပတ်သက်ပြီး လူတွေက အိမ်မှာ အိမ်တွင်းစင်ရှိရင် စကားဝါပန်းကို အိမ်မှာ မသွင်းရဲ အိမ်တွင်းစင်မှာ မကပ်ရဲဖြစ်နေကြတယ် …. တကယ်တန်း ပုပ္ပါးတောင်နားမှာ မောင်တင့်တယ်တို့ နတ်နန်းရှိပါတယ် .. အဲဒီမှာ စကားဝါပန်းတွေလှူထားတာမှ ဝေဝေဆာဆာနဲ့ မောင်တင့်တယ် မီးရှို့ခံရတဲ့ စကားဝါပင်က သစ်တုံး ကြီးမျောလာတာကို ဆယ်ထားတယ်ဆိုပြီး စကားဝါပင်တုံးကြီးလည်းထားထားသေးတယ် ….

  • ကြောင်ကြီး

    October 9, 2012 at 10:02 am

    နတ်၊ ဘိုးတော်၊ ဗေဒင် တို့ကို ဘာညာကွိကွ ပြောသူ ၉ဝရာနှုန်းလောက်က ကိုယ်တိုင်မကြုံသေးလို့ လက်ခမောင်းခတ်နေကြတာ များတယ်။ ပြောချင်တာ တကယ်သတ္တိရှိလို့၊ သရဏဂုံတည်လို့ မဟုတ်ဖူး…။ အမှန် အမှားက တကဏ္ဍ၊ ရှိတယ် မရှိဘူးက တကဏ္ဍ အစစ် အတုက တကဏ္ဍ သိပ်မရမ်းကြဖို့ပါ…။
    နားဂျားဗျင်းကတ်၍ ဝင်ပြောရသူ နတ်မင်းကြီးဦးကြောင် 😎

  • သစ် တည်

    October 9, 2012 at 10:03 am

    ကြက်သီးထတာဟယ်..,
    လူကိုင်ရင်တော်င်မှ ဒီလောက်ယားတာ…..
    နတ်ကိုင်မယ်ဆို…..အဟိ….

  • surmi

    October 9, 2012 at 10:08 am

    ပုဂံရာဇဝင်ဆိုတာ ဒုတ်ထမ်းဒါးထမ်းပြောကြသတဲ ့။ ဟုတ်တာမဟုတ်တာနောက်ထား
    ကို ယ် ့အတွက်ဝန်ထုတ်ဝန်ပိုးဖြစ်စေမဲ ့ ဓလေ ့ထုံးစံဆိုရင် မလုပ်ကြတော ့တာ
    ကောင်းပါတယ် ။ရန်ကုန်တိုက်ခန်းကျဉ်းတွေမှာတော ့ နေရာအခက်အခဲကြောင် ့
    အလိုလို ထုံးစံပျက်ပြီးသားဖြစ်နေပြီ ။

  • mihninlay

    October 9, 2012 at 11:50 am

    နတ်ကိုင်တဲ့အကြောင်းနဲ ့ဖတ်ရတော့ကိုယ်တိုင်ကြုံဘူးတာလေးဝင်ပွားလိုက်ပါအုံးမယ်။
    တစ်ခေါက်မန်းလေးပြန်တော့အိမ်အရှေ ့တောင်ထောင့်မှာအုန်းပင်တစ်ပင်ရှိတယ်သက်တမ်းလဲ
    တော်တော်ကြာနေပြီ။အဲအုန်းပင်မှာစင်လေးနဲ ့အမွှေးတိုင်လေးတွေထွန်းထားတာ့
    ကိုယ်ကလဲနတ်ဆိုမယုံတဲ့သူဆိုတော့အဲဒါဘာလဲပေါ့ ဆိုပြီးမေးတော့ရုက္ခစိုးလှူထားတာတဲ့။
    အဲမှာတင်ဘယ်ကရုက္ခစိုးလဲပေါ့။ နတ်ဆိုတာလဲမရှိဘူးရုက္ခစိုးဆိုတာလဲမဖြစ်နိုင်ပါဘူးပေါ့
    ပြောနေတုန်းပဲ ဝုန်းဆိုကိုယ်ထိုင်နေတဲ့ခုံကကျိုးကျသွားတယ်ဗျာ..
    အဲခုံမှာလူတိုင်းပဲထိုင်နေကြပဲ ကျွန်တော်လဲထိုင်နေတာကြာသွားပြီဘာမှမဖြစ်သေးဘူး။
    အဲလိုလဲပြောပြီးရောကျိုးကျတော့တာပဲ။တစ်အိမ်လုံးကပြောတယ်နင့်ကိုရုက္ခစိုးကိုင်လိုက်တာတဲ့။။
    တိုက်ဆိုင်မှုလားတကယ်လားတော့မသိတော့ပါဘူး။။။မြီးညောင့်ရိုးတော့တော်တော်အောင့်သွားတယ် 😛

  • may flowers

    October 9, 2012 at 1:17 pm

    တကယ်လို့ နတ်နဲ့အခြားမမြင်နိုင်တဲ့လောကသားတွေရှိတာ ယုံလားလို့ကျွန်မကိုမေးရင် yes လို့ပဲဖြေ

    ပါ့မယ် ။ ဒါဆိုသူတို့ကို ကိုးကွယ်ဖို့ထိုက်တန်လားလို့မေးရင် No ပါ။ ကောင်းကျိုးထက်ဆိုးကျိုးပေး

    ဖို့ပိုသေချာလို့ အစလုပ်မကိုးကွယ်မိပါစေနဲ့လို့ ပြောချင်ပါတယ်။

    ၃ရ မင်းနတ်နဲ့တစ်ကွ အခြားမမြင်နိုင်တဲ့လောကသားတွေ တကယ်ရှိပါတယ်။ ကိုယ်တွေ့ကော အခြားတစ်

    ဆင့်စကားအရပါ လက်တွေ့မြင်ဖူးကြားဖူးတာရောကြောင့်ပါ။

    Fall Guy ပြောတာကျွန်မလည်းထောက်ခံပါတယ်။ များသောအားဖြင့် အစိမ်းသေသေပြီးနတ်စိမ်း

    တွေက များကြပါတယ်။ ဒါပေမဲ့စော်ကားပြောဆိုတာမျိုးတောင့် ရှောင်သင့်တယ်လို့ ကျွန်မထင်ပါတယ်။

    pooch ရေ နတ်နဲ့ပါတ်သက်ပြီး အမတို့နယ်မှာတော့ အမျိုးမျုးိကိုကြားနေရတာပါ။ တော်ကြာဘာဖြစ်

    ပြန်ပြီ ၊ တော်ကြာညာဖြစ်ပြန်ပြီနဲ့ မကြားချင်တစ်ဆုံးပေါ့…ဟဲဟဲ..အဲဒီအတွေ့အကြုံနဲ့ ကြားစကားတွေ

    ကြောင့် ခုလိုပိုစ့်တွေရေးနေနိုင်တာဆိုတော့ သူတို့ကိုကျေးဇူးတော့ တင်သား 😀

    သဂျိီး ရေ အိမ်တွင်းနတ်ရဲ့ရာဇဝင်ကို ပြောပြပြီး အားဖြည့်ပေးတဲ့အတွက် ရှဲရှဲပါနော်။

    လယ်ထွန်Z ပြောသလို မကိုးကွယ်သင့်တဲ့ အရာအဖြစ်လူတစ်ယောက်လောက် သံဝေဂယူသွား

    ရသွား ရင်တောင်ဒီပိုစ့်လေးရေးရတဲ့အတွက် ကျွန်မပျော်မိမှာသေချာပါတယ်လို့။

    Khaing Khaing ရေမောင်တင့်တယ်နတ်နန်းမှာ စကားဝါပန်းတွေကပ်တဲ့အကြောင်း ဗဟုသုတ

    အဖြစ်ပြောပြပေးတာရော ဖတ်ရှုအားပေးကော့မန့်ပေးတာအတွက်ပါ ကျေးဇူးနော်။

    နတ်မင်းကြီးဦးကြောင် ရှင့်နတ်ကို မကိုးကွယ်ပေမဲ့ မမြင်နိုင်တဲ့ လောကသားတွေ အမှန်

    ရှိနေကြတယ်ဆိုတာကိုတော့ ထောက်ခံပါတယ်ရှင့်။

    သစ်တည်တော့ နတ်ကိုင်တာကိုခံချင်နေပြီထင်ပါရဲ့.. အဟိ။

    surmi ပြောထာထောက်ခံပါတယ်။ ကိုယ့်အတွက် ကောင်းကျိုးထက်ဆိုးကျိုးပိုဖြစ်စေနိုင်တဲ့ ဓလေ့

    တွေ အယူအဆတွေကို စွန့်လွှတ်သင့်တဲ့ အချိန်ရောက်နေပြီလို့ ကျွန်မတော့ထင်ပါတယ်။

    mihninlay ရေ မယုံဘူးပြောလို့လက်တွေ့ပြလိုက်တာထင်ပါရဲ့နော်..။ အားပေး၊ ဖတ်ရှု ၊ ဝင်ပွားပေးလို့

    ကျေးဇူးပါ။

  • we R one

    October 9, 2012 at 4:15 pm

    အဆောင်သူ တစ်ယောက်ပြောတာ သွားသတိရတယ်ဗျို့….။ “ဘုရားဆိုတာ သတ္တဝါတိုင်း အပေါ်မှာ မေတ္တာထားတော့ အိမ်ကို မကောင်းဆိုးဝါး ဝင်လာလည်း မဟန့်တားဘူး ဒီအတိုင်း ကြည့်နေတယ်တဲ့..။ အိမ်တွင်း မင်းမဟာဂီရိက တော့ မကောင်းတာကို လက်မခံဘူးတဲ့..။ ” သူပြောသလိုသာ ဆို ဘုရားကို ဘေးချ ပြီး အိမ်တွင်းနတ်ကို ပဲဘုရားစင်ပေါ်တင်ကိုးကွယ်ရမလိုဖြစ်နေပြီ..။ အခုလည်း ကြည့်လေ ဟုတ်တာမဟုတ်တာကို အပထား ပြီး ပတ်သက်မိရင် ကောင်းကျိုးကို အရင်မပေးဘူး မကောင်းကျိုးဆိုရင် လာထားပဲ…။

  • Mobile

    October 9, 2012 at 4:34 pm

    နတ်နဲ့ပတ်သတ်လို့ကြုံရဖူးတယ်။
    တစ်ခါက ရွှာကိုအလယ်သွားတယ်။ ကျနော်အဘွားက နတ်အလွန်ယုံကြည်သူဖြစ်တယ်။
    ကျနော် ရောက်သွားတုန်းမှာ အဘွားကနတ်တင် ရအောင်ဆိုပြီး ငှက်ပျောပွဲ အုန်းပွဲးတွေပြင်နေတာနဲ့ကြုံတယ် ပြီးတော့နတ်စင်ကို ကန်တော့ရအောင် ကျနော်ကိုခေါ်တယ်
    ကျနော်က မလိုက်ချင်ဘူး အယုံအကြည်မရှိဘူးလို့ပြောတယ် ဒါနဲ့ကျနော်ကို သိပ်မကြည်တော့ဘူး
    နောက်နေ့ ကျနော် ပြန်လာတဲ့အခါ လမ်းမှာ ရွှာမှသူငယ်ချင်းများနဲ့တွေ့တယ် သူငယ်ချင်းတွေ ကြုံတုန်းကြုံခိုက်ထန်းရေသောက်ကြတယ် ထန်းရေသောက်တာတော်တော်များသွားတယ်
    သူငယ်ချင်းလေးယောက်သောက်ကြတာ လေးယောက်စလုံး ယိမ်းထိုးနေတာပဲ
    ခြေလှမ်းကိုမမှန်တော့ဘူး။ ကျနော်လဲမူးမူးနဲ့ပဲ ဆိုင်ကယ်ကို မြန်မြန်မောင်းပြီးပြန်လာတာ
    လမ်းမှာဆိုင်ကယ်မှောက်ပါလေးရော လူလဲတော်တော် နာသွားတယ် ဆိုင်ကယ်လဲ ကာဗာတွေ
    ကွဲးပြဲးကုန်ပါလေရော အဲဒီတော့မှ လူကနဲနဲအမူးပြေလာတယ်။ ဒါနဲ့ ထန်းရေနံမထွက်အောင်
    လမ်းကအသုပ်စုံရောင်းတဲ့ဆိုင်မှာ လက်ဖက်သုပ်တစ်ပွဲ အပြေးအလွှားဝင်စားလိုက်တယ်။
    (ထန်းရေသောက်ပြီး လက်ဖက်သုပ်စားပါက ထန်းရေနံ မထွက်တော့ဘူးဖြစ်ပါတယ်)
    ပြီးတော့အိမ်ကို ခပ်တည်တည်နဲ့ပြန်သွားလိုက်တယ် ထန်းရေသောက်ပြီး
    ဆိုင်ကယ်မှောက်တယ်ဆိုပါက အသောက်အစားမရှိသော ကျနော်အဖေ၏ ဆုံးမဩဝါဒ ကိုခံယူရမည်မှာ
    ဆိုင်ကယ်မှောက်လို့နာမှာထက် ပိုဆိုးမှာပါ။ ကျနော်ဆိုင်ကယ် စမောင်းတတ်သည်မှစ၍ ဆိုင်ကယ်ကို
    ဖြည်းဖြည်းပဲမောင်းပါသည် ဆိုင်ကယ်လဲတယ် ဆိုတာတောင်တစ်ခါမှ ဖြစ်ဖူးတာမဟုတ်ပါဘူး။
    အိမ်ရောက်တော့ ကျနော်ဆိုင်ကယ်မှောက်ခဲ့တယ်ဆို တဲ့အကြောင်းပြောပြတော့ ကျနော်အဖေ
    ဘယ်လိုဖြစ်တာလဲမေးတော့ ရှင်းပြဖို့ တော်တော်အကျပ်ရိုက်နေပါတယ်။ ကျနော်ဆိုင်ကယ်မောင်းရင်
    ဖြည်းဖြည်းပဲမောင်းတယ်ဆိုတာ အကုန်သိပြီးသား။ ကျနော် အမေဆိုရင် ကျနော်နောက်က လိုက်ရတာ
    ဇိမ်ကျတယ်လို့တောင် တဖွဖွပြေားဖူးတာ။ ကျနော်အဖေကမေးတယ် မင်းအရက်တွေဘာတွေများသောက်
    ခဲ့သလားတဲ့။ မိဘရှေမှာဆိုတော့ လိမ်ရမှာ လိပ်ပြာမလုံဘူးဖြစ်နေတယ်ဗျာ။ ကံကောင်းချင်တော့ အဲ့ဒီအချိန်မှာပဲ ကျနော် အဘွားဆီကဖုန်းဝင်းလာပါတယ်။
    ကျနော် ပြန်ရောက်ပြီလားဆိုတဲ့အကြောင်းမေးပါတယ်။ ကျနော် အဖေကလဲ အခုလေးတင်ပြန်ရောက်တာ
    ဖြစ်ကြောင်း လမ်းမှာဆိုင်ကယ်မှောက်ခဲ့တယ် ဆိုတဲ့အကြောင်းပြောလိုက်တဲ့အခါ ကျနော်အဘွားက
    အဲ့ဒါနတ်ကလုပ်တာဖြစ်ကြောင်းရွှာကို ရောက်တုန်းက နတ်စင်ကိုကန့်တော့ဖို့ခေါ်တာ မလိုက်တဲ့အတွက်
    နတ်က ပညာပြတာဖြစ်ကြောင်း အကိုးအကား အတိုးထားလို့ပြောပါတယ်။ သူကလဲ သူအယူအဆနဲ့ သူကိုဗျ။ အဲ့ဒီတော့မှ ကျနော် အဖေကလဲ နတ်ပဲကိုင်တာလိုလို ဘာလိုလိုနဲ့ ကျနော်ကိုဘာမှ မမေးတော့ပါဘူး။ ကျနော် ကလဲနတ်ကိုင်ခံရတယ်ပဲပြောပြော မူလီပဲ အကိုင်ခံရတယ်ပဲပြောပြော
    လမ်းမှာထန်းရေသောက်ခဲ့တဲ ကိစ္စမပေါ်တာကိုကျေးဇူးတင်လှပါပြီဆိုပြီး။ အသာလေး ချော်လဲ ရောထိုင်
    လုပ်လိုက်တာ ဒီအကြောင်းတွေကို ဘယ်သူမှပြန်မပြောပြဖူးပါဘူး အခုမှပဲကြုံလို့ ပြောပြလိုက်တာဖြစ်ပါတယ်။

  • may flowers

    October 9, 2012 at 4:58 pm

    we R one ရဲ့သူငယ်ချင်းလို အယူအဆမှားတွေနဲ့ သူတွေမြန်မာပြည်မှာ ဘယ်လောက်တောင်များများ

    ရှိနေပြီလည်း မသိဘူးနော်…စဉ်းစားမိရင်ရင်မောစရာ..။

    Mobile တို့က ဘယ်သူ့မှပြန်မပြောပြပဲ ခုကြုံတုံးရွာဟစ်တိုင်မှာ ဟစ်လိုက်ပြီပေါ့…။ အလကားစတာပါ၊၊

    Mobile ပြောသလိုဆိုရှင်းနေတာပဲဟာ ဘာနတ်မှကိုင်တာမဟုတ်ပဲ ကိုယ်တိုင်မူးပြီး ဆိုင်ကယ်အရမ်း

    မောင်းလို့ဖြစ်တာပဲနော် :om:

Leave a Reply