မန်းဂဇက် ချစ်သူများ စာပေဆု ၂၀၁၂ ခု စက်တင်ဘာလ (ဂဏန်းများနှင့် ကခုန်ခြင်း)

မြစပဲရိုးOctober 8, 20128min662120

အပြင်မှာ မာခေါက်ခေါက် အတွင်းမှာချို ပုံရမယ်ထင်ရတဲ့ ရွာ့ ကဏန်း နှင့် ကခုန်ခြင်း မဟုတ်။  😉

ဂဏန်း (သချာင်္) နှင့် ကခုန်ခြင်းပါ။

သချာင်္ ဆိုလို့ မျက်လုံးအရောင်တောက် သွားမည့်သူများ ရှိက မှားပါမည်။

လူ သချာင်္ မဟုတ်ပါ။ ကိန်းဂဏန်း များကို ဆိုလိုခြင်းဖြစ်၏။။

 

“လစဉ် အကြိုက်ဆုံး စာမူ ကြေညာပွဲ နဲ့ ကိန်းဂဏန်းများ ဘာဆိုင်လို့လဲ” လို့ ထင်နိုင်ပါ တယ်။

မှန်ပါတယ်။ ဘာမှ မဆိုင်ပါ။

ရှေ့က စာရေးကောင်းသူ တွေရဲ့ အဖွဲ့အနွဲ့ အသော အရွှန်း ကောင်း လေးတွေ လို ရေး ချင်ပေမဲ့ ဘယ်လို စရေးရမှန်း ကို မသိတာ က တစ်ကြောင်း၊

အရင်ထဲက ဒီ အကြောင်းကို တူးဆွချင်နေပေမဲ့ လက်က မပါနိုင် ခဲ့တာမို့ အခု မရေးမဖြစ် ရေး ရမဲ့ အချိန် မှာ ကိုယ်ပြောချင်တာ ကို ထည့်ပေးလိုက်ချင်တာက တစ်ကြောင်း၊

ဒီ အကြောင်းတွေ နဲ့  မဖွဲ့အနွဲ့ မလိုတဲ့ တုံးတိတိ ဂဏန်း တွေ ကို ပွဲထုတ် ပေးလိုက် ပါ တယ်။

သည်းခံပြီး အတူတူ တွဲ က ပေးကြပါ။

 

ဂဏန်း ကြောင်း ရဲ့ အစ ကို ပြန်ချီရရင် ဒီရွာ ရဲ့ သူကြီးမင်း ကို ဆွဲထည့်ရပါမယ်။

ကျွန်မတို့ သူကြီးမင်းဟာ ရွာမှာဖြင့် စာဖတ်သူ ဘယ်လောက် ရှိကြောင်း၊ ရွာသူ/သား အင်အား ဘယ်လောက် ရှိကြောင်း ဝင့်ကြွား စွာ မိန့်လေ့ရှိတာ အများသူငါ အသိပါဘဲ။

 

သူ့ဆီကနေ ရွာထဲမှာ မှတ်ပုံတင်ထား သူ အရေအတွက် နဲ့ စက်တင်ဘာလ အတွက် စာဖတ်သူ statistics ကို တောင်းကြည့်ခဲ့ပါတယ်။

ရွာထဲမှာ မှတ်ပုံတင်ထား သူ အရေအတွက်  က ၉၆၇၉

အဖွဲ့ဝင် တစ်သောင်း ပြည့်လုပြည့်ခင် လေးပေါ့။

စက်တင်ဘာ ၂ရက် နေ့ကနေ အောက်တိုဘာ ၂ရက်နေ့ အထိ ရွာကို စာဖတ်သူပေါင်း ၈၆,၁၂၆ ဝင်ရောက်အားပေးခဲ့ပါတယ်။

အဲဒီ စာရင်းအရ ဆိုရင် လူသစ် များ ဝင်ရောက်အားပေးမှု ဟာ ၄၁.၅၄% ဖြစ်တာမို့ အလွန်အားရ ဖို့ ကောင်းပါတယ်။

စာဖတ်သူ များရဲ့ ဝင်ရောက်လာတဲ့ အကြိမ် က “၁၆၇၉၂၁” Visit ဖြစ်ပါတယ်။

နိုင်ငံအလိုက် Visit ဇယား နဲ့ ဂရပ်ဖ်ပုံ ကို ကြည့်ပါ။

1.

Myanmar [Burma]

121,593 72.41%
2. Malaysia 8,587 5.11%
3. Singapore 7,913 4.71%
4. United States 6,794 4.05%
5. Thailand 6,386 3.80%
6. (not set) 2,730 1.63%
7. China 2,150 1.28%
8. South Korea 2,032 1.21%
9. Japan 1,906 1.14%
10. Australia 1,042 0.62%

အဲဒီ ဇယား အရဆိုရင် ရွာထဲ ကို ဝင်လာတဲ့ သူ များရဲ့ လေးပုံ သုံးပုံ နီးပါး ဟာ မြန်မာပြည် က ဖြစ်ပါတယ်။

ဆိုရရင် ဒီ website ဟာ မြန်မာပြည် က လူများရဲ့ စိတ်ဝင်စားမှု ကို ပိုရတဲ့သဘောပေါ့။

အဲဒီ ဂရပ်ဖ်ထဲက ဂဏန်း တွေကို ဆက်လေ့လာရင် စိတ်ဝင်စားဖွယ် တစ်ခု က Average Visit Duration ပါ။

အဲဒီမှာ ပျမ်းမျှဝင်ဖတ်နှုန်း က တစ်ကြိမ်ဝင်ရင် ၆ မိနစ် ကျော်ကျော် ဘဲ ရှိတာပါ။

ဒီ ၆မိနစ် ဆိုတာ Post တွေကို ဖတ်ဖို့ သိပ်ပြီး လုံလောက်တဲ့ အချိန်တော့ မဟုတ်လောက် ပါဘူး။ ဒါဟာ မြန်မာပြည်က လူအများ ကိုးနတ်ရှင်ကို အံတုပြီး စိတ်ရှည်သည်းခံစွာ နဲ့ ကြိမ်ဖန် များ စွာ ဝင်လိုက်၊ ထွက်လိုက် လုပ်နေကြရတာ ကို ပြနေတဲ့ ရလာဒ် လားလို့ တွေးနေမိ ပါတယ်။

ဒီရလာဒ် ဂဏန်း ကို ပိုပြီးကောင်းလာစေဖို့ ကတော့ မြန်မာပြည် ကိုးနတ်ရှင် ကောင်းဖို့ ပါဘဲ။

ဒီအတွက် သူကြီးမှ အထူးတာဝန်ယူပြီး ပိုကောင်းတဲ့ ကိုးနတ်ရှင် အတွက် ဆောင်ရွက်ပေး ဖို့ စဉ်းစားသင့်သလားဘဲ။

 

ဆက်ရရင် ဒီ သိန်းချီ နေတဲ့ ဝင်ရောက်ကြည့်ရှုမှု နဲ့ သောင်းနီးပါးရောက် နေတဲ့ အဖွဲ့ ဝင်များ အတွက် သူကြီး မှာ အားရ ပီတိဖြစ်နေပုံရပါတယ်။

သူကြီးကတော့ (သူ့လက်သုံးစကား) နှစ်၁၀၀ဝ ကျိန်စာ ကနေ လွတ်နေသူလို့ မှတ်ထားတာ။

တကယ်တော့ သူ့ခမျာလဲ ကျွန်မတို့ မြန်မာအစိုးရ (ယခင်လို့သာထားပါတော့) လိုဘဲ ထိုးပြတဲ့ ကိန်းဂဏန်း တွေ ကို ယုံကြည်ပြီး ဟုတ်လှပြီထင်နေသလားဘဲ။

 

ဒီလို အမှန် အားရစရာ လို့ မမြင်မိတာကြောင့် ဂဏန်းများ နဲ့ ကခုန်ခဲ့ခြင်း ပါဘဲ။

(ကျွန်မ တွေ့ရှိချက် မှားရင်လဲ မှားနိုင်ပါတယ်)

 

စက်တင်ဘာလ အတွင်းက တင်ခဲ့တဲ့ Post တွေကို စာရင်းပြုစုကြည့်ခဲ့ပါတယ်။

အောက်မှာ ဂရပ်ဖ်ပုံ နဲ့ ပြထားတာ တွေ့ရှိချက်ပါ။

၂၀၁၂ခုနှစ် စက်တင်ဘာလ အတွင်း Post ပေါင်း ၄၅၄ပုဒ် နဲ့ Post တင်သူ ၁၄၉ ဦးဖြစ်ပါတယ်။

ဒီတော့ ပျမ်းမျှ အားဖြင့် တစ်လမှာ လူတစ်ယောက် က  ၃ပုဒ်ဘဲ တင်တဲ့ သဘောပါဘဲ။

အဲဒီ Post တင်သူ ၁၄၉ဦး ကို ထပ်ပြီး ခွဲကြည့်ရင်

 

ပုဒ်ရေ (၂၀) ပုဒ် အထက်တင်သူ (၁) ဦး

ကိုပေါက်(မန္တလေး)

 

ပုဒ်ရေ ၁၅ပုဒ် မှ ၂ဝပုဒ် အတွင်း တင်သူ (၂) ဦး

aung moethu, DEPARKO

 

ပုဒ်ရေ ၁ဝပုဒ် မှ ၁၄ပုဒ် အတွင်း တင်သူ (၅) ဦး

ကိုခင်ခ, ကို သာ, manawphyulay, ကြောင်ကြီး, kai

 

ပုဒ်ရေ ၅ပုဒ် မှ ၉ပုဒ် အတွင်း တင်သူ (၁၈) ဦး

မောင်ပေ, အလင်းဆက်, Thaw Zin Loikaw, Alpha Vanishing, မဟာရာဇာ အံစာတုံး, zipper john,

the best, may flowers, လုံမလေး မွန်မွန်, htet way, Black Cloud, ရွှေအိမ်စည်, သူရဿဝါ

ကိုရင်စည်သူ, Novy, Kyaemon, Bl4ck_B4dB0y, ဝင့်ပြုံးမြင့်

 

ပုဒ်ရေ ၂ပုဒ် မှ ၄ပုဒ် အတွင်း တင်သူ (၅၆) ဦး

ရင် နင့် အောင်, မြတ်ကျော်သူ. ထွန်း ပြောင်, ကထူးဆန်း, Thu Wai, phone_kyaw, Mobile

maung khinmin, Ma Ei, kotun winlatt, Ko out of., foot y, ကြောင်လေး, ကြောင်ဝတုတ်

ဦး ကျောက်ခဲ, ရှူံးနိမ့်မှုများနဲ့.. လူ, ဒဿ ဖွတ်ကျား, weiwei, TTNU, Swal Taw Ywet

Surmi, spyhacker satan, R Ga, marblecommet, Htoo thin, candle, ariyathitsa

နေဝန်းနီ, စေပိုင်ထွဋ် (ပုသိမ်), ဦးဦးပါလေရာ, အရီးခင်လတ်, အတိသဉ္ဖာ နာဂရချစ်သူ, ရဲစည်, ရာဇဝင်လူဆိုး, မုယော, မျိူးချစ် နဂါး, ပန်းစံပါယ်, စိန်ဗိုက်ဗိုက်, Zaw Wonna, zaw win,

YE YINT HLAING, Wow, wintayzahlaing, Thu Ra Tha Wah, si tone, pooch, padonmar,

Nyein Chan, Maungmoenyo, Ma ma01306, linnlinnn, kyeemite, Ko Nge , Green Rose,

Foreign Resident, athwe lay

 

ပုဒ်ရေ ၁ပုဒ်သာ တင်သူ (၆၇) ဦး

အေးဝတီ ကြီး, ရွှေညာသား, ရွှေ ကြည်, မှော်ဆရာ, မောင် ဓုဝ, ဇောက် ထိုး, ကြေးမုံ ဂျီး, ဦး ဗိုလ်သိန်း

သုရှင်, ဝူးဝါးဝူးဝါး, လူမုန်း စစ်မုန်း, ရွာစားကျော်, ရှမ်းပြည်သား, နွယ်ပင်, မိုးကျရွှေကိုယ်, မိုး မင်းသား

ဖိုးကြက်တောင်, တစ္ဆေ, တပည့် ကြီး, ညလေး, ဆိုုး t, ခပ်မိုက်မိုက် ကောင်မလေး , ချစ်ရင်ထူး II,

ကိုပါကြီး, Victory, uncle gyi, Tun Tun Naing, top star, TheWinner, than shwe mg, Sonny,

shwe tallatr, Pye Kun Zaw, professor dr, pazflor, P chogyi, nigimi77, Mလုလင်, myohtat, myanmar oscar, min chan lawi htaw, MH K, me dain, MAUNG, Mara Yu, MaMa, mab kzb, lynn lynn, Lu Min, KyawThein, koko chit, Ko Malt , Khaing Khaing, kaungsumyatsan,

Kaung Say Chin, kaung myat, kalink, Justice AB, Ju Jue, gyinkalay, fatty, etone, Charm Boy, Aung, Arkar11, areno areno, amatmin

 

အများစုဟာ တစ်ပါတ် ကို တစ်ပုဒ် တောင် မတင်ကြပါဘူး။

သဘောကတော့ မန်ဘာများမှ တစ်ပါတ် တစ်ပုဒ် သာတင်ဦး ဒါထက် အများကြီး ကောင်းတဲ့ ကိန်းဂဏန်း ရနိုင်ပါသေးတယ်။

 

Post တစ်ခု မှာ တွဲရက် အရေးတကြီး ပါရမဲ့ မှတ်ချက်ပေးသူများရဲ့ ကိန်းဂဏန်းပြ ဂရပ်ဖ်ပုံ ကိုလဲ ကြည့်ပါ။

(မှတ်ချက် များအတွက် စာရင်းမှာ စက်တင်ဘာ ၁ ရက်မှ ၁၅ရက် အတွင်း ကိုသာ ပြုစုထားနိုင်ပါသည်)

၂၀၁၂ခုနှစ် စက်တင်ဘာ(၁) ရက် မှ စက်တင်ဘာ(၁၅) ရက် အထိ

မှတ်ချက် အခု(၁၀၀) ရဲ့ အထက် ပေးသူ (၂) ဦး

မောင်ပေ, မဟာရာဇာ အံစာတုံး

 

မှတ်ချက် (၇၅)ခု မှ (၁၀၀)ခု အကြား ပေးသူ (၁) ဦး

Pooch

 

မှတ်ချက် (၅၀)ခု မှ (၇၄)ခု အကြား ပေးသူ (၁၁) ဦး

အရီးခင်လတ်, surmi, etone, ကိုခင်ခ, Kyeemite, MaMa, အတိသဉ္ဖာ နာဂရချစ်သူ

Kai, ကထူးဆန်း, ကြောင်ကြီး, ဒဿ ဖွတ်ကျား

 

မှတ်ချက် (၂၅)ခု မှ (၄၉)ခု အကြား ပေးသူ (၂၅) ဦး

Shwe Ei, ဦးဦးပါလေရာ, အလင်းဆက်, Moe Z, ရွှေ ကြည်, Crystalline,

Khaing Khaing, လုံမလေး မွန်မွန်, Hnin Hnin, မိုက်ကယ်ဂျော်နီအောင်ပု, ကိုပေါက်(မန္တလေး), Manawphyulay, Ma Ei, may flowers, ရာဇဝင်လူဆိုး,

mayjuly, Shwe Tike Soe, ခပ်မိုက်မိုက် ကောင်မလေး, Mon Kit, ကြောင်ဝတုတ်, kotun winlatt, nozomi, padonmar, Wow, စိန်ဗိုက်ဗိုက်

 

မှတ်ချက် (၂၄)ခု မှ (၂၀)ခု အကြား ပေးသူ (၈) ဦး

Mလုလင်, linnlinnn, ကိုရင်စည်သူ, ရဲစည်, Foreign Resident

San Hla Gyi, YE YINT HLAING, သစ် တည်

 

မှတ်ချက် (၁၅)ခု မှ (၁၉)ခု အကြား ပေးသူ (၉) ဦး

nigimi77, ဦး ကျောက်ခဲ, amatmin, weiwei, P chogyi,

Kyaw Myo Thet, Novy, ကြည်ဆောင်း,  ဆူး

 

မှတ်ချက် (၁၀)ခု မှ (၁၄)ခု အကြား ပေးသူ (၁၆) ဦး

Cobra, TTNu, aanyar thar, candle, char too lan, Htoo thin

ဦး ဂျစ်, နေဝန်းနီ, aung moethu, Good™, pyopyo may, nature

R Ga, Thu Wai, ထွန်းပြောင်, နွယ်ပင်

 

မှတ်ချက် (၅)ခု မှ (၉)ခု အကြား ပေးသူ (၃၁) ဦး

လူစိုးကြီး, ဝင့်ပြုံးမြင့်, ahnyartamar, Alpha Vanishing, htet way, Black Cloud

Kolumbus, si tone, TNA, zarlay, ကိုရင်မောင်, ပစ်ပစ်ချန်, မိုချို, ဝူးဝါး ဝူးဝါး

Aemoshu, Ko Khin Lwin, Nay Mara, Reign, Rose Minn, the best, ညလေး

တညင်သား, မိုးတိမ်, မှော်ဆရာ, DEPARKO DEPARKO, King of Screts (Bo Min)

Ko Ko Aung, Ko Nyein Chan, Uncle Gyi, ပန်းစံပါယ်, မိုးသောက်ချိန်

 

မှတ်ချက် (၂)ခု မှ (၄)ခု အကြား ပေးသူ (၄၂) ဦး

aye.kk, Fall Guy, garuda, Historical_Crime, ko win, ma ma01306

pazflor, SayaGyi Jit, Tin Tin, we R one, မာလိန်မှုူး, မိုးမင်းသား, သူရဇော်

မောင်သုည, chityimhtoo, kaungsumyatsan, Kim Kumuddra, marbelcommet

Moonpoem, Peace Maker, Swal Taw Ywet, ကိုသင်း, ဒုတ်ထိုး, မိုးမှောင်

ရှမ်းပြည်သား, နောက်နေ, ရွှေအိမ်စည်, kthwinzayarmyo, Pauk Pauk

Phaung Phaung, Sonny, Than Lwin Oo, Utawgyaw, YanLay, ကိုသင်း

ချိုတူး, နှင်းဆီ ငုံ, တာတီး, ဘဘဖရဲ, မမ အညာသူ, ကြောင်လေး, မောင်ဘလှိုင်

 

မှတ်ချက် တစ်ခါ ပေးသူ (၆၅) ဦး

Captainamerica, Cerberus, Chityaaung, City Jogger, ginkalay, Green Rose

Hein Htet, ho leo, Intro, Ju Jue, Justice AB, Ko Out Of, Ko Zin Yaw, KP

Kyaw Thar, Kyaw Thein, Lazy Boy, Leo3 user, maungmoenyo, meemeesuku

Mobile, myanmarcitizen, mzm, Naing Ngan Kyaw, Nyein Nyein, Oo Oo

Pye Kun Zaw, same kyaw, Shwe Phyu, Shwe Pont, Silver Twig, ster

Sweet Tooth, timothy, Uncle Lay, Victory, win, ye thura, Ye Yint Thu

ကုလားကြီး, ချစ်တတ်သူ, ချာလီဒလဝမ်, ဂန္တာရီဆြာအုပ်, စနေ, ဇွဲမာန်(အင်းဝ)

တာတီး, ထိပ်တင်တုတ်ကြီး, ပိုင်လေး, ဖိုးကြက်တောင်, ဖိုးထောင်, ဘရားသား

မြို့ ဟောင်းသား, ရင်နင့်အောင်, လူပုလေး, သူရဿဝါ, အိမ်လွမ်းသူ, ဦးသိန်းစိန်

ကြောင်လတ်, တေလေ, ဒေါက်တာအေးမောင်, နေ ့သစ်/ ဘဝသစ်

နောက်နေ……., လေပြေ, လေပြေ ရိုင်း, အေးဝတီကြီး

 

ဒီတော့

မှတ်ချက်ပေါင်း (၂၆၄၅) ကို လူပေါင်း (၂၁၀)  မှ နှစ်ပါတ် အတွင်း ပေးခဲ့ပါတယ်။

လူတစ်ယောက်ကို ပျမ်းမျှ မှတ်ချက် (၁၂)ခုပေါ့။

ဒီတော့ တစ်ပါတ်ကို လူတစ်ယောက် ဆီကနေ ပျမ်းမျှ မှတ်ချက် (၆)ခု ဘဲရပြီး တစ်ရက်ကို မှတ်ချက် တစ်ခုဘဲ ရသလိုပေါ့။

ကျွန်မတို့ ဒီထက် ပိုပြီး မှတ်ချက်တွေ မရနိုင်တော့ဘူးလား။

 

ဘာကြောင့်ဒီလို ဖြစ်ရသလဲ ဆက်ကြည့်ရင် မောင်အံဇာ ရဲ့ ကြိုးစားပြီး ကောက်ယူထားတဲ့ သန်းခေါင်စာရင်း ကို ကိုးကားပါဦးမယ်။

https://myanmargazette.net/105066/mandalay-gazette-2/editors-notes-announcements-letters-to-the-editor

သန်းခေါင်စာရင်းအရ  (၉၆၇၉) အဖွဲ့ဝင်စာရင်းပေါက် ထဲက (၂၁၃) ဦး ကိုသာ လက်ဆုပ် လက်ကိုင် ပြနိုင်တဲ့ သဘောပါဘဲ။

အဖွဲ့သားများရဲ့ (၂.၂၀%) သာ active ဖြစ်ပါတယ်။

အဲဒီ Active ထဲမှာ လဲ ငြိမ်နေသူတွေ ရှိပါသေးတယ်။

ကျွန်မတို့ ဒီထက် ပို Active ဖြစ်တဲ့ ရာနှုန်း ဂဏန်း ကို ရဖို့ ကြိုးစားသင့်ပါတယ်။

ဂဏန်းတွေ နဲ့ ပုံတွေ ကြည့်ပြီး မူးနောက်များ သွားကုန်ပြီလားမသိ။

ဒီတော့ လိုရင်းကို ပြောရရင်ဖြင့်

စက်တင်ဘာလ အတွက် ဖတ်ရွေး အဖွဲ့ဝင် တွေက –

ဦးဦး ပါလေရာ၊ ကိုဘလက်ချော၊ မပဒုမ္မာ၊ ကိုကြီးမိုက်၊ ကိုပေါက်(မန်း)၊ မမ၊ ဝေဝေ၊ ကိုထူးဆန်း၊

အရီးခင်လတ်၊ Fatty Cat နဲ့ Shwe Tike Soe တို့ ဖြစ်ပါတယ်။

 

၂၀၁၂ခုနှစ် စက်တင်ဘာလ အတွင်း Post တင်သူ (၁၄၉) ဦး ရဲ့ Post ပေါင်း (၄၅၄) ပုဒ် ကို မန်းဂဇက် ဖတ်ရွေး အဖွဲ့ ဝင် (၁၁) ဦးမှ သူတို့စိတ်ကြိုက် ရွေးချယ် ခဲ့ပါတယ်။

 

အဲဒီအထဲ က စာရေးသူ (၁၆) ဦးရဲ့  ဇကာတင် ရွေးချယ်ခံ စာမူ (၁၇) ပုဒ် ရခဲ့ ပြီးအဲဒီ စာမူ တွေကတော့

(၁) ရာဇဝင်လူဆိုး ရဲ့ “မီးပွိုင့်မှာ ကျနော်…ရှိတယ်”

(၂) Alpha Vanishing ရဲ့ “Virus ရန်ကနေ ကာကွယ်ချင်တယ် ဆိုရင်”

(၃) ကို surmi ရဲ့ “မန်းဂဇက် ရံပုံငွေ ပဒေသာကပွဲကြီး”

(၄) Green Rose ရဲ့ “နှမ်းတစေ့နှင့် ဆီကြိတ်မယ်”

(၅) aungmoethu ရဲ့  “အစွန့်ပစ်ခံ…ပွင့်ဖတ်” နဲ့ “ကြယ်တစ်ပွင့်မွေးဖွားခြင်း”

(၆) Swal Taw Ywet ရဲ့  “လျှပ်စစ်သုတ – ၁ (ဓါတ်လိုက်ခြင်း)”

(၇) ကိုကြီးမိုက် ရဲ့ “ထောင်ထွက်ကြီးမိုက်…Ex-convict”

(၈) Pooch ရဲ့ “Anyone can sing”

(၉) ရှူံးနိမ့်မှုများနဲ့.. လူ ရဲ့ “KFC စားသုံးသူ”

(၁၀) etone ရဲ့ “ချစ်တယ်ပြောဖို့ မမေ့ပါနဲ့”

(၁၁) တီချယ်ကြီးTTNu ရဲ့ “နောင်ရိုးတို်က်ပွဲနှင့်ကျမကလေးများ”

(၁၂)  Thaw Zin Loikaw ရဲ့ “နှစ်ဆယ့်ကိုးရက် မွန်းလွဲ တစ်နာရီ မိနစ် နှစ်ဆယ်”

(၁၃) အလင်းဆက် ရဲ့  “ဇ = ဇိမ် ရှိရှိ ..မနေရတဲ့ လုူတွေ…အကြောင်း”

(၁၄) ရင် နင့် အောင် ရဲ့  “လူနှင့်ဖိနပ်များ”

(၁၅) ခင်မမမျိုး ရဲ့ “လမ်းဆုံ”

(၁၆) ဦးကျောက်ခဲ ရဲ့ “တစ်သက်စာ အလွဲ”

ဇကာတင် စာမူ တွေ ရဲ့  ပွိုင့် ရတဲ့ ဂရပ် ပုံက ဒီလိုပါ။

ပရိတ်သတ်ကြီး အနေနဲ့ ရော ဒီလ ဇကာတင် Post  တွေထဲက ဘယ် Post ကိုများ ပိုပြီး သဘောကျမိပါ သလဲ။

Result ကို မကြာခင် မှာ အဖြေညှိ ကြတာပေါ့။

(မနက်ဖြန်ည မှာ ပုံထဲ က ??????? နေရာမှာ စာသား တွေ ဝင်လာပါမယ်)

အခု တော့ အမူးပြေ ကော်ဖီခါးခါး လေးဖြစ်ဖြစ်၊ လက်ဘက်ရည်ချိုပေါ့လေး ဖြစ်ဖြစ်၊ သံပုရာရည် ရှရှ လေး ဖြစ်ဖြစ် သောက်လိုက်ကြပါဦး။

အားလုံးကို ကျေးဇူးတင်ပါတယ်။

အထူးသဖြင့် Result ရအောင် အားထုတ်ပေးခဲ့ သော မောင်ဗိုက် နဲ့Post  တွေ ကို ရှာလို့ လွယ်အောင် ကြိုးစားပေးထားတဲ့ မောင်အံ ကိုလဲ အထူးကျေးဇူးပါဟေ့။

 

ဒါထက်

အမေရိကန် သမ္မတ(ဟောင်း) John F. Kennedy ရဲ့ Quote လေးတစ်ခု က

“My fellow Americans,

ask not what your country can do for you,

ask what you can do for your country”

တဲ့။

 

ဒီတော့

ကျွန်မ တို့ လဲ

ဒီ ရွာ အတွက်ဘဲ ဖြစ်ဖြစ်

ကိုယ့်အမိမြေ မြန်မာပြည် (အဖ ဆိုချင်လဲဆိုပါ။ဘာဘဲဖြစ်ဖြစ် ပညတ် တစ်ခုပါဘဲ) အတွက်ဘဲ ဖြစ်ဖြစ်

ကျွန်မတို့ “ဘာလုပ်ပေးနိုင်မလဲ” လို့ ဘဲ မေးကြပါစို့။

(ဆိုင်ရာ အကြီးအကဲ မှ လဲ တန်ပြန် အလိုက်သိပါ Vice Versa )  :kwi:

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

120 comments

  • ဦး ကျောက်ခဲ

    October 9, 2012 at 11:04 am

    အရီးလတ်ရေ….

    အားပါးပါး…… “မိန်းမလှကျွန်းသူ” လို့ ပြောစရာမလိုအောင် စာရင်းဇယား က၊ ထောင့်ကို စေ့ နေတာဘဲ! :kwi:

    ဆန်ကာတင်ထဲမှာ ပါလို့ ဝမ်းသာရပေမဲ့၊ ကျွန်တော်မှန်းထားတာ အကို……. ရဲ့ ပို့စ်လေးပါ…..
    ကိုင်း…… သူ့ကို ဂုဏ်ပြုဖို့ စောင့်ကြပါစို့!

    • ဦး ကျောက်ခဲ

      October 9, 2012 at 7:11 pm

      ဟီးဟိ၊ မှန်းတဲ့ အတိုင်းဘဲ! အကိုကြီးမိုက်ရေ “ဗရာဗိုပါ”၊ “ကွန်ဂရက်ကျူလေးရှင်း”…..

      မောင်ကျောက်

      • etone

        October 9, 2012 at 7:32 pm

        woooow !!!
        Congratulationပါ အူးမိုက်ရေ …

        ဦးကျောက် မနက်က တမီးတို့မှန်းတာမှန်တယ် ဒီတော့ အူးလေးက BBQ လိုက်ကျွေး ဟီးဟီး :kwi:

        • Khaing Khaing

          October 16, 2012 at 12:59 pm

          အရေးအသားကောင်းတဲ့ လေးမိုက်ကြီး ဂုဏ်ယူပါတယ် …….

          BBQ သမီးလည်း စားမှာနော် … တုံတုံတစ်ယောက်တည်းကပ်မကျွေးရဘူး ….

  • ကြည်ဆောင်း

    October 9, 2012 at 12:11 pm

    ြ့ကည်ဆောင်းလဲ စာမရေးတတ်လို့ ကော်မန့်ဘဲပေးဖြစ်ပါတယ်…
    စာလဲမရေးဘဲ ကော်မန့်ဘဲပေးမိလို့ အများကြီးများပေးမိလားဆိုပြီး နဲနဲလက်တွန့်နေမိတာ
    DJ Figure တွေနဲ့ ကခုန်ကြည့်လိုက်တော့လဲ သိပ်မများပါလားလို့သိလိုက်ရပါပြီ…
    ဒါဆိုနောက်ထပ်ကော်မန့်များများပေးရင်ရတယ်ပေါ့နော် …
    ဂဏန်းတွေကိုချစ်တော့ ဂဏန်းတွေနဲ့ကခုန်ရင်းဂဏန်းများအတွက်ကျေးဇူးတင်ပါတယ်..
    ဒါနဲ့ နက်ဖြန်ဆိုတာ ဒီနေ့မဟုတ်ဘူးလား :bar:

  • Crystalline

    October 9, 2012 at 2:15 pm

    UK မှာမိုးလင်းနေပြီ..နာမည်တွေလည်းမပေါ်လာသေးဘူး ……………………. အန်တီPadonmar ရဲ့တစ်ပုဒ်ကိုစကားတင်ထဲမတွေ့မိဘူး…အကဲဖြတ်ထဲပါလို့မထည့်တာလား..အဲဒါလည်းဟုတ်သေးဘူး.. ဦးကြီးမိုက်ပိုစ်တော့ပါသားပဲ ?????

  • Ma Ei

    October 9, 2012 at 2:52 pm

    မလတ်ရေ…
    ကိန်းဂဏန်းပြ ဂရပ်ဖ်ပုံ မျိုးစုံနဲ့ Presentation
    လုပ်သွားလိုက်တာများ လှလိုက်တာ…
    အဖြေစောင့်နေမယ်နော်…

  • nozomi

    October 9, 2012 at 4:07 pm

    မှန်ကြည့်လိုက်ရသလိုပဲ
    ကိုယ့်အကြောင်း ကိုယ့်ရွာအကြောင်း သိလိုက်ရတယ်
    ဆု ရမဲ့ သူတွေရော အရီးလတ်အတွက်ရော ဂုဏ်ယူပါတယ် ခင်ဗျာ

  • မိုချို

    October 9, 2012 at 4:11 pm

    သဂျီးရဲ့ ဂဇတ်က လွန်ခဲ့ တဲ့ ရ နှစ်ထဲက ဆိုပါလား။ ဒေါ်မိုချို တို့ အဲဒီ အချိန်လောက်တုန်း က ဆိုရင် အင်တာမဲ ကြီးတောင် မသုံးတတ်သေးဘူး။ ဒီလို သက်တန်း ရှည်ကြာ ၊ ဖတ်သူ များတဲ့ ဆိုဒ်ကြီး မှာ ရေးနေ မိလို့ ကိုယ့် ကိုယ် ကို ဂုဏ်ယူ လိုက်ပြီ၊ အဟိ။

  • Novy

    October 9, 2012 at 4:41 pm

    အရီးလတ်ရေ..
    ဒီပိုစ်ကိုဖတ်လိုက်ရတာ
    ကိုယ်တိုင်တောင်မသိတဲ့ ကိန်းဂဏန်းနေရာလေးတွေ
    သိခွင့်ရတဲ့အတွက်ကျေးဇူးပါ

  • အရီးခင်လတ်

    October 9, 2012 at 7:05 pm

    Result ထုတ်ပြန်ပြီး ဖြစ်ပါကြောင်း။
    ပရိတ်သတ်ကြီး အများစု ပေးချင်သူ ဖြစ်နိုင်ပါကြောင်း။
    အောက်တိုဘာ အတွက် ဆက်လက် ချီတက်ကြမည် ဖြစ်ပါကြောင်း။
    ဖတ်ရွေးအဖွဲ့ ရဲ့ မှတ်ချက်များ ကို သက်ဆိုင်ရာ စာရေးသူ များထံ စာပို့ လိုက်ပါကြောင်း။

    Angry Bird ကြီး အား
    ဟစ်ပ် ဟစ်ပ် ဟူးရေး ပါဗျား။ :harr:

    အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
    ကိုယ့်ဟာကိုယ် အစိမ်းပေးတာ သိသာအောင်ပါ။ 😆

  • aemoshu

    October 9, 2012 at 7:19 pm

    အရီးရေ စကာတင်ထဲမှာ မဖတ်ရသေးတာတွေ ရှိလို့ ဒီည အားသွန်ခွန်စိုက် ဖတ်လိုက်ပါအုံးမယ် … စာရေးသူတွေတော့မသိဘူး … ကိုယ်တော့ရင်တွေခုန်နေမိပြီ အရီးရေ…

  • အရီးခင်လတ်

    October 9, 2012 at 7:38 pm

    အဟောင်းတွေကို ဝင်လိုက်တော့ တစ်ချို့ Post မှာ ရဲရဲတောက် နဲ့ မို့
    ရွာထဲတွင် လက်ညောင်းခံ အနီပေးနေ နိုင်သော သူ(သူများ) လဲ ရှိနေသည် ကိုလဲ တွေ့ ရှိကြောင်း။
    သူမို့ လက်ညောင်းခံနိုင်တာ အံ့ရော။

    အနီ တွေ ကို စစ်တမ်း မကောက်လိုက်ရတာ နာသကွာ။ :kwi:

    • လယ်ထွန်Z

      October 9, 2012 at 7:51 pm

      တား တချို့ ပိုစ့်တွေကို
      မန်ဘာအုံးလိ ဆက်တင်နဲ့
      တင်ဖူးကြောင်းပါ

      အနီ မလာကြပါကြောင်းးးး

      ဆိုတော့ ရက်ဂျစ်စထွီ လုပ်ထားတဲ့ မန်ဘာတွေက
      ကြိုက်သလို နီဟယ် စိမ်းဟယ် မလုပ်တတ်ကြပါကြောင်း.
      ဒါကလည်း ၂% မို့. ကျန် ၉၈%
      ကို မစွပ်စွဲ ရက်ပါကြောင်း
      လာပါ လုပ်ပါ(အကောင့်)
      ကျနော်တို့ ကြိုဆိုနေပါကြောင်း.

      သည်လောက်ပါပဲ အရီးရယ်.

      P.S. အတွဲလိုက်တော့ ပစ်ခဲ့တာပဲ မမှန်တာတော့ ကျော့် ကံပေါ့လေ

      ပုံ
      တစ်ကိုယ်တော် နှူးဘာဂီ့

      • အရီးခင်လတ်

        October 9, 2012 at 7:56 pm

        အသေးစိတ် အကောင်အထည် ဖော်ကြရအောင်လေ။
        ရွာထဲမှာ ဒီလောက်တော်တဲ့ မားကက်တီး သမား တစ်ယောက်လုံး ရှိတာမှ လူပိုပြီးထပ်မခေါ်နိုင်ရင်။
        :harr:

        • surmi

          October 9, 2012 at 9:10 pm

          ဗျို ့ဦးမိုက်ကြီး
          ကွန်ဂရက်ကျူရေးရှင်းပါဗျို ့။
          ဖွက်ထားတဲ ့လက်လေးလည်းမြင်ခွင် ့ရခဲ ့လို ့ တကယ်ကိုအံ့ဩဝမ်းသာဖြစ်မိပါ ့ဗျာ
          အဲဒီပို ့စ်လေးကိုအတုယူပြီး ကလေးတွေကိုလည်းကျပ်မတ်ပါတယ်
          ဒီလိုပို ့စ်ကောင်းလေးတွေမျှော်နေဦးမယ်နော ။

          အရီးရေ ကျနော် ့ပို ့စ်အဟောင်းတွေထဲမှာလည်း ရဲ နေတာပဲဗျ
          မန်ဘာအဟောင်းဈေးကောင်းပေးဝယ်သည် ဆိုတဲ ့ပို ့စ်လေ

        • surmi

          October 9, 2012 at 9:11 pm

          ဗျို ့ဦးမိုက်ကြီး
          ကွန်ဂရက်ကျူရေးရှင်းပါဗျို ့။
          ဖွက်ထားတဲ ့လက်လေးလည်းမြင်ခွင် ့ရခဲ ့လို ့ တကယ်ကိုအံ့ဩဝမ်းသာဖြစ်မိပါ ့ဗျာ
          အဲဒီပို ့စ်လေးကိုအတုယူပြီး ကလေးတွေကိုလည်းကျပ်မတ်ပါတယ်
          ဒီလိုပို ့စ်ကောင်းလေးတွေမျှော်နေဦးမယ်နော ။

          အရီးရေ ကျနော် ့ပို ့စ်အဟောင်းတွေထဲမှာလည်း ရဲ နေတာပဲဗျ
          မန်ဘာအဟောင်းဈေးကောင်းပေးဝယ်သည် ဆိုတဲ ့ပို ့စ်လေ

        • အရီးခင်လတ်

          October 10, 2012 at 3:09 am

          တွေ့ပါ့ ကဆာမိရေ။
          စိတ်ထဲ ထားမနေပါနဲ့။
          အားပေးတာလို့ သဘောထားလိုက် ရင် အေးရော။ 😆

      • အရီးခင်လတ်

        October 10, 2012 at 3:07 am

        မောင်ဂီ

        နေ့လည်က စကားပြတ်သွားတာ ပြန်ဆက်မယ်။
        ရွာထဲမှာ မန်ဘာမလုပ်ဘဲ ဖတ်နေသူ တွေက အများကြီးပါ။
        အခု ပြောချင်တာ က မန်ဘာတွေ ပိုပြီး ပါဝင်လာအောင်လို့။

        အရီး တော့ မန်ဘာဝင်မှ စာတွေ ဖတ်ဖို့ တင်းကျပ်လိုက်တာ သိပ်မကြိုက်လှဘူး။
        ပြသနာက မန်ဘာမဟုတ်တဲ့ စာဖတ်သူ တွေဆီ မှာ မဟုတ်ပါဘူး။
        မန်ဘာ တွေ ပိုပြီး active ဖြစ် စေဖို့ပါ။
        မန်ဘာတွေ ပိုပြီး active ဖြစ်ရင်၊ စာဖတ်သူ ပိုများလာမယ်၊
        အဲဒီစာဖတ်သူတွေ ထဲက သူတို့ ဝင်ဆွေးနွေးဖို့ စိတ်ပါလာရင် မန်ဘာဖြစ်လာကြမယ်။
        ဒီလို ထင်ပါတယ်။

        ဒါကြောင့် ရွာသူ/သား အပေါင်း ကို လှုံ့ဆော်တဲ့ သဘောပါ။
        သင်တို့ ရွာ စည်ပင်ရေး သင်တို့မှာ တာဝန်ရှိပါသည်။ ပေါ့။
        (အမှန်က ကိုယ်တိုင်က တောင် မနဲ ကြိုးစားလှုပ်နေရတာ)
        သူများကို တွန်းဖို့ကတော့ အလွယ်သားကလား။ :kwi:

      • Khaing Khaing

        October 11, 2012 at 11:04 am

        ရွာထဲမှာ နီတဲ့ ၂% ဆိုတာ ၁% က မောင်ဂီကိုယ်တိုင်ပါပဲ … အဲဒါလေး ရွာ့မန်ဘာဝင်များသိစေချင်လို့ပါ … မယုံရင် ကျွန်မရဲ့ပို့စ်အဟောင်းမှာ သူကိုယ်တိုင် ဝန်ခံထားပါတယ် …. (အချွန်နဲ့မထားသည်)

  • မိုး မင်းသား

    October 9, 2012 at 8:10 pm

    အရီးရေ….

    သားသားကအခုပဲ…..ပိုစ် ့တင်လိုက်ပါတယ်နော်…..

    အခုလို…ပြောပြပေးပါသော်…..အရီးကို..ကျေးဇူးတင်ပါတယ်ခင်ဗျာ…..

    ချစ်ခြင်းမေတ္တာဖြင် ့

    မိုးမင်းသား

  • ကိုခင်ခ

    October 9, 2012 at 8:15 pm

    အော်တစ်လပြီးလို့ တစ်ယောက်တိုးပြန်ပေါ့၊
    ဆုပေးရက်လည်း နီးလာပြီနော့်၊
    တစ်လတစ်လ ကြေငြာကြပုံ၊
    မရိုးနိုင်လို့ ဒီလကြေငြာသူ၊
    အရီးကိုမူ ချီကျူးထောပနာ၊
    လက်ခုပ်သံပါဗျာ။
    ဖြောင်း—-ဖြောင်း—–ဖြောင်း———။

  • pyopyo may

    October 9, 2012 at 10:27 pm

    အရီးလတ် ရေ
    အရီးလတ် ပြုစုထားတဲ့ စာရင်းဇယား လေးကြောင့် ရွာထဲက
    post အများကြီး တင်နိုင်တဲ့ သူတွေကို ဂုဏ်ယူ အားကျ ရသလို
    post မတင်နိုင်သေးတဲ့ ကိုယ့်ကိုယ် လည်း အားမရ ဖြစ်ရပါတယ်
    အရီးလတ် အဆိုအရ Active မဖြစ်ပဲ ငြိမ်နေတဲ့စာရင်းထဲမှာတော့
    ပျိုမေ တို့ကထိပ်ဆုံး က ပါပဲ ၊ အင်း … အားငယ်လိုက်ထာ

    • အရီးခင်လတ်

      October 10, 2012 at 2:56 am

      အားမငယ်ပါနဲ့ သမီးရယ်။
      အရီး ကလဲ ဘာရယ်မဟုတ်ပါဘူး။
      ရွာမှာ ပိုပြီး စည်ကားလာစေချင်လို့ပါ။
      တစ်ချို့လဲ စိတ်က Active ဖြစ်ချင်ပေမဲ့ မအားကြတာရော၊ အင်တာနက် သုံးဖို့ အဆင်မပြေတာရော ရှိကြပါတယ်။
      အဆင်ပြေရင်သာ ကြိုးစားပြီး Post လေးတွေ တင်၊မှတ်ချက်လေးတွေပေးပေါ့။
      သမီး နာမည် ပျိုပျိုမေ ကို အရီး လဲ ရင်းနှီးနေပြီးသားပါ။ :hee:

  • ရွာထဲဝင်တာနဲ့ ဒီပို့စ်ကို အရင်ဆုံးဖွင့်လိုက်တာ… ရင်ခုန်လွန်းလို့လေ…
    ဦးကြီးမိုက်ရေ… ဂုဏ်ယူပါတယ်နော်…

    အရီးရေ..
    သမီးတော့ လုံးဝ အံ့ဩသွားတာ…သမီးကို ဦးကြီမိုက်ရမယ်ထင်တယ်လို့ ပြောတဲ့သူရှိတယ်သိလား… တော်လိုက်တာ… အခုတော့ ကွက်တိ… 🙂

  • ကျနော်ခရီးထွက်နေတဲ့အချိန် ရွာထဲသိပ်မဝင်ဖြစ်။
    ရိုက်ထားတဲ့ ဓါတ်ပုံတွေ ပြန်စစ် ပြန်ကူးနဲ့ အချိန်ကုန်။
    အင်တာနက်ဆိုင်ကလဲ မန်းလေးမှာလိုထိုင်ခွင့်မကြုံ။
    ဒီတော့ ထုံးစံအတိုင်းနောက်ဆုံးပါဘဲ။

  • padonmar

    October 10, 2012 at 8:53 pm

    ထ = ထိန်းထားတဲ့ ကြားက. ပြောမိတဲ ့စကား.( တိုင်းပြည်အကြောင်း နည်းနည်းပြောဦးမယ်)- အလင်းဆက်
    http://myanmargazette.net/149925/arts-humanities ဒီပို့စ်လေးလည်း ဆန်ကာတင်မပါပေမယ့် ကောင်းတဲ့ ပို့စ်လေးပါ။
    ပြန်ဖတ်ကြည့်ချင်သူများအတွက် ဖတ်ညွှန်းပါ။

  • padonmar

    October 10, 2012 at 9:13 pm

    သူကြီးကြည့်ရတာ အခုတလော အလုပ်တွေများနေလို့ရွာကို သိပ်မကြည့်အားဘူးထင်တယ်။
    ကြောင်ဝတုတ်ရဲ့ ချိန်းတောင် ခုမှထပြီး စတစ်လုပ်ရတယ်။
    ဆိုတော့ ရွာလူဦးရေ တိုးရေး မစဉ်းစားအားဘူးထင်ပါရဲ့။
    လွန်ခဲ့တဲ့ ရနှစ်ကတည်းက နှစ်ချို့ဝိုင်ပါလို့အော်ပြီး ပျောက်သွားပြီ။
    အဲဒီတော့ မာကက်တာပဲ စဉ်းစားပေတော့။
    …………
    ကြုံတုန်းလေးပွားရရင် ကိုယ့်ကွန်မန့် ကို Reply လုပ်တဲ့ ကွန်မန့်ပါ ကိုယ့် mail ထဲဝင်ပေးလို့ရရင် သိပ်ကောင်းမှာပဲနော်။
    တစ်ခါတစ်လေ ကို်ယ်မေးထားတာလေး ပြန်ဖြေမဖြေ သိချင်ရင် / ပို့စ် ပိုင်ရှင် မဟုတ်ပေမယ့် ကိုယ့်ကို ဦးတည်ပြီး မေးခွန်းတွေမေးလာရင် ဖြေချင်ပါလျက်နဲ့ မသိလိုက်လို့ လျစ်လျူရှုသလို ဖြစ်သွားတာတွေ ရှိလို့ပါ။
    အဲဒီလို programme ထည့်ရင် ဆာဗာ အလုပ်တွေ အများကြီး ပိုလုပ်ရမလား။ပိုက်ပိုက်တွေ အများကြီး ကုန်မလား။

    • ကိုယ့်ကွန်မန့်ကို Reply လုပ်တဲ့အခါ
      မေးလ်ထဲကို ပို့တဲ့ ကိစ္စက
      ပိုက်ပိုက်တွေ ကုန်စရာ လိုလောက်ပါဘူးဂျာ ..
      ခေါက်ကလေး တစ်ခု ခြစ်လိုက်ရုံ လောက်ပဲ ထင်ပါတယ် ..

      စကားမစပ် …
      “ဒေါ်ဒေါ်ကြီးမိုက် ကို ကွန်ဂရက် ဂျူလေးချင်းဘာလို့ …”

  • TTNU

    October 11, 2012 at 12:16 am

    မလတ်ရေ…
    စာရင်းဇယားတွေနဲ့ ရှင်းပြသွားပုံများ တော်လိုက်တာ။ပီပြင်သပ်ရပ်လိုက်တာ။
    It’s tremendously formidable!
    တီချာလည်းရွာထဲကို နောင်ရိုးတိုက်ပွဲဝင်ပြီးကတည်းက မရောက်တာ ခွင့်လွှတ်ပါ။
    မလတ်ရဲ့ Mail ကို ဟိုတစ်နေ့ကဖတ်မိတော့မှ I felt nostalgic.
    ဘာတွေအလုပ်ရှုပ်နေသလဲဆိုတော့ လည်း ဘာမှ မဟုတ်လှပါဘူး။ 😀

    မေတ္တာဖြင့်
    TTNU.

  • shwe pont

    October 11, 2012 at 3:04 pm

    အရီးလတ်ရေ
    တော်တော်ကြီးကို အချိန်ပေးပြီး စေတနာအပြည့်နဲ ့အားထုတ်ထားတဲ့ စေ့စပ်လွန်းလှတဲ့ ကိန်းဂဏန်းများကို အရီးလတ်ကျေးဇူးကြောင့်တွေ ့ရပါပြီ။
    ရွာထဲကို တရက်ကို အခေါက်ပေါင်းများစွာ ဝင်ထွက်မိနေပေမဲ့ အရီးလတ်ရဲ ့စစ်တမ်းမြင်ရမှဘဲ မှတ်ချက် တခါ ပေးသူစာရင်းထဲ ကိုုယ့်ကိုယ်ကို မှန်ထဲမြင်ရသလို ဘွားခနဲ ့တွေ ့လိုက်ရပါကြောင်း။ ပိုစ့်အားလုံးနီးပါး ကို ဖတ်ဖြစ်ပေမဲ့ ပိုစ့်ရေးဖို ့မဆိုထားနဲ ့ မှတ်ချက်တောင် သိပ်မပေးဖြစ်ပါလားဆိုပြီး ကိုယ့်ကိုယ် ကို တာဝန်မကျေတဲ့ ခံစားမှုခံစားရပါတယ်။ နောက်ကိုပိုစ့်ရေးဖို ့တတ်နိုင်သရွေ ့အားထုတ်သွားပါမယ်။

  • shwe pont

    October 11, 2012 at 3:06 pm

    ကိုကြီးမိုက်တဲ ့ ဂုဏ်ယူပါတယ်ဗျို ့

  • ရဲစည်

    October 11, 2012 at 5:28 pm

    မှတပါး အခြားမရှိလို့
    အားပါတရ ဖတ်သွားပါကြောင်း။
    ဗရာဘိုပါ အရီးလတ်ရေ..
    အူးမိုက်ကိုလည်း ဘရာဗိုလို့ တခါတည်း ပြောပေးပါ။
    အနော်လဲ တတ်နိူင်သလောက် ရွာကြီးကို …. အဟီး ဆူအောင် လုပ်ပေးမှာ ဖြစ်ကြောင်း..။

  • အလင်းဆက်

    October 11, 2012 at 8:52 pm

    အန်တီ ပဒုမ္မာရေ…ထ = ထိန်းထားတဲ့ ကြားက. ပြောမိတဲ ့စကား.( တိုင်းပြည်အကြောင်း နည်းနည်းပြောဦးမယ်)- အလင်းဆက်
    http://myanmargazette.net/149925/arts-humanities ကို ပြန်ညွှန်းပေးလို ့ကျေးဇူးပါ ။

    ——————

    ကျွန်တော်က…
    ဆန်ကာတင်ထဲမှာ.. တစ်ပုဒ်တော့ ပါရမယ်..လို ့ တွက်ထားခဲ့တာ ။
    ဆုကိုတော့မမှန်းရဲ သေးပါဘူး ။ ဆု..မှန်းရဲ ဖို ့.အများကြီး ( အများကြီး..) ကြိုးစား ဖို ့လိုနေသေးတာ
    ကျွန်တော်..သိပါတယ် ။

    အဲဒီ ဆန်ကာတင် တစ်ပုဒ် ပါခဲ့ရင်..အဲဒါ….
    ထ = ထိန်းထားတဲ ့ကြားက ပြောမိတဲ ့စကား..ပို ့စ် ပဲ.ဖြစ်မယ်…လို ့.မျှော်လင့်ခဲ့တာ ။

    အခု မမျှော်လင့် တဲ ့ ဇ = ဇိမ်ရှိရှိမနေရတဲ ့လူတွေအကြောင်း….ပိုစ်လေးက ..
    ဆန်ကာတင် ဖြစ်လာတော့…
    အံ့ဩ မိတာ ။ ပြီးတော့….
    ကျွန်တော်..အရမ်း… ကြိူးစားရေးထား..တဲ ့ ထ =… ကျန်ခဲ့တာကို….လွမ်းဖျားလွမ်းနာ ကျနေတာ ။
    ထိန်းတာတဲ ့ကြားက…ကို. ကျွန်တော်….
    တင်ပြပုံ… တော်တော် စဉ်းစားလိုက်ရပါတယ် ။

    အခုလို …

    ကောင်းသော ပို့စ်လေး..လို ့ အန်တီ ပဒုမ္မာ ပြောမှ..ပဲ….
    နေသာ ထိုင်သာရှိ သွားတာ..လေ ။

    ကဲ.. ဆက်လက်ပြိီး…
    ရင်ခုန်စွာ…
    အက္ခရာတွေ.နဲ ့
    ခရီး..ဆက်ဦးမယ်…ဗျို ့။

    ချစ်သော…
    အလက်ဆင်း

  • padonmar

    October 11, 2012 at 9:59 pm

    အလက်ဆင်းရဲ့ လွမ်းဖျားလွမ်းနာလေး ပြေသွားအောင် လုပ်ပေးနိုင်တယ်ဆိုတာမျိုးလေးတွေနဲ့တင် အန်တီတို့ ဖတ်ရွေးတွေ ခေါင်းကိုက်ရကျိုးနပ်ပါတယ်။

  • padonmar

    October 11, 2012 at 10:12 pm

    ဖတ်ရွေးအဖွဲံကြီးလည်း အားရှိအောင်၊
    ကြိုးစားပြီး တစ်လထက်တစ်လပိုကောင်းအောင် ရေးနေကြတဲ့ ရွာသူားတွေလည်း အားရှိအောင်၊
    သူကြီးမင်းလည်း ပိုက်ပိုက်ကုန်အောင် (သူ့မှာ သုံးလို့ ဖြုန်းလို့မှ မကုန်နိုင်တာ)
    စာဖတ်သူများက ကွန်မန့်လေးများချီးမြှင့်ပေးတော်မူကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါဂျောင်း

  • ကြောင်ကြီး

    October 12, 2012 at 10:27 am

    အရီးလတ်ခင်ဗျား ကြေးမုံဂျီးပို့စ်ကို ထောက်ခံအားပေးသူ ယခုရေးချိန်အထိ ၁၁ဦးရှိထားသည့်အတွက် စက်တင်ဘာလ ဆန်ကာတင်စာရင်းတွင် မှတ်တမ်းအဖြစ် ထည့်ပေးရန် ရှိမရှိ လက်မထောင်ပေးသွားသူများနှင့် ပို့စ်ရှင်တရုတ်သဗုံ ကြေးမုံဂျီး ကိုယ်စား မေးမြန်းလိုပါသည်။ ဖြေကြားပေးပါခင်ဗျား။။။ :kwi:

  • ရွှေအိမ်စည်

    October 12, 2012 at 5:30 pm

    အရီးရဲ ့ဒီပိုစ့်ဖတ်ပြီး ကျနော်လာတင်ပါတယ်…။
    အရီးက တော်တော်စေတနာထားတာဖတ်ရပါတယ်
    စေ ့စပ်သေချာတြ ့အရီးရဲ ့
    ဒီပိုစ့်ကြောင့် ကျနော်ရွာထဲ ဝင်ရန် မပျင်းတော့ပါ။
    ပုံမှန်ဖေ ့ဘုတ်သာနေသူဖြစ်ပါသောကြောင် ့…အမှန်တိုင်းဝန်ခံရလျှင် ရွာကို မကြည့်အားပါ။
    အရီးကြောင့် ရွာသို ့ပြန်လာပါသည်..။
    ကျေးဇူးပါအရီး

  • ရွှေအိမ်စည်

    October 12, 2012 at 5:34 pm

    အရီးရေ…ဖေ ့ဘုတ်စာမျက်နှာမှာ..
    .ဂရုပေချ့်အများကြီးထောင်ပြီးစာပေဒါနပြုနေသူတစ်ယောက်ဖြစ်လို ့
    ပိုစ့် သိပ်မရေးဖြစ်ပါ……
    အချိန်ပေးနေရသော နိုင်ဆိုဒ်မှားလည်းရှိသောကြောင့် ဒီရွာကလူတွေ အားလုံးလေးစားပါတယ်…
    အချိန် တကယ်ဒေါင်းစိုင်းပြီးဝင်ရောက်ပါတယ်အရီး

    • အရီးခင်လတ်

      October 12, 2012 at 6:12 pm

      ကျေးဇူးပါ ရွှေအိမ်စည်ရေ။
      မင်း ရဲ့ Group Page လေးတွေ ကို လဲ မျှပါဦး။

  • padonmar

    October 12, 2012 at 9:32 pm

    မောင်အံဇာရဲ့ မည်သူမျှဘီအီးမသောက်ရ တစ်ကြောင်းစာ http://myanmargazette.net/149828/creative-writing
    လေးကိုလည်း ဖတ်ညွှန်းချင်ပါတယ်။မြန်မာစာနိုင်နင်းကြောင်း ပညာစွမ်းလေးပြထားပါတယ်။

    • အန်တီရေ …
      ပညာစွမ်း ပြထားတာ မဟုတ်ရပါဗျာ …
      ရေးမိ ရေးရာ ရေးကြည့်တာပါ ခင်ဗျ ..
      ကျနော်က ဖွတ်ကျား .. အဲ .. အာပလာ ပါ ခင်ဗျ ..

  • surmi

    October 12, 2012 at 11:21 pm

    အရီးရေ
    အချိန်နဲနေလို့ တိုတိုဘဲ မန့်တော့မယ် ။ အရီးတို့ ပြောသလို ရွာထဲ လူဝင်အောင်လုပ်တာလည်း လုပ်ပေါ ့
    အဓိက က မြဲနေဖို့ပါ ။ ဝင်လာလိုက် ထွက်သွားလိုက် နဲ့ နောက်ဆုံး ၂၀ဝ ကျော်ပဲကျန်တယ် ဆိုတော့
    ဆွဲထားနိုင်စွမ်း နဲလို့ပေါ ့ ။ အဲဒီအဖြေလေးကိုလည်း ရှာကြည် ့ပေးပါဦ း ။ ကျနော် ခရီးထွက်ရမှာမို့
    ပြန်လာရင် ဒီပို့စ်က ရှိချင်မှ ရှိတော့မှာလေ ……ဒါကြောင် ့ အစဆွဲထုတ်ပေးခဲ့တာ ။
    နှုတ်မဆက်ဘူးနော် ….လက်လေးဘဲပြတာ ။ ပြန်လာရင် မသိချင်ယောင်ဆောင်မနေနဲ့နော ….။

    • အရီးခင်လတ်

      October 13, 2012 at 3:19 am

      ကဆာမိ ရေ
      ခရီးထွက်ရင်း သတင်းတွေလဲ အများကြီးရလာပါစေ။
      ကျွန်မ စစ်တမ်း ရဲ့ ရည်ရွယ်ချက်က လဲ သိန်းပေါင်းချီပြီး ရှိနေတဲ့ စာဖတ်သူများ အတွက် ရွာမှာ ရှိပြီး သူများ ပြန်လည် သက်ဝင်လာစေချင်တာ ပါဘဲရှင်။
      အသစ်တွေလဲ တိုး ကိုယ့်မူလ လက်ဟောင်းကြီးများ လဲ ပြန်လည် ရှင်သန် လာမယ် ဆိုရင်ဖြင့် သား ရွှေအိုးထမ်း တဲ့ ကိန်းပါဘဲ။
      ဘာအကြောင်း နဲ့ဘဲ ခရီးသွားသွား စိတ်ချမ်းသာပျော်ရွှင်မှု ရပါစေလို့ ဆုတောင်းလိုက်ပါတယ်။ :hee:

  • Wow

    October 18, 2012 at 9:50 am

    အရီးရေ နောက်ကျနေပေမဲ့လည်း ပြောပါရစေ…
    ကိန်းဂဏန်းတွေကိုအားကိုလွန်းတဲ့ ဒဂျီးကို ဂဏန်းနဲ့ပြန်ဆော်ထားတဲ့အရီးစာကို
    ဝမ်းသာလွန်းလို့မျက်ရည်များတောင်လယ်မိဒယ် … ဆိုသလိုပါ ဟီး :harr:

    အမည်မဖေါ်လိုသူ
    Wow
    :mrgreen:

    ဆုရသွားတဲ့ အူးကြီးမိုက် ကိုလည်း ဗရာကျော်ပါ…
    :chee:

  • candle .

    October 19, 2012 at 5:26 pm

    အရီး..ရှင့်…
    ကွန်းမန် ့တွေ အများကြီးပေးခွင့်မရှိဘူးလို ့ထင်ခဲ့တာကြောင့်..
    ပေးခဲ့တဲ့အခါတိုင်းမှာတောင် မဝံ့မရဲပါ..
    ပို ့စ်တင်သလိုဘဲ ကန် ့သတ်ချက်နဲ ့လို ့ထင်ခဲ့ပါတယ်..
    ပိုစ့်တွေ ကွန်းမန် ့တွေအများကြီး တင်နိုင်သူတွေကိုတော့
    လေးစားအားကျခဲ့ရသလို မုဒိတာပွား မိပေမဲ့..
    ကိုယ်ကိုတိုင်တော့ ရွာသူအသစ်လေးမို ့အားငယ်မိပါတယ်..
    အရီးပြောသလိုပါဘဲ..တစ်ခါတလေ
    အချိန်နည်းနည်းရလို ့ ရွာလည်မယ်အလုပ်
    ကိုးနတ်ရှင်က အကျ ကွက်တိ
    အားမတန်တော့ မာန်လျှော့ရပြန်တာပါဘဲ..အရီးရယ်..

  • uncle gyi

    October 26, 2012 at 11:08 am

    ဩအရီးအရီး
    စိတ်လည်းရှည်ပါ့
    ဖတ်တဲ့သူတောင်ဂေါင်းမူးသွားလို့
    မနည်းလိုက်ဖတ်လိုက်ရတယ်
    နိုင်ငံတော်သုတေသနမှာများအလုပ်လုပ်ခဲ့ဖူးသလားလို့

    • အရီးခင်လတ်

      October 26, 2012 at 4:50 pm

      အန်ကယ်ကြီး ရေ

      ကျွန်မ အစိုးရဌာန မှာ တိုက်ရိုက်မလုပ်ဘူးပေမဲ့ တစ်ချို့ ရုံးတွေရဲ့ အိုင်တီဌာနတွေမှာ သွယ်ဝိုက်ပြီး ပါဘူးပါတယ်။ ဒါပေမဲ့ နိုင်ငံတော်သုတေသနမှာတော့ မဟုတ်ဘူး။

      ကျွန်မ ဖိုင်နယ်တုန်းက ထိုင်းတက္ကသိုလ်တစ်ခုမှာ စီးပွါးရေး ဒေါက်တာဘွဲ့ ရဖို့ လုပ်နေတဲ့ အစ်ကိုကြီး တစ်ယောက် ရဲ့ မြန်မာပြည်ဈေးများ နဲ့ ဈေးကွက် ဆိုင်ရာ စစ်တမ်း စာတမ်း ကို အချက်အလက်တွေ ကောက်ပြီး ကူညီဖူးခဲ့တယ်။
      အဲဒီကနေ ပညာအတော်လေးရခဲ့ပါတယ်။
      အဲဒီသူကလဲ သူ့ဒေါက်တာဘွဲ့အတွက် ကျောင်းက ဆရာကြီးတွေ ဆီက အတွေ့အကြုံ ဗဟုသုတ သင်ကြားမှု တွေ ယူ နေတာမို့ ဆက်မိခဲ့တာပါ။
      အဲဒီ က ရတဲ့ အချက်အလက်တွေ တွေ့ရှိချက်တွေ ကို ကျွန်မတို့အစိုးရ က စိတ်ဝင်စားမယ်ထင်လို့လား။
      အချက်အလက် ဆိုတာ သူတို့ အကြိုက် အင်ထု မှ တဲ့။
      အမှန် မသိချင်ဘူး။

      ပြောချင်တာက ကျွန်မတို့ ခေတ်က တက္ကသိုလ်ဆရာကြီး တွေ ဆိုတာ ပညာရပ်တွေမှာ နိုင်ငံတကာအရည်အချင်း မှီပါတယ်။
      နိုင်ငံတကာ တက္ကသိုလ်တွေက သူတို့ကို လိုချင်လွန်းလို့။
      အဲဒီအချိန်မှာ အစိုးရက သူတို့ကို ဖိနှိပ်ခဲ့သပေါ့။
      မှားနေတာတွေကို ပြင်ဖို့ ဆိုဝေလာဝေး ၊ဝေဖန်ရင်တောင်မကြိုက်၊ အားလုံးပါးစပ်ပိတ်။
      ပါးစပ်မပိတ်ရင် ချောင်ထိုးပြီး တက်လမ်းပိတ်တော့တာပါဘဲ။
      ဒါကြောင့်လဲ ကျွန်မ တို့လက်ရှိပညာရေးဟာ မြေကြီးထိုးဆင်း သွားရတာ မဆန်းပါဘူး။
      တကယ်တော့ ကျွန်မတို့ မညံ့ခဲ့ကြပါဘူး။
      အုပ်ချုပ်သူတွေ ညံ့ခဲ့တာ။ ညံ့နေဆဲ။ (ပိုတောင်ဆိုးမယ်)

      မှတ်ချက်လေးတွေ အတွက် အားလုံးဘဲ ကျေးဇူးပါရှင်။

Leave a Reply