ကွမ်းရွက်အကြောင်းတစေ့တစောင်း

Mon LayOctober 8, 20121min1409

ကွမ်းရွက်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ကယ်လ်စီယမ်၊ ကာရိုတင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်၊ သိုင်ယာမင်းနဲ့ ဗီတာမင်စီတို့ ဖြစ်ကြပါတယ်။ လတ်တလော လေ့လာမှုတွေအရ ကွမ်းရွက်မှာ တန်နင်၊ သကြား၊ မရှိမဖြစ်ဆီ စတာတွေ ပါဝင်နေကြကြောင်း သိရပါတယ်။ ကွမ်းရွက်မှာပါတဲ့ ချာဗီကောဆိုတဲ့ ဖီနောဓာတ်ဟာ အစွမ်းထက် ပိုးသတ်အာနိသင်ရှိပါတယ်။ ကွမ်းရွက်မှာ အောက်ပါ ဆေးဖက်ဝင်

အစွမ်းသတ္တိတွေ ပါဝင်နေပါတယ်။

အကိုက်အခဲပျောက်စေပါတယ်

ကွမ်းရွက်မှာ အကိုက်အခဲပျောက်တဲ့ အာနိသင်နဲ့ အေးမြစေတဲ့ အာနိသင်တို့ ရှိကြပါတယ်။ ဒါကြောင့် ပြင်းပြင်းထန်ထန် ခေါင်းကိုက်နေသူတွေမှာ ခေါင်းကိုက်တဲ့ နေရာပေါ် ကွမ်းရွက်အုပ်ပေးပါက ကောင်းမွန်တဲ့ ရလဒ်ကို ရရှိစေပါတယ်။

မွေးကျွတ်နာကို သက်သာစေပါတယ်

ကွမ်းရွက်ကို အနာစိမ်းနဲ့ မွေးကျွတ်နာတွေ ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ သန့်စင်အောင် ဆေးကြောထားတဲ့ ကွမ်းရွက်တစ်ရွက်ကို နူးညံ့ပျော့ပျောင်းတဲ့အထိပြုတ်ပြီး ကြက်ဆူဆီ သုတ်လိမ်းပေးပါ။ ကြက်ဆူဆီ သုတ်လိမ်းထားတဲ့ ကွမ်းရွက်ကို ရောင်ရမ်းနေတဲ့ မွေးကျွတ်နာ ဒါမှမဟုတ် အနာစိမ်းပေါ် ကပ်ပေးပါ။ ပြီးရင် အဲဒီကွမ်းရွက်ကို နာရီ အနည်းငယ်ကြာတာနဲ့ ဖယ်ရှားပြီး အသစ်ကပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုကပ်ရင်း အနာစိမ်း ဒါမှမဟုတ် မွေးကျွတ်နာက ပေါက်သွားပါလိမ့်မယ်။

ဆီးသွားစေတဲ့ အစွမ်းရှိပါတယ်

ကွမ်းရွက်ပြုတ်ရည်ကို သောက်ပေးရင် ဆီးသွားစေတဲ့ အာနိသင်ရှိပါတယ်။

အဆုတ် ထိခိုက်မှု ဝေဒနာကို သက်သာစေပါတယ်

ကွမ်းရွက်တွေကို ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေမှာဖြစ်တဲ့ အဆုတ် ထိခိုက်မှု ဝေဒနာတွေ ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ မုန်ညင်းဆီထဲ စိမ်ထားတဲ့ ကွမ်းရွက်ကို ပူနွေးအောင်ကင်ပြီး အေးသွားချိန်မှာ ရင်ဘတ်ပေါ် ကပ်ပေးရင် ချောင်းဆိုးတာနဲ့ အသက်ရှူမဝတဲ့ ဝေဒနာတို့ကို သက်သာစေပါတယ်။

အဆစ်ရောင်နာကို သက်သာစေပါတယ်

ကွမ်းရွက်ကို အဆစ်ရောင်နာတဲ့ နေရာပေါ်မှာ ကပ်ပေးရင် သက်သာစေပါတယ်။

အနာကျက်စေပါတယ်

ကွမ်းရွက်ပြုတ်ရည် အနည်းငယ်ကို ထိခိုက်ဒဏ်ရာပေါ်မှာ သုတ်လိမ်းပေးပြီး ပတ်တီးစည်းထားပေးပါက နှစ်ရက်ခန့်အတွင်း အနာကျက်မြန်စေပါတယ်။

သတိပေးချက်

ကွမ်းယာကို မကြာခဏ ဝါးစားတာကြောင့် ခံတွင်းမှာ ကင်ဆာဖြစ်နိုင်ခြေရှိပါတယ်။ အကြောင်းကတော့ ကွမ်းယာထဲမှာ ထည့်သုံးတဲ့ဆေးနဲ့ တခြားပါဝင်ပစ္စည်းတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကွမ်းစားတတ်သူတွေ အနေနဲ့ ကွမ်းယာကိုတော့ တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။

9 comments

  • Fall Guy

    October 8, 2012 at 6:25 pm

    သေချာတာကတော့ကွမ်းယာစားတဲ့ ယဉ်ကျေးမှု့နဲ့ကွမ်းတံတွေးကြောင့် တော်တော်လေးစိတ်အနှောက်ယှက်ဖြစ်ရတာအမှန်ပါ…..။

    • we R one

      October 10, 2012 at 9:06 am

      အမှန်ပဲဗျို့..။ ဘောလုံးကွင်းမှာ အမှိုက်လိုက်ကောက်တော့ အဆိုးဆုံးက အဲကွမ်းတံတွေး တွေပဲ..။

  • မောင်ပေ

    October 8, 2012 at 7:54 pm

    ကျုပ်ဆရာ (သွားဆရာဝန်) တစ်ယောက် ပြောတာလေး တစ်ခုကတော့ ၊ ကွမ်းသီးကြောင့်မို ့ကင်ဆာဖြစ်ရတာပါတဲ့

  • pooch

    October 8, 2012 at 11:45 pm

    ကျမကိုယ်တွေ့ကတော့ ဆရာသာဂဒိုးပြောသလို ကွမ်းရွက်ကို မျက်လုံးနား ခပ်သေးသေး ညည ကပ်အိပ်ခဲ့တာ ၁ လလောက်ကြာတော့ ကျမစာဖတ်လွန်းလို့ မျက်ရိုးကိုက်စပြုလာတဲ့ အခြေအနေတခုကို ကျော်လွှားနိုင်ခဲ့ပါတယ်။

    မျက်စိသွားစမ်းတော့ မျက်မှန်တပ်မှ ရမယ်လို့ ပြောလို့ မတပ်ချင်တာနဲ့ ပေတေပြီး လုပ်ခဲ့တာပါ။ ခုထိ ပြန်မဖြစ်တော့ ပါဘူး။ ဇွဲကောင်းပြီး မှန်မှန်ကပ်ပေးဖို့တာ့ လိုပါတယ်။ ကျမက ဖြစ်စမို့ မြန်မြန်ပျောက်ခဲ့တာလားတော့ မသိပါဘူး။

  • Mobile

    October 9, 2012 at 12:08 am

    ကွမ်းရွက် နှင့် ထန်းလျက် ကိုရေဖြင့်ပြုတ်သောက်ပါက ချောင်းဆိုခြင်းဝေဒနာ
    ပျောက်ကင်းစေပါတယ်။

  • may flowers

    October 9, 2012 at 1:46 pm

    ကွမ်းရွက်ကတော့ ဆေးဘက်ဝင်တာတော့သိပါတယ် ..ဒါပေမဲ့ ဒီလောက်ကြီးစုံအောင်မသိဘူးရယ်။

    Thet Man ကျေးဇူးနဲ့ ကွမ်းရွက်ဆေးဘက်ဝင်ပုံတွေကို ဗဟုသုတဖြစ်စရာ သိလိုက်ရလို့ ကျေးဇူးပါ။

  • manawphyulay

    October 10, 2012 at 11:48 am

    ငယ်ငယ်တုန်းကတော့ နေထိုင်မကောင်းရင် ကွမ်းရွက်လုံးခြေပြီး လူကြီးတွေက ခေါင်းကို အုတ်ပေးပါတယ်။ နောက်ကွမ်းရွက်ပြုတ်ရည်ကိုလည်း တိုက်ပါတယ်။ ကျန်းမာရေးအတွက် ဆေးတစ်လက်ဆိုတာတော့ သိထားတယ်။ ကွမ်းယာစားတာတွေကတော့ ကင်ဆာဖြစ်နိုင်တယ်ဆိုရင် မြန်မာနိုင်ငံမှာ လူတိုင်းနီးပါး ကွမ်းယာစားနေကြတာဆိုတော့ တကယ့်ရောဂါဆိုးကို ငွေနဲ့ဝယ်စားနေကြသလိုပေါ့လေ…

  • သျှားသက်မာန်

    October 10, 2012 at 4:12 pm

    ဆေးဆောင်းပါးရေးလိုက်ပေမဲ့..တန်ဆေးလွန်ဘေးပေါ့နော်….ဘယ်အရာကိုမှကောင်းတိုင်းအလွန်အကျွံမသုံးစေချင်ပါဘူး

Leave a Reply